← Chapters

အခန်း ၃၃၁

Vol. 34 Ch. 331

အခန်း ၃၃၁

Vol. 34 Ch. 331

အခန်း (၃၃၁) မိန်းမတစ်ယောက်ရဲ့ ကလဲ့စားချေမှု

"မိန်းမတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားတယ် ဟုတ်လား"

ခေါင်းစဉ်တစ်ခုတည်းကို ဖတ်ပြီးနောက် ကျန်းထျန်ရှန်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။

"ဘာတွေဖြစ်ခဲ့တာလဲ မြန်မြန်ပြောစမ်း"

"သတင်းထဲမှာ ရေးထားတာက ကောင်မလေးတစ်ယောက်က ယောက်ျားတစ်ယောက်ကြောင့် ကိုယ်ဝန်ရသွားတယ်တဲ့ အဲဒီယောက်ျားက တာဝန်မယူတဲ့အပြင် လူယုတ်မာဆန်ဆန်နဲ့ အရမ်းရိုင်းစိုင်းတဲ့ စကားတွေ ပြောခဲ့တယ်လို့ ဆိုတယ်"

"အဲဒီမိန်းမက သူမ ကိုယ်ဝန်ရှိနေမှန်း သိပြီးနောက်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားပေမဲ့ တခြားသူတွေက တားထားလို့ မသေခဲ့ဘူးတဲ့"

"နောက်ဆုံးကျတော့ အဲဒီလူက ချန်ဖုန်းဖြစ်တယ်လို့ သီးသန့် ထောက်ပြထားတယ်"

ဟွမ်ဇီက စိုးရိမ်တကြီးဖြင့် ဆက်ပြောလိုက်၏။

"ဝန်ကြီးကျန်း အောက်က မှတ်ချက်တွေကို ကြည့်လိုက်ပါဦး လူတိုင်းက နည်းပြချုပ်ချန်ကို ဝိုင်းပြီး ဝေဖန်နေကြတယ်"

"ဒါက သေချာပေါက် သတင်းအမှားဆိုတာကို ကျွန်တော် သိပေမဲ့ အခုချိန်မှာ လူအများကြီး မမြင်ရသေးဘူး ဆိုပေမဲ့ ဒီလိုနှုန်းနဲ့ ဆက်ပျံ့နေဦးမှာပဲ"

"ရေပန်းစားမှု ထိပ်တန်းဆယ်ခုစာရင်းထဲ ဝင်လာဖို့ သိပ်မလိုတော့ဘူး"

ကျန်းထျန်ရှန်းက မှတ်ချက်များကို ဖွင့်ကြည့်လိုက်သည်။ လူတိုင်းလိုလိုပင် ချန်ဖုန်းအား ပြစ်တင်ဝေဖန်နေကြပေ၏။

"ဘုရားရေ အဲဒီလူက တကယ့် လူယုတ်မာပဲ"

"ဟုတ်တယ် သူမ သတ်သေဖို့ ကြိုးစားတာကို တွေ့သွားလို့ တော်သေးတယ် မဟုတ်ရင် နောက်ထပ် အသက်တစ်ချောင်း ဆုံးရှုံးသွားရဦးမှာ"

"ဒီလိုလူမျိုးကို ဖမ်းပြီး သင်းကွပ်ပစ်သင့်တယ်"

"ချန်ဖုန်းက Wolf Warrior 3 မှာ အမျိုးသားဇာတ်ဆောင်ဆိုတာ ကြားတယ်"

"မဖြစ်နိုင်တာ အကျင့်စရိုက် ဒီလောက်ဆိုးရွားတဲ့သူက ဘယ်လိုလုပ် အမျိုးသားဇာတ်ဆောင် ဖြစ်လာတာလဲ ဒါရိုက်တာ မျက်လုံးကန်းနေတာလား"

"ရုပ်ရှင်က မကြာခင် ရုံတင်တော့မယ်လို့လည်း ကြားတယ် ငါတော့ လုံးဝ သွားမကြည့်ဘူး ပြတ်ပြတ်သားသား သပိတ်မှောက်မယ်"

"ဟုတ်တယ် ပြတ်ပြတ်သားသား ဆန့်ကျင်ကြ"

"ချန်ဖုန်း ပါဝင်ပတ်သက်နေတဲ့ ဘယ်ရုပ်ရှင်ကိုမှ ငါတို့ မကြည့်ဘူး"

မှတ်ချက်များ တစ်ခုပြီးတစ်ခု ကျန်းထျန်ရှန်း၏ မျက်စိရှေ့သို့ ရောက်ရှိလာခဲ့သည်။ ဤအရာက သူ့ကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေ၏။

အကယ်၍ ဤကိစ္စကို ဆက်လက် ဖွံ့ဖြိုးခွင့်ပြုထားပါက ချန်ဖုန်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေရုံသာမက မကြာမီ ရုံတင်တော့မည့် ရုပ်ရှင်ကိုပါ ကြီးမားသော သက်ရောက်မှု ရှိလာနိုင်ပေသည်။

ဝန်ကြီးကျန်းက ​ပြောလိုကိသည်။

"ရေပန်းစားတဲ့ သတင်းကို အရင်ဆုံး ဖြုတ်ချလိုက်"

"ကျွန်တော်တို့ သက်ဆိုင်ရာ ဌာနတွေကို ဆက်သွယ်ပြီးပြီ"

ဟွမ်ဇီသည် ရေပန်းစားသော သတင်းများကို ဖြုတ်ချရာတွင် အလွန် ကျွမ်းကျင်နေပြီ ဖြစ်သည်။ ထိုမျှသာမက ဤကိစ္စကို ချက်ချင်း စုံစမ်းစစ်ဆေးရန် တစ်စုံတစ်ယောက်ကိုပါ စီစဉ်ပေးခဲ့ပေ၏။

"ဝန်ကြီးကျန်း ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားတဲ့သူကို ဟွာယွမ်ဟိုတယ်မှာ တွေ့ထားတယ်"

"သွားကြည့်ရအောင် ဘာတွေဖြစ်နေလဲဆိုတာ"

ကျန်းထျန်ရှန်း အလျင်အမြန် ထရပ်လိုက်သည်။ အပြင်ရောက်ချိန်တွင် သူက ချန်ဖုန်းထံ ထပ်မံ ဖုန်းခေါ်ဆိုလိုက်၏။ မည်သို့ပင်ဖြစ်စေ ဤကိစ္စမှာ ချန်ဖုန်းနှင့် သက်ဆိုင်နေသဖြင့် သူ့ကို အသိပေးရမည် ဖြစ်ပေသည်။

မကြာမီ ချန်ဖုန်းလည်း ရောက်ရှိလာခဲ့သည်။ သူသည် ရေပန်းစားနေသော သတင်းအကြောင်းကို အမှန်တကယ် မသိရှိခဲ့ဘဲ ဟွမ်ဇီက တွေ့ရှိချင်း ချက်ချင်း ဖြုတ်ချခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လူအများအပြား မမြင်တွေ့ခဲ့ရချေ။

"ငါက တစ်ယောက်ယောက်ကို ကိုယ်ဝန်ရသွားအောင် လုပ်ခဲ့တယ် ဟုတ်လား" ချန်ဖုန်း ဒေါသထွက်လွန်း၍ ရယ်ပင်ရယ်ချင်သွားရပေသည်။

‘ငါ့ဆီလာတဲ့ ရှန်ယန်းယန်းကိုတောင် လက်ဖျားနဲ့ မထိခဲ့ဘူး အဲဒါကို တစ်ယောက်ယောက်က ငါ့ကြောင့် ကိုယ်ဝန်ရသွားတယ် ဟုတ်လား’ ဟု သူ တွေးလိုက်၏။

"ရှောင်ချန် သွားကြည့်ရအောင် ဘာတွေဖြစ်နေလဲဆိုတာ" ကျန်းထျန်ရှန်း ကိုယ်တိုင် ဦးဆောင်သွားခဲ့သည်။

လူတစ်စုသည် ဟွာယွမ်ဟိုတယ်ဆီသို့ အလျင်အမြန် ဦးတည်သွားကြ၏။

ဟွာယွမ်ဟိုတယ်သို့ ရောက်ရှိချိန်တွင် အတွင်း၌ လူတစ်စု ရှိနေပြီးဖြစ်ပေသည်။

ဟွာအန်းဗျူရို ညွှန်ကြားရေးမှူး ယန်ရီရှိုက ဦးဆောင်နေခြင်း ဖြစ်၏။

"အဘိုးကြီးယန် ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ" ကျန်းထျန်ရှန်း အနည်းငယ် အံ့အားသင့်သွားရပေသည်။

ညွှန်ကြားရေးမှူး ယန်ရီရှိုက သက်ပြင်းချကာ စကားဆိုလိုက်၏။

"ဒီမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်နေတဲ့ မိန်းမတစ်ယောက် ရှိနေတယ် သူမပြောတာကတော့ နည်းပြချုပ်ချန်ကြောင့် သူမ ကိုယ်ဝန်ရသွားတာတဲ့ ကျွန်တော်တို့ သူ့ကို အကြာကြီး ဖျောင်းဖျခဲ့ပေမဲ့ အချည်းနှီးပါပဲ" ထိုသို့ပြောနေရင်း သူက ဘေးရှိ ချန်ဖုန်းအား တစ်ချက် ကြည့်လိုက်သည်။

"ငါ သွားကြည့်လိုက်မယ်"

ချန်ဖုန်းမှာ ဘာပြောရမှန်းပင် မသိတော့ချေ။ သူ့အပေါ် မည်သူက အကွက်ဆင်နေသနည်းဟု သူလည်း သိချင်နေမိ၏။

ထိုအချိန်၌ အခန်းတစ်ခန်းအတွင်းတွင် ဝမ်မန်းမန်းသည် ဆံပင်များ ဖွာလန်ကြဲနေလျက် ကုတင်ပေါ်တွင် ထိုင်နေပြီး လက်ထဲတွင် သစ်သီးခွာဓားတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ထို့အပြင် ဓားသွားကို သူမ၏ လည်ပင်း၌ တေ့ထားပေ၏။

တံခါးဝရှိ ဟွာအန်းဗျူရို အဖွဲ့ဝင်များကို သူမက အော်ဟစ်လိုက်သည်။

"ဒီကနေ ထွက်သွားကြ ထွက်သွားကြ အားလုံး ထွက်မသွားရင် ငါ့ကိုယ်ငါ သတ်သေပစ်မယ် ငါ ဆက်မရှင်ချင်တော့ဘူး…ဒါတွေအားလုံးက ချန်ဖုန်းကြောင့်ပဲ သူက ငါ့ကို ကိုယ်ဝန်ရစေခဲ့တာ…သူက ငါ့ဘဝကို ဖျက်ဆီးခဲ့တာ"

"ဝမ်မန်းမန်း ဓားကို အရင်ချထားပါဦး" ဟွာအန်းဗျူရို အဖွဲ့ဝင်တစ်ဦးက စိုးရိမ်တကြီးဖြင့် ပြောဆိုလိုက်၏။ "ငါတို့ ဖြည်းဖြည်းချင်း စကားပြောကြတာပေါ့ ဓားကို အရင်ချထားပါ မင်းမှာရှိနေတဲ့ ဘယ်လိုပြဿနာကိုမဆို ဖြေရှင်းပေးဖို့ ငါတို့ ကူညီပါ့မယ်"

"ပြဿနာ ဟုတ်လား"

ဝမ်မန်းမန်း ရုတ်တရက် လှုပ်ရှားလာခဲ့သည်။

"ချန်ဖုန်းကို ဖမ်းပေး သူက ငါနဲ့ အိပ်ခဲ့တယ်"

"သူ ငါ့ကို ကိုယ်ဝန်ရစေခဲ့တယ်"

"သူ ထောင်ကျတာကို ငါမြင်ချင်တယ် ဒါကြောင့် သူ့ကို အခုချက်ချင်း ဖမ်းပေး"

"ဒါက" ဟွာအန်းဗျူရို အဖွဲ့ဝင်များက ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်ချိန်တွင် ဝမ်မန်းမန်းက ဓားကို ပိုမို တင်းကျပ်စွာ ကိုင်ထားလိုက်၏။

"ရပ်လိုက် နောက်ထပ် ခြေတစ်လှမ်း ထပ်တိုးလာရင် ငါ့လည်ပင်းကိုငါ တကယ်လှီးချပစ်မယ်ဆိုတာ ယုံလိုက်"

စကားပြောနေစဉ်မှာပင် သူမ၏ လည်ပင်းတွင် သွေးစအနည်းငယ်ကို မြင်တွေ့လာရသည်။

အလွန်တိမ်သော်လည်း အကယ်၍ သူမသာ အင်အားအနည်းငယ် ထပ်မံသုံးလိုက်ပါက လည်ပင်း ပြတ်ရှသွားနိုင်ချေ ရှိပေ၏။

"ဝမ်မန်းမန်း ကျေးဇူးပြုပြီး စိတ်လျှော့ပါဦး ငါတို့ သေချာ စကားပြောကြတာပေါ့"

ဟွာအန်းဗျူရို အဖွဲ့ဝင်က အလျင်အမြန် နောက်ဆုတ်လိုက်သည်။ သူ၏ နဖူးပေါ်တွင် ထိတ်လန့်မှုကြောင့် ချွေးစေးများ ပြန်လာခဲ့၏။ တစ်ဖက်လူသာ တကယ် သတ်သေသွားခဲ့လျှင် သူက တာဝန်ယူရမည် ဖြစ်ပေသည်။

ထိုအချိန်၌ ဝမ်မန်းမန်းက စိတ်ထဲမှ လှောင်ပြုံးပြုံးလိုက်သည်။

Wolf Warrior 3 ရုပ်ရှင်၏ အမျိုးသမီးဇာတ်ဆောင်နေရာ ဆုံးရှုံးသွားပြီး သခင်လေး နန်ကုန်းရိကို ရန်စမိခဲ့ချိန်မှစ၍ သခင်လေး နန်ကုန်းရိ၏ ရိုက်နှက်မှုကြောင့် သူမ၏ မျက်နှာ ပုံပျက်ပန်းပျက် ဖြစ်သွားရုံသာမက ဖျော်ဖြေရေးလောကမှလည်း အမည်ပျက်စာရင်း သွင်းခံခဲ့ရပြီး ယခုအခါ မည်သူကမျှ သူမအား မည်သည့်ရုပ်ရှင်တွင်မှ မထည့်သွင်းရဲကြတော့ချေ။

ကံကောင်းထောက်မစွာဖြင့် ဈေးကွက်တွင် အမာရွတ်ပျောက်ဆေး ထွက်ပေါ်လာကြောင်း သူမ ကြားသိခဲ့ရသည်။ ဤနည်းဖြင့် သူမ၏ ရုပ်ရည်ကို ထိန်းသိမ်းထားနိုင်ခဲ့၏။

သို့သော် သခင်လေး နန်ကုန်းရိသည် ချန်ဖုန်းအား လျော်ကြေး ယွမ် ၁ ဘီလီယံ ပေးခဲ့ရပြီးနောက် ထိုငွေများအားလုံးကို သူမထံမှ ပြန်လည်တောင်းယူနေခဲ့သည်။

သူမကိုယ်တိုင်တွင်လည်း စုဆောင်းငွေ များစွာ မရှိချေ။ အခြားရွေးချယ်စရာ မရှိတော့သဖြင့် ငွေရှာရန် သူမကိုယ်သူမ ရောင်းစားခဲ့ရပေသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သူမသည် ကုတင်ပေါ်မှပင် မထနိုင်လုနီးပါး ဖြစ်ခဲ့ရပြီး သူမ၏ ဘဝသည် နိဗ္ဗာန်မှ ငရဲသို့ ကျဆင်းသွားခဲ့ရ၏။

သူမ ဆက်လက် သည်းမခံနိုင်တော့ချေ။ သူမ ကလဲ့စားချေလိုပေသည်။

သခင်လေး နန်ကုန်းရိကိုမူ သူမ ပြန်လည်တုံ့ပြန်ရန် မရဲခဲ့ချေ။ မည်သို့ပင်ဖြစ်စေ နန်ကုန်းမိသားစုသည် ရက်စက်ကြမ်းကြုတ်လှသည်။

ကျန်ရှိနေသည့် တစ်ခုတည်းသော အရာမှာ ချန်ဖုန်းအပေါ် ကလဲ့စားချေရန်ပင်။ ချန်ဖုန်း၏ ဂုဏ်သိက္ခာကို သူမ ဖျက်ဆီးပစ်လို၏။ ထိုရုပ်ရှင်ကို အစကတည်းက ခြေမှုန်းပစ်ရမည် ဖြစ်သည်။ သူမတွင် ဆုံးရှုံးစရာ ဘာမှမရှိတော့ပြီဖြစ်ရာ ဘာကို ကြောက်နေစရာ လိုမည်နည်း။

အမျိုးသမီးများ ကလဲ့စားချေသည့်အခါ ထိတ်လန့်ကြောက်မက်ဖွယ် ကောင်းနိုင်ကြောင်း ဝန်ခံရမည် ဖြစ်ပေသည်။ အကယ်၍ အခြားသူတစ်ယောက်သာ ဆိုပါက အမှန်တကယ် ဒုက္ခရောက်သွားနိုင်ပေ၏။

လူတိုင်း ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်မှာပင်။

တံခါးဝတွင် လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာပြီး ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။

"ဝမ်မန်းမန်း မင်းလို ရင်ဘတ်လည်းမရှိ တင်ပါးလည်းမရှိတဲ့သူကို ငါက ဘယ်လိုလုပ်ပြီး စိတ်ဝင်စားနိုင်မှာလဲ"

"မင်းဘာသာမင်း အလကားလာအိပ်ပေးမယ်ဆိုရင်တောင် ငါက အိပ်မှာမဟုတ်ဘူး"

"ပြီးတော့ ငါ့ကြောင့် မင်းကိုယ်ဝန်ရသွားတယ် ဟုတ်လား"

"အိပ်မက်မက်နေလိုက်"

"နင်" ဝမ်မန်းမန်းသည် ချန်ဖုန်းကို မြင်လိုက်ရချိန်တွင် ဒေါသများ ပေါက်ကွဲထွက်လာတော့၏။

သူမ၏ မျက်လုံးများဖြင့် ချန်ဖုန်းအား စူးစိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။

"သူ့ကို အခုချက်ချင်း ဖမ်းပေး ငါ့ကို ကိုယ်ဝန်ရစေခဲ့တာ သူပဲ"

ဟွာအန်းဗျူရို အဖွဲ့ဝင်များက ချန်ဖုန်းအား သတိထား၍ တစ်ချက် ကြည့်လိုက်ပြီးနောက် ငြိမ်သက်စွာ ဆက်လက်ရပ်နေကြသည်။

ပြီးခဲ့သည့်တစ်ခေါက် ကျိုတိုတွင် ရှိနေစဉ်ကတည်းက ချန်ဖုန်းသည် စစ်ဘက်ဆိုင်ရာဌာန၏ နည်းပြချုပ်ဖြစ်ကြောင်း သူတို့ သိရှိထားပြီးဖြစ်သည်။ ‘သူ့ကို ဖမ်းရမယ် ဟုတ်လား နောက်နေတာလား’ ဟု သူတို့ တွေးလိုက်ကြ၏။

ထို့အပြင် စစ်ဘက်ဆိုင်ရာဌာန၏ အကြီးအကဲနှင့် နည်းပြချုပ်ချန်တို့သည် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်းကို သူတို့ ရှင်းလင်းစွာ မှတ်မိနေကြရာ မည်သူကများ ပြဿနာရှာရဲမည်နည်း။

"ဪ ဒါနဲ့ နေပါဦး မင်းက Weibo က ရေပန်းစားမှု နေရာကို ပိုက်ဆံပေးပြီး ဝယ်ခဲ့တာ မဟုတ်လား အခုတော့ အဲဒါကို ဖြုတ်ချလိုက်ပြီဆိုတော့ လူအများကြီး မြင်လိုက်ရမယ် မထင်ပါဘူး"

ချန်ဖုန်းက လှောင်ပြုံးပြုံးကာ ပြောဆိုလိုက်၏။

"မင်း ကိုယ့်ကိုယ်ကိုယ် သတ်သေချင်တယ်ဆိုရင်လည်း မြန်မြန်သာ လုပ်ပါ ငါက ဒီပြဇာတ်ကို ကြည့်ဖို့ပဲ လာခဲ့တာ…ခဏနေရင် ငါ နေ့လယ်စာ သွားစားဦးမှာမို့ ငါ့အချိန်တွေကို လာမဖြုန်းနဲ့"

"ရှင် ရှင်တို့အားလုံး"

ဟွာအန်းဗျူရိုမှ လူများသည် တံခါးဝတွင် ချန်ဖုန်းနှင့်အတူ ရပ်ကာ ပြဇာတ်ကြည့်နေကြသည်ကို မြင်လိုက်ရချိန်တွင် ဝမ်မန်းမန်းသည် သူတို့အား ဆက်လက်ဖျောင်းဖျရန် မကြိုးစားတော့ချေ။

သူမ၏ မျက်နှာမှာ ထိုနေရာတွင်ပင် အေးခဲသွားတော့၏။ သူမ၏ လက်ထဲရှိ ဓားကို တစ်လှည့် တံခါးဝရှိ လူအုပ်ကြီးကို တစ်လှည့် ကြည့်လိုက်မိသည်။

သူမ ဘာလုပ်ရမှန်းပင် မသိတော့ချေ။ အေးစက်သော သစ်သီးခွာဓားကို သူမ၏ လည်ပင်း၌ တေ့ထားချိန်တွင် သူမ ထိတ်လန့်နေခဲ့သည်။ အရေပြားကို မလှီးဖြတ်ရသေးမီမှာပင် သေရမည်ကို ကြောက်ရွံ့မှုများ သိသာစွာ ထွက်ပေါ်နေခဲ့ပြီ ဖြစ်၏။

‘ကိုယ့်ကိုယ်ကိုယ် သတ်သေမယ် ဟုတ်လား မဖြစ်နိုင်တာ’ ဟု သူမ တွေးလိုက်သည်။

သူမက ပြဇာတ်တစ်ပုဒ်ကိုသာ ကပြလိုခဲ့ပြီး လူတိုင်းက သူမအား လာရောက်တားဆီးကြမည်ဟု မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။

အခုကျတော့ရော သူမ အကျပ်ရိုက်သွားတော့၏။

All Chapters