← Chapters

အခန်း ၃၂၀

Vol. 32 Ch. 320

အခန်း ၃၂၀

Vol. 32 Ch. 320

အခန်း (၃၂၀) မျက်နှာတစ်ထောင်မြေခွေး၏ အစီရင်ခံစာ

"သေးပေါက်ချင်တာလား... အရှက်မရှိတဲ့ကောင်..."

ရှန်ကွမ်ယွဲ့ ၏ မျက်နှာ ချက်ချင်း မှောင်မိုက်သွားပေသည်။ သူမနှင့် ချန်ဖုန်း အကြားတွင် ပတ်သက်မှုတစ်ခု ရှိခဲ့ပြီးဖြစ်သော်လည်း ထိုအချိန်က ဝေဝါးသော အခြေအနေတွင် ဖြစ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင်မူ သူ့ကို သေးပေါက်ရန် ကူညီပေးရမည်တဲ့လား။

‘တွေးကြည့်ရုံနဲ့တင် သူမကို မျက်နှာပူလာစေသည်။…’

ချန်ဖုန်း က ပခုံးတွန့်လျက် ရယ်မောကာ ပြောလိုက်၏။ "ငါ ဒီလိုပုံစံနဲ့ အိမ်သာသွားဖို့ လုံးဝ မဖြစ်နိုင်ဘူးလေ..."

"တကယ်လို့ မင်း ငါ့ကို မကူညီဘူးဆိုရင် အဲဒီအရာလေး ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ..."

"နင်..."

ရှန်ကွမ်ယွဲ့ က ခြေဆောင့်ကာ ဒေါသတကြီး ပြောလိုက်သည်။ "နင် အဲဒါကို တမင်သက်သက် လုပ်နေတာလို့ ငါထင်တယ်..."

"လုံးဝ မဟုတ်ပါဘူး..."

ချန်ဖုန်း က သူမ၏ မျက်နှာဘေးဘက်ကို ကြည့်လိုက်၏။ ဤဇနီးသည်လေးမှာ ဒေါသထွက်နေချိန်တွင်ပင် အမှန်တကယ် လှပနေပေသည်။

"တကယ်လို့ မင်းအတွက် အဆင်မပြေဘူးဆိုရင်လည်း ငါ တခြားတစ်ယောက်ယောက်ကို ရှာရမှာပေါ့...အပြင်ဘက်မှာ မျက်နှာတစ်ထောင်မြေခွေး ရှိနေပုံရတယ်... ပြီးတော့ အင်း... ရွှမ်ယွီ လည်း ရှိနေတာပဲ..."

"လူယုတ်မာ ပြန်လာခဲ့..."

ရှန်ကွမ်ယွဲ့ မှာ ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေလေပြီ။

ဒီလိုကိစ္စမျိုးကို တခြားတစ်ယောက်ယောက်ကို ကူညီခိုင်းရဲတယ်ပေါ့ အဲဒါက ဒီကောင်ကို အချောင်အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားမှာပေါ့။

ထို့အပြင် ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ ရွှမ်ယွီ သည် ယခုအခါ ရှောင်ချူနန် သဘောကျနေသူ ဖြစ်ပေ၏။

သူက တမင်သက်သက် ရန်စနေတာ မဟုတ်ဘူးလား။

မျက်နှာရဲရဲဖြင့် သူမသည် ချန်ဖုန်း အား အိမ်သာဆီသို့ အလျင်အမြန် တွန်းပို့လိုက်ရာ သူမ၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်နေခဲ့တော့သည်။

ငါးမိနစ်အကြာတွင်

ရှန်ကွမ်ယွဲ့ သည် အိမ်သာထဲမှ အလျင်အမြန် ထွက်လာခဲ့ပြီး သူမ၏ မျက်နှာမှာ လည်ပင်းအထိ နီရဲနေခဲ့ပေ၏။

‘ဒီအရာကြီးက တကယ်ကြီးတာပဲ...ပြီးခဲ့တဲ့တစ်ခေါက်က ငါတို့ နာရီပေါင်းများစွာ တိုက်ခိုက်နိုင်ခဲ့တာ မဆန်းပါဘူးလေ…’ဟု သူမ တွေးရင်း ရှက်သွေးဖြာ နေတော့သည်။

မကြာမီမှာပင်

ချန်ဖုန်း သည်လည်း အိမ်သာထဲမှ ထွက်လာခဲ့ပြီး ရှန်ကွမ်ယွဲ့ ပြေးထွက်သွားသည်ကို မြင်သောအခါ ပြုံးလိုက်လေသည်။

"မိန်းမလှလေးတစ်ယောက် ငါ သေးပေါက်ပေးတာကို ကြည့်နေတာက အရမ်းကောင်းတာပဲ..."

ယခုအခါ ရှန်ကွမ်ယွဲ့ နှင့် သူ၏ ဆက်ဆံရေးမှာ ပိုမို သဟဇာတဖြစ်ကာ ရင်းနှီးလာခဲ့ပြီဖြစ်ပြီး မကြာမီအချိန်အတွင်း ၎င်းတို့ ထပ်မံ အတူတူ အိပ်စက်နိုင်ကောင်း အိပ်စက်နိုင်ပေလိမ့်မည်။

"နန်းတော်သခင်..."

မျက်နှာတစ်ထောင်မြေခွေး က လျှောက်လာပြီး ပြောလိုက်၏။ "ဆာကူရာနိုင်ငံ က ပေ့ကုန်းမိသားစု ဟာ အရင်တိုက်ပွဲအတွင်းမှာ မျိုးဖြုတ်ခံလိုက်ရတယ်ဆိုတဲ့ သတင်းကို ငါတို့လူတွေ လက်ခံရရှိထားပါတယ်..."

"ဟင်..."

ချန်ဖုန်း မှာ ခဏတာ အံ့အားသင့်သွားခဲ့သည်။

တိုက်ပွဲ ပြီးဆုံးသွားပြီးနောက် ဆာကူရာနိုင်ငံ ရှိ ပေ့ကုန်းမိသားစု ထံ သွားရောက်လည်ပတ်ရန် သူ မူလက စီစဉ်ထားခဲ့ခြင်း ဖြစ်ပေ၏။

တကယ်တမ်းတွင် ထိုစဉ်က သူ၏ဖခင် အသတ်ခံရမှုသည် ဝမ်လျန်နှင့် ပတ်သက်နေရုံသာမက ပေ့ကုန်းမိသားစု လည်း ပါဝင်ပတ်သက်နေခဲ့လေသည်။

သို့သော် ယခုအခါတွင်မူ

တစ်စုံတစ်ယောက်က သူ့အတွက် အမှန်တကယ် လက်စားချေပေးလိုက်ပြီ ဖြစ်၏။

"ဘယ်သူလုပ်တာလဲဆိုတာ စုံစမ်းလို့ရပြီလား..."

"မရသေးပါဘူး..."

မျက်နှာတစ်ထောင်မြေခွေး က ခေါင်းခကာ ပြောလိုက်သည်။ "ဆာကူရာနိုင်ငံ ကလည်း လူသတ်သမားကို စုံစမ်းနေပေမဲ့ အခုထိ ရှာမတွေ့သေးပါဘူး...

တစ်ဖက်လူက စောင့်ကြည့်ကင်မရာ အားလုံးကို ရှောင်တိမ်းသွားခဲ့ပုံ ရပါတယ်…”

ထို့အပြင် ယခင်တိုက်ပွဲကြီးအတွင်း နိုင်ငံဆယ်ခု မဟာမိတ်တပ် သည် ဧကရာဇ်အဆင့် ကျွမ်းကျင်သူ ဆယ်ဦးနှင့် မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူများကို စေလွှတ်ခဲ့လေ၏။ သို့သော် ဤလူများမှာလည်း လမ်းခုလတ်တွင် အသတ်ခံလိုက်ရပေသည်။

အကယ်၍ ပေ့ကုန်းမိသားစု မျိုးဖြုတ်ခံရမှုက တိုက်ဆိုင်မှုသက်သက်သာ ဖြစ်ခဲ့မည်ဆိုလျှင်…သို့သော် ယခုအခါ စစ်မြေပြင်သို့ အသွားလမ်းတွင် ကျွမ်းကျင်သူ ဆယ့်တစ်ဦး အသတ်ခံလိုက်ရခြင်းက တိုက်ဆိုင်မှု မဟုတ်တော့ချေ။

တစ်ဖက်လူသည် သူ့ကို ကူညီပေးနေသကဲ့သို့ ချန်ဖုန်း ဝေဝါးစွာ ခံစားလိုက်ရပေ၏။

"ဒါက ငါနဲ့ ပတ်သက်နေနိုင်မလား…

သဲလွန်စတစ်ခုခု ရလား..."

"မရပါဘူး..."

မျက်နှာတစ်ထောင်မြေခွေး က ခေါင်းခါပြဆဲပင်။

သူမ၏ မျက်နှာအမူအရာမှာလည်း အနည်းငယ် တည်ကြည်နေခဲ့၏။ "ဒီလူတွေ အကုန်လုံးနီးပါးက တိုက်ခိုက်မှု တစ်ချက်တည်းနဲ့ အသတ်ခံခဲ့ရတာပါ... သူတို့ကို သတ်နိုင်တဲ့သူက သေချာပေါက် ထိပ်တန်းကျွမ်းကျင်သူပဲ ဖြစ်ရမယ်..."

"သူတို့က ငါတို့ကို ကူညီပေးနေတာ ဖြစ်နိုင်တယ်... ဆက်ပြီး စုံစမ်းကြည့်လိုက်ပါ... တစ်ခုခုတွေ့ရင် ငါ့ကို ပြန်သတင်းပို့ဖို့ မမေ့နဲ့နော်..."

"နားလည်ပါပြီ..."

မျက်နှာတစ်ထောင်မြေခွေး က ခေါင်းညိတ်ကာ ပြောလိုက်၏။ "နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်... စောစောက ရွှမ်ယွီ ဒဏ်ရာရသွားတယ် မဟုတ်လား..."

"သူမက အိမ်ပြန်မရောက်တာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်လို့ ဒီအချိန်အတွင်း အနားယူဖို့ သူမရဲ့ မွေးရပ်မြေကို ပြန်ချင်နေတယ်..."

"ကျန်းနန်ပြည်နယ် မှာလို့ ထင်ရပါတယ်..."

"ရှောင်ချူနန် ဆိုတဲ့ ကောင်လေးကလည်း သူမရဲ့ ဘေးကင်းလုံခြုံရေးကို ကာကွယ်ပေးဖို့ဆိုပြီး ရွှမ်ယွီ နဲ့အတူ လိုက်သွားတယ်...သူက ရွှမ်ယွီ ရဲ့ အလှအပကို လိုချင်ရုံသက်သက်ပဲလို့ ကျွန်မ ထင်တယ်...နန်းတော်သခင်... လဲ့ယန် ကို ခိုင်းပြီး သူ့ကို သတိလစ်အောင် ရိုက်ပြီး ပြန်ခေါ်လာခိုင်းရမလား..."

"မလိုပါဘူး... သူ့ကို ရွှမ်ယွီ ကို ကာကွယ်ခိုင်းထားလိုက်တာ အဆင်ပြေပါတယ်..."

ချန်ဖုန်း က ဖျော့တော့စွာ ပြုံးလိုက်ပေသည်။

ရှောင်ချူနန် သည် စစ်ဘက်ဆိုင်ရာဌာန၏ အကြီးအကဲဖြစ်သူ ညွှန်ကြားရေးမှူး ချင်ထိုက် ၏ တူဖြစ်ရာ သူ၏ စရိုက်မှာ သိပ်ဆိုးရွားမည် မဟုတ်ချေ။

"ကောင်းပါပြီ..."

မျက်နှာတစ်ထောင်မြေခွေး က နှုတ်ခမ်းဆူလိုက်၏။

သူမနှင့် ရွှမ်ယွီ မှာ ဆက်ဆံရေး ကောင်းမွန်ကြပြီး ရွှမ်ယွီ ပျော်ရွှင်မှု ရှာတွေ့နိုင်ပါက သူမ သဘာဝကျကျပင် ဝမ်းသာမိမည် ဖြစ်ပေသည်။

အဓိကအချက်မှာ ရွှမ်ယွီ သည် ရှောင်ချူနန် ကို လျစ်လျူရှုထားပုံပေါ်နေခြင်းပင် ဖြစ်၏။

သို့သော် သူမသည် ဤကိစ္စများကို ဆက်လက် ဂရုမစိုက်နိုင်တော့ချေ။ သူမကိုယ်တိုင်ပင် လူလွတ်ဖြစ်နေသေးသည် မဟုတ်လော။

"နန်းတော်သခင်... အဇူရာနန်းတော် ရဲ့ စီးပွားရေး လုပ်ငန်းတွေက သက်တော်စောင့် တာဝန်တွေ၊ လက်နက်အရောင်းအဝယ်တွေ စသဖြင့် အမြဲတမ်း နယ်စပ်ပြင်ပမှာပဲ ရှိနေခဲ့တာပါ...အခု အဇူရာနန်းတော် ရဲ့ လုပ်ငန်းတွေကို ဟွာရှနိုင်ငံထဲအထိ ချဲ့ထွင်ဖို့ ဖြစ်နိုင်မလားလို့ စဉ်းစားနေမိတယ်..."

ချန်ဖုန်း ၏ မျက်လုံးများ ရုတ်တရက် လင်းလက်သွားလေသည်။

၎င်းတို့၏ တိုက်ခိုက်မှုနှင့် သတ်ဖြတ်မှုများမှလွဲ၍ အဇူရာနန်းတော် တွင် အရည်အချင်းရှိသော အဖွဲ့ဝင်အချို့ ရှိနေပေ၏။

အကယ်၍ ဤအရည်အချင်း ရှိသောသူများကို မှန်ကန်စွာ အသုံးပြုနိုင်ပါက ၎င်းတို့သည် မိမိအတွက် အမှန်တကယ် ကြီးမားသော ကြွယ်ဝချမ်းသာမှုတစ်ခုကို ဖန်တီးပေးနိုင်ပေလိမ့်မည်။

"ဒီကိစ္စကို မင်း တာဝန်ယူလိုက်... ပြီးတော့ ထျန်ဖုန်းလုပ်ငန်းစု နဲ့ ဆေးဝါးကုမ္ပဏီရဲ့ လုံခြုံရေးကို တာဝန်ယူဖို့ လူအနည်းငယ်လောက်ကိုပါ တစ်ပါတည်း ရှာပေးလိုက်ပါ..."

ထို့နောက် အဇူရာနန်းတော် ၏ ကျဆုံးသွားသော ညီအစ်ကိုများ၏ အမည်များနှင့် လိပ်စာစာရင်းကို ပြုစုရန်နှင့် ၎င်းတို့၏ မိသားစုများအတွက် လျော်ကြေးငွေများကို ယခုအချိန်လောက်ဆိုလျှင် ပေးပို့သင့်ပြီဖြစ်ကြောင်း မျက်နှာတစ်ထောင်မြေခွေး အား သူ အမိန့်ပေးလိုက်၏။

တစ်ယောက်ကို ယွမ် သန်းတစ်ထောင်စီ...

ထိုပမာဏက ၎င်းတို့၏ မိသားစုများ ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ရန် လုံလောက်နေပေသည်။

[ဒင်... ဗီဒီယိုတာဝန်ကို အောင်မြင်စွာ ပြီးမြောက်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... ဆုကြေး - စနစ်ပွိုင့် ၂၀၀]

[ပိုင်ရှင်၏ လက်ရှိ ကျန်ရှိသော စနစ်ပွိုင့်များ - ၄၃,၀၀၀]

[ဒင်... ဗီဒီယိုတာဝန် ပြီးမြောက်မှုမှာ ပိုင်ရှင် ပါဝင်ခဲ့တဲ့အတွက် စနစ်ရဲ့ ကြိုတင်ခန့်မှန်းနိုင်တဲ့ အချိန်ကာလ ပြောင်းလဲသွားပါတယ်... အခုအခါ ၁၃၉၅ ခုနှစ်ကနေ ၂၁၀၅ ခုနှစ်အတွင်း ဖြစ်ရပ်မှန်သမျှကို ကြိုတင်ခန့်မှန်းနိုင်ပါပြီ...]

[ဒင်... စနစ်ပွိုင့် ရယူခြင်း မျက်နှာပြင်ကို ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ...]

"သောက်ကျိုးနည်း..." ချန်ဖုန်း ချက်ချင်း သဘောပေါက်သွားလေ၏။

ယခင်က စနစ်ပွိုင့်များကို သူ အသုံးပြုနေချိန်တွင် စနစ်က မျက်နှာပြင်ကို အလိုအလျောက် ပိတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

“နောက်ဆုံးတော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီပဲ…”

“ကျစ်...နောက်တစ်ခါ အသစ်ပြန်လုပ်တဲ့အခါ စနစ်ပွိုင့်က ငါ့ကို ထပ်ပိတ်ပစ်မလား မသိဘူး…”

သူ၏ စနစ်ပွိုင့်များကို ပြန်စစ်ဆေးကြည့်လိုက်ရာ ၄၃,၀၀၀ ကျန်ရှိနေသေးပေ၏။

“ငါ့ရဲ့ ယုံကြည်မှုတွေ ချက်ချင်း ပြန်ရောက်လာပြီကွ…”

အစည်းအဝေးခန်းမအတွင်းရှိ ဆွေးနွေးမှုများမှာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး အနည်းဆုံး နောက်ထပ် တစ်ရက်ခန့်အထိ ပြီးဆုံးနိုင်ဖွယ် မရှိချေ။

အဓိကတာဝန်မှာ သဘောတူညီချက်အချို့ကို လက်မှတ်ရေးထိုးရန်နှင့် ထို့နောက် အသေးစိတ်အချက်အလက်များကို အတည်ပြုရန် ဖြစ်ပေသည်။

တကယ်တမ်းတွင် ၎င်းသည် နိုင်ငံဆယ်နိုင်ငံနှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်း ပါဝင်နေလေ၏။

မိုက်ကယ် သည် တစ်ဦးတည်းသော ကိုယ်စားလှယ်ဖြစ်နေလျှင်ပင် နောက်ဆုံး ပါဝင်သောအကြောင်းအရာများကို အခြား နိုင်ငံအချို့နှင့် စစ်ဆေးရန် လိုအပ်နေဆဲ ဖြစ်ပေသည်။

လျော်ကြေးငွေနှင့် ပတ်သက်၍မူ

၎င်းသည် နိုင်ငံဆယ်ခု ကို သွေးပိုထွက်အောင် လုပ်ခြင်းမျှသာ ဖြစ်လေ၏။

ပွင့်လင်းသော စစ်ပွဲ ပြီးဆုံးသွားသော်လည်း နောက်ကွယ်မှ တိုက်ပွဲများမှာ လျော့ကျသွားမည်မဟုတ်ဟု ချန်ဖုန်း ယုံကြည်ထားပေသည်။

နိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ယှဉ်ပြိုင်မှုများ ရှိသကဲ့သို့ မြေအောက်အဖွဲ့အစည်း အသီးသီးအကြား ယှဉ်ပြိုင်မှုများလည်း ရှိနေပြီး ဤအရာများကို ရှောင်လွှဲ၍မရနိုင်ချေ။

ညသန်းခေါင်ယံသို့ ရောက်သည်အထိပင်။

နှစ်ဖက်အကြား ဆွေးနွေးမှုများမှာ နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့လေ၏။

ညွှန်ကြားရေးမှူး ချင်ထိုက် ၏ မျက်နှာအမူအရာကို ကြည့်ရခြင်းအားဖြင့် ဟွာရှနိုင်ငံသည် သိသာထင်ရှားသော လျော်ကြေးငွေများနှင့် အကျိုးခံစားခွင့်များကို ရရှိခဲ့ပုံပေါ်ပေသည်။

တိကျသော အသေးစိတ် အချက်အလက်များနှင့် ပတ်သက်၍မူ ချန်ဖုန်း က သိပ်ဂရုမစိုက်ခဲ့ချေ။

ထိုညက ရှန်ကွမ်ယွဲ့ ၏ ကုတင်ပေါ်တွင် အိပ်ရန် သူ မူလက စီစဉ်ထားခဲ့သော်လည်း ရှောင်လန် က အခန်းထဲတွင် နေနေသဖြင့် သူသည် တိတ်တဆိတ် အခန်းပြောင်းကာ တစ်ယောက်တည်း အိပ်ခဲ့ရလေ၏။

ကုသမှုခံယူပြီးနောက် ရှောင်လန် ၏ ဒဏ်ရာများမှာ တဖြည်းဖြည်း သက်သာလာခဲ့သည်။

နောက်တစ်နေ့တွင်။

ရှန်ကွမ်ယွဲ့ သည် မနက်စောစောစီးစီး ထလာခဲ့၏။ သူမက ရှောင်လန် ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "အရိုးကျိုးတာက ပြန်ကောင်းဖို့ ရက်တစ်ရာလောက် ကြာတယ်... နောက်လအနည်းငယ်လောက် ဘာမှမလုပ်နဲ့... လေကောင်းလေသန့် ရအောင် ငါနဲ့အတူ အပြင်ထွက်ခဲ့..."

"ဟာ..."

ရှောင်လန် က သူမ၏ ဝမ်းဗိုက်ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။ "အစ်မ ရှောင်ယွဲ့... အခု အစ်မမှာ ကိုယ်ဝန်ရှိနေပြီဆိုတော့ အဲဒီလို လျှောက်သွားနေလို့ မရဘူးလေ..."

"ရှူး... အသံတိုးတိုးလုပ်စမ်းပါ..."

ရှန်ကွမ်ယွဲ့ က သူမ၏ ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်သည်။

ထို့နောက် သူမက ရှောင်လန်ကို ဒေါသတကြီးဖြင့် စိုက်ကြည့်ကာ ပြောဆိုလိုက်၏။ "အဲဒီ ချန်ဖုန်း ဆိုတဲ့ အရူးက ငါ့မှာ ကိုယ်ဝန်ရှိနေပြီဆိုတာကို အခုထိ မသိသေးဘူး... သူက တော်တော် တုံးတယ်လို့ နင် မထင်ဘူးလား..."

"အစ်မ ရှောင်ယွဲ့... ဒါက သူလည်း ပထမဆုံးအကြိမ် ဖြစ်နေလို့နေမှာပါ..."

ရှောင်လန် က ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်၏။ "အစ်မလည်း အတူတူပါပဲ... တကယ်လို့ ဒေါက်တာဝမ် ရဲ့ စစ်ဆေးမှုသာ မရှိခဲ့ရင် အစ်မရဲ့ လက္ခဏာတွေက ကိုယ်ဝန်ရှိနေတယ်ဆိုတာကို အစ်မကိုယ်တိုင်လည်း သိမှာမဟုတ်ဘူးလေ..."

“ပြီးတော့ ရှိသေးတယ် တကယ်လို့ ချန်ဖုန်း က မသိဘူးဆိုရင် အစ်မက သူ့ကို ထာဝရ ဖုံးကွယ်ထားဖို့ စီစဉ်ထားတာလား..."

All Chapters