အခန်း ၃၂၂
Vol. 33 Ch. 322
အခန်း (၃၂၂) အိမ်ပြန်ခြင်း
ဆေးရုံတွင်
ထိုက်ရှန်းသည် ယခုအချိန်၌ အင်အားများ အပြည့်အဝ ပြန်လည်ရရှိနေပြီ ဖြစ်၏။
သူ၏ ခန္ဓာကိုယ်တွင် ပြင်းထန်သော ပြန်လည်ကုစားနိုင်စွမ်း ရှိသည့်အပြင် ချန်ဖုန်း၏ ယင်ယန် အပ်ကိုးချောင်း အာနိသင်များကြောင့် သူသည် ရက်အနည်းငယ်အတွင်း ကုတင်ပေါ်မှဆင်းကာ လမ်းလျှောက်နိုင်တော့မည် ဖြစ်ပေသည်။
သူက လူနာဆောင်အတွင်း တိတ်ဆိတ်စွာ ထိုင်နေကြသော ရှန်ယန်းယန်းနှင့် ယွင်ထင်တို့ကို ကြည့်လိုက်သည်။
ခဏတာ တုံ့ဆိုင်းနေပြီးနောက် ထိုက်ရှန်းက ပြောလိုက်၏။
"သခင်မလေးရှန်... သခင်မလေးယွင်... ကျွန်တော့် ဒဏ်ရာတွေ တကယ် သက်သာနေပါပြီ... ခင်ဗျားတို့ အရင် ပြန်သွားကြပါလား..."
"ခင်ဗျားတို့ ကျွန်တော့်ကို ဒီလောက် သေချာ ပြုစုပေးနေတာကို နန်းတော်သခင်သာ မြင်သွားရင် ကျွန်တော့်ကို ထပ်ဆူနေပါဦးမယ်..."
"ပြီးတော့ ဒီမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေ ရှိနေတာပဲလေ... ဒါကြောင့် ခင်ဗျားတို့ရဲ့ အကူအညီ တကယ် မလိုတော့ပါဘူး..."
"ရပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် ငါတို့လည်း တော်တော်လေး အားနေတာပဲ..."ယွင်ထင်သည် ယခုအချိန်၌ မည်သည့်အရာကိုမျှ အာရုံစိုက်၍ မရနိုင်ချေ။
ချန်ဖုန်းသည် နှစ်ရက်ခန့်သာ ထွက်သွားခဲ့ခြင်း ဖြစ်သော်လည်း ၎င်းတို့အတွက်မူ လပေါင်းများစွာ ကြာမြင့်နေသကဲ့သို့ ခံစားရလေ၏။
လွန်ခဲ့သော နှစ်ရက်အတွင်း သူမနှင့် ရှန်ယန်းယန်းတို့သည် သူမတို့၏ အလုပ်များအားလုံးကို ဘေးဖယ်ထားကာ ဆေးရုံတွင်သာ နေနေခဲ့ကြသည်။
သူမတို့အနေဖြင့် ထိုက်ရှန်းအား ပြုစုစောင့်ရှောက်ရန် သေချာပေါက် မလိုအပ်ခဲ့ချေ။
ဆေးရုံတွင် ကြုံတွေ့ရနိုင်သည့် ပြဿနာတိုင်းကို ဖြေရှင်းပေးနိုင်သော ကျွမ်းကျင်ဆရာဝန်များနှင့် သူနာပြုများ ရှိနေပေသည်။
သူမတို့ တကယ်ပင် များများစားစား မကူညီနိုင်ခဲ့ပေ။
ယွင်ထင်နှင့် ရှန်ယန်းယန်းတို့အတွက် ဆေးရုံတွင် နေရခြင်း၏ အစစ်အမှန် အကြောင်းရင်းမှာ အဇူရာနန်းတော် အဖွဲ့ဝင်များထံမှ ချန်ဖုန်း၏ သတင်းကို ရရှိရန်သက်သက်သာ ဖြစ်လေ၏။
စစ်မြေပြင်တွင် ရန်သူကို သတ်ဖြတ်ရခြင်းသည်
ခြေတစ်လှမ်း မှားယွင်းသွားသည်နှင့် အသက်ဆုံးရှုံးသွားနိုင်ပေသည်။
သူမတို့တွင် ချန်ဖုန်း၏ ဖုန်းနံပါတ် ရှိနေသော်လည်း သူ့ကို ပေါ့ပေါ့ဆဆ ဖုန်းမဆက်ရဲကြချေ။
အကယ်၍ တစ်ဖက်လူသည် ရန်သူနှင့် တိုက်ပွဲဝင်နေချိန်ဖြစ်ပါက သူမတို့၏ ဖုန်းတစ်ကောက ချန်ဖုန်း၏ အသက်ကို အန္တရာယ်ပြုသွားနိုင်ပေသည်။
ထို့ကြောင့် သူမတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ အဇူရာနန်းတော်၏ အဖွဲ့ဝင်များအပေါ်တွင်သာ မူတည်နေတော့သည်။
ထိုအချိန်၌ ရှန်ယန်းယန်းက ရုတ်တရက် မတ်တတ် ထရပ်လိုက်ပြီး…
ထိုက်ရှန်း ဘေးတွင်ချထားသော ဖုန်းကို စိုးရိမ်တကြီး လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"ရှင့်... ရှင့်ဖုန်း မြည်နေတယ်... နယ်စပ်ကနေ ဆက်တာလား မသိဘူး...မြန်မြန် ကိုင်လိုက်လေ..."
"..." ထိုက်ရှန်းက ဖုန်းကို အလျင်အမြန် ကိုင်လိုက်၏။
"မျက်နှာတစ်ထောင်မြေခွေး... အဲဒီဘက်မှာ အခြေအနေ ဘယ်လိုလဲ..."
မကြာမီမှာပင် ထိုက်ရှန်းက ဖုန်းချလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် နောက်ဆုံးတော့ အပြုံးတစ်ခုပေါ်လာကာ ပြောလိုက်လေသည်။
"ဟွာရှနိုင်ငံက ကြီးကျယ်တဲ့ အောင်ပွဲတစ်ခု ရလိုက်ပြီ... နန်းတော်သခင်လည်း ပြန်လာပြီ..."
"ဟူး..."
ရှန်ယန်းယန်းနှင့် ယွင်ထင်တို့ နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားကြလေ၏။
လွန်ခဲ့သော နှစ်ရက်အတွင်း သူမတို့ တကယ်ပင် အစားမဝင်၊ အိပ်မပျော် ဖြစ်နေခဲ့ကြခြင်း ဖြစ်သည်။
"အစ်မယွင်... မြန်မြန်... ချန်ဖုန်းဆီ အခုချက်ချင်း ဖုန်းဆက်ကြည့်လိုက်..."
ရှန်ယန်းယန်း၏ ကိုယ်ပိုင်ဖုန်းမှာ ဘက်ထရီကုန်နေသဖြင့် ယွင်ထင်အား ဖုန်းဆက်ရန်သာ အဆက်မပြတ် တိုက်တွန်းနေခဲ့ပေ၏။
ယွင်ထင် ပြုံးလိုက်ပြီး ဖုန်းနံပါတ်ကို တိုက်ရိုက် ခေါ်ဆိုလိုက်သည်။
ဖုန်းဝင်သွားသည်နှင့် တစ်ပြိုင်နက် တံခါးပေါက်မှ ဖုန်းမြည်သံတစ်ခု ထွက်ပေါ်လာခဲ့၏။
ရုတ်တရတ် ရှန်ယန်းယန်း လှည့်ကြည့်လိုက်သည်။
ထိုအခါ ချန်ဖုန်း ဖြစ်နေပေ၏။
"အာ... ချန်ဖုန်း..."
ရှန်ယန်းယန်းက စိတ်လှုပ်ရှားစွာဖြင့် ပြေးသွားပြီး ချန်ဖုန်း၏ ရင်ခွင်ထဲသို့ ပြေးဝင်ဖက်တွယ်လိုက်လေသည်။
သူမသည် ရှန်ကွမ်ယွဲ့နှင့် မတူညီချေ။
ရှန်ကွမ်ယွဲ့သည် မည်သို့ပင်ဖြစ်စေ စစ်ဘက်ဆိုင်ရာဌာန၏ စစ်သေနာပတိဖြစ်ပြီး တစ်ခါတစ်ရံတွင် အတော်လေး မာနကြီးတတ်ပေသည်။ သူမက ချန်ဖုန်းကို သဘောကျနေလျှင်ပင် အလွယ်တကူ ထုတ်ဖော်ပြသမည် မဟုတ်ချေ။ တစ်ခါတစ်ရံတွင် သူမက အလွန် နူးညံ့သိမ်မွေ့တတ်ပေ၏။
ချန်ဖုန်းအတွက် လှပသော အဝတ်အစားများ ဝတ်ဆင်ပေးတတ်ပြီး ချန်ဖုန်း၏ လိုအပ်ချက်များကို အမြဲတမ်း တွေးတောပေးတတ်သည်။
သို့သော် ရှန်ယန်းယန်းကမူ ချန်ဖုန်းအပေါ် ထားရှိသော သူမ၏ ခံစားချက်များကို ဘယ်သောအခါမှ ဖုံးကွယ်ထားလေ့ မရှိချေ။
ဘေးတွင် ရပ်နေသော ယွင်ထင်က ဖျော့တော့စွာ ပြုံးလိုက်၏။
သူမသည် ရှန်ယန်းယန်းကဲ့သို့ ချန်ဖုန်း၏ ရင်ခွင်ထဲသို့ ပြေးဝင်ဖက်တွယ်ရန် အစပြုလုပ်ဆောင်နိုင်စွမ်း မရှိသဖြင့် အရာအားလုံးကို သူမ၏ ရင်ထဲတွင်သာ ဖုံးကွယ်ထားနိုင်ပေသည်။
ကံကောင်းထောက်မစွာဖြင့် ချန်ဖုန်း အန္တရာယ်ကင်းကင်း ပြန်ရောက်လာခဲ့လေပြီ။
"ကဲပါ ယန်းယန်းရယ်... သူ အခုမှ ပြန်ရောက်လာတာဆိုတော့ ပင်ပန်းနေမှာပေါ့..."
ယွင်ထင်က သူမအား လက်ယမ်းပြလိုက်ရာ ရှန်ယန်းယန်းသည် ချန်ဖုန်း၏ ရင်ခွင်ထဲမှ ထွက်လာခဲ့လေ၏။ သို့သော် သူမက သူ၏ လက်မောင်းကို ဖက်တွယ်ထားပြီး လွှတ်မပေးခဲ့ချေ။
"ဟီးဟီး... အစ်မယွင်... ကျန်တဲ့ လက်မောင်းတစ်ဖက်ကို အစ်မ ယူထားလို့ရတယ်နော်..."
"..."ချန်ဖုန်း၏ နှုတ်ခမ်းများ တွန့်ချိုးသွားပေသည်။
"နန်းတော်သခင်..."
ထိုက်ရှန်းသည် ကုတင်ပေါ်မှ အလျင်အမြန် ဆင်းလိုက်၏။
"မင်း ဒဏ်ရာရထားတယ်လေ... မထပါနဲ့..."
ချန်ဖုန်းက သူ၏ ဒဏ်ရာများကို နောက်တစ်ကြိမ် ထပ်မံစစ်ဆေးကြည့်ရာ အမှန်တကယ်ပင် အလွန် လျင်မြန်စွာ ပြန်လည်ကောင်းမွန်နေကြောင်း တွေ့ရလေသည်။
ဆေးရုံတွင် အချိန်အတန်ကြာ နေပြီးနောက် သူနှင့် ရှန်ယန်းယန်းတို့သည် အိုယန်မိသားစုဆီသို့ ထွက်ခွာလာခဲ့ကြ၏။
သူ နယ်စပ်သို့ သွားရောက်ခဲ့သည့်အကြောင်းကို သူ၏ မိခင်ဘက်မှ အဘိုးအဘွားများအား မပြောပြခဲ့ချေ။
အိုယန်မိသားစု တစ်ခုလုံးတွင် အဒေါ် အိုယန်နာလန် တစ်ဦးတည်းသာ ဤကိစ္စကို သိရှိထားပေသည်။
လမ်းတစ်လျှောက်တွင်
ချန်ဖုန်းသည် တီတီ (အငှားယာဉ်) တစ်စီးကို ခေါ်လိုက်သည်။
သူ၏ ကားများအားလုံးမှာ ပေ့ဟူတွင်သာ ရှိနေပြီး ကျိုတိုတွင်ကား လုံးဝ မရှိသေးချေ။
ယာဉ်မောင်းဖြစ်သူက အနောက်ခန်းတွင် ထိုင်နေသော လူသုံးဦးကို မြင်လိုက်ရပြီး
အထူးသဖြင့် ချန်ဖုန်းက အလယ်တွင် ထိုင်နေပြီး တစ်ဖက်တစ်ချက်စီတွင် မိန်းမလှလေး တစ်ဦးစီ ရှိနေပေသည်။
‘ငါတော့ တကယ်ကို မနာလိုဖြစ်မိတာပဲ... ဘာဖြစ်လို့ ကားတစ်စီးတောင် မပိုင်တဲ့ ငတုံးတစ်ယောက်က ချစ်သူနှစ်ယောက်တောင် ရနေရတာလဲ... ပြီးတော့ တစ်ယောက်ထက်တစ်ယောက် ပိုလှနေသေးတယ်... ငါက ယွမ် နှစ်သိန်းတန် ကားတစ်စီး မောင်းနေတာတောင် ချစ်သူတစ်ယောက်တောင် မရှာနိုင်ဘူး... ဒီခေတ်က မိန်းမလှလေးတွေ အကုန်လုံးက ငတုံးတွေကိုပဲ သဘောကျကြတာလား…’ဟု တွေးရင်း ယာဥ်မောင်းတစ်ယောက် ဝမ်းနည်းနေတော့သည်။
ယွင်ထင်က ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။
"ပေ့ဟူက ဆေးဝါးကုမ္ပဏီ တွေက အမာရွတ်ပျောက်ဆေး တွေကို စရောင်းနေပြီ... ဆေးရုံတွေနဲ့ ဆေးဆိုင်တော်တော်များများကလည်း အလုအယက် ဝယ်နေကြတယ်..."
"ဒါပေမဲ့ ဒီနှစ်ရက်အတွင်း နန်ကုန်းမိသားစု က လူတွေလည်း ဆေးလာဝယ်နေကြတာကို သတိထားမိတယ်... ငါတို့ သူတို့ကို ရောင်းသင့်လား..."
လွန်ခဲ့သော နှစ်ရက်ခန့်က သခင်လေး နန်ကုန်းရိ သည် Great Wall အိမ်ခြံမြေ ကုမ္ပဏီလီမိတက် တွင် ပြဿနာရှာခဲ့ပြီးနောက် ချန်ဖုန်း၏ ပါးရိုက်ခြင်းကို အကြိမ်ကြိမ် ခံခဲ့ရကာ မျက်နှာပျက်စီးသွားခဲ့လေ၏။
ယခု ဆေးလာဝယ်ခြင်းမှာ ဒဏ်ရာပျောက်ကင်းစေရန် အသုံးပြုဖို့ သေချာပေါက် ဖြစ်ပေသည်။
ချန်ဖုန်းက ဂရုမစိုက်သည့်ဟန်ဖြင့် ပြောဆိုလိုက်သည်။
"မင်း မရောင်းဘူးဆိုရင်တောင် သခင်လေး နန်ကုန်းရိ က တခြားလမ်းကြောင်းတွေကနေတစ်ဆင့် ဆေးကို ရနိုင်သေးတာပဲလေ... ဒါကြောင့် ကိစ္စမရှိပါဘူး...သူက ငါတို့ ထုတ်ကုန်တွေအတွက် ပိုက်ဆံပေးဝယ်ချင်တယ်ဆိုရင်လည်း သူ့ကို ပေးဝယ်လိုက်ပါ..."
"အင်း..."
ယွင်ထင်က အနည်းငယ် ခေါင်းညိတ်လိုက်၏။
"ဒါနဲ့... ပြည်နယ်မြို့တော်က ရွှီချင်းချန် က ဒီရက်ပိုင်းအတွင်း နင့်ကို လာရှာသေးတယ်... ဒါပေမဲ့ ဘာကိစ္စလဲဆိုတာတော့ သူမ မပြောသွားဘူး..."
"ရွှီချင်းချန် တဲ့လား..."
တစ်ဖက်လူက လွန်ခဲ့သော ရက်အနည်းငယ်ခန့်က သူ့ထံ မက်ဆေ့ခ်ျတစ်စောင် ပို့ခဲ့ဖူးကြောင်း ချန်ဖုန်း သတိရသွားပေ၏။
ထိုအချိန်က သူသည် နယ်စပ်သို့ သွားရာလမ်းတွင် ဖြစ်နေသဖြင့် စာပြန်ရန် အချိန်မရခဲ့ချေ။ သို့သော် တစ်ဖက်လူက သိပ်အရေးကြီးမည် မဟုတ်လောက်ပေ။
မကြာမီမှာပင် ချန်ဖုန်းတို့ သုံးဦးသည် အိုယန်မိသားစုအိမ်သို့ ရောက်ရှိသွားကြသည်။
မျက်နှာတစ်ထောင်မြေခွေး သည် သူတို့ ပြန်လာမည်ကို ကြိုသိနေပုံရပြီး အပြင်ဘက်တွင် ကြိုတင်စောင့်ဆိုင်းနေခဲ့၏။
သူမက ပြုံးလျက် ပြောဆိုလိုက်သည်။
"နန်းတော်သခင်... ငါ အခုလေးတင် နယ်စပ်ကနေ ပြန်ရောက်တာ... ထမင်းလည်း မစားရသေးဘူး... အဲဒါ ဒီမှာ ဝင်စားလို့ ရမလား..."
"ဝင်ခဲ့လေ..."
ချန်ဖုန်းမှာ စကားပြောစရာမဲ့ ဖြစ်သွားတော့သည်။
"ရှောင်ဖုန်း... ပြီးခဲ့တဲ့ရက်ပိုင်းတွေက မင်း ဘယ်တွေသွားနေတာလဲ... ဖုန်းဆက်လို့လည်း လုံးဝ မရဘူး..."
"ရှောင်ဖုန်း... မြန်မြန် ဝင်လာခဲ့..."
"ယန်းယန်း နဲ့ ရှောင်ယွင်... သမီးတို့လည်း ရောက်နေတာလား..."
ချန်ဖုန်းသည် အိုယန်မိသားစုအိမ်ထဲသို့ ဝင်သွားရုံသာ ရှိသေး၏။
အဘိုးကြီးအိုယန် နှင့် အခြားသူများက အလျင်အမြန် ထွက်လာကြသည်။
၎င်းတို့သည် မြေးဖြစ်သူအား မတွေ့ရသည်မှာ ရက်အတော်ကြာပြီဖြစ်ပြီး မည်သူကမျှ ဖုန်းမကိုင်ခဲ့ကြချေ။
အကယ်၍ အိုယန်နာလန် က ချန်ဖုန်း အလုပ်ရှုပ်နေကြောင်း မပြောပြထားခဲ့ပါက ၎င်းတို့မှာ အလွန်အမင်း စိုးရိမ်ပူပန်နေကြမည်မှာ သေချာပေသည်။
အိုယန်အဘွား သည် ချန်ဖုန်းနှင့်အတူ အခြား မိန်းမလှလေးတစ်ဦး ပါလာသည်ကို မြင်သောအခါ သူမ၏ အိတ်ကပ်ထဲရှိ လက်ကောက်ကို မသိစိတ်ကနေ လှမ်းကိုင်လိုက်မိပေ၏။
‘ငါ သူမကိုရော ပေးသင့်လား မသိဘူး…’
အိုယန်နာလန် က သူမအား အလျင်အမြန် တားဆီးလိုက်သည်။
"အမေ... သူမက ရှောင်ဖုန်းရဲ့ ချစ်သူ မဟုတ်ဘူး... သူများတွေကို အတင်း တွဲမပေးပါနဲ့..."
"အော်... အဲလိုလား..."
အိုယန်အဘွား သည် လက်ကောက်ကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်လေ၏။
ချန်ဖုန်းနှင့် အခြားသူများ ရောက်ရှိလာခြင်းက အိုယန်မိသားစု၏ လေထုကို နောက်တစ်ကြိမ် အသက်ဝင်လာစေခဲ့သည်။
ချန်ဖုန်းက အိုယန်မိသားစုအား ဖိနှိပ်ခံနေရသော အခြေအနေမှ လွတ်မြောက်အောင် ကူညီပေးခဲ့ပြီးကတည်းက ယခုအခါ အိုယန်မိသားစုသည် ကြီးမားလှသော အောင်မြင်မှုများကို ရရှိနေပြီ ဖြစ်ပေ၏။
မျိုးဗီဇကိုယ်ပွားဖန်တီးခြင်း နည်းပညာ ကို အောင်မြင်စွာ အသုံးချနိုင်ခဲ့မှုနှင့်အတူ ကျိုတိုရှိ အိုယန်မိသားစု၏ ဂုဏ်သတင်းမှာလည်း ကြီးထွားလာနေခဲ့လေသည်။
အိုယန်နာလန် က ချန်ဖုန်းကို ဘေးသို့ဆွဲခေါ်သွားပြီး တီးတိုးပြောလိုက်သည်။
"ရှောင်ဖုန်း... နယ်စပ်ကို သွားတဲ့ခရီးမှာ နင့်အမေနဲ့ ပတ်သက်တဲ့ သတင်းတစ်ခုခုများ ရခဲ့သေးလား..."
"မရဘူး..."
ချန်ဖုန်းမှာ အနည်းငယ် အံ့အားသင့်သွားခဲ့၏။
"အဒေါ် ကျွန်တော် နယ်စပ်ကို သွားတာနဲ့ပဲ ဘာလို့ ကျွန်တော့်အမေရဲ့ သတင်းကို ရရမှာလဲ..."
အိုယန်နာလန် က ခဏတာ တုံ့ဆိုင်းနေပြီးနောက် ပြောဆိုလိုက်သည်။
"အရင်က ပြောခဲ့တဲ့ စကားတွေအရဆိုရင် နင့်အမေ အသက်ရှင်နေသေး
လောက်တယ်..."
"တကယ်လို့ ဟွာရှနိုင်ငံမှာ ရှာမတွေ့ဘူးဆိုရင် သူမ နိုင်ငံခြားမှာ ရှိနေဖို့ အလားအလာ အရမ်းများတယ်...နင် နိုင်ငံခြားမှာ စုံစမ်းကြည့်သင့်တယ်..."