အခန်း ၄၀၃
Vol. 37 Ch. 403
အခန်း (၄၀၃) ငရဲမီးရဲ့ တရားစီရင်မှုကို ခံယူလိုက်
"ရပါတယ်..."
"ဒါပေမဲ့ ကျွန်တော် အခု တိုက်ရိုက်ထုတ်လွှင့်နေတယ်..."
"စောစောက ခင်ဗျားရဲ့ အပြုအမူကို ကျွန်တော် လုံးလုံးလျားလျား မကျေနပ်ဘူး..."
"အခု ကင်မရာကိုကြည့်ပြီး ငါ ဂျွန်ဆင်က နိမ့်ကျတဲ့ မျိုးရိုးကပါလို့ ပြောဖို့ ကျွန်တော် တောင်းဆိုတယ်..."
စုယွမ်က တောင်းဆိုလိုက်လေ၏။
"ဘာ..."
"ငါ့ရဲ့ မျိုးရိုးက အသန့်စင်ဆုံးနဲ့ အမြင့်မြတ်ဆုံး မျိုးရိုးကွ..."
"မင်း..."
ဂျွန်ဆင်မှာ ထိတ်လန့်သွားသကဲ့သို့ ဒေါသလည်း ထွက်သွားခဲ့ပေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ဤမျှ အရှက်ရဖွယ်ကောင်းသော စကားများကို လူသိရှင်ကြား ပြောခိုင်းခြင်းသည် သူ့အတွက် သတ်ဖြတ်ခံရခြင်းထက်ပင် ပိုမိုနာကျင်ဖွယ်ကောင်းလေသည်။
ဂျွန်ဆင်သည် အသက်ကို ပြင်းပြင်းရှူသွင်းရှူထုတ် လုပ်နေရပြီး၊ ဒေါသ၊ အရှက်နှင့် အရှုံးပေးလိုစိတ်တို့ ရောထွေးနေသဖြင့် သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးမှာပင် ထိန်းမနိုင်သိမ်းမရ တုန်ယင်လျက် ရှိနေခဲ့လေ၏။
"ဥက္ကဋ္ဌစု... မင်းသိပါတယ်... ငါက ငါ့ရဲ့ မျိုးရိုးကို အဖိုးတန်ဆုံးအရာအဖြစ် အမြဲတမ်း သတ်မှတ်ထားခဲ့တာပါ..."
"ပြီးတော့ လူဒီလောက်များတဲ့ ရှေ့မှာ ဒီလိုစကားမျိုး ပြောဖို့ မင်းက တကယ်ကြီး တောင်းဆိုတယ်ပေါ့..."
"မင်း...ဒါက ဘာအဓိပ္ပာယ်လဲဆိုတာ မင်း သိလား...ဒါက ငါ့ကို သတ်ပစ်တာထက် ပိုဆိုးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ..."
ဂျွန်ဆင်က ဒေါသတကြီး ပြောဆိုလိုက်လေသည်။
"အိုး... ဒါက ခင်ဗျားကို သတ်ပစ်တာထက် ပိုနာကျင်တယ်ပေါ့လေ..."
"မစ္စတာဂျွန်... ကျွန်တော်က ခင်ဗျားကို မသတ်နိုင်ဘူးဆိုတာ သိလို့ ခင်ဗျားက ဒီစကားတွေကို ပြောနေတာမလား..."
"တကယ်လို့ တစ်ယောက်ယောက်က ခင်ဗျားကို တကယ်သတ်ချင်နေရင် ခင်ဗျား ချက်ချင်း ထုတ်ပြောလိုက်ပြီးလောက်ပြီ မဟုတ်လား..."
"မစ္စတာဂျွန်... ဒီနေရာမှာ ဘယ်သူကမှ ခင်ဗျားကို အတင်းအကျပ် မခိုင်းစေပါဘူး... ဒါပေမဲ့ ခင်ဗျား ပြန်သွားနိုင်မနိုင်ဘူးဆိုတာကိုတော့ အာမမခံနိုင်ဘူးနော်...ခင်ဗျားရဲ့ ကုမ္ပဏီ တိုက်ခိုက်ခံနေရတယ်လေ...အခု ပြန်သွားရင် ပျက်စီးဆုံးရှုံးမှု အချို့ကို ပြန်လည် ကုစားနိုင်သေးတယ်... ဒါပေမဲ့ ကျွန်တော်တို့ အချိန်ဖြုန်းနေမယ်ဆိုရင်တော့ ကိစ္စတွေက ပြောင်းလဲသွားနိုင်တယ်..."
"မစ္စတာဂျွန်... အနာဂတ်မှာ မိသားစုမရှိတဲ့ ဆင်းရဲသား တစ်ယောက် ဖြစ်ချင်လား... ဒါမှမဟုတ် မြင့်မြတ်တဲ့ မျိုးရိုးက လူကြီးလူကောင်း တစ်ယောက်အဖြစ် ဆက်နေချင်လား... ခင်ဗျား အခု ရွေးချယ်လို့ ရပါပြီ..."
စုယွမ်က အေးစက်စွာ ပြောဆိုလိုက်ပေ၏။
"မင်း..."
ဂျွန်ဆင်သည် စုယွမ်ကို အကြိမ်အနည်းငယ်မျှ ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
သူ ပြန်လည် တိုက်ခိုက်ဖို့ စွမ်းဆောင်နိုင်စွမ်း မရှိဘူးဆိုတဲ့ ကောက်ချက်ကို သူ ချလိုက်ရတော့၏။ ဖော်ပြလို့မရတဲ့ အရှက်ရမှု တစ်ခုက သူ့ရင်ထဲမှာ ပြည့်နှက်လာခဲ့သည်။
"ကောင်းပြီလေ..."
"ငါ ပြောမယ်..."
"ငါက ဂျွန်ဆင်... ငါက..."
သူ စကားပြောတော့မည့် အချိန်မှာပင် သူ၏ဘေးမှ လူက သူ့ကို လှမ်းဆွဲလိုက်လေ၏။
"ဂျွန်... သူပြောတဲ့ အဓိပ္ပာယ်ကို မင်း နားမလည်သေးဘူးလား..."
"တကယ်လို့ မင်းက အဲဒီစကားတွေကို ပြောလိုက်ပြီး အွန်လိုင်းမှာ ပြန့်သွားရင် ဘယ်လောက်တောင် ရုတ်ရုတ်သဲသဲ ဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်ပါဦး..."
"မင်းက မင်းရဲ့ မြင့်မြတ်တဲ့ မျိုးရိုးကို စွန့်လွှတ်ပြီး တာ့ရှားရှေ့မှာ ဒူးထောက် ခေါင်းငုံ့လိုက်တာလေ... သတင်းသာ ထွက်သွားရင် ငါတို့မှာ မျက်နှာပြစရာ ဘယ်ရှိတော့မလဲ..."
ဂျွန်ဆင်သည် သူ့အား ရက်စက်စွာ စိုက်ကြည့်လိုက်ပြီးနောက် ဒေါသတကြီး ဟိန်းဟောက်လိုက်ပေ၏။
"ထွက်သွားစမ်း... မင်းက ငါ့ကို ဆင်းရဲသား ဖြစ်စေချင်နေတာလား...တခြားသူတွေရဲ့ ငြင်းပယ်တာခံရရင်ကော ဘာဖြစ်လဲ...ငါ အရမ်းကြိုးစား တည်ဆောက်ခဲ့ရတဲ့ ကုမ္ပဏီက ဒီမျိုးရိုးဆိုတဲ့ အရာကြောင့် အမှိုက်ပုံကြီး ဖြစ်သွားရင် ငါ ပိုပြီး ရင်ကွဲရလိမ့်မယ်..."
"မျိုးရိုးနဲ့ စည်းစိမ်ဥစ္စာ ကြားမှာဆိုရင် ငါက သေချာပေါက် စည်းစိမ်ဥစ္စာကိုပဲ ရွေးချယ်မှာပဲ..."
"ငါ ဂျွန်ဆင်က အနိမ့်ကျဆုံးထဲက အနိမ့်ကျဆုံးပဲ..."
ဂျွန်ဆင်သည် ဤစကားလုံးများကို အော်ဟစ်လိုက်လေ၏။
စကားပြောအပြီးတွင် သူသည် ကျောက်ရုပ်တစ်ရုပ်အလား ဖြစ်သွားခဲ့ချေသည်။
သူ၏ မျက်နှာမှာ အမူအရာမဲ့နေပြီး ခဏတာ တွေဝေငေးမောနေသည့်ပုံ ပေါ်နေခဲ့၏။
"ကောင်းပြီ... ခင်ဗျားတို့ကရော ဘယ်လိုလဲ..."
စုယွမ်သည် ခေါင်းညိတ်လိုက်ပြီးနောက် အခြား ဆယ်ဂဏန်းခန့်ရှိသော လူများကို ကြည့်ရှုလိုက်လေသည်။
ထိုအမျိုးသား ဆယ်ဂဏန်းခန့်မှာ အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြပြီး လုံးလုံးလျားလျား အရှက်ရနေသော အမူအရာများဖြင့် ထိုစကားလုံးများကို ပြောဆိုလိုက်ကြပေ၏။
"အင်း...ခင်ဗျားတို့က အရမ်း တော်ကြတာပဲ...ကျွန်တော် သိသလောက်တော့ ခင်ဗျားတို့က ခင်ဗျားတို့ရဲ့ မျိုးရိုးကို အရမ်း တန်ဖိုးထားကြတာပဲ..."
"ဒါက ခင်ဗျားတို့ရဲ့ ယဉ်ကျေးမှုမှာ အများကြီး အရေးပါနေလို့လေ..."
"ဒါပေမဲ့ အခု ခင်ဗျားတို့က ဒီကန့်သတ်ချက်ကို ချိုးဖောက်လိုက်ပြီ..."
"ခင်ဗျားတို့က ခင်ဗျားတို့ရဲ့ ဝိညာဉ်တွေကို ရောင်းစားလိုက်ပြီပဲ..."
'ဝိညာဉ်တွေကို ရောင်းစားတယ်' ဆိုသော စုယွမ်၏ စကားလုံးများသည် သူတို့အတွက် ကြီးမားလှသော ထိုးနှက်ချက်တစ်ခု ဖြစ်မည်မှာ သံသယဖြစ်ဖွယ် မရှိချေ။
"မဟုတ်ဘူး..."
"မင်းက ငါတို့ကို ဒီလိုလုပ်ဖို့ အတင်းအကျပ် ခိုင်းစေခဲ့တာလေ..."
"ငါတို့ရဲ့ ဝိညာဉ်တွေကို ငါတို့ မရောင်းစားခဲ့ဘူး..."
"အား...ကျေးဇူးပြုပြီး ကျွန်တော့်မျိုးကို ခွင့်လွှတ်ပါ... အရှင် က ကျွန်တော့်မျိုးကို ဒီလို မြင့်မြတ်တဲ့ မျိုးရိုးကို ပေးသနားခဲ့ပေမဲ့ ကျွန်တော်က ကိုယ်ကျိုးအတွက် သစ္စာဖောက်ခဲ့ပါတယ်..."
"မဟုတ်ဘူး..."
တစ်စုံတစ်ယောက်မှာ နေရာတွင်ပင် စိတ်ဓာတ်ကျ ပြိုလဲသွားခဲ့လေ၏။
နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့သော ယုံကြည်မှုနှင့် မိမိကိုယ်ကိုယ် လေးစားမှုများသည် ထိုအခိုက်အတန့်လေး အတွင်းမှာပင် ပြိုကျပျက်စီးကာ ပျောက်ကွယ်သွားခဲ့ချေပြီ။
သူ၏ စိတ်နှလုံးသား ပြိုကွဲသွားသည့်အလားပင်။
"ခင်ဗျားတို့က ဝိညာဉ်တွေကို ရောင်းစားခဲ့တာ သက်သက်တင် မဟုတ်ဘဲ ယုံကြည်မှုကိုပါ စွန့်လွှတ်ခဲ့တာပဲ..."
"ဒီနေ့ကစပြီး ခင်ဗျားတို့က ဝိညာဉ်မရှိ ယုံကြည်မှုမဲ့တဲ့ သတ္တဝါတွေ ဖြစ်သွားပြီ..."
"ဘုရားသခင်ကို ခင်ဗျားတို့ ဘယ်တော့မှ မြင်တွေ့ရမှာ မဟုတ်ဘူး... သေပြီးတဲ့နောက်မှာ အဆုံးမဲ့ ငရဲကိုပဲ ကျရောက်သွားမှာဖြစ်ပြီး သေမင်းက ခင်ဗျားတို့နဲ့ နေ့ရောညပါ စကားပြောလိမ့်မယ်..."
"အဆုံးအစမရှိတဲ့ ငရဲမီးတောက်တွေက ခင်ဗျားတို့ရဲ့ သေဆုံးနေတဲ့ ဝိညာဉ်တွေကို လောင်ကျွမ်းစေလိမ့်မယ်..."
"အပြင်းထန်ဆုံး တရားစီရင်မှုကို ခင်ဗျားတို့ ရင်ဆိုင်ရလိမ့်မယ်..."
ဘုန်း။
ဤစကားများသည် လူတိုင်းအား မိုးကြိုးပစ်ချလိုက်သည့်အလား ထိမှန်သွားခဲ့ပေ၏။
ငရဲမီးရဲ့ တရားစီရင်မှုကို ခံယူရမယ်တဲ့လား။
စုယွမ်က သူတို့ကို တကယ်ပဲ ဒီလို ကျိန်ဆဲလိုက်တာပေါ့။
"ဟူး... ဟူး... ဟူး..."
ကမ္ဘာတစ်ဝန်းရှိ လူများသည် အသက်ကို ပြင်းပြင်းရှူနေခဲ့ကြပြီး အချို့မှာ ကြောက်ရွံ့လွန်းသဖြင့် မြေပြင်ပေါ်သို့ပင် လဲကျသွားခဲ့ကြလေသည်။
"ခင်ဗျားတို့ အခု ထွက်သွားလို့ ရပြီ..."
စုယွမ်က လက်တစ်ဖက်ကို အသာဝှေ့ယမ်းလိုက်သည်နှင့် တံခါးမှာ တိတ်ဆိတ်စွာ ပွင့်သွားခဲ့လေ၏။
အခန်းအတွင်းရှိ လူများသည် စိတ်ဓာတ်ကျဆင်းနေသည့် လမ်းလျှောက်အလောင်းများကဲ့သို့ တက်ကြွမှုကင်းမဲ့စွာဖြင့် တစ်ယောက်ပြီးတစ်ယောက် အပြင်သို့ လျှောက်ထွက်သွားခဲ့ကြသည်။
တစ်ဖက်တွင်လည်း အစအဆုံး ဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသော တိုက်ရိုက်ထုတ်လွှင့်မှု ပရိသတ်များက မှတ်ချက်များကို အဆက်မပြတ် ရေးသားနေကြပြီး၊
“ဥက္ကဋ္ဌစုက တကယ်မိုက်တယ်...”
ဟူသော စာသားများက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့လေ၏။
ဒီလူတွေက ပုံမှန်ဆို ထိပ်သီးပုဂ္ဂိုလ်ကြီးတွေလို ပြုမူတတ်ပေမဲ့ အခုတော့ ဒီလိုအခြေအနေမျိုး ဖြစ်သွားပြီ။
ဒါက တကယ်ကို ကျေနပ်စရာ ကောင်းလိုက်တာ။
စုယွမ်က အလွန်အကျွံ လုပ်ခဲ့သလား ဆိုသည်နှင့် ပတ်သက်၍မူ လုံးလုံးလျားလျား မဖြစ်နိုင်ချေ။
ဆန့်ကျင်ဘက်အနေဖြင့် သူတို့က သက်ညှာမှုကိုပင် ပြသခဲ့သေးသည်။
သူတို့သည် အစကတည်းက ဆိုးရွားသော ရည်ရွယ်ချက်များဖြင့် လာရောက်ခဲ့ကြခြင်းဖြစ်ရာ သူတို့ကို ဤကဲ့သို့ ဆက်ဆံခြင်းက သနားညှာတာမှုထက်ကို ပိုနေခဲ့လေပြီ။
"ဒီလူတွေက ဒီစကားတွေအပေါ် ဘာလို့ ဒီလောက်တောင် ပြင်းပြင်းထန်ထန် တုံ့ပြန်နေရတာလဲ..."
"ဟန်ဆောင်နေတာများလား..."
လီဟူက ပြောလိုက်၏။
"မဟုတ်ပါဘူး..."
"ဒါက သူတို့ရဲ့ ယဉ်ကျေးမှုလေ... သူတို့အတွက်တော့ ဒီစကားတွေက ခင်ဗျားတို့ရဲ့ ဘိုးဘေးသင်္ချိုင်းတွေကို ခင်ဗျားတို့ မျက်နှာရှေ့မှာတင် တူးဆွပစ်လိုက်သလိုမျိုး ဖြစ်နေပြီး ခင်ဗျားတို့က ဘာမှ မလုပ်နိုင်တာနဲ့ အတူတူပဲ..."
"တကယ်လို့ ခင်ဗျားသာဆိုရင်ရော ဒေါသမထွက်ဘူးလား..."
စုယွမ်က ပြုံးလျက် မေးလိုက်သည်။
"ဒါက တော်တော်လေး ဆိုးရွားတာပဲ..."
လီဟူက အလျင်အမြန် ခေါင်းညိတ်လိုက်လေ၏။
အစည်းအဝေးခန်းအတွင်းမှ ဖြစ်စဉ်တစ်ခုလုံးကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ခြင်းကြောင့် အွန်လိုင်းပေါ်တွင် ကြီးမားသော ရုတ်ရုတ်သဲသဲဖြစ်မှုတစ်ခု ပေါ်ပေါက်လာခဲ့လေ၏။
ကမ္ဘာကြီးကို ကယ်တင်နေကြသည်ဟု အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဝင့်ကြွားလေ့ရှိသော ထိုအထက်တန်းလွှာများ၏ ပုံရိပ်သည်လည်း ယင်းအခိုက်အတန့်တွင် လုံးလုံးလျားလျား ပြိုကျပျက်စီးသွားခဲ့သည်။
မီဒီယာများ၏ ရှေ့မှောက်တွင် မိမိတို့ကိုယ်ကို မြင့်မြတ်သန့်ရှင်းသူများအဖြစ် အမြဲတမ်း ဝါဒဖြန့်ခဲ့ကြသည့် သူတို့၏ မျက်နှာဖုံးမှာ ယခုအခါ အားလုံးရှေ့တွင် ဆွဲဖြုတ်ခံလိုက်ရလေပြီ။
ထို့ကြောင့် လူတိုင်းသည် သူတို့၏ စစ်မှန်သော မျက်နှာနှင့် သဘောသဘာဝကို ရှင်းလင်းစွာ မြင်တွေ့သွားခဲ့ကြလေ၏။
ဤဖြစ်ရပ်၏ နောက်ဆက်တွဲအနေဖြင့် သူတို့၏ ကုမ္ပဏီများသည် ပြင်းထန်သော ထိုးနှက်ချက်ကို ရင်ဆိုင်ရမည်ဖြစ်ပြီး၊ ဆုံးရှုံးမှုကြီးများနှင့်လည်း ကြုံတွေ့ရလိမ့်မည်။
ထို့အပြင် သပိတ်မှောက်မှုလှိုင်းသည် ဆေးဝါးလုပ်ငန်းတစ်ခုလုံးကို ရိုက်ခတ်သွားမည်မှာ မလွဲဧကန်ပင် ဖြစ်လေ၏။
...
အိမ်သို့ ပြန်ရောက်ပြီးနောက် စုယွမ်သည် တတိယအဆင့် ကုသမှုကို မစတင်မီ အိပ်ခန်းအတွင်း၌ ခဏတာ အနားယူရန် ဆုံးဖြတ်လိုက်လေ၏။
အများဆုံး နှစ်ရက်အတွင်း ကုသမှုရလဒ်များ ထွက်ပေါ်လာသင့်ပေသည်။
စုယွမ်သည် အသက်ကို ဖြည်းဖြည်းချင်း ပြင်းပြင်းရှူထုတ်လိုက်ရာ ရင်ထဲတွင် ဖိစီးနေခဲ့သော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလုံး လျော့ပါးကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရလေ၏။
ထို့နောက် မျက်လုံးများကို အသာမှိတ်လိုက်ရင်း အိပ်မက်ကမ္ဘာထဲသို့ တဖြည်းဖြည်း နစ်မြုပ်ဝင်ရောက်သွားခဲ့သည်။
အချိန်မည်မျှ ကုန်လွန်သွားသည်ကို မသိရချေ။
ရုတ်တရက် သူ၏ အိပ်မက်အတွင်း၌ ထူးဆန်းသော အသွင်သဏ္ဌာန်ရှိသည့် သတ္တဝါတစ်ကောင် ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရ၏။
ထိုမြင်ကွင်းကြောင့် စုယွမ်သည် အံ့အားသင့်သွားကာ အလျင်အမြန် မတ်တတ်ထရပ်လိုက်လေသည်။
"မင်္ဂလာပါ မစ္စတာစု... တွေ့ရတာ ဝမ်းသာပါတယ်..."
အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။