ပြဇာတ်စတင်ခြင်း
Vol. 27 Ch. 293
ကမ္ဘာလောကကြီးမှာ တိတ်ဆိတ်နေ၏။
သွေးများ ပေကျံနေသော ကောင်လေး၊ ကူသခင်လေး တစ်ယောက်တည်းသာ ကမ္ဘာလောက၏ ဗဟိုချက် ဖြစ်လာခဲ့သည်။ အင်အားကြီး အဖွဲ့အစည်း ရှစ်ခု၏ ပထမဆုံး အကြိမ် အကောက်ကြံမှု၌ လူငယ် ကူသခင်လေး က ဝါရင့် အဋ္ဌမအဆင့် ပညာရှင် လေးယောက်ကို ဆက်တိုက် အနိုင်ယူခဲ့ပြီး ယခုအခါ သူတော်စင်ကြီးကိုပင် တန်ပြန် တိုက်ခိုက်လိုက်ပြီ ဖြစ်၏။
ထိုသို့သော အရှိန်အဟုန်မှာ တူညီသော နယ်ပယ်ရှိ သူများ၏ အသက်လု ပွဲထက်ပင် ပိုမို တုန်လှုပ်ဖွယ် ကောင်းလှသည်။
“သူက ဒီလောက်တောင် အစွမ်းထက်တာလား..”
ပန်းဓား သူတော်စင် ဖူချူ တစ်ယောက် လီယွမ်ကို စိုက်ကြည့်ရင်း အတွေးနယ်ချဲ့ နေမိသည်။
အဝေးရှိ ကောင်းကင်ယံတွင် တိမ်တိုက်များ အထက်မှ လင်းယုန် တစ်ကောင်က အောက်သို့ ငေးကြည့်နေ၏။
သူသည် ဤ ကျန်းဟူ သိုင်းလောက အငြင်းပွားမှု တွင် မပါဝင်ဘဲ ဓားနတ်သမီး ၏ ကျက်သရေ ကို ခံစားရန် လေ့လာသူ တစ်ယောက် အဖြစ်သာ ကြည့်ရှုနေခဲ့လေသည်။ မျှော်လင့်မထားဘဲ လောကကြီးကို တုန်လှုပ်သွားစေမည့် မြင်ကွင်းမျိုးကို သူကိုယ်တိုင် မြင်တွေ့လိုက်ရ၏။
ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦး ပေါ်ပေါက်လာခဲ့သည်မှာ နှစ်ပေါင်းငါးရာ ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း သူ အမှတ်ရနေမိသည်။ ထိုစဉ်က ပိုင်လျန်ဂိုဏ်း မှ ချီထျန်း ပေါ်ပေါက်လာခဲ့ခြင်းပင်။ ထို့ထက် ပို၍ စောသော အချိန်က ထျန်းဝေ့ထျန်း မှ လူရူးလေး တစ်ယောက် ရှိခဲ့ဖူးသည်။
ကံဆိုးစွာဖြင့် ထို ပါရမီရှင် နှစ်ဦးစလုံးမှာ သိုင်းနတ်ဘုရား အဖြစ်သို့ မရောက်ရှိခဲ့ကြချေ။ ထျန်းဝေ့ထျန်း မှ လူရူးလေးမှာ သိုင်းပညာများကို ရူးမိုက်သည်အထိ လေ့ကျင့်ကာ သိုင်းနတ်ဘုရား ဖြစ်ခြင်း ရဲ့ အခွင့်အရေးကို ရှာဖွေရန် အဆုံးမရှိသော ပင်လယ်ပြင် သို့ သွားရောက်ပြီး ပြန်မလာတော့ချေ။ ပိုင်လျန်ဂိုဏ်း မှ ချီထျန်း မှာမူ နန်းတွင်း အစောင့်တပ် ၏ နှိပ်ကွပ်ခံရကာ ကောင်းကင် ထောင်ထဲတွင် သေဆုံးသွားခဲ့ရ၏။
ချီလင် ကကော မည်မျှအထိ ဝေးဝေး သွားနိုင်ပါ့မလဲ။
ဘုရင်ကြီး ကိုယ်တိုင် နောက်ဆုံး အဆင့်တွင် ပိတ်မိနေခဲ့ရရာ တိမ်တိုက် လင်းယုန် အနေဖြင့် ဤလောကတွင် ဘုရင်ကြီး ထက် အစွမ်းထက်သူ ရှိလိမ့်မည်ဟု မယုံကြည်ချေ။ ဝမ်ရွှီရှန် သည် ကျန်းဟူ သိုင်းလောက တစ်ခုလုံးကို ခေါင်းမထောင်နိုင်အောင် ဖိနှိပ်ထားနိုင်ခဲ့သူ ဖြစ်၏။
“စိတ်ဝင်စားဖို့ ကောင်းတယ်..”
တိမ်တိုက် လင်းယုန် က ခပ်ဟဟရယ်မောလိုက်သည်။
“ဒီအချိန်မှာ ဘုရင်ကြီး က သူနဲ့ တွေ့ရဖို့ ကံကြမ္မာ ဖန်တီးပေးနေတာ.. ဘယ်သူမှ ဘုရင်ကြီးရဲ့ မျက်လုံးတွေကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
သူ ဆက်လက် စောင့်ကြည့်နေ၏။
ဤ တိုက်ပွဲကြီးမှာ မပြီးဆုံးသေးပေ။ အမှန်တကယ်တော့ ပြဇာတ်ကြီးက အခုမှ စတင်တော့မည်။ သူတော်စင် ရှစ်ပါး၏ ပူးပေါင်း တိုက်ခိုက်မှု ကပင် လင်းရှောင် ဓားဂိုဏ်း ၏ ခံစစ်ကို မဖောက်ထွက်နိုင်ခြင်းမှာ သူ၏ မျှော်လင့်ချက်ကို ကျော်လွန်နေ၏။ ထို့ကြောင့် မိစ္ဆာအိုကြီးများ နောက်ထပ် ဘာကို ရွေးချယ်ကြမည်နည်း။
အောက်ဘက်တွင်
အလင်း ငါးဖြာ နတ်ဆရာ ကို သတ်ဖြတ်လိုက်သော လီယွမ် သည် တစ်လှမ်းချင်း လျှောက်လှမ်းလာ၏။
သူတော်စင် ရှစ်ပါး၏ ခန္ဓာကိုယ်များမှာ တင်းမာနေကြသည်။
ကြောက်ရွံ့မှုမှာ သူတော်စင် ရှစ်ပါး အတွက်သာမက အမှောင်ထုထဲတွင် ပုန်းအောင်းနေသော မိစ္ဆာအိုကြီးများ အတွက်ပါ ဖြစ်လာတော့သည်။
ချီလင် သာ သူတော်စင် ကို တန်ပြန် တိုက်ခိုက်နိုင်လျှင် ဓားနတ်သမီး က သူတို့ကို သတ်နိုင်လိမ့်မည် မဟုတ်ပါလော..။ ဓားနတ်သမီး သည် လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်ခဲ့သည်။ ယခု ပြန်လာချိန်တွင် သူမ မည်သို့သော အရာများကို ဖြတ်သန်းလာခဲ့သနည်း ဆိုသည်ကို မည်သူမျှ မသိကြပေ။
မသိရှိခြင်း ကသာ ဝါရင့် ပညာရှင် များအား တွေဝေသွားစေ၏။
လီယွမ် သည် ဓားဂိုဏ်း တံခါးဝသို့ ရောက်ရှိလာပြီး ပန်းဓား သူတော်စင် ဖူချူ ကို ဦးညွှတ် ဂါရဝပြုလိုက်သည်။
“ဒီတစ်ခေါက် ကူညီပေးတဲ့ ပန်းဓား သူတော်စင် ကို ကျေးဇူးတင်ပါတယ်”
“ရပါတယ်.. ကျန်းနန် မှာ မွေးဖွားတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်တဲ့ အတိုင်း ဓားနတ်သမီး အတွက် မကူညီနိုင်ခဲ့ရင် ငါ့ရဲ့ ဓား နှလုံးသား က မကြည်လင်နိုင်ဘူး”
ဖူချူ က ပြန်လည် ဂါရဝပြုလိုက်၏။
လီယွမ် က ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
“လျှို့ဝှက်မြို့စား ရောက်နေပြီ ဆိုမှတော့ ဘာလို့ အောက်ကို ဆင်းမလာရတာလဲ”
သူသည် ယခင်က တိမ်တိုက် လင်းယုန် ကို ရှောင်ရှားခဲ့သော်လည်း ယခုအခါတွင်မူ ကြောက်ရွံ့ရန် မလိုတော့ချေ။
“ငါ ကျန်းဟူ သိုင်းလောက ရဲ့ ကိစ္စတွေမှာ မပါဝင်ပါဘူး”
တိမ်တိုက် လင်းယုန် က ပြန်လည် ဖြေကြားလိုက်၏။
“တကယ်ကို နှမြောဖို့ ကောင်းတာပဲ”
လီယွမ် က ဓားမျှော်စင် ရှိ လှေကားထစ်များ ပေါ်တွင် ထိုင်ချလိုက်သည်။
သူ၏ အာရုံခံစားမှု အရ ဓားနတ်သမီး ၏ အသွင်ပြောင်းလဲမှုမှာ တဖြည်းဖြည်း ပြီးဆုံးလုနီးပါး ဖြစ်နေပြီး နှစ်ပေါင်း သုံးထောင်က သူမကိုယ်တိုင်နှင့် ပေါင်းစပ်ကာ နတ်ဘုရား အဆင့်သို့ ချဉ်းကပ်နေပြီ ဖြစ်၏။
သူ၏ ကန့်သတ်မှုများကြောင့် ဓားနတ်သမီးသည် နဝမနယ်ပယ်သို့ အမှန်တကယ် ခြေချနိုင်ခြင်း မရှိသေးပေ။
သို့တိုင်အောင် ကောင်းကင် မြေကြီးနှင့် ပေါင်းစပ်ယှက်နွယ်မှုက သာမန် နယ်ပယ်ကိုးရပ်လုံးကို ကျော်လွန်လွှမ်းမိုးထားဆဲ ဖြစ်သည်။ အတည်တကျ ဖြစ်တည်နေသော မဟာတာအိုကို ရှောင်ကွင်းကာ ထူးခြားနက်နဲလှသည့် သီးသန့် တာအိုလမ်းစဉ်တစ်ခုကို ဖွင့်လှစ်လျက် တောင်ထွတ်ဆီသို့ တဟုန်ထိုး ပြေးတက်သွားသည့်အလားပင် ဖြစ်တော့၏။
လီယွမ် ဤ အခြေအနေကို မည်သို့မျှ နားမလည်သေးသော်ငြားလည်း ကောင်းမွန်သော လက္ခဏာ တစ်ခု ဖြစ်ကြောင်းတော့ သေချာလှ၏။
‘နောက်ထပ် နဝမအဆင့် ကျင့်ကြံသူ တစ်ယောက်ကို အဆင့်ကျော်ပြီး အနိုင်ယူဖို့ မဖြစ်နိုင်တာ မဟုတ်ပါဘူး’
ဤအဆင့်ထိ ရောက်ရှိရန်မှာ လီယွမ် ထင်ထားသည်ထက် ပို၍ လွယ်ကူနေ၏။ သူတော်စင် ရှစ်ပါးမှာ ဆုံးဖြတ်ချက် ချရန် ခက်ခဲနေကြပြီး အရှေ့လည်း တိုးမရ.. နောက်လည်း ဆုတ်မရ ဖြစ်နေကာ သူတို့၏ ဘိုးဘေးကြီး များထံမှ အမိန့်ကို စောင့်ဆိုင်းနေကြသည်။
“ဆက်တိုက်ကြစို့”
အချိန် အတော်ကြာပြီးနောက် အသံအချို့ ထွက်ပေါ်လာပြီး ဘိုးဘေးကြီး များ၏ သဘောထားများမှာ တစ်ညီတညွတ်တည်း ဖြစ်သွားကြ၏။ အခြေအနေမှာ ဤအဆင့်ထိ ရောက်ရှိလာပြီ ဖြစ်၍ နောက်ပြန် ဆုတ်ရန်မှာ မဖြစ်နိုင်တော့ပေ။ သူတို့သည် နောက်ဆုံးတွင် အန္တရာယ် ကို ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။
“သတ်ကြ”
သူတော်စင် ရှစ်ပါးမှာ ထပ်မံ တိုက်ခိုက်လိုစိတ် မရှိကြသော်လည်း အခြား ရွေးချယ်စရာ မရှိတော့ချေ။
“အိုး..”
လီယွမ်က လှောင်ပြောင်လိုက်သည်။
“ခင်ဗျားတို့ ကျုပ်ကိုတောင် မကျော်ဖြတ်နိုင်ဘဲနဲ့ ဘာလို့ ဒီလောက် အတင်း လုပ်နေတာလဲ.. တကယ် ဓားနတ်သမီး နဲ့ တွေ့ရင် ခင်ဗျားတို့ ပျော်နိုင်မှာ မဟုတ်ဘူးနော်”
ဤတစ်ခါတွင် သူ တိုက်ရိုက် ရင်မဆိုင်ဘဲ ဓားဂိုဏ်း အတွင်းသို့ ပြန်ဝင်သွားကာ ကျိုးဝူပင်း ၏ ဘေးတွင် ရပ်နေလိုက်၏။
‘စီနီယာအစ်ကို လီယွမ်’
ကျိုးဝူပင်း က ဂိုဏ်း ကာကွယ်ရေး ဓား အခင်းအကျင်း ကို ထိန်းချုပ်နေပြီး ကျိုးပဲ့နေသော ဓားငယ်လေးမှာ သူ့ရှေ့တွင် လွင့်ဝဲနေသည်။
“ညီလေးဝူပင်း.. ငါ ကူညီပေးဖို့ ရောက်လာပြီ”
လီယွမ်က ထို ဓားငယ်လေး ကို ကြည့်လိုက်၏။ ထိခိုက်ပျက်စီးနေပုံ ပေါက်သော်လည်း ၎င်းမှာ သာမန် လက်နက် မဟုတ်ဘဲ နတ်ဘုရား လက်နက် များထက်ပင် ထက်မြက်လှသည်။
လီယွမ်က လက်ကို ဝှေ့ယမ်းလိုက်ရာ ကူကောင် အမြောက်အမြား ထွက်ပေါ်လာကြ၏။
ပြန်လည် ရှင်သန်ခြင်းကူ.. သွေးချီကူ.. ဓားချီကူ။
များပြားလှသော ကူကောင်လေးများသည် ဓားဂိုဏ်း ၏ အကြီးအကဲများ အပေါ်သို့ ကျရောက်သွားပြီး သူတို့၏ ဒဏ်ရာများကို ကုသကာ စွမ်းအင်များကို ပြန်လည် ဖြည့်တင်းပေးလိုက်၏။
သူ ယခု အချိန်မှာ အရမ်း ပင်ပန်းအောင် လုပ်စရာ မလိုတော့ချေ။
ဓားနတ်သမီး ၏ နောက်ဆုံး အသွင်ပြောင်းလဲမှု ကို ပြီးဆုံးအောင် စောင့်ဆိုင်းရင်း ဂိုဏ်း ကာကွယ်ရေး ဓား အခင်းအကျင်း ၏ ခုခံမှုကို အားကိုးနိုင်လျှင် အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်မည်။
“အုန်း..”
လင်းရှောင် ဓားဂိုဏ်း ကာကွယ်ရေး စခန်းသည် အဆက်မပြတ် ထိုးနှက်ခြင်းကို ခံနေရ၏။ ပန်းဓား သူတော်စင် ဖူချူ လည်း အခင်းအကျင်း အတွင်းသို့ ဆုတ်ခွာသွားသည်။ သူမသည် ဓားဂိုဏ်း ၏ အထွတ်အထိပ် နည်းစနစ် ဖြစ်သော ‘နတ်ဘုရား ဓားပေါင်းစပ်မှု’ ကို လေ့ကျင့်ထားသူ ဖြစ်၍ အခင်းအကျင်း အတွင်းသို့ အလွယ်တကူ ပေါင်းစည်းနိုင်၏။
ယန်တျန် က ကူကောင် အမြောက်အမြားကို လွှတ်ပေးလိုက်သည်။ ဤ အခြေအနေမျိုးတွင်ပင် ကူကောင်လေး များသည် ထောက်ပံ့မှု အနေဖြင့် အသုံးဝင်နေဆဲ ဖြစ်၏။
လီယွမ်က ကုသခြင်းနှင့် ထောက်ပံ့ခြင်း တာဝန်များကို သူ့တစ်ယောက်တည်း ထမ်းပိုးလိုက်သည်။ ဤသို့ ထိန်းချုပ်နိုင်စွမ်း ကို မြင်တွေ့လိုက်ရသော လင်းရှောင် ဓားဂိုဏ်း သားများ အားလုံး အံ့အားသင့်သွားကြပြီး သူတို့၏ စွမ်းအင်များမှာလည်း အံ့မခန်း မြင့်တက်လာတော့သည်။
သူတော်စင် ခုနစ်ပါးမှာ အလွန်တရာ စိုးရိမ်နေကြသည်။ သူတို့၏ အလိုလို သိစိတ် က ခုခံသူနှင့် တိုက်ခိုက်သူ နေရာ လဲသွားတော့မည် ဟု သတိပေးနေ၏။
သူတော်စင် ကြီးများ မခုခံနိုင်တော့သည့် အချိန်တွင်.. အဝေးမှ အနက်ရောင် အလုံးလေး တစ်ခုက ဖြည်းညင်းစွာ ရွေ့လျားလာပြီး ပြင်းထန်သော ဖျက်ဆီးနိုင်စွမ်း ကို သယ်ဆောင်လာတော့၏။
“အရူးအဘိုးကြီး ဝင်ပါလာပြီ”
ယန်တျန် အော်ဟစ်လိုက်သည်။ ဓားဂိုဏ်း သားများ အားလုံး မျက်နှာပျက်သွားကြ၏။
မျောပါလာသော အနက်ရောင် အလုံးလေး သည် ဓား အခင်းအကျင်း နှင့် အသာအယာ တိုက်မိသွားရာ အနက်ရောင် ကူကောင် အမြောက်အမြား ပြုတ်ကျသွားတော့သည်။
“ဖောင်း..”
ပထမဆုံး ထိမှန်လိုက်သူ ယန်တျန် မှာ အနက်ရောင် သွေးများကို အန်ထုတ်လိုက်၏။ သူ၏ ကျင့်ကြံဆင့် မြင့်သော်လည်း သူတော်စင် ခုနစ်ပါး နှင့် နဝမအဆင့် ရှိ မိစ္ဆာအိုကြီး တို့၏ တိုက်ခိုက်မှုကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရန်မှာ လွန်စွာ ခက်ခဲလှသည်။
လီယွမ် လည်း အခြေအနေ ဆိုးဝါးနေ၏။ အနက်ရောင် အလုံး ၏ ထိမှန်မှုကို တိုက်ရိုက် ခံလိုက်ရပြီး ပြန်လည် ရှင်သန်ခြင်းကူ ကို အားကိုးကာ ခုခံနေရ၏။
ဒါက စစ်မှန်သော နဝမအဆင့် ပေတည်း။
ယခင်က အသက်ဓာတ် ကုန်ခမ်းနေသော မုရုံမိသားစု မှ ဘိုးဘေး နှင့် လုံးဝ မတူညီချေ။ နဝမအဆင့် ပညာရှင် များ၏ တိုက်ခိုက်မှု တွင် ‘ဟင်းလင်းပြင် နတ်ဘုရားစွမ်းအင်’ ဟု ခေါ်ဆိုသော ထူးခြားသည့် စွမ်းအား တစ်ခု ပါဝင်နေ၏။ ဤစွမ်းအားသည် နဝမအဆင့် ပညာရှင် တစ်ဦး၏ အစွမ်းအစ ကို ဆုံးဖြတ်ပေးသော အဓိက အချက်ပင် ဖြစ်သည်။
“ဒီ မိစ္ဆာအိုကြီးတွေ နောက်ဆုံးတော့ မထိန်းနိုင်တော့ဘူးပဲ”