← Chapters

အခန်း ၃၁၉

Vol. 32 Ch. 319

အခန်း ၃၁၉

Vol. 32 Ch. 319

အခန်း (၃၁၉) ရှောင်ယွဲ့ယွဲ့ အရမ်းဒေါသထွက်နေခြင်း

၎င်းတို့သည် လျင်မြန်စွာ ရောက်လာပြီး လျင်မြန်စွာပင် ထွက်ခွာသွားကြ၏။

မယာလင်းယုန်နိုင်ငံ ၏ ပင်မတပ်မကြီး ဝိုင်းရံမလာမီမှာပင် ချန်ဖုန်းတို့သည် သံချပ်ကာကားများဖြင့် ရုံးချုပ်မှ လွတ်မြောက်သွားခဲ့ကြပြီ ဖြစ်ပေသည်။

ဤတစ်ကြိမ်တွင် ချန်ဖုန်းတို့သည် နိုင်ငံဆယ်ခု မဟာမိတ်တပ် ၏ တပ်မှူးအချို့ကို သတ်ဖြတ်နိုင်ခဲ့ရုံသာမက။

ဧကရာဇ်အဆင့် ကျွမ်းကျင်သူ များနှင့် ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ အနည်းငယ်ကိုပါ အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့လေ၏။

ဆယ်မိနစ်အကြာတွင်။

မယာလင်းယုန်နိုင်ငံ မှ အဆင့်မြင့်အရာရှိတစ်ဦး တိုက်ပွဲဖြစ်ပွားရာ နေရာသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပေသည်။

သူတို့၏ ရုံးချုပ် ဖျက်ဆီးခံလိုက်ရပြီး နိုင်ငံဆယ်ခု မဟာမိတ်တပ် မှ တပ်မှူးအားလုံး အသတ်ခံလိုက်ရသည်ကို မြင်သောအခါ သူ အလွန်အမင်း ဒေါသထွက်သွားလေ၏။

အခြားနိုင်ငံများမှ တပ်မှူးများသည်လည်း မယာလင်းယုန်နိုင်ငံ အတွင်း၌ ကျဆုံးသွားခဲ့ခြင်း ဖြစ်ပေသည်။

အကယ်၍ ထိုနိုင်ငံများကသာ စုံစမ်းစစ်ဆေးမည်ဆိုပါက သူတို့အနေဖြင့် ရှင်းပြရန် အလွန် ခက်ခဲသွားပေလိမ့်မည်။

"တောက်... အားလုံးပဲ အမြန်ဆုံး အရှိန်တင်ပြီး လိုက်ကြစမ်း..."

"ခေါင်းဆောင်... နယ်စပ်ကတော့ အခြေအနေ အရမ်းဆိုးနေပြီ... ဟွာရှတွေက အခု မယာလင်းယုန်နိုင်ငံ အထဲကို ဆယ်မိုင်လောက်အထိ ကျူးကျော်ဝင်ရောက်လာပြီး ကျွန်တော်တို့ဘက်က အထိနာနေပါတယ်..."

"မဟာမိတ်တပ် စစ်သည်အင်အားကလည်း ငါးသိန်းထဲကမှ ငါးသောင်းပဲ ကျန်ပါတော့တယ်..."

"တော်တော့... နယ်စပ်ကို စစ်ကူပေးဖို့ တပ်တွေကို ဦးဆောင်သွားလိုက်..."

ခေါင်းဆောင်ဖြစ်သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏လူများကို စစ်မြေပြင်ဆီသို့ အလျင်အမြန် ဦးဆောင်ခေါ်သွားလေ၏။

သို့သော် ၎င်းတို့ မည်မျှပင် စစ်ကူပေးပါစေ ခြေတစ်လှမ်း နောက်ကျနေဆဲပင် ဖြစ်သည်။

စစ်ကူများအားလုံး ရောက်ရှိလုနီးပါး အချိန်တွင် ဟွာရှစစ်တပ်သည် မယာလင်းယုန်နိုင်ငံ အတွင်းသို့ မိုင်လေးဆယ်အထိ ထိုးဖောက်ဝင်ရောက်နေပြီ ဖြစ်ပေ၏။

တိုက်လေယာဉ်များ၊ တင့်ကားများနှင့် ဒုံးကျည်များ အားလုံးသည် မယာလင်းယုန်နိုင်ငံ ၏ အဓိကနေရာများဆီသို့ ဦးတည်ထားလေသည်။

တစ်ဖက်ရန်သူများမှာ အလွန်အမင်း ထိတ်လန့်သွားပြီး ချက်ချင်း နောက်ဆုတ်သွားကြတော့၏။

မယာလင်းယုန်နိုင်ငံ သည် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် အဆင့်မြင့်အရာရှိတစ်ဦးကို စေလွှတ်လိုက်ပေသည်။

မတတ်နိုင်ချေ။

ဤတစ်ကြိမ်တွင် နိုင်ငံဆယ်ခု မဟာမိတ်တပ် မှာ လုံးဝနီးပါး ပျက်သုဉ်းသွားခဲ့ပြီ ဖြစ်၏။

ဤအတိုင်းသာ ဆက်သွားပါက နိုင်ငံအတွင်းရှိ သာမန်ပြည်သူများ ထိခိုက်နစ်နာရပေလိမ့်မည်။

ထိုအရာက မိသားစုများ ပျက်စီးခြင်းနှင့် ချစ်ရသူများ သေဆုံးခြင်းဆီသို့ ဦးတည်သွားစေမည်သာ ဖြစ်ပေ၏။

စစ်ဘက်ဆိုင်ရာဌာန၏ အကြီးအကဲဖြစ်သူ ညွှန်ကြားရေးမှူး ချင်ထိုက် ထံမှ သဘောတူညီချက် ရရှိပြီးနောက် ရှန်ကွမ်ယွဲ့ သည်လည်း အပစ်အခတ်ရပ်စဲရန် သဘောတူလိုက်လေသည်။

မယာလင်းယုန်နိုင်ငံ ၏ အဆင့်မြင့်အရာရှိအမည်မှာ မိုက်ကယ် ဖြစ်ပြီး သူသည် စေတနာကို ပြသသည့်အနေဖြင့် ဟွာရှနိုင်ငံနယ်စပ်ရှိ စစ်ဘက်ဆိုင်ရာဌာန၏ စစ်စခန်းဆီသို့ တစ်ယောက်တည်း သွားရောက်ခဲ့ပေ၏။

ယခုအချိန်၌ စစ်ဘက်ဆိုင်ရာဌာန၏ အကြီးအကဲ ညွှန်ကြားရေးမှူး ချင်ထိုက် လည်း အလျင်အမြန် ရောက်ရှိလာခဲ့သည်။

အစည်းအဝေးခန်းမအတွင်း၌။

ညွှန်ကြားရေးမှူး ချင်ထိုက်၊ ရှန်ကွမ်ယွဲ့၊ ချန်ဖုန်း နှင့် မိုက်ကယ် တို့အပြင် စစ်ဘက်ဆိုင်ရာဌာနမှ ရွှမ်ဝူ နှင့် အခြားသူများလည်း နေရာယူထားကြလေ၏။

ချန်ဖုန်း သည် ထိုလူကို ဓားတစ်ချက်တည်းဖြင့် ခုတ်ပိုင်းပစ်ချင်နေခဲ့ပေသည်။

သို့သော် ဤတစ်ကြိမ်တွင် ထိုင်၍ မဆွေးနွေးဘဲ ဤအတိုင်း ဆက်တိုက်နေပါက ဘယ်အချိန်မှ ပြီးဆုံးမည်နည်း။

ဤတစ်ကြိမ်တွင် မယာလင်းယုန်နိုင်ငံ ကို လုံးဝ ဖျက်ဆီးပစ်ရန် မဖြစ်နိုင်ကြောင်းကိုလည်း သူ နားလည်ထားလေ၏။

နောက်ဆုံးတွင် ရန်သူသည် စစ်မြေပြင်တွင် တားမြစ်ထားသော လက်နက်များကို သေချာပေါက် အသုံးပြုလာပေလိမ့်မည်။

ယခုအချိန်တွင် စေ့စပ်ဆွေးနွေးခြင်းက အကောင်းဆုံး ရွေးချယ်မှုဖြစ်ပြီး ၎င်းတို့ကို အရင်နာကျင်စေရမည် ဖြစ်၏။

"နည်းပြချုပ် ချန်..."

ညွှန်ကြားရေးမှူး ချင်ထိုက် က ချန်ဖုန်း အား ခေါင်းညိတ်ပြလိုက်သည်။

၎င်းတို့နှစ်ဦး တရားဝင် တွေ့ဆုံခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ဖြစ်ပြီး ချန်ဖုန်း နှင့် သူ၏ဖခင်မှာ အနည်းငယ် တူညီကြောင်း သူ ခန့်မှန်းမိပေ၏။

ရုပ်ရည်ချင်းလည်း တူညီကြလေသည်။

ကိုယ်ရည်ကိုယ်သွေးချင်းလည်း ဆင်တူပေ၏။

၎င်းတို့၏ စိတ်သဘောထားများမှာ သူ့အကြိုက်နှင့် ကိုက်ညီနေတော့သည်။

"ညွှန်ကြားရေးမှူး ချင်... ကျွန်တော့်ကို အရင် စကားနည်းနည်းလောက် ပြောခွင့်ပြုပါ..."

ချန်ဖုန်း က အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောဆိုလိုက်၏။ "ဒီတိုက်ပွဲမှာ ကျွန်တော်တို့ နိုင်ခဲ့တယ်ဆိုပေမဲ့... ဒီတစ်ကြိမ်မှာ အဇူရာနန်းတော် က လူရှစ်ရာ၊ ကိုးရာလောက် ဆုံးရှုံးခဲ့ရပြီး ဟွာရှစစ်ဘက်ဆိုင်ရာဌာနကလည်း လူရှစ်သောင်းကျော် ဆုံးရှုံးခဲ့ရတယ်..."

ဤစစ်သည်များ၏ အသက်များကို ဆုံးရှုံးခဲ့ရခြင်း ဖြစ်ပေသည်။

တကယ်တမ်းတွင် နိုင်ငံဆယ်ခု မဟာမိတ်တပ် နှင့် နှိုင်းယှဉ်ပါက ဤကဲ့သို့သော အသေအပျောက်မှာ အတော်လေး နည်းပါးနေပြီ ဖြစ်၏။

သို့သော် လူရှစ်သောင်းကျော်၏ အသက်များမှာလည်း အသက်များပင်ဖြစ်ရာ မိသားစု ရှစ်သောင်းကျော်မှာ ပျော်ရွှင်မှုများ ကင်းမဲ့သွားခဲ့ရပြီ ဖြစ်ပေသည်။

ပြီးတော့ အဇူရာနန်းတော် လည်း ရှိသေး၏။ အဇူရာနန်းတော် ၏ အဖွဲ့ဝင်တိုင်းမှာ ရွေးချယ်ခံထားရသူများဖြစ်ပြီး ၎င်းတို့အနက် အားအနည်းဆုံးသူမှာပင် ကြယ်ငါးပွင့်အဆင့် တိုက်ခိုက်ရေးစွမ်းအား ရှိကြလေသည်။

အသေအပျောက်မှာ အလွန် မြင့်မားနေဆဲပင်။

ချန်ဖုန်းက မိုက်ကယ် ကို ကြည့်ကာ အေးစက်စွာ ပြောဆိုလိုက်၏။

"ဒီလူတွေ သေရတာ မင်းတို့ကြောင့်ပဲ... စေ့စပ်ဆွေးနွေးမှု မစခင် ငါ့မှာ တောင်းဆိုစရာ တစ်ခုပဲ ရှိတယ်...စစ်သည်တစ်ယောက်စီကို လျော်ကြေးငွေ ယွမ် သန်းတစ်ရာစီ ပေးရမယ်..."

"ကျန်တဲ့ နိုင်ငံကိုးခုကို မင်းကိုယ်တိုင် သွားပြောလိုက်... တကယ်လို့ သူတို့က မလျော်ပေးနိုင်ဘူးဆိုရင် မင်းတို့ မယာလင်းယုန်နိုင်ငံ ကပဲ ကုန်ကျစရိတ်ကို ကျခံရမယ်..."

"မစ္စတာချန်..."

"ဘာမှ ညှိနှိုင်းစရာ အကြောင်းမရှိဘူး... ဒီစစ်ပွဲက မင်းတို့ မယာလင်းယုန်နိုင်ငံ က စခဲ့တာဖြစ်ပြီး ရှုံးနိမ့်မှုကို မင်းတို့ လက်ခံသင့်တယ်..."

ချန်ဖုန်း က အေးစက်စွာ ပြောဆိုလိုက်ပေ၏။ "စုစုပေါင်း ယွမ် ထရီလီယံ ရှစ်ဆယ်ပဲ... ဒါက နှစ်သိမ့်ကြေးဖြစ်ပြီး တစ်ပြားမှ လျော့လို့မရဘူး..."

"ကောင်းပါပြီ..."

မိုက်ကယ် သည် သွားကြိတ်လျက် ခါးသီးစွာ ပြုံးကာ ပြောဆိုလိုက်သည်။ "ဟွာရှစစ်သည်တွေအတွက် လျော်ကြေးအဖြစ် ယွမ် ထရီလီယံ တစ်ရာ ပေးပါ့မယ်... ဒါ့အပြင် ဟွာရှနိုင်ငံရဲ့ ဆုံးရှုံးမှုတွေ အားလုံးကိုလည်း ကျွန်တော်တို့ ကျခံပါ့မယ်..."

"ဟွာရှနိုင်ငံဘက်က တပ်ဆုတ်ပေးဖို့ ဆန္ဒရှိသရွေ့ ဘယ်တောင်းဆိုမှုကိုမဆို ကျွန်တော်တို့ သဘောတူပါမယ်…နယ်စပ်မျဉ်းကို မိုင်ငါးဆယ် နောက်ဆုတ်ဖို့တောင် ကျွန်တော် ဆုံးဖြတ်ပေးနိုင်ပါတယ်..."

"ဒီနေ့ ကျွန်တော်က မယာလင်းယုန်နိုင်ငံ ကိုသာမကဘဲ အခြား နိုင်ငံကိုးခုကိုလည်း ကိုယ်စားပြုပါတယ်...သူတို့က လာရောက်ဆွေးနွေးဖို့ မရဲကြလို့ ကျွန်တော့်ကို အာဏာအပြည့်အဝ ပေးအပ်ထားပါတယ်..."

ဤအကြောင်းကို ပြောရလျှင်။

သူက ညွှန်ကြားရေးမှူး ချင်ထိုက် အား သတိထား၍ ကြည့်လိုက်၏။

"ညွှန်ကြားရေးမှူး ချင်... ဒီတစ်ကြိမ်တော့ ကျွန်တော် တကယ်ကို စိတ်ရင်းအမှန်နဲ့ လာခဲ့တာပါ...မယာလင်းယုန်နိုင်ငံ နဲ့ ဟွာရှနိုင်ငံအကြား နောက်ထပ် စစ်ပွဲတွေ ရှိလာမှာ မဟုတ်ဘူးဆိုတာကို ဒီနေရာမှာ ကျွန်တော် အာမခံနိုင်ပါတယ်..."

"..."

ညွှန်ကြားရေးမှူး ချင်ထိုက် ၏ စိတ်ထဲတွင်လည်း ခံစားချက်များ ရောထွေးနေခဲ့ပေသည်။

ကျဆုံးသွားသော စစ်သည်များ အသက်ပြန်မရှင်လာနိုင်ပါက လျော်ကြေးငွေ ပိုရခြင်းက ဘာအကျိုးရှိမည်နည်း။

ဤတိုက်ပွဲ၏ အောင်ပွဲသည် စစ်သည်များ၏ အသက်များနှင့် လဲလှယ်၍ ရရှိခဲ့ခြင်း ဖြစ်ပေ၏။

ချင်ထိုက်က သက်ပြင်းချလိုက်ပြီး သဘောတူညီချက် တစ်စောင်ကို ကမ်းပေးရင်း ပြောဆိုလိုက်သည်။

"ဒီလိုဆိုမှတော့ ဒီသဘောတူညီချက်ကို အရင်ကြည့်လိုက်ပါ... ဒါတွေက ကျွန်တော်တို့ ဟွာရှနိုင်ငံရဲ့ တောင်းဆိုချက်တွေပဲ...တကယ်လို့ မင်းတို့ လုပ်နိုင်မယ်ဆိုရင် အပစ်အခတ်ရပ်စဲကြတာပေါ့... တကယ်လို့ မလုပ်နိုင်ရင်တော့ တပ်တွေ ထပ်ပို့ရတာကို ငါ ဝန်လေးနေမှာ မဟုတ်ဘူး..."

နောက်ပိုင်း ဆွေးနွေးမှုများတွင် ချန်ဖုန်း ပါဝင်ခဲ့ခြင်း မရှိချေ။

သူသည် ဤကဲ့သို့သော အခမ်းအနားမျိုးနှင့် မသင့်တော်ပေ။

ချန်ဖုန်းက ​ပြောလိုက်သည်။

"လဲ့ယန်... ကျဆုံးသွားတဲ့ ညီအစ်ကိုတွေရဲ့ စာရင်းကို မှတ်တမ်းတင်ပြီး သူတို့မှာ ဆွေမျိုးတွေ ကျန်သေးလားဆိုတာ စစ်ကြည့်လိုက်...အဲဒီကျရင် ငါ ကိုယ်တိုင် သွားပြီးတော့ လျော်ကြေးငွေတွေကိုပါ တစ်ပါတည်း သွားပေးလိုက်မယ်..."

"နားလည်ပါပြီ..."

လဲ့ယန် က ခေါင်းညိတ်လိုက်၏။

သူသည် အလျင်အမြန် သွားရောက်စီစဉ်လေတော့သည်။

တိုက်ပွဲကို အနိုင်ရခဲ့သော်လည်း စစ်သည်တစ်ဦးတစ်ယောက်မျှ မပျော်ရွှင်ခဲ့ကြချေ။

၎င်းတို့သည် ရယ်မောကြပြီးနောက် ငိုကြွေးကြလေ၏။

ဤအဖြစ်အပျက်ပြီးနောက် တကယ်ပင် စစ်ပွဲများ ထပ်မံရှိလာတော့မည် မဟုတ်ချေ။

ရှန်ကွမ်ယွဲ့ သည်လည်း အစည်းအဝေးခန်းမထဲမှ ထွက်လာခဲ့ပေသည်။

တိုက်ပွဲ ပြီးဆုံးသွားပြီးနောက်။

ရှောင်လန် သည် ဆေးရုံကုတင်ပေါ်တွင် ဒဏ်ရာများကို ကုသမှု ခံယူနေစဉ်…

ရှန်ကွမ်ယွဲ့သည် ဒေါက်တာဝမ် အား သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေးခိုင်းခဲ့လေ၏။

လေ့ကျင့်ခန်း ပုံမှန်လုပ်လေ့ရှိသောကြောင့် ဖြစ်နိုင်ပေသည်။ သူမ၏ ခန္ဓာကိုယ်မှာ အလွန် ကျန်းမာနေပြီဖြစ်ပြီး ယခင် တိုက်ပွဲက သူမ၏ ကိုယ်ဝန်ကို လုံးဝ ထိခိုက်စေခြင်း မရှိခဲ့ချေ။

ထိုအချိန်၌ ချန်ဖုန်း ၏ လက်များကို သူမ ရုတ်တရက် သတိပြုမိသွားပေ၏။

ယခင်က စစ်မြေပြင်တွင် ရန်သူများ၏ ဒုံးပျံများကို ကာကွယ်ရန် ဓားကြီးကို အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် သံချပ်ကာကားမှာ ဒုံးပျံကြောင့် မှောက်ခုံဖြစ်သွားခဲ့လေသည်။

ချန်ဖုန်း၏ လက်ဝါးနှင့် လက်မောင်း နှစ်ဖက်စလုံးတွင် ဒဏ်ရာရရှိထားပေ၏။

ရှန်ကွမ်ယွဲ့ သည် ဒေါက်တာဝမ် ထံမှ ရှေးဦးသူနာပြုသေတ္တာကို အလျင်အမြန် ဆွဲယူလိုက်ပြီး ချန်ဖုန်း အား ကုလားထိုင်ပေါ်သို့ အတင်းဖိချလိုက်သည်။

"မလှုပ်နဲ့... နင့်ကို ငါ ပတ်တီးစီးပေးမယ်..."

ချန်ဖုန်း မှာ အနည်းငယ် အံ့အားသင့်သွားခဲ့၏။

ဤကဲ့သို့သော ဒဏ်ရာမျိုးမှာ သူ၏အတွက် တကယ်ကို ဘာမျှမဟုတ်ချေ။

သို့သော် ရှန်ကွမ်ယွဲ့ က ဒဏ်ရာကို ဂရုတစိုက် ပတ်တီးစီးပေးနေသည်ကို မြင်သောအခါ သူသည် မျက်နှာပေါ်တွင် အနည်းငယ် ပြုံးလျက် မလှုပ်မယှက် ထိုင်နေခဲ့ပေသည်။

သို့သော် ရှန်ကွမ်ယွဲ့ ငိုရင်း ပတ်တီးစီးပေးနေသည်ကို မြင်လိုက်ရချိန်တွင်...

သူ လန့်သွားကာ မေးလိုက်လေ၏။

"ဘာဖြစ်လို့လဲ ရှောင်ယွဲ့ယွဲ့... မင်းက ဘာလို့ ငိုနေတာလဲ..."

ထို့နောက် ချန်ဖုန်းက လက်လှမ်းကာ သူမ၏ မျက်ရည်များကို သုတ်ပေးလိုက်သည်။

"နင်သာ ငိုနေတာ... ငါ မငိုပါဘူး..."

ရှန်ကွမ်ယွဲ့ က ခေါင်းမာစွာဖြင့် မော့ကြည့်လိုက်၏။

တကယ်တမ်းတွင် ချန်ဖုန်း က စစ်မြေပြင်၌ ရန်သူများကို သတ်ဖြတ်နေချိန်နှင့် ချန်ဖုန်း က သူ၏လူများကို ဦးဆောင်ကာ မယာလင်းယုန်နိုင်ငံ ရုံးချုပ်သို့ ဖောက်ထွင်းဝင်ရောက်သွားချိန်တွင်...

သူမသည် ချန်ဖုန်း ၏ ဘေးကင်းလုံခြုံရေးအတွက် အခြားမည်သူထက်မဆို ပို၍ စိုးရိမ်နေခဲ့ခြင်း ဖြစ်ပေသည်။

ချန်ဖုန်း မှာ အလွန် အစွမ်းထက်ပြီး ဒုက္ခရောက်မည် မဟုတ်ကြောင်း သူမ သိထားသော်လည်း။

သူမ စိုးရိမ်နေဆဲပင် ဖြစ်၏။

မတတ်နိုင်ချေ။ ထိုကောင်က ကလေး၏ ဖခင်ဖြစ်နေသောအခါ မည်သို့ တတ်နိုင်မည်နည်း။

ဤအကြောင်းကို တွေးမိချိန်တွင်

ရှန်ကွမ်ယွဲ့ သည် ဒေါသတကြီးဖြင့် ချန်ဖုန်း ၏ လက်များကို ပတ်တီးဖြင့် တင်းကျပ်စွာ ပတ်လိုက်ရာ ဘောလုံးဝိုင်းဝိုင်း နှစ်လုံးနှင့် တူသွားစေလေ၏။

’ဖွီး...လူယုတ်မာ...

ငါ ကိုယ်ဝန်ရှိနေတာကိုတောင် အခုထိမသိသေးဘူး…’ဟု သူမ တွေးရင်း ဒေါသထွက်လာတော့သည်။

“ပတ်တီးစီးပြီးပြီ... အခု ထွက်သွားတော့…”

"ဟင်..."

ချန်ဖုန်း မှာ မိန်းမများကို နားမလည်နိုင်တော့ချေ။

လူတစ်ယောက်က ဘယ်လိုလုပ် စာအုပ်လှန်သလိုမျိုး မျက်နှာအမူအရာကို မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်ရတာလဲ။

တစ်မိနစ်လောက် နေသာနေပြီး နောက်တစ်မိနစ်မှာ မိုးရွာနေတာပဲ

‘ဓမ္မတာ လာနေလို့များလား’ ဟု ချန်ဖုန်း တွေးလိုက်မိ၏။

ထိုအချိန်၌ ချန်ဖုန်းက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။

သူက ရှန်ကွမ်ယွဲ့ အနားသို့ တိုးကပ်သွားပြီး တီးတိုးပြောလိုက်သည်။ "ရှောင်ယွဲ့ယွဲ့... ငါ သေးပေါက်ချင်နေပြီ... ကြည့်ပါဦး... ငါ့လက်တွေက ပတ်တီးတွေနဲ့ ဖုံးနေတော့ အိမ်သာသွားလို့ မရဘူး...အဲဒါ... မင်း ငါ့ကို သေးပေါက်ပေးဖို့ ကူညီပေးလို့ရမလား..."

"..."

ရှန်ကွမ်ယွဲ့ မှာ အံ့အားသင့် မှင်တက်သွားတော့၏။

All Chapters