← Chapters

အခန်း ၃၂၃

Vol. 33 Ch. 323

အခန်း ၃၂၃

Vol. 33 Ch. 323

အခန်း (၃၂၃) ပူစီနံနံ့

"နိုင်ငံခြားမှာလား..."

ချန်ဖုန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

သူ၏ဖခင် အသတ်ခံရမှုသည် ဆာကူရာနိုင်ငံ မှ ပေ့ကုန်းမိသားစု နှင့် ဆက်စပ်နေသဖြင့် သူ၏မိခင် ပျောက်ဆုံးသွားမှုမှာလည်း ဆာကူရာနိုင်ငံ တွင် ဖြစ်ပွားခဲ့ရန် အလားအလာ အလွန်များပြားလှပေသည်။

ဤကာလအတွင်း

အဇူရာနန်းတော် မှ လူများသည်လည်း သူ၏မိခင်နှင့် ပတ်သက်သော သတင်းများကို ဆာကူရာနိုင်ငံ တစ်ဝန်းလုံးတွင် ရှာဖွေနေခဲ့ကြပေ၏။

သို့သော် ဘယ်သောအခါမှ မတွေ့ရှိခဲ့ချေ။

ဒါမှမဟုတ် အခြားနိုင်ငံတစ်ခုခုတွင်များ ရှိနေနိုင်မလား။

ရုတ်တရက် ချန်ဖုန်းက ပေ့ကုန်းမိသားစု မျိုးဖြုတ်ခံရခြင်းအကြောင်းကို တွေးမိသွားပြီး သူ၏ မိခင်နှင့် ပတ်သက်နေမလားဟု တွေးတောလိုက်မိသည်။

အတွေးပေါင်းများစွာက သူ၏ စိတ်ထဲတွင် ပေါ်လာခဲ့လေ၏။

အိုယန်နာလန် က ခေါင်းညိတ်ကာ ပြောလိုက်သည်။

"တကယ်လို့ နင့်အမေ အသက်ရှင်နေသေးတယ်ဆိုရင် သူမရဲ့ ကိုယ်ရည်ကိုယ်သွေးအရ ဒီနှစ်တွေတစ်လျှောက်လုံး ပေါ်မလာခဲ့တာက အကြောင်းပြချက်တစ်ခုခု သေချာပေါက် ရှိရမယ်...တစ်ခုခုဖြစ်ခဲ့လို့ သူမ မျက်နှာပြဖို့ အဆင်မပြေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်...သူမနဲ့ ပတ်သက်တဲ့ သတင်းတစ်ခုခုများ ရမလားဆိုပြီး မနက်ဖြန် ငါ နိုင်ငံခြားကို သွားဖို့ ဆုံးဖြတ်ထားတယ်..."

ချန်ဖုန်းမှာ လန့်သွားလေ၏။

"အဒေါ်... စစ်ပွဲက အခုမှ ပြီးသွားတာလေ... သိပ်မလုံခြုံဘူး မဟုတ်လား...အဇူရာနန်းတော် က လူတွေကို သတင်းအချက်အလက် စုဆောင်းခိုင်းထားပြီးပါပြီ... သတင်းတစ်ခုခုရတာနဲ့ အဒေါ့်ကို ချက်ချင်း ပြောပြပါ့မယ်..."

"ရပါတယ်..."အိုယန်နာလန် က သွားရန် အတင်းအကျပ် ပြောဆိုလိုက်၏

"ငါက ရုပ်ဖျက်ကျွမ်းကျင်သူ တစ်ယောက်ပါ... ဘာပဲဖြစ်ဖြစ် သိုင်းလောကမှာ နာမည်ကြီးတဲ့ မီးတောက်အက(နာမည်ပြောင်) တစ်ယောက်လေ..."

"တကယ်လို့ အန္တရာယ်တစ်ခုခုနဲ့ ကြုံလာခဲ့ရင်တောင် ထွက်ပြေးဖို့ နည်းလမ်းတွေ အများကြီး ရှိပါသေးတယ်..."

"ပြီးတော့...နိုင်ငံခြားမှာ ပုန်းအောင်းနေတဲ့ အဇူရာနန်းတော် အဖွဲ့ဝင်တွေလည်း ရှိသေးတာပဲ... သူတို့ကိုလည်း ငါ ဆက်သွယ်လို့ ရတာပေါ့..."

"အဒေါ်က နင့်အမေနဲ့အတူတူ ကြီးပြင်းလာခဲ့တာဆိုတော့ သူမရဲ့ အကျင့်စရိုက်တွေကို ငါတစ်ယောက်တည်းက အသိဆုံးပဲလေ...ဒီကိစ္စကို ငါကိုယ်တိုင် သွားလုပ်မှ ဖြစ်မယ်..."

"ဒါပေမဲ့..."

ချန်ဖုန်းက မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်သည်။

"မြေအောက်လောကက မကြာသေးမီက သိပ်ငြိမ်းချမ်းနေတာ မဟုတ်ဘူး... ကျွန်တော်ပါ အဒေါ်နဲ့ လိုက်ခဲ့ရမလား..."

"မလိုပါဘူး... ငါက ကံစမ်းကြည့်ရုံပါ... နင့်အမေကို ရှာမတွေ့နိုင်လောက်ဘူး... ပြီးတော့ ငါ ဘယ်လောက်ကြာကြာ သွားရမလဲဆိုတာလည်း မသိဘူးလေ..."

"တကယ်လို့ နင်ပါ ငါနဲ့ လိုက်လာရင် ဟွာရှနိုင်ငံက ကိစ္စတွေ ဘယ်လိုလုပ်မလဲ..."

အိုယန်နာလန် သည် ဧည့်ခန်းထဲရှိ အမျိုးသမီးများကို တစ်ချက်ကြည့်ကာ ပြောဆိုလိုက်၏။

"ပြီးတော့ သခင်မလေး ရှန်ကွမ်ယွဲ့ လည်း ဒီတစ်ခါ မလာဘူးနော်... မင်းတို့ ရန်ဖြစ်ထားကြတာလား..."

"မဖြစ်ပါဘူး..."

ချန်ဖုန်းက သူ၏နှာခေါင်းကို ပွတ်သပ်လိုက်သည်။

"သူမက စိတ်ပြေလက်ပျောက် အနားယူမယ်လို့ ပြောတယ်... ရက်အနည်းငယ်နေရင် ပြန်လာလောက်မှာပါ..."

"ကောင်းပြီလေ..."

အိုယန်နာလန် က ဘာမျှ ဆက်မပြောတော့ချေ။

၎င်းတို့သည် ဧည့်ခန်းထဲသို့ အလျင်အမြန် ပြန်လာခဲ့ကြသည်။

တကယ်တမ်းတွင် ဤအမျိုးသမီးများအားလုံးထဲ၌ အိုယန်နာလန်သည် ရှန်ကွမ်ယွဲ့ကို အနှစ်သက်ဆုံး ဖြစ်ပေ၏။

မည်သို့ပင်ဆိုစေကာမူ ရှန်ကွမ်ယွဲ့သည် ချန်ဖုန်း၏ ငယ်သူငယ်ချင်း ဖြစ်လေသည်။

ရှန်ယန်းယန်းနှင့် ယွင်ထင်တို့နှင့် ပတ်သက်၍မူ...ဤနှစ်ဦးကလည်း အတော်လေး ကောင်းမွန်ကြပေသည်။

ချန်ဖုန်းက ၎င်းတို့၏ ဆက်ဆံရေးကို မည်သို့ ကိုင်တွယ်မည်ဆိုသည်ကို ဆက်လက် စောင့်ကြည့်ရဦးမည် ဖြစ်၏။

သေချာပေါက်ပင်

အိုယန်အဘွား ၏ ကိုယ်ရည်ကိုယ်သွေးအရ ဆိုလျှင်မူ…သူမတို့အားလုံးကို မြေးချွေးမများ အဖြစ် တော်ကောက်မည် ဖြစ်ပေလိမ့်မည်…

"အဒေါ်... ဒီနေ့ ကျွန်မကို ဟင်းချက်ခွင့်ပြုပါ..."

ရှန်ယန်းယန်းသည် မကြာသေးမီက အွန်လိုင်းမှနေ၍ ဟင်းချက်နည်းများကို ကိုယ်တိုင် သင်ယူနေခဲ့ပြီး သူမ၏ စွမ်းရည်များကို ပြသလိုနေပေ၏။

အိုယန်နာလန် သည် မူလက ငြင်းဆိုချင်ခဲ့သည်။

သို့သော် ရှန်ယန်းယန်းက ဟင်းချက်ရန် အတင်းအကျပ် ပြောဆိုနေသဖြင့် နောက်ဆုံးတွင် သူမက လက်ခံလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

တစ်နာရီအကြာတွင်…

မွှေးကြိုင်လှသော ဟင်းလျာများပါဝင်သည့် စားပွဲတစ်ခင်းကို ပြင်ဆင်ထားလေရာ ချန်ဖုန်းမှာ အံ့အားသင့်စွာဖြင့် အနည်းငယ် ရပ်တန့်သွားခဲ့လေ၏ သူ ပေ့ဟူတွင် ရှိနေစဉ် အချိန်များကို ပြန်လည်အမှတ်ရသွားပေသည်။

ယွင်ထင်နှင့် ရှန်ယန်းယန်းတို့တွင် ဟင်းချက်စွမ်းရည် လုံးဝမရှိခဲ့ဘဲ ဟင်းချက်တိုင်း မီးဖိုချောင်ကို မီးလောင်လုနီးပါး ဖြစ်စေခဲ့သော်လည်း ယခုအခါတွင်မူ သူမတို့သည် ဟင်းလျာ ဒါဇင်နှင့်ချီ၍ တစ်ပြိုင်နက်တည်း ချက်ပြုတ်နိုင်နေပြီ ဖြစ်လေသည်။

ဤကာလအတွင်း အပြောင်းအလဲ အတော်လေး များပြားခဲ့ပုံရပေ၏။

အိုယန်အဘွား ၏ မျက်နှာပေါ်တွင် အပြုံးကြီးတစ်ခု ထွက်ပေါ်နေခဲ့သည်။

သူမကို ကြည့်ရသည်မှာ ကောင်းမွန်ပြီး ခြိုးခြံချွေတာတတ်သော အမျိုးသမီးတစ်ဦးနှင့် တူလှပေ၏။

ထမင်းစားပြီးနောက်

ယွင်ထင်မှာ ကုမ္ပဏီကိစ္စများဖြင့် အလုပ်ရှုပ်နေမည်ဖြစ်ပြီး မျက်နှာတစ်ထောင်မြေခွေး ကလည်း အိုယန်မိသားစုအိမ်မှ လိမ္မာပါးနပ်စွာ ထွက်ခွာသွားခဲ့လေသည်။

ချန်ဖုန်းနှင့်အတူ ကျိုတိုသို့ ရောက်လာပြီးကတည်းက သူမသည် ပေ့ဟူတက္ကသိုလ် အနုပညာဌာနရှိ ဆရာမ အလုပ်မှလည်း နုတ်ထွက်ခဲ့ပြီး ဖြစ်ပေ၏။

သူမသည် မူလက နန်းတော်သခင်ကို ရှာဖွေရန်အတွက် ဆရာမကု အဖြစ် ဟန်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အဇူရာနန်းတော်မှာ ပြန်လည်ခြေကုပ်ရယူနိုင်ပြီဖြစ်ရာ သူမအနေဖြင့် ပေ့ဟူတက္ကသိုလ်သို့ ပြန်သွားရန် မလိုအပ်တော့ချေ။

ရှန်ယန်းယန်း တစ်ဦးတည်းသာ အိုယန်မိသားစုအိမ်တွင် ကျန်ရစ်ခဲ့၏။

သူမက ချန်ဖုန်း၏ ဘေးတွင် ကပ်ထိုင်ကာ သူ၏ နားထဲသို့ တီးတိုးပြောလိုက်သည်။

"ချန်ဖုန်း... ငါ နင့်အတွက် ကလေးတစ်ယောက် မွေးပေးရမလား..."

"ဘာ…”

ချန်ဖုန်း လန့်သွားလေ၏။

"မင်း ငါ့ကို နောက်နေတာလား..."

သူသည် ဤအမျိုးသမီး သုံးဦးနှင့် သူ၏ ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။

အကယ်၍ ရှန်ယန်းယန်း တကယ် ကိုယ်ဝန်ရသွားပါက ရှန်ကွမ်ယွဲ့ ဘာဖြစ်သွားမည်နည်း။

‘အော် ဟုတ်သားပဲ...

ပြီးခဲ့တဲ့တစ်ခေါက်က ငါ ရှောင်ယွဲ့ယွဲ့နဲ့ အတူတူ အိပ်ခဲ့တာပဲ... သူမ ကိုယ်ဝန် မရှိလောက်ပါဘူး…’

‘အင်း...သေချာပေါက် မရှိလောက်ပါဘူး...အဲဒီလိုမဟုတ်ရင် နှစ်လတောင် ရှိတော့မှာကို ရှောင်ယွဲ့ယွဲ့ ပြောတာ ငါ တစ်ခါမှ မကြားမိပါဘူး…’ဟု တွေးကာ ချန်ဖုန်းက သူ့ကိုယ်သူ နှစ်သိမ့်ရန် ကြိုးစားလိုက်ပေ၏။…

ချန်ဖုန်း၏ တုံ့ပြန်မှုကို မြင်သောအခါ ရှန်ယန်းယန်း အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။

ရှန်ကွမ်ယွဲ့သည် သူ၏ ငယ်သူငယ်ချင်းဖြစ်ကြောင်း သူမ နားလည်ထားပြီး ထိုအချက်တွင် သူမ ရှုံးနိမ့်နေပြီ ဖြစ်လေ၏။

အကယ်၍ ကလေးမွေးပေးခြင်းဖြင့်ပင် သူမကို မယှဉ်နိုင်ပါက ချန်ဖုန်း၏ စိတ်ကို အနိုင်ရရန် အလွန် ခက်ခဲသွားပေလိမ့်မည်။

ထိုအချိန်၌

ရှန်ယန်းယန်း၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး သူမက တီးတိုးပြောလိုက်၏

"ငါ့ရဲ့ ဓမ္မတာ... လာတော့မယ်ထင်တယ်..."

"ဘယ်ဟာလဲ..."

ချန်ဖုန်းမှာ လုံးလုံးလျားလျား ဇဝေဇဝါ ဖြစ်သွားတော့သည်။

"အဲဒါလေ..."

ရှန်ယန်းယန်းက ရှက်ရွံ့စွာဖြင့် ခြေဆောင့်လိုက်သည်။

လှုပ်ရှားမှု အနည်းငယ် ကြီးမားသွားသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး သူမ အလွန် လန့်သွားသဖြင့် အလျင်အမြန် ငြိမ်ငြိမ်ရပ်နေကာ မလှုပ်ရဲတော့ချေ။

"နင် စူပါမားကတ်သွားပြီး ငါ့အတွက် လစဉ်သုံးပစ္စည်း တစ်ထုပ်လောက် ဝယ်ပေးလို့ရမလား..."

ရှန်ယန်းယန်း၏ တွက်ချက်မှုအရ ဆိုလျှင်...သူမ၏ ဓမ္မတာသည် ရက်အနည်းငယ်အကြာမှ လာရမည်ဖြစ်သော်လည်း မကြာသေးမီက သူမသည် နေရာနှစ်ခုကြားတွင် အကြိမ်များစွာ သွားလာနေခဲ့ရပေ၏။

ဤသည်က သူမ၏ ဓမ္မတာစက်ဝန်းကို ပုံမှန်မဟုတ် ဖြစ်သွားစေခဲ့ပြီး စော၍ပင် ရောက်လာခဲ့လေသည်။

သူမတွင် လစဉ်သုံးပစ္စည်းများ ပါမလာသဖြင့် ချန်ဖုန်းကို ဝယ်ခိုင်းရန်သာ ရှိတော့သည်။

"ငါက..."

ချန်ဖုန်း မျက်တောင်ခတ်လိုက်၏။

‘ငါလို ယောက်ျားရင့်မာကြီးက အဲဒါကြီးကို သွားဝယ်ရမယ်ပေါ့... လူတွေ လှည့်ကြည့်မယ့်နှုန်းက လုံးဝ ရာခိုင်နှုန်းပြည့်ပဲ…’ဟု တွေးကာ စိတ်ညစ်သွားတော့သည်။

သို့သော် ရှန်ယန်းယန်းမှာ ယခု လှုပ်ရှား၍မရနိုင်ချေ။ မဟုတ်ပါက သွေးများ သေချာပေါက် စီးကျလာပေလိမ့်မည်။

ပြဿနာမှာ ယခုအခါ အဒေါ်ဖြစ်သူက အိုယန်အဘွားကို ညစာစားပြီးနောက် လမ်းလျှောက်ထွက်ရန် ခေါ်သွားလေ့ရှိသဖြင့် သူများကို ဝယ်ခိုင်းရန်လည်း မဖြစ်နိုင်ပေ။

“တော်ပါပြီ...သွားဝယ်လိုက်မယ်…”

ချန်ဖုန်းသည် သွားကြိတ်လိုက်ပြီး အိုယန်မိသားစုအိမ်နှင့် အနီးဆုံး စူပါမားကတ်ဆီသို့ အလျင်အမြန် ပြေးသွားလေ၏။ သူ စိတ်သက်သာရာ ရသွားစေသည့်အချက်မှာ ယနေ့ခေတ်တွင် လူအများစုမှာ အွန်လိုင်းမှသာ ပစ္စည်းများ ဝယ်ယူကြပြီး စူပါမားကတ်သို့ သွားသူများ သိပ်မရှိတော့ချေ။

အချို့လူများက အချိန်ဖြုန်းရန်သက်သက်သာ လုပ်ဆောင်ကြခြင်း ဖြစ်ပေသည်။

အခြားသူများကမူ စူပါမားကတ်များတွင် ပစ္စည်းများ၏ အရည်အသွေးကို မြင်တွေ့နိုင်သော်လည်း အွန်လိုင်းမှ ဝယ်ယူသည့်အခါ အမှန်တကယ် အရည်အသွေးကို မမြင်နိုင်ဘဲ ပစ္စည်းပြန်အမ်းရသည်မှာလည်း အလွန် ဒုက္ခများသောကြောင့်ဟု ဆိုကြလေ၏။

မကြာမီမှာပင် ချန်ဖုန်းသည် စူပါမားကတ်တစ်ခုကို ရှာတွေ့သွားခဲ့သည်။

စူပါမားကတ်မှာ အတော်လေး ကြီးမားပြီး ထိုအချိန်တွင် အတွင်း၌ လူဒါဇင်အနည်းငယ်ခန့်သာ ပစ္စည်းများ လိုက်လံကြည့်ရှုနေကြပေ၏။

မည်သူမျှ သတိမထားမိချိန်တွင်

သူသည် နေ့စဉ်သုံးပစ္စည်းများ အရောင်းဌာနသို့ အလျင်အမြန် လျှောက်သွားခဲ့ပြီး စင်တစ်ခုလုံးတွင် လစဉ်သုံးပစ္စည်းများဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

အမှတ်တံဆိပ် အမျိုးမျိုး ရရှိနိုင်ပေကာ

သတ်မှတ်ချက် အမျိုးမျိုးလည်း ရှိလေသည်။

"နေ့သုံး..."

"ညသုံး..."

"အရှည်နဲ့ အထူ..."

"သောက်ကျိုးနည်း... ပူစီနံနံ့တောင် ရှိသေးတာလား..."

၎င်းက သူ၏ ဗဟုသုတကို ချက်ချင်း ကျယ်ပြန့်သွားစေခဲ့တော့သည်။

"ဘာတွေလဲကွာ..."

ချန်ဖုန်းမှာ သူ မြင်တွေ့နေရသည့်အရာများကြောင့် မျက်စိလည်သွားခဲ့ပေ၏။

ဤသည်မှာ သူ ဤအရာကို ပထမဆုံးအကြိမ် ဝယ်ယူဖူးခြင်းဖြစ်ပြီး ယခင်က ဘယ်သောအခါမှ မလေ့လာဖူးချေ။

သူသည် စိတ်ကူးပေါက်ရာ ပူစီနံနံ့တစ်ခုကို ဆွဲယူလိုက်ပြီးနောက် လှည့်ကာ ထွက်သွားရန် ပြင်လိုက်၏

ဤနေရာတွင် အချိန်အကြာကြီး မနေရဲချေ။ အကယ်၍ တစ်စုံတစ်ယောက်ကသာ သူ့ကို မြင်သွားပါက သူ၏ မျက်နှာတစ်ခုလုံး ပျက်သွားပေလိမ့်မည်။

ငွေရှင်းကောင်တာသို့ ရောက်ရှိသွားသောအခါ

သူ ငွေရှင်းရန် ပြင်လိုက်ချိန်မှာပင် ဘေးဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။

"ချန်... နည်းပြချုပ်ချန်..."

ဟွမ်ဇီ မှာ အံ့အားသင့်နေပုံရပေသည်။

သူသည်လည်း ပစ္စည်းများဝယ်ယူရန် စူပါမားကတ်သို့ ရောက်လာခဲ့ခြင်း ဖြစ်၏။

သူလည်း စစ်ဘက်ဆိုင်ရာဌာနမှ အစားအစာများကို ငြီးငွေ့နေခဲ့လေပြီ။

အားလပ်ချိန်ကို အခွင့်ကောင်းယူကာ ကြက်ခြေထောက်များနှင့် အစပ်ချောင်းများ အပြင် နေ့စဉ်သုံးပစ္စည်း အချို့ကိုပါ ဝယ်ယူရန် အပြင်ထွက်လာခဲ့ခြင်း ဖြစ်ပေသည်။

နည်းပြချုပ်ချန် နှင့် ဤနေရာတွင် ဆုံတွေ့ရလိမ့်မည်ဟု သူ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ချေ။

ယခုအချိန်တွင် ဟွမ်ဇီသည် ချန်ဖုန်းအပေါ် အတော်လေး ယဉ်ကျေးနေခဲ့ပေ၏။

ဤလူသည် ဟွာရှနိုင်ငံ၏ ကြီးမြတ်သော သူရဲကောင်းတစ်ဦးဖြစ်ပြီး စစ်ဘက်ဆိုင်ရာဌာန၏ ကယ်တင်ရှင်ပင် ဖြစ်လေသည်။

နိုင်ငံဆယ်ခု မဟာမိတ်တပ် အား ဆန့်ကျင်သည့် ဤစစ်ပွဲကြီးတွင် နည်းပြချုပ်ချန်၏ ရဲရင့်သော အားထုတ်မှုများသာ မရှိခဲ့ပါက ဟွာရှနိုင်ငံသည် နောက်ဆုံး အောင်ပွဲကို ဘယ်သောအခါမှ ရရှိနိုင်ခဲ့မည် မဟုတ်ချေ။

ဟွာရှနိုင်ငံက ထိုမျှလောက် များပြားသော လျော်ကြေးငွေများကို ရရှိစေရန် မိမိတို့ အနေဖြင့်ဆို လုံးဝ စွမ်းဆောင်နိုင်မည် မဟုတ်ပေ။

မူလက စစ်ပွဲပြီးဆုံးသွားပြီဖြစ်ရာ နောက်ဆုံး ဂုဏ်ပြုချီးကျူးမှုများ ပြုလုပ်ရန် အချိန်ကျရောက်လာပြီ ဖြစ်၏။

သို့သော် နည်းပြချုပ်ချန်က စကားတစ်ခွန်းမျှ မပြောဘဲ ထွက်သွားခဲ့ပြီး ဂုဏ်သိက္ခာနှင့် ဂုဏ်ကျက်သရေ အားလုံးကို စစ်ဘက်ဆိုင်ရာဌာနအတွက်သာ ချန်ထားရစ်ခဲ့လေသည်။

နည်းပြချန်၏ ကိုယ်ကျိုးစွန့်သည့် ဤစိတ်ဓာတ်လေးက

ဟွမ်ဇီ ၏ သူ၏အပေါ် လေးစားအားကျမှုမှာ အဆုံးအစမရှိသော၊ စီးဆင်းနေသည့် မြစ်တစ်စင်းအလား ဖြစ်နေတော့သည်။

All Chapters