← Chapters

အခန်း ၃၁၄

Vol. 32 Ch. 314

အခန်း ၃၁၄

Vol. 32 Ch. 314

အခန်း (၃၁၄) စစ်သေနာပတိ၏ ဒေါသ

"စက်သေနတ်သမားတွေ... အသင့်ပြင်..."

"ဒုံးပျံပစ်လောင်ချာတွေ အသင့်ပြင်ထား..."

"ပစ်အားနဲ့ ဖိနှိပ်ထားစမ်း..."

အမိန့်များကို တစ်ခုပြီးတစ်ခု ထုတ်ပြန်လိုက်လေ၏။

ရှန်ကွမ်ယွဲ့၏ ရှေ့တွင် စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင် ဒါဇင်ပေါင်းများစွာသည် နောက်တစ်ကြိမ် ပိတ်ဆို့မှုကို ဖွဲ့စည်းလိုက်ကြပေသည်။

“ဒက်... ဒက်... ဒက်…”

ပစ်ခတ်မှုများက ဧကရာဇ်အဆင့် ကျွမ်းကျင်သူ သုံးဦးဆီသို့ ရူးသွပ်စွာ ပျံသန်းသွားတော့၏။

"ငါ လမ်းရှင်းပေးမယ်..."

တိုက်ခိုက်ရေးဓားကို ကိုင်ဆောင်ထားသော ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် ဝင်ရောက်လာသော ကျည်ဆန်များကို နှစ်ပိုင်းပိုင်းချလိုက်လေသည်။

ဒုံးပျံများကိုပင် ဓားဖြင့် လမ်းညွှန်ကာ ဘေးဘက်သို့ လမ်းလွှဲပစ်လိုက်ပေ၏။ ထို့နောက် နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။

၎င်းတို့၏ အနောက်တွင် နိုင်ငံဆယ်ခု မဟာမိတ်တပ်မှ တပ်ဖွဲ့ဝင်များ ပိုမို ပြေးဝင်လာကြလေ၏။

ဟွာရှနိုင်ငံ ဘက်တွင် ထွက်ပေါက် မရှိတော့ချေ။

ကျည်ဆန်များ ကုန်ခမ်းသွားချိန်တွင် မဟာမိတ်တပ်တို့သည် အနီးကပ် တိုက်ခိုက်မှုများကို ပြုလုပ်ကာ ဟွာရှနိုင်ငံ စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်များကို ရူးသွပ်စွာ သတ်ဖြတ်ကြတော့သည်။

"သခင်မလေးရှန်ကွမ်... ငါတို့ကို လုပ်ခွင့်ပေးပါ..."

အကြီးအကဲကြီးက ဘေးမှ စစ်သုံးဓားမြှောင်တစ်လက်ကို ယူလိုက်ပြီး သူ၏ ခြေထောက်များဖြင့် မြေပြင်ကို စောင့်ကန်လိုက်၏။ ထို့နောက် သူသည် ဝေဝါးသော ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှေ့သို့ ပြေးဝင်သွားလေတော့သည်။

ဒုတိယအကြီးအကဲနှင့် တတိယအကြီးအကဲတို့သည်လည်း လက်နက်များ ကိုင်ဆောင်ကာ ဧကရာဇ်အဆင့် ကျွမ်းကျင်သူ သုံးဦးဆီသို့ တိုက်ရိုက် ပြေးဝင်သွားကြပေ၏။

"သတ်..."

"သတ်..."

ရွှမ်ဝူနှင့် ပိုင်ဟူတို့လည်း ကာကွယ်ရန် ပြန်လည်ရောက်ရှိလာကြသည်။

စစ်သေနာပတိ၏ လုံခြုံရေးကို ကာကွယ်ရန် လိုအပ်ကြောင်းနှင့် စစ်သေနာပတိသည် လက်ရှိတွင် လှုပ်ရှားနိုင်စွမ်း မရှိကြောင်းကို ရှောင်လန်က ၎င်းတို့အား ယခင်က အလေးပေး ပြောဆိုထားခဲ့ပေ၏။

၎င်းတို့ အလွန် သိချင်နေခဲ့ကြသော်လည်း စိတ်ထဲတွင် မှတ်ထားလိုက်ကြသည်။

ဧကရာဇ်အဆင့် ကျွမ်းကျင်သူ သုံးဦး ကာကွယ်ရေးမျဉ်းကို ဖောက်ထွက်သွားသည်ကို မြင်သောအခါ သူတို့သည်လည်း ပြန်လည်ပြေးဝင်လာကြလေ၏။

သူတို့၏ ပေါင်းစပ်စွမ်းအားမှာ ပင်မနတ်ဘုရားအဆင့် အဖွဲ့ဝင်များကြားတွင်ပင် အတော်လေး မြင့်မားပြီး ၎င်းတို့၏ အလွိုင်းတိုက်ခိုက်ရေးဝတ်စုံများ၏ အကျိုးသက်ရောက်မှုနှင့် ပေါင်းစပ်လိုက်ပါက ဧကရာဇ်အဆင့် အဖွဲ့ဝင်တစ်ဦးကို ဝိုင်းရံထားချိန်တွင် ခက်ခဲစွာဖြင့် ခုခံထားနိုင်ပေသည်။

"အစ်မယွဲ့..."

ရှောင်လန်က ရှန်ကွမ်ယွဲ့၏ ဘေးတွင် နေနေခဲ့၏။ ဤအချိန်၌ ရန်သူများ စစ်မြေပြင်သို့ ထပ်မံကျူးကျော်လာမည်ကို သူမလေး ကြောက်ရွံ့နေခဲ့သည်။

"ငါ အဆင်ပြေပါတယ်... လူတိုင်းက ရန်သူကို တိုက်ခိုက်နေတာကို ငါက ဘယ်လိုလုပ် ငြိမ်ငြိမ်လေး ထိုင်နေနိုင်မှာလဲ...ငါ့ရဲ့ ဟွာရှနိုင်ငံ စစ်ဘက်ဆိုင်ရာဌာနမှာ သတ္တိကြောင်တဲ့သူ တစ်ယောက်မှ မရှိဘူး... သူတို့ထဲက တစ်ယောက်မှ သေမှာကို မကြောက်ကြဘူး... သတ်..."

ရှန်ကွမ်ယွဲ့က ပြောရင်း ရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားလေ၏။

ဧကရာဇ်အဆင့် သုံးဦးကို လောလောဆယ် တားဆီးထားနိုင်ပြီဖြစ်ပြီး အခြားသူများက သူမအတွက် ခြိမ်းခြောက်မှု မဖြစ်စေနိုင်ချေ။

ရှန်ကွမ်ယွဲ့က မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ သူမ၏ စစ်သုံးဓားမြှောင်ကို အလျားလိုက် ဝှေ့ယမ်းလိုက်သောအခါ သူမဆီသို့ ပြေးဝင်လာသော ရန်သူ့စစ်သားတစ်ဦးမှာ ချက်ချင်းပင် နှစ်ပိုင်းပိုင်းခံလိုက်ရလေ၏။

"အစ်မယွဲ့..."

ရှောင်လန်သည်လည်း စက်သေနတ်ငယ်တစ်လက်ကို ကိုင်ဆောင်ထား၏။ တစ်ချက်ပစ် တစ်ယောက်သေပင်။ သူမက သေနတ်အသုံးပြုရသည်ကို ပို၍ သက်တောင့်သက်သာ ရှိလေသည်။

အကွာအဝေး အလွန်နီးကပ်ပြီး လူအများအပြား ရှိနေချိန်တွင်သာ အနီးကပ် တိုက်ခိုက်မှု၌ ဓားကို အသုံးပြုခြင်း ဖြစ်ပေသည်။

ရှောင်လန်က ရှန်ကွမ်ယွဲ့၏ အနီးတွင် နေနေပြီး သူမ၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်နေခဲ့၏။ တစ်ဖက်လူ၏ ခန္ဓာကိုယ် တစ်ခုခု ဖြစ်သွားမည်ကို သူမအနေဖြင့် ကြောက်ရွံ့နေခဲ့ပေသည်။

တိုက်ပွဲက တဖြည်းဖြည်း ပိုမို ပြင်းထန်လာခဲ့လေပြီ။ ဟွာရှနိုင်ငံတွင် နိုင်ငံဆယ်ခု မဟာမိတ်တပ်ကို ဖိနှိပ်ရန် ပစ်အားရှိသော်လည်း လူ ၄၀,၀၀၀ ကျော် သေဆုံးခဲ့ရဆဲ ဖြစ်ပေသည်။

စစ်ပွဲက ရက်စက်လွန်းလှ၏။ ဟွာရှနိုင်ငံ စစ်ဘက်ဆိုင်ရာဌာနက မည်မျှပင် ကောင်းမွန်စွာ ပြင်ဆင်ထားစေကာမူ လူများ သေဆုံးရဦးမည်သာ ဖြစ်လေသည်။

သို့သော် နိုင်ငံဆယ်ခု မဟာမိတ်တပ်ဘက်တွင်တော့ လူ ၁၀၀,၀၀၀ နီးပါး သေဆုံးသွားခဲ့ပေသည်။ အကယ်၍ ခွဲဝေလိုက်မည်ဆိုပါက နိုင်ငံတစ်ခုစီတွင် လူ ၁၀,၀၀၀ ခန့်သာ ဆုံးရှုံးရခြင်း ဖြစ်ပေ၏။

"နည်းလွန်းတယ်... သူတို့လူတွေ သေတာ နည်းလွန်းတယ်..."

ရှန်ကွမ်ယွဲ့၏ ဓားရွေ့လျားမှုက နောက်တစ်ကြိမ် ပိုမိုမြန်ဆန်လာပြီး ရန်သူများ၏ အသက်များကို ရူးသွပ်စွာ ရိတ်သိမ်းနေခဲ့လေသည်။

စစ်မြေပြင်တစ်ခုလုံး အလောင်းများဖြင့် ပြန့်ကျဲနေခဲ့ကာ သွေးများက မြေကြီးကို အနီရောင်အဖြစ် စွန်းထင်းသွားစေခဲ့သည်။

ရှန်ကွမ်ယွဲ့နှင့် မလှမ်းမကမ်းတွင် ဓားမြှောင်တစ်လက်ကို ကိုင်ဆောင်ထားသော အဇူရာနန်းတော်၏ ပင်မနတ်ဘုရား ရွှမ်ယွီ သည် နိုင်ငံဆယ်ခု မဟာမိတ်တပ်၏ ပင်မနတ်ဘုရားနှင့် တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်နေခဲ့ပေ၏။

သူမတွင် ဒဏ်ရာရရှိထားပြီး ဖြစ်လေသည်။ သူမ၏ စွမ်းအားမှာ ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ ယခုအခါ ရန်သူ ပင်မနတ်ဘုရား၏ အားကောင်းသော လက်သီးချက်က သူမ၏ ရင်ဘတ်ကို ထိမှန်သွားခဲ့ပေ၏။

ထို့နောက် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး မျက်စိတစ်မှိတ်အတွင်း နောက်သို့ လွင့်စဉ်သွားခဲ့လေကာ သူမက သွေးတစ်ပွက် အန်ထုတ်လိုက်ရ၏။

"ဟမ့်... မိန်းမတစ်ယောက်က စစ်မြေပြင်ကို လာတာ ဘာအသုံးကျမှာလဲ... သေလိုက်စမ်း..."

ထိုအမျိုးသားက ရွှမ်ယွီ၏ လည်ပင်းကို နင်းချိုးရန် ပြင်လိုက်ချိန်မှာပင် ဒေါသတကြီး အငွေ့အသက်တစ်ခု ပြေးဝင်လာခဲ့ပေသည်။

"ချီးပဲ... သူ့ကို လွှတ်ပေးလိုက်စမ်း..."

ရှောင်ချူနန်၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေခဲ့ပေ၏။

သူက အလျင်အမြန် လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ သူ၏ ပြိုင်ဘက်မှာ ခြေလှမ်း ဒါဇင်ပေါင်းများစွာ နောက်သို့ လွင့်စဉ်သွားခဲ့လေသည်။

ရှောင်ချူနန်၏ အသက်ရှူသံများမှာ ပိုမိုအားကောင်းလာခဲ့၏။ အေးစက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်တစ်ခုက သူ၏ မျက်လုံးများထဲတွင် တဖျပ်ဖျပ် လင်းလက်တောက်ပနေပေသည်။

"သတ်..."

ရှောင်ချူနန်က မြေပြင်ပေါ်မှ စစ်သုံးဓားမြှောင်တစ်လက်ကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်သည်။ ထို့နောက် သူသည် ဟိန်းဟောက်သံကြီးနှင့်အတူ ပေါက်ကွဲထွက်လာတော့၏။

တစ်ဖက်လူကလည်း လက်နက်ကို ထုတ်ယူကာ ရှောင်ချူနန်နှင့် ရင်ဆိုင်လိုက်လေသည်။

ဝင်တိုက်မိသော ကြီးမားလှသည့် အင်အားကြောင့် ၎င်းတို့ နှစ်ဦးစလုံး ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားခဲ့ပေ၏။

ရှောင်ချူနန်၏ သွေးနှင့် ချီ စွမ်းအင်များ မြင့်တက်လာခဲ့ကာ စစ်သုံးဓားမြှောင်ကို ဆုပ်ကိုင်ထားသော သူ၏ လက်ကပ်မှာ ရိုက်ခတ်မှုကြောင့် အက်ကွဲသွားပြီး သူ၏ လက်ဝါးတစ်ခုလုံး သွေးများ ဖုံးလွှမ်းသွားလေ၏။

သို့သော် သူက ဂရုမစိုက်ခဲ့ချေ။ ပြိုင်ဘက်နှင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီးနောက် ဤနှစ်များအတွင်း စစ်မြေပြင်တွင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်များကို သွေးသံရဲရဲဖြင့် သွေးတိုးစေခဲ့လေပြီ။

အဆင့်နိမ့်သည်ဖြစ်စေ၊ အဆင့်မြင့်သည်ဖြစ်စေ အရေးမကြီးချေ။ ရန်သူကို သတ်ဖြတ်နိုင်သရွေ့ မည်သည့် နည်းလမ်းကိုမဆို အသုံးပြုနိုင်ပေသည်။

ဖြောင်းး…

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့၏။ ရှောင်ချူနန်၏ ကျိုးပဲ့နေသော စစ်သုံးဓားမြှောင်က ပင်မနတ်ဘုရား၏ ရင်ဘတ်ထဲသို့ ရက်စက်စွာ ထိုးစိုက်ဝင်သွားလေပေသည်။

ရှောင်ချူနန်က အလောင်းကို ကန်ထုတ်လိုက်၏။ ယခုအခါ သူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာအများအပြား ရှိနေသော်လည်း ၎င်းတို့ကို လုံးဝ လျစ်လျူရှုကာ ရွှမ်ယွီ၏ ဘေးတွင် စောင့်ကြပ်နေပြီး ပြေးဝင်လာသော ရန်သူများကို အဆက်မပြတ် သတ်ဖြတ်နေခဲ့ပေသည်။

မြေပြင်ပေါ်တွင် လဲလျောင်းနေသော ရွှမ်ယွီသည် ဤမြင်ကွင်းကို ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ကြည့်နေကာ မြေပြင်မှ ဖြည်းညင်းစွာ ထလာခဲ့သည်။

သူမက ရှောင်ချူနန်နှင့် သိကျွမ်းခဲ့သည်မှာ တစ်ရက်ပင် မပြည့်သေးဘဲ သူမတို့ စုစုပေါင်း စကားငါးခွန်းထက်ပို၍ မပြောခဲ့ဖူးချေ။ တစ်ဖက်လူက သူမကို ကယ်တင်ရန် သူ၏အသက်ကို တကယ်ကို စွန့်စားနေခဲ့ခြင်း ဖြစ်ပေသည်။

ရှန်ကွမ်ယွဲ့သည်လည်း ဤမြင်ကွင်းကို ကြည့်နေခဲ့၏။ သူမ သက်ပြင်းအနည်းငယ် ချလိုက်နိုင်ပေသည်။

ရှောင်ချူနန်က ရွှမ်ယွီကို ကာကွယ်ပေးနေသဖြင့် တစ်ဖက်လူ အဆင်ပြေသင့်ပေသည်။

ထိုအချိန်၌ ရှန်ကွမ်ယွဲ့၏ နှလုံးသားထဲတွင် ရုတ်တရက် တုန်ခါမှုတစ်ခု ဖြတ်ပြေးသွားခဲ့လေ၏။

အရှေ့ဘက်ကိုကြည့်လိုက်သောအခါ ရွှမ်ဝူနှင့် ပိုင်ဟူတို့ နောက်သို့ လွင့်စဉ်လာသည်ကို မြင်တွေ့လိုက်ရသည်။

ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် ၎င်းတို့နှစ်ဦး၏ ပိတ်ဆို့မှုကို ဖောက်ထွက်လာပြီး သူမရှိရာဘက်သို့ လျင်မြန်စွာ ပြေးဝင်လာနေပေ၏။ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှသည်။

"အစ်မယွဲ့... ပြေးတော့..."

ရှောင်လန်၏ မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားလေသည်။

အလိုအလျောက်နီးပါးပင် သူမက ရှန်ကွမ်ယွဲ့၏ ရှေ့သို့ ဝင်ရောက်ရပ်တန့်လိုက်၏။

“ဝုန်းး…”

ထိုလူ၏ အငွေ့အသက်များ ပေါက်ကွဲထွက်လာခဲ့သည်။ ထို့နောက် အားကောင်းသော လက်သီးတစ်ချက်က တည့်မတ်စွာ ပြေးဝင်လာတော့၏။

ရှောင်လန်က လုံးဝ မခံနိုင်ဘဲ ရုတ်တရက် သွေးတစ်ပွက် အန်ထုတ်လိုက်လေကာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး လွင့်စဉ်သွားတော့၏။

"သေစမ်း..."

ရှန်ကွမ်ယွဲ့က ညင်သာစွာ အော်ဟစ်လိုက်သည်။

ထို့အပြင် သူမက တိုက်ခိုက်ရေးစွမ်းအား အားလုံးကို ထုတ်လွှတ်လိုက်လေ၏။ သူမသည် အရာအားလုံးကို သည်းခံနေခဲ့ခြင်း ဖြစ်သည်။ သူမ၏ အင်အားများကို အချိန်တစ်လျှောက်လုံး စုဆောင်းနေခဲ့ခြင်း ဖြစ်ပေ၏။

သို့သော် သူမ၏ ရဲဘော်ရဲဘက်များ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားသည်ကို မြင်ရပြီး သူမ၏ သူငယ်ချင်းကောင်း ရှောင်လန်က သူမကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားသည်ကို မြင်လိုက်ရချိန်တွင်... သူမ၏ နှလုံးသားမှာ ဒေါသများဖြင့် လောင်ကျွမ်းနေခဲ့ပြီ ဖြစ်လေ၏။

ဓားတစ်ချက်တည်းပင်။

လက်ဆုပ်လက်ကိုင်ပြနိုင်လုနီးပါး ကြမ်းတမ်းသော ဓားစွမ်းအင်က ဧကရာဇ်အဆင့် ကျွမ်းကျင်သူဆီသို့ လျှပ်စီးလက်သကဲ့သို့ အရှိန်ဖြင့် ပိုင်းဖြတ်သွားတော့၏။

"မကောင်းတော့ဘူး..."

ဧကရာဇ်အဆင့် ကျွမ်းကျင်သူ၏ မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားလေသည်။

ဤတိုက်ခိုက်မှုက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သယ်ဆောင်လာခဲ့ရာ သူ လုံးဝ ပိတ်ဆို့နိုင်ခြင်း မရှိခဲ့ချေ။ သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ ဆုတ်ခွာသွားရပေ၏။

"သေလိုက်စမ်း..."

ရှန်ကွမ်ယွဲ့က နောက်ထပ် ရှေ့တစ်လှမ်း တိုးလိုက်သည်။

တိုက်ခိုက်မှုတိုင်းက သေစေနိုင်လောက်ပေ၏။ သူမ၏ အငွေ့အသက်မှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းနေပြီး ပြိုင်ဘက်ကို လော့ခ်ချထားလိုက်လေသည်။

ခွပ်...

ဓားက ထိုလူ၏ ရင်ဘတ်ကို မည်သည့် ခုခံမှုမျှမရှိဘဲ ဖြတ်တောက်သွားပြီး သူမက ဓားကိုလှုပ်ခတ်လိုက်သောအခါ ထိုသူ၏ ရင်ဘတ် တစ်ခုလုံး ပေါက်ကွဲထွက်သွားလေသည်။

ရှန်ကွမ်ယွဲ့၏ အစွမ်းကုန် တိုက်ခိုက်မှုက ထိုဧကရာဇ်အဆင့် ကျွမ်းကျင်သူကို ချက်ချင်း သတ်ဖြတ်လိုက်ခြင်းပင်။

တိုက်ပွဲစတင်သည်မှာ တစ်နာရီပင် မပြည့်သေးမီ ဧကရာဇ်အဆင့် ကျွမ်းကျင်သူ သုံးဦး သေဆုံးသွားခဲ့ပြီ ဖြစ်လေ၏။

ရှန်ကွမ်ယွဲ့ သည်လည်း အနည်းငယ် အမောဖောက်သွားခဲ့သည်။ သူမက ဝမ်းဗိုက်အောက်ပိုင်းကို လက်ဝါးဖြင့် ညင်သာစွာ ပွတ်သပ်လိုက်ပေ၏။

ကံကောင်းထောက်မစွာဖြင့် ဤပေါက်ကွဲထွက်မှုက ကြီးမားသော ပြောင်းလဲမှုများကို မဖြစ်ပေါ်စေခဲ့ချေ။ ထိုသို့မဟုတ်ပါက သူမ၏ ဗိုက်ထဲရှိ ကလေးကို ထိခိုက်စေလိမ့်မည် ဖြစ်သည်။

ရှန်ကွမ်ယွဲ့က ဧကရာဇ်အဆင့် ကျွမ်းကျင်သူကို သတ်ဖြတ်လိုက်ချိန်မှာပင် အခြားသော ဧကရာဇ်အဆင့် ကျွမ်းကျင်သူ နှစ်ဦးသည် အဇူရာနန်းတော်၏ အကြီးအကဲသုံးဦး၏ ပိတ်ဆို့မှုကို ဖောက်ထွက်လာခဲ့ကြလေ၏။

၎င်းတို့က နောက်တစ်ကြိမ် တိုက်ခိုက်လာပြန်သည်။

"သခင်မလေးရှန်ကွမ်... သတိထား..."

"စစ်သေနာပတိ..."

"အစ်မယွဲ့... ပြေးတော့..."

လူတိုင်း၏ မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားလေ၏။

ရှန်ကွမ်ယွဲ့ ကိုဝန်ရှိနေကြောင်းကို ၎င်းတို့ မသိခဲ့ကြသော်လည်း သူမ ဆက်လက်၍ မလှုပ်ရှားနိုင်ခြင်းက သူမ ခန္ဓာကိုယ်တွင် ပြဿနာတစ်ခု ရှိနေကြောင်း ရှင်းလင်းစွာ ညွှန်ပြနေပေသည်။

ပုံမှန်အခြေအနေများအောက်တွင် စစ်သေနာပတိတစ်ဦးသည် ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်ကောင်း တိုက်ခိုက်နိုင်ပေလိမ့်မည်။ သို့သော် ယခုအခါတွင်မူ ၎င်းမှာ ရှင်းလင်းစွာပင် မဖြစ်နိုင်တော့ချေ။

"ဘာလို့လဲ..."

ရှန်ကွမ်ယွဲ့က သက်ပြင်းချလိုက်၏။

သူမက အစွမ်းကုန် တိုက်ပွဲဝင်ရန် ပြင်ဆင်နေချိန်မှာပင် ကောင်းကင်ယံမှ ရဟတ်ယာဉ်တစ်စင်း၏ အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

All Chapters