← Chapters

အခန်း ၁၅၈၉

Vol. 108 Ch. 1589

အခန်း ၁၅၈၉

Vol. 108 Ch. 1589

အခန်း ၁၅၈၉ နောင်တရနေသော ဆန်တိုစ့်

ဖုန်းယွီသည် ဒုတိယမြောက်ပွဲစဉ်ကို ကြည့်ရှုပြီးနောက် ဆီယက်တယ်သို့ လေယာဉ်ဖြင့် သွားခဲ့လေသည်။ ဤတစ်ကြိမ် လာရောက်ရခြင်းမှာ ဒီဘက်ရှိ ကုမ္ပဏီကို တစ်ပတ်လှည့်လည် စစ်ဆေးရန်သာမကဘဲ နောက်ထပ် အလွန်အရေးကြီးသော ကိစ္စတစ်ခုလည်း ရှိသေးသည်။ ၎င်းမှာ ထူဟောင်(Boss)ကို ပြည်တွင်းသို့ ပြန်ခေါ်သွားရန်ပင် ဖြစ်လေသည်။

မနက်ပိုင်း အိပ်ရာထသောအခါ ဖုန်းယွီက အားကစားဝတ်စုံ တစ်စုံကို ဝတ်ဆင်၍၊ ထူဟောင်ကို ဆွဲကာ အပြင်သို့ လမ်းလျှောက် ထွက်ခဲ့လေသည်။ ထူဟောင်က ဖုန်းယွီပြန်လာသည်ကို မြင်သောအခါ သိသာထင်ရှားစွာပင် အလွန်ပျော်ရွှင်နေပြီး မနက်စောစောကတည်းက ဖုန်းယွီ၏ အခန်းတံခါးဝတွင် မှောက်နေကာ၊ ဖုန်းယွီက သူ့ကို အပြင်သို့ ခေါ်သွားမည်ကို စောင့်ဆိုင်းနေလေသည်။

ဖုန်းယွီက ထူဟောင်ကို ဆွဲကာ လူနေရပ်ကွက် အတွင်း၌ ဖြည်းညင်းစွာ လမ်းလျှောက်နေချိန်တွင် ထုံးစံအတိုင်းပင် အရှေ့အနောက်နှင့် ဘေးဘယ်ညာတို့တွင် လမ်းသွားလမ်းလာဟန်ဆောင်ထားသော သက်တော်စောင့်အချို့က ပုန်းကွယ်နေကြလေသည်။ ဤနှစ်အနည်းငယ် အချိန်အတွင်းမှာပင် လူနေရပ်ကွက်မှ နေထိုင်သူ အများအပြားမှာ ပြောင်းလဲသွားခဲ့ကြလေပြီ။

ဥပမာအားဖြင့် ယခင်က ဆီယက်တယ်မှ ဘတ်စကက်ဘော နာမည်ကြီး ကြယ်ပွင့်နှစ်ဦးစလုံးမှာ အခြား ဘောလုံးအသင်းများသို့ ပြောင်းရွှေ့သွားခဲ့ကြရာ၊ အိမ်ကိုလည်း လက်လွှဲ ရောင်းချပစ်ခဲ့ကြလေသည်။ ဤနှစ်များအတွင်း အမေရိကန်၏ အိမ်ခြံမြေ လုပ်ငန်းမှာလည်း အတော်လေး ဖွံ့ဖြိုးတိုးတက်နေခဲ့သည်။ ထို့ကြောင့် သူတို့၏အိမ်များမှာလည်း ငွေမြတ်ခဲ့ကြလေသည်။

ပြန်လှည့်လာမည့် အချိန်လေးမှာပင် ဖုန်းယွီက ရင်းနှီးနေသော လူတစ်ယောက်ကို မြင်လိုက်ရပုံ ပေါ်လေသည်။ ထိုလူက ဖုန်းယွီကို မြင်သောအခါ အနည်းငယ် ကြောင်အမ်းသွားပြီးနောက် အလျင်အမြန် လျှောက်လာကာ နှုတ်ဆက်လိုက်လေသည်။ "မန်နေဂျာဖုန်း၊ မင်း ပြန်ရောက်လာပြီပဲ"

ဖုန်းယွီက ခေါင်းညိတ်လိုက်ပြီး "အာ... မင်းက" ဖုန်းယွီမှာ မျက်မှန်းတန်းမိရုံသာ ရှိပြီး၊ ဤလူမှာ မည်သူမည်ဝါ ဖြစ်ကြောင်းကိုမူ မမှတ်မိတော့ပေ။

တစ်ဖက်လူမှာ အနည်းငယ် အနေရခက်သွားပြီး "မန်နေဂျာဖုန်း၊ မင်း အရင်တုန်းက ငါ့ဆီကနေ Amazonရဲ့ စတော့ရှယ်ယာတွေကို ဝယ်ခဲ့ဖူးတယ်လေ" ဤစကားကို ပြောလိုက်ချိန်တွင် တစ်ဖက်လူ၏ လေသံမှာ အနည်းငယ် နာကြည်းနေပုံ ရလေသည်။

ထိုအချိန်က ကြည့်မည်ဆိုပါက ဖုန်းယွီပေးခဲ့သော ဈေးနှုန်းမှာ အလွန်တရာ မြင့်မားခဲ့သည်မှာ အသေအချာပင်ဖြစ်ပြီး၊ သူ ရောင်းချလိုက်ချိန်တွင်လည်း၊ အလွန်တရာ ကျေနပ်နေခဲ့လေသည်။

သို့သော် Amazonသည် ဤမျှလောက်အထိ ဖွံ့ဖြိုးတိုးတက်လာမည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း၊ ယခင်က ဂျက်ဖ် ဘေးဇို့စ်က သူတို့ကို ပြောပြခဲ့သည်ထက်ပင် အများကြီး ပို၍ ကောင်းမွန်နေသေးလေသည်။

ထိုအချိန်က Amazon ကဲ့သို့သော ကုမ္ပဏီငယ်လေးမှာ ဆန်းသစ်သော အင်တာနက် စီးပွားရေး လုပ်ငန်းကိုသာ ကစားနေခဲ့ကြပြီး၊ ကုမ္ပဏီက စတော့ဈေးကွက်သို့ မဝင်ရသေးသောကြောင့် သူက စတော့ဈေးကွက်ပေါ်တွင် အများနည်းတူ လိုက်၍ ငွေမရှာနိုင်ခဲ့ပေ။ ဖုန်းယွီထံသို့ ရောင်းချပြီးနောက်၊ သူက ငွေများကို စတော့ဈေးကွက် အတွင်းသို့ ရင်းနှီးမြှုပ်နှံလိုက်လေသည်။

အစပိုင်းတွင် အင်တာနက် နည်းပညာ ကုမ္ပဏီများမှာ တကယ်ပင် အမြတ်အစွန်း အကြီးအကျယ် ရရှိခဲ့ကြလေသည်။ ထိုအချိန်က သူ၏ပိုင်ဆိုင်မှုများမှာလည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။ ထိုစဉ်က Amazon မှာ အရှုံးပေါ်နေဆဲ အခြေအနေတွင် ရှိနေခဲ့သောကြောင့် သူက မိမိကိုယ်ကို Amazon ၏ စတော့ရှယ်ယာများကို ရောင်းချလိုက်ခြင်းမှာ အလွန်တရာ မှန်ကန်သော ဆုံးဖြတ်ချက်ဟုပင် တစ်ခဏတာ ထင်မှတ်နေခဲ့လေသည်။

သို့သော် မကြာမီမှာပင် အင်တာနက် စီးပွားရေး ပူဖောင်းကြီး ပေါက်ကွဲသွားခဲ့ပြီး၊ သူ၏စတော့ရှယ်ယာများမှာ အကြီးအကျယ် ရှုံးနိမ့်သွားခဲ့လေသည်။ သူက အချိန်မီ ပြတ်သားစွာ ဆုံးဖြတ်၍ ရောင်းထုတ်ပစ်ခဲ့ခြင်းကြောင့် အရင်းကိုပြန်ရလိုက်သည် ဆိုသော်ငြားလည်း၊ သူ၏ပိုင်ဆိုင်မှုများမှာ ဆယ်ပုံကိုးပုံခန့် ကျုံ့ဝင်သွားခဲ့လေသည်။

ဆက်တိုက်ဆိုသလို နောက်ထပ် နှစ်နှစ်၊ သုံးနှစ် အချိန်အတွင်းတွင် အမေရိကန်၏ စီးပွားရေးမှာ အမြဲတမ်း သိပ်မကောင်းမွန်ခဲ့ဘဲ၊ စတော့ဈေးကွက်မှာလည်း အမြဲတမ်း အတက်အကျ အလှုပ်အခတ်များကြားတွင် ကျဆင်းနေခဲ့သော်ငြားလည်း၊ Amazonကမူ ဤအချိန်တွင် ပြောင်းပြန်အနေဖြင့် ဈေးကွက်ကို ဆန့်ကျင်၍ အမြတ်အစွန်း ရရှိခဲ့လေသည်။

အင်တာနက် ကုမ္ပဏီများ ဘက်စုံရှုံးနိမ့်နေချိန်တွင် Amazon ကုမ္ပဏီက အမြတ်အစွန်း ရရှိနေခြင်းက သူ့ကို အနည်းငယ် နောင်တရသွားစေခဲ့လေသည်။

သို့သော် Amazon ၏ အမြတ်အစွန်းမှာလည်း အထူးတလည် မမြင့်မားလှဟု တွေးတောမိသဖြင့် သူကလည်း သိပ်ပြီး ဂရုမစိုက်တော့ဘဲ၊ ရင်းနှီးငွေများကို အခြားသော စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလိုက်သည်။ အကြီးအကျယ် အမြတ်မရခဲ့ဘူး ဆိုသော်ငြားလည်း မဆိုးလှသော ဝင်ငွေများ ရရှိခဲ့လေသည်။

သို့သော် ဤနှစ်များအတွင်း Amazon ၏ အမြတ်အစွန်း အရွယ်အစားမှာ ခုန်ပျံကျော်လွှားသည့်ပုံစံဖြင့် မြင့်တက်လာခဲ့ပြီး၊ (2002)ခုနှစ်တွင် တစ်နှစ်ပတ်လုံး အမြတ်ငွေက အမေရိကန်ဒေါ်လာ တစ်သန်းပင် မပြည့်သေးသော်ငြားလည်း၊ (2003) ခုနှစ်တွင်မူ တစ်နှစ်စာ အမြတ်အစွန်းက အမေရိကန်ဒေါ်လာ သန်းတစ်ရာအထိ အရှိန်အဟုန်ဖြင့် တက်သွားခဲ့ပြီး၊ (2004) ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်းလေးရာ ဖြစ်သွားခဲ့လေသည်။

ထို့နောက် Amazon က စတော့ဈေးကွက်သို့ ဝင်ရောက်၍ ရင်းနှီးငွေ ရှာဖွေခဲ့ပြီး၊ ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံနှင့် ဒေသအများစုသို့ တိုးချဲ့သွားခဲ့ရာ၊ ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ဆယ်ဂဏန်း အထိ အရှိန်အဟုန်ဖြင့် တက်သွားခဲ့ရုံတင် မကဘဲ၊ မနှစ်က အသားတင် အမြတ်အစွန်းမှာလည်း အမေရိကန်ဒေါ်လာ တစ်ဘီလီယံ (သန်းတစ်ထောင်)ကို ကျော်လွန်သွားခဲ့လေသည်။

ယခုနှစ်တွင်မူ ပထမ သုံးလပတ် တစ်ခုတည်းမှာပင် Amazon ၏ အမြတ်အစွန်းက အမေရိကန်ဒေါ်လာ သန်းလေးရာကို ကျော်လွန်နေပြီး၊ ကြားရသလောက် ဒုတိယ သုံးလပတ်တွင်လည်း ထပ်မံ၍ တိုးတက်လာဦးမည်ဖြစ်ကာ တစ်နှစ်ပတ်လုံး၏အမြတ်အစွန်းမှာ အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံ ကို ဖောက်ထွက်နိုင်မည့် မျှော်လင့်ချက် ရှိနေလေသည်။

အသားတင် အမြတ်အစွန်း ဖြစ်လေသည်။

အကယ်၍ ထိုအချိန်ကသာ သူသည် Amazon ၏ စတော့ရှယ်ယာများကို မရောင်းချခဲ့ဘဲ၊ ဘေးဇို့စ်ကဲ့သို့ အစုရှယ်ယာ ပါဝင်မှု လျော့ကျသွားခြင်းကို လက်ခံ၍၊ Amazon တွင် ဆက်လက်အလုပ်လုပ်နေခဲ့မည် ဆိုပါက ယခုအခါ သူ၏ထိုစတော့ရှယ်ယာများမှာ အမေရိကန်ဒေါ်လာ သန်းရာဂဏန်း တန်ဖိုးရှိနေခဲ့ပြီ ဖြစ်သည်။ ဤသည်က Amazon မှ ရှယ်ယာရှင်များကို ပေးမည့် အမြတ်ဝေစုများကို ထည့်မတွက်ရသေးပေ။

ထိုအချိန်က သူ ယူသွားခဲ့သော ထိုရင်းနှီးမြှုပ်နှံငွေများမှာ ယခုအခါတွင် အမေရိကန်ဒေါ်လာ ဆယ်သန်းပင် မရရှိခဲ့သေးပေ။ ဤအချိန်ရောက်မှသာ သူက အလွန်အမင်း နောင်တရလာခဲ့ပြီး၊ ညဘက် အိပ်မပျော်သည်မှာ အကြိမ်ပေါင်း များစွာ ရှိနေခဲ့လေပြီ။

သူ၏ ဇနီးသည်ကလည်း ဤကိစ္စကြောင့် သူ့ကို မရပ်မနား အပြစ်တင်နေခဲ့ရာ သူတို့ နှစ်ယောက် မကြာခဏ ရန်ဖြစ်ရသည်အထိ ဖြစ်စေခဲ့ပြီး နောက်ဆုံးတွင် ဝမ်းနည်းစွာဖြင့် ကွာရှင်းပြတ်စဲ ခဲ့ကြရလေသည်။ သူက ဇနီးသည်ကို အတော်အတန် များပြားသော ပိုင်ဆိုင်မှု တစ်ခုကို ခွဲဝေပေးလိုက်ရရုံတင် မကဘဲ၊ ကလေးများအတွက် စရိတ်များကိုပါ ပေးချေရသေးလေသည်။

ကံကောင်းသည်မှာ သူ၏ ကိုယ်ပိုင်ကုမ္ပဏီငယ်လေးမှာ လည်ပတ်မှု မဆိုးလှသောကြောင့် သူ့ကို အနည်းငယ် စိတ်သက်သာရာ ရစေခဲ့လေသည်။

ယနေ့ ဖုန်းယွီကို မြင်သောအခါ သူက မအောင့်နိုင်တော့ဘဲ လာရောက် နှုတ်ဆက်လိုက်ခြင်း ဖြစ်လေသည်။ အကယ်၍ ဖြစ်နိုင်မည်ဆိုပါက သူက Amazon သို့ ပြန်လည် ဝင်ရောက်လိုကြောင်းပင် မျှော်လင့်နေသေးလေသည်။

ယခင်ကကဲ့သို့ Amazon ၏ အဆင့် ဆယ် အတွင်းရှိ ရှယ်ယာရှင် တစ်ယောက် ဖြစ်လာရန်မှာ မဖြစ်နိုင်တော့သော်ငြားလည်း သူက မိမိ၏ အရည်အချင်းဖြင့် အဆင့်မြင့် စီမံခန့်ခွဲသူ တစ်ယောက် ဖြစ်လာရန်မှာမူ အရည်အချင်း ပြည့်မီသေးသည်ဟု ထင်မြင်လေသည်။ ဤသို့ဖြင့် စတော့ရှယ်ယာ ဆုကြေးများကို ရရှိနိုင်မည်ဖြစ်ပြီး၊ ၎င်းက သူ့ကို ညဘက် ကောင်းကောင်း အိပ်ပျော်စေနိုင်မည် ဖြစ်လေသည်။

ဖုန်းယွီက တစ်ဖက်လူ ဤသို့ပြောသည်ကို ကြားသောအခါ၊ ခေါင်းကို တစ်ချက် ခါလိုက်လေသည်... တစ်ဖက်လူ၏ နာမည်ကိုမူ မမှတ်မိသေးပေ။

အစပိုင်းတွင် ဖုန်းယွီက ဤလူများနှင့် အကြိမ်အနည်းငယ် တွေ့ဆုံခဲ့ဖူးသော်ငြားလည်း၊ နောက်ပိုင်းတွင်မူ ရဲလ်ဖ် ကိုသာ ဝယ်ယူရန် တာဝန်ပေးခဲ့ရာ၊ ထို့ကြောင့် ဖုန်းယွီက သူ့ကို မျက်မှန်းတန်းမိရုံသာ ရှိပြီး၊ သိပ်ပြီး နက်နက်ရှိုင်းရှိုင်း မမှတ်မိပေ။

ဖုန်းယွီက မှတ်မိသွားပြီ ဖြစ်သော အမူအရာမျိုး ပြုလုပ်လိုက်ပြီး "အို၊ မင်းကိုး။ မင်းရဲ့ ပုံစံကို ကြည့်ရတာ၊ ဘဝက မဆိုးလှဘူး ထင်တယ်၊ မင်းက အလုပ်သွားဖို့ ထွက်လာတာလား၊ ဒါဆိုရင် မင်းကို အနှောင့်အယှက် မပေးတော့ဘူးလေ"

"မန်နေဂျာဖုန်း၊ ငါက ဆန်တိုစ့်ပါ၊ ဆစ်ဂ်မာ ဆန်တိုစ့်ပါ။ မန်နေဂျာဖုန်း ဒီတစ်ခေါက် ပြန်လာတာက Amazon ကို သွားမလို့လား"

ဖုန်းယွီလည်း ကြည့်၍ သိနေလေသည်။ ဤ ဆန်တိုစ့်တွင် ပြောစရာကိစ္စ ရှိနေလေသည်။ ထိူသူက မူလက သူဌေးတစ်ယောက် ဖြစ်လာနိုင်ခဲ့သော်ငြားလည်း ရလဒ်အနေဖြင့် ယခုအခါတွင် ဘဝက မဆိုးရုံလေးသာ ဖြစ်နေသည်ကို တွေးကြည့်မိသဖြင့် ဖုန်းယွီက သူ့တွင် ဘာကိစ္စ ရှိသလဲ ဆိုသည်ကို နားထောင်ကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။

သေချာသည်မှာ ဖုန်းယွီက ဤကိစ္စအတွက် တောင်းပန်စိတ် ဝင်နေမည်တော့ မဟုတ်ပေ။ စီးပွားရေး လောက၏ ရင်းနှီးမြှုပ်နှံမှုတွင် ဖုန်းယွီက မည်သည့် တရားမဝင်သော နည်းလမ်းကိုမျှ အသုံးမပြုခဲ့ဘဲ ထိုစတော့ရှယ်ယာများကို ငွေအစစ်အမှန်များဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်လေသည်။

ထိုအချိန်က Amazon စတော့ရှယ်ယာများကို ဝယ်ယူခဲ့စဉ်က ကုန်ကျခဲ့သော ငွေကြေးများမှာလည်း ထိုအချိန်က ပမာဏ အနည်းငယ် မဟုတ်ခဲ့ဘဲ၊ ဈေးပိုပေး၍ပင် ဝယ်ယူခဲ့ရသေးလေသည်။

"ဒီနေ့ ငါက Amazon ကို သွားကြည့်မလို့၊ မင်းမှာ ကိစ္စရှိလို့လား"

"မန်နေဂျာဖုန်း၊ ဒီလိုပါ။ ငါကလည်း ကုမ္ပဏီတစ်ခုကို ဖွင့်ထားပါတယ်၊ ဒါပေမဲ့ Amazon နဲ့ ယှဉ်လိုက်ရင်တော့ သေးငယ်လွန်းလို့ ထပ်ပြီး သေးလို့မရတော့တဲ့ ကုမ္ပဏီလေးပါပဲ။ အဲဒီတုန်းက ဘေးဇို့စ်က Amazonကို စတင် တည်ထောင်ခဲ့ချိန်မှာ ငါက အရမ်းကို ထောက်ခံခဲ့တာပါ။ ပြီးတော့ ငါက ကုမ္ပဏီ စီမံခန့်ခွဲမှု အပိုင်းမှာလည်း၊ မဆိုးလှတဲ့ အတွေ့အကြုံတွေ ရှိပါတယ်"

"Amazon က ငါ့ကို အခွင့်အရေး တစ်ခု ပေးနိုင်မလား မသိဘူး၊ ဒါမှမဟုတ် မန်နေဂျာဖုန်းက ငါ့ကို အခွင့်အရေး တစ်ခု ပေးပြီး၊ Amazon မှာ ပြန်ပြီး အလုပ်လုပ်ခွင့် ပြုနိုင်မလားလို့ပါ" ဆန်တိုစ့်က မျှော်လင့်ချက် ကြီးစွာဖြင့် ဖုန်းယွီကို ကြည့်လိုက်လေသည်။

"ထူဟောင်၊ မလောနဲ့၊ ခဏနေရင် အိမ်ပြန်မယ်" ဖုန်းယွီက အိမ်ပြန်ရန် လောနေသော ထူဟောင်ကို အနည်းငယ် ချော့မြှူလိုက်ပြီးနောက် ဆန်တိုစ့်ကို ကြည့်ကာ "Amazonရဲ့ကိစ္စတွေကို၊ ငါ သိပ်ပြီး ဝင်မပါဘူး။ တိကျတဲ့ ကိစ္စတွေကို၊ ဘေးဇို့စ်တို့ကိုပဲ လွှဲပေးထားတယ်။ မင်းက ငါ့ကို လာပြီး ဖျောင်းဖျနေမယ့် အစား၊ ဘေးဇို့စ်ကို သွားပြီး ဖျောင်းဖျကြည့်တာက ပိုကောင်းလိမ့်မယ်။ ငါ ကိစ္စရှိသေးလို့၊ အရင်သွားတော့မယ်"

ဆန်တိုစ့်က စိတ်ပျက်လက်ပျက် အမူအရာဖြင့် ဖုန်းယွီထွက်သွားသည်ကို ကြည့်နေလိုက်သည်။ သူက ဘေးဇို့စ်ကို ဖျောင်းဖျရန် မကြိုးစားခဲ့ဘဲ နေမည်လား။ သို့သော် ဘေးဇို့စ်က သူ၏ ထိုအချိန်က သစ္စာဖောက်မှုကို အလွန်တရာ ဒေါသထွက်နေခဲ့ပြီး သူနှင့် စကားပြောရန်ပင် လုံးဝ ဆန္ဒမရှိခဲ့ပေ။

ကြည့်ရသည်မှာ သူ ဤတစ်သက်တွင် Amazon သို့ ပြန်သွားရန် မျှော်လင့်ချက် မရှိတော့ပေ။ ရိုးရိုးသားသားဖြင့်ပင် မိမိ၏အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီကိုသာ လည်ပတ်နေလိုက်ခြင်းက ကောင်းပါသည်။ ယခုအခါ အိမ်ခြံမြေ လုပ်ငန်းက ဤမျှလောက် ကောင်းမွန်နေရာ သူကလည်း ငွေကြေး အများအပြားကို ရှာဖွေနိုင်မည်သာ ဖြစ်လေသည်။

အကယ်၍ ဖုန်းယွီသာ ဆန်တိုစ့်သည် အိမ်ခြံမြေ လုပ်ငန်းကို လုပ်ကိုင်နေကြောင်း သိရှိခဲ့မည်ဆိုပါက သေချာပေါက် သူ့ကို အကြံပြုချက် အနည်းငယ် ပေးခဲ့မည်ဖြစ်ပြီး၊ ဥပမာအားဖြင့် နောက်နှစ်ရောက်သောအခါ၊ အလုပ်ပြောင်းရန် စဉ်းစားဖို့ စသည်တို့ပင် ဖြစ်လေသည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ ဆန်တိုစ့်က မပြောခဲ့ရာ၊ ဖုန်းယွီကလည်း သဘာဝကျကျပင် မေးမြန်းမည် မဟုတ်ပေ။ ဆန်တိုစ့်က မသိရှိခဲ့သည်မှာ သူသည် ဤအချက်ကြောင့် နောက်တစ်ကြိမ် အခွင့်ကောင်းကို လက်လွတ်ဆုံးရှုံးသွားခဲ့ပြီး ဤတစ်ကြိမ်တွင်မူ သူ၏ စီးပွားရေး လုပ်ငန်းကို ပိုမို၍ ကြီးမားသော ထိုးနှက်ချက်ကြီးကို ခံစားရစေမည် ပင်ဖြစ်လေသည်။

......

******

All Chapters