အခန်း ၃၂၇
Vol. 33 Ch. 327
အခန်း (၃၂၇) အမျိုးသားနှင့် အမျိုးသမီး ဇာတ်ဆောင်များကို ပြောင်းလဲခြင်း
ချန်ရှောင် သွားကြိတ်လိုက်သည်။ သူက ရွှီချင်းချန်၏ အနားသို့ အလျင်အမြန် လျှောက်သွားကာ တိုးတိုးလေး ပြောလိုက်၏။
"မန်နေဂျာရွှီ... အရမ်း တောင်းပန်ပါတယ်... ကျွန်တော် ဒီဇာတ်ကားမှာ ဆက်ပြီး သရုပ်မဆောင်နိုင်တော့ဘူး..."
ထိုသို့ပြောပြီးနောက် သူသည် နောက်ကိုလှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။
ဝမ်မန်းမန်းက အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။
"မြင်လား... ကျွန်မ သရုပ်မဆောင်နိုင်ရင် ရှင်တို့လည်း ဘယ်သူမှ သရုပ်ဆောင်လို့ မရဘူး..."
ဘန်း…
ချန်ဖုန်း ရုတ်တရက် ရှေ့တိုးလာကာ သူမအား ကန်ထုတ်လိုက်ပြီး အော်ပြောလိုက်၏။
"ဖာသည်မ ပါးစပ်ပိတ်ထားစမ်း..."
သူ အင်အားအပြည့်
အသုံးမပြုခဲ့သော်လည်း ဝမ်မန်းမန်းအား ဆယ်မီတာကျော်အထိ လွင့်စင်သွားစေခဲ့သည်။ သူမ၏ အဝတ်အစားများ စုတ်ပြဲသွားပြီး လက်မောင်းများနှင့် ခြေထောက်များတွင် ခြစ်ရာများ ပြည့်နှက်သွားတော့၏။
ဤမြင်ကွင်းကြောင့် လူတိုင်း မှင်တက်သွားကြပေသည်။ ဝမ်မန်းမန်းအား နန်ကုန်းမိသားစုက နောက်ခံပေးထားခြင်း ဖြစ်သည်။ ထို့အပြင် သူတို့၏ နည်းလမ်းများက အလွန်အမင်း အစွမ်းထက်ရုံသာမက နန်ကုန်းမိသားစုတွင် ကျွမ်းကျင်သူများစွာ ရှိသည်ဟုလည်း ဆိုကြသည်။
တစ်ခါက လူတစ်ယောက်သည် နန်ကုန်းမိသားစုကို ရန်စမိခဲ့ရာ နောက်တစ်နေ့တွင် ထိုသူသည် ကျိုတိုရှိ မြစ်တစ်စင်းထဲတွင် သေဆုံးနေခဲ့သည်ဟု ကောလာဟလ ထွက်ခဲ့ဖူး၏။
ထိုကိစ္စသည် နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့ပြီး ဟွာအန်းဗျူရို ပင်လျှင် ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် မည်သည့် သက်သေအထောက်အထားမျှ ရှာမတွေ့ခဲ့သောကြောင့် ဖြစ်ပေသည်။
ထို့အပြင် နန်ကုန်းမိသားစုအတွက် လူအနည်းငယ် သတ်ဖြတ်ခြင်းက ဘာအရေးပါမည်နည်း။
"ရှင်... ရှင် ကျွန်မကို ကန်ရဲတယ်ပေါ့လေ..."
ဝမ်မန်းမန်း သတိပြန်ဝင်လာရန် အချိန်အနည်းငယ် ကြာသွားခဲ့သည်။ ယခင်က သူမ၏ နန်ကုန်းမိသားစု နောက်ခံကို ထုတ်ပြောလိုက်သည်နှင့် မည်သူမျှ သူမအား မလေးမစား မလုပ်ရဲကြချေ။
သို့သော် ယနေ့တွင်ကား တစ်ဖက်လူက လေးစားမှု မပြရုံသာမက သူမကိုပါ ဒဏ်ရာရစေခဲ့လေပြီ။ အထူးသဖြင့် သူမ၏ လက်များနှင့် ခြေထောက်များပေါ်ရှိ ပွန်းပဲ့ဒဏ်ရာများကို မြင်လိုက်ရချိန်တွင် အဆုတ်များ ပေါက်ကွဲထွက်မတတ် ဒေါသထွက်သွားရတော့၏။
"မန်းမန်း..."
လက်ထောက် ရှောင်စွန်းလည်း ပြေးလာကာ သူမအား မြေပြင်ပေါ်မှ အလျင်အမြန် တွဲထူပေးလိုက်သည်။ ထို့နောက် ရှောင်စွန်း၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွား၏။
"မန်းမန်း... ရှင့်မျက်နှာ မျက်နှာလည်း ဒဏ်ရာရသွားပြီ..."
"မှန်... မှန် ဘယ်မှာလဲ..." ဝမ်မန်းမန်းက သူမ ခန္ဓာကိုယ်မှ နာကျင်မှုကို လုံးဝ ဂရုမစိုက်နိုင်တော့ချေ။
သူမသည် ရုပ်ရည်ပေါ်တွင်သာ မှီခို၍ အသက်မွေးဝမ်းကျောင်း ပြုနေရသူ ဖြစ်သည်။ အကယ်၍ သူမ၏ မျက်နှာနှင့် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကောက်ကြောင်းသာ မရှိပါက နန်ကုန်းမိသားစုဝင်များနှင့် မည်သို့ အိပ်နိုင်မည်နည်း။
ထိုသို့ဆိုလျှင် နန်ကုန်းမိသားစုမှ မည်သူကမျှ သူမအား ထောက်ခံအားပေးရန် မဖြစ်နိုင်တော့ချေ။
လက်ထောက်က မှန်လေးတစ်ချပ်ကို အလျင်အမြန် ယူဆောင်လာပေးသည်။
သူမ၏ မျက်နှာတွင်လည်း ပွန်းပဲ့ရာများ ရှိနေသည်ကို မြင်လိုက်ရချိန်တွင် ဝမ်မန်းမန်း၏ မျက်နှာအမူအရာသည် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသွားတော့၏။
သူမက ချန်ဖုန်းအား စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။
"ရှင်တော့ ပြီးသွားပြီ... ဒီနေ့ကိစ္စက ပိုက်ဆံလျော်ရုံနဲ့ ပြီးသွားမယ် ထင်နေလား...ရှင် ကျွန်မကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်... ဒီနေ့အတွက် ရှင် နောင်တရစေရမယ်..."
"ဪ..." ချန်ဖုန်း၏ မျက်လုံးများတွင် ရယ်မောချင်စိတ်များ ကိန်းအောင်းနေ၏။ "ငါ့ကို ဘယ်လို နောင်တရအောင် လုပ်မလဲဆိုတာ ကြည့်ရသေးတာပေါ့..."
‘နန်ကုန်းမိသားစုထဲက မင်းကို ကူညီမယ့်သူကို ရှာမလို့လား’ ဟု သူ တွေးလိုက်သည်။
ချန်ဖုန်းလည်း ယခုအခါ အလွန် သိချင်နေမိ၏။ သူမပြောတဲ့ နန်ကုန်းမိသားစုဝင်က ဘယ်သူလဲ သူတောင် သူတို့ကို ရိုက်နှက်ခဲ့ဖူးသေးတယ် မဟုတ်လား။ မည်သို့ပင်ဖြစ်စေ ပြီးခဲ့သည့်တစ်ခေါက် နန်ကုန်းမိသားစုတွင် ပြဿနာတက်စဉ်က သူ လူအတော်များများကို ရိုက်နှက်ခဲ့ပေသည်။
"ရှင်... ရှင် စောင့်နေလိုက်...သခင်လေး နန်ကုန်း ရောက်လာရင် ရှင် ဒီလောက် မောက်မာနေဦးမလားဆိုတာ မယုံဘူး..."
ဝမ်မန်းမန်းသည် ဤမျှ မောက်မာသော လူမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ သူမက ချန်ဖုန်း၏ မျက်စိရှေ့မှာပင် ဖုန်းကိုကောက်ကိုင်ကာ ခေါ်ဆိုလိုက်လေသည်။
ရွှီချင်းချန်က ချန်ဖုန်း၏ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေ၏။ နန်ကုန်းမိသားစုသည် အလွန် အစွမ်းထက်ကြောင်း သူမ သိထားသော်လည်း ချန်ဖုန်း၏ အဆင့်အတန်းမှာ ရိုးရှင်းမှုမရှိကြောင်း သိထားသဖြင့် သူမ လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိချေ။
ဒါရိုက်တာ ဝူရှင်း တစ်ဦးတည်းသာ စိုးရိမ်နေပုံ ပေါ်ပေသည်။ သူ ဤရာထူးကို လက်ခံခဲ့ရသည့် အကြောင်းရင်းမှာ ဇာတ်ညွှန်းက သူ့ကို အမှန်တကယ် ဆွဲဆောင်နိုင်ခဲ့သောကြောင့် ဖြစ်၏။ သူသည် ဤရုပ်ရှင်မှတစ်ဆင့် နာမည်ကြီးလာရန် မျှော်လင့်ခဲ့ကြသော်လည်း ယခုအခါ တစ်ဖက်လူက ဝမ်မန်းမန်းကို ရန်စမိသွားပြီဖြစ်ရာ ရုပ်ရှင် ဆက်ရိုက်၍ ရနိုင်တော့မည် မထင်ချေ။
သူက ချန်ဖုန်းအား တစ်ချက်ကြည့်လိုက်ပြီး တစ်စုံတစ်ရာ ပြောချင်သော်လည်း မပြောနိုင်သည့်အလား တုံ့ဆိုင်းနေခဲ့သည်။
ချန်ဖုန်းက ရယ်မောကာ စကားဆိုလိုက်၏။
"ဒါရိုက်တာဝူ... အဲဒီမိန်းမအတွက် စိတ်မပူပါနဲ့... အစီအစဉ်တွေသာ ဆက်လုပ်ပါ... ငါတို့ မကြာခင် ရိုက်ကူးရေး စပါမယ်"
"ဗျာ..." ဒါရိုက်တာ ဝူရှင်း က အနည်းငယ် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ "မစ္စတာချန်... တကယ်လို့ ဝမ်မန်းမန်းသာ သရုပ်မဆောင်တော့ရင် ကျွန်တော်တို့ တခြား မင်းသမီးတွေကို ရှာလို့တွေ့နိုင်မှာ မဟုတ်ဘူး"
"ပြီးတော့ အခု အမျိုးသား ဇာတ်ဆောင်လည်း ထွက်သွားပြီလေ...အရေးအကြီးဆုံးက နန်ကုန်းမိသားစုသာ ဝင်ပါလာရင် ဘယ်လိုလုပ်မလဲ…”
“ကျွန်တော်တို့ရဲ့ ရုပ်ရှင်က ဖြစ်နိုင်ရင်…”
"စိတ်မပူပါနဲ့ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး..."
ချန်ဖုန်းက သူ့ဘေးရှိ ရွှီချင်းချန်ကို လက်ညိုးထိုးပြကာ ပြောလိုက်သည်။ "ငါ ထင်တယ် ချင်းချန် က အမျိုးသမီး ဇာတ်ဆောင်ဖြစ်ဖို့ အရမ်း သင့်တော်တယ်... အမျိုးသားနဲ့ အမျိုးသမီး ဇာတ်ဆောင်တွေကို ပြောင်းပြီး ဒီရုပ်ရှင်ကို ပြန်ရိုက်ကြတာပေါ့"
"ရန်ပုံငွေအတွက်တော့ စိတ်မပူပါနဲ့..."
"ကျွန်မလား..." ရွှီချင်းချန်၏ မျက်လုံးများ ပြူးကျယ်သွား၏။
ခဏတာ တုံ့ဆိုင်းနေပြီးနောက် သူမက ပြောလိုက်သည်။
"ကျွန်မရဲ့ သရုပ်ဆောင်စွမ်းရည်က မဆိုးပေမဲ့ သရုပ်မဆောင်တာ အရမ်းကြာနေပြီဆိုတော့ ဖျက်ဆီးမိသွားမှာ စိုးရိမ်တယ်..."
"မန်နေဂျာရွှီ တစ်ချက်လောက် စမ်းကြည့်သင့်တယ်လို့ ကျွန်တော် ထင်တယ်..." ဒါရိုက်တာ ဝူရှင်း၏ မျက်လုံးများ တောက်ပသွားတော့သည်။
ရွှီချင်းချန်၏ သရုပ်ဆောင်စွမ်းရည်ကို သူ အလွန် အသိအမှတ်ပြုထားဆဲဖြစ်ကာ ပြောလိုက်၏။
"အခု အရေးအကြီးဆုံးက အမျိုးသား ဇာတ်ဆောင်ပဲ..."
"ငါပဲလေ..." ချန်ဖုန်းက သူ့ကိုယ်သူ လက်ညိုးထိုးပြလိုက်သည်။
‘ဒီဇာတ်ကောင်နေရာက ငါနဲ့ တော်တော်လေး သင့်တော်တယ်’ ဟု သူ တွေးလိုက်၏။ စစ်မြေပြင်မှာ ရန်သူတွေကို သတ်ဖြတ်တာက သူ အတော်ဆုံး အလုပ်မဟုတ်ဘူးလား။
သရုပ်ဆောင်စွမ်းရည်နဲ့ ပတ်သက်ပြီးတော့ စနစ်ကနေ လဲလှယ်ယူလိုက်ရုံပဲလေ။
【ဒင်... ပိုင်ရှင်တွင် အစွမ်းပြလိုစိတ် ပြင်းပြနေပါသည်။ အကောင်းဆုံးသရုပ်ဆောင်စွမ်းရည်အား အလိုအလျောက် သက်ဝင်စေပါသည်။ စနစ်ပွိုင့် ၈၀၀ နုတ်ယူပြီးပါပြီ။】
【 ပိုင်ရှင်၏ လက်ရှိ ကျန်ရှိနေသော စနစ်ပွိုင့် - ၄၂၂၀၀】
【အကောင်းဆုံးသရုပ်ဆောင်စွမ်းရည်မှာ သင့်စာရင်းသွင်းထဲတွင် ရှိနေပြီး အချိန်မရွေး အသုံးပြုနိုင်ပါသည်။】
ချန်ဖုန်း ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ အရာအားလုံးက ထိန်းချုပ်မှုအောက်တွင် ရှိနေပေသည်။
ဒါရိုက်တာ ဝူရှင်း မှာ အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ ဤရုပ်ရှင်သည် ရုပ်ရှင်လောကတွင် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်လာမည်ဟု မူလက သူ ထင်မှတ်ထားခဲ့၏။
ယခုအခါ သူတို့သည် ဝမ်မန်းမန်းကို ရန်စမိရုံသာမက နန်ကုန်းမိသားစုလည်း ဝင်ပါလာနိုင်ပေသည်။
ထို့အပြင် ရုပ်ရှင်၏ ရင်းနှီးမြှုပ်နှံသူကလည်း အမျိုးသား ဇာတ်ဆောင်အဖြစ် ကိုယ်တိုင် ပါဝင်ချင်နေသေးသည်။
‘သာမန်လူတစ်ယောက် သရုပ်ဆောင်စွမ်းရည်လည်း မရှိဘဲနဲ့ ဒီရုပ်ရှင်မှာ ဘယ်လိုလုပ် ကောင်းကောင်း သရုပ်ဆောင်နိုင်မှာလဲ’ ဟု သူ တွေးတောနေမိသည်။ ဤသည်မှာ ဒါရိုက်တာ ဝူရှင်း အတွက် နှစ်ထပ်ကွမ်း ထိုးနှက်ချက်ပင် ဖြစ်တော့၏။
"တော်ပါပြီလေ..." ဒါရိုက်တာ ဝူရှင်း က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
သူက ရိုက်ကူးရေးအဖွဲ့ကို ကြိုတင်ပြင်ဆင်မှုများ စတင်ရန် ညွှန်ကြားလိုက်၏။
ဝမ်မန်းမန်းက ဖုန်းဆက်ပြီးနောက်။ လေ့ကျင့်ရေးစခန်း အပြင်ဘက်တွင် ခြိမ်းခြောက်နေသော အမူအရာဖြင့် ရပ်နေကာ သူမ၏ နောက်ခံရောက်လာပြီး ကလဲ့စားချေပေးမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက်။
သခင်လေး နန်ကုန်းရိ သည် လေ့ကျင့်ရေးစခန်းဆီသို့ ဇိမ်ခံကားတစ်စီး မောင်းနှင်လာခဲ့သည်။ ချန်ဖုန်း၏ ပါးရိုက်ခံရမှုကြောင့် သူ၏ ရုပ်သွင် ပျက်ယွင်းသွားခဲ့ရပြီး နန်ကုန်းမိသားစုတွင် ချန်ဖုန်း ပြဿနာလာရှာသည်ကို မြင်တွေ့ခဲ့ရချိန်မှစ၍ ချန်ဖုန်းအား အန္တရာယ်ရှိသူများ စာရင်းထဲတွင် သူ ထည့်သွင်းထားခဲ့သည်မှာ ကြာပြီဖြစ်သည်။
‘ဒီနေ့ကစပြီး သူ့ကိုမြင်တာနဲ့ လမ်းလွှဲသွားလိုက်တော့မယ်’ ဟု သူ တွေးထားခဲ့၏။ ထိုကဲ့သို့သော ကပ်ဆိုးနတ်ဘုရားမျိုးကို မည်သူကမျှ သွားမရှုပ်ရဲကြချေ။
ကံကောင်းထောက်မစွာဖြင့် ဤအချိန်အတွင်း ထိုမိစ္ဆာမလေး ဝမ်မန်းမန်း သည် သူ၏ အိပ်ရာကို နွေးထွေးစေရန် ရှိနေခဲ့ပြီး သူတို့နှစ်ဦးသည် အနေအထားမျိုးစုံကို စမ်းသပ်ခဲ့ကြပေသည်။
ထို့ကြောင့်ပင် ချန်ဖုန်းအပေါ် ထိတ်လန့်ကြောက်ရွံ့မှုများမှ သူ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။
ယခုတစ်ကြိမ် ဝမ်မန်းမန်း ပြဿနာတက်ချိန်တွင် သူက သဘာဝကျကျပင် ကူညီပေးရန် ကမ်းလှမ်းခဲ့၏။
"မန်းမန်း... ဘယ်ခွေးကောင်က မင်းကို အနိုင်ကျင့်လိုက်တာလဲ..."
"သခင်လေး နန်ကုန်း..."
သခင်လေး နန်ကုန်းရိ သည် ကိုယ်ရံတော်နှစ်ဦးနှင့်အတူ ကားပေါ်မှ ဆင်းလာခဲ့သည်။
ထိုအချိန်တွင် ဝမ်မန်းမန်းသည် ငိုကြွေးလိုက်တော့၏။ သူမသည် ကြီးမားသော မတရားမှုတစ်ခုကို ခံစားလိုက်ရသည့်အလား မျက်နှာချင်းဆိုင်ရှိ ချန်ဖုန်းအား လက်ညိုးထိုးကာ အော်ပြောလိုက်သည်။
"သူပဲ... ကျွန်မမျက်နှာကို ကြည့်ပါဦး... သူ ကျွန်မကို ရိုက်တယ်...သခင်လေး နန်ကုန်း ရှင် ကျွန်မဘက်က ရပ်တည်ပေးရမယ်နော်..."
"သူက ကျွန်မကို ရိုက်ရုံတင်မကဘူး... ရိုက်ကူးရေးအဖွဲ့ထဲကပါ ကန်ထုတ်လိုက်တယ်... ပြီးတော့ လျော်ကြေးငွေ တစ်ပြားမှလည်း မပေးချင်ဘူး..."
"မင်းတို့က ငါ့နာမည်ကို မပြောကြဘူးလား..." သခင်လေး နန်ကုန်းရိ က လှောင်ပြုံးပြုံးလိုက်သည်။
"ပြောတယ်... ဒါပေမဲ့ သူက နန်ကုန်းမိသားစုကို နည်းနည်းလေးတောင် မလေးစားဘူး..." ဝမ်မန်းမန်းက ပြန်ဖြေလိုက်၏။
"နန်ကုန်းမိသားစုကို အလေးမထားရဲလောက်အောင် ရဲတင်းနေတဲ့သူက ဘယ်သူလဲဆိုတာ ကြည့်ချင်သေးတာပေါ့..."
သခင်လေး နန်ကုန်းရိ ၏ မျက်နှာသည် ဒေါသများဖြင့် ပြည့်နှက်သွားကာ မျက်နှာချင်းဆိုင်သို့ ရုတ်တရက် လှည့်ကြည့်လိုက်၏။ သူ ယခုနေရာသို့ လာစဉ်က ဤနေရာကို သတိမပြုမိခဲ့ချေ။ အနီးကပ် သေချာကြည့်လိုက်ချိန်တွင် သူ မှင်တက်သွားတော့သည်။
အခြားသူများ ဤနေရာကို မသိနိုင်သော်လည်း သူကတော့ မှတ်မိနေပေ၏။
ဒါက စစ်ဘက်ဆိုင်ရာဌာနရဲ့ လေ့ကျင့်ရေးစခန်းပဲ။
ဤနေရာတွင် ပုံမှန်အားဖြင့် အစောင့်များရှိပြီး သာမန်လူများ ဝင်ရောက်ရန်ပင် မဖြစ်နိုင်ချေ။ အနီးကပ်ရန်ပင် မဖြစ်နိုင်ပေ။ အံ့အားသင့်စရာကောင်းစွာပင် ယနေ့တွင် မည်သူမျှ ကင်းစောင့်မနေကြချေ။
သူ၏ အကြည့်များက ဘေးဘက်သို့ ထပ်မံ ရောက်ရှိသွားချိန်တွင် ရင်းနှီးနေသော မျက်နှာတစ်ခုကို မြင်တွေ့လိုက်ရသည်။
ထို့နောက် သခင်လေး နန်ကုန်းရိ ၏ မျက်နှာမှာ ချက်ချင်းပင် အေးခဲသွားတော့၏။
—