← Chapters

အခန်း ၃၄၀

Vol. 34 Ch. 340

အခန်း ၃၄၀

Vol. 34 Ch. 340

အခန်း (၃၄၀) ရင်ဘတ်ဖြင့် ဘရိတ်အုပ်ခြင်း

"ချန်ဖုန်း... ငါ တကယ် တောင်းပန်ပါတယ်... ဒီလိုဖြစ်လာမယ်လို့ မသိခဲ့ဘူး..."

ကျီရွှယ်အာက ခေါင်းငုံ့ထားပြီး အနည်းငယ် တောင်းပန်ချင်စိတ် ဖြစ်နေပေ၏။

သူမ၏ အနောက်တွင်

မိခင်ဖြစ်သူ ထန်ရွှမ်ကလည်း ထွက်လာပြီး တောင်းပန်စကား ဆိုလိုက်သည်။

"မစ္စတာဝမ်နဲ့ သူ့မိသားစုက သူတို့သမီးကို အရမ်းဂရုစိုက်လွန်းလို့ ဖြစ်မယ်... အရင်တုန်းကလည်း ဆရာဝန်ယောင်ဆောင်ပြီး ငွေလိမ်သွားတဲ့လူတွေ ရှိခဲ့ဖူးတယ်လေ...မစ္စတာချန်... သူတို့ကိုယ်စား အန်တီက တောင်းပန်ပါတယ်..."

"မလိုပါဘူး..."

ချန်ဖုန်းက ခေါင်းယမ်းလိုက်၏။

"အန်တီ... ဒါက အန်တီနဲ့ ဘာမှမဆိုင်ပါဘူး... တခြားကိစ္စမရှိရင် ကျွန်တော် သွားတော့မယ်..."

"ကောင်းပါပြီ... နောက်မှ ခဏခဏ လာလည်ပါဦး..."

ထန်ရွှမ်က အပြုံးဖျော့ဖျော့လေး ပြုံးပြရင်း ပြောလိုက်သည်။

ထို့နောက်သူမက သမီးဖြစ်သူကို တွန်းလိုက်၏။

"ရွှယ်အာ... မစ္စတာချန်ကို သွားပို့လိုက်ဦးလေ..."

"ဟင်..."

ကျီရွှယ်အာက ပါးစပ်ဟသွားသည်။

သူမ တုံ့ပြန်နိုင်ခြင်း မရှိသေးခင်မှာပင် ချန်ဖုန်းက ထွက်ခွာသွားခဲ့ချေပြီ။

"ညည်းဟယ်... ညည်း..."

မိခင်ဖြစ်သူ ထန်ရွှမ်က သူမ၏ခေါင်းကို စိတ်ပျက်လက်ပျက်ဖြင့် ပုတ်လိုက်၏။

"ဘယ်လောက်ကောင်းတဲ့ အခွင့်အရေးလဲ... ဘာလို့ ဆုပ်မကိုင်ထားရတာလဲ...သူက ရုပ်လည်းချောတယ်... ကုမ္ပဏီတွေလည်း အများကြီး ပိုင်တယ်...သူ့ရဲ့ အသားတင်ကြွယ်ဝမှုကလည်း အတော်လေး မြင့်တယ်..."

"ညည်းတို့နှစ်ယောက်က လိုက်ဖက်ပါတယ်...ချန်ဖုန်းက ဟိုသခင်လေး နန်ကုန်းရိထက် အများကြီး ပိုကောင်းတယ်လို့ ထင်တယ်..."

တဖြည်းဖြည်း ပျောက်ကွယ်သွားသော ကျောပြင်ကို ကြည့်ရင်း ကျီရွှယ်အာက ရှုပ်ထွေးသော အမူအရာဖြင့် ပြောလိုက်သည်။

"အမေ... ချန်ဖုန်းက တကယ်ကို ထူးချွန်ပါတယ်... ဒါပေမဲ့ သမီးတို့အတွက်ကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး..."

"စစ်ဘက်ဆိုင်ရာဌာနက စစ်သေနာပတိနဲ့ သူက စေ့စပ်ထားတာဆိုတာ အမေ သိလား...သမီးတို့ ကျီမိသားစုမှာ ချမ်းသာကြွယ်ဝတဲ့ သမိုင်းကြောင်းရှိတာမှန်ပါတယ်…ကြီးမားပြီး ကြီးပွားတိုးတက်နေတဲ့ မိသားစုတစ်ခုပေါ့..."

"ဒါပေမဲ့ သမီးက စစ်သေနာပတိ ရှန်ကွမ်ယွဲ့နဲ့ နှိုင်းယှဉ်လို့ရပါ့မလား..."

"ဟင်..."

ထန်ရွှမ်လည်း အလွန်အံ့အားသင့်သွားရပေသည်။

သူမသိထားသည်မှာ ချန်ဖုန်း၏ နောက်ခံအမည်မှာ ရိုးရှင်းမှုမရှိကြောင်းကိုသာ ဖြစ်၏။

သို့သော်လည်း အသေးစိတ်အချက်အလက်များကိုတော့ ရှင်းရှင်းလင်းလင်း မသိရချေ။ အဘယ်ကြောင့်ဆိုသော် မိသားစုခေါင်းဆောင် ကျီဝူပါက ကျီမိသားစုဝင်များကို အရာအားလုံး ထုတ်ဖော်ပြောပြမည် မဟုတ်သောကြောင့် ဖြစ်ပေသည်။

...

ဗီလာထဲမှ ထွက်လာသည်နှင့် ချန်ဖုန်းထံသို့ ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာခဲ့သည်။

ဒေါ်လေးဖြစ်သူ အိုယန်နာလန် ထံမှ ခေါ်ဆိုခြင်းပင်။

"ရှောင်ဖုန်း... မင်းအမေနဲ့ပတ်သက်တဲ့ သဲလွန်စတစ်ခု ရပြီ..."

ထိုစကားကို ကြားလိုက်ရချိန်တွင်။

သူ လန့်ဖျပ်သွား၏။

"ဘယ်မှာလဲ..."

"ဆာကူရာနိုင်ငံမှာ... ဒေါ်လေး ဒီမှာ သဲလွန်စတချို့ တွေ့ထားတယ်... မင်းအမေကို မတွေ့သေးပေမဲ့ ဒီသဲလွန်စကို လိုက်ရှာလို့ ရတယ်..."

"ဒေါ်လေးရဲ့ တည်နေရာ ပို့ပေးပါ... ကျွန်တော် အခုချက်ချင်း လာခဲ့မယ်..."

ချန်ဖုန်းက စကားတစ်ခွန်းမျှ မဆိုတော့ဘဲ လေဆိပ်သို့ တိုက်ရိုက် ဦးတည်သွားလေတော့သည်။

သူ၏ ဒေါ်လေး၏ စွမ်းရည်များမှာ အလွန်အားနည်းလှ၏။ အကယ်၍ အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရပါက အချိန်မီ ထွက်ပြေးလွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။ သူကိုယ်တိုင် ထိုနေရာသို့ သွားရပေမည်။

ချန်ဖုန်း အလွန်လည်း စိတ်လှုပ်ရှားနေခဲ့၏။

အနှစ် ၂၀ ကျော်…နောက်ဆုံးတော့ မိခင်ရင်းကို သူ တွေ့ခွင့်ရတော့မည်။

ချန်ဖုန်ူတွင် သံသယများပင် ရှိနေသေးသည်။

နယ်စပ်စစ်ပွဲအတွင်းတုန်းက ပေ့ကုန်းမိသားစုနှင့် ထိုဧကရာဇ်အဆင့် ကျွမ်းကျင်သူ ဆယ်ဦးတို့သည် မိခင်ဖြစ်သူမှ လှုပ်ရှားခြင်း ဖြစ်ရန် အလွန်ပင် ဖြစ်နိုင်ချေရှိပေသည်။

သူသည် အိုယန်မိသားစုပိုင် BMW ကားကို မောင်းနှင်နေရင်း ရုတ်တရက် လီဗာကို နင်းချလိုက်သည်။

ကားလေးမှာ မြှားတစ်စင်းကဲ့သို့ ပစ်ထွက်သွားလေ၏။

နာရီဝက်ခန့် အကြာတွင်။

နောက်ဆုံးတော့ လေဆိပ်ကို ရောက်ရှိလာခဲ့ပြီ။

ထို့နောက် ချန်ဖုန်းက မျက်နှာတစ်ထောင်မြေခွေး နှင့် အခြားသူများကို ဖုန်းဆက်ကာ ဆာကူရာနိုင်ငံသို့ လိုက်လာရန် ညွှန်ကြားလိုက်သည်။

လေဆိပ်ထဲသို့ သူ ဝင်ရောက်သွားချိန်မှာပင်။

ကူရာကီယုနှင့် မိကမိ ယုအာ တို့ကလည်း လေဆိပ်ထဲမှ ထွက်လာကြပြီး ဆာကူရာနိုင်ငံ၏ ရိုးရာဝတ်စုံများကို ဝတ်ဆင်ထားဆဲပင် ဖြစ်၏။

၎င်းတို့က အလွန်သိသာထင်ရှားလှပေသည်။

ပေါ်လာသည်နှင့်တပြိုင်နက် လူအုပ်ကြီး၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။

မကြာသေးမီက စစ်တုရင် (ဂို) စွမ်းရည်များ ဖလှယ်ရန် ဟွာရှနိုင်ငံသို့ ကူရာကီယု လာရောက်မည့်သတင်းသည် တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး မီဒီယာတချို့က ပထမလက်သတင်းအချက်အလက်များ ရရှိရန် မျှော်လင့်ချက်ဖြင့် လေဆိပ်တွင် နေ့စဉ် နေရာယူထားကြပေသည်။

ကူရာကီယု ပေါ်လာသည်ကို မြင်လိုက်ရသည်နှင့် သူတို့က ချက်ချင်း ဝိုင်းအုံသွားကြ၏။

"ကျွန်တော် အင်တာဗျူးချင်ပါတယ်..."

"မစ္စတာကူရာကီ... ဒီတစ်ခါ ဟွာရှနိုင်ငံမှာ ဂိုကစားဖို့ ဘယ်လောက်အထိ ယုံကြည်မှု ရှိပါသလဲ..."

"မစ္စတာကူရာကီ... ခင်ဗျားက နတ်ဘုရားတွေရဲ့ ရွှေ့ကွက် နဲ့ ခြေတစ်လှမ်းပဲ ကွာတော့တယ်လို့ ကြားတယ်... အဲဒါ ဟုတ်ပါသလား..."

"မစ္စတာကူရာကီ... ခင်ဗျားဘေးက လှပတဲ့ အမျိုးသမီးလေးက ခင်ဗျားရဲ့ အရိုက်အရာ ဆက်ခံသူလား... သူမရဲ့ ဂိုစွမ်းရည်က ဘယ်လောက်ကောင်းလဲ..."

"သူမ နာမည်က မိကမိယုအာ လို့ ကြားတယ်... သူက လူကြီးရုပ်ရှင်တွေမှာ သရုပ်ဆောင်တဲ့သူနဲ့ တစ်ယောက်တည်းပဲလား..."

…

ကူရာကီယု၏ ခေါင်းမှာ မေးခွန်းများအားလုံးကို နားထောင်ရင်း တဝီဝီ မြည်လာရပေသည်။

ဘေးတွင် ရပ်နေသော မိကမိယုအာမှာလည်း အတော်လေး အကြည့်ရဆိုးနေ၏။

သူမက ဘယ်တုန်းက လူကြီးရုပ်ရှင်မှာ သရုပ်ဆောင်ဖူးလို့လဲ။ နာမည်တူနေတာ သက်သက်ပါပဲ။

သူမနဲ့ တစ်ယောက်ချင်း ဂိုကစားလို့ ရမလား၊ တစ်ညလုံး ကြာတဲ့ကစားပွဲမျိုးလားလို့ တစ်ယောက်ယောက်က မေးတာကိုတောင် သူမ ကြားလိုက်ရသေးသည်။

‘တောက် ငါ ဟွာရှစကား နားမလည်ဘူးလို့ တကယ် ထင်နေကြတာလား’ ဟု တွေးရင်း သူမ ဒေါသထွက်လာတော့၏။

ကူရာကီယုကလည်း ဟွာရှစကားကို အလွန် ကျွမ်းကျင်စွာ ပြောတတ်ပေသည်။

အလွန်ဟန်လုပ်သော လေသံဖြင့် သူက ပြောလိုက်သည်။

"ဟွာရှယဉ်ကျေးမှုက သမိုင်းကြောင်း ရှည်လျားပြီး ဝိချီ (ဂို) က လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ပေါ်ပေါက်ခဲ့တာလို့ ငါ ကြားဖူးတာ ကြာပြီ..."

"ငါ... ကူရာကီယုက ဂိုကို အနှစ်လေးဆယ်ကျော်ကြာ လေ့လာခဲ့ပြီး ဟွာရှနိုင်ငံက ဆရာသခင်တွေနဲ့ စွမ်းရည်ဖလှယ်ချင်တယ်..."

"ဒီနေ့ ငါ ကျိုတိုမှာ စိန်ခေါ်မှုတစ်ခု စီစဉ်ထားတယ်... အရည်အချင်းပြည့်မီတဲ့ ဘယ်ကစားသမားမဆို ဝင်ပြိုင်လို့ရတယ်..."

"ဘယ်သူမဆို ငါ့ကို စိန်ခေါ်လို့ ရတယ်...ငါ့မှာ ရည်ရွယ်ချက် တစ်ခုတည်းပဲ ရှိတယ်...အဲဒါက မင်းတို့အားလုံးကို အပြတ်အသတ် အသာစီးရယူပြီး ချေမှုန်းပစ်ဖို့ပဲ..."

"ငါ၊ ကူရာကီယုက အငြင်းပွားစရာမရှိတဲ့ ဂိုသူတော်စင် ဖြစ်တယ်ဆိုတာကို တစ်ကမ္ဘာလုံးကို သက်သေပြချင်တယ်…

ကံမကောင်းတာက...ဟွာရှနိုင်ငံက ငါ့ရဲ့ ခြေနင်းတုံးအဖြစ်ပဲ အသုံးဝင်နိုင်တယ်..."

ထိုစကားများကို ပြောလိုက်ပြီးနောက်။

လူအုပ်ကြီးကြားမှ အသက်ရှူမှားသံများ ထွက်ပေါ်လာခဲ့၏။

ကူရာကီယုက အလွန်ယဉ်ကျေးပုံရပေသည်။

ဒါပေမဲ့ တစ်ဖက်လူ ပြောလိုက်တဲ့စကားက အလွန် ရန်လိုလွန်းလှပါတယ်။

မောက်မာလိုက်တာ။

လွှမ်းမိုးချင်လွန်းတယ်။

ဒေါသထွက်စရာကောင်းလိုက်တာ။

အခင်းဖြစ်ပွားရာနေရာရှိ လူတချို့ဆိုလျှင် ပြေးသွားပြီး သူ့ကို ထိုးကြိတ်ချင်စိတ်ပင် ပေါက်သွားကြ၏။

သို့သော်လည်း ကူရာကီယုနှင့် မိကမိယုအာတို့ ရောက်လာချိန်တွင် ကိုယ်ရံတော်ဆယ်ဦးက အတူပါလာခဲ့သည်။

ထိုကိုယ်ရံတော်များကို ဆာကူရာနိုင်ငံ၏ အထက်လူကြီးများက စီစဉ်ပေးခဲ့ခြင်း ဖြစ်၏။

သူတို့အားလုံးက အလွန်သန်မာကြသည်။

လူအများစုက အနားကိုပင် မကပ်ရဲကြချေ။

ကူရာကီယု၏ စကားများမှာလည်း ကြိုတင်စီစဉ်ထားပုံရပေသည်။

စကားလုံးတိုင်းကို ပြီးပြည့်စုံစွာ အသုံးပြုခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်တွင် ချက်ချင်းပင် လူကြိုက်များသွားစေခဲ့၏။

ဤအင်တာဗျူးတချို့ကို တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

တချို့က Douyin (TikTok) တိုက်ရိုက်ထုတ်လွှင့်မှုကိုပင် အသုံးပြုကြပြီး သူတို့၏ ကြည့်ရှုသူအရေအတွက်မှာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားခဲ့၏။

၎င်း၏ နာမည်ကြီးမှုမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး "Wolf Warrior 3 (ဝံပုလွေစစ်သည် ၃)" ရုပ်ရှင်၏ နာမည်ကြီးမှုကိုပင် ကျော်လွန်သွားမည့် လက္ခဏာများ ပြသနေပေသည်။

"သောက်ကျိုးနည်း... ဒီအဘိုးကြီးက တကယ်ကို ကောက်ကျစ်တာပဲ... ဒီလို လူသိရှင်ကြားဖြစ်အောင် လုပ်တဲ့နည်းလမ်းမျိုးကို အသုံးပြုချင်နေတာကိုး..."

"ဟွန့်... ဟွာရှနိုင်ငံကို ခြေနင်းတုံးအဖြစ် အသုံးပြုလို့ရမယ် ထင်နေတာလား... အိပ်မက်မက်နေလိုက်..."

"ကူရာကီယုက ဒီနည်းလမ်းကိုသုံးပြီး ဂိုသူတော်စင်ကြီး ဖန် ကို ထွက်လာအောင် လုပ်ဖို့ ကြိုးစားနေတာလို့ ငါ ထင်တယ်..."

"ဟုတ်တယ်... အဘိုးကြီးဖန်က အတော်လေး အသက်ကြီးနေပြီဆိုတော့ ဒီလိုပြိုင်ပွဲမျိုးတွေမှာ ဝင်ပြိုင်လေ့ သိပ်မရှိတော့ဘူး..."

ကူရာကီယု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲအားလုံးတွင် သူ တစ်ကြိမ်တစ်ခါမျှ မရင်ဆိုင်ဖူးသော တစ်ဦးတည်းသော ပြိုင်ဘက်မှာ အဘိုးကြီးဖန် ပင် ဖြစ်ပေသည်။

"အဘိုးကြီးဖန် ဝင်မစွက်ဖက်ရင်တောင် ဂိုအသင်းဥက္ကဋ္ဌက သူ့ကို အနိုင်ယူနိုင်လိမ့်မယ်လို့ ငါ ထင်တယ်..."

"သူ့ရဲ့ မောက်မာမှုကို ငါတို့ ချိုးနှိမ်ပစ်ရမယ်..."

"ဟုတ်တယ်... သူ့ကို ငါ သဘောမကျဘူး..."

...

ကူရာကီယုက အခင်းဖြစ်ပွားရာနေရာနှင့် အွန်လိုင်းနှစ်ခုလုံးမှ လူများ၏ ရှုတ်ချမှုများကို လုံးဝ လျစ်လျူရှုထားခဲ့၏။

‘မင်းတို့ မပျော်ရင်ရော ဘာဖြစ်လဲ။

ငါ့ကို လာကိုက်လို့ ရလို့လား’

ဒီကိစ္စကို တတ်နိုင်သမျှ ကြီးကျယ်အောင် သူ လုပ်ချင်နေခြင်း ဖြစ်သည်။

‘ဒီ ဝိချီ (ဂို) ပြိုင်ပွဲကို လူတိုင်းရဲ့ အာရုံစိုက်မှု ရလာအောင် ငါတို့ လုပ်ရမယ်’ ဟု သူတွေးတောလိုက်သည်။

ထိုစဉ်မှာပင် သဟဇာတမဖြစ်သော အသံတစ်သံ ထွက်ပေါ်လာခဲ့၏။

"ဖယ်ကြ... ဖယ်ကြ... လမ်းမပိတ်ကြနဲ့..."

ချန်ဖုန်းက လေဆိပ်ထဲသို့ ကမန်းကတန်း လျှောက်ဝင်လာခဲ့သည်။

သူ့ပတ်လည်တွင် ပြည့်နှက်နေသော လူအုပ်ကြီးကို မြင်လိုက်ရသဖြင့် သူ၏ အင်္ကျီလက်စများကို ခေါက်တင်ကာ လူများကို စတင် တွန်းဖယ်လိုက်၏။

တချို့ကိုတော့ ဖယ်ရှားပစ်ဖို့ မဖြစ်နိုင်ပါဘူး။

အဲ့တော့လည်း မျက်နှာကို ဖြတ်ရိုက်လိုက်ရုံပဲ။

"ဖြန်း..."

ရုတ်တရက် ပါးရိုက်သံတစ်ချက် ထွက်ပေါ်လာခဲ့သည်။

ကူရာကီယု တုံ့ပြန်နိုင်ခြင်း မရှိသေးခင်မှာပင် ပါးရိုက်ခံလိုက်ရသဖြင့် လွင့်စင်သွားခဲ့၏။

သူ၏ ရင်ဘတ်ဖြင့် မှောက်လျက်သား ရှေ့သို့ အရှိန်ကို မတန့်ခင် မီတာဆယ်ကျော်လောက် ရှေ့ကို လျှောတိုက်သွားခဲ့ပေသည်။

ထို့နောက် ရင်ဘတ်ဖြင့် ဘရိတ်အုပ်မှု အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ချေပြီ။

တစ်ဖက်တွင် ပါးရိုက်ခံလိုက်ရသော ကီရာကီယု မှာလည်း လုံးဝ ကြက်သေသေသွားခဲ့၏။

"ငါ ဘယ်လိုလုပ် ဒီကို လွင့်လာတာလဲ..."

All Chapters