← Chapters

အခန်း ၂၃၀၀

Vol. 143 Ch. 2300

အခန်း ၂၃၀၀

Vol. 143 Ch. 2300

အခန်း ၂၃၀၀ ရှောင်ယန်က သခင်ကို ကယ်တင်ခြင်း

"ဖွင့်လိုက်စမ်း"

ဝမ်ချောင်၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ သွေးကြောများမှာ ဖောင်းကြွလာပြီး သူ၏ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအား အားလုံးကို အစွမ်းကုန် ထုတ်သုံးလိုက်ကာ ပထမ ရှန်ထိုက်နှင့် ပူးပေါင်း၍ သူ့ဘဝတွင် အင်အားအကြီးမားဆုံးသော တိုက်ခိုက်မှုတစ်ခုကို ပေါက်ကွဲထွက်ပေါ်စေလိုက်တော့သည်။

"ထိုက်ယွမ်က တကယ်ပဲ မင်းကို ရှာတွေ့သွားတာကိုး"

ဤအချိန်မှာပင် ‘ထျန်း’၏ အသံက အထက်ပိုင်းမှ ရုတ်တရက် ထွက်ပေါ်လာခဲ့ရာ အသံမှာ ကြီးကျယ်ခမ်းနားပြီး ကျယ်လောင်လှသော်လည်း ကြီးမားသော လှိုင်းဂယက်များ ပါဝင်နေခြင်း မရှိပေ။

"ဒါပေမဲ့ နှမြောစရာ ကောင်းတာက မင်းက နည်းနည်းလေး လိုနေသေးတယ်၊ ပိုးစုန်းကြူးလေးက ဘယ်လိုပဲဖြစ်ဖြစ် ပိုးစုန်းကြူးလေးပါပဲ၊ မင်းရဲ့ သိုင်းပညာတွေ အားလုံးက ငါကိုယ်တိုင် သင်ပေးထားတာတွေချည်းပဲ၊ ငါနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ"

"ပျက်စီးသွားလိုက်စမ်း၊ ဖျက်ဆီးခြင်း သားတော်”

‘ထျန်း’၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများမှာ တောက်ပသော နေမင်းကြီး တစ်စင်းအလား လေဟာပြင်တွင် တောက်ပနေပြီး လောကရှိ သက်ရှိသတ္တဝါ အားလုံးကို အရောင်မှေးမှိန်သွားစေခဲ့သည်။

နောက်တစ်ခဏတွင် ‘ထျန်း’က မူလကတည်းက အလွန်တရာ ကြီးမားလှသော စွမ်းအားများကို ထုတ်လွှတ်ထားပြီးဖြစ်သော်လည်း ထိုအထဲမှနေ၍ အလွန်တရာ ကြီးမားလှသော လျှို့ဝှက် စွမ်းအင်တစ်ခုက ရုတ်တရက် ထပ်မံ ထွက်ပေါ်လာခဲ့သည်။

ဝမ်ချောင်၏အကြည့်များရှေ့မှာပင် မူလက ကောင်းကင်ယံ အပြည့်ရှိနေသော အနီရောင် အလင်းတန်းများမှာ ရုတ်တရက် အနီနှင့် အနက် နှစ်ရောင် အဖြစ်သို့ ပြောင်းလဲသွားပြီး ငါးပုံစံ ယင်နှင့်ယန်အလား အချင်းချင်း လှည့်ပတ်နေကြတော့သည်။

"မဟာ ယင်နှင့်ယန် ကောင်းကင်နှင့် မြေကြီး ဖန်ဆင်းခြင်း ကျင့်စဉ်…ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဤအခိုက်အတန့်တွင် ဝမ်ချောင်၏ရင်ထဲ၌ အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။

သူ၏ မဟာ ယင်နှင့်ယန် ကောင်းကင်နှင့် မြေကြီး ဖန်ဆင်းခြင်း ကျင့်စဉ်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဤပထမဆုံး တတ်မြောက်ခဲ့သော အလယ်ပိုင်း လွင်ပြင် ရှန်ကျိုး၏ လောကတွင် ရှားပါးလှသော အံ့ဖွယ် ကျင့်စဉ်နှင့် ပတ်သက်၍ ဝမ်ချောင်က အလွန် ရင်းနှီးကျွမ်းဝင်နေခဲ့သည်။

ယခု ‘ထျန်း’အသုံးပြုလိုက်သော စွမ်းအားမှာ မဟာ ယင်နှင့်ယန် ကောင်းကင်နှင့် မြေကြီး ဖန်ဆင်းခြင်း ကျင့်စဉ် ဖြစ်မည်မှာ သေချာပေါက် အမှန်ပင် ဖြစ်သည်။ သို့သော် ဝမ်ချောင်နှင့် မတူညီသည်မှာ ဤမဟာယင်နှင့်ယန် ကောင်းကင်နှင့် မြေကြီး ဖန်ဆင်းခြင်း ကျင့်စဉ်မှာ သိသာထင်ရှားစွာပင် ပိုမိုမြင့်မားသော အဆင့်တစ်ခုတွင် တည်ရှိနေခြင်း ပင်ဖြစ်သည်။

အကယ်၍ ဝမ်ချောင်က သူ၏ ထက်မြက်သော ဉာဏ်ရည်ဉာဏ်သွေးကို အသုံးပြု၍ မဟာ ယင်နှင့်ယန် ကောင်းကင်နှင့် မြေကြီး ဖန်ဆင်းခြင်း ကျင့်စဉ်၏ ဆင့်ကဲပြောင်းလဲထားသော ဗားရှင်းကို ဖန်တီးနိုင်ခဲ့ပြီး ၎င်း၏ မွေးရာပါ အားနည်းချက်များကို ဖြည့်ဆည်းနိုင်ခဲ့သည်ဟု ဆိုပါက၊ ယခု ဝမ်ချောင်၏ ရှေ့တွင် ‘ထျန်း’အသုံးပြုလိုက်သော ကျင့်စဉ်မှာ ဤလောကတွင် ရှားပါးလှသော ကျင့်စဉ်၏ နောက်ဆုံး အထွတ်အထိပ် ဗားရှင်းပင်ဖြစ်သည်။

ယင်နှင့်ယန်….ယင်နှင့်ယန်ဆိုသည်မှာ ကောင်းကင်နှင့်မြေကြီးပင်ဖြစ်ပြီး အခြေခံအားဖြင့် ၎င်းမှာ အချိန်နှင့်အာကာသပင်ဖြစ်သည်။

ဤအခိုက်အတန့်တွင် ထို ကောင်းကင်ယံ အပြည့်ရှိ အနီနှင့် အနက် ရောစပ်နေသော အလင်းတန်းများ ထဲတွင် အချိန်နှင့် အာကာသ မည်မျှ ပါဝင်နေသည်ကို ဝမ်ချောင်ကိုယ်တိုင်ပင် ရေတွက်၍ မရနိုင်တော့ပေ။

ပြောရမည်ဆိုလျှင် ဤသည်မှာ ဝမ်ချောင်အမြဲတမ်း ကြိုးစား ရှာဖွေနေခဲ့သော်လည်း တစ်ကြိမ်တစ်ခါမျှ မရောက်ရှိခဲ့ဖူးသော အဆင့်ပင်ဖြစ်သည်။

သို့သော် ‘ထျန်း’ကမူ ဝမ်ချောင်၏ရှေ့တွင် လွယ်ကူ ရိုးရှင်းစွာဖြင့်ပင် အသုံးပြု ပြသလိုက်ခြင်းပင်ဖြစ်သည်။

ယင်နှင့်ယန်က အချိန်နှင့် အာကာသကို ဝင်တိုက်လိုက်ချိန်တွင် ပျောက်ကွယ်သွားသော ထိုစွမ်းအားမှာ မည်သူ့ကိုမဆို ထိတ်လန့် တုန်လှုပ်သွားစေရန် လုံလောက်ပေသည်။

လေပြင်းများ တိုက်ခတ်လာပြီး ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမှာ ရေတံခါး ဖွင့်လိုက်သော ရေလွှမ်းမိုးမှု အလား အောက်သို့ ပြင်းထန်စွာကျလာတော့သည်။

ဤအခိုက်အတန့်တွင် ဝမ်ချောင်၏ရင်ထဲမှာ ရေအောက်အနက်ရှိုင်းဆုံးသို့ နစ်မြုပ်သွားခဲ့သလို ခံစားလိုက်ရသည်။

‘ထျန်း’၏စွမ်းအားမှာ မည်သူမဆို တွေးထင်ထားသည်ထက် များစွာပို၍ကြောက်မက်ဖွယ် ကောင်းနေပြီး၊ မူလခန္ဓာကိုယ်မှာ ပိတ်လှောင်ခံထားရသော်လည်း ‘ထျန်း’၏ ကိုယ်ပွားက ပြသလိုက်သော စွမ်းအားမှာ မည်သူ့ကိုမဆို နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုကို ခံစားရစေရန် လုံလောက်နေပြီ ဖြစ်သည်။

ဤအခိုက်အတန့်တွင် ထိုက်စုက ဘာကြောင့် ဘေးမှနေ၍ အေးအေးဆေးဆေး ကြည့်နေခဲ့သနည်း ဆိုသည်ကို ဝမ်ချောင် ရုတ်တရက် အနည်းငယ် နားလည်သွားခဲ့သည်၊ ဤသည်မှာ ‘ထျန်း’အပေါ် လေးစားမှုကြောင့်သာမကဘဲ ‘ထျန်း’၏ စွမ်းအားအပေါ် အလွန်အမင်း ယုံကြည်ချက် ရှိနေသောကြောင့် ဖြစ်လောက်ပေသည်။

ဝမ်ချောင်၏မျက်ခုံးနှစ်ခုကြားတွင် ပြင်းထန်စွာ စုကျုံ့နေပြီး ဤအခိုက်အတန့်တွင် သူသည် အသက်ရှူမဝလောက်အောင် ပြင်းထန်လှသော သေမင်းတမန် အငွေ့အသက်ကို ခံစားလိုက်ရသည်။

သို့သော် ဝမ်ချောင် ဘာပဲလုပ်ချင်လုပ်ချင် အချိန်မမီတော့ပေ။ ရှောင်တိမ်းရန်ပင် မဖြစ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ‘ထျန်း’နှင့်ထိုက်စုတို့က ဤနေရာ တစ်ခုလုံးကို လုံးဝပိတ်ဆို့ထားပြီးဖြစ်သောကြောင့်ပင်ဖြစ်သည်။

"ဝုန်း ဝုန်း ဝုန်း"

ထိုကြီးမားကျယ်ပြန့်လှသော စွမ်းအားကြီးက လှိမ့်ဝင်လာပြီး အချိန်နှင့် အာကာသ တစ်ခုလုံးမှာ တုန်လှုပ်နေကာ ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးကို တောင့်ခံနိုင်စွမ်း မရှိသကဲ့သို့ ဖြစ်နေသည်။ ဝမ်ချောင်နှင့် ပထမရှန်ထိုက်တို့မှာ ‘ထျန်း’၏ တိုက်ခိုက်မှုအောက်တွင် ပြင်းထန်သော ဒဏ်ရာများ ရရှိကာ သေဆုံးတော့မည့် အခြေအနေသို့ ရောက်ရှိနေချိန်တွင် မျှော်လင့်မထားသော ကိစ္စရပ်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

ဝမ်မိသားစု စံအိမ်တော်၏ မြေအောက် အနက်ရှိုင်းဆုံး နေရာမှ ပြင်းထန်သော တုန်ခါမှုတစ်ခု ထွက်ပေါ်လာပြီး တပြိုင်နက်တည်းမှာပင် ရင်းနှီးနေသော အသံတစ်ခုက ဝမ်ချောင်၏နားထဲသို့ ဝင်ရောက်လာခဲ့သည်။

"သခင်၊ ကျွန်တော် လာကူညီမယ်"

ထိုအငွေ့အသက်မှာ မြေအောက်ထဲတွင် အချိန်မည်မျှ ကြာအောင် ပုန်းအောင်းနေခဲ့မှန်း မသိရဘဲ ဤအချိန်ရောက်မှသာ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ရာ ထိုက်စု ချထားခဲ့သော အတားအဆီးများပင်လျှင် မတားဆီးနိုင်ခဲ့ပေ။

ဝီခနဲ အသံနှင့်အတူ မျက်တောင်တစ်ခတ်မျှ အချိန်လေးအတွင်း ရင်းနှီးနေသော လူရိပ်တစ်ခုက ခန္ဓာကိုယ်တွင် မြေကြီးအရောင် ရှေးဟောင်း နတ်ဘုရား သံချပ်ကာ အင်္ကျီကို ဝတ်ဆင်ထားလျက် မြေအောက်မှနေ၍ ရုတ်တရက် ခုန်ထွက်လာပြီး ဝမ်ချောင်၏ ရှေ့တွင် ပေါ်လာခဲ့သည်။

"ရှောင်ယန်"

ဝမ်ချောင်၏ မျက်ခွံများ ပြင်းထန်စွာ တစ်ချက် လှုပ်ရှားသွားပြီး ဤအချိန်တွင် မြေအောက်မှ ခုန်ထွက်လာသူမှာ သူ ဆင်းဒူသို့ မထွက်ခွာမီ မြို့တော်တွင် ချန်ထားခဲ့သော ရှောင်ယန် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ တွေးထင်မထားခဲ့ပေ။

"မိစ္ဆာကောင် မင်းက ရှောင်ချောင်ကို ဒုက္ခပေးခဲ့သလို ငါ့ရဲ့သခင်ကိုလည်း ဒုက္ခပေးခဲ့တယ်"

"မင်းကို ငါ လုံးဝ ခွင့်မလွှတ်ဘူး"

ဤအချိန်ရှိ ရှောင်ယန်မှာ အချိန်နှင့် အာကာသ အနက်ရှိုင်းဆုံး နေရာရှိ ‘ထျန်း’၏ အငွေ့အသက် ရှိရာ နေရာဆီသို့ တိုက်ရိုက် ဦးတည် ပြေးဝင်သွားတော့သည်။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရှားရှားပါးပါး ကြီးမားလှသော နာကြည်းမုန်းတီးမှု တစ်ခုက ပြည့်နှက်နေခဲ့သည်။

ဤအခိုက်အတန့်ရှိ ရှောင်ယန်မှာ ဝမ်ချောင် ယခင်က တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးသော ပုံစံမျိုး ပင်ဖြစ်သည်။

ထို ကြီးမားလှသော နာကြည်းမုန်းတီးမှုက ပြင်းထန်သော အနက်ရောင် အငွေ့များအဖြစ် ပြောင်းလဲသွားကာ အိပ်မက်ဆိုး သားရဲ ဝင်ရောက်ပူးကပ်ထားသော ထိုက်ရှီ၏ ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် ပေါက်ကွဲထွက်လာရာ အလွန်ကြောက်မက်ဖွယ် ကောင်းလှပေသည်။

နာကြည်းမုန်းတီးမှုများ၏ ထောက်ပံ့မှုအောက်တွင် အိပ်မက်ဆိုး သားရဲမှာ ယခင် အချိန်များကထက်ပင် ပို၍ အင်အားကြီးမားပြီး ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

"သခင် ကျွန်တော် အကာအကွယ် ပေးထားမယ်၊ သခင် အမြန် ထွက်ပြေးတော့"

"ကျွန်တော်က သခင် တစ်ယောက်ကို ဆုံးရှုံးခဲ့ရပြီးပြီမို့လို့ ဒီအတွက်ကြောင့် နောက်ထပ် သခင် တစ်ယောက်ကို လုံးဝ ထပ်အဆုံးရှုံးမခံနိုင်ဘူး"

"ပေါက်ကွဲစမ်း"

ရှောင်ယန်၏ ကျယ်လောင်သော အသံကြီးက ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။

စကားပြောနေစဉ်မှာပင် မြေအောက်မှ ခုန်ထွက်လာသည့် မျက်တောင်တစ်ခတ်အတွင်း အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ရှောင်ယန်သည် ဤဂူကောင်းကင်အဆင့်ရှိ အင်အားကြီးမားလှသော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ချက်ချင်း ဖောက်ခွဲလိုက်တော့သည်။

ထိုမျှမက ရှောင်ယန်၏ ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင် မှာလည်း ဤအခိုက်အတန့်တွင် အတူတကွ လုံးဝ ပေါက်ကွဲထွက်သွားတော့သည်။

"ဒါက အိပ်မက်ဆိုး သားရဲပဲ"

ထိုမျှကြောက်မက်ဖွယ်ကောင်းပြီး ဖျက်ဆီးပစ်နိုင်စွမ်းရှိသော စိတ်စွမ်းအင် မုန်တိုင်းကြီးကို ခံစားလိုက်ရချိန်တွင် ဤအခိုက်အတန့်၌ ထိုက်စုပင်လျှင် မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။

အခြား ထိုက်အဆင့်ရှိ ကျွမ်းကျင်သူများနှင့် မတူညီသည်မှာ ထိုက်စုမှာ စစ်မှန်သော စိတ်စွမ်းအင် တည်ရှိမှုသက်သက်သာဖြစ်ပြီး သူ၌ကိုယ်ပွားများစွာ ရှိသော်လည်း ထိုကိုယ်ပွားများမှာ သူ့အတွက် လူတစ်ယောက် အဝတ်အစား ဝတ်ဆင်သကဲ့သို့သာ ဖြစ်သည်။

အခြေခံအားဖြင့် ထိုက်စု မှာ ဝိညာဉ် ပုံစံဖြင့် တည်ရှိနေခြင်း ပင်ဖြစ်သည်။

ရှောင်ယန်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ပေါက်ကွဲမှုမှာ ဒုတိယ အရေးကြီးသော အရာဖြစ်ပြီး သူ့ကို လုံးဝ ထိခိုက်အောင် မလုပ်နိုင်သော်လည်း စိတ်စွမ်းအင် ကိုယ်တိုင် ဖောက်ခွဲမှုမှာမူ ထိုက်စုကဲ့သို့သော ဝိညာဉ်ပုံစံ တည်ရှိမှုအတွက် အလွန်တရာ ကြီးမားလှသော ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာခဲ့သည်။

စိတ်စွမ်းအင်၏အင်အားကို သီးသန့်ကြည့်မည်ဆိုလျှင် စိတ်စွမ်းအင်သက်သက်ဖြင့် ဖွဲ့စည်းထားသော သတ္တဝါတစ်ကောင်အနေဖြင့် လက်ရှိ အိပ်မက်ဆိုး သားရဲမှာ ရင့်ကျက်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ထိုက်စုပင်လျှင် ဤကဲ့သို့သော အဆင့်ရှိ ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲမှုကို မျက်နှာချင်းဆိုင် ရင်ဆိုင်လိုခြင်း မရှိပေ။

"ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခုနှင့်အတူ ပြိုင်ဘက်ကင်းပြီး ရှုပ်ထွေးလှသော စွမ်းအင်များက စိတ်စွမ်းအင်များနှင့် ပေါင်းစပ်ကာ ဒြပ်ထုတစ်ခုအလား အစစ်အမှန် အသွင်ပြောင်းသွားပြီး နေရာလွတ် တစ်ခုလုံးသို့ ရောင်ခြည်ဖြာထွက်သွားသည်။ ဝမ်မိသားစု စံအိမ်တော် ရှိနေသော နေရာမှာ မူလက အနီရောင် အစီအရင် တစ်ခုဖြင့် လွှမ်းခြုံထားသော်လည်း ရှောင်ယန်၏ ကိုယ်တိုင်ဖောက်ခွဲမှုမှ ထွက်ပေါ်လာသော စွမ်းအင်များ၏ အကျိုးသက်ရောက်မှုကြောင့် ခရက်ခနဲ အသံများနှင့်အတူ အက်ကွဲကြောင်းများစွာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မူလက ခိုင်မာတောင့်တင်းလှသော အစီအရင် မှာ ဤအခိုက်အတန့်တွင် ကြီးမားလှသော အားနည်းချက် တစ်ခု ပေါ်ထွက်လာခဲ့သည်။

"ခွေးကောင် ငါ့ရဲ့အစီအရင် ကို ဖျက်ဆီးရဲတယ်ပေါ့"

အထက်ပိုင်းမှနေ၍ အောက်သို့ ငုံ့ကြည့်နေသော ထိုက်စုက ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သွားကြိတ်ကာ အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။

သူက သူ့ကိုယ်သူ ဝိညာဉ်ပုံစံဖြင့် တည်ရှိနေသည်ဟု ယူဆကာ အိပ်မက်ဆိုး သားရဲမျိုးနွယ်စုနှင့် အနည်းငယ် ဆင်တူသော်လည်း သူ၏ရင်ထဲ အနက်ရှိုင်းဆုံး နေရာမှနေ၍ ဤကဲ့သို့သော "အောက်တန်းကျသည့်" စိတ်စွမ်းအင် သတ္တဝါများကို အထင်သေးလေ့ ရှိသည်။

ရှေးခေတ် အချိန်ကာလများက သူသည် ဤကဲ့သို့သော အိပ်မက်ဆိုး သားရဲ မည်မျှများပြားစွာကို သတ်ဖြတ်ခဲ့ပြီး သူတို့၏ အနှစ်သာရများကို ရယူကာ ဆေးလုံးများအဖြစ် ဖော်စပ်၍ ‘ထျန်း’နှင့် ထိုက်အဆင့်ရှိ ကျွမ်းကျင်သူ ဆယ့်နှစ်ဦး ထံသို့ ပေးအပ်ခဲ့မှန်းပင် မသိတော့ပေ။

ယခုအခါတွင် အိပ်မက်ဆိုး သားရဲတစ်ကောင်၏ ဖိအားပေးမှုကြောင့် သူ ဤမျှလောက် အရှက်ကွဲရပြီး ‘ထျန်း’၏ ရှေ့တွင်ပင် အစီအရင် ကွဲအက်သွားခဲ့ရာ သူ့ကို မည်သို့ သည်းခံနိုင်စေမည်နည်း။

"လောက အရာအားလုံးရဲ့သစ်သားပြား….ပိတ်လှောင်စမ်း"

ကောင်းကင်ယံ အမြင့်ပိုင်းရှိ အချိန်နှင့် အာကာသ အနက်ရှိုင်းဆုံး နေရာတွင် ထိုက်စု ပြောင်းလဲထားသော ထိုရွှေဝါရောင် အလင်းတန်းထဲမှ အလင်းတစ်ချက် လက်သွားပြီး တစ်ပေခန့် ရှည်လျားကာ ဆင်စွယ်အလား ဖြူဖွေးနေသော ရှေးဟောင်း သစ်သားပြား တစ်ချောင်း ရုတ်တရက် ပေါ်ထွက်လာခဲ့ရာ သစ်သားပြား၏ မျက်နှာပြင်ပေါ်တွင် ရှေးဟောင်း ရွှေဝါရောင် နတ်ဘုရား စာလုံး များစွာပါရှိနေပြီး အလွန်အမင်း မြင့်မြတ်လှသည့်ပုံ ပေါက်နေသည့်အပြင် အင်အားကြီးမားလှသော စွမ်းအင် လှိုင်းဂယက်များကိုလည်း ထုတ်လွှင့်နေခဲ့သည်။

ထိုက်စု၏သစ်သားပြား။

ဤသည်မှာ ထိုက်စု၏ အသက်သွေးကြော နတ်လက်နက်ဖြစ်ပြီး ခေတ်ကာလတစ်ခုခု၏ အင်အားအကြီးမားဆုံးသော ဖန်တီးမှုတစ်ခုလည်း ဖြစ်သည်။

ထိုက်စုက စိတ်ထဲမှ တွေးတောလိုက်ပြီး ဤအသက်သွေးကြော နတ်လက်နက်ကို အသုံးပြုကာ ဤနေရာ တစ်ခုလုံးနှင့် ပိုမိုကြီးမားသော ဧရိယာကိုပါ ပိတ်လှောင်ရန် ပြင်ဆင်လိုက်သည်။

သို့သော် နှမြောစရာ ကောင်းသည်မှာ ထိုက်စုက ဝမ်ချောင်၏ တုံ့ပြန်မှုကို အထင်သေးသွားခဲ့ခြင်း ပင်ဖြစ်သည်။

ရှောင်ယန် ပေါက်ကွဲသွားပြီး ထိုက်စုက သူ၏သစ်သားပြားကို အသုံးပြုရန် ပြင်ဆင်နေသည့် မျက်တောင်တစ်ခတ်အတွင်း ကြီးမားကျယ်ပြန့်လှသော စိတ်စွမ်းအင် တစ်ခုက အစီအရင်၏ အက်ကွဲကြောင်းမှ တစ်ဆင့် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော အရှိန်အဟုန်ဖြင့် အချိန်နှင့် အာကာသ အနက်ရှိုင်းဆုံး နေရာရှိ ထိုက်စု ပြောင်းလဲထားသော ရွှေဝါရောင် အလင်းတန်းကို ပြင်းထန်စွာ ဝင်တိုက်လိုက်တော့သည်။

ဝမ်ချောင်၏ စိတ်စွမ်းအင် တိုက်ခိုက်မှုအောက်တွင် ထိုက်စု၏ လှုပ်ရှားမှုများမှာ ချက်ချင်းပင် မျက်တောင်တစ်ခတ်မျှ နှောင့်နှေးသွားခဲ့ပြီး ဤမျက်တောင်တစ်ခတ်မျှ အချိန်လေးကို အခွင့်ကောင်းယူ၍ ဝမ်ချောင်နှင့် ပထမ ရှန်ထိုက တို့က သူတို့၏အင်အားအကြီးမားဆုံးသော တိုက်ခိုက်မှုကို မျက်တောင်တစ်ခတ်အတွင်း ပေါက်ကွဲထွက်ပေါ်စေလိုက်တော့သည်။

"နတ်ဘုရား သတ်ဖြတ်တဲ့ ဓား”

"စွမ်းအား အနှစ်သာရ"

သူတို့ နှစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့်ရှောင်ယန်၏ ကိုယ်တိုင် ဖောက်ခွဲမှုတို့ ပေါင်းစပ်သွားရာ ရုတ်တရက် အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဤစွမ်းအားမှာ ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားပြီး လောကရှိ အရာအားလုံးကို တုန်လှုပ်သွားစေခဲ့သည်။

သို့သော် ဤကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှု နှင့် ရင်ဆိုင်ရချိန်တွင် လူတိုင်း၏ နားထဲ၌ ကြားလိုက်ရသည်မှာမူ အမြဲတမ်း တည်ငြိမ်အေးဆေးပြီး မပြောင်းလဲသော အသံတစ်ခုသာ ဖြစ်သည်။

"အသုံးမဝင်ဘူး၊ မလုံလောက်သေးဘူး"

ထိုကြီးကျယ်ခမ်းနားလှသော အသံကြီးနှင့်အတူ ဧရာမ တောင်ကြီး တစ်လုံးအလား အင်အားကြီးမားလှသော စွမ်းအားတစ်ခုက အထက်ပိုင်းမှ ဖိကျလာခဲ့သည်။

‘ထျန်း’၏ ကိုယ်ပွားမှာ စိတ်ကူးကြည့်၍ပင် မရနိုင်လောက်အောင် အင်အားကြီးမားလှပြီး လူသုံးဦး ပူးပေါင်းထားလျှင်တောင်မှ လုံးဝ ခုခံတားဆီးနိုင်စွမ်း မရှိသေးပေ။

"ဟုတ်လို့လား… ‘ထျန်း’၊ ဒီတစ်ကွက်ကို ထပ်စမ်းကြည့်ပါဦး"

လေပြင်းများ တိုက်ခတ်လာပြီး နှစ်ဖက်စလုံး၏ အင်အားအကြီးမားဆုံးသော စွမ်းအားများ ပြင်းထန်စွာ ဝင်တိုက်မိတော့မည့် အချိန်တွင် ဝမ်ချောင်နှင့် ဝမ်မိသားစုဝင် ရာပေါင်းများစွာ၏ အသက်အန္တရာယ်မှာ ဤတစ်ချက်တည်းသော တိုက်ခိုက်မှု အပေါ်တွင်သာ မူတည်နေချိန်၌ မျှော်လင့်မထားသော ကိစ္စရပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

မှောင်မိုက်သော ရွှေရောင် အချိန်နှင့် အာကာသ ကွင်းဆက် တစ်ခု ပေါ်ထွက်လာပြီး ‘ထျန်း’၏ သိုင်းစွမ်းအင် များ အတွင်းတွင် အပြင်ဘက်၌ ရှုပ်ထွေးပြီး လှပသော ပန်းခက်ပန်းနွယ် ပုံစံများ ပါရှိသည့် လှံတို တစ်လက် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ထိုက်ချန် ၏လှံ။

ကက်စပီယံပင်လယ်ကမ်းစပ်တွင် ဝမ်ချောင် လုယူခဲ့သော ထိုက်ချန်၏ ဤအသက်သွေးကြော နတ်လက်နက်ကို ဤအခိုက်အတန့်တွင် ဝမ်ချောင်က ‘ထျန်း’ကို ရင်ဆိုင်ရန် အသုံးပြုလိုက်ခြင်း ပင်ဖြစ်သည်။

ထိုက်ချန်၏ အသက်သွေးကြော နတ်လက်နက်အနေဖြင့် ဤရွှေဝါရောင် လှံတွင် အလွန်တရာ အင်အားကြီးမားလှသော သိုင်းစွမ်းအင် များကို ချိုးဖျက်နိုင်သည့် စွမ်းအားရှိနေပြီး ဤနတ်လက်နက် တစ်ခုတည်းဖြင့်ဆိုလျှင် ‘ထျန်း’ကို ရင်ဆိုင်ရန် လုံလောက်မည် မဟုတ်သော်လည်း ဝမ်ချောင်နှင့် ပထမ ရှန်ထိုက်တို့က ရှောင်ယန်နှင့် ပူးပေါင်းကာ ‘ထျန်း’ကို ရင်ဆိုင်နေသည့် အရေးကြီးသော အချိန်တွင်မူ အဓိက အခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။

"ပေါက်ကွဲစမ်း"

လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော အခိုက်အတန့်တွင် ရွှေဝါရောင် လှံတိုက ‘ထျန်း’၏ သိုင်းစွမ်းအင်များ အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည့် မျက်တောင်တစ်ခတ်အတွင်း ဝမ်ချောင်က အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ထိုက်ချန်၏ ဤအသက်သွေးကြော နတ်လက်နက် ကို ဖောက်ခွဲပစ်လိုက်တော့သည်။

"ဝုန်း"

ပေါက်ကွဲသံကြီး တစ်ခုနှင့်အတူ ဤရွှေဝါရောင်လှံတိုမှာ ချက်ချင်းပင် ထောင်သောင်းချီသော အပိုင်းအစများအဖြစ် ပေါက်ကွဲထွက်သွားသည်။ နတ်လက်နက် ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော စွမ်းအားများမှာ လျင်မြန်စွာပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းလုံးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားကာ အရပ်လေးမျက်နှာ ရှစ်မျက်နှာသို့ လှည်းကျင်းသွားပြီး ‘ထျန်း’၏ သိုင်းစွမ်းအင်များ အတွင်း၌ အင်အားကြီးမားလှသော စွမ်းအားတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

"ဝုန်း"

‘ထျန်း’၏ စွမ်းအားက ဝမ်ချောင်၊ ပထမ ရှန်ထိုက် နှင့် ရှောင်ယန်တို့၏ စွမ်းအားများနှင့် ပြင်းထန်စွာ ဝင်တိုက်မိသွားချိန်တွင် ရွှေဝါရောင်လှံတို ဖန်တီးလိုက်သော စွမ်းအားများ ထပ်ပေါင်းထည့်လိုက်ရာ ‘ထျန်း’၏ ဧရာမ တောင်ကြီး တစ်လုံးအလား လေးလံလှသော စွမ်းအားကြီးမှာ နောက်ဆုံးတွင် အနည်းငယ် ရှုပ်ထွေးသွားပြီး အားနည်းချက်တစ်ခု ပေါ်ထွက်လာခဲ့သည်။

ကောင်းကင်ယံ အမြင့်ပိုင်းရှိ အချိန်နှင့် အာကာသ အနက်ရှိုင်းဆုံး နေရာမှလည်း အံ့အားသင့်သွားသည့် အသံတစ်ခု မသိမသာ ထွက်ပေါ်လာခဲ့ရာ ဝမ်ချောင်၏ ဤရုတ်တရက် လုပ်ဆောင်ချက်က ‘ထျန်း’ကိုပင် အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။

သို့သော် ဝမ်ချောင်မှာ ဤအရာများကို ဂရုစိုက်နေရန် အချိန်မရှိတော့ပေ။

အကယ်၍ ဝမ်ချောင်သာ ဆန္ဒရှိပါက ‘ထျန်း’၏ အစစ်အမှန် ရုပ်ရည်သွင်ပြင်ကိုပင် တစ်ချက် လှမ်းကြည့်နိုင်ပေသည်။

တိုက်ပွဲ စတင်ကတည်းက နှစ်ဖက်စလုံးကြားတွင် စွမ်းအင်နှင့် အငွေ့အသက်များဖြင့်သာ တိုက်ခိုက်နေခဲ့ကြခြင်းဖြစ်ပြီး ကြားထဲတွင် ထပ်နေသော အချိန်နှင့် အာကာသများစွာ ကာဆီးနေသဖြင့် ဝမ်ချောင်မှာ ‘ထျန်း’၏ မူလခန္ဓာကိုယ် ကို အမြဲတမ်း မမြင်တွေ့ခဲ့ရဘဲ သူတော်စင် ဧကရာဇ်၏ ဘဝတစ်သက်တာ အကြီးမားဆုံးသော ရန်သူတစ်ဦးအနေဖြင့် ‘ထျန်း’၏ အစစ်အမှန် ရုပ်ရည်သွင်ပြင်ကို ဝမ်ချောင်က အမြဲတမ်း အသိချင်ဆုံး ဖြစ်နေခဲ့သည်။

သို့သော် ဤအခိုက်အတန့်တွင်မူ ဝမ်ချောင်မှာ အားလုံးကို ဂရုစိုက်နေရန် အချိန်မရှိတော့ပေ။

"သွား"

အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ဝမ်ချောင်၏ခန္ဓာကိုယ် တစ်ခုလုံးမှ ပြင်းထန်သော ငွေရောင် အလင်းတန်း တစ်ခု ပေါက်ကွဲထွက်လာပြီး မျက်တောင်တစ်ခတ်အတွင်း ပထမ ရှန်ထိုက်ကို ရစ်ပတ်လိုက်ကာ တပြိုင်နက်တည်းမှာပင် ဝမ်ချောင်၏လက်ဖဝါးကို ဖြန့်လိုက်ရာ မှောင်မိုက်သော ရွှေရောင် အချိန်နှင့် အာကာသ စက်ကွင်းတစ်ခုက တုန်ခါရင်း လျင်မြန်စွာ ဖြာထွက်လာပြီး ရှောင်ယန် ပေါက်ကွဲသွားသည့် အကြွင်းအကျန် နေရာများကို လွှမ်းခြုံသွားတော့သည်။

‘ထျန်း’ကို ရင်ဆိုင်ရန်နှင့် ဝမ်ချောင်ကို ကာကွယ်ရန်အတွက် ရှောင်ယန်မှာ အနည်းငယ်မျှ ချန်လှပ်မထားဘဲ စွမ်းအား အားလုံးကို အကုန်ထုတ်သုံးလိုက်ရာ သူ၏ စွမ်းအားများမှာ လေတိုက်ခံရသော ဖယောင်းတိုင်မီ အလား လျင်မြန်စွာ အားနည်းလာနေကြောင်းကို ဝမ်ချောင် ခံစားသိရှိနိုင်ခဲ့သည်။

ဝိညာဉ် ကိုယ်တိုင် ဖောက်ခွဲမှု မှာ မည်သည့် သိုင်းပညာရှင် အတွက်မဆို အလွန်တရာ ကြီးမားလှသော အန္တရာယ ဖြစ်ပြီး တစ်ကြိမ် ဖောက်ခွဲလိုက်သည်နှင့် သေချာပေါက် သေဆုံးရမည်သာ ဖြစ်သည်။

"ရှောင်ယန်၊ တောင့်ထားစမ်း၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းကို လုံးဝ အသေမခံဘူး"

ဝမ်ချောင်က အံကြိတ်ကာ ဝီခနဲ အသံနှင့်အတူ အလင်းတစ်ချက် လက်သွားပြီး လက်ဖျောက်တစ်တွက်စာ အချိန်လေး အတွင်းမှာပင် ရှောင်ယန်၏ ကျန်ရစ်နေသော ဝိညာဉ် စွမ်းအင်များမှာ ရေစီးကြောင်းအလား အတွင်းဘက်သို့ လျင်မြန်စွာ ကျုံ့ဝင်သွားပြီး ဝမ်ချောင်၏ မှောင်မိုက်သော ရွှေရောင် အချိန်နှင့် အာကာသ စက်ကွင်းအတွင်းသို့ ပိတ်လှောင်ခံလိုက်ရတော့သည်။

******

All Chapters