← Chapters

အကြွင်းမဲ့ တွက်ချက်ခြင်း

Vol. 27 Ch. 291

အကြွင်းမဲ့ တွက်ချက်ခြင်း

Vol. 27 Ch. 291

“ဂိုဏ်းချုပ်.. ကျွန်တော် လုပ်နိုင်ပါတယ်”

ကျိုးဝူပင်း ထံမှ အံ့ဩစရာကောင်းသော ဓားစိတ်ဆန္ဒ တစ်ခု တဟုန်ထိုး ထွက်ပေါ်လာ၏။ ၎င်းမှာ ယခင်က သူ ပိုင်ဆိုင်ခဲ့သော အရာများနှင့် လုံးဝ မတူညီသလို လင်းရှောင် ဓားဂိုဏ်း ၏ အမွေအနှစ်များနှင့်လည်း လုံးဝ ကွဲပြားခြားနားနေသည်။

“မင်း..”

ယွင်မိုဝမ် အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။

“ဂိုဏ်းချုပ်.. တပည့်ကို ယုံကြည်ပေးပါ”

ကျိုးဝူပင်း က လေးနက်စွာ ဆိုလိုက်၏။ ဤတစ်ကြိမ်တွင် ယွင်မိုဝမ် မငြင်းဆန်တော့ဘဲ ဂိုဏ်း ကာကွယ်ရေး ဓား အခင်းအကျင်း ၏ ထိန်းချုပ်မှု ကို ကျိုးဝူပင်း လက်သို့ အပ်နှင်းလိုက်တော့သည်။

“ဓားဂိုဏ်း ရဲ့ ဘိုးဘေး အပေါင်းတို့.. တပည့်ရဲ့ သွေးကို အသက်သွင်းရင်း လင်းရှောင် ဓားဝိညာဉ် ပြန်လည် နိုးထလာဖို့ အသနားခံပါတယ်”

“ဓားတစ်လက်၏ အရိုးသည် ကျိုးရှောင်တောင်တန်း အောက်၌ မြှုပ်နှံထားပြီး.. မကောင်းဆိုးဝါး အပေါင်းကို နှိမ်နင်းဖို့ တပည့်ရဲ့ ခန္ဓာကိုယ်ကို စတေးပါမယ်”

“ဧကရာဇ် အမိန့်တော်”

“ပင်လယ်ပြာ.. တိမ်တိုက်.. နှင်းပွင့်ကြွေ.. နဂါးပြာ.. ကပ်ဘေး.. လနီဘီး.. လမင်း အမှတ်တံဆိပ်”

လင်းရှောင် ၏ နတ်ဘုရားဓား ခုနစ်လက်၏ အမည်များကို ကျိုးဝူပင်း ရွတ်ဆိုလိုက်၏။ နတ်ဘုရားဓား ငါးလက်မှာ လေထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။ ဓားနတ်သမီး ၏ နှင်းပွင့်ကြွေဓား ပင်လျှင် ၎င်းတို့ကြားတွင် ပါဝင်နေ၏။ သမိုင်းတွင် ပျောက်ဆုံးသွားသော သွေးစက်နှင့် လမင်း အမှတ်တံဆိပ် ဓားများမှာမူ ဝိညာဉ် ပုံစံဖြင့် ပေါ်ထွက်လာကြသည်။

“ဓားပေါင်းစုံ မူလအစသို့ ပြန်သွားခြင်း”

ကျိုးဝူပင်း ၏ ရှေ့တွင် ကျိုးပဲ့နေသော ဓားငယ်လေး တစ်လက် ပေါ်ထွက်လာပြီး ဓားပေါင်းစုံကို ကွပ်ကဲ လမ်းပြပေးနေ၏။ ပျံသန်းနေသော ဓားများက အလွှာလိုက် ဝိုင်းရံကာ ဓားချီ များဖြင့် ဖန်တီးထားသော ကြာပန်းပြာကြီး တစ်ခုအလား ပွင့်လန်းလာတော့သည်။

လင်းရှောင် ဓားဂိုဏ်း သားများ အားလုံး အံ့အားသင့်သွားကြပြီး အကြီးအကဲများမှာလည်း မှင်တက်သွားကြသည်။ ပုံမှန်အားဖြင့် အေးဆေးနေတတ်သော ကျိုးဝူပင်း သည် ဤမျှ အစွမ်းထက်သော အရည်အချင်းကို ပိုင်ဆိုင်ထားမည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

ကောင်းကင်နှင့် မြေကြီးကြားတွင် ပွင့်လန်းနေသော ဓားချီ ကြာပန်းပြာကြီးသည် သူတော်စင် လေးပါး၏ ပူးပေါင်း တိုက်ခိုက်မှုကို အားပြင်းပြင်းဖြင့် တားဆီးထားနိုင်လိုက်၏။

“ဟူး..”

ကျိုးဝူပင်း သက်ပြင်းချလိုက်သည်။ ဓားဝိညာဉ်၏ လမ်းညွှန်မှုဖြင့် ဓားပေါင်းစုံကို မူလအစသို့ ပြန်လည် ခေါ်ဆောင်ကာ ဂိုဏ်း ကာကွယ်ရေး ဓား အခင်းအကျင်း ကို အစွမ်းကုန် အသက်သွင်းနိုင်ခဲ့ပြီ ဖြစ်သည်။

“ကျွန်တော့်ရဲ့ စွမ်းအားကို အခုတော့ သိပြီ မဟုတ်လား”

ကျိုးပဲ့နေသော ဓားငယ်လေး က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

“ဒါပေမဲ့ ငါတို့ အချိန် အများကြီး မရနိုင်ဘူး”

ကျိုးဝူပင်း က အေးစက်စွာ ပြောလိုက်၏။

ဂိုဏ်း ကာကွယ်ရေး ဓား အခင်းအကျင်း ကို အပြည့်အဝ အသက်သွင်းလိုက်သဖြင့် စွမ်းအင် သုံးစွဲမှုမှာ အဆမတန် မြင့်တက်လာသည်။ ကျင့်ကြံခြင်း အဆင့် နည်းပါးသော တပည့်များမှာ စွမ်းအင် အကုန်အစင် ထုတ်ယူခံလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားကြတော့သည်။

“စိတ်မပူပါနဲ့.. ကျွန်တော် တဖြည်းဖြည်းနဲ့ အခြေအနေ ပြန်ထိန်းနိုင်နေပြီ”

ဓားငယ်လေး က ဂုဏ်ယူစွာ ဆိုလိုက်သည်။

“နောက်ဆိုရင် ဓားနတ်သမီး ကို ကူညီပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ အနှောင်အဖွဲ့ကို ဖောက်ထွက်ပြီးတော့ ရန်သူ အားလုံးကို သတ်ပစ်မယ်”

“တကယ်လား..” ကျိုးဝူပင်း က လေးနက်စွာ ဆိုလိုက်သည်။

“အခုချိန်မှာ ကြွားဝါဖို့ အချိန် မဟုတ်ဘူး”

“အိုး.. ဘယ်သူက ကြွားဝါနေလို့လဲ”

ဓားငယ်လေး က ဒေါသတကြီး တုံ့ပြန်၏။

“ကျွန်တော့်ရဲ့ အထွတ်အထိပ် အခြေအနေကို ခင်ဗျား မယုံဘူးလား”

တောင်တန်းများ၏ အပြင်ဘက်တွင်

အလင်း ငါးဖြာ နယ်မြေ၏ နယ်ပယ် အတွင်း၌ အနီရောင် မီးတောက်များ နှင့် အလင်း ငါးဖြာ အလင်းတန်းများမှာ ရောင်စုံ ဖြာထွက်နေကြသည်။

“ရွှီ..”

အလင်း ငါးဖြာ အလင်းတန်းမှာ တစ်လုံးတည်း ပေါင်းစပ်သွားပြီး သွေးရောင် ခန္ဓာကိုယ်ကို ချက်ချင်း ထိုးဖောက် ဝင်ရောက်သွား၏။ လီယွမ်သည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် သွေးများဖြင့် ဖုံးလွှမ်းနေကာ ယိုင်နဲ့နဲ့ ဖြစ်နေတော့သည်။

ပြန်လည် ရှင်သန်ခြင်းကူ က သူ့ကို ကုသပေးရန် တောင့်တနေသော်လည်း လီယွမ်က တားမြစ်ထား၏။

‘အချိန် မကျသေးဘူး.. စောင့်ဦး’

နယ်ပယ် အတွင်း၌ ပိတ်မိနေသော်ငြားလည်း လီယွမ်သည် အပြင်ဘက်ရှိ လှုပ်ရှားမှုများကို ရှင်းလင်းစွာ အာရုံခံနိုင်နေသည်။ အန်းထိုယွမ် ရောက်ရှိလာခြင်းမှာ သူ့ကို အံ့အားသင့်သွားစေသည်။

၎င်းမှာ ကောင်းသော နိမိတ်တစ်ခုပင်။

ဤအချက်က ကူသခင် လမ်းစဉ် တွင် အဆင့် ချိုးဖြတ်ပြီး ဘိုးဘေး ချီယန် ကို အစားထိုး ကာ ရတနာကို စောင့်ကြပ်နေသည့် သူ တစ်ယောက်ယောက် ရှိနေကြောင်း သက်သေပြနေသည်။

၎င်းက ဘိုးဘေး၏ ရွေးချယ်မှုမှာ မှန်ကန်ကြောင်း နောက်ထပ် သက်သေပြလိုက်ခြင်းပင်။ ဤ အရေးကြီးသော အချိန်အခါတွင် ကူသခင် လမ်းစဉ် သည် လောကထဲသို့ ဝင်ရောက်ကာ လမ်းကြောင်းသစ် များကို ဖောက်လုပ်နိုင်ခဲ့ပြီး ကံကြမ္မာ အရှိန်အဝါ များကို ပိုမို ရရှိလာတော့၏။

ကူသခင် လမ်းစဉ်၏ အနာဂတ်မှာ ရှေ့ဆက်၍ ပိုမို ချောမွေ့လာတော့လေမည်။

ပန်းဓား သူတော်စင် ဖူချူ နှင့် ဓားဂိုဏ်း ၏ စုပေါင်း ထုတ်ဖော်မှု များဖြင့် ကျန်ရှိနေသော သူတော်စင် များ၏ တိုက်ခိုက်မှုမှာ ခေတ္တမျှ ရပ်တန့်သွားခဲ့ရာ လီယွမ် အတွက် နည်းဗျူဟာ များ ရေးဆွဲရန် အချိန် ပိုမို ရရှိသွား၏။

လီယွမ်သည် အားနည်းဟန်ဆောင်ကာ ပြန်လည် ရှင်သန်ခြင်းကူ ကို ပိတ်ထားလိုက်ပြီး အလင်း ငါးဖြာ နတ်ဆရာ ၏ သတိထားမှုကို အဆက်မပြတ် လျော့ပါးအောင် လုပ်ဆောင်နေသည်။ သူ၏ ကောင်းကင်ဖြစ်စဉ်ကိုပါ ကုန်ဆုံးသွားအောင် လုပ်ဆောင်လိုက်၏။

သူသည် ရန်သူကို အလွန် ပေါ့ဆနေချိန်တွင် ဝင်ရောက် တိုက်ခိုက်ကာ နောက်ဆုံးသော အသေအလဲ တိုက်ခိုက်မှုကို လုပ်ဆောင်ရမည်။

အကြွင်းမဲ့ ရှင်းလင်းမှု နှင့် တွက်ချက်မှု ကို ရရှိရန်... ပြီးပြည့်စုံသော အခွင့်အရေးကို ဆုပ်ကိုင်နိုင်ရန်အတွက် သူသည် ပတ်ရစ် နတ်ဘုရား ပူးကပ်မှု အခြေအနေ ကိုပင် အသက်မသွင်းဘဲ သူ့ကိုယ်သူ အားနည်းသည့် အခြေအနေတွင် ထားရှိထား၏။

အကယ်၍ 'မိတ်ဆွေများ' ဟူသော စကားလုံးကို အသုံးပြုကာ စွန့်စားမှု ပြုလုပ်ပါက အရာအားလုံး ပျက်စီးသွားလိမ့်မည်။

ဒါက မင်းရဲ့ အကန့်အသတ်လား..

အလင်း ငါးဖြာ နတ်ဆရာ ၏ မောက်မာလှသော အသံမှာ နယ်ပယ် အတွင်း ပဲ့တင်ထပ်နေ၏။

သူသည် လုံးဝ အလျှော့မပေးဘဲ.. မည်သည့်အခါမျှ အပြည့်အဝ တိုက်ခိုက်ခြင်း မရှိပေ။

တကယ်တမ်းတွင် သူသည် အလွန်တရာ ကြောက်ရွံ့နေခြင်း ဖြစ်ပြီး.. တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားချိန်တွင် လီယွမ်၏ လျှို့ဝှက် နည်းလမ်း များကြောင့် သူ လက်လွတ်စပယ် ဖြစ်သွားမှာကို စိုးရိမ်နေခြင်းပင်။

ထို့ကြောင့် သူသည် အမြဲတမ်း အရန်သင့် ပြင်ဆင်ထားပြီး အသေအလဲ တိုက်ခိုက်ရန် သေချာမှု မရှိသရွေ့ အင်အားကုန် မသုံးပေ။

“နောက်တစ်ခါ ထပ်လုပ်မယ်”

အလင်းတန်းများ ကခုန်နေပြီး နောက်ထပ် ပြင်းထန်လှသော တိုက်ပွဲကြီး တစ်ခု ဖြစ်ပွားပြန်၏။

လီယွမ်၏ လက် တစ်ဖက်မှာ ပြတ်တောက်သွားပြီး ကောင်းကင်ဖြစ်စဉ်၏ တိုက်စားမှုကို ခံနေရသဖြင့် အလွန်တရာ အားနည်းနေသည်။

ဤအခြေအနေ တွင်ပင် လီယွမ်သည် လွတ်လပ်စွာ လှုပ်ရှားနေဆဲပင်။

‘အိုမင်းရင့်ရော်နေတဲ့ မိစ္ဆာအိုကြီး..’

လီယွမ်က အတွေးထဲမှ ကျိန်ဆဲလိုက်၏။ အဘိုးအိုမှာ သူ ထင်ထားသည်ထက် ပို၍ပင် သတိကြီးလွန်းလှသည်။

အကယ်၍ ဤသို့ပင် ဆက်သွားနေပါက လင်းရှောင် ဓားဂိုဏ်း ၏ အဖွဲ့များမှာ အရင်ဆုံး အင်အား ကုန်ခမ်းသွားလိမ့်မည်။

‘သူ့ကို အပြည့်အဝ ယုံကြည်မှု ရှိအောင် လုပ်ဖို့ ဆိုရင် အခြား ထူးခြားတဲ့ နည်းလမ်း တစ်ခုခုကို ပြသမှ ရတော့မယ်’

"ပက်ကျိလေး... ဆန်းကြယ် ပုံရိပ် နယ်မြေကို ဖွင့်ချလိုက်..."

ဆန်းကြယ်ပုံရိပ်ကူက ၎င်း၏ နယ်ပယ်ငယ်ကို ဖြန့်ကြက်လိုက်၏။ အလင်းငါးဖြာ နယ်မြေ အတွင်း၌ ကမ္ဘာငယ်တစ်ခုကို အတင်းအကြပ် ဖန်တီးလိုက်ခြင်းပင်။

ကောင်းကင်နှင့်မြေကြီး ချိတ်ဆက်သွားသည်။ ထို့နောက် ၎င်း၏ ကိုယ်ထည်တွင်းသို့ ကောင်းကင်စွမ်းအင် အမြောက်အမြား စုပ်ယူလိုက်တော့၏။

အလင်းငါးဖြာ နတ်ဆရာက အထင်တသေး ရယ်မောလိုက်၏။

"မင်း တကယ်ပဲ ဖုံးကွယ်ထားတာတွေ ရှိနေသေးတာကိုး..."

"ခင်ဗျားအတွက် အလောင်းကောင်ထည့်ဖို့ ခေါင်းတောင် ဖျောက်ထားသေးတယ်..."

"ဝီ..."

ပုစဉ်းရင်ကွဲသံများ ချက်ချင်း ထွက်ပေါ်လာ၏။ လီယွမ်၏ ကိုယ်ပုံသဏ္ဌာန် ဝေဝါးသွားကာ အလင်းငါးဖြာ နတ်ဆရာဘေးသို့ ချက်ချင်း ရောက်ရှိသွားတော့သည်။

ပင့်ကူမျှင် အမြောက်အမြား ပေါက်ကွဲထွက်လာ၏။ ဧရာမပိုက်ကွန်ကြီးတစ်ခု ကောင်းကင်မှ ကျဆင်းလာကာ ရုတ်တရက် တင်းကျပ်သွားသည်။ တစ်ချိန်တည်းမှာပင် ဝူမေ့၏ အာရုံကြောအဆိပ်များက တိုက်စားသွားတော့၏။

ဆန်းကြယ် ပုံရိပ် နယ်မြေ တစ်ခုလုံး ရုတ်တရက် ကျယ်ပြန့်သွားသည်။

ဒါက အတိုင်းအတာတစ်ခုအထိ တိုက်ခိုက်မှုများကို ပြိုင်ဘက်၏ သူတော်စင်နယ်မြေက ဝါးမျိုမသွားစေရန် သေချာစေခြင်းပင်။

"ဒါက မင်းရဲ့ အရန်အစီအစဉ်လား..."

လင်းလက်သွားသော အလင်းနှင့်အတူ ပင့်ကူအိမ် ပိတ်လှောင်လာချိန် အလင်းငါးဖြာ နတ်ဆရာ ရုန်းထွက်လိုက်၏။ သူ ထွက်ပြေးရန် ပြင်လိုက်သည်။

ထိုစဉ်... အဖြူရောင် မီးတောက်လုံးကြီးတစ်ခု ပေါက်ကွဲထွက်လာတော့သည်။

"ဝီ..."

အလင်းငါးဖြာ နတ်ဆရာ၏ စိတ်အာရုံများ ဝေဝါးသွား၏။ သူ၏ ခြေလှမ်း တစ်လှမ်း နှေးသွားတော့သည်။

"ဝုန်း.."

တစ်လှမ်း နှေးကွေးသည်နှင့် ဆက်တိုက် နှေးကွေးတော့လေ၏။

ဟင်းလင်းပြင် ချည်နှောင်ကူ အမြောက်အမြား တစ်ပြိုင်နက် သက်ဝင်လာကာ သူ့အား နေရာမှာတင် ရပ်တန့်သွားစေသည်။

"သေပေတော့..."

လီယွမ် ထပ်မံ လှုပ်ရှားလိုက်ပြန်သည်။ သူ၏ လက်သီးထဲတွင် သွေးနှင့်စွမ်းအင်များ ပြည့်လျှံနေ၏။ အလင်းငါးဖြာ နတ်ဆရာကို တစ်စစီ ကြေမွသွားစေရန် ထိုးချလိုက်တော့သည်။

နီးကပ်လာသော သေမင်း၏ ခြိမ်းခြောက်မှုကို ခံစားလိုက်ရချိန်၌ အလင်းငါးဖြာ နတ်ဆရာမှာ ခွန်အား မချန်ထားရဲတော့ချေ။ သူ၏ နယ်ပယ်အထက်မှ ရွှေရောင်အလင်းတိုင်တစ်ခု ကျဆင်းလာကာ သူ့ကို ရစ်ပတ်လွှမ်းခြုံသွား၏။

"ချွင်..."

လက်သီးက ရွှေရောင်တိုင်လုံးကြီးကို ဝင်တိုက်မိသွားသည်။ သို့သော် အနည်းငယ်မျှပင် မလှုပ်ရှားသွားချေ။

"သေရမှာက မင်းပဲ..."

အလင်းငါးဖြာ နတ်ဆရာက လက်ဟန် တစ်ဖန် ပြုလုပ်လိုက်ပြန်သည့်အခါ ချွန်ထက်သော အပြာရောင် မြှားတစ်စင်း ပစ်ခွင်းလာသည်။

လီယွမ်ကို တိုက်ရိုက် ဖောက်ထွင်းသွားကာ နယ်ပယ်၏ နယ်နိမိတ်မျဉ်းပေါ်တွင် သံမှိုရိုက်သကဲ့သို့ ကပ်ငြိသွားစေတော့သည်။

အပြာရောင်မြှားက လီယွမ်၏ သွေးများကို အဆက်မပြတ် စုပ်ယူနေကာ အလျင်အမြန် ကြီးထွားလာ၏။ သူ့ကို ရစ်ပတ်ချည်နှောင်မည့် ရေတွက်မရနိုင်သော နွယ်ပင်များအဖြစ် ပြောင်းလဲသွားတော့သည်။

ဓာတ်ကြီးငါးပါး အလင်းငါးဖြာ နတ်အလင်းတန်း။ ဒါက အလင်းငါးဖြာ နတ်ဆရာ၏ အပြင်းထန်ဆုံး ဝှက်ဖဲ လက်နက်ပင်။

ထို့နောက် သူက လက်ဝါးနှစ်ဖက်ကို ရှေ့သို့ ပြင်းထန်စွာ တွန်းထုတ်လိုက်၏။ ထိုအခါ ဧရာမမီးနဂါးကြီးတစ်ကောင် ထွက်ပေါ်လာသည်။ ၎င်းက ပိတ်မိနေသော လီယွမ်ဆီသို့ ဒေါသတကြီး ဟိန်းဟောက်

ပြေးဝင်သွားတော့သည်။

"ဟင်..."

သို့သော် မီးနဂါးကြီး ဟိန်းဟောက်ဖြတ်သန်းသွားပြီးနောက် လီယွမ်၌ ဒဏ်ရာအနာတရ တစ်စက်လေးမှ မရှိနေပေ။

အလင်းငါးဖြာ နတ်ဆရာက လှောင်ပြောင်လိုက်၏။

"အသက်စားထိုးကူကောင်ပေါ့လေ... မင်း တကယ်ပဲ အစွမ်းကုန်သွားပြီ ထင်တယ်..."

"မရဏကမ္ဘာ..."

သူက လက်ဆန့်ထုတ်လိုက်၏။ လေထဲသို့ လှမ်းဆုပ်လိုက်သည်။

မြေကြီးများစွာက လီယွမ်၏ ပတ်လည်တွင် စုပုံလာသည်။

မြေလုံးကြီး တစ်လုံး အသွင်ဖြစ်တည်လာ၏။ ကြောက်မက်ဖွယ် ဖိအားကြီးက ဗဟိုချက်တွင် နစ်မြုပ်နေသော လီယွမ်ကို ချေမွပစ်တော့မည့်ဟန်ပင်။

"ပြန်လည်ရှင်သန်ခြင်း... မင်းအလှည့်ပဲ..."

အခွင့်အရေးက နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီ။ ပြန်လည်ရှင်သန်ခြင်းကူက ၎င်း၏စွမ်းအားများကို ထုတ်ဖော်လိုက်၏။ လီယွမ်၏ ကလီစာများဆီမှနေ၍ ခြေလက်အရိုးအဆစ်များဆီသို့ အသက်စွမ်းအင်များ အရှိန်အဟုန်ဖြင့် စီးဆင်းသွားတော့သည်။

"ပက်ကျိလေး... လိုက်လျောညီထွေဖြစ်အောင် လုပ်လိုက်..."

ဆန်းကြယ်ပုံရိပ် ကူ၏ ပေါင်းစည်းခြင်းစွမ်းရည် သက်ဝင်လာသည်။ မြေစွမ်းအင်ကြောင့် ဖြစ်ပေါ်လာသော ကြီးမားလှသည့် ဖိအားကြီးက သိသိသာသာ လျော့ကျသွားတော့၏။

တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သတိပြုမိသွားသည့်အခါ အလင်းငါးဖြာ နတ်ဆရာ၏ မျက်နှာက ဆိုးဆိုးဝါးဝါး ပျက်ယွင်းသွားတော့သည်။

"ဝုန်း..."

နောက်တစ်စက္ကန့်တွင် ရွှံ့လုံးကြီး ပေါက်ကွဲထွက်သွား၏။

အလင်းငါးဖြာ နတ်ဆရာ၏ ထိတ်လန့်နေသော အကြည့်များက နက်ရှိုင်းလှသည့် အမည်းနှင့်အဖြူ မျက်ဝန်းအိမ်အစုံဆီသို့ ရောက်ရှိသွားသည်။ ထို့နောက် သိပ်သည်းစွာ စုပြုံနေသော ပင့်ကူမျက်လုံးများကို သူ မြင်လိုက်ရတော့၏။

လီယွမ်က တီးတိုးရေရွတ်လိုက်သည်။

"မျက်လုံးတစ်ထောင်... ချည်နှောင် ပိုးအိမ်..."

All Chapters