← Chapters

ငါ့ကိုမကောင်းကြံတဲ့သူတွေက အဆုံးသတ်မလှတတ်ဘူး

Vol. 37 Ch. 515

ငါ့ကိုမကောင်းကြံတဲ့သူတွေက အဆုံးသတ်မလှတတ်ဘူး

Vol. 37 Ch. 515

အခန်း (၅၁၅) ငါ့ကိုမကောင်းကြံတဲ့သူတွေက အဆုံးသတ်မလှတတ်ဘူး

ပင်လယ်ပြင်အဝေးတစ်နေရာမှ ပြင်းထန်သော စွမ်းအားအတက်အကျများက ရန်ကျောက်ကဲနှင့် အခြားသူများဆီသို့ လျှင်မြန်စွာ ချဉ်းကပ်လာသည်။

တစ်ချိန်တည်းမှာပင် ကြီးကျယ်ခမ်းနားသောအရှိန်အဟုန်က နီးကပ်လာပြီး ထိုသူမည်သူဖြစ်ကြောင်း အာရုံခံမိကြသည့်အခါ လူအများမှာ စကားမပြောနိုင်လောက်အောင် ဆွံ့အသွားကြသည်။

ဖူအန်းစုက ရန်ကျောက်ကဲကို လှမ်းကြည့်တော့ သူက ပုံမှန်အတိုင်းပင် ခေါင်းတစ်ချက်ညိတ်ရင်း...

“အဲဒါ ကျွန်တော် စောစောကပြောတဲ့ ကြံ့ဝိညာဉ်ကျွန်းက ကျွန်းသခင်ပဲ ၊ အရင်ကတော့ သူ့နာမည်ကို ကျွန်တော် မသိပါဘူး ၊ နောက်ပိုင်း ဟိုဟိုဒီဒီ မေးမြန်းကြည့်တော့ သူ့ကို “ဝိညာဉ်အလင်းသခင်” လို့ ခေါ်ကြတယ်လို့ သိရတယ်”

သူက ဆက်ပြောသည်။

“အဲဒီလူက အရမ်းမြန်တယ် ၊ ဗလာနယ်ကိုဖြတ်ကျော်ခရီးသွားတာထက် နှေးပေမယ့် အလင်းအလျှင်နီးပါး သွားလာနိုင်တယ် ၊ ပတ်ဝန်းကျင်လေထုတည်ရှိမှုကိုတောင် သူက လျစ်လျူရှုပြီး လှုပ်ရှားနိုင်စွမ်းရှိတယ်”

ထိုစကားကိုကြားတော့ ဖူအန်းစု မျက်မှောင်ကြုတ်လိုက်သည်။

ရိုးရှင်းစွာဆိုရသော ထိုမျှလျှင်မြန်သော သိုင်းပညာမျိုးကို သူမဘဝတွင် တစ်ခါမှ မသိရှိခဲ့ဖူးပေ။

အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ကောင်းကင်မိုးကြိုးခန်းမနှင့် ယခင်ကတည်ရှိခဲ့သော အနက်ရောင်အိပ်မက်ဆိုးတောင်တို့က လျှင်မြန်မှုကိုအလေးပေးသော သိုင်းပညာများကို ကျင့်ကြံကြသည်။ သို့သော် ယခု တွေ့မြင်ရသောသိုင်းပညာက ကောင်းကင်မိုးကြိုးခန်းမနှင့် အနက်ရောင်အိပ်မက်ဆိုးတောင်ထက်ပင် သာလွန်ပေသည်။

ဖူအန်းစုက...

“သမုဒ္ဒရာကမ္ဘာက တကယ့်ကိုပဲ သိုင်းပညာမျိုးစုံကို ကိုယ်ပိုင်ဟန်နဲ့ ပိုင်ဆိုင်ထားတာပဲ”

ရန်ကျောက်ကဲ ပခုံးတစ်ချက်တွန့်လိုက်စဉ် သူ့ရှေ့သို့ လူရွယ်အမျိုးသားတစ်ယောက် ရောက်လာသည်ကို မြင်လိုက်ရသည်။

ထိုလူရွယ်က ပင်လယ်ပြင်ထက်မတ်တတ်ရပ်လိုက်သည့်အခါ သူသည် ပင်လယ်ပြင်နှင့် တစ်သားတည်းပေါင်းစပ်သွားပြီး အလွယ်တကူ ခွဲခြားမရနိုင်တော့ပေ။

သူ့ပတ်ဝန်းကျင်တွင် အလင်းတန်းများတောက်ပသွားပြီး အလင်းတန်းတစ်ခုစီက မြင်ကွင်းများစွာကို ထင်ဟပ်စေသည့် ကြေးမုံမှန်များအဖြစ် ပြောင်းလဲသွားသည်။

ကြေးမုံမှန်အလင်းတန်းများစွာက ပင်လယ်တစ်ခွင်ကို ဖြန်သန်းသွားပြီး ဒေသအသီးသီးကို ပိုင်းခြားလိုက်သည်။ ထို့နောက် အရပ်မျက်နှာအသီးသီးကို ရောင်ပြန်ဟပ်စေပြီး လူအများ၏သွင်ပြင်ကို ရှင်းလင်းစွာထင်ဟပ်စေသဖြင့် ဤနေရာမှလူတိုင်းမှာ မျက်စိများကျိန်းစပ်သွားသလိုပင် ခံစားလိုက်ကြရ၏။

ထိုလူရွယ်က အသက် (၄၀)ကျော်အရွယ်ခန့်ဖြစ်သော်လည်း သူ၏ရုပ်ရည်သွင်ပြင်ထက် အသက်အရွက်ပိုကြီးကြောင်းကို ဤနေရာမှလူများအားလုံး သတိပြုမိကြသည်။ သူက ရန်ကျောက်ကဲကဲ့သို့ ပကတိငယ်ရွယ်သူတစ်ယောက် မဟုတ်ပေ။

ပြီးတော့ သမုဒ္ဒရာကမ္ဘာမှ သိုင်းသမားတိုင်း သူ့ကို မသိသူ မရှိကြပေ။

လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းမှ ကြံ့ဝိညာဉ်ကျွန်း၏ ကျွန်းသခင် ၊ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် “ဖန်းခန်း”။

သမုဒ္ဒရာကမ္ဘာ၏ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် ထိပ်တန်း (၁၀)ယောက်တွင် နံပါတ် (၇) ဖြစ်ပြီး သြဇာလွှမ်းမိုးနိုင်စွမ်းမြင့်မားသူတစ်‌ယောက်လည်း ဖြစ်သည်။

ရန်ကျောက်ကဲက ဖန်းခန်းကို ယခင်က မမြင်ဖူးသော်လည်း ဖန်းကျောက်ဟုန်ကို မြင်ဖူးလေရာ သားအဖနှစ်ယောက်က (၆၀) ရာနှုန်း တူညီသည်ပင်။

ဖန်းခန်းမျက်ဝန်းများက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး ရန်ကျောက်ကဲထံသို့ ကျရောက်သွားသည်။

ဖန်းကျောက်ဟုန် ၊ ယန်ချူးဖန်တို့နှင့်အတူ အရံအတား အနက်ရှိုင်းဆုံးနေရာသို့ မဝင်ရောက်ခဲ့ကြဘဲ ကြံ့ဝိညာဉ်ကျွန်းသို့ ပြန်သွားကြသည့်တပည့်များက ရန်ကျောက်ကဲ၏ရုပ်သွင် မည်သို့ရှိသည်ကို ဖန်းခန်းအား ပြောပြပြီးသား ဖြစ်၏။

ဖန်းခန်းက ရန်ကျောက်ကဲကို ခံစားချက်ကင်းမဲ့သည့်မျက်နှာဖြင့် ကြည့်လိုက်သည်။

ထိုစဉ် ကျန်းဟောက်ချန်က...

“ကျွန်းသခင်’ဖန်း’ ၊ ဒီ ‘ရန်’ သခင်လေးက မိစ္ဆာသူတော်စင်ဂိုဏ်းက မဟုတ်ဘူး ၊ နားလည်မှုလွဲနေကြပြီ ထင်တယ်”

ဖန်းခန်းက ရေသလင်းနန်းတော်မှ အကြီးအကဲ’တုန်း’ ကို လှည့်ကြည့်ရင်း...

“ဘာလဲ ... ရေသလင်းနန်းတော်က သူ့ကို ကာကွယ်ပေးချင်တာလား”

အကြီးအကဲ’တုန်း’ က အနည်းငယ် တုံ့ဆိုင်းသွားစဉ် ဖန်းခန်းက ဆက်ပြောသည်။

“ရေသလင်းနန်းတော်က သူ့ကို ကာကွယ်ပေးချင်ရင်တောင် ငါ့မှာသူနဲ့ဖြေရှင်းရမယ့် သွေးကြွေးတွေ ရှိတယ်”

ထို့နောက် သူက ရန်ကျောက်ကဲကို လှည့်ကြည့်ပြီး...

“ငါတို့ ကြံ့ဝိညာဉ်ကျွန်းက တပည့်တွေဖြစ်တဲ့ ဖန်းကျောက်ဟုန် ၊ ယန်ခူးဖန်း ၊ ချိုက်ကျိချီနဲ့ ကျန်းဖိန်တို့ (၄)ယောက် အခု ဘယ်မှာလဲ”

အခြားတပည့် (၃)ယောက်အတွက် အဆင်ပြေသော်လည်း ‘ဖန်းကျောက်ဟုန်’ ဆိုသောအမည်ကိုကြားသောအခါ ရန်ကျောက်ကဲနှင့် ဖန်းခန်းကြားမှ ရန်ငြိုးရန်စ မသေးလှကြောင်း သမုဒ္ဒရာကမ္ဘာမှ သိုင်းသမားများအားလုံး နားလည်သဘောပေါက် သွားကြသည်။

ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများက ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေကြသည်။

ထိုသူ (၄)ယောက် ပျောက်ဆုံးသွားသည်မှာ အချိန်ကြာပြီဖြစ်ရာ သူတို့၏ ကံကြမ္မာကို မသိနိုင်ပေ။ သို့သော် ရန်ကျောက်ကဲက ဖန်းကျောက်ဟုန်ကို သတ်ဖြတ်ပစ်ခြင်းမရှိဘဲ တစ်နေရာတွင် ဖမ်းဆီးထားလေမည်လားဟု အနည်းငယ် မျှော်လင့်မိကြသည်။

သူတို့ မည်သို့တွေးနေသည်ကို ရန်ကျောက်ကဲနားလည်သော်လည်း ထိုလူ (၄)ယောက်လုံး သဲလွန်စမကျန် ပျောက်ကွယ်သွားရခြင်းမှာ သူကိုယ်တိုင်အလောင်းများကို ဖျက်ဆီးလိုက်သောကြောင့် မဟုတ်ပါလား။

ရန်ကျောက်ကဲက ထိုသူများအသက်ရှင်နေသေးသည့်အလား ဝေ့လည်ကြောင်ပတ် ဟန်ဆောင်နေခြင်းမျိုး မပြုလုပ်ပေ။

သူက ဖန်းခန်းကိုကြည့်ကာ ပြုံးလိုက်ရင်း...

“မင်းရဲ့သားနဲ့ တပည့်တွေက ငါ့ကို သတ်ဖို့ကြိုးစားတယ်လေ ၊ ကံဆိုးတာက ငါ့ကိုမယှဉ်နိုင်လို့ ငါ့လက်ချက်နဲ့ အသက်ပျောက်ကုန်ကြပြီ”

ထိုစကားကိုကြားတော့ ရုတ်တရက် ဖန်းခန်းအသက်မရှူနိုင်ဖြစ်သွားသည်။

ပင်လယ်ပြင်ကို ဖြတ်သန်းသွားသော ကြေးမုံမှန်အလင်းတန်းမျးသည် ချက်ချင်းပင် အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး ပင်လယ်ပြင်ကို ထိုးခွင်းတော့မတတ် ထင်မှတ်ရ၏။

သမုဒ္ဒရာကမ္ဘာမှ အခြားသောသိုင်းသမားများကလည်း ကိုယ်ပိုင်ခန့်မှန်းချက်များရှိကြသည့်တိုင် ရန်ကျောက်ကဲစကားကို ကြားရသည့်အခါ အတော်လေး မှင်တက်ပျောက်ဆုံးသွားကြသည်။

ရန်ကျောက်ကဲ ကျန်းရှန်ကို သတ်ဖြတ်ခဲ့ခြင်းက ထူးခြားသည်မဟုတ်ပေ။ သို့သော် အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်ဖြစ်သော ‘ဖန်းကျောက်ဟုန်’ ကို ဖူအန်းစုက သတ်ဖြတ်ခဲ့သည်ဟု ယခင်က သူတို့ ထင်မှတ်ခဲ့ကြသည်။

သို့သော် ကျန်းဟောက်ချန်နှင့် လီရှန်တို့နှစ်ယောက်ကို ရန်ကျောက်ကဲ အနိုင်ယူသည်ကို တွေ့ရှိပြီးနောက် ဖန်းကျောက်ဟုန်သည်လည်း ရန်ကျောက်ကဲလက်ချက်ဖြင့် သေရသည်ကို သံသယမရှိ သဘောပေါက်ခဲ့ပြီ ဖြစ်သည်။

ဖန်းကျောက်ဟုန်သာ ရန်ကျောက်ကဲလက်ချက်ဖြင့် အသက်ပျောက်ခဲ့ရကြောင်း ကျန်းဟောက်ချန်နှင့် လီရှန်တို့ ကြိုတင်သိရှိပါက ထိုလူငယ်ကို စိန်ခေါ်ရန် နှစ်ခါပြန် စဉ်းစားကြမည် ဖြစ်သည်။

ဖန်းကျောက်ဟုန်က အမတလက်ဖွဲ့ ကနဦးအဆင့် သိုင်းဆရာသခင်ဖြစ်သော်လည်း ကျန်းဟောက်ချန် သတ်ဖြတ်ခဲ့သော “လေလွင့်ပင်လယ်သိုင်းသမား’ “လန်ခွင်း” ထက် များစွာ ပိုမိုအစွမ်းထက်သည်။

ရန်ကျောက်ကဲကိုကြည့်ပြီး ဖန်းခန်းက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။

“ကောင်းတယ်... သိပ်ကောင်းတယ်”

သူ့စကားမဆုံးမီပင် လက်ဖဝါးတစ်ဖက်ကို ပင့်မြှောက်လိုက်ရာ ပတ်ဝန်းကျင်ပင်လယ်ရေပြင်ထက် ဖြန့်ကျက်ထားသော ကြေးမုံမှန်အလင်းတန်းများက ရန်ကျောက်ကဲထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာသည်။

ဖူအန်းစုက မျက်မှောင်အနည်းငယ် ကြုတ်ရင်း သူ့လက်ထဲမှဓားကို ဝှေ့ယမ်းလျှက် ဖန်းကန်းကို ဝင်ရောက်ရင်ဆိုင်လိုက်သည်။

မိုးမြေနှင့်တစ်သားတည်းကျပြီး စွမ်းအားပြင်းထန်ကာ အရှိန်အဟုန်ကြီးမားသော ဓားသိုင်းကိုတွေ့မြင်လိုက်သည်နှင့် ဖန်းကန်းက မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

“သိပ်ကိုလေးနက်တဲ့ ဓားသိုင်းပညာပဲ ၊ မင်းရဲ့ကျင့်ကြံခြင်းအဆင့်က ငါ့ထက်နိမ့်တာတောင် အတော်လေး အံ့သြစရာကောင်းတယ်”

ထို့နောက် ဖန်းကန်းလက်ဖဝါးထက်မှ ငွေဖြူရောင်အလင်းတန်းက ကျောက်စိမ်းရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ဖူအန်းစု၏ ‘ကောင်းကင်တစ်ဖက်သွားဓားသိုင်း’ ကို လွဲချော်သွားစေသည်။

ကျောက်စိမ်းရောင်အလင်းတန်းများက ရန်ကျောက်ကဲထံ လျှင်မြန်စွာဝင်ရောက်သွားစဉ် ဖူအန်းစုက ညာဘက်လက်တွင် ဓားကိုကိုင်ဆောင်လျှက် ဘယ်ဘက်လက်ဖဝါးထက်မှ ခရမ်းနီရောင်မီးတောက်များ မီးပင်လယ်ပမာ ထွက်ပေါ်လာကာ ကျောက်စိမ်းရောင်အလင်းတန်းကို တားဆီးထားလိုက်သည်။

များပြားလှစွာသော အမတအင်းသင်္ကေတများက ဝိညာဉ်အစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဖြူရောင်ပလ္လင်တစ်ခုဖြစ်တည်လာကာ ဖူအန်းစု၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားသည်။ ထိုအခါ သူမ၏ ဓားသိုင်းနှင့် လက်ဝါးသိုင်းက ပိုမိုမြင်းထန်လာ၏။

သို့သော် အဖြူရောင်ပလ္လင်က ပျက်ဆီးနေသောနေရာများစွာရှိနေပြီး ခြစ်ရာများပင်ထင်နေကြောင်း တွေ့ရသည်။


ဖန်းခန်းက...

“မင်းက ဒဏ်ရာရထားတာတောင် ဒီလောက်ထိ စွမ်းအားကို ထုတ်လွှတ်နိုင်သေးတာပဲ”

သူက ခံစားချက်ကင်းမဲ့သောမျက်နှာထားဖြင့် လက်ဝါးရိုက်ချက်ကို လမ်းကြောင်းပြောင်းလိုက်ပြီး ဖူအန်းစုဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဖန်းခန်း၏ခန္ဓာကိုယ်မှ အလင်းတန်းများထွက်ပေါ်လာပြီး ကြီးမားသော ကိုယ်ခွဲပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်သို့ တက်ရောက်ပြီးနောက်ပိုင်း အစစ်အမှန်သိုင်းကိုယ်ခွဲကို ဖန်ဆင်းနိုင်သည်က ဓမ္မတာပင်။

သူ၏ကျင့်ကြံခြင်းအဆင့်က ဖူအန်းစုထက်မြင့်မားလေရာ ဒဏ်ရာရထားသောဖူအန်းစုမှာ ဖန်းခန်းနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရသည်နှင့် နောက်သို့လွင့်ထွက်သွားပြီး ညည်းညူသံတစ်ချက် ထွက်ပေါ်လာသည်။

ဖန်ခန်းက ဖူအန်းစုကို ပိုမိုဖိအားပေးတိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ် ဘေးဘက်မှ လက်ဝါးရိုက်ချက်တစ်ချက် ဝင်ရောက်လာသည်။ ထိုလက်ဝါးရိုက်ချက်က ဖန်းခန်း၏ ကြံ့ဝိညာဉ်လက်ဝါးသိုင်းကို ကြီးကျယ်ခမ်းနားသော ကောင်းကင်ကြီးပမာ တားဆီးထားလိုက်၏။

“အမတလက်ဖွဲ့ ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်က ဒီလောက် စွမ်းအားမြင့်မားသတဲ့လား ၊ ဟုန်အာနဲ့ တခြားလူတွေ ဒီမိစ္ဆာလေးလက်ထဲ ကျရှုံးသွားတာ အံ့သြစရာမဟုတ်တော့ပါဘူး”

ဖန်းခန်းစိတ်ထဲ ထိတ်လန့်တုန်လှုပ်သွားသည့်တိုင် တိုက်ခိုက်မှုကတော့ ရပ်တန့်မသွားခဲ့ပေ။

သူက တိုက်ခိုက်နေရင်း ရန်ကျောက်ကဲကို အေးစက်စွာကြည့်လျှက်...

“အခုချိန် မိစ္ဆာသူတော်စင်‌ရောက်လာရင်တောင် မင်းကို ကယ်နိုင်မှာမဟုတ်ဘူးဆိုတာ သိထားပါ”

ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...

“ငါလုပ်ခဲ့တဲ့အလုပ်မှန်သမျှကို ဝန်ခံရဲတဲ့သတ္တိ ရှိတယ် ၊ ဥပမာ မင်းရဲ့သားကို သတ်ခဲ့တာမျိုးပေါ့... ၊ ဒါပေမဲ့ ငါနဲ့မဆိုင်တဲ့ကိစ္စတွေမှာ ငါ့ကို ဘောင်လာခတ်ဖို့ မကြိုးစားနဲ့”

သူက ဆက်ပြောသည်။

“ဟက်... ငါ့ကို မကောင်းကြံတဲ့သူတွေက ဘယ်တော့မှ အဆုံးသတ်မလှတတ်ဘူး”

All Chapters