← Chapters

အင်မော်တယ် ဖြစ်ခြင်း ရဲ့ လျှို့ဝှက်ချက်

Vol. 27 Ch. 286

အင်မော်တယ် ဖြစ်ခြင်း ရဲ့ လျှို့ဝှက်ချက်

Vol. 27 Ch. 286

“သူတို့ကို စောင့်နေရမှာလား”

ကောင်းကင် သခင်လေး က လှောင်ပြောင်လိုက်၏။

“ပထမ စစ်ဆင်ရေး မတိုင်ခင်ကတည်းက ထျန်းဝေ့ထျန်း က လူတွေ မြောက်ပိုင်း ဒေသနဲ့ အရှေ့ပိုင်း တောရိုင်းနယ်မြေ တွေကို သတင်း သွားပို့ထားပြီးပြီ.. ဒါပေမဲ့ သူတို့ နှစ်ဖွဲ့စလုံး လာမယ့်ပုံ မပေါ်ဘူး”

“ပြီးတော့ ရေခဲပြင် မျိုးနွယ်စု တွေက နဝမ ကူနန်းတော် နဲ့ ပူးပေါင်းပြီး မြောက်ပိုင်းမှာ ကူသခင် လမ်းစဉ်ကို ဖွံ့ဖြိုးအောင် ကူညီပေးခဲ့ဖူးတယ်”

“ရေခဲပြင် မျိုးနွယ်စု တွေက ငါတို့ဘက်မှာ ရှိချင်မှ ရှိမှာ”

“သွေးဆာ မိစ္ဆာ ဂိုဏ်း ကတော့ ခန္ဓာကိုယ်ကျင့်စဉ် ကိုပဲ အရူးအမူး လေ့ကျင့်ပြီး လောကီ ရေးရာတွေကို ဂရုမစိုက်တဲ့ လူရိုင်းတွေပဲ.. သူတို့နဲ့ ယှဉ်လိုက်ရင် မင်းတို့ လမ်းစဉ် သုံးခုရဲ့ နှလုံးသားတွေက ဈေးထဲက သာမန် ကုန်သည်တွေလို ဖြစ်နေပြီ”

ထိုစကားကို ကြားသောအခါ ဂိုဏ်း သုံးဂိုဏ်းမှ လူများ အနေဖြင့် သူတို့၏ တည်ငြိမ်မှုကို ဆက်လက် မထိန်းသိမ်း ထားနိုင်တော့ချေ။

သို့သော်လည်း ပြန်လည် ချေပရန် အကြောင်းပြချက် မရှိပေ။

သူတို့သည် ‘အင်မော်တယ် ဖြစ်ခြင်း ရဲ့ လျှို့ဝှက်ချက်’ ကို အမှန်တကယ် လိုချင် တပ်မက်နေကြသော်လည်း သွေးဆာ မိစ္ဆာ ဂိုဏ်း က လူများကတော့ လုံးဝ တုန်လှုပ်ခြင်း မရှိကြချေ။

“မိတ်ဆွေတို့.. အချိန်တွေက တန်ဖိုးရှိပါတယ်”

နေလ ဂိုဏ်း ၏ နေမင်း ဂိုဏ်းခွဲ ခေါင်းဆောင် ယင်ယိုကျွယ် က စကားဆိုလိုက်၏။

“အချိန်ဆွဲနေတာက မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေကို ပိုဖြစ်လာစေနိုင်တယ်.. ဓားနတ်သမီး က ဒီအတွက် ပြင်ဆင်နေတာ.. ဓားနတ်သမီး ဓားသွေးလို့ ပြီးသွားရင် သေရမယ့် သူက ငါတို့ ဖြစ်သွားလိမ့်မယ်”

“ငါ့မှာ မေးခွန်း တစ်ခု ရှိတယ်”

ကျင်းချန် ကျောင်းတော် မှ ကျောင်းထိုင် ဆရာတော် ယွမ်ဟွေ့ က လက်အုပ်ချီကာ မေးလိုက်သည်။

“ဒီတစ်ခေါက် ဘယ်သူက ဦးဆောင်မှာလဲ.. ကိစ္စရဲ့ အဆုံးသတ်က မသေချာသေးတော့ အရမ်းကာရော လှုပ်ရှားဖို့ မရဲဘူး”

ချင်ချန်တောင် မှ လျှို့ဝှက် အရှင်သခင် မြောင်ယွီ က ဝင်ရောက် ပြောဆိုလာသည်။

“ပထမ စမ်းသပ်မှုမှာ ငါတို့ တောင်သုံးလုံး နဲ့ ဆူရှင်းစံအိမ် နှစ်ခုစလုံး အထိနာခဲ့တယ်.. ယုတ္တိဗေဒ အရ ဆိုရင် ဒီစစ်ဆင်ရေးကို မင်းတို့ ထျန်းဝေ့ထျန်း.. နေလ ဂိုဏ်း.. ပိုင်လျန်ဂိုဏ်း နဲ့ ကျင်းချန် ကျောင်းတော် တို့က ဦးဆောင်သင့်တယ်”

“စစ်ဆင်ရေး နှစ်ခုကို တစ်ထပ်တည်း ထားပြီး ယေဘုယျ ပြောလို့ မရဘူးလေ”

ကောင်းကင် သခင်လေး က ငြင်းပယ်လိုက်၏။

“အော်မိတော်ဖော်.. ကောင်းကင် သခင်လေး ပြောတာ အဓိပ္ပာယ် ရှိတယ်လို့ ဒီဘုန်းကြီးကတော့ ယုံကြည်တယ်”

ယွမ်ဟွေ့ က လေးနက်စွာ ဆိုလိုက်သည်။

“တော်ကြတော့.. အတူတူ တိုက်ကြမယ်”

နေမင်း ဂိုဏ်းခွဲ ခေါင်းဆောင် ယင်ယိုကျွယ် က ဆိုလိုက်သည်။

“ဓားနတ်သမီး က ဘယ်လောက်ပဲ ထူးခြားတဲ့ စွမ်းရည်တွေ ရှိနေပါစေ.. ငါတို့ အားလုံးကို မျက်စိတစ်မှိတ် အတွင်းမှာ သတ်နိုင်မှာတဲ့လား”

“တကယ်လို့ သူက ညဇီးကွက်ဘုရင် ရဲ့ အဆင့်ထိ ရောက်နေပြီး.. ပြိုင်ဘက်ကင်း ဖြစ်နေလို့.. မိစ္ဆာအိုကြီးတွေကို ဝင်မတိုက်ရဲအောင် ကြောက်လန့်သွားစေရင်ကော ဘယ်လို လုပ်မလဲ”

လျှို့ဝှက် နတ်ဘုရား မြောင်ယွီ က ထပ်မေးလိုက်၏။

လူအုပ်ကြီး တိတ်ဆိတ်သွားတော့သည်။

လေထုမှာ ချက်ချင်းပင် တင်းမာသွား၏။

မိစ္ဆာအိုကြီးများ သည် ဒုက္ခိတများ ဖြစ်နေကြပြီး သူတို့၏ သွေးချီ စွမ်းအင်များမှာ အနိမ့်ဆုံး အဆင့်သို့ ရောက်ရှိနေကာ အသက်ရှင် နေနိုင်ရန်အတွက် ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် ပုန်းအောင်းနေရသူများ ဖြစ်ကြသည်။ သူတို့သည် နဝမ ကူနန်းတော် ၏ ဘိုးဘေးကြီးလောက်ပင် အစွမ်း မရှိကြချေ။ အကယ်၍ သူတို့သည် အထွတ်အထိပ် အဆင့် (၉) တွင် ရှိနေပြီး အပြည့်အဝ စွမ်းအား ထုတ်သုံးနေသော ကျင့်ကြံသူ တစ်ဦးနှင့် ဆုံတွေ့ပါက သူတို့ အားလုံး ပေါင်းလျှင်တောင်မှ အနိုင်ရရန် လုံလောက်မည် မဟုတ်ပေ။

သူတို့၏ အင်အားစု ရှစ်ခု အနက်.. ထျန်းဝေ့ထျန်း ၏ မဟာ သခင်ကြီး နှင့် နေလ ဂိုဏ်း ၏ ခေါင်းဆောင် တို့သာလျှင် အဆင့် (၉) နယ်ပယ် သို့ အမှန်တကယ် ရောက်ရှိနေသူများ ဖြစ်ကြပြီး သက်တမ်း အများအပြား ကျန်ရှိနေသေးကာ ကုန်ဆုံးသွားရန် ဝေးကွာနေသေးသည်။

ကျန်ရှိနေသော မိစ္ဆာအိုကြီးများ မှာမူ မသေရုံတမယ် အသက်ရှင် နေရသူများ ဖြစ်၏။ နိုင်လျှင်တောင် အသက် တစ်ဝက် ဆုံးရှုံးမည် ဖြစ်ပြီး.. ရှုံးလျှင် သေချာပေါက် သေဆုံးရလေမည်။

ထို့ကြောင့် သူတို့သည် ‘အင်မော်တယ် ဖြစ်ခြင်း ရဲ့ လျှို့ဝှက်ချက်’ ကို ပို၍ပင် ရယူချင်နေကြခြင်း ဖြစ်သည်။

ဤ ဂိုဏ်းခေါင်းဆောင် များသည် သူတို့၏ ဂုဏ်သိက္ခာကို အလေးမထားရသည့် အကြောင်းရင်းမှာ သူတို့၏ ကိုယ်ပိုင် အနာဂတ်ကို မိစ္ဆာအိုကြီးများ ၏ ဘဝတွင် ကြိုတင် မြင်တွေ့နေရပြီး ထွက်ပေါက် တစ်ခုကို ရှာဖွေလိုသောကြောင့်ပင်။

ကျင့်ကြံခြင်း ခရီးစဉ် သည် နှောင်းပိုင်း အဆင့်များသို့ ရောက်ရှိလာပြီး သိုင်းနတ်ဘုရား ၏ နယ်ပယ်ကို လှမ်းမြင်ရသောအခါ.. ပိုးတောင်မာလေး တစ်ကောင်က ကောင်းကင် ပြာပြာ ကြီးကို မော့ကြည့်နေရသကဲ့သို့ ကွာဟချက်မှာ အလွန်တရာ ကြီးမား ကျယ်ပြန့်လွန်းလှကြောင်း သဘောပေါက် လာကြလေ၏။

ထို တစ်လှမ်း တည်းကပင် လူတစ်ဦး၏ ငယ်ရွယ် နုပျိုသော မာန နှင့် ခိုင်မာသော ကျောရိုးတို့ကို ချိုးဖျက်ပစ်ရန် လုံလောက်နေသည်။

“ကျစ်..”

နေမင်း ဂိုဏ်းခွဲ ခေါင်းဆောင် ယင်ယိုကျွယ် က မတ်တတ် ရပ်လိုက်သည်။

“မင်းတို့ အားလုံးက သေရမှာကို အရမ်း ကြောက်နေကြတာလား.. ဘာလို့ အင်မော်တယ် ဖြစ်ခြင်း ရဲ့ လျှို့ဝှက်ချက် ကို လိုချင်နေသေးတာလဲ.. အိမ်ပဲ ပြန်သွားကြတော့လေ”

“ဘာပဲဖြစ်ဖြစ် ငါတို့ နေလ ဂိုဏ်း က ဘယ်သူမှ မသေသေးဘူး ဆိုတော့ ငါတို့ ရှုံးစရာ မရှိပါဘူး”

“သွားတော့မယ်”

ထိုသို့ ပြောပြီးနောက် သူသည် တည့်တည့် လျှောက်ထွက်သွားတော့၏။

တောင်သုံးလုံး နှင့် ဆူရှင်းစံအိမ် ၏ လျှို့ဝှက် ခေါင်းဆောင်များ ၏ မျက်နှာများမှာ မှုန်ကုပ်သွားကြသည်။

ကျန်းဟူ သိုင်းလောက သည် ကောက်ကျစ် စဉ်းလဲမှုများဖြင့် ပြည့်နှက်နေပြီး သူတို့ လှုပ်ရှားမှု တိုင်းက ဉာဏ်ပညာ စစ်ခင်းနေရခြင်းပင်။ အင်အားကြီး အဖွဲ့အစည်း ရှစ်ခု သည် အကျိုးစီးပွား တူညီသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ အချင်းချင်း လျှို့ဝှက် ကြံစည်နေကြခြင်း ဖြစ်၏။

အကြီးအကျယ် အထိနာထားပြီး ဖြစ်သော တောင်သုံးလုံး နှင့် ဆူရှင်းစံအိမ် တို့သည် သေချာပေါက် ပို၍ နစ်နာသော ဘက်တွင် ရှိနေသည်။

“ခဏနေပါဦး”

ဆွေးနွေးမှု အချို့ ပြုလုပ်ပြီးနောက် ခေါင်းဆောင် ရှစ်ဦးသည် ကျိုးရှောင် တောင်တန်း သို့ အတူတကွ သွားရောက်ရန်.. အတူတူ ရှေ့တိုး.. အတူတူ နောက်ဆုတ်ရန်နှင့် ဓားနတ်သမီး ကို အတင်းအကျပ် ထွက်ပေါ်လာစေရန် ဆုံးဖြတ်လိုက်ကြတော့၏။

ကျန်းနန် လမ်းငယ်လေး တစ်ခုပေါ်တွင်

ပန်းဓား သူတော်စင် ဖူချူ သည် မြည်းတစ်ကောင်ကို နောက်ပြန် စီးနင်းလာပြီး သူမ၏ လက်ထဲရှိ စာအုပ်ကို စိတ်ဝင်တစား ငေးကြည့်နေလေ၏။

သူမ ကျန်းနန် သို့ ပြန်လာခြင်းမှာ သဘာဝကျကျပင် ဓားနတ်သမီး အတွက် ဖြစ်သည်။

“အကျိုးစီးပွားက လူတွေရဲ့ နှလုံးသားကို စေစားနေတာပဲ.. အင်မော်တယ် ဖြစ်ခြင်း ရဲ့ လျှို့ဝှက်ချက် အတွက် အင်အားကြီး အဖွဲ့အစည်း ရှစ်ခု က လင်းရှောင် ဓားဂိုဏ်း ကို ပစ်မှတ်ထားဖို့ ပူးပေါင်းလိုက်ကြပြီ.. သူတို့ အသက်ရှင် လွတ်မြောက်နိုင်မယ့် အခွင့်အရေးက သိပ်မရှိလှဘူး”

“ငါ တစ်ယောက်တည်းနဲ့တော့ ဘာကိုမှ ပြောင်းလဲပေးနိုင်မှာ မဟုတ်ဘူး”

ကျန်းနန် မှ အမျိုးသမီးများ ဖြစ်ကြသည့် အားလျော်စွာ ဓားနတ်သမီး သည် သူမ အလေးစားဆုံး စံပြ ပုဂ္ဂိုလ် တစ်ဦးပင်။

သူမ ငယ်ရွယ်စဉ် ကလေးဘဝ ကတည်းက ဓားနတ်သမီး ၏ ဇာတ်လမ်းကို စာအုပ်တစ်အုပ်ထဲတွင် ပထမဆုံး အကြိမ် ဖတ်ရှုခဲ့ရချိန်မှ စတင်ကာ.. ဓားပညာ ၏ မျိုးစေ့ တစ်ခုက သူမ၏ နှလုံးသားထဲတွင် အမြစ်တွယ် ရှင်သန်လာခဲ့၏။

ထိုအချိန်မှစ၍ သူမသည် ကျန်းနန် ၏ ထင်ရှား ကျော်ကြားသော မိသားစု တစ်ခုမှ ယဉ်ကျေး သိမ်မွေ့သော သခင်မလေး ဘဝမှ ကျန်းဟူ သိုင်းလောက ၏ ထုံးစံများကို ဆန့်ကျင်သော ဓားသမား တစ်ဦး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူမသည် ဓားနတ်သမီး နှင့် ဓားချင်း ယှဉ်ပြိုင် လိုသော ဆန္ဒ ပြင်းပြနေ၏။

သို့သော် ဤသည်မှာ ဓားသိုင်းပညာ သက်သက် ဖလှယ်လိုခြင်းသာ ဖြစ်ပြီး.. သူမ၏ အမြင်တွင် အင်မော်တယ် ဖြစ်ခြင်း ရဲ့ လျှို့ဝှက်ချက် ဆိုသည်မှာ ရှေးဟောင်း ပညာရှင်များကို စော်ကားခြင်းပင်။

ဓားနတ်သမီး သည် ဤကပ်ဘေးကို ကြုံတွေ့နေရသဖြင့် သူမ၏ ရင်ထဲတွင် မကျေမနပ် ဖြစ်နေကာ တတ်နိုင်မည် ဆိုပါက ကူညီပေးလိုသော ဆန္ဒ ရှိနေသည်။

အခြား သတင်း အချက်အလက် တစ်ခုကလည်း သူမကို အံ့အားသင့်သွားစေခဲ့၏။

“ကူလမ်းစဉ် ထဲက လို့ ယူဆရတဲ့ နောက်ထပ် လူတစ်ယောက် ရောက်လာတယ် ပါရမီရှင် ကူသခင် လူငယ်လေး..”

“သူက အဋ္ဌမအဆင့် ဝါရင့် ပညာရှင် လေးယောက်ကို တစ်ယောက်တည်း ရင်ဆိုင် တိုက်ခိုက်ပြီး သတ်ပစ်နိုင်ခဲ့တယ်တဲ့လား”

“ကူသခင်လေး က တကယ်ကို အံ့မခန်း ကြမ်းတာပဲ”

ပန်းဓား သူတော်စင် ဖူချူ က တွေးတောလိုက်သည်။

“ဒီကူသခင်လေး က အရင်တုန်းက ဓားနတ်သမီး ကို အလုပ်အကျွေး ပြုခဲ့တဲ့ သူပဲ ဖြစ်ရမယ်”

“သူ့ နာမည်က လီယွမ် ဆိုလား”

“သူနဲ့ ချီလင် က လူတစ်ယောက်တည်းများ ဖြစ်နေမလား”

တူညီသော ပင်မကူ များနှင့် ယှဉ်ပြိုင်၍ မရအောင် ပြင်းထန် ရက်စက်လှသော သွေးဆာသည့် သဘောသဘာဝ များက မှတ်မိရန် အလွန် လွယ်ကူလွန်းလှသည်။ အရင်က တစ်ဖက်လူ ဘာကြောင့် သူ၏ အမှတ်အသားကို ဖုံးကွယ်ထားခဲ့သလဲ ဆိုသည်ကို သူမ မသိရှိချေ။

ကူအင်မော်တယ် ၏ အမွေအနှစ် များနှင့် သက်ဆိုင်သော စိုးရိမ်မှုများ ရှိနေခြင်းကြောင့် ဖြစ်နိုင်၏။

ယခုအခါ သူက ကူအင်မော်တယ် ၏ မျိုးဆက် တစ်ဦး ဖြစ်ကြောင်း ပေါ်ပေါ်ထင်ထင် ထုတ်ဖော် ပြောဆိုလာပြီ ဖြစ်ရာ သူ၏ အမှတ်အသား ပေါ်ပေါက်သွားမည်ကို ဂရုမစိုက်တော့ခြင်း ဖြစ်ပေလိမ့်မည်။

“နှမြောစရာ ကောင်းတာက လူတွေရဲ့ စွမ်းအားက အကန့်အသတ် ရှိတယ်.. ကူသခင် တစ်ယောက်တည်းက ဘာကိုမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး”

ထျန်းအန်း မြို့တော် ၏ အပြင်ဘက် ကောင်းကင်ယံ အထက်ဝယ်

မြက်ပင် တစ်ပင်ကို ကိုက်ထားသော အနက်ရောင် ဝတ်စုံ ဝတ် မျက်နှာဖုံး စွပ် ပုံရိပ် တစ်ခုသည် လင်းယုန် တစ်ကောင်ကို စီးနင်းကာ ပျံသန်းလာလေ၏။

လောက၏ ဓားသူတော်စင် လေးပါး အနက်မှ တစ်ပါး ဖြစ်သော ညဇီးကွက် အစောင့်တပ် ၏ လျှို့ဝှက်မြို့စား ယွင်ရှန်းယင်း သို့မဟုတ် အမြန်ဆုံး ဓားသမား ဟု လူသိများသော တိမ်တိုက် လင်းယုန် သည်လည်း ဤကြီးကျယ် ခမ်းနားသော အခမ်းအနားကြီးကို လက်လွတ်မခံပါချေ။

“ကျန်းဟူ သိုင်းလောက မှာ ဖြစ်ပျက်နေတဲ့ ဒီကိစ္စရဲ့ အချိန်ကိုက် ဖြစ်ပေါ်လာမှုက တကယ်ကို အံ့မခန်းပဲ.. ရှန်းဟိုင်ကွမ် စစ်ပွဲကြီးရဲ့ အထွတ်အထိပ် အချိန်မှာ ဖြစ်ပေါ်လာတာ”

“ဝမ်ယီကော က သူတို့ကို အမြစ်ပြတ် ရှင်းလင်းပစ်လိုက်မှာကို သူတို့ ကြောက်နေကြတာလား”

လင်းယုန် ၏ နှုတ်သီးက တိမ်တိုက်များ အထက်တွင် ကွေးတက်သွား၏။

“ဒီ ကျန်းဟူ သိုင်းလောက က လူတွေက ဘုရင်ကြီး ရဲ့ အမူအကျင့် တွေကို အထင်သေးလွန်းနေကြတယ်.. ဘုရင်ကြီး ကသာ ကျန်းဟူ သိုင်းလောက တစ်ခုလုံးကို သတ်ဖြတ်ချင်တယ် ဆိုရင် ဒီခေတ်မှာ ရှိတဲ့ ကျန်းဟူ သိုင်းလောက ရဲ့ ခေါင်းဆောင်တွေထဲက ဘယ်သူကများ သူ့ကို တားဆီးနိုင်မှာလဲ”

တိမ်တိုက် လင်းယုန် ၏ နှလုံးသားထဲတွင် လောက အပေါ် ဘုရင်ကြီး ၏ အမြင်က လောက စည်းမျဉ်းများကို ကျော်လွန်နေခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်၏။

“ဒါပေမဲ့…”

“ငါ့အတွက်တော့ ဒါက အခွင့်အရေး တစ်ခုပဲ”

တိမ်တိုက် လင်းယုန် ၏ မျက်ဝန်းများမှာ တောက်လောင်နေတော့သည်။

“အမြန် ဓားသိုင်း အကြောင်းကို သက်သက် ပြောရရင်.. ငါက ရုပ်ခန္ဓာ စွမ်းရည်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ.. အပြည့်အဝ နားလည် သဘောပေါက်တဲ့ အဆင့်ကို ရောက်နေပြီ.. နဝမအဆင့် က လူတွေကိုတောင် ကျော်လွန်နေပြီ”

“ဒါပေမဲ့ ငါက နဝမအဆင့် ကို ရောက်ဖို့ တစ်လှမ်းလေး အလိုမှာပဲ ရှိနေသေးတယ်”

“ဓားနတ်သမီး ပေါ်လာတာက ငါ့အတွက် မြူခိုးတွေကို ရှင်းလင်းပေးနိုင်ကောင်းပါရဲ့”

သူက အဆင့် ချိုးဖြတ်ရန် အလွန်အမင်း ဆန္ဒ ပြင်းပြနေပြီး 'ဘုရင်ကြီး' ၏ အသိအမှတ်ပြုမှုကို တောင့်တနေလေ၏။

သူတို့က တစ်ကြိမ်တစ်ခါမျှ ထွက်မလာခဲ့ဖူးသော အခြား လျှို့ဝှက် သခင် တစ်ဦး ဖြစ်သည့် 'လှောင်ချိုင့်ထဲက ငှက်' ကို အနိုင်ယူချင်နေကြသည်။

ညဇီးကွက် အစောင့်တပ် ၏ အမြင်တွင် တိမ်တိုက် လင်းယုန် သည် နက်ရှိုင်းသော ကျင့်ကြံခြင်း စွမ်းရည်များကို ပိုင်ဆိုင်ထားပြီး လွတ်လပ် ပေါ့ပါးကာ ကြာမြင့်စွာ ကတည်းက လျှို့ဝှက်မြို့စား တစ်ဦး ဖြစ်နေခဲ့လေသည်။ ကလေးဘဝ ကတည်းက ကျင့်ကြံခြင်း တွင် ဘုရင်ကြီး ၏ နောက်သို့ လိုက်ပါခဲ့ပြီး သူ၏ သွန်သင်မှုများကို ခံယူခဲ့ရသူ ဖြစ်ရာ နောက်ထပ် ညဇီးကွက်ဘုရင် ဖြစ်လာရန် တစ်ဦးတည်းသော ဆက်ခံသူ ပင် ဖြစ်၏။

သို့သော်လည်း..ဘုရင်ကြီး က ကောင်းကင်ယံမှ ကျဆင်းလာသော လှောင်ချိုင့်ထဲက ငှက် အား သူ့ထက် များစွာ ပိုမို တန်ဖိုးထားကြောင်းကို သူ၏ နှလုံးသားထဲတွင် သူ တစ်ယောက်တည်းသာ သိရှိထားလေ၏။

တိမ်တိုက် လင်းယုန်.. ပိုကောင်းအောင် လုပ်ရမယ်။

မြောက်ပိုင်း ဒေသရှိ ရေခဲပြင် မျိုးနွယ်စု။

“သတင်းပို့ပါတယ်”

မျိုးနွယ်စု ၏ အစောင့် တစ်ဦးသည် နှင်းနှင့် ရေခဲ အိမ်လေး ထဲသို့ ကပျာကယာ ပြေးဝင်လာ၏။

“ချီလင်ဘုရင် ကို သတင်းပို့ပါတယ်.. အင်မော်တယ် ဖြစ်ခြင်း ရဲ့ လျှို့ဝှက်ချက် အကြောင်း ဆွေးနွေးဖို့ ကျန်းနန် ကို ဖိတ်ခေါ်တဲ့ နောက်ထပ် စာတစ်စောင် အလယ်ပိုင်း လွင်ပြင် ကနေ ရောက်လာပြန်ပါပြီ”

“ငါ မသွားဘူးလို့ ပြောထားတယ် မဟုတ်လား”

ချီလင်ဘုရင် အန်းထိုယွမ် က လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းပြလိုက်သည်။

“သူတို့ကို လျစ်လျူရှုထားလိုက်.. အဲ့ဒါတွေကို ဖျက်ဆီးပစ်လိုက်”

“ဟုတ်ကဲ့ပါ”

အစောင့်က အမိန့်ကို နာခံပြီး အပြင်သို့ ခြေနှစ်လှမ်း အလှမ်းတွင် တစ်စုံတစ်ခုကို သတိရသွားကာ.. အစီရင်ခံလာ၏။

“ဪ ဟုတ်သားပဲ.. နဝမ ကူနန်းတော် က ချီလင် လည်း ပျောက်နေတယ်.. ထင်ရတာတော့..”

“အဟွတ် အဟွတ်..”

အန်းထိုယွမ် က ရုတ်တရက် ထထိုင်လိုက်၏။

“ကောင်းပြီ.. တခြား ကိစ္စတွေ အတွက်တော့ ငါတို့ ကူ နန်းတော် ရဲ့ ကိစ္စတွေကို ဖြေရှင်းပေးရမှာပေါ့.. အဲ့ဒီစာကို ဒီယူခဲ့”

All Chapters