← Chapters

သူတော်စင်ကို တန်ပြန်တိုက်ခိုက်ခြင်း

Vol. 27 Ch. 292

သူတော်စင်ကို တန်ပြန်တိုက်ခိုက်ခြင်း

Vol. 27 Ch. 292

အပြည့်စုံဆုံး အခွင့်အရေးမှာ ဤအခိုက်အတန့်ပင် ဖြစ်တော့၏။

ကောင်းကင် ဖြစ်စဉ် ဖြစ်သည့် လကြတ်ခြင်းမှ ယက်လုပ်သော ကပ်ဘေးကို ဖန်တီးလိုက်သည်။ အလင်း ငါးဖြာ နတ်ဆရာ မတုံ့ပြန်နိုင်ခင်မှာပင် သူသည် ပင့်ကူမျှင်ကြီးများဖြင့် ရက်လုပ်ထားသော အိမ်ကြီးထဲ၌ ပိတ်မိသွားပြီး လှုပ်ရှား၍ မရတော့ပေ။

သူ၏ စိတ်ထဲ၌ အဆုံးမရှိသော ကြောက်ရွံ့မှုများဖြင့်သာ ပြည့်နှက်နေ၏။

နောက်ထပ် ကောင်းကင် ဖြစ်စဉ် တစ်ခု။

ဒုတိယမြောက် ကောင်းကင် ဖြစ်စဉ် တစ်ခုတဲ့လား။

ဒုတိယမြောက် ကောင်းကင် ဖြစ်စဉ် ကို သူ အာရုံခံမိလိုက်သည့် အချိန်တွင် လူငယ် ကူသခင်လေး သည် သူ၏ ဝှက်ဖဲအား မဖြစ်မနေ ထုတ်ပြလိုက်ရခြင်း မဟုတ်ဘဲ.. တစ်ဖက်လူ၏ အကြံအစည် ထဲသို့ မိမိကိုယ်တိုင် ယခင်ကတည်းက ကျရောက်နေခဲ့ခြင်း ဖြစ်ကြောင်း အလင်း ငါးဖြာ နတ်ဆရာ နားလည်သွားတော့သည်။

တစ်ဖက်လူသည် သူ၏ အားအနည်းဆုံး အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်းပင်။ သူ့ကို မနိုင်၍ မဟုတ်.. လျှို့ဝှက် သတ်ဖြတ်လိုခြင်းသာ ဖြစ်သည်။

အလင်း ငါးဖြာ နတ်ဆရာ သည် မျက်လုံး တစ်ထောင် ချည်နှောင် ပိုးအိမ် ကို ဖျက်ဆီးရန် သူတော်စင် နယ်မြေ ကို အသက်သွင်းသေးသော်လည်း ပုစဉ်းရင်ကွဲ အော်မြည်သံက စတင် မြည်ဟီးနေပြီး ရန်သူမှာလည်း ရောက်ရှိလာခဲ့လေပြီ။

“ပျက်သုဉ်းခြင်း”

တတိယမြောက် ဖြစ်စဉ် အမျိုးအစား။

‘ဝိညာဉ် လောင်မြိုက် အနီရောင် မြွေကြီး’

လီယွမ်သည် မြွေကြီးပေါ်တွင် လက်တစ်ဖက် တင်လိုက်သည့်အခိုက် သူ၏ လက်ချောင်းများထဲမှ အဖြူရောင် မီးခိုးငွေ့များ စိမ့်ထွက်လာ၏။

သုံးစက္ကန့် အကြာတွင်..

“ဘုန်း..”

လီယွမ်၏ လက်ဖဝါးမှ ကတော့ပုံစံ မီးတောက်များ ရှဲကနဲ တောက်ပလာ၏။ ၎င်းတို့က လမ်းကြောင်း တစ်လျှောက်ရှိ အလင်း ငါးဖြာ နတ်ဘုရား အလင်းတန်း များ အားလုံးကို ဝါးမျိုသွားကာ နယ်မြေ၏ အဆုံးထိ တိုင်အောင် လောင်ကျွမ်းသွားတော့သည်။

အလင်း ငါးဖြာ နတ်ဆရာ မှာမူ ပြာအဖြစ်သို့ ပြောင်းလဲ ပျောက်ကွယ်သွားခဲ့လေပြီ။

ဒါက သူ၏ အပြင်းထန်ဆုံး သတ်ဖြတ်ခြင်း နည်းလမ်း ဖြစ်သည့် ထူးခြားကူကောင် ရောင်စုံတစ်ထောင် စပါးအုံးမြွေ ဘုရင်မ၏ ကောင်းကင် ဖြစ်စဉ်ပင်။

ပျက်သုဉ်းခြင်း ၏ တိုက်ခိုက်မှုကို ခံရသူ မည်သူမဆို ဤရလဒ်မှလွဲပြီး အခြား ဖြစ်လာစရာ မရှိချေ။

လီယွမ်သည် သက်ပြင်းရှည် တစ်ခုကို ချလိုက်သည်။

ဤတိုက်ပွဲမှတစ်ဆင့် သူသည် မိမိ၏ ခွန်အားကို အတိအကျ နားလည်သွားပြီး သူတော်စင် ကြီးများနှင့် မိမိကြားရှိ ကွာဟချက် ကိုလည်း သိရှိသွားခဲ့၏။

ကောင်းကင် ဖြစ်စဉ် များစွာကို အသက်သွင်းနိုင်သည့် ပတ်ဝန်းကျင် တစ်ခုတွင် သူတော်စင်ကြီး တစ်ဦးကို သတ်ဖြတ်ခြင်းမှာ သူ့အတွက် ခက်ခဲသော ကိစ္စ မဟုတ်တော့ပေ။

ဝူမေ့ ၏ မျက်လုံး တစ်ထောင် ချည်နှောင် ပိုးအိမ် အပေါ် အကြွင်းမဲ့ ထိန်းချုပ်မှု နှင့် ရှောင်ချိုက် ၏ ‘ပျက်သုဉ်းခြင်း’ ဖျက်ဆီးနိုင်စွမ်း တို့နှင့် ပေါင်းစပ်လိုက်လျှင် အဋ္ဌမအဆင့် ဝါရင့် ပညာရှင် တစ်ဦးတည်း မကဘဲ နဝမအဆင့် ရှိသူ များပင်လျှင် သူ့တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမည် မဟုတ်ချေ။

အလင်း ငါးဖြာ နတ်ဆရာ ပြာအဖြစ်သို့ ပြောင်းလဲသွားပြီးနောက်တွင် အလင်း ငါးဖြာ နတ်ဘုရား အလင်းတန်းများ တဖြည်းဖြည်း မှေးမှိန်သွားသည်။

သူတော်စင်နယ်မြေ ၏ အလင်း ငါးဖြာ နယ်မြေ မှာလည်း ဖြည်းညင်းစွာ ပျောက်ကွယ်သွား၏။

ပြင်ပ ကမ္ဘာတွင်

တိုက်ပွဲဝင်နေသူ အားလုံးသည် သူတော်စင်နယ်မြေ ပျောက်ကွယ်သွားခြင်းကို ခံစားလိုက်ရပြီး မျက်နှာ အမူအရာ တင်းမာသွားကြသည်။ အားလုံး၏ အကြည့်များက ထိုနေရာဆီသို့ စုပြုံရောက်ရှိသွားကြရာ အလင်း ငါးဖြာ အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက်တွင် သွေးရောင် ပုံရိပ်သည်သာလျှင် ဤ ကြောက်မက်ဖွယ် တိုက်ပွဲကြီး ၏ ဗဟိုချက် ဖြစ်လာတော့သည်။

“ချီလင် ပဲ..”

“အလင်း ငါးဖြာ နတ်ဆရာ.. သေသွားတာလား..”

ထို ပုံရိပ်ကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ မုန့်ချင်းစီ.. ယွမ်ဟွေ့.. ကျွင်မို နှင့် မိုရွှမ်ကျီ အပါအဝင် သူတော်စင် ကြီး ခုနစ်ပါး၏ အမူအရာများမှာ စိုးရိမ်မှုမှသည် ကြောက်မက်ဖွယ် အဖြစ်သို့ ပြောင်းလဲသွားကြ၏။

“အလင်း ငါးဖြာ နတ်ဆရာ က ဒီအတိုင်းပဲ သေသွားတာလား..”

“လူငယ် ကူသခင်လေး က သူတော်စင် ကို တန်ပြန် တိုက်ခိုက်လိုက်တာလား..”

ဤ မြင်ကွင်းမှာ လွန်စွာ အကျိုးသက်ရောက်မှု ရှိပြီး တုန်လှုပ်ဖွယ် ကောင်းလှ၏။

ယုံကြည်ရခက်လွန်းလှသည်။

မည်မျှပင် ကြာမြင့်ခဲ့ပြီလဲ..။ လောကကြီးတွင် ဤမျှ အံ့မခန်း ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦးကို မတွေ့မြင်ခဲ့ရသည်မှာ ကြာလှပြီ ဖြစ်ရာ ဤအခိုက်အတန့်တွင် ထိုကဲ့သို့သော ပုဂ္ဂိုလ် တစ်ဦး၏ မွေးဖွားခြင်းကို သူတို့ ကိုယ်တိုင် မြင်တွေ့လိုက်ရလေသည်။

ပို၍ ကြောက်စရာ ကောင်းသည်မှာ သူတို့ကိုယ်တိုင် ထိုလူ၏ ပြိုင်ဘက် ဖြစ်လာခြင်းပင်။

အဖြူရောင် ဆံပင်နှင့် လူငယ်လေး ယန်တျန် ၏ မျက်လုံးများမှာ တောက်ပနေသည်။

“သူပဲလား.. လီယွမ်.. သူက ချီလင် လား.. ဟားဟားဟား.. ငါ မျှော်လင့်ထားတဲ့ အတိုင်းပဲ”

သူသည် လီယွမ်နှင့် ပထမဆုံး အကြိမ် တွေ့ဆုံခဲ့စဉ်က လီယွမ်မှာ သတ္တမအဆင့် ကူသခင် တစ်ဦးသာ ဖြစ်သေးကြောင်း အမှတ်ရနေ၏။ သူ၏ စီနီယာဖြစ်သူ ယွီဟန်ချွမ်းက လီယွမ်၏ ကူ ပညာရပ်များမှာ လူငယ် မျိုးဆက် အားလုံးတွင် ပြိုင်ဘက်ကင်းကြောင်း ပြောပြခဲ့ဖူးသည်။

“နဝမ ကူနန်းတော် ဆိုတာ တကယ့်ကို ပါရမီရှင် တွေပဲ.. အရည်အချင်း ရှိသူတွေ အားလုံးက သူတို့ရဲ့ မျိုးဆက် ကနေပဲ ပေါ်ထွက်လာတာပဲ”

နှလုံးသားမေးခွန်းကူ ပိုင်ရှင် ရှောင်ချင်အာ.. သဲကန္တာရ မှ သူတော်စင်မလေး နင်ဟုန်ယွီ.. ထို့နောက် လောကထဲသို့ ဝင်ရောက်ကာ လမ်းကြောင်းသစ် ဖောက်ခဲ့သည့် ကူလမ်းစဉ် ၏ ပထမဆုံး ပုဂ္ဂိုလ်.. ပြိုင်ဘက်ကင်း ပါရမီရှင် လီယွမ်.. အားလုံးသည် နဝမ ကူ နန်းတော် မှ ဆင်းသက်လာသူများပင် ဖြစ်သည်။

“ဒါပေမဲ့...”

ယန်တျန် မျက်မှောင်ကြုတ်လိုက်သည်။

“သူက အရမ်းကို ရန်လိုလွန်းတယ်.. အိမ်ကို ဘေးကင်းကင်းနဲ့ ပြန်ရောက်ပါ့မလား.. သူက ဒီလောက်အထိ အသက်ကို စတေးပြီး လုပ်ဆောင်မယ့် သူမျိုး မဟုတ်ပါဘူး”

“ထင်ရတာတော့..”

“လီယွမ် နဲ့ ဓားနတ်သမီး ရဲ့ ဆက်ဆံရေးက အပေါ်ယံ မြင်နေရတာထက် ပိုပြီး ရှုပ်ထွေးနေပုံ ရတယ်.. ကူအင်မော်တယ် က သူတို့ နှစ်ယောက်ကို လက်ထပ်ဖို့ များ စီစဉ်ပေးခဲ့တာလား..”

ယန်တျန်သည် စိတ်ထဲရှိ အကြံအစည် အများအပြားကို အလျင်အမြန် ဖိနှိပ်လိုက်ပြီး ကူလမ်းစဉ် အသံလွှင့် နည်းစနစ်ကို အသုံးပြုလိုက်၏။

“ဆဌမ ညီမလေး.. ဆဌမ ညီမလေး..”

“ဒီမှာ ရှိပါတယ်”

နဝမ ကူနန်းတော် မှ ယန်တျန် သာမက ဆဌမမြောက် နန်းတော်သခင် ယန်ဝူရုန် လည်း ရောက်ရှိနေသော်လည်း သူသည် ထင်ရှားစွာ မပေါ်ထွက်ခဲ့ဘဲ ဤအဆင့်ရှိ တိုက်ပွဲတွင် ဝင်ရောက် မစွက်ဖက်နိုင်ခဲ့ပေ။

“ဆဌမ ညီမလေး.. မင်း ဘာလုပ်ရမလဲ ဆိုတာ သိတယ် မဟုတ်လား”

ယန်တျန် က မေးလိုက်သည်။

“ဘိုးဘေးကြီး ကို ကျန်းနန် ဆီ ဖိတ်ခေါ်ရမလား” ယန်ဝူရုန် က မေးလိုက်၏။

“မဖြစ်သေးဘူး”

ယန်တျန် က စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။

“ကူသခင်လေး က သူတော်စင် ကို တန်ပြန် တိုက်ခိုက်လိုက်တာက လောကကြီးကို တုန်လှုပ်သွားစေမှာ အသေအချာပဲ.. သူက အရမ်းကို ထူးချွန်လွန်းတော့ မိစ္ဆာအိုကြီးတွေကို မျက်စိစပါးမွှေး စူးစေလိမ့်မယ်”

“ဒါပေမဲ့...” ယန်ဝူရုန် ခေတ္တ ရပ်တန့်သွားသည်။

“ဘိုးဘေးကြီး ရဲ့ ကျန်းမာရေး က အရမ်း ဆိုးနေတာ.. ကျန်းနန် ဆီ သွားရင် ပြန်ရောက်လာနိုင်မှာ မဟုတ်တော့ဘူး”

သူသည် အဘိုးအို၏ ရုပ်ခန္ဓာ အခြေအနေကို အကောင်းဆုံး သိရှိထားသူပင်။ အရင်က ဘိုးဘေး မှာ အုတ်ဂူထဲသို့ တစ်ဖက် လှမ်းဝင်နေခဲ့လျှင် အခုအခါတွင်မူ အပြီးတိုင် လဲလျောင်း နေရတော့မည့် အခြေအနေ ရောက်ရှိနေရှာလေပြီ။

ယခင်က ဘိုးဘေးသည် ကူသခင် လမ်းစဉ် ၏ သက်တမ်းကို ရှည်ကြာစေရန်.. ‘ချီလင်’ အတွက် လမ်းကြောင်းကို ကာကွယ်ပေးရန် နှင့် ကူလမ်းစဉ် က လောကကြီးထဲသို့ ဝင်ရောက်ကာ ကြီးမားသော အကျိုးကျေးဇူး များကို ရရှိစေရန် များစွာ စတေးခဲ့ပြီးပြီ။

သက်တမ်း ရှည်စေသည့် လုပ်ဆောင်ချက် များစွာက မူလ အရင်းအမြစ် များကို ကုန်ခန်းသွားစေခဲ့သည်။ အခြား အင်အားကြီး အဖွဲ့အစည်း များ၏ ဘိုးဘေးကြီး များမှာ အနည်းဆုံး သူတို့ကိုယ်သူတို့ ကာကွယ်ရင်း အသက်ရှင် နေနိုင်ကြသော်လည်း ဘိုးဘေးကြီး မှာမူ ထိုသို့ မလုပ်နိုင်ရှာတော့ဘဲ သူ၏ နောက်ဆုံးသော စွမ်းအားများကိုသာ ထုတ်သုံးနိုင်တော့မည်။

“အင်း..”

ယန်တျန် သက်ပြင်းချလိုက်၏။

“မင်း ပြောတာ ငါ နားလည်ပါတယ်.. ဒါပေမဲ့ ဆဌမမြောက် နန်းတော်သခင် အနေနဲ့ မင်းက ငါ့ထက် ပိုသိသင့်တယ်.. ကူလမ်းစဉ် အတွက် လီယွမ် ရဲ့ အရေးပါပုံ က ဘိုးဘေးကြီး ထက်တောင် ပိုပြီး အရေးကြီးနေပြီ”

“သူက အနာဂတ် ရဲ့ အုတ်မြစ်ပဲ”

“သူ အသက်ရှင်မှသာ အရာအားလုံးက ဆက်လက် တည်တံ့နိုင်မှာ ဖြစ်ပြီး.. ကူလမ်းစဉ် အတွက် ဘိုးဘေးကြီး ရဲ့ ပင်ပန်းကြီးစွာ ကြိုးပမ်းမှု တွေက အဓိပ္ပာယ် ရှိလာမှာ”

ယန်ဝူရုန် တိတ်ဆိတ်သွား၏။

သူသည် ဘိုးဘေးကြီး ကို ကောင်းကောင်း သိသည်။ လီယွမ် ပြသခဲ့သော အရည်အချင်းများအရ သူသည် ကူလမ်းစဉ် ၏ လေးလံသော တာဝန်ကို ထမ်းပိုးနိုင်ရန် အရည်အချင်း ပြည့်မီနေပြီးသား ဖြစ်သည်။

သတင်းသာ တောင်ပိုင်း နယ်စပ်သို့ ရောက်သွားပါက ဘိုးဘေး သည် လီယွမ် အတွက် အသက်ကိုပင် စတေးရမည်ကို မတွန့်ဆုတ်တော့ကြောင်း သူ ကြိုတင် မြင်ယောင်နေမိသည်။

သို့သော် ဘိုးဘေးကို သူက မသေစေလိုပါ။

“ဆဌမ ညီမလေး..”

ယန်တျန် က အော်ဟစ်လိုက်သည်။

“မင်းက ကူ နန်းတော် ရဲ့ သတင်းအချက်အလက် တွေကို ထိန်းချုပ်သူပဲ.. မင်း အခြေအနေ အရပ်ရပ်ကို အမြဲတမ်း ရှင်းလင်းစွာ နားလည်ထားသင့်တယ်.. အခုဟာက အလျင်စလို လုပ်ရမယ့် အချိန် မဟုတ်ဘူး”

ယန်ဝူရုန် စကားပြောရန် ပြင်လိုက်သည်။

အသံ တစ်သံက သူတို့၏ နားထဲသို့ ရောက်ရှိလာ၏။

“စီနီယာဦးလေးတို့”

လီယွမ် သည် ယန်ဝူရုန် ရောက်ရှိနေကြောင်းကိုလည်း သတိပြုမိပြီး သူ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိလိုက်သည်။

“ဒီကိစ္စကို တောင်ပိုင်း နယ်စပ် ဆီ ပြန်မပို့ပါနဲ့.. ကျွန်တော် ကိုယ်တိုင် ဖြေရှင်းနိုင်ပါတယ်”

“ဘိုးဘေးကြီး ကို ထပ်ပြီး မနှောင့်ယှက်ပါနဲ့တော့”

“မဖြစ်ဘူး..” ယန်တျန် က အရေးတကြီး ပြောလိုက်သည်။

“လီယွမ်.. မင်း တစ်ခုခု ဖြစ်လို့ မရဘူး”

“ကျေးဇူးပြုပြီး စီနီယာဦးလေးတို့.. ကျွန်တော့်ကို ယုံကြည်ပေးပါ”

လီယွမ်က တည်ငြိမ်စွာ ဆိုသည်။

“ကျွန်တော် ဒီကို ရောက်လာတာ သေဖို့ ရည်ရွယ်ချက် မရှိပါဘူး.. ပြီးတော့ ဒါကို စီနီယာတို့လည်း သိကြမှာပါ”

“လောကကြီး က ကျယ်ပြောလွန်းတယ်.. ကျွန်တော် သွားချင်တယ် ဆိုရင် ကျွန်တော့်ကို တားဆီးနိုင်မယ့် သူ ဒီလောကမှာ မရှိဘူး”

“ပြီးတော့ အခြေအနေ တွေက အစ်ကိုတို့ ထင်သလောက် ဆိုးရွားနေရင်တောင်မှ.. ဘိုးဘေးကြီး လာခဲ့ရင်လည်း အသက်ကို စတေးရုံ သက်သက်ပဲ ဖြစ်မှာပါ.. ရလဒ် ကို ဘာမှ ပြောင်းလဲပေးနိုင်မှာ မဟုတ်ဘူး”

လျှပ်တပြက်ကူ နှင့် ကောင်းကင်နဂါး ချီ ယွမ်နည်းစနစ်တို့က လီယွမ်၏ ကျန်းဟူ သိုင်းလောက ထဲသို့ ဝင်ရောက်ရန် အကြီးမားဆုံး ယုံကြည်မှု ဖြစ်၏။

သူ၏ အစီအစဉ် အရဆိုလျှင် အကယ်၍ ဓားနတ်သမီး သာ အောင်မြင်ပြီး မိစ္ဆာအိုကြီး တစ်ဦးကို သတ်နိုင်ခဲ့လျှင် အကျပ်အတည်းက သဘာဝအတိုင်း ဖြေရှင်းသွားလိမ့်မည်။

အဆိုးဆုံး အခြေအနေတွင်ပင် ဓားနတ်သမီး သာ မိစ္ဆာအိုကြီး ကို မနိုင်ခဲ့လျှင်တောင် သူနှင့် ဓားနတ်သမီး သည် လျှပ်တပြက်ကူကို အသုံးပြုကာ နောက်တစ်ကြိမ် လောကထဲမှ ပျောက်ကွယ်သွားနိုင်ပြီး မည်သူမျှ ရှာမတွေ့နိုင်တော့ချေ။

လင်းရှောင် ဓားဂိုဏ်း ကတော့ အပြစ်ပေးခံရမည် ဖြစ်သည်။

လီယွမ်မှာ ထိုလူများ အနေဖြင့် အလွန်အမင်း မလုပ်ရဲကြဟု ယုံကြည်ထား၏။

မဟုတ်ပါက အင်အားကြီး အဖွဲ့အစည်း ရှစ်ခု သည် လင်းရှောင် ဓားဂိုဏ်း နှင့်အတူ မြှုပ်နှံခံရလိမ့်မည် ဖြစ်ပြီး.. ထိုစွမ်းရည်ကို သူ အင်အားကြီး ဂိုဏ်း ရှစ်ခု အား ပြသပြီးသားပင်။

လီယွမ်သည် စေ့စပ်သေချာစွာ စီစဉ်ပြီးနောက်မှသာ သားရဲတွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ သူသည် ဘယ်တော့မှ စိတ်လိုက်မာန်ပါ မလုပ်ပေ။ လုံလောက်သော အရင်းအမြစ်များနှင့် လွတ်မြောက်နိုင်မည့် နည်းလမ်း ရှိနေသောကြောင့်သာ လှုပ်ရှားတတ်၏။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ယန်တျန် သက်ပြင်းချလိုက်သည်။

“ကောင်းပြီ.. ငါ မင်းကို ယုံတယ်”

သူလည်း စိတ်သက်သာရာ ရသွားတော့၏။

ရင်ထဲက အလုံးကြီး ကျသွားတော့၏။

အဘိုးအို သေတွင်းထဲ ခုန်ဆင်းသွားတာကို ဘယ်သူကများ မြင်ချင်ပါ့မလဲ။

ယခုအချိန်တွင် နန်းတော်သခင်နှစ်ပါးဖြစ်သော ယန်တျန်နှင့် ယန်ဝူရုန်တို့က လီယွမ်ကို ကူလမ်းစဉ် မျိုးဆက်၏ မဏ္ဍိုင်ကြီးအဖြစ် အသိအမှတ် ပြုလိုက်ကြပြီပင်။

လီယွမ်ကို နဝမ ကူ နန်းတော်၏ အနာဂတ် ခေါင်းဆောင်အဖြစ် တင်မြှောက်လိုက်ကြပြီပင်။

အဘိုးအို၏ အမိန့်ကြောင့် မဟုတ်ဘဲ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ အကြွင်းမဲ့ ယုံကြည်လက်ခံသွားကြခြင်း ဖြစ်၏။

ကူလမ်းစဉ်... ဧကန်မလွဲ ထွန်းတောက်လာတော့မည်…။

All Chapters