← Chapters

အခန်း ၃၁၂

Vol. 32 Ch. 312

အခန်း ၃၁၂

Vol. 32 Ch. 312

အခန်း (၃၁၂) - ရွှေအစင်းကြောင်းဘယ်ရီသီး ဒဏ္ဍာရီ

ကျန်းရှောင်ဟန်သည် ငွေဓားတောင်ထွတ်မှ ငိုယိုကာထွက်ခွာသွားလေသည်။

သူမသည် မိန်းကလေးတစ်ဦး ဖြစ်သောကြောင့် တိနွီဖုန့်ကသိပ်ပြီး ခက်ခဲအောင် မလုပ်ခဲ့ပေ။ သူမအား နက်နက်နဲနဲ စိုက်ကြည့်လိုက်ရုံသာရှိသေး၏။

သို့သော်လည်း လက်တစ်ဖက် ဝှေ့ယမ်းရုံမျှဖြင့် အလောင်းတောင်၊ သွေးပင်လယ်ကို ဖန်တီးနိုင်သော သတ္တမအဆင့်ကျင့်ကြံသူကြီး၏ စူးစိုက်ကြည့်မှုမှ ထွက်ပေါ်လာသည့် ဖိအားမှာ ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသော ကျန်းရှောင်ဟန် ခံနိုင်ရည်ရှိသည့်အရာ မဟုတ်ပေ။

တုန်လှုပ်ချောက်ချားဖွယ်ရာ ကြောက်ရွံ့မှုများက သူမအား ချက်ချင်းပင် လွှမ်းမိုးသွားတော့သည်။

သူမသည် ငွေဓားတောင်ထွတ်၏ တောင်ထွတ်သခင် တိနွီဖုန့်အကြောင်းကို စောစောစီးစီးကပင် ကြားဖူးသော်လည်း ငယ်စဉ်ကပင် ကောင်းကင်မဏ္ဍိုင်မျှော်စင်တွင် ကြီးပြင်းလာခဲ့ရပြီး ကြယ်ခုနစ်စင်းသတင်းစာမှတစ်ဆင့် တိနွီဖုန့်သည် ရက်စက်ကြမ်းကြုတ်၍ ရိုင်းစိုင်းလှသော ရှုတောင်၏ဘေးဒုက္ခဆိုးကြီး တစ်ခုအဖြစ်သာသိရှိထားခဲ့သည်။

သူမစိတ်ကူးထဲတွင် တိနွီဖုန့်သည် ရုပ်ဆိုးဆိုး၊ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကြီး သို့မဟုတ် အနည်းဆုံးတော့ ဒေါသကြီးပြီး ကြမ်းတမ်းသောပုံစံမျိုး ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့မိသည်။

သို့သော် ယခုမျက်စိရှေ့တွင် မြင်တွေ့နေရသည့် အရပ်ရှည်ရှည်၊ ဆွဲဆောင်မှုရှိပြီး လှပလွန်းသော မမကြီးနှင့် မည်သူကများ တွဲဖက်တွေးတောမိပါမည်နည်း။

ငိုယိုပြီးနောက် ကျန်းရှောင်ဟန်သည် မိမိကိုယ်ကိုယ် အလေးအနက် ပြန်လည်ဆန်းစစ်သုံးသပ်မိသည်။

မိမိအနေဖြင့် တိနွီဖုန့်အားမမှတ်မိရခြင်းမှာ သူမအမည်နာမသည် မိုးကြိုးပစ်သကဲ့သို့ ကျော်ကြားလှသော်လည်း သူမရုပ်ရည်အစစ်အမှန် သို့မဟုတ် ပုံတူပန်းချီကားကို တစ်ခါမျှ မမြင်ဖူးခဲ့သောကြောင့်ဖြစ်သည်။

စာသားများနှင့်နှိုင်းယှဉ်ပါက ပုံတူပန်းချီကားများသည် ပိုမို၍ရှင်းလင်းပြတ်သားပြီး တိကျသော သတင်းဖြန့်ဝေမှုပုံစံ ဖြစ်ပေသည်။

ကြယ်ခုနစ်စင်းသတင်းစာတွင် သာမန်အားဖြင့် [ကမ္ဘာမြေ ရတနာတစ်သောင်း မှတ်တမ်း] ၌သာ ပုံတူပန်းချီများပါရှိလေ့ရှိပြီး ထိုမှတစ်ဆင့် လူများအား အစွမ်းထက် မှော်လက်နက်များ၏ ပုံသဏ္ဌာန်ကို သိမြင်စေသည်။

[ပြည်နယ်ကိုးခု မုန်တိုင်းမှတ်တမ်း] နှင့် [ကျန်းဟူ သတင်းထူးများ] တွင်မူ ပုံတူပန်းချီကားများ တစ်ခါမျှမပါရှိခဲ့ဖူးပေ။

သူမသည် နောင်တွင် သတင်းများ ရေးသားတင်ပြသည့်အခါ အထက်တွင် ပန်းချီကားအချို့ ထည့်သွင်းပေးရန် စတင်စဉ်းစားမိ၏။ ထိုသို့ဆိုပါက ဖြစ်ပျက်ခဲ့သည့် သတင်းအချက်အလက်များကို ပိုမိုပြတ်သားစွာ ဖြန့်ဝေနိုင်ရုံသာမက လူများအနေဖြင့်လည်း ပြည်နယ်ကိုးခု၏ နာမည်ကြီးပုဂ္ဂိုလ်များကို သိရှိလာနိုင်မည် ဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် သူမကိုယ်တိုင်သည်လည်း ပန်းချီဆွဲခြင်းအတတ်ပညာတွင် ပါရမီပါပြီး ထိုနယ်ပယ်၌ စောစောစီးစီးပင် လေ့လာဆည်းပူးခဲ့ဖူးသည်။

ထိုအချက်ကို တွေးမိသည်နှင့် ကျန်းရှောင်ဟန်သည် ချက်ချင်းပင်ဝမ်းနည်းရာမှ ဝမ်းသာသွားပြီး မိမိသည် ကောင်းကင်မဏ္ဍိုင်မျှော်စင်တွင် ပန်းချီဖြင့် သတင်းတင်ပြခြင်းကို စတင်ဦးဆောင်မည့် ပထမဆုံးသူဖြစ်လာပေတော့မည်။

ထိုအချက်ကြောင့်ပင် လောကတွင် ခေတ်ရေစီးကြောင်းအသစ်တစ်ခု ဖြစ်ပေါ်လာနိုင်သည် မဟုတ်ပါလော။

မနက်ဖြန်ကျင်းပမည့် ရှုတောင်ထိပ်သီးညီလာခံကွင်းပြင်ကို မှတ်တမ်းတင်ခြင်းဖြင့် စတင်လိုက်မည်။

စိတ်ပိုင်းဆိုင်ရာတွင် ကြီးမားစွာ ထိခိုက်ခံစားခဲ့ရသော်လည်း ကျန်းရှောင်ဟန်သည် အိမ်ပြန်ရန် မရည်ရွယ်သေးပေ။ မနက်ဖြန်သည် ရှုတောင်ထိပ်သီးညီလာခံ၏ ဗိုလ်လုပွဲဖြစ်ပြီး ထိုအချိန်တွင် တစ်ပြည်နယ်လုံးက စောင့်ကြည့်ကြမည်ဖြစ်ရာ ကျွမ်းကျင်သော လေဖမ်းခန်းမမှ တပည့်တစ်ဦးအနေဖြင့် သူမမည်သို့ လက်လွတ်ခံနိုင်ပါမည်နည်း။

သူမသည် ပြင်ပရေးရာခန်းမဆောင်မှ စီစဉ်ပေးထားသော တည်းခိုရာနေရာတွင် နေထိုင်ကာ အခြား မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်း၏ အင်မော်တယ်ဂိုဏ်းသားများနှင့် တစ်နေရာတည်းတွင်နေရသည်။

ခဏအနားယူနေစဉ် တံခါးဝမှ ခေါက်သံတစ်ခု ထွက်ပေါ်လာ၏။

တံခါးပြင်ပရှိ လူက ညင်သာစွာခေါ်လိုက်၏။

"မိန်းကလေးရှောင်ဟန်..."

ကျန်းရှောင်ဟန်သည် ထိုအသံကိုကြားလိုက်ရသဖြင့် အံ့အားသင့်သွား၏။

'ချူလျန်ရဲ့ အသံလား...'

တံခါးကို ဖွင့်ကြည့်လိုက်ရာ သူမ ထင်ထားသည့်အတိုင်း သူဖြစ်နေပေသည်။

ချူလျန်က ဘေးအန္တရာယ် ကင်းရှင်းဟန်ရှိသော အပြုံးတစ်ခုကိုဆင်မြန်းကာ တံခါးဝတွင်ရပ်နေပြီး လက်ထဲတွင်လည်း ဘူးကြီးဘူးငယ်အချို့ကို သယ်ဆောင်ထားလေသည်။

ကျန်းရှောင်ဟန်က ချူလျန်ကို အခန်းထဲသို့ ဖိတ်ခေါ်ပြီးနောက် မေးလိုက်၏။

"သူရဲကောင်းချူ...ကျွန်မဆီကို ဘာကိစ္စရှိလို့လာတာလဲ..."

ချူလျန်က နူးညံ့သိမ်မွေ့သောလေသံဖြင့် ပြန်ပြော၏။

"စောစောက ကျွန်တော့်ဆရာက မိန်းကလေးအပေါ် နည်းနည်း ရိုင်းပျသွားပြီး မိန်းကလေးကို လန့်သွားစေတယ်လေ…”

“ဒါကြောင့် ကျွန်တော်က ငွေဓားတောင်ထွတ်ကိုကိုယ်စားပြုပြီး တောင်းပန်ဖို့နဲ့ မိန်းကလေးရဲ့ အခြေအနေကိုလာကြည့်တာပါ...လက်ဆောင်လေး နည်းနည်းပါးပါး ယူလာခဲ့တယ်...လက်ခံပေးပါဦး..."

ကျန်းရှောင်ဟန်က အလျင်အမြန် လက်ကာပြလိုက်၏။

"အို...ဒါ အားနာစရာကြီး...ကျွန်မက အရင်ဆုံး သူရဲကောင်းချူရဲ့ ဆရာအပေါ် ပြစ်မှားမိတာပါ...ဘာလို့ သူရဲကောင်းတို့ဘက်ကပြန်ပြီး တောင်းပန်နေရတာလဲ..."

ချူလျန်က ဝင်ထိုင်လိုက်ပြီး လက်ထဲမှအရာများကို တစ်ခုချင်းစီထုတ်ပြလိုက်၏။

"တောင်းပန်ရမှာပေါ့...ဧည့်သည်ဆိုတာ ရိုသေရမယ့်သူလေ...ဒါ့အပြင် မိန်းကလေးက ကျွန်တော့်ကို သီးသန့်မေးမြန်းဖို့လာတာပဲကို…”

“မိန်းကလေးကို ဘယ်လိုလုပ် စိတ်မကောင်းဖြစ်အောင်ထားရမလဲ...ဒါ ကျွန်တော်တို့ ငွေဓားတောင်ထွတ်ရဲ့ အထူးထွက်ကုန်ဖြစ်တဲ့ ရွှေအစင်းကြောင်းဘယ်ရီသီး လက်ဆောင်ဘူးပါ…”

“ပြီးတော့ ဒါကတော့ အကြောက်ပြေစေပြီး စိတ်ဝိညာဉ်ကို တည်ငြိမ်စေမယ့်... အဆင့်မြင့်ရွှေအမြုတေဖော်စပ်ဖို့ ကူညီပေးနိုင်တဲ့ ရေနက်စိတ်ငြိမ်ကြာပန်းပဲ..."

ကျန်းရှောင်ဟန်သည် ချက်ချင်းပင် လန့်ဖျပ်သွားတော့၏။

"ဟင်..."

ငွေဓားတောင်ထွတ်၏ ဘယ်ရီသီးလက်ဆောင်ဘူးအကြောင်းကို သူမ မလာခင်ကပင် တစ်ဆင့်စကားဖြင့် ကြားဖူးသော်လည်း အသေးစိတ်စုံစမ်းမထားခဲ့ပေ။ ငွေဓားတောင်ထွတ်မှ ထွက်ရှိသောသစ်သီးဖြစ်သဖြင့် ထိုမျှလောက်အဖိုးတန်မည် မဟုတ်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော်လည်း ရေနက်စိတ်ငြိမ်ကြာပန်းမှာမူ ပြင်ပရွှေအမြုတေကို ဖော်စပ်ရာတွင် အလွန်အရေးကြီးသော ဆေးဖက်ဝင်ပစ္စည်းတစ်ခုဖြစ်ပြီး ပြင်ပရွှေအမြုတေ၏ အရည်အသွေးကို အဆင့်မြင့်အဆင့်အထိ မြှင့်တင်ပေးနိုင်သည်။

၎င်းမှာ ချူလျန် ယခင်ကရှာဖွေခဲ့သော ဓားရွက်ပန်းနှင့် အလားတူပင်ဖြစ်သည်။

ထိုအရာ၏တန်ဖိုးမှာ အလွန်တရာ မြင့်မားလှပေသည်။

အထူးသဖြင့် ကျန်းရှောင်ဟန်သည် လက်ရှိတွင် ဝိညာဉ်အသိအမြင်အဆင့် ကျင့်ကြံခြင်းရှိရာ ထိုရေနက်စိတ်ငြိမ်ကြာပန်းကို မကြာမီ အသုံးပြုရတော့မည် ဖြစ်သည်။

တန်ဖိုးကြီးမားရုံသာမက သူမအားထုတ်မှုများစွာကိုလည်း သက်သာစေနိုင်ပေသည်။

ထိုလက်ဆောင်သည် အလွန်ပင် စိတ်ကူးကောင်းလှပေသည်။

ချူလျန်က ထိုကဲ့သို့သောပစ္စည်းကို မိမိအား လက်ဆောင်ပေးနိုင်လိမ့်မည်ဟု သူမ စိတ်ကူးပင်မယဉ်ဝံ့ခဲ့ဘဲ လွန်စွာထိတ်လန့်အံ့ဩသွားမိ၏။

ခေတ္တတိတ်ဆိတ်သွားပြီးနောက် သူမသည် ခက်ခက်ခဲခဲပင် ခေါင်းခါယမ်းကာ ပြောလိုက်၏။

"သူရဲကောင်းချူ...ဒါ တကယ်တန်ဖိုးကြီးလွန်းပါတယ်...ဒီဘယ်ရီသီး လက်ဆောင်ဘူးကိုပဲ ကျွန်မ လက်ခံနိုင်ပါတယ်…”

“ဒီရေနက်စိတ်ငြိမ်ကြာပန်းကိုတော့ ကျွန်မ တကယ် လက်မခံဝံ့ပါဘူး..."

တိုက်တိုက်ဆိုင်ဆိုင်ပင် လေဖမ်းခန်းမ၏ တပည့်များသည် ကြွယ်ဝချမ်းသာကြပြီး ငယ်စဉ်ကပင် ပြည့်ပြည့်စုံစုံ ကြီးပြင်းလာခဲ့ရသဖြင့်သာ ဖြစ်သည်။

မဟုတ်ပါက သူမအနေဖြင့် ငြင်းပယ်ရန် တကယ်ပင် ခက်ခဲလိမ့်မည်ဖြစ်သည်။

ချူလျန်က ပြုံးလျက် ပြန်ပြော၏။

"မိန်းကလေးရှောင်ဟန်အနေနဲ့ အလျင်စလို ငြင်းဖို့မလိုပါဘူး...ဒါ ကျွန်တော်တို့ ငွေဓားတောင်ထွတ်ရဲ့ စေတနာသက်သက်ပါ…”

“မိန်းကလေးနဲ့ မိတ်ဆွေဖြစ်ချင်တဲ့ သဘောထားကို ဖော်ပြရုံသက်သက်ပါပဲ... ဒါ့အပြင် ကျွန်တော့်မှာ သေးငယ်တဲ့ တောင်းဆိုမှုလေးတစ်ခုလည်း ရှိပါသေးတယ်..."

သူမအား အကူအညီတောင်းရန် ကိစ္စရှိနေခြင်းဖြစ်ပေသည်။

ကျန်းရှောင်ဟန်သည် ထိုအခါမှ စိတ်အေးသွားကာ ပြောလိုက်၏။

"သူရဲကောင်းချူ...ဘာကိစ္စပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်..."

ချူလျန်က ပြောပြ၏။

"ကိစ္စက ဒီဘယ်ရီသီးလက်ဆောင်ဘူးနဲ့ ဆက်စပ်နေလို့ပါ...ဒီတစ်ခေါက် ထိပ်သီးညီလာခံကာလအတွင်းမှာ ကျွန်တော် ဒီဘယ်ရီသီးလက်ဆောင်ဘူးတွေကို ရောင်းချရင်းနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးတွေ ဖြစ်ခဲ့သေးတယ်..."

ထိုသို့ပြောပြီးနောက် သူသည် ကျင့်ကြံသူကြီးတစ်ဦးက ဘယ်ရီသီးများကို လုယက်သွားခဲ့သည့် အကြောင်းကို ပြောပြလိုက်လေသည်။

ကျန်းရှောင်ဟန်သည် ယနေ့မှသာ ထိုအကြောင်းကို ကြားဖူးခြင်းဖြစ်ရာ နားထောင်ပြီးနောက် မျက်လုံးလေး ကလယ်ကလယ်ဖြင့် ပြောလိုက်၏။

"ဒါ တကယ့်ကို ထူးဆန်းတဲ့ကိစ္စပဲ...ကျန်းဟူသတင်းထူးတွေထဲမှာ ထည့်ရေးလို့ ရတာပဲ..."

ချူလျန်က ဖြည်းညင်းစွာ ပြော၏။

"ဟုတ်တယ်...ကျွန်တော် မိန်းကလေးဆီ လာတာကလည်း ကြယ်ခုနစ်စင်းသတင်းစာပေါ်မှာ ကျွန်တော်တို့ ငွေဓားတောင်ထွတ်ရဲ့ ဘယ်ရီသီးအကြောင်းကို စာကြောင်းနည်းနည်းလောက် ထည့်သွင်းပေးဖို့ အကူအညီတောင်းချင်လို့ပါ…”

“ဒါ့အပြင် အဲဒီကျင့်ကြံသူကြီးက ဘာလို့ ဘယ်ရီသီးတွေကို လုယက်သွားရတာလဲ... ဒီပစ္စည်းရဲ့ မူလဇာစ်မြစ်၊ အစွမ်းအာနိသင်နဲ့ သူ့မှာပါဝင်တဲ့ နက်နဲတဲ့သမိုင်းကြောင်း နောက်ခံတွေကို မိန်းကလေးကို အသေးစိတ်ရှင်းပြနိုင်ပါတယ်..."

ကျန်းရှောင်ဟန်သည် မှင်တက်သွားမိ၏။

"နောက်ခံသမိုင်းကြောင်း ဟုတ်လား..."

ချူလျန်က ပြုံးလျက် ပြော၏။

"ဒါပေါ့...မိန်းကလေးအနေနဲ့ ဒီအသီးနောက်ကွယ်က ဇာတ်လမ်းကို မသိသေးဘူးမလား...အရင်မင်းဆက်တုန်းက ကျန်းနန်အရပ်မှာ ရွှီရှန်းလို့ ခေါ်တဲ့ လူတစ်ယောက် ရှိခဲ့တယ်...သူ့အသွင်အပြင်က ချောမောယဉ်ကျေးပြီး အိမ်မှာလည်း ဆေးဆိုင်တစ်ဆိုင် ဖွင့်ထားတာပေါ့..."

ချူလျန်က ဆက်လက်ပြောပြ၏။

"တစ်နေ့မှာတော့ သူကစိတ်ကူးပေါက်ပြီး ရေကန်မှာ လှေစီးထွက်ခဲ့တယ်... အဲဒီအချိန်မှာ ဝတ်စုံအစိမ်းရောင်ဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ဦးနဲ့ ဝတ်စုံအဖြူရောင် ဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ဦးနဲ့ ဆုံခဲ့တာပေါ့…”

“အဲဒီအချိန်မှာ မိုးကလည်း သည်းသည်းမည်းမည်း ရွာချနေတဲ့အချိန်ပေါ့..."

ချူလျန်က ဆက်ပြော၏။

"အဲဒီနောက် ရွှီရှန်းက ဘုန်းကြီးရဲ့ စကားကို ယုံကြည်ပြီး သူ့ဇနီးကို ကန့်သတ်ဆေးဝိုင် တိုက်လိုက်မိတယ်...အဲဒီအချိန်မှာပဲ ချက်ချင်း..."

ချူလျန်က ဆက်ပြော၏။

"အဲဒီ မြွေဖြူမလေးနဲ့ မြွေစိမ်းမလေးတို့ဟာ အင်မော်တယ်တောင်တန်းဆီကို တစ်ဟုန်ထိုး ဝင်ရောက်သွားပြီး လူသေကို အသက်ပြန်သွင်းနိုင်တယ်လို့ ကျော်ကြားတဲ့ အင်မော်တယ်သစ်သီးကိုခိုးယူခဲ့ကြတယ်…”

“ပြီးတော့ ရွှီရှန်းကို တိုက်ကျွေးလိုက်တာပေါ့...ဒီဇာတ်လမ်းကိုတော့ [အင်မော်တယ်တောင်တန်း သစ်သီးခိုးယူခြင်း] လို့ ခေါ်ကြတာ..."

ချူလျန်သည် ကျန်းရှောင်ဟန်အား [အင်မော်တယ်တောင်တန်း သစ်သီးခိုးယူခြင်း] ဇာတ်လမ်းကို သွက်လက်ချက်ချာစွာပြောပြရာ မိန်းကလေးငယ်မှာ ငေးမောကာ နားထောင်နေတော့၏။

ချူလျန်ပြောပြပြီးသည့်တိုင် ကျန်းရှောင်ဟန်က ဆက်လက်မေးမြန်းနေဆဲ ဖြစ်သည်။

"ပြီးတော့ရော...ရွှီရှန်းနဲ့ မြွေဖြူမလေးတို့ ဘာဆက်ဖြစ်ကြလဲ..."

ချူလျန်က ပြုံးလျက် ပြောလိုက်၏။

"မိန်းကလေးရှောင်ဟန်အနေနဲ့ ဒီဇာတ်လမ်းတွေကို သတင်းစာပေါ်မှာ ရေးတင်ပေးဖို့ သဘောတူမယ်ဆိုရင်တော့ ကျွန်တော်ဆက်ပြီး ပြောပြပေးပါမယ်..."

ကျန်းရှောင်ဟန်က တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပင် သဘောတူလိုက်၏။

"ဒီဇာတ်လမ်းက တကယ်ဆန်းကြယ်တာပဲ...ကြယ်ခုနစ်စင်းသတင်းစာပေါ်မှာ ထည့်ရေးလို့ရပါတယ်..."

ထို့ကြောင့် ချူလျန်က ဆက်လက်ပြောပြလေ၏။

"အဲဒီနောက် မြွေဖြူမလေးနဲ့ ရွှီရှန်းတို့က အဲဒီ အင်မော်တယ်သစ်သီးရဲ့ အစေ့ကို မြေကြီးထဲမှာ စိုက်ပျိုးခဲ့ကြတယ်…”

“အဲဒီကနေ ထွက်လာတဲ့အသီးသစ်တွေကတော့ အခု ကျွန်တော်တို့ဆီက ရွှေအစင်းကြောင်းဘယ်ရီသီးပေါ့..."

ချူလျန်က ဆက်ပြော၏။

"မြွေဖြူမလေးမှာ ကိုယ်ဝန်ရှိလာတဲ့အခါ ဒေါသမထွက်သင့်ဘူးလေ...ဒါပေမဲ့ ရွှီရှန်းကတော့..."

ချူလျန်က ဆက်ပြော၏။

"အဲဒီလိုနဲ့ ရေတွေက ရွှေတောင်ကျောင်းတော်ကိုလွှမ်းမိုးသွားပြီး လှိုင်းလုံးကြီးတွေက အတိုင်းအဆမရှိ တက်လာခဲ့တယ်...ဒါပေမဲ့ ဘုန်းတော်ကြီးကလည်း သာမန်လူ မဟုတ်ဘူးလေ..."

ချူလျန်သည် နောက်ဆုံးတွင် ဇာတ်လမ်းကို အဆုံးသတ်လိုက်၏။

"နောက်ဆုံးတော့ ရွှီဟန်လင်က သူ့မိခင်ကိုပြန်ခေါ်လာနိုင်ပြီး တစ်မိသားစုလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတူ နေထိုင်သွားကြတာပေါ့..."

ကျန်းရှောင်ဟန်က ပြောလိုက်၏။

"သိပ်ကောင်းတာပဲ...မြွေဖြူမလေးတို့ မိသားစု နောက်ဆုံးတော့ ပြန်ဆုံစည်းကြရပြီ..."

ချူလျန်က တစ်လုံးချင်းစီ ရွတ်ဆိုလိုက်၏။

"ဟုတ်တယ်...မြွေဖြူမလေးက ရွှီရှန်းကို ရဲရဲဝံ့ဝံ့ ချစ်မြတ်နိုးခဲ့ပြီး မပြိုကွဲတဲ့ သစ္စာတရားနဲ့ လောကရဲ့ အတားအဆီးအားလုံးကို တွန်းလှန်ခဲ့တဲ့ စိတ်ဓာတ်ကို ချီးကျူးဂုဏ်ပြုဖို့အတွက် ဒီဇာတ်လမ်းကို...[ဘယ်ရီသီးပုံပြင်] လို့ ခေါ်တာပေါ့..."

ချူလျန်က စိတ်ရှည်လက်ရှည်ဖြင့် ထပ်လောင်းပြောပြ၏။

"ဒါမှမဟုတ် [ရွှေအစင်းကြောင်းဘယ်ရီသီး ဒဏ္ဍာရီ] လို့လည်း ခေါ်လို့ရတယ်... မိန်းကလေးရှောင်ဟန် သတင်းစာထဲမှာရေးတဲ့အခါ ဒီနာမည်ကို အသုံးပြုလို့ ရတာပေါ့..."

ကျန်းရှောင်ဟန်သည် မျက်မှောင်ကြုတ်သွားပြီး ရေရွတ်လိုက်မိ၏။

"ဟင်..."

...

နောက်တစ်နေ့ မိုးသောက်ယံအချိန်တွင် ရှုတောင်တစ်ခုလုံးသည် အလွန်တရာ ဆူညံလှုပ်ရှားနေပေပြီ။

မောင်းသံ စည်သံများက ကောင်းကင်သို့ လွှမ်းမိုးနေပြီး သာယာသော တူရိယာသံများလည်း ပဲ့တင်ထပ်နေသည်။ အလံနီများ တလူလူလွင့်ပျံနေပြီး လူပင်လယ်ကြီးသဖွယ် စည်ကားလှပေသည်။

မူလကပင် ပြည်နယ်ကိုးခု၏ အင်မော်တယ်ဂိုဏ်းသားများနှင့် အခြားတစ်ကိုယ်တော် ကျင့်ကြံသူများသည် ယခင်က ယှဉ်ပြိုင်မှုများကို လာရောက်မကြည့်ရှုကြသော်လည်း ရှုတောင်ထိပ်သီးညီလာခံ၏ ဗိုလ်လုပွဲကိုမူ မဖြစ်မနေ လာရောက် ကြည့်ရှုလေ့ရှိကြသည်။

ရှုတောင်ဂိုဏ်း၏ ထိပ်သီးတပည့် ဖြစ်လာမည့်သူ၊ ဤထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး၏ ကိုယ်စားလှယ် ဖြစ်လာမည့်သူမှာ မည်သည့် ပါရမီရှင် ဖြစ်လာမည်နည်းကို သူတို့ စောင့်ကြည့်ချင်ကြပေသည်။

သို့သော်လည်း ယခုနှစ် ရှုတောင်ထိပ်သီးညီလာခံ၏ ဗိုလ်လုပွဲသို့ လာရောက် အားပေးကြသူများမှာ ယခင်နှစ်များထက် ပိုမိုများပြားလှပြီး စုံလင်လှသော လူအုပ်ကြီးသည် ရှုတောင်၏ ကောင်းကင်တက်လှမ်းတောင်ထွတ်ပေါ်သို့ စုပြုံတက်ရောက်လာကြသည်။

ရှုတောင်ထိပ်သီးညီလာခံကာလအတွင်းတွင် တောင်တံခါးကို ပိတ်ပင်ထားခြင်း မရှိသဖြင့် ထိုလူများသည် ကောင်းကင်တက်လှမ်းတောင်ထွတ်ပေါ်တွင် စိတ်ကြိုက် သွားလာလှုပ်ရှားနိုင်သည်။

အရေးကြီးသောနေရာအချို့တွင် တပည့်များ စောင့်ကြပ်နေသည်မှအပ ကျန်နေရာများကို လွတ်လပ်စွာ ကြည့်ရှုခွင့်ရရှိကြသည်။

စည်ကားလှသော လူအုပ်ကြီးထဲတွင် ဆံပင်အရှည်ကြီးရှိပြီး မျက်နှာဖုံးစွပ်ထားသော ဝတ်စုံဝတ်အမျိုးသမီးတစ်ဦးသည် ချစ်စဖွယ်ကောင်းသော ကလေးငယ်တစ်ဦး၏ လက်ကိုဆွဲကိုင်ကာ လျှောက်လှမ်းနေလေသည်။

ထိုအချိန်တွင် ဗိုလ်လုပွဲ မစတင်သေးသဖြင့် သူတို့သည်လည်း အခြား ဧည့်သည်များကဲ့သို့ပင် ပေါ့ပေါ့ပါးပါး လှည့်ပတ်ကြည့်ရှုနေကြသည်။

ထိုအမျိုးသမီးက ခပ်တိုးတိုး ပြောလိုက်၏။

"ဒီနေ့ မင်းကို စကားတစ်ခွန်း သင်ပေးမယ်...[သူတစ်ပါးဆီက ငါးကို လုယူတာထက်...သူ့ရဲ့ ငါးဖမ်းပိုက်ကွန်ကို လုယူတာက ပိုကောင်းတယ်]..."

ထိုကလေးငယ်၏ လျှာမှာမူ သိပ်ပြီး မသွက်လက်လှပေ...။

"မြည်း... မြည်း..."

အမျိုးသမီးက ဆက်လက် သင်ကြားပေး၏။

"ဒါ ဘာကို ဆိုလိုတာလဲဆိုတော့...လူတစ်ယောက် ငါးဖမ်းနေတဲ့အခါ မင်းက သူ ဖမ်းထားတဲ့ငါးကို လုယူမယ့်အစား သူ့ပိုက်ကွန်ကို လုယူတာက ပိုကောင်းတယ်…”

“ဘာလို့လဲဆိုတော့ လုယူထားတဲ့ ငါးက တစ်နေ့နေ့မှာကုန်သွားမှာပဲ...ဒါပေမဲ့ သူ့ပိုက်ကွန်ကို လုယူလိုက်မယ်ဆိုရင်တော့ နောင်မှာ မင်းကိုယ်တိုင် ငါးဖမ်းနိုင်ပြီး အစဉ်မပြတ် ငါးတွေကိုစားနိုင်မှာပေါ့..."

ကလေးငယ်သည် ထိုစကားကို တိတိကျကျ ပြန်လည်ရွတ်ဆိုလိုက်၏။

"အစဉ်မပြတ် စားမယ်..."

အမျိုးသမီးက မရယ်ဘဲ မနေနိုင် ဖြစ်သွားမိ၏။

"ဟင်း...စားရမယ့်အရာနဲ့ ပတ်သက်လာရင်တော့ မင်းက ဘာလို့ ဒီလောက် မြန်မြန် တတ်လွယ်ရတာလဲ...ဒီကလေးရဲ့ ခေါင်းထဲမှာ တကယ် တခြားဘာမှမရှိဘူးပဲ..."

All Chapters