← Chapters

အခန်း ၃၂၉

Vol. 33 Ch. 329

အခန်း ၃၂၉

Vol. 33 Ch. 329

အခန်း (၃၂၉) သူ ထွက်ပြေးလို့မလွတ်ပါဘူး

"ဒါရိုက်တာ ဒါ မစ္စတာချန် သရုပ်ဆောင်တာ တကယ်ပဲ ပထမဆုံးအကြိမ်လား"

"ကျွန်တော်ကြည့်ရသလောက်တော့ အဲဒီလို မပေါ်ပါဘူး"

"ဟုတ်တယ် သူ့ဇာတ်ဝင်ခန်းတွေ အားလုံးနီးပါးက တစ်ချက်တည်းနဲ့ ပြီးသွားတာ ဒုတိယအကြိမ် ပြန်ရိုက်စရာတောင် မလိုဘူး ဆုရမင်းသား ကျိုးဖာဖာတောင် ဒီလို အမှားကင်းတဲ့အဆင့်မျိုး မလုပ်နိုင်ဘူ…”

"ဟုတ်ပါ့"

"ဒါ့အပြင် မစ္စတာချန်က ရိုက်ကူးရေးလုပ်တဲ့အခါ ဇာတ်ကောင်စရိုက်ထဲကို အရမ်းမြန်မြန် ဝင်သွားနိုင်တာ သတိထားမိကြလား"

“နောက်ပြီးတော့ သူ့မှာကြောက်စရာ ကောင်းတဲ့ အရှိန်အဝါကြီးလည်း ရှိနေသလိုပဲနော်…ကျွန်တော်တို့ ရုပ်ရှင်ရိုက်နေမှန်းသာ မသိရင် စစ်မြေပြင်ကို ရောက်နေတယ်လို့တောင် ထင်မိမှာ…”

ရိုက်ကူးရေးအဖွဲ့ဝင်များ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများကို သိသာထင်ရှားစွာ မြင်တွေ့နေရ၏။

သူတို့သည် ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့များစွာတွင် အလုပ်လုပ်ခဲ့ဖူးပြီး ထိပ်တန်းမင်းသားမင်းသမီးများစွာ ရိုက်ကူးနေသည်ကို မြင်တွေ့ခဲ့ဖူးသည်။

သို့သော် ချန်ဖုန်းကဲ့သို့ အမှားလုံးဝကင်းစင်အောင် လုပ်ဆောင်နိုင်သူမျိုးကိုမူ တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။ သူသည် သရုပ်ဆောင်ရန်အတွက်ပင် မွေးဖွားလာသူနှင့် တူနေပေသည်။

ဒါရိုက်တာ ဝူရှင်းကလည်း စိတ်လှုပ်ရှားစွာဖြင့် ဝင်ပြောလေသည်။

"မစ္စတာချန်ရဲ့ သရုပ်ဆောင်စွမ်းရည်က တကယ်ကို ပြိုင်ဘက်ကင်းလောက်တယ် ရွှီချင်းချန်က အမှားလေးနည်းနည်း လုပ်မိပေမဲ့ ယေဘုယျအားဖြင့်တော့ တော်တော်လေး ကောင်းပါတယ်"

ဇာတ်ပို့သရုပ်ဆောင်များအားလုံးနှင့် တိုက်ခိုက်ရေး ဇာတ်ဝင်ခန်းများကို အလွန်ကောင်းမွန်စွာ ရိုက်ကူးနိုင်ခဲ့ပေ၏။ ပုံမှန်အခြေအနေမျိုးတွင် ဤရုပ်ရှင်ကို ရိုက်ကူးပြီးစီးရန် သုံးလမှ လေးလအထိ အချိန်ယူရနိုင်ပေသည်။

သို့သော် ယခုအခြေအနေအရ ကြည့်ရသည်မှာ ရိုက်ကူးရေးလုပ်ငန်းစဉ်တစ်ခုလုံးသည် တစ်လအတွင်း ပြီးစီးသွားနိုင်ချေရှိသည်။

"ဒီလောက်တောင် မြန်တာလား"

လူတိုင်း အံ့အားသင့်စွာဖြင့် သက်ပြင်းချလိုက်မိကြသည်။

တစ်လအတွင်း ရုပ်ရှင်တစ်ကားလုံးကို အပြီးရိုက်ကူးနိုင်သူများ ရှိသော်လည်း ၎င်းတို့မှာ ကုန်ကျစရိတ်နည်းပါးသော ဇာတ်ကားများသာ ဖြစ်ပေ၏။

ဇာတ်ဝင်ခန်းများမှာလည်း သေးငယ်ပြီး ရိုက်ကူးပြီးနောက် တည်းဖြတ်ခြင်းလုပ်ငန်းစဉ်များကလည်း ထိုမျှ ရှုပ်ထွေးလေ့မရှိချေ။

သို့သော် Wolf Warrior 3 သည် ကြီးကျယ်ခမ်းနားသော ဇာတ်ဝင်ခန်းများ ပါဝင်သည့် ရင်းနှီးမြှုပ်နှံမှုကြီးမားသော ရုပ်ရှင်ဖြစ်ပြီး ၎င်း၏ တည်းဖြတ်ရေးလုပ်ငန်းစဉ်များမှာလည်း အလွန်ရှုပ်ထွေးလှပေသည်။

တစ်လအတွင်း ရိုက်ကူးရေးပြီးစီးရန်မှာ အလွန် ခက်ခဲသော ကိစ္စရပ်တစ်ခု ဖြစ်ပေ၏။

"ဒါတောင် အရမ်းနှေးနေပါသေးတယ် ဟွာရှအစိုးရရဲ့ အပြည့်အဝ ထောက်ခံမှုနဲ့ဆိုတော့ ရိုက်ကွင်းနေရာတွေ အားလုံးကို ကြိုတင်ပြင်ဆင်ပြီးသားဖြစ်လို့ ငါတို့ ဘာမှပူစရာမလိုတော့ဘူး"

"ဒါ့အပြင် ပြန်ရိုက်ရတဲ့ ဇာတ်ဝင်ခန်းတွေကလည်း အရမ်းနည်းတယ် အဲဒါက ငါတို့ရဲ့ အချိန် ၅၀ ရာခိုင်နှုန်းလောက်ကို သက်သာသွားစေတယ် ပြီးတော့ တည်းဖြတ်ရေးအပိုင်းလည်း ရှိသေးတယ်"

"မစ္စတာချန် ပြောပုံအရ သူက ကျိုတိုမှာရှိတဲ့ တည်းဖြတ်ရေးကုမ္ပဏီ အားလုံးကို ငှားရမ်းထားပြီးပြီတဲ့ အချိန်ပိုဆင်းပြီး လုပ်မယ်ဆိုရင် အစကနေအဆုံး ဆယ်ရက်လောက်ပဲ ကြာလိမ့်မယ်"

လူတိုင်း ထပ်မံ၍ အံ့အားသင့်သွားကြပြန်သည်။ ဆယ်ရက်အတွင်း ရုပ်ရှင်တစ်ကား ထွက်လာမည်ဆိုသည်မှာ ဒုံးပျံအမြန်နှုန်းပင် ဖြစ်တော့၏။

ဒါရိုက်တာ ဝူရှင်းက လေးနက်သော မျက်နှာအမူအရာဖြင့် ဆက်ပြောဆိုလိုက်သည်။

"ဒီရုပ်ရှင်က ဟွာရှအစိုးရဆီကနေ ခွင့်ပြုချက် ပြသခံထားရပြီး သူတို့ရဲ့ ဝါဒဖြန့်ချိရေးမှာ အဓိကရုပ်ရှင်အဖြစ် ပရိုမိုးရှင်း လုပ်ခံရမှာ"

"မင်းတို့ ကြားပြီးသားဖြစ်မှာပါ ပြီးခဲ့တဲ့ရက်ပိုင်းက နယ်စပ်မှာ အောင်ပွဲတစ်ခု ရခဲ့တယ်လေ အဲဒါက ဒီရုပ်ရှင်ရဲ့ အဓိကအကြောင်းအရာနဲ့ ကွက်တိကျနေတယ်"

"အားလုံးပဲ ကြိုးကြိုးစားစား လုပ်ကြပါ ခုနစ်ရက်အတွင်း ရိုက်ကူးရေး ပြီးစီးအောင် ကြိုးစားကြပါ ဆယ်ရက်အတွင်းမှာ အချောသတ်ထားတဲ့ ရုပ်ရှင်ထွက်လာအောင် လုပ်ရမယ်"

"နားလည်ပါပြီ"

လူတိုင်း စိတ်အားထက်သန်နေကြပေသည်။ အကယ်၍ ရုပ်ရှင်သာ အောင်မြင်သွားပါက ရိုက်ကူးရေးအဖွဲ့ဝင်များအနေဖြင့်လည်း အကျိုးကျေးဇူးအချို့ကို ခံစားခွင့်ရရှိမည် ဖြစ်ပေ၏။

ချန်ဖုန်းသည်လည်း သူ၏ ကိုယ်ပိုင်အလုပ်များကို ဘေးဖယ်ထားကာ ရိုက်ကွင်းပေါ်တွင်သာ အာရုံစိုက်နေခဲ့သည်။ အမှန်တကယ်တော့ ရိုက်ကူးရေး စတင်ချိန်၌ သူ၏အခြေအနေမှာ သိပ်မကောင်းလှချေ။

ဇာတ်ကောင်စရိုက်ထဲသို့ ဝင်ရောက်သွားချိန်မှသာ သူ ပို၍ပို၍ နှစ်မြှုပ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

ရွှီချင်းချန်က ချန်ဖုန်းအား သူမ၏ လှပသော မျက်လုံးများဖြင့် စူးစိုက်ကြည့်ကာ ပြုံးလိုက်၏။

"ရှင် သရုပ်ဆောင်တတ်မှန်း ပြီးတော့ ရှင့်ရဲ့ သရုပ်ဆောင်စွမ်းရည်က ဒီလောက်တောင် ကောင်းနေမှန်း ကျွန်မ ဘာလို့ မသိခဲ့ရတာလဲ"

"ငါ အခုလေးတင် သင်လိုက်တာပါ"

ချန်ဖုန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ စနစ်ကနေ လဲလှယ်ထားတဲ့ စွမ်းရည်ပါလို့ သူ တိုက်ရိုက်ပြောလို့မရနိုင်ပေ။

"ကျွန်မ မယုံပါဘူး"

ရွှီချင်းချန်က နှုတ်ခမ်းဆူလိုက်သည်။ သူမသည် ဖျော်ဖြေရေးလောကတွင် နှစ်အတော်ကြာ ကျင်လည်ခဲ့သူဖြစ်ပြီး ချန်ဖုန်း၏ သရုပ်ဆောင်စွမ်းရည်မှာ ဤမျှမြင့်မားသော အဆင့်သို့ရောက်ရှိရန် အနည်းဆုံး အတွေ့အကြုံ ဆယ်နှစ်ခန့် လိုအပ်မည်ဖြစ်သည်။

‘အခုလေးတင် သင်လိုက်တာ ဟုတ်လား ရှင်လျှောက်ပြောနေတာတွေကို ကျွန်မက ယုံမယ်ထင်နေလား’ ဟု သူမ တွေးလိုက်၏။ တစ်ဖက်လူသည် အရင်က မင်းသားတစ်ယောက်များ ဖြစ်ခဲ့သလားဟုပင် သူမ သံသယဝင်မိသည်။

ရွှီချင်းချန် ရုတ်တရက် အခြားကိစ္စတစ်ခုကို သတိရသွားသည်။ သူမက တိုးတိုးလေး မေးလိုက်၏။

"ရှင်က စစ်ဘက်ဆိုင်ရာဌာနရဲ့ နည်းပြချုပ်လေ ပြီးခဲ့တဲ့ရက်ပိုင်းက ဟွာရှနယ်စပ်မှာ စစ်ဖြစ်ခဲ့တယ် ရှင် အဲဒီစစ်ပွဲမှာ ပါဝင်ခဲ့လား"

"အင်း ငါ အဲဒီဘက်မှာ အကူအညီလေး နည်းနည်းသွားပေးခဲ့တယ်"

ချန်ဖုန်းက ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်သော်လည်း ရွှီချင်းချန်မှာမူ ထိတ်လန့်တုန်လှုပ်စွာဖြင့် နားထောင်နေခဲ့ပေသည်။

ဟွာရှနိုင်ငံက ဤအဖြစ်အပျက်ကြီးကို တမင်တကာ သတင်းမထုတ်ပြန်ခဲ့သော်လည်း လူအများအပြားက ဤကိစ္စကို သိရှိထားကြသည်။

နှစ်ဖက်စလုံးသည် နယ်စပ်တွင် ရင်ဆိုင်ရန်အတွက် တပ်ဖွဲ့ဝင် သိန်းနှင့်ချီ၍ စေလွှတ်ခဲ့ကြပြီး လူများစွာ သေဆုံးခဲ့ရပေ၏။

‘ဒါကြောင့်ကိုး ဒါကြောင့် စောစောက ရိုက်ကူးရေးလုပ်နေတုန်း ချန်ဖုန်းဆီကနေ သံမဏိလို ခိုင်မာတဲ့ အရှိန်အဝါကို မြင်တွေ့ခဲ့ရတာပဲ’ ဟု သူမ တွေးလိုက်သည်။

စစ်ဘက်ဆိုင်ရာဌာနမှ ဇာတ်ပို့သရုပ်ဆောင်များ အပါအဝင် သူတို့အားလုံး၏ လက်ပေါ်တွင် သွေးများ စွန်းထင်းနေခဲ့ပုံရပေ၏။

ယခုအချိန်၌ ရွှီချင်းချန်သည် ချန်ဖုန်း၏ နောက်ခံအဆင့်အတန်းကို ပို၍ပို၍ စိတ်ဝင်စားလာခဲ့သည်။

ချန်ဖုန်းကို ပထမဆုံးအကြိမ် စတင်တွေ့ဆုံခဲ့စဉ်က သူသည် တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားတစ်ယောက်မျှသာ ဖြစ်ခဲ့ကြောင်း သူမ မှတ်မိနေသေးသည်။

နောက်ပိုင်းတွင် တစ်ဖက်လူ၏ နောက်ခံအဆင့်အတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေလေ သူ၏ ချမ်းသာကြွယ်ဝမှုများလည်း ပိုမို ကြီးမားလာလေလေ ဖြစ်ပေ၏။

ယခုအခါတွင်မူ သူသည် ဟွာရှအစိုးရနှင့်ပင် အဆက်အသွယ် ရှိနေခဲ့ချေပြီ။

နောက်ရက်အနည်းငယ်အတွင်း ချန်ဖုန်းသည် ရိုက်ကူးရေးအဖွဲ့နှင့်အတူ အချိန်ပြည့် ရှိနေခဲ့သည်။ ပို၍ တိတိကျကျ ဆိုရလျှင် သူသည် ရွှီချင်းချန်နှင့်အတူ အချိန်ပြည့် ရှိနေခဲ့ခြင်း ဖြစ်ပေ၏။

ရှန်ယန်းယန်းနှင့် ယွင်ထင်တို့သည် သူ ရုပ်ရှင်ရိုက်ကူးနေကြောင်း သိရှိသွားချိန်တွင် ရိုက်ကွင်းသို့ လာရောက်လည်ပတ်ခဲ့ကြသည်။

သို့သော် ရွှီချင်းချန်က အမျိုးသမီးဇာတ်ဆောင် ဖြစ်နေသည်ကို ရှန်ယန်းယန်း မြင်လိုက်ရချိန်တွင် သူမ၏ မျက်နှာပေါ်၌ သတိထားစောင့်ကြည့်မှုများ သိသာစွာ ထွက်ပေါ်လာခဲ့၏။

တစ်ဖက်လူက သူမတို့ဆီမှ ချန်ဖုန်းကို လုယူသွားမည်ကို စိုးရိမ်နေပုံရပေသည်။

ယွင်ထင်ကမူ ပို၍ နားလည်ပေးနိုင်ပုံရပြီး ဤရုပ်ရှင်၏ အရေးပါမှုနှင့် ဟွာရှနိုင်ငံအတွက် အဓိပ္ပာယ်သက်ရောက်မှုကိုပါ သဘောပေါက်ထားပေ၏။

တစ်ချိန်တည်းမှာပင် ရှန်ကွမ်ယွဲ့နှင့် ရှောင်လန်တို့သည်လည်း ကျန်းနန်ပြည်နယ်သို့ ရောက်ရှိနေကြပြီဖြစ်သည်။

ဗီလာတစ်လုံးအတွင်း၌။

ရှောင်လန်သည် ဆိုဖာပေါ်သို့ ပစ်လှဲချလိုက်သည်။ ထို့နောက် သူမက ဆိုဖာပေါ်တွင် စိတ်လှုပ်ရှားစွာ လူးလှိမ့်ရင်း စကားဆိုလိုက်၏။

"ရှောင်ယွဲ့အစ်မ ဒီမှာ အစ်မပိုင်တဲ့ ဗီလာရှိမှန်း ကျွန်မ ဘာလို့ မသိခဲ့တာလဲ ဘယ်တုန်းက ဝယ်လိုက်တာလဲ"

"တစ်ယောက်ယောက်က လက်ဆောင်ပေးထားတာ"

ရှန်ကွမ်ယွဲ့က သူမ၏ ဆံပင်တစ်စကို နားရွက်နောက်သို့ သပ်တင်လိုက်သည်။ ဆိုဖာပေါ်တွင် ကျက်သရေရှိစွာ ထိုင်ရင်း ရယ်မောကာ ပြောဆိုလိုက်၏။

"လွန်ခဲ့တဲ့နှစ်အနည်းငယ်က နယ်စပ်မှာ ချမ်းသာတဲ့ စီးပွားရေးသမားတစ်ယောက်ကို အစ်မ ကယ်တင်ခဲ့ဖူးတယ် ကျေးဇူးဆပ်တဲ့အနေနဲ့ သူက ဒီဗီလာကို လက်ဆောင်ပေးခဲ့တာ အဲဒါက လူမနေဘဲ ပစ်ထားတာ နှစ်အတော်ကြာပြီ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အသုံးဝင်လာပြီပေါ့"

"ကျွန်မကိုကျတော့ ဘာလို့ ဘယ်သူကမှ လာမပေးကြတာလဲ"

ရှောင်လန်က ကောင်းကင်ကို မော့ကြည့်ကာ အသံရှည်ကြီးဖြင့် ညည်းတွားလိုက်သည်။

ဤနေရာရှိ ဗီလာများသည် အတန်းလိုက်ဆောက်လုပ်ထားသော မြို့ပြအိမ်ရာများဖြစ်ပြီး ၎င်း၏တန်ဖိုးမှာ အနည်းဆုံး ယွမ် သန်းဆယ်ချီ တန်ကြေးရှိပေသည်။

ထိုအချိန်မှာပင် သူမ၏ ဖုန်း ရုတ်တရက် မြည်လာခဲ့သည်။ ရှန်ကွမ်ယွဲ့၏ မိခင် ချင်လဲ့ထံမှ ဖုန်းဝင်လာခြင်း ဖြစ်၏။

"ရှောင်ယွဲ့အစ်မ အစ်မရဲ့အမေ ဆက်တာဖြစ်မယ်"

ထို့နောက် သူမက ဖုန်းကို ကမ်းပေးလိုက်သည်။

"အမေ ဘာဖြစ်လို့လဲ သမီး ရှောင်လန်နဲ့အတူ ကျန်းနန်ကို အပန်းဖြေဖို့ သွားမယ်လို့ ပြောထားတယ် မဟုတ်လား"

"ရှောင်ယွဲ့ သမီး ဘယ်တော့ ပြန်လာမှာလဲ"

"သမီးလည်း မသေချာသေးဘူး"

ရှန်ကွမ်ယွဲ့က သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို စမ်းသပ်ကြည့်လိုက်သည်။

‘ဗိုက်မထွက်လာသေးချိန်တွင် အပြင်ထွက်လည်ပတ်နိုင်သေးသည်’ဟု သူမ တွေးလိုက်၏။

အကယ်၍ ကိုယ်ဝန်ရှိနေမှန်း လူတိုင်းသိသွားပြီးနောက်တွင် ဆိုရင်တော့ အိမ်မှာပဲနေရပြီး ဘယ်ကိုမှ သွားခွင့်ပြုတော့မည် မဟုတ်ချေ။

‘အဲဒီလိုဆိုရင် အရမ်း အိုက်စပ်စပ်နိုင်မှာပဲ’

ဖုန်း၏ အခြားတစ်ဖက်မှ ချင်လဲ့က အနည်းငယ် စိုးရိမ်တကြီးဖြင့် စကားဆိုလာသည်။

"ရှောင်ချန် အခု ရုပ်ရှင်ရိုက်နေတယ်ဆိုတာ သမီး သိတယ်မလား အဲဒါက စစ်ဘက်ဆိုင်ရာဌာနက ဦးဆောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပရိုမိုးရှင်းလုပ်မယ်လို့ ကြားတယ်"

"သူက အမျိုးသားဇာတ်ဆောင်ဖြစ်ပြီး အမျိုးသမီးဇာတ်ဆောင်က ရွှီချင်းချန်ဆိုတဲ့ နာမည်ကြီးမင်းသမီးပဲ"

"သမီး ကျန်းနန်မှာချည်းပဲ အမြဲနေလို့မဖြစ်ဘူး ရိုက်ကူးရေးလုပ်နေရင်း သူတို့နှစ်ယောက် သံယောဇဉ်ငြိတွယ်သွားရင် ဒုက္ခရောက်မှာမို့ မြန်မြန်ပြန်လာခဲ့ပါ… အဲဒီလိုဖြစ်လာရင် သမီး ဘယ်လိုလုပ်မလဲ"

"ရုပ်ရှင်ရိုက်နေတယ် ဟုတ်လား"

ရှန်ကွမ်ယွဲ့သည် ဤကိစ္စကို အမှန်တကယ် မသိရှိခဲ့ချေ။ သူမက ဤကိစ္စကို အရေးမစိုက်ဘဲ တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

"အမေ အဲဒီကိစ္စအတွက် စိတ်မပူပါနဲ့ သူ ထွက်ပြေးလို့ မလွတ်ပါဘူး"

"သမီးပြောတဲ့ ထွက်ပြေးလို့မလွတ်ဘူးဆိုတာက ဘာအဓိပ္ပာယ်လဲ ဟယ်လို ဟယ်လို"

ဖုန်းချသွားပြီဖြစ်သောကြောင့် ချင်လဲ့မှာ အနည်းငယ် စိတ်ရှုပ်သွားရပေသည်။

‘သူ ထွက်ပြေးလို့ မလွတ်ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ’ ဟု သူမ တွေးတောနေမိ၏။

---

All Chapters