← Chapters

အခန်း ၃၃၀

Vol. 33 Ch. 330

အခန်း ၃၃၀

Vol. 33 Ch. 330

အခန်း (၃၃၀) အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော ရေပန်းစားမှု

ဗီလာအတွင်း၌။

ဖုန်းကို ရှောင်လန်ထံ ပြန်ပေးပြီးနောက် ရှန်ကွမ်ယွဲ့က ရုတ်တရက် စကားဆိုလိုက်၏။

"ချန်ဖုန်းနဲ့ ရွှီချင်းချန်တို့ အခုရိုက်နေတဲ့ ရုပ်ရှင်က ဘာကားလဲဆိုတာ စစ်ဆေးကြည့်လိုက် ပြီးတော့ ဘယ်တော့ ရုံတင်မလဲဆိုတာပါ ကြည့်လိုက်ဦး"

"အာ အစ်မ သွားကြည့်ချင်လို့လား" ရှောင်လန်မှာ အံ့အားသင့်သွားရပေသည်။

"ဒါပေါ့ သွားကြည့်ချင်တာပေါ့"

ရှန်ကွမ်ယွဲ့က ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်၏။

"သူတို့နှစ်ယောက် ရင်းရင်းနှီးနှီးရှိနေတဲ့ ပုံတွေကို ဓာတ်ပုံရိုက်ထားဖို့ မမေ့နဲ့နော်"

"ဟီးဟီး"

ရှောင်လန်၏ မျက်နှာပေါ်တွင် မကောင်းဆိုးဝါးဆန်ဆန် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ‘ချန်ဖုန်း အို ချန်ဖုန်း နင်တော့ ပြီးသွားပြီ’ ဟု သူမ တွေးလိုက်၏။

သူမက အလျင်အမြန် စုံစမ်းမေးမြန်းလိုက်သည်။ ဤရုပ်ရှင်တွင် စစ်ဘက်ဆိုင်ရာဌာန ပါဝင်ပတ်သက်နေသောကြောင့် သတင်းအချက်အလက်များကို ရှာဖွေရလွယ်ကူပေသည်။

ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းစဉ်မှာ ဆယ်ရက်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သူမ အလျင်အမြန် သိရှိသွား၏။ ဤအချက်ကို သူမ မှတ်သားထားလိုက်သည်။

ထိုအချိန်မှာပင် ရှောင်လန် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။ သူမက ရင်ဘတ်အတွင်းမှ ဖုန်းတစ်လုံးကို အလျင်အမြန် ဆွဲထုတ်လိုက်၏။ ၎င်းမှာ ယခင်က လဲ့ယန် ပစ်ပေးခဲ့သော ဖုန်းဖြစ်ပြီး အချိန်တိုင်း ထိုနေရာတွင်သာ ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

သူမက ဖုန်းကို အလျင်အမြန်ဖွင့်ကာ တစ်ဖက်လူ၏ WeChat နှင့် ဖုန်းနံပါတ်ကို သူမ၏ အဆက်အသွယ်စာရင်းတွင် ထည့်သွင်းလိုက်သည်။

ရှန်ကွမ်ယွဲ့မှာ အနည်းငယ် အံ့အားသင့်သွားကာ မေးလိုက်၏။

"လဲ့ယန်ရဲ့ ဖုန်းစကားဝှက်ကို နင် ဘယ်လိုသိတာလဲ"

"ပြီးခဲ့တဲ့တစ်ခေါက်က မတော်တဆ မြင်သွားတာ ဟီးဟီး"

ရှောင်လန်က ပြုံးကာ ပြောဆိုလိုက်သည်။

"အရင်က ကျွန်မတောင်းတုန်းက သူက WeChat ကို မပေးဘူး အခုတော့ နောက်ဆုံး ရသွားပြီ"

"နင် နင်" ရှန်ကွမ်ယွဲ့က ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်သည်။

ထို့နောက် ဆိုဖာပေါ်မှ ထရပ်ကာ စကားဆိုလိုက်၏။

"အပြင်ထွက်ပြီး နေ့စဉ်သုံး ပစ္စည်းတချို့ သွားဝယ်ရအောင် ငါတို့ ဒီမှာ နေတာ နည်းနည်းကြာနေပြီ"

"ဟုတ်ကဲ့"

ရှောင်လန်က သူမ၏ လက်မောင်းကို အလျင်အမြန် ချိတ်တွယ်ကာ အပြင်ဘက်သို့ ထွက်လာခဲ့သည်။

ဗီလာတံခါးကို ဖွင့်လိုက်ချိန်တွင် အပြင်ဘက်၌ အမျိုးသားတစ်ဦး ရပ်နေသည်ကို သူမတို့ သတိပြုမိသွားကြ၏။

"မင်္ဂလာပါ မိန်းကလေးတို့"

သပ်ရပ်သော ဝတ်စုံကို ဝတ်ဆင်ထားသည့် ထိုအမျိုးသားက ပြုံးကာ စကားဆိုလိုက်သည်။

"ကျွန်တော်က ခင်ဗျားတို့ရဲ့ ဘေးအိမ်မှာ နေတာပါ ဒီနေ့မှ ပြောင်းလာကြတာလား"

"ကျွန်တော်တို့ WeChat အချင်းချင်း add ထားကြမလား တစ်ခုခု အကူအညီလိုရင် အချိန်မရွေး ကူညီပေးလို့ရအောင်လို့ပါ"

ရှန်ကွမ်ယွဲ့က စကားတစ်ခွန်းမျှ မဆိုဘဲ သူ့ကို အေးစက်စက် တစ်ချက် ကြည့်လိုက်သည်။ ရှောင်လန်ကလည်း အေးတိအေးစက်ဖြင့် ပြောဆိုလိုက်၏။

"မလိုပါဘူး ကျွန်မတို့ ဘာအကူအညီမှ မလိုဘူး ကျွန်မတို့ကို လာပြီး အီစီကလီလုပ်ဖို့ မကြိုးစားနဲ့ အဲဒါက အရမ်းရိုးအီနေတဲ့ အကြောင်းပြချက်ဟောင်းကြီးပဲ"

"မင်း" ထိုအမျိုးသားမှာ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

ထို့နောက် သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

"ကျွန်တော်က ခင်ဗျားဘေးက အမျိုးသမီးကို မေးနေတာပါ ကျွန်တော် ဝမ်ဆန်းကွေ့မှာ တခြားစွမ်းရည်တွေ မရှိပါဘူး ဒါပေမဲ့ ကျန်းနန်ပြည်နယ်မှာ ကျွန်တော့်မှာ အဆက်အသွယ်တွေ အများကြီးရှိတယ်…မိန်းကလေး ကျွန်တော်တို့ သူငယ်ချင်းတွေ ဖြစ်လို့မရဘူးလား သူငယ်ချင်း များလေ ရွေးချယ်စရာ များလေပဲ မဟုတ်လား"

ပထမဆုံးအကြိမ် မြင်လိုက်ရကတည်းက ရှန်ကွမ်ယွဲ့၏ ထူးခြားသော ဆွဲဆောင်မှုတွင် သူ နစ်မျောသွားခဲ့သည်။ တစ်ဖက်လူနှင့် ပိုမို နီးကပ်လာစေရန်အတွက် ဝမ်ဆန်းကွေ့သည် ဘေးအိမ်ရှိ ဗီလာကို ချက်ချင်းပင် ဝယ်ယူခဲ့ခြင်း ဖြစ်ပေ၏။

ရှန်ကွမ်ယွဲ့၏ အိမ်နီးချင်း ဖြစ်လာရန် သက်သက်အတွက်သာ ဖြစ်သည်။

ထို့အပြင် ညအချိန်တွင် သူ၏ ချောင်းကြည့်လိုသော ဆန္ဒများကို ဖြည့်ဆည်းရန် ဗီလာအတွင်း၌ စွမ်းအားမြင့် မှန်ပြောင်းတစ်ခုကိုပါ တပ်ဆင်ထားခဲ့သည်။

"လူစကားကို နားမလည်ဘူးလား မလိုဘူးလို့ ပြောနေတယ်လေ"

ရှောင်လန်မှာ အနည်းငယ် စိတ်တိုလာခဲ့သည်။ ဤကဲ့သို့သော သူဌေးသားမျိုးမှာ အသုံးမကျကြောင်းကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေသည်။

သူမက တစ်ဖက်လူကို တွန်းဖယ်လိုက်၏။

"ဖယ်စမ်း လမ်းလာမပိတ်နဲ့"

"မင်း"

ဝမ်ဆန်းကွေ့မှာ အတွန်းခံလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားရ၏။ ဤမျှ နုနယ်ပုံရသော အမျိုးသမီးငယ်လေးတွင် ဤမျှကြီးမားသော ခွန်အားရှိနေသည်မှာ အံ့အားသင့်စရာပင်။

အမျိုးသမီးနှစ်ဦး၏ ကျော့ရှင်းသော ခန္ဓာကိုယ် ကောက်ကြောင်းများကို ကြည့်ရင်း သူ နှုတ်ခမ်းသပ်လိုက်သည်။

ထို့နောက်သူ မြေပြင်ပေါ်မှ ထရပ်လိုက်ကာ

သူမတို့၏ နောက်ကနေ လိုက်သွားရန် ပြင်လိုက်ချိန်မှာပင် တောင့်တင်းခိုင်မာသော လူလုံးကြီးတစ်ခုက သူ၏ လမ်းကို ပိတ်ဆို့လိုက်သည်။ ထိုသူ၏ လက်ထဲတွင် ကြီးမားသော စတုဂံပုံ သစ်သားသေတ္တာကြီးတစ်ခုကို ကိုင်ဆောင်ထား၏။

၎င်းမှာ လဲ့ယန်ပင် ဖြစ်သည်။

"မင်းက ဘယ်သူလဲ" ဝမ်ဆန်းကွေ့၏ မျက်နှာကြီး မည်းမှောင်သွားတော့၏။

‘ဒီကောင်ကြီးက ငါ ကောင်မလေးတွေကို လိုက်နေတာကို လမ်းလာနေတယ်’ ဟု သူ တွေးလိုက်သည်။

"ငါက မင်းရဲ့ အဘိုးပဲ"

လဲ့ယန်က မြေအိုးအရွယ်အစားခန့်ရှိသော သူ၏ လက်သီးကြီးဖြင့် တစ်ဖက်လူအား ပြင်းထန်စွာ ထိုးချလိုက်ရာ ဝမ်ဆန်းကွေ့မှာ ကြယ်တွေ လတွေပင် မြင်သွားရတော့၏။

လဲ့ယန်က တစ်ဖက်လူ၏ လည်ပင်းကို အလွယ်တကူ ဆွဲကိုင်ကာ လူသူကင်းမဲ့သော ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားခဲ့သည်။

နှစ်မိနစ်ခန့် ကြာပြီးနောက်။

လဲ့ယန်သည် ထောင့်မှ ပြန်ထွက်လာပြီး သူ၏ လက်ပေါ်မှ သွေးများကို သုတ်သင်လိုက်သည်။ သူက သူ့ဘာသာသူ ရေရွတ်လိုက်၏။

"အလောင်းကို သေချာရှင်းလင်းပစ်လိုက် ဘာသက်သေမှ ချန်မထားခဲ့နဲ့"

"နားလည်ပါပြီ"

အရိပ်နှစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့မှာ အဇူရာနန်းတော်မှ အဖွဲ့ဝင်များ ဖြစ်ကြသည်။

ချန်ဖုန်းသည် ကျန်းနန်တွင် ဖြစ်ပျက်နေသမျှ ကိစ္စရပ်အားလုံးကို မသိရှိခဲ့ချေ။ ကျန်ရှိနေသော အချိန်များတွင် ရိုက်ကွင်းပေါ်၌သာ အချိန်ဖြုန်းနေခဲ့ပြီး ထိုအချိန်အတွင်း စနစ်မှ ဗီဒီယိုအချို့ ပေါ်လာခဲ့သည်။

ရပ်ကွက်ထဲမှ အဘွားဝမ်၏ ကြောင်ကလေး ပျောက်ဆုံးသွားသော ဗီဒီယိုနှင့် စတော့ရှယ်ယာဈေးကွက်နှင့် ပတ်သက်သော ဗီဒီယိုအချို့ ပါဝင်သည်။ ဗီဒီယိုတာဝန်များကို ပြီးစီးအောင် လုပ်ဆောင်ပြီးနောက် စနစ်က သူ့ကို ကလေးထိန်းကျမ်းစွမ်းရည် ချီးမြှင့်ခဲ့ပေ၏။

‘ငါ့မှာ ကလေးမှမရှိသေးတာ ကလေးထိန်းကျမ်းစွမ်းရည်က ဘာလုပ်ရမှာလဲ’ ဟု သူ တွေးတောနေမိသည်။

သတ္တမမြောက်နေ့သို့ ရောက်သောအခါ ရုပ်ရှင်၏ ဇာတ်ဝင်ခန်း အားလုံးကို ရိုက်ကူးပြီးစီးသွားခဲ့ပြီဖြစ်သည်။ ကျန်ရှိနေသည်မှာ တည်းဖြတ်ရေးလုပ်ငန်းစဉ်များသာ ဖြစ်၏။

တစ်ချိန်တည်းမှာပင် ရုပ်ရှင်အတွက် ပိုစတာများနှင့် ပရိုမိုးရှင်း ပစ္စည်းအမျိုးမျိုးကို စတင်ထုတ်ဝေလာခဲ့သည်။ ရေပန်းစားသော အကြောင်းအရာများ စာရင်းတွင်ပင် ပါဝင်လာခဲ့ချေပြီ။

သို့သော် လုပ်ငန်းခွင်အတွင်းရှိ လူများကို အံ့အားသင့်စေခဲ့သည်မှာ ရွှီချင်းချန်သည် ဒုတိယတန်းစား မင်းသမီးတစ်ဦးသာဖြစ်ပြီး အမျိုးသားဇာတ်ဆောင်မှာမူ သူတို့ တစ်ခါမျှ မမြင်ဖူးသော မျက်နှာသစ်တစ်ဦး ဖြစ်နေခြင်းပင်။

‘ဒီရုပ်ရှင်က ဘယ်လိုလုပ်ပြီး ဒီလောက် နာမည်ကြီးလာတာလဲ တရားဝင် လိုင်းတွေကနေတောင် ပရိုမိုးရှင်း လုပ်ပေးနေပါလား’ ဟု သူတို့ တွေးတောနေကြသည်။

လုပ်ငန်းခွင်မှ ထိပ်တန်းခေါင်းဆောင် အနည်းငယ်သာလျှင် ဤရုပ်ရှင်သည် အာဏာပိုင်များ၏ တရားဝင် ပရိုမိုးရှင်း လုပ်ခံထားရကြောင်းကို သတိပြုမိကြပေ၏။

ယခုအချိန်၌ စစ်ဘက်ဆိုင်ရာဌာနတွင်။

ကျန်းထျန်ရှန်းက ဟွမ်ဇီအား တစ်ချက်ကြည့်ကာ မေးလိုက်သည်။

"ရုပ်ရှင် ဘယ်လိုနေလဲ"

"အခု တည်းဖြတ်ရေး လုပ်ငန်းစဉ်ကို ရောက်နေပါပြီ"

ဟွမ်ဇီက အလျင်အမြန် သတင်းပို့လိုက်၏။

"နည်းပြချန်က တည်းဖြတ်ရေး ကုမ္ပဏီ ငါးခု ခြောက်ခုလောက် ငှားထားတယ် ဒါ့အပြင် သူတို့ အချိန်ပိုဆင်းပြီး အလုပ်လုပ်နေကြတယ် အချောသတ်ထားတဲ့ ရုပ်ရှင်က နောက်သုံးရက်လောက်နေရင် ရလောက်ပါပြီ"

"သက်ဆိုင်ရာ ဌာနအားလုံးနဲ့လည်း ကျွန်တော် အစီအစဉ်တွေ လုပ်ထားပြီးပြီ ရုပ်ရှင် ပြီးတာနဲ့ ချက်ချင်း ရုံတင်လို့ ရပြီ"

"ပြည်ပမှာလည်း ပရိုမိုးရှင်း အစီအစဉ်တွေ လုပ်နေတယ် နိုင်ငံရပ်ခြားမှာ ရုံတင်တာကိုတော့ တစ်ရက်လောက် နောက်ဆုတ်ထားလို့ ရတယ်"

"အင်း" ကျန်းထျန်ရှန်း ခေါင်းညိတ်လိုက်၏။ "ငါတို့ ဒီကိစ္စကို သေချာ စောင့်ကြည့်နေရမယ် ဘာအမှားမှ အဖြစ်ခံလို့ မရဘူး"

"ဝန်ကြီးကျန်း ရုပ်ရှင်ပိုင်းမှာ ဘာပြဿနာမှ မရှိနိုင်ပေမဲ့ စစ်သေနာပတိဆီမှာတော့ ဖြေရှင်းစရာ ကိစ္စလေးတစ်ခု ရှိနိုင်တယ်" ဟွမ်ဇီက သူ့ကို အကဲခတ်ကြည့်ရင်း ပြောဆိုလိုက်သည်။

"စစ်သေနာပတိဆီမှာ ဘာဖြစ်လို့လဲ"

တိုက်ပွဲကြီး ပြီးဆုံးသွားပြီးနောက် စစ်သေနာပတိနှင့် ရှောင်လန်တို့ အပန်းဖြေရန် ထွက်သွားကြကြောင်းကို ကျန်းထျန်ရှန်း မှတ်မိနေသေးသည်။

‘အပန်းဖြေခရီးထွက်တာကနေ ဘာပြဿနာတွေများ ဖြစ်လာနိုင်လို့လဲ’ ဟု သူ တွေးလိုက်၏။

ထို့အပြင် စစ်သေနာပတိသည် အလွန် အစွမ်းထက်သူဖြစ်ရာ တစ်နိုင်ငံလုံးတွင် မည်သူကမျှ သူမအား တစ်စုံတစ်ရာ ပြုလုပ်ရဲမည် မဟုတ်ချေ။

ဟွမ်ဇီက အလျင်အမြန် ရှင်းပြလိုက်သည်။

"ရှောင်လန် ပြောပြချက်အရ တစ်ယောက်ယောက်က စစ်သေနာပတိကို သဘောကျပြီး အမြဲလာနှောင့်ယှက်နေလို့ အဇူရာနန်းတော်က လဲ့ယန်က အဲဒီလူကို သတ်ပစ်လိုက်တယ်တဲ့"

“ဟူး…” ကျန်းထျန်ရှန်း ချက်ချင်းပင် သက်ပြင်းချလိုက်မိပေသည်။

‘ပြင်းထန်တဲ့ ကိစ္စကြီးတစ်ခုခုများလားလို့ ငါ ထင်လိုက်တာ လူတစ်ယောက် သေသွားရုံလေးပါပဲလား’ ဟု သူ တွေးလိုက်၏။ သူက လက်ဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။

"မင်းဘာသာမင်းပဲ ရှင်းလိုက်တော့ သူ့အပေါ် ပြစ်မှုတစ်ခုခု တပ်လိုက်ပေါ့ ဘယ်လိုပဲဆိုဆို စစ်သေနာပတိက စစ်ဘက်ဆိုင်ရာဌာနရဲ့ အကြီးအကဲဖြစ်ပြီး ဟွာရှနိုင်ငံရဲ့ ကျေးဇူးရှင်ပဲ"

"အဲဒီလူ သေသွားပြီဆိုရင်လည်း ပြီးတာပါပဲ"

"ဟုတ်ကဲ့"

ဟွမ်ဇီ ထွက်သွားရန် ပြင်လိုက်ချိန်မှာပင် သူ၏ ဖုန်းကို အလိုအလျောက် တစ်ချက် ကြည့်လိုက်မိသည်။ ထို့နောက် သူ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားတော့၏။

"ဝန်ကြီး ပြဿနာကြီးတက်ပြီ နည်းပြချုပ်ချန် ထပ်ပြီး ရေပန်းစားလာပြန်ပြီ"

"Wolf Warrior 3 ရုပ်ရှင်က အခု အရမ်းနာမည်ကြီးနေတော့ လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားနေတာ သာမန်ပါပဲဟ ဘာအရေးကြီးလို့လဲ"

ကျန်းထျန်ရှန်းမှာ ဤအခြေအနေနှင့် ရိုးအီနေပြီ ဖြစ်သည်။ အရင်တုန်းက ချန်ဖုန်းသည် တစ်ရက်တည်းတွင် ရေပန်းစားသော သတင်းများစွာ၌ ပါဝင်နိုင်ပြီး ၎င်းတို့ကို ဖြုတ်ချ၍ပင် မရနိုင်ခဲ့ချေ။

‘တစ်ရက်လောက် လူမှုကွန်ရက်မှာ ရေပန်းမစားဘဲ နေရတာကိုတောင် သူ အသားမကျတော့ပါဘူး’ ဟု တွေးတောနေမိ၏။

"မဟုတ်ဘူး"

ဟွမ်ဇီက ထူးဆန်းသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်၏။

"ဒါက ရုပ်ရှင်နဲ့ ဘာမှမဆိုင်ဘူး ပြီးတော့ သတင်းဆိုးပဲ ဝန်ကြီးကိုယ်တိုင် ကြည့်လိုက်ပါ"

ထို့နောက် သူက သူ၏ ဖုန်းကို ကမ်းပေးလိုက်သည်။

---

All Chapters