ထူးခြားကူ... အန်းရွှီ နှံကောင်
Vol. 27 Ch. 290
ဖြူဖွေးသော ဆံပင်များနှင့် လူငယ်လေးသည် တောင်ပိုင်းနယ်စပ်မှ ရိုးရာ ဝတ်စုံကို ဝတ်ဆင်ထား၏။ ရောက်လာသူ၏ အမည်မှာ သိသာလွန်းလှသည်။
"နဝမကူနန်းတော် ရဲ့ ဒုတိယ နန်းတော်သခင်... အဋ္ဌမအဆင့်မှာ ပြိုင်ဘက်ကင်းတဲ့ ကူသခင်... ယန်တျန်"
သူ ဘာကြောင့် ထွက်လာရတာလဲ။
မဟာ သူတော်စင်များ၏ မျက်နှာများမှာ မှိုင်းညို့သွားကြ၏။
'အဋ္ဌမအဆင့်မှာ ပြိုင်ဘက်ကင်းတယ်' ဆိုတာ ဘာကို ဆိုလိုတာလဲ။
သူတော်စင် တစ်ပါးကို တစ်ယောက်တည်း သတ်ဖြတ်နိုင်ပြီး ရွယ်တူများထဲတွင် ဘယ်တော့မှ မရှုံးနိမ့်ဖူးသူ များသာ 'ပြိုင်ဘက်ကင်း' ဟူသော ဘွဲ့ကို ရရှိနိုင်ခြင်း ဖြစ်သည်။
ယန်တျန် ၏ အောင်မြင်မှု များသည် ကြမ်းတမ်းသော တိုက်ပွဲများမှတစ်ဆင့် ရရှိခဲ့ခြင်း ဖြစ်၏။ ထို မဟာ သူတော်စင် (၇) ပါး ထဲတွင် ဤဂုဏ်ပုဒ် ကို ရရှိထားသူ တစ်ယောက်မျှ မရှိချေ။
"လူကြီးမင်းတို့... ခင်ဗျားတို့ကို မျက်နှာသာ ပေးတဲ့ အနေနဲ့... အကုန်လုံး ပြန်လှည့်သွားကြရင်ရော ဘယ်လိုလဲ"
ယန်တျန် က ပျင်းရိစွာဖြင့် လျှောက်လာ၏။
"ဘိုးဘေး က လမ်းမှာ လာနေပြီ... သူက အသက်သာ ကြီးတာ... စိတ်သဘောထားက ကလေး တစ်ယောက်လိုပဲ... လူတစ်ယောက်ကို ရိုက်ပြီ ဆိုရင် ဘယ်လို ထိန်းရမလဲ ဆိုတာကို သူ မသိဘူး"
"သူတော်စင် အဆင့် ကို ရောက်ဖို့ ကျင့်ကြံရတာ မလွယ်ဘူးလေ... မသေချာတဲ့ အနာဂတ် တစ်ခု အတွက် လောင်းကြေး ထပ်စရာ မလိုပါဘူး"
"ခင်ဗျားတို့မှာ ဒီလို စိတ်ထားမျိုး ရှိနေရင်... နယ်စပ်ကို သွားပြီး နတ်ဆိုးတွေနဲ့ တိုက်ခိုက်သင့်တယ်"
ယန်တျန် သည် အေးအေးဆေးဆေး လမ်းလျှောက်နေပြီး သူ၏ အမူအရာမှာ တည်ငြိမ်နေကာ လေသံမှာ အလွန်တရာ ပျင်းရိနေပုံ ပေါက်နေ၏။ ဤပုံစံ က အထွတ်အထိပ် သူတော်စင် (၇) ပါးကို မျက်မှောင်ကြုတ် သွားစေသည်။
သူတို့သည် ယန်တျန် ကို သေချာပေါက် မကြောက်ရွံ့ကြပေ။ ယန်တျန် သည် အဋ္ဌမအဆင့် ပြိုင်ဘက်ကင်း ကျင့်ကြံသူ တစ်ဦး ဖြစ်လျှင်ပင် လူ (၂) ယောက်ကိုသာ အများဆုံး တားဆီးထားနိုင်မည် ဖြစ်၏။
သူတို့ ကြောက်ရွံ့နေသည်မှာ ကူနန်းတော် ၏ ဘိုးဘေး အမှန်တကယ် ရောက်လာမည်ကိုပင်။
ယန်တျန် သည် ဓားဂိုဏ်း ၏ တောင်တံခါး ရှေ့တွင် ထိုင်ချလိုက်ပြီး လူတိုင်းကို ပြုံးပြလိုက်၏။
"မင်းက ငါတို့ကို ခြောက်ဖို့ ကြိုးစားနေတာလား"
ထျန်းဝေ့ထျန်း မှ ကျွင်မို က ပြောလိုက်၏။
"ငါတို့ မသိဘူးလို့ မထင်နဲ့... ကူနန်းတော် ရဲ့ ဘိုးဘေး က သူ့ကိုယ်သူ သတ်သေချင်နေတယ်ဆိုရင်သာ..မဟုတ်ရင်... လုံးဝ မလာဘူး"
ယန်တျန် သွားဖြီးပြလိုက်၏။
"ကျွန်တော်တို့ ကူသခင်ကြီး က အဲ့ဒီလောက်တောင် အကြောက် ကင်းမဲ့တာ... ကျွန်တော်သာ ကိုယ့်အသက် ကို တန်ဖိုးထားရင်... ဒီကို လာပါ့မလား"
“ယုံချင်ယုံ မယုံချင်နေ ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောမယ်... အရင်ဆုံး တက်လာတဲ့ သူက ဘိုးဘေး ရောက်လာတဲ့ အခါ ပထမဆုံး သတ်ဖြတ်ခံရမယ့် သူပဲ"
ထိုသို့ ပြောပြီးနောက် ယန်တျန်သည် နက်နက်ရှိုင်းရှိုင်း တရားထိုင် နေသကဲ့သို့ တိတ်ဆိတ် သွားတော့၏။
ယန်တျန် ၏ ယုံကြည်မှု ရှိသော အမူအရာ ကို မြင်သောအခါ အထွတ်အထိပ် သူတော်စင် (၇) ပါး မှာ ဘာလုပ်ရမည်ကို မသိတော့ချေ။
"ချီယန် လာနိုင်မှာ မဟုတ်ဘူး"
ထိုအခိုက် သူတို့၏ နားထဲတွင် အသံ
တစ်သံ ထွက်ပေါ်လာ၏။ အရိပ်များ အကြားတွင် ပုန်းအောင်း နေခဲ့သော ထျန်းဝေ့ထျန်း ၏ အရှင်သခင်ကြီး က ပြောလိုက်ခြင်း ဖြစ်သည်။
"သတ်"
သတင်း အချက်အလက် ကို ရရှိပြီးနောက် မဟာ သူတော်စင်များ သည် မည်သည့် တုံ့ဆိုင်းမှု မျှ မရှိတော့ပေ။
"ဓား... လာစမ်း"
စာအုပ်နှင့် ဓားသူတော်စင် မုန့်ချင်းစီသည် ကဗျာ တစ်ပုဒ်ကို စပ်ဆိုလိုက်ပြီး ၎င်းကို ဓား တစ်လက် အဖြစ် ပြောင်းလဲကာ ပန်းဓား သူတော်စင် ဖူချူ ကို တိုက်ခိုက်လိုက်၏။
ဓားသူတော်စင် (၄) ပါး အနက် စာအုပ်နှင့် ဓားသူတော်စင်သည် ဓားစိတ်ဆန္ဒ ကို အကျွမ်းကျင်ဆုံး ထိန်းချုပ် နိုင်သူ ဖြစ်သည်။ သူသည် ကဗျာ များမှ တစ်ဆင့် သူ၏ အတွေးများကို စုစည်းနိုင်ပြီး ဓားများဖြင့် သတ်ဖြတ်နိုင်ကာ ၎င်းတို့ကို ရွတ်ဆိုလိုက်သည် နှင့် မရေမတွက်နိုင်သော ဓားအရိပ်များ ဖန်တီးနိုင်၏။
သမုဒ္ဒရာ ကဲ့သို့ ကြီးမားလှသော ဓားစိတ်ဆန္ဒများက ပန်းဓား သူတော်စင် ဖူချူ ၏ အပေါ်သို့ ကျဆင်းလာတော့သည်။
"ရှင်က ဓားတွေ အကြောင်း ပြောရဲသေးတာလား”
ပန်းဓား သူတော်စင် ဖူချူ က လှောင်ပြောင်လိုက်၏။ သူမသည် သူမ၏ ဓားစွမ်းရည် ကြောင့် နာမည်ကြီးပြီး ဓားသူတော်စင် (၄) ပါး အနက် အဖြောင့်မတ်ဆုံး ဓားကျင့်ကြံသူ ဖြစ်သည်။
ဓားသူတော်စင် (၂) ပါး တို့ ထိပ်တိုက် ရင်ဆိုင်မိကြပြီး အချိန် အတော်ကြာသည် အထိ အနိုင်အရှုံး ခွဲခြားရန် ခက်ခဲနေ၏။
စာအုပ်နှင့် ဓားသူတော်စင် မုန့်ချင်းစီ ကို တားဆီးထားခြင်း က ဖူချူ အတွက် အကန့်အသတ် သို့ ရောက်နေပြီ ဖြစ်သည်။
"ဟူး..."
ယန်တျန် သက်ပြင်းချလိုက်၏။
"အကျိုးစီးပွား က ကြီးမားလွန်းပြီး... သက်ရောက်မှု တွေက အရမ်း နက်ရှိုင်းတယ်... ဒါက ဘယ်သူ့ကိုမှ ခြိမ်းခြောက် နိုင်မှာ မဟုတ်ဘူး"
အင်မော်တယ် ဖြစ်ခြင်း၏ လျှို့ဝှက်ချက် ဆိုသည့် အရာ၏ ရှေ့တွင် ဘိုးဘေး၏ နာမည် ပင်လျှင် အသုံးမဝင်တော့ချေ။
ကျန်ရှိနေသော အထွတ်အထိပ် သူတော်စင် (၆) ပါး အနက် သူသည် အများဆုံး လူ (၂) ယောက်ကိုသာ တားဆီးထားနိုင်မည် ဖြစ်၏။ ဂိုဏ်း၏ အကာအကွယ် ဓားအခင်းအကျင်း ၏ အကူအညီ ရှိလျှင်ပင် လင်းရှောင် ဓားဂိုဏ်း အနေဖြင့် သူတို့ (၄) ယောက်လုံး ကို တားဆီးရန် ခက်ခဲနေဦးမည်ပင်။
ကံကောင်းထောက်မစွာ ဖြင့် ကောင်လေး ချီလင် သည် အင်အားကြီး ဂိုဏ်း (၈) ဂိုဏ်း ၏ ထိပ်တန်း တပည့်များကို အရင်ဆုံး ဖောက်ခွဲပစ်လောက်အောင် ရက်စက်ခဲ့သည်။
ထို့ကြောင့် ဓားဂိုဏ်း ၏ တပည့်များ သည် ဓားအခင်းအကျင်း ကို ထိန်းသိမ်းရန် ကူညီပေးနိုင်ပြီး ခဏတာမျှ တောင့်ခံထားနိုင်မည်။
နောက်ဆုံး ရလဒ် ကိုတော့ ဓားနတ်သမီး ကိုယ်တိုင် ဆုံးဖြတ်ရမည် ဖြစ်သည်။ ဘိုးဘေးက ဆုံးဖြတ်ချက် ချရပေမည်။
"လူ (၂) ယောက် လာခဲ့"
ယန်တျန် က လက်ယပ် ခေါ်လိုက်သည်။
"ငါ လုပ်မယ်"
ထျန်းဝေ့ထျန်း ၏ သခင်လေး ကျွင်မို သည် ရှေ့သို့ ခြေ တစ်လှမ်း တိုးလာ၏။
"ဒီ နိမ့်ကျတဲ့ ဘုန်းကြီးကလည်း... အဋ္ဌမအဆင့် ရဲ့ ပြိုင်ဘက်ကင်း ဆိုတာ ဘယ်လောက်တောင် အစွမ်းထက်လဲ ဆိုတာ သိချင်နေတာ"
ကျင်းချန် ကျောင်းတော်မှ ယွင်ဟွေ့ လည်း ရှေ့သို့ တိုးလာသည်။
ယန်တျန်က ဝံ့ကြွားစွာ ပြုံးပြီး ပြောလိုက်၏။
"ငါတို့ တိုက်ခိုက်တာကို ရပ်ပြီး ဘေးကနေ ကြည့်နေရင်ရော ဘယ်လိုလဲ... ဘာပဲဖြစ်ဖြစ်.. မင်းတို့ ငါ့ကို မသတ်နိုင်ဘူး... ပြီးတော့ ငါလည်း မင်းတို့ကို သတ်ဖို့ ခက်ပါတယ်"
"မင်း ဘာလို့ ဒီလောက် မောက်မာနေရတာလဲ"
ကျွင်မို သည် ရုတ်တရက် လှုပ်ရှားလိုက်ပြီး ယန်တျန် ထံသို့ တည့်တည့် ဦးတည်ကာ အော်ဟစ်လိုက်၏။
"နယ်မြေ... အရပ် ဆယ်မျက်နှာ မိစ္ဆာ အကျဉ်းထောင်"
"ဝုန်း..."
မျက်စိတစ်မှိတ် အတွင်း လောကကြီး ပြောင်းလဲသွား၏။
ကြောက်မက်ဖွယ် ကောင်းသော ဂိုလမ် (၁၀) ကောင် ဆင်းသက်လာပြီး ခရမ်းရောင် မိစ္ဆာ ချီစွမ်းအင် သံကြိုးများ ဖြင့် ဆက်သွယ်ထားကာ ဧရာမ အကျဉ်းထောင်ကြီး တစ်ခု အလား ဖြစ်နေသည်။
ယန်တျန် မှာ အတွင်း၌ ပိတ်မိသွားတော့၏။
သူတော်စင်များ အကြား တိုက်ပွဲတစ်ခု တွင် နယ်မြေ သည် အထူး အရေးပါလှသည်။ ၎င်းမှာ နယ်မြေ တစ်ခုက အခြား တစ်ခုကို ကြေမွသွားအောင် ရိုက်ချိုးဖျက်ဆီးပစ်မည့် ထိပ်သီးများ၏ အားပြိုင်မှုမျိုး ဖြစ်နိုင်သလို မိမိကိုယ်ကို ကာကွယ်ရန်အတွက် နယ်မြေကို အကျဉ်းချုံးလိုက်ခြင်းမျိုးလည်း ဖြစ်နိုင်ပေသည်။ ပုံမှန်အားဖြင့်မူ အားနည်းသူများကသာလျှင် အားကြီးသူများကို ရင်ဆိိုင်ရာမှာ အကျဉ်းချုံးခြင်းမျိုး ပြုလုပ်လေ့ရှိကြ၏။
သို့သော်လည်း...
ယန်တျန် သည် နယ်မြေ ကို မထုတ်လွှတ်ခဲ့ပေ။ မရေမတွက်နိုင်သော ပိုးဖလံများ တွားသွားထွက်လာပြီး သူ့ပတ်ဝန်းကျင်တွင် အနက်ရောင် အရည်များ ဖြစ်ပေါ်လာတော့၏။
"မင်း ..နယ်မြေတွေနဲ့ တိုက်ခိုက်ဖို့တောင် မရဲဘူးလား" ကျွင်မို လှောင်ပြောင်လိုက်၏။
"မင်းရဲ့ 'အဋ္ဌမအဆင့် ပြိုင်ဘက်ကင်း' ဆိုတဲ့ ဘွဲ့က အလကား ကြွားလုံးထုတ် ထားတာပဲ နေမှာပါ"
"ငါ့ကို လာမဆွနဲ့"
ယန်တျန် က တည်ငြိမ်စွာ ပြန်ပြော၏။
"ငါ အဲ့ဒီ အကွက်ထဲကို မဝင်ဘူး"
သူသည် နယ်မြေ တိုက်ပွဲကို တစ်ကြိမ် ရွေးချယ်ခဲ့ပြီးပြီ။ ပြိုင်ဘက် (၂) ယောက်ကို ရင်ဆိုင်ရချိန်တွင် အခြား တစ်ယောက်၏ ချုံခို တိုက်ခိုက်မှုကို အလွယ်တကူ ခံရနိုင်သည်။
"ဒါဆိုရင် မင်း သေရလိမ့်မယ်"
ကျွင်မို ၏ လက်နက် မှာ လှံရှည် တစ်လက် ဖြစ်သည်။ သူ ၎င်းကို ကိုင်ဆောင်လိုက်ချိန်တွင် အရပ်
ဆယ်မျက်နှာ မိစ္ဆာများ သည် သူနှင့်အတူ ကခုန်လာကြပြီး ကျွင်မိုကို အလွန်တရာ အစွမ်းထက်လာစေသည်။
ယန်တျန် ခပ်ရေးရေး ပြုံးလိုက်၏။
"နယ်မြေ တစ်ခုက ကြီးမားတိုင်း အသုံးဝင်တာ မဟုတ်ဘူး...ကိုယ်နဲ့ သင့်တော်တဲ့ နယ်မြေကသာ အကောင်းဆုံးပဲ”
ထိုစဉ် ယွမ်ဟွေ့လည်း လှုပ်ရှားလိုက်၏။ သူသည်လည်း နယ်မြေ ကို ရိုးရှင်းအောင် ပြုလုပ်လိုက်၏။ သူ့ကိုယ်သူ အားဖြည့်ရန် နှင့် ကျွင်မို ၏ တိုက်ခိုက်မှုများကို ကူညီရန် အတွက် ၎င်းကို ကောင်းကင် မြေကြီး နှင့် ဆက်သွယ်လိုက်သည်။
"လျှို့ဝှက် နည်းစနစ်"
"အကြိမ် (၁၀၀) ပြန်လည် မွေးဖွားခြင်း မျှောလွင့် စေတီ တံဆိပ်တုံး"
ယွမ်ဟွေ့သည် သူ၏ လက်နှစ်ဖက်ကို ပူးလိုက်ပြီး မျက်လုံးများ မှိတ်ကာ မန္တန် တစ်ပုဒ်ကို ရွတ်ဆိုလိုက်၏။
ရွှေရောင် စေတီတော် တစ်ဆူ ဆင်းသက်လာပြီး ဗုဒ္ဓ ရွတ်ဆိုသံ များကို ထုတ်လွှတ်လိုက်သည်။ ရွတ်ဆိုသံ များ၏ လွှမ်းမိုးမှု အောက်တွင် ယန်တျန် ၏ ခန္ဓာကိုယ် ပေါ်ရှိ ပိုးဖလံများ အဆက်မပြတ် ကျဆင်းသွားပြီး မမြင်ရသော စွမ်းအား တစ်ခု၏ ချည်နှောင်ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။ ယန်တျန် ကိုယ်တိုင်လည်း မိစ္ဆာ လှံရှည် ၏ အကြိမ်ကြိမ် ထိုးနှက်ခံလိုက်ရသည်။
"မင်းရဲ့ ပြိုင်ဘက်ကင်း ဆိုတဲ့ ဂုဏ်သတင်း က ပျက်စီးတော့မယ် ထင်တယ်"
ကျွင်မို က ရူးသွပ်စွာ ရယ်မောလိုက်၏။
ယန်တျန် မှာ တည်ငြိမ် အေးဆေးစွာ နေပြီး ပိုးကောင်များကို တိုက်ခိုက်ရန် အလုံခြုံဆုံး ချဉ်းကပ်မှုကို ဆက်လက် အသုံးပြုနေသည်။ အန်းရွှီ နှံကောင် သည် တိုက်ခိုက်တတ်သော ပိုးကောင် တစ်ကောင် မဟုတ်ချေ။ အရေးကြီးဆုံး အချက်မှာ အခြေအနေ နှင့် လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်ရန် ပင်။
သူ ပြိုင်ဘက် ၏ တိုက်ခိုက်မှုများကို အသားကျသွားသည် နှင့် သူ့အတွက် အစီအစဉ် များ ချမှတ်ပြီး ဖြစ်သွားလိမ့်မည်။
"သူ့ကို အခွင့်အရေး မပေးနဲ့"
ယွမ်ဟွေ့ ရင်ထဲ ကြောက်ရွံ့မှုကို ခံစားလိုက်ရ၏။
"ငါတို့ သူ့ရဲ့ ကူနည်းစနစ် ကို ချိုးဖျက်ပြီးပြီ... သူ အသားမကျခင် သူ့ကို သတ်ရမယ်"
ကျွင်မို လည်း ဤ သဘောတရား ကို သဘာဝကျကျ နားလည်ထား၏။ သို့သော် ယန်တျန် မှာ အလျှော့မပေးပေ။ မည်မျှပင် လှောင်ပြောင်စေကာမူ... တိုက်ခိုက်စေကာမူ... သူသည် အရှက်ကင်းမဲ့စွာ နေပြီး သူ၏ ခပ်ဖျော့ဖျော့ အပြုံးက ပို၍ပင် ဒေါသထွက်စရာ ကောင်းနေတော့သည်။
'မင်းတို့ အခု ငါ့ကို မသတ်နိုင်ဘူး... ဒါပေမဲ့ နောက်ကျရင် ငါက မင်းတို့ကို သတ်မယ့် သူ ဖြစ်လိမ့်မယ်' လို့ ပြောနေသည့်နှယ်ပင်။
အထွတ်အထိပ် သူတော်စင် (၂) ပါး သည် ရူးသွပ်စွာ တိုက်ခိုက်လာကြ၏။
ယန်တျန် ၏ ခန္ဓာကိုယ် ပေါ်ရှိ ပိုးဖလံများ သည် အဆက်မပြတ် ထွက်ပေါ်လာနေပြီး ၎င်းတို့မှာ ကုန်ခန်းသွားခြင်း မရှိချေ။ သေဆုံးသွားသော ပိုးဖလံ တစ်ကောင် စီတိုင်းသည် ၎င်းတို့၏ 'လိုက်လျောညီထွေ ဖြစ်မှု' ကို ဘဝဆက်နွှယ်ကူ (ပင်မကူ) အန်းရွှီ နှံကောင် ထံသို့ ပေးပို့လိမ့်မည်။
ထို့နောက် အန်းရွှီ နှံကောင် မှ ထုတ်လုပ်သော နှံကောင်များသည် သက်ဆိုင်ရာ 'ခံနိုင်ရည်' ကို တိုးတက်လာစေမည်။ ဤ ခံနိုင်ရည် ကို ဘဝဆက်နွှယ်ကူ သခင် ကလည်း စုပ်ယူလိမ့်မည် ဖြစ်သည်။
ဤ လုပ်ငန်းစဉ် မှာ ထပ်တလဲလဲ ဖြစ်ပေါ်နေပြီး လူ တစ်ယောက်တည်း ၏ တိုက်ခိုက်မှုများကို အကြိမ် ထောင်ပေါင်းများစွာ ထပ်ခါတလဲလဲ ခွဲခြမ်းစိတ်ဖြာ နေသော်လည်း... အဓိက သဘောတရား မှ လုံးဝ သွေဖည်မသွားချေ။ အန်းရွှီ နှံကောင် သည် ၎င်း၏ အဓိက အချက်ကို အသားကျသွားသည် နှင့် ကူသခင် သည် ပြိုင်ဘက်ကင်း ဖြစ်လာလိမ့်မည်။
ဤသည်မှာ ယန်တျန် တစ်လျှောက်လုံး တည်ငြိမ် အေးဆေးစွာ နေနိုင်ရခြင်း ၏ အကြောင်းရင်း လည်း ဖြစ်၏။
သူ ဘာကြောင့် ရွယ်တူတွေ ကြားမှာ ပြိုင်ဘက်ကင်း ဖြစ်နေရတာလဲ... သူ ဘာကြောင့် တစ်ခါမှ မရှုံးနိမ့်ဖူးရတာလဲ... အဘယ်ကြောင့်ဆိုသော် ကာလတို အတွင်း မည်သူမျှ သူ၏ ကာကွယ်ရေး များကို မချိုးဖျက်နိုင်သလို မည်သူမျှ သူ့ကို လုံးဝ သေစေလောက်သော တိုက်ခိုက်မှု ဖြင့် မသတ်ဖြတ်နိုင်သောကြောင့် သူတို့မှာ သူ၏ ထိန်းချုပ်မှုကို ခံရရန်သာ ကံကြမ္မာ ဖန်တီးထားခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင်... ကျန်ရှိနေသော အထွတ်အထိပ် သူတော်စင် (၄) ပါး သည် လင်းရှောင် ဓားဂိုဏ်း ၏ အကာအကွယ် ဓားအခင်းအကျင်း ကို စတင် တိုက်ခိုက်နေကြလေပြီ။
"အားလုံးပဲ တောင့်ခံထားကြ"
ယွင်မိုဝမ် က ဦးဆောင်ပြီး အခင်းအကျင်း ၏ ဗဟိုချက် ကို ကြီးကြပ်နေသည်။
"ဓားနတ်သမီး... ဘိုးဘေး တံခါးပိတ် ကျင့်ကြံရာ ကနေ မထွက်လာခင် အထိ ဘယ်သူမှ တစ်လှမ်းမှ နောက်မဆုတ်ရဘူး... ဒီ တိုက်ပွဲက သွေးသံရဲရဲ တိုက်ပွဲ နဲ့ အဆုံးသတ် ရမယ်"
မဟာ အခင်းအကျင်း ၏ အဓိက ဦးစီးသူ အနေဖြင့် ယွင်မိုဝမ် သည် အပြင်းထန်ဆုံး တိုက်ခိုက်မှုများကို ခံစားရပြီး ဒဏ်ရာရနေချေပြီ။ သူ၏ ကိုယ်တွင်း အင်္ဂါများမှာ ဖရိုဖရဲ ကောင်းကင် စွမ်းအားများ ကြောင့် ဒဏ်ရာ မသေးလှပေ။
"ဂိုဏ်းချုပ်... ကျွန်တော့်ကို လုပ်ခွင့်ပေးပါ"
လူလုံးထွက်ပြချင်စိတ် မရှိသော ကျိုးဝူပင်း မှာ ယခု အချိန်တွင် ရှေ့သို့ ထွက်လာရုံမှ တစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။
"မင်းလား"
ယွင်မိုဝမ် က ခေါင်းခါပြလိုက်၏။
"ဓားဂိုဏ်း ရဲ့ အကြီးအကဲ တွေ အားလုံး မသေသေးဘူး... ရှေ့တန်း ကို ထွက်ဖို့ တပည့် တစ်ယောက် ဖြစ်တဲ့ မင်း အလှည့် မရောက်သေးဘူး... နောက်ဆုတ်လိုက်"
"ဂိုဏ်းချုပ်... ကျွန်တော့်ကို ယုံကြည်ပါ"
လူတို့၏ နှလုံးသား များမှာ မည်းနက်လွန်းလှ၏။ ကျိုးဝူပင်း သည် လူတို့၏ နှလုံးသား ကို မယုံကြည်ပေ။
သို့သော် ဤ သွေးသံရဲရဲ တိုက်ပွဲ တွင် ပန်းဓား သူတော်စင် ဖူချူ ကဲ့သို့သော အပြင်လူ ပင်လျှင် ဝင်ရောက် စွက်ဖက်ခဲ့ပြီ ဖြစ်ရာ... မိမိ၏ စစ်မှန်သော ရည်ရွယ်ချက်များကို ဆက်လက် ဖုံးကွယ်ထားရန် အကြောင်းပြချက် မရှိတော့ချေ။
ကျိုးနေသော ဓားငယ်လေး ကို ဗဟိုပြုကာ ဓားအခင်းအကျင်း သည် ၎င်း၏ အစွမ်းအစ အပြည့်အဝ ကို ထုတ်လွှတ်နိုင်မည် ဖြစ်၏။