← Chapters

အခန်း ၁၀၈၉

Vol. 73 Ch. 1089

အခန်း ၁၀၈၉

Vol. 73 Ch. 1089

အခန်း (၁၀၈၉) ကောင်းကင်ဘုံမိစ္ဆာ ပြန်ပေါ်လာခြင်း။ မိစ္ဆာမျိုးနွယ်စုတို့၏ ဘုရင်။ (၂)

ကောင်းကင်ယံတွင် အပိုင်းပိုင်း ပြတ်ထွက်သွားခဲ့သော ခုန်ကျစ်၏ ခန္ဓာကိုယ်မှာ အချိန်ကို နောက်ပြန်လှည့်လိုက်သကဲ့သို့ လျင်မြန်စွာ ပြန်လည် ပေါင်းစပ်သွားပြီး သူ၏ ဒဏ်ရာများမှာလည်း အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားသည်။

"အောက်တန်းကျတဲ့ သတ္တဝါ... မင်း ငါ့ကို ဒေါသထွက်အောင် လုပ်လိုက်ပြီ။ ငါ မင်းကို အရှင်လတ်လတ် ဝါးမြိုပစ်မယ်။"

ခုန်ကျစ်၏ မျက်လုံးများမှာ သွေးကဲ့သို့ နီရဲနေပြီး ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။

ခုန်ကျစ်၏ ခန္ဓာကိုယ် တစ်ခုလုံးကို အနက်ရောင် စွမ်းအင်များ လွှမ်းခြုံထားသဖြင့် ကောင်းကင်ယံမှာ မှောင်မိုက်သွားပြီး တိမ်တိုက်များ ဖုံးအုပ်ကာ လျှပ်စီးများပင် လက်လာတော့သည်။

"ဒီအရှိန်အဝါ... သူက မိစ္ဆာသားရဲတစ်ကောင်ပဲ။"

ရွမ်းကျန့်၏ မျက်ခုံးများမှာ အနည်းငယ် တွန့်ချိုးသွားပြီး မယုံကြည်နိုင်ဖြစ်နေသည်။ ရွမ်းကျန့်၏ တိုက်ခိုက်မှုကြောင့် အပိုင်းပိုင်း ဖြစ်သွားခဲ့သော်လည်း ခုန်ကျစ်မှာ မျက်စိတစ်မှိတ်အတွင်း မူလအတိုင်း ပြန်ဖြစ်သွားခဲ့သည်။

ထို့ပြင် ခုန်ကျစ်ထံမှ ထွက်ပေါ်လာသော ယုတ်ညံ့ပြီး ပရမ်းပတာ ဖြစ်နေသည့် အရှိန်အဝါအရ သူသည် လူသားမဟုတ်ဘဲ မိစ္ဆာသားရဲတစ်ကောင် ဖြစ်ကြောင်း ထင်ရှားနေသည်။

"တကယ်ကို မိစ္ဆာသားရဲတစ်ကောင်ပါလား" စူးချန်ခုန်းသည် သူ၏ ရှေ့တွင် ဖြစ်ပျက်နေသည်ကို ကြည့်ရင်း အလေးအနက် ရှိလာသည်။ သို့သော် ဤအချက်မှာ သူ့အတွက် လုံးဝ မမျှော်လင့်ထားသည့် အရာမျိုးတော့ မဟုတ်ပေ။

ယခင်ကတည်းက စူးချန်ခုန်းသည် ခုန်ကျစ်၏ အရှိန်အဝါမှာ ထူးခြားကြောင်း ခံစားမိခဲ့ပြီး ခုန်ကျစ်ကိုယ်တိုင်ကလည်း စူးချန်ခုန်း၏ တည်ရှိမှုကို ခံစားမိပုံရသည်။ သူတို့ နှစ်ဦးစလုံး အပြန်အလှန် ခံစားမိခြင်းကြောင့် စူးချန်ခုန်းသည် သူ၏ အထောက်အထားကို ဝိုးတဝါး ခန့်မှန်းမိခဲ့သည်။

ခုန်ကျစ်မှာ အမှန်တကယ်ပင် မိစ္ဆာသားရဲတစ်ကောင်ဖြစ်ပြီး အလွန် ကြောက်မက်ဖွယ်ကောင်းသော အစွမ်းရှိသည်။ ယခင်က တွေ့ခဲ့ဖူးသော မြွေနဂါးထက်ပင် အဆပေါင်းများစွာ သာလွန်ကာ မိစ္ဆာသားရဲများထဲတွင် ဘုရင်တစ်ပါး ဖြစ်နိုင်ဖွယ်ရှိသည်။

"ဂျောက် ဂျွတ် ဂျွတ်"

ခုန်ကျစ်၏ အရိုးများမှာ ပေါက်ကွဲသံများနှင့်အတူ အသံထွက်လာပြီး သူ၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ ကြီးထွားလာကာ ဝတ်ဆင်ထားသည့် အဝတ်အစားများပင် စုတ်ပြတ်သွားသည်။ သူ၏ အရေပြားပေါ်တွင် မာကျောသော အစိမ်းရောင် အကြေးခွံများ ပေါက်လာပြီး ခေါင်းမှာလည်း ပုတ်သင်ညို သို့မဟုတ် ဒိုင်နိုဆော ခေါင်းကဲ့သို့ ကြီးမားလာကာ ကျောဘက်တွင်လည်း ကြောက်မက်ဖွယ်ကောင်းသော ဆူးများ ပေါက်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ခုန်ကျစ်သည် သူ၏ စစ်မှန်သော မိစ္ဆာသားရဲပုံစံကို ဖော်ထုတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ကောင်းကင်ကိုပင် မှောင်မိုက်သွားစေနိုင်သော မိစ္ဆာစွမ်းအင်များဖြင့် လွှမ်းခြုံထားပြီး သူ၏ အသက်ရှူသံကပင် မုန်တိုင်းများကို ဖိတ်ခေါ်နိုင်စွမ်းရှိသည်။ သူ၏ အကြည့်မှာ အရိုးထဲအထိ စိမ့်ဝင်သွားစေသည်။

"မိစ္ဆာသားရဲ... ဒါက မိစ္ဆာသားရဲတစ်ကောင်လား။ ဒီမိစ္ဆာသားရဲက ငါတို့ရှေ့မှာတင် ဒီလောက်တောင် ရဲရဲတင်းတင်း ပေါ်လာရဲတာလား။"

"သူက မဟာဝိညာဉ်သွေးကြောကြီးကို လုယူဖို့ လာတာလား။ မိစ္ဆာသားရဲတွေကလည်း မဟာဝိညာဉ်သွေးကြောတွေကို စိတ်ဝင်စားကြတာလား။"

ခုန်ကျစ်သည် သူ၏သရုပ်မှတ်ကို ဖော်ထုတ်လိုက်သည့်အခါ တက်ရောက်လာသော သိုင်းဝိဇ္ဇာသူတော်စင် အများစုမှာ မယုံကြည်နိုင် ဖြစ်သွားကြသော်လည်း အမှန်တရားကို ချက်ချင်း သဘောပေါက်သွားကြသည်။

ရှေးဟောင်းနိုင်ငံတော်တွင် ဤမျှ အစွမ်းထက်သည့် ပုဂ္ဂိုလ်မျိုးကို ဘာကြောင့် မကြားဖူးရသလဲဆိုသည်မှာ သူသည် လူသားမဟုတ်ဘဲ မိစ္ဆာသားရဲတစ်ကောင် ဖြစ်နေသောကြောင့်ပင်။

ဤမိစ္ဆာသားရဲမှာ အလွန်ပင် ရဲတင်းလွန်းလှပြီး မဟာဝိညာဉ်သွေးကြောကြီးအတွက် သူတို့နှင့် ယှဉ်ပြိုင်ရန် ဤနေရာသို့ လာရောက်ခြင်းဖြစ်သည်။

ခုန်ကျစ်သည် သူ၏ ဧရာမ မိစ္ဆာသားရဲခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်သည်။ သူ၏ မျက်နှာမှာ အေးစက်ပြီး ကြမ်းတမ်းနေသည်။ သူသည် မဟာဝိညာဉ်သွေးကြောကြီးကို တိတ်တဆိတ် ယူဆောင်သွားပြီး သူ၏ တာဝန်ကို ပြီးမြောက်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ရောက်ရှိနေသူများထဲတွင် ရွမ်းကျန့်မှာ မဟာနတ်ဘုရားမျိုးစေ့ကို ပိုင်ဆိုင်ထားသဖြင့် သူ၏ စစ်မှန်သော ပုံစံကို ဖော်ထုတ်ရန် အတင်းအကျပ် ဖြစ်လာစေခဲ့သည်။

ခုန်ကျစ်၏ သွေးနီရောင် မျက်လုံးများက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ထိုအကြည့်နှင့် ဆုံမိသည့် သိုင်းဝိဇ္ဇာသူတော်စင်များမှာ တုန်ယင်သွားကြသည်။

ရွမ်းကျန့်၏ အမူအရာမှာ အလွန် အလေးအနက် ဖြစ်သွားပြီး "အားလုံးပဲ၊ အတူတူ တိုက်ခိုက်ပြီး ဒီမိစ္ဆာသားရဲကို သတ်ကြရအောင်။ သူတို့ကို ငါတို့ရှေ့မှာ လွတ်လွတ်လပ်လပ် ဖျက်ဆီးခွင့် မပေးနိုင်ဘူး။" ဟု အော်ပြောလိုက်သည်။

ယခင်က ခုန်ကျစ်၏ သရုပ်မှန်ကို မသိရှိသဖြင့် သူတို့မှာ ကြောက်ရွံ့ကာ ဘေးမှသာ ကြည့်နေခဲ့ကြသည်။ သို့သော် ယခုအခါ ခုန်ကျစ်မှာ မိစ္ဆာသားရဲတစ်ကောင် ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် အခြေအနေမှာ လုံးဝ ပြောင်းလဲသွားသည်။

"သောက်မိစ္ဆာသားရဲ… သူတို့က ကျူးကျော်သူတွေပဲ၊ တစ်ကောင်စီတိုင်းမှာ သွေးကြွေးတွေ အများကြီး ရှိကြတယ်။ ဘာကြောင့်များ ဒီလောက်တောင် ရဲရဲဝံ့ဝံ့ ပေါ်လာရဲတာလဲ။ ဒီနေ့တော့ သူတို့ကို အမြစ်ပြတ် ချေမှုန်းရမယ်။"

ရောက်ရှိနေသော လူသား သိုင်းဝိဇ္ဇာသူတော်စင် အများစုမှာ ဒေါသတကြီး ကြည့်နေကြသည်။ မိစ္ဆာနတ်ဆိုးများသည် ရှေးအခါကတည်းက လူသားများ၏ ရန်သူတော်များ ဖြစ်ပြီး ပရမ်းပတာ ဖြစ်ရပ်များကို ဖျက်ဆီးသူများ ဖြစ်သည်။

ရှေးဟောင်းနိုင်ငံတော် မတည်ထောင်မီ ရှေးခေတ်ကာလများတွင် ရှေးဟောင်းသူတော်စင်ကိုးပါးသည် မိစ္ဆာနတ်ဆိုးများကို တိုက်ခိုက်ရန် လူသားစစ်တပ်ကြီးကို ဦးဆောင်ခဲ့ကြသည်။

ဤမိစ္ဆာနတ်ဆိုးမှာ ယခုမှ ပေါ်လာပြီး သူတို့ဘက်မှ သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦးကိုပင် သတ်ဖြတ်သွားခဲ့သည်။ သူတို့သည် ယခုအခါ ဘုံရန်သူကို တိုက်ခိုက်ရန် စည်းလုံးရတော့မည် ဖြစ်ပြီး မဟာဝိညာဉ်သွေးကြောကြီးကို မည်သူရသွားသည်ဖြစ်စေ မိစ္ဆာနတ်ဆိုးများ လက်ထဲသို့မူ လုံးဝ ကျရောက်စေ၍ မဖြစ်ပေ။

"သူ့ကို သတ်"

ရွမ်းကျန့်က အော်ပြောလိုက်ပြီး ဦးဆုံး တိုက်ခိုက်သည်။ ရွှေရောင်အလင်းတန်းများ တောက်လောင်နေသော သူ၏ လက်သီးချက်မှာ လေထုနှင့် ပွတ်တိုက်မိကာ မီးတောက်များ ထွက်ပေါ်လာပြီး ခုန်ကျစ်ဆီသို့ တိုးဝင်သွားသည်။

တစ်ချိန်တည်းမှာပင် မိစ္ဆာစားရဲများကို မုန်းတီးသော အခြားသော သိုင်းဝိဇ္ဇာသူတော်စင်များ၊ နတ်ဘုရား ခန္ဓာကိုယ်နှင့် နတ်ဘုရားစွမ်းရည် ပိုင်ဆိုင်သူများကလည်း တိုက်ခိုက်လာကြသည်။ ကြီးမားသော နတ်ဘုရားစွမ်းရည်များ စုစည်းမိကာ ခုန်ကျစ်ကို ပိတ်ဆို့ထားသည့် ပြင်းထန်သော ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။ သိုင်းဝိဇ္ဇာသူတော်စင်များ၏ ပူးပေါင်း တိုက်ခိုက်မှုမှာ ကပ်ဘေးတစ်ခုနှင့်ပင် တူညီလှသည်။

"ဘုန်း"

ခုန်ကျစ်ရှိနေသော ဟင်းလင်းပြင်မှာ တိုက်ခိုက်မှုများကြောင့် ပျက်စီးသွားပြီး အဖျက်စွမ်းအားများမှာ ကပ်ဘေးကဲ့သို့ အရပ်မျက်နှာ အသီးသီးသို့ ပြန့်နှံ့သွားသည်။

"သူ သေသွားပြီလား။"

လူအများ၏ မျက်နှာများမှာ တင်းမာနေပြီး ပူးပေါင်း တိုက်ခိုက်မှုကြောင့် မိစ္ဆာသားရဲကို ချေမှုန်းနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

"သတိထား။"

သို့သော် တစ်စုံတစ်ယောက်က သတိပေးလိုက်သည်။ ခုန်ကျစ်၏ အနှစ်သာရမှာ ပျောက်ကွယ်မသွားသေးကြောင်း ခံစားလိုက်ရသည်။ တကယ်ပင် ပရမ်းပတာ ဖြစ်ရပ်များ ငြိမ်သက်သွားသောအခါ ခုန်ကျစ်၏ ကြီးမားသော မိစ္ဆာသားရဲခန္ဓာကိုယ်မှာ ဟင်းလင်းပြင်တွင် မတ်မတ်ရပ်နေဆဲဖြစ်ပြီး မည်သည့် ထိခိုက်မှုမျှ မရှိသေးပေ။

"မိစ္ဆာသားရဲကောင်... သူတို့မှာ မသေနိုင်တဲ့ ခန္ဓာကိုယ် ရှိတယ်။ ဒါကြောင့် သတ်ဖို့ အရမ်း ခက်ခဲတယ်။"

တစ်စုံတစ်ယောက်က လေးနက်စွာ ပြောလိုက်သည်။ အထူးသဖြင့် ခုန်ကျစ်သည် ဟင်းလင်းပြင်နှင့် ပတ်သက်သည့် နတ်ဘုရားစွမ်းရည်တွင် ထူးချွန်ပြီး တိုက်ခိုက်မှုများကို ဟင်းလင်းပြင်ထဲသို့ လမ်းကြောင်းလွှဲနိုင်သဖြင့် သူ့ကို သတ်ရန် ပိုမို ခက်ခဲနေသည်။

"ညီလေးစူး... ကျေးဇူးပြုပြီး တိုက်ခိုက်ပေးပါ။ ဒီမိစ္ဆာသားရဲက အစ်ကိုတို့ရဲ့ ဘုံရန်သူပဲ။"

ထိုအချိန်တွင် စူးချန်ခုန်း၏ နားထဲသို့ အသံတစ်ခု ရောက်လာသည်။ ရွမ်းကျန့်က သူ့အား အကူအညီ တောင်းခံလိုက်ခြင်းဖြစ်သည်။

စူးချန်ခုန်းသည် ရွမ်းကျန့်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ စူးချန်ခုန်းမှာ ရှေးဟောင်းနိုင်ငံတော်တွင် ယခင်က မကျော်ကြားသော်လည်း မကြာသေးမီက မြောင့်မင်နှင့် အခြားသူများကို အနိုင်ယူခဲ့သဖြင့် အလွန် ကျော်ကြားနေပြီဖြစ်သည်။

ကျန်းမိသားစုမှ ဤဧည့်သည်တော် အကြီးအကဲမှာ အလွန် အစွမ်းထက်ကြောင်း၊ အထူးသဖြင့် မြောင့်မင်ကို တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်ခဲ့သည့် သူ၏ ကြောက်မက်ဖွယ်ကောင်းသော မူလဝိညာဉ် ရှိကြောင်း လူတိုင်း သိရှိထားကြသည်။

All Chapters