← Chapters

အခန်း ၃၁၂

Vol. 32 Ch. 312

အခန်း ၃၁၂

Vol. 32 Ch. 312

အခန်း (၃၁၂) အတွင်းပိုင်း ပဋိပက္ခ

တိုက်လေယာဉ် တစ်စင်းစီတွင် ဒုံးကျည် စုစုပေါင်း ဆယ့်နှစ်စင်းသာ သယ်ဆောင်လာခဲ့ပေသည်။

ယခုအခါ ခုနစ်စင်း သို့မဟုတ် ရှစ်စင်းသာ ကျန်ရှိတော့ပြီး အားလုံးမှာ ဝေးကွာသော နေရာတစ်ခုဆီသို့ ပစ်လွှတ်ခံလိုက်ရလေပြီ။

အရေးကြီးဆုံးမှာ ချန်ဖုန်းသည် တိုက်လေယာဉ်ကို အဆက်မပြတ် မောင်းနှင်နေခဲ့ပြီး မဟာလင်းယုန်နိုင်ငံ၏ တပ်စခန်းဆီသို့ မတူညီသော နေရာများမှနေ၍ ဒုံးကျည် ခုနစ်စင်း သို့မဟုတ် ရှစ်စင်းခန့် ပစ်လွှတ်လိုက်ခြင်းပင်။

အကွာအဝေးမှာ အလွန်တိုတောင်းပြီး အမြန်နှုန်းမှာလည်း အလွန် လျင်မြန်လွန်းလှ၏။

ပြိုင်ဘက်က လေးစင်းကိုသာ ကြားဖြတ်ဟန့်တားနိုင်ခဲ့ပေသည်။

ကျန်ရှိနေသော ဒုံးကျည်များသည် နားကွဲမတတ် ဟောက်သံကြီးနှင့်အတူ ပြုတ်ကျသွားတော့၏။

“အုန်းး... ဝုန်းး…”

ဤတစ်ကြိမ်တွင်

ခဲယမ်းမီးကျောက် သိုလှောင်ရုံများ အားလုံး ဖျက်ဆီးခံရရုံသာမကဘဲ နိုင်ငံဆယ်ခု မဟာမိတ်တပ်၏ တိုက်လေယာဉ်များမှာလည်း မူလအရေအတွက်၏ ဆယ်ပုံတစ်ပုံခန့်သာ ကျန်ရှိတော့သည်အထိ လျော့ကျသွားခဲ့လေပြီ။

သို့သော် ထိုအခိုက်အတန့်မှာပင်

ချန်ဖုန်း၏ တိုက်လေယာဉ်တွင်လည်း ခဲယမ်းမီးကျောက်များ ကုန်ခမ်းသွားခဲ့ပေ၏။

ချန်ဖုန်းက ဘေးရှိ လဲ့ယန်ကို ရုတ်တရက် ကြည့်ကာ ပြောလိုက်သည်။ "ငါတို့ ခဲယမ်းတွေ ကုန်သွားပြီ... အခု မင်း စွမ်းရည်ပြရမယ့် အလှည့်ပဲ..."

"ဘာ..."

လဲ့ယန် တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် သူက လေထဲသို့ ပစ်လွှတ်ခံလိုက်ရလေ၏။

“သောက်…လခွမ်း…”

သူ၏ ခေါင်းထဲတွင် အူဝဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

ဒါပေမဲ့ တိုက်လေယာဉ်များက ယခုအခါ အလွန်မြင့်မားစွာ ပျံသန်းနေခြင်း မဟုတ်ချေ။ မီတာရာဂဏန်းခန့် အကွာအဝေးမှနေ၍ ၎င်းတို့ ဘေးကင်းစွာ ဆင်းသက်နိုင်ပေသည်။

“ဝုန်းး…”

ကြီးမားလှသော ငလျင်တစ်ခု လှုပ်ခတ်သွားသကဲ့သို့ ဖြစ်သွား၏။

လဲ့ယန် မြေပြင်သို့ ရိုက်ခတ်သွားသော အခိုက်အတန့်ပင် ဖြစ်သည်။

ရန်သူများက သူ့ကို အလျင်အမြန် ဝိုင်းရံလာကြပြီး သေနတ်သံများနှင့် တိုက်ခိုက်သံများက လေထုထဲတွင် ပြည့်နှက်သွားတော့၏။

နိုင်ငံဆယ်ခု မဟာမိတ်တပ်၏ ခဲယမ်းမီးကျောက် သိုလှောင်ရုံမှာ ဖျက်ဆီးခံလိုက်ရလေပြီ။

၎င်းတို့တွင် ရှိနေသော သေနတ်များနှင့် ခဲယမ်းအချို့မှလွဲ၍ အခြား မည်သည့် ထောက်ပံ့ရေးပစ္စည်းမျှ မရှိတော့ဘဲ အသေအလဲ တိုက်ပွဲဝင်ရန်သာ ရှိတော့ပေသည်။

အနောက်ဘက်မှ တစ်စုံတစ်ယောက် ကျူးကျော်ဝင်ရောက်လာသည်ကို မြင်သောအခါ ဧကရာဇ်အဆင့် ကျွမ်းကျင်သူ ရှစ်ဦးသည်လည်း ကာကွယ်ရန် အလျင်အမြန် ပြန်ပြေးလာကြလေ၏။

ဧကရာဇ်အဆင့် ကျွမ်းကျင်သူ ငါးဦးက လဲ့ယန်ဆီသို့ ပြေးဝင်သွားကြသည်။

အခြားသုံးဦးမှာမူ လေထဲရှိ တိုက်လေယာဉ်များ ခဲယမ်းကုန်သွားသည်ကို အခွင့်ကောင်းယူကာ ပိတ်ဆို့မှုကို ထိုးဖောက်ပြီး ဟွာရှနိုင်ငံ နယ်စပ်ဆီသို့ ပြေးဝင်သွားကြတော့၏။

ထို့နောက်တွင်တော့ ကြီးမားသော တိုက်ပွဲကြီး ပေါက်ကွဲထွက်လာခဲ့လေပြီ။

စစ်ဝတ်ရုံ ဝတ်ဆင်ထားပြီး စစ်သုံးဓားမြှောင်ကို ကိုင်ဆောင်ထားသော ရှန်ကွမ်ယွဲ့သည် ဘုရင်မတစ်ပါးအလား နယ်စပ်တွင် မတ်တတ်ရပ်နေခဲ့ပေ၏။

ယခုအချိန်၌ သူမ လှုပ်ရှားရန် မသင့်တော်သော်လည်း။

စစ်မြေပြင်တွင် အခြေအနေကို ထိန်းသိမ်းထားနိုင်ဆဲပင် ဖြစ်လေသည်။

သိန်းနှင့်ချီသော တပ်ဖွဲ့ဝင်များသည် ရူးသွပ်စွာ ရှေ့သို့ ပြေးဝင်သွားကြပြီး နိုင်ငံဆယ်ခု မဟာမိတ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင်မိကြတော့၏။

အကြီးအကဲကြီးနှင့် ရှောင်လန်တို့က ရှန်ကွမ်ယွဲ့၏ ဘေးတွင် စောင့်ကြပ်နေကြသည်။

ရှန်ကွမ်ယွဲ့ မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ အကြီးအကဲကြီးက အလျင်အမြန် ပြောဆိုလိုက်၏။

"သခင်မလေးရှန်ကွမ်... ဒီတစ်ခါ ရန်သူက လူ ၃၀,၀၀၀ အနည်းဆုံး သေဆုံးခဲ့ရတယ်..."

"စစ်မြေပြင်မှာလည်း လူ ၂၀,၀၀၀ လောက်ကို သတ်ဖြတ်နိုင်ခဲ့တယ်... သူတို့ရဲ့ အကြီးစားလက်နက် ဆယ်ပုံကိုးပုံကိုလည်း ဆုံးရှုံးလိုက်ရပြီ... အခု အရေအတွက် ကွာဟချက်က ပိုပိုပြီး သေးငယ်လာနေပါပြီ... သခင်မလေးအနေနဲ့ တိုက်လေယာဉ်တွေ၊ အမြောက်တွေနဲ့တောင် သူတို့ကို ဖိနှိပ်ထားနိုင်မှာပါ... ဒါကြောင့် စိုးရိမ်နေစရာ မလိုပါဘူး..."

ရှောင်လန်ကလည်း အကြံပြုလိုက်သည်။

"ဟုတ်တယ် အစ်မယွဲ့... အစ်မ စစ်မြေပြင်ကို ထပ်သွားလို့ မရတော့ဘူး... အစ်မရဲ့ ဗိုက်က အခုထိ..."

စကားပြောနေရင်း...

သူမက ချက်ချင်းပင် ပါးစပ်ကို ပိတ်လိုက်၏။ အကြီးအကဲကြီး ဘာမှသတိမထားမိသည်ကို မြင်သောအခါမှ သူမ သက်ပြင်းတစ်ချက် ချလိုက်တော့သည်။

ရှန်ကွမ်ယွဲ့က သက်ပြင်းချကာ ပြောလိုက်၏။ "အဲဒါ မှန်ပေမဲ့ နိုင်ငံဆယ်ခု မဟာမိတ်တပ်မှာ စစ်ကူတွေ ရှိနေသေးတယ်လေ..."

"တကယ်လို့ ကျွန်မတို့ တိုက်ပွဲကို အမြန်ဆုံး ဖြေရှင်းနိုင်မယ်ဆိုရင်တော့ ကျွန်မတို့ နိုင်ဖို့ အခွင့်အရေး ကောင်းကောင်း ရှိနေသေးတယ်..."

"အမိန့်ပေးလိုက်... ပစ်အား အားလုံးကို စုစည်းပြီး ဆာကူရာနိုင်ငံက စစ်သည်တွေကို တိုက်ခိုက်စမ်း... သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ချေမှုန်းပစ်..."

အချိန်တိုအတွင်းမှာပင်။ ဟွာရှနိုင်ငံ စစ်ဘက်ဆိုင်ရာဌာနသည် ၎င်း၏ တိုက်လေယာဉ်များ၊ တင့်ကားများနှင့် သံချပ်ကာကားများ အားလုံးကို နေရာချထားလိုက်လေပြီ။

ကြေမွသွားစေလောက်သော ဗုံးကြဲတိုက်ခိုက်မှုတစ်ခုက စစ်မြေပြင်တစ်လျှောက် တိုက်ခတ်သွားတော့၏။

အားကောင်းသော ပုဂ္ဂိုလ်အချို့က တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ကောင်း ရှောင်တိမ်းနိုင်သော်လည်း သာမန် စစ်သည်များမှာမူ အကျိုးဆက်များကို ခံစားရမည် ဖြစ်ပေသည်။

မရေမတွက်နိုင်သော လူများ သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့ကြ၏။

နိုင်ငံဆယ်ခု မဟာမိတ်တပ်၏ တပ်ဖွဲ့ဝင်များက အတူတကွ လှုပ်ရှားကြသော်လည်း ၎င်းတို့၏ စစ်ဝတ်စုံများမှာ အရောင်ကွဲပြားနေသဖြင့် ခွဲခြားသိမြင်နိုင်ပေသည်။

......

အခြားတစ်ဖက်တွင်။

မဟာလင်းယုန်နိုင်ငံ ဌာနချုပ်၏ အစည်းအဝေးခန်းမအတွင်း၌။

ဆာကူရာနိုင်ငံမှ တပ်မှူးမှာ အလွန်အမင်း ဒေါသထွက်နေခဲ့၏။ "ချီးပဲ... တပ်မှူး ဟာလေ... ဘာတွေဖြစ်နေတာလဲ... ဟွာရှနိုင်ငံ စစ်ဘက်ဆိုင်ရာဌာနမှာ ဘာလို့ ကိုယ်ပျောက်တိုက်လေယာဉ်တွေ ရှိနေရတာလဲ... ဒီအကြောင်းကို မင်း အရင်က တစ်ခါမှ မပြောခဲ့ဘူးနော်..."

"အခု ငါတို့ရဲ့ ခဲယမ်းမီးကျောက် သိုလှောင်ရုံ တစ်ခုလုံး ဖျက်ဆီးခံလိုက်ရပြီ... အကြီးစားလက်နက်တွေ မရှိရင် ငါတို့က ဟွာရှနိုင်ငံအတွက် လွယ်ကူတဲ့ ပစ်မှတ်တွေ ဖြစ်မသွားဘူးလား..."

တပ်မှူး ဟာလေ လည်း ပြင်းထန်စွာ မျက်မှောင်ကြုတ်ရင်း ပြန်ပြောလိုက်၏။

"ပေ့ကုန်းထန်ယွမ်... ဒါက အမှားအယွင်းတစ်ခုပါ... ငါ့ရဲ့ မဟာလင်းယုန်နိုင်ငံက ခဲယမ်းမီးကျောက် သိုလှောင်ရုံလည်း ဖျက်ဆီးခံလိုက်ရတာပဲ..."

"စိတ်မပူပါနဲ့... ငါ အခု အကူအညီတချို့ ထပ်တိုးပေးထားပါတယ်... နောက်ထပ် တိုက်လေယာဉ်နဲ့ တင့်ကား အစင်းငါးဆယ်က စစ်မြေပြင်ဆီ လာနေပါပြီ..."

"မင်းရဲ့ အမှားအယွင်းဆိုတာကြီးကို လခွီးပဲ..."

ပေ့ကုန်းထန်ယွမ်မှာ ဒေါသတကြီး ဖြစ်နေခဲ့၏။ ထို့နောက်

သူက ကုလားထိုင်ပေါ်မှ ရုတ်တရက် မတ်တတ်ရပ်ကာ ပြောလိုက်သည်။

"ငါ့ရဲ့ ဆာကူရာနိုင်ငံက တပ်ဖွဲ့ဝင် ၅၀,၀၀၀ ထဲမှာ ၄၀,၀၀၀ လောက်က သေကုန်ပြီကွ..."

"ဘာတွေဖြစ်နေလဲ ကြည့်လိုက်စမ်း... အခု ဟွာရှနိုင်ငံ စစ်ဘက်ဆိုင်ရာဌာနက ငါ့ရဲ့ ဆာကူရာနိုင်ငံက စစ်သားတွေကို သတ်နေတာ... အကြီးစားလက်နက်တွေ အကုန်လုံးက ငါ့ရဲ့ ဆာကူရာနိုင်ငံ စစ်သည်တွေဆီကို ချိန်ရွယ်ထားတာ..."

"ငါ့တို့ ဆာကူရာနိုင်ငံရဲ့ တိုက်ခိုက်ရေးစွမ်းအားကို အားနည်းသွားအောင် လုပ်ဖို့ ဒီအခွင့်အရေးကို အသုံးချပြီး မင်းက ဟွာရှနိုင်ငံနဲ့ ပူးပေါင်းကြံစည်ထားတယ်လို့တောင် ငါ သံသယဝင်တယ်..."

အဲဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။

၎င်းတို့က ယခုအခါ နိုင်ငံဆယ်ခု မဟာမိတ်တပ် ဖြစ်နေကြသည်။

သို့သော် ဟွာရှနိုင်ငံ စစ်ဘက်ဆိုင်ရာဌာန ဖျက်ဆီးခံရပြီးသည်နှင့် ဘာဖြစ်လာမည်နည်း။

အဆုံးတွင် နယ်မြေနှင့် သယံဇာတများအတွက် ယှဉ်ပြိုင်ရန် နိုင်ငံဆယ်ခုသည် ပြိုင်ဘက်များ ဖြစ်လာကြမည်ပင်။

ပေ့ကုန်းထန်ယွမ်၏ စကားများက လူတိုင်းကို ချက်ချင်း သတိဝင်သွားစေခဲ့၏။

၎င်းတို့ နောင်တရလာကြသည်အထိပင်။

မဟာလင်းယုန်နိုင်ငံ ဌာနချုပ်တွင် ၎င်းတို့ အစည်းအဝေး မလုပ်သင့်ခဲ့ချေ။ တပ်မှူး ဟာလေ ကသာ ၎င်းတို့ကို သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ပါက ၎င်းတို့ ပြေးစရာ မြေပင် ရှိမည်မဟုတ်တော့ချေ။

သူတို့ကို ကာကွယ်ပေးရန် ကျွမ်းကျင်သော စစ်သည် အနည်းငယ် ရှိနေသော်လည်း။

သူတစ်ပါး၏ ပိုင်နက်ထဲတွင် သင့်၌ ကျွမ်းကျင်သူ မည်မျှပင် ရှိနေစေကာမူ အသုံးဝင်မည် မဟုတ်ပေ။

"ပေ့ကုန်းထန်ယွမ်..."

တပ်မှူး ဟာလေ ၏ မျက်နှာမှာ ချက်ချင်း မှိုင်းညို့သွားပြီး သူက အေးစက်စွာ ပြောဆိုလိုက်သည်။

"မင်းရဲ့ ဆာကူရာနိုင်ငံ တစ်ခုတည်း ဆုံးရှုံးမှုဖြစ်တာ မဟုတ်ဘူး... ငါ့ရဲ့ မဟာလင်းယုန်နိုင်ငံက လူထောင်ပေါင်းများစွာလည်း ဆုံးရှုံးခဲ့ရတယ်..."

"အခုချိန်က အတွင်းပိုင်း ပဋိပက္ခတွေ ဖြစ်နေရမယ့် အချိန်မဟုတ်ဘူး...ငါတို့ ညီညွတ်နေသရွေ့ ဟွာရှနိုင်ငံကို ငါတို့ သေချာပေါက် အနိုင်ယူနိုင်လိမ့်မယ်..."

"ချီးပဲ..."

ပေ့ကုန်းထန်ယွမ်က တိုက်ပွဲ မျက်နှာပြင်ပေါ်ရှိ ပုံရိပ်ကို ကြည့်လိုက်၏။

‘တကယ်လို့ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ငါတို့ဘက်က လုံးဝ အမြစ်ပြတ် ချေမှုန်းခံရတော့မှာပဲ။

စောစောက သေဆုံးသွားတဲ့ ဧကရာဇ်အဆင့် ကျွမ်းကျင်သူ နှစ်ဦးထဲက တစ်ယောက်က ဆာကူရာနိုင်ငံကလေ…’ဟု သူ့စိတ်ထဲ တွေးလိုက်မိ၏။

အစပိုင်းတွင် သူက ကံဆိုးသည်ဟု ခံစားခဲ့ရ၏။

သို့သော် ယခု ပြန်တွေးကြည့်သောအခါ…

‘ငါတို့ အလိမ်ခံလိုက်ရတာ လုံးဝ ဖြစ်နိုင်တယ်...တပ်မှူး ဟာလေ က ဟွာရှနိုင်ငံနဲ့ လျှို့ဝှက် ပူးပေါင်းကြံစည်ထားတာ မဟုတ်ရင်တောင်မှ ဟွာရှနိုင်ငံရဲ့ စစ်အင်အားကို ချေဖျက်ဖို့ အခြားနိုင်ငံတွေရဲ့ စစ်အင်အားကို အသုံးချပြီး မဟာလင်းယုန်နိုင်ငံက အကျိုးအမြတ်တွေကို ရယူချင်နေတာလည်း ဖြစ်နိုင်တာပဲ

ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်မှာ မဟာလင်းယုန်နိုင်ငံက ဆုံးရှုံးမှု အနည်းဆုံးပဲလေ…’ဟု သူတွေးလေလေ မှန်တယ်လို့ ခံစားရလာလေလေပင်။

"မင်းတို့ တိုက်ချင်ရင် တိုက်ကြ... ငါတော့ မတိုက်တော့ဘူး..."

ထိုသို့ ပြောပြီးနောက် သူက အစည်းအဝေးခန်းမမှ ထွက်ခွာရန် လှည့်ထွက်သွားလေ၏။

"ပေ့ကုန်းထန်ယွမ်..."

တပ်မှူး ဟာလေ ၏ မျက်နှာမှာ အလွန်အမင်း မှိုင်းညို့နေခဲ့သည်။

အကယ်၍ တစ်ဖက်လူ ထွက်သွားပါက အခြားသူများလည်း သက်ရောက်မှု ရှိသွားမည် ဖြစ်၏။

ခက်ခက်ခဲခဲ တည်ဆောက်ထားရသော မဟာမိတ်အဖွဲ့ကြီး လုံးလုံးလျားလျား ပြိုကွဲသွားပေလိမ့်မည်။

သူက ရုတ်တရက် ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။ ထို့နောက်

မျက်စိတစ်မှိတ်အတွင်းမှာပင် ပေ့ကုန်းထန်ယွမ်ဆီသို့ ပြေးဝင်သွားတော့၏။

"တပ်မှူး ဟာလေ... မင်း... မင်း ဘာလုပ်မလို့လဲ..."

ပေ့ကုန်းထန်ယွမ်၏ မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားလေ၏။

ဆာကူရာနိုင်ငံမှ စစ်သည် အနည်းငယ်က တပ်မှူး ဟာလေ ကို တားဆီးရန် သူ၏ရှေ့သို့ ချက်ချင်း ဝင်ရောက်ရပ်တန့်လိုက်ကြသည်။

"ထွက်သွားစမ်း..."

တပ်မှူး ဟာလေ က အော်ဟစ်လိုက်၏။

ထို့နောက် သူ၏ အငွေ့အသက်များ ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။

မိုးကြိုးပစ်ချလိုက်သည့်အလား လက်သီးတစ်ချက် ထွက်ပေါ်လာပြီး

သူ့ကို တားဆီးနေသူမှာ အပိုင်းပိုင်းအစစ ကြေမွသွားတော့၏။

ချက်ချင်းဆိုသလိုပင်

ပေ့ကုန်းထန်ယွမ်၏ ထိတ်လန့်နေသော အကြည့်အောက်တွင် သူက ထိုလူ၏ လည်ပင်းကို ဆွဲကိုင်ကာ လေထဲသို့ မြင့်တက်စွာ မြှောက်ချီလိုက်လေသည်။

"မင်း..."

“ဂွပ်…”

သူ စကားပြော၍ မပြီးဆုံးမီမှာပင် တပ်မှူး ဟာလေ က သူ၏ လည်ပင်းကို ချိုးပစ်လိုက်၏။

ပေ့ကုန်းထန်ယွမ် တစ်ယောက်

ချက်ချင်း သေဆုံးသွားတော့သည်။

ထို့နောက် အစည်းအဝေးခန်းမ တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားလေ၏။

လူတိုင်းက တပ်မှူး ဟာလေ ကို သတိထား၍ ကြည့်ရှုနေကြသည်။

ဤအချိန်၌ တစ်ဖက်လူက မဟာမိတ်တပ်မှူးကို သတ်ဖြတ်လိမ့်မည်ဟု မည်သူကမျှ မထင်မှတ်ထားခဲ့ကြချေ။

တပ်မှူး ဟာလေ က အေးစက်သော မျက်နှာအမူအရာဖြင့် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်၏။

သူက ပေ့ကုန်းထန်ယွမ်၏ အလောင်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး အေးစက်စွာ ပြောဆိုလိုက်သည်။ "သူက ငါတို့ စိတ်ဓာတ်တွေကို ဖျက်ဆီးပြီး မဟာမိတ်အဖွဲ့ကို ထိခိုက်စေခဲ့တယ်... အဲဒါကြောင့် ငါ သူ့ကို သတ်လိုက်တာ... မင်းတို့ အားလုံးမှာ ကန့်ကွက်စရာ ရှိလား..."

"မရှိ... မရှိပါဘူး..."

"တပ်မှူး ဟာလေ လုပ်တာ မှန်ပါတယ်... ပေ့ကုန်းထန်ယွမ်က သေသင့်ပါတယ်..."

"ဟုတ်တယ်... ဟုတ်တယ်... သူက သေထိုက်ပါတယ်..."

"......"

ဤအချိန်၌ မည်သူကမျှ တပ်မှူး ဟာလေ ကို မစော်ကားရဲသဖြင့် ၎င်းတို့က ပူးပေါင်းဆောင်ရွက်ဟန် ဆောင်ရုံသာ တတ်နိုင်ကြတော့၏။

All Chapters