← Chapters

အခန်း ၂၆၆

Vol. 27 Ch. 266

အခန်း ၂၆၆

Vol. 27 Ch. 266

အခန်း (၂၆၆) - ပြင်ဆင်မှုများ

"ဒီလိုဆိုရင်တော့ အဲဒီဖုတ်ကောင်တွေက ဖုတ်ကောင်အုပ်စုကြီး ဖွဲ့နိုင်ခြေ အရမ်းများတယ်..."

ထန်ပိုင်က မျက်မှောင်အနည်းငယ် ကြုတ်လျက် ဝင်ပြောလိုက်သည်။

ရှို့ဝူက ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြောလိုက်သည်။

"ဟုတ်တယ်... ဒါကြောင့် ရာသီဥတု မပူလာခင် အက်စ်မြို့တော် အက်စ်မြို့ဝန်းကျင်က ဖုတ်ကောင်တွေကို ရှင်းလင်းပြီး လျှို့ဝှက်ဓာတ်ခွဲခန်း ၂ ခုကို ဖျက်ဆီးပစ်ရမယ်... အပူချိန် အနုတ် ၅ ဒီဂရီစင်တီဂရိတ်ကို ရောက်သွားတာနဲ့ ဖုတ်ကောင်တွေ စတင်လှုပ်ရှားလာလိမ့်မယ်..."

သူ၏စကားဆုံးသည်နှင့် အစည်းအဝေးခန်းတစ်ခုလုံး တိတ်ဆိတ်သွားတော့၏။ ထန်ဝေ့သည် သူတို့၏ မျက်နှာအမူအရာများကို ကြည့်ကာ ပြောလိုက်သည်။

"အရမ်းကြီး စိတ်ပူမနေကြပါနဲ့... အစ်ကိုကြီးရီရွှမ်ရဲ့ ဗုံးသစ်ရယ်၊ လောင်ယန်ရဲ့ ဗျူဟာရယ်ဆိုရင် ဒီတာဝန်တွေအားလုံးကို ချောချောမွေ့မွေ့ ပြီးမြောက်နိုင်မှာပါ..."

သူ့စကားကို ကြားပြီးနောက် လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။ ထန်ပိုင်သည် ကျီယန်ကို ကြည့်ကာ မေးလိုက်သည်။

"အစ်ကိုကျီ... ကျွန်တော်တို့ ဒါကို ဘယ်လိုလုပ်ရမလဲဆိုတဲ့ အစီအစဉ်တွေ ရှိလား..."

ကျီယန်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

"လောလောဆယ် ကျွန်တော်တို့ရဲ့ ဦးစားပေးက အက်စ်မြို့တော်နဲ့ အနီးတဝိုက်က ဖုတ်ကောင်တွေကို ရှင်းလင်းဖို့ပဲ...”

“ဗုံးသစ်ကို ပြင်ဆင်ဖို့ အနည်းဆုံး ၂ ရက် အချိန်ယူရမှာဖြစ်လို့ ကြိုတင်ပြင်ဆင်ထားတာ ပိုကောင်းမယ်... ဒီဖုတ်ကောင်တွေကို တစ်နေရာတည်းမှာ စုထားနိုင်မယ့် နေရာကျယ်ကြီးတစ်ခု လိုအပ်တယ်..."

ထိုသို့ ပြောပြီးနောက် သူသည် မြေပုံကို ကြည့်လိုက်ပြီး အက်စ်မြို့တော် တောင်ပိုင်းခရိုင်ကို လက်ညှိုးထိုးကာ ပြောလိုက်ပြန်သည်။

"ဒီလေဆိပ်က ဖုတ်ကောင်တွေကို ထောင်ချောက်ဆင်ဖို့ သင့်တော်တဲ့ နေရာကောင်းတစ်ခုပဲ..."

သူ၏စကားကို ကြားသောအခါ ရန်ယွမ်က မေးလိုက်သည်။

"အစ်ကိုကျီ... ဖုတ်ကောင်အားလုံးကို တစ်ကြိမ်တည်းနဲ့ သတ်ပစ်ချင်တာလား..."

ကျီယန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"ဒီဖုတ်ကောင်တွေကို တစ်ကောင်ချင်းစီ သတ်ဖို့ဆိုရင် အချိန်၊ ပစ္စည်းတွေနဲ့ လူအင်အားတွေ အများကြီး ကုန်ကျလိမ့်မယ်...”

“ဒါပေမဲ့ ဗုံးအသစ်ကို သုံးပြီး တစ်ကြိမ်တည်းနဲ့ အကုန်လုံးကို သတ်နိုင်ရင်တော့ အချိန်နဲ့ ပစ္စည်းအများကြီး သက်သာသွားနိုင်တယ်..."

ထိုသို့ ပြောပြီးနောက် သူသည် သူ၏ ဝမ်းကွဲအစ်ကိုကြီးကို ကြည့်ကာ ပြောလိုက်သည်။

"အစ်ကိုကြီး... ဒီစစ်ဆင်ရေး အောင်မြင်မှုက အစ်ကိုကြီးရဲ့ ဗုံးအပေါ်မှာပဲ မူတည်နေတယ်နော်..."

ကုန်းရီရွှမ်က သမ်းဝေလိုက်ပြီး အိပ်ချင်မူးတူး မျက်လုံးများဖြင့် ပြောလိုက်သည်။

"အင်း... စိတ်မပူပါနဲ့... အဲဒီဗုံးက ဖုတ်ကောင်တွေကို အသားစင်းကောဖြစ်သွားအောင် ဖောက်ခွဲပစ်မယ်လို့ ငါကတိပေးတယ်..."

သူ၏စကားကို ကြားသောအခါ ကျီယန်က ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"ဒါဆိုရင် အက်စ်မြို့တော် လေဆိပ်ဆီကို ဒီဖုတ်ကောင်တွေ ရောက်လာအောင် မျှားခေါ်ဖို့ပဲ အာရုံစိုက်ကြရအောင်..."

"အဲဒီကို ရောက်လာအောင် မျှားခေါ်ဖို့ဆိုတာ လွယ်မှာမဟုတ်ဘူး..."

ရန်ယွမ်က ဝင်‌ပြောလိုက်သည်။

ရှို့ဝူက စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

"အများကြီးခက်ခဲနေတာတော့ မဟုတ်ပါဘူး... ငါတို့အတွက် မှန်ကန်တဲ့ သားကောင်လေးတစ်ခုပဲ လိုအပ်တာပါ..."

သူ့စကားဆုံးသည်နှင့် လူတိုင်းက သူ့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကြလေသည်။

တစ်ချိန်တည်းမှာပင် ကျီယန်နှင့် ထန်ဝေ့တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဤအချိန်တွင် သူတို့၏ စိတ်ထဲ၌ ပေါ်လာသော အမည်နာမမှာ တစ်ခုတည်းဖြစ်ကြောင်း သိလိုက်ကြတော့၏။

သန်းခေါင်ယံ အချိန်နီးပါး ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် ရှို့ဝူက ပြောလိုက်သည်။

"ဒီမှာတင် အစည်းအဝေးကို အဆုံးသတ်လိုက်ကြရအောင်... ဗုံးလုပ်တဲ့နေရာမှာ ပါဝင်ချင်တဲ့သူတွေကို မနက်ဖြန်မနက် လက်နက်ဓာတ်ခွဲခန်းမှာ စုဝေးကြဖို့ အကြောင်းကြားပေးပါ...”

“လျှို့ဝှက်ဓာတ်ခွဲခန်းကို တိုက်ခိုက်မယ့် အစီအစဉ်ကတော့ ဖုတ်ကောင်ပြဿနာကို ဖြေရှင်းပြီးတဲ့အထိ စောင့်ကြတာပေါ့... အစည်းအဝေး ပြီးပါပြီ..."

ထိုသို့ ပြောပြီးနောက် ရှို့ဝူသည် မှတ်တမ်းတင်ဓာတ်လုံးနှင့် မြေပုံကို သိမ်းဆည်းလိုက်ပြီးနောက် အစည်းအဝေးခန်းထဲမှ ထွက်ခွာသွားလေသည်။

နောက်နေ့နံနက်တွင် သာမန်လူများသည် အပန်းဖြေစခန်းဧရိယာအတွင်းသို့ ဝင်ရောက်လာသော စွမ်းအင်ရှင်များကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြသည်။

၎င်းတို့ထဲမှ အများစုမှာ တိုက်ခိုက်ရေးစွမ်းရည်များ ပိုင်ဆိုင်ထားကြောင်း တွေ့လိုက်ရသဖြင့် ဝူလင်စခန်းအတွင်း၌ ကောလာဟလများသည် ဖြည်းညင်းစွာ ပျံ့နှံ့လာတော့သည်။

ယနေ့တွင် ဝမ်နနှင့် မုန့်ကျယ်လန်တို့သည် သူတို့၏ လစာငွေများ ရယူရန်နှင့် ပံ့ပိုးမှုအမှတ်များ လဲလှယ်ရန်အတွက် တာဝန်ပေးအပ်ရေးစင်တာသို့ သွားခဲ့ကြသည်။

တန်းစီစောင့်ဆိုင်းနေစဉ်အတွင်း သူတို့၏ ပတ်ဝန်းကျင်ရှိ လူများသည် ကောလာဟလများအကြောင်းကို အလုပ်များစွာ ဆွေးနွေးနေကြသည်ကို ကြားလိုက်ရလေသည်။

သူတို့၏ အနောက်ဘက်တွင် လူငယ်စုံတွဲတစ်တွဲ ရပ်နေပေသည်။ အမျိုးသမီးငယ်က စကားပြောလိုက်ချိန်တွင် ဝမ်နသည် သူတို့ကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။

"အချစ်... ဒီနေ့ နောက်ဆုံးထွက်နေတဲ့ ကောလာဟလတွေကို ကြားပြီးပြီလား..."

လူငယ်လေးက သူမ၏ ပါးကို ညင်သာစွာ ဆွဲလိမ်လိုက်ပြီး ပြောလိုက်သည်။

"ကောလာဟလတွေ ပြောမနေနဲ့... မဟုတ်ရင် ကိုယ်တို့ အစောကြီးမဟုတ်တောင် နောက်ပိုင်းကျရင် ဒုက္ခရောက်လိမ့်မယ်..."

ချစ်သူကောင်လေး၏ ပါးဆွဲခြင်းကို ခံလိုက်ရပြီးနောက် အမျိုးသမီးငယ်က နှုတ်ခမ်းဆူလိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။

"ကျွန်မက ကောလာဟလတွေ ဖြန့်နေတာ မဟုတ်ပါဘူး... ဒီမနက်ကတည်းက စွမ်းအင်ရှင်တွေ အများကြီး အပန်းဖြေစခန်းထဲကို ဝင်သွားတာကို လူအများကြီး မြင်ခဲ့ကြတာပဲ..."

“ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ အပန်းဖြေစခန်းထဲကို ခြေချလို့မရဘူးဆိုတာ ရှင်လည်း သိသားပဲ... လူအများကြီး အထဲကို ဝင်သွားကြပြီဆိုတော့ အခု တစ်ခုခု အကြီးအကျယ် ဖြစ်နေတာ သေချာတယ်..."

ချစ်သူကောင်မလေး၏ စကားများကို နားထောင်ပြီးနောက် လူငယ်လေးက ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"တကယ်ပဲ အဖြစ်အပျက်ကြီး တစ်ခုခု ဖြစ်လာတော့မယ့်ပုံပဲ... ဒီစခန်းက ဒုတိယမြောက် စစ်အခြေစိုက်စခန်း ဖြစ်လာတော့မှာလား..."

ထိုသို့ ပြောပြီးနောက် သူသည် သူ၏ လက်ဖဝါးပေါ်ရှိ ရင်ထိုးတံဆိပ်ကို ကြည့်လိုက်သည်။ ထို့နောက် အသံကို နှိမ့်ကာ မေးလိုက်သည်။

"အချစ်... တစ်ခုခုဖြစ်ခဲ့ရင် အဆင်သင့်ဖြစ်အောင် ပစ္စည်းတွေ ပိုယူထားသင့်လား..."

အမျိုးသမီးငယ်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"အင်း... ကျွန်မတို့ အဆိုးဆုံးအတွက် ပြင်ဆင်ထားသင့်တယ်... အမြန်ဆုံး မပြင်ဆင်ထားရင် စစ်အခြေစိုက်စခန်းကနေ ထွက်လာတုန်းကလို အခြေအနေမျိုးကို ရောက်သွားမှာကို ငါစိုးရိမ်တယ်..."

သူတို့၏ စကားဝိုင်းကို နားထောင်ပြီးနောက် ဝမ်နသည် မုန့်ကျယ်လန်ကို အနီးသို့ ဆွဲခေါ်လိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။

"မုန့်မုန့်... ငါတို့ရော ပစ္စည်းတွေ ပိုပြီး စုဆောင်းထားသင့်လား..."

မုန့်ကျယ်လန်သည် သူမ၏ ပတ်ဝန်းကျင်ရှိ စိုးရိမ်တကြီး ဖြစ်နေသော လူများကို လှမ်းကြည့်လိုက်ပြီးနောက် ခေါင်းခါယမ်းကာ တိုးညင်းသောအသံဖြင့် ပြောလိုက်သည်။

"ငါက ဗိုလ်ကြီးရှို့နဲ့ တခြားသူတွေကို ယုံကြည်တယ်... ဒါကြောင့် ငါတို့ စိုးရိမ်ထိတ်လန့်ပြီး ပစ္စည်းတွေ လဲလှယ်ဖို့အတွက် ငါတို့ရဲ့ ပံ့ပိုးမှုအမှတ်တွေကို အကုန်သုံးပစ်ဖို့ မလိုဘူး..."

အစောင့်များ၏ လက်ထဲရှိ အသစ်ထုတ်လုပ်ထားသော လက်နက်များကို ကြည့်ရင်း သူမက ဆက်ပြောလိုက်သည်။

“တကယ်လို့ နောင်တစ်ချိန်မှာ ငါတို့က လက်နက်တွေ လိုအပ်လာပြီး လဲလှယ်ဖို့အတွက် ပံ့ပိုးမှုအမှတ်တွေ မလောက်တော့ရင် ဘယ်လိုလုပ်မလဲ...”

“အဲဒီအခါကျရင် ငါတို့ သေပြီပဲ...”

“ဒါ့အပြင် ပစ္စည်းတွေကို လဲလှယ်တဲ့သူတွေ အရမ်းများနေတော့ လဲလှယ်နှုန်းကလည်း တက်လာလိမ့်မယ်..."

“အခုက ငါတို့ လုံလောက်တဲ့ ပစ္စည်းတွေကိုပဲ လဲလှယ်ဖို့ လိုအပ်တယ်... လဲလှယ်နှုန်း ကျလာတဲ့အချိန်ကျမှ ပိုပြီး လဲလှယ်လို့ရတယ်..."

သူမ၏စကားကို ကြားပြီးနောက် ဝမ်နက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

"နင်က ဗိုလ်ကြီးရှို့ကို ဘာလို့ အဲဒီလောက် ယုံကြည်နေရတာလဲဆိုတာ ငါမသိတော့ပါဘူးဟာ..."

သူမ၏ အချစ်ဆုံးသူငယ်ချင်း ပြောစကားကို ကြားသောအခါ မုန့်ကျယ်လန်က ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှမပြောတော့ချေ။ ခရီးသွားကုန်သည်များကြောင့် ကောလာဟလများ ပိုမိုပျံ့နှံ့သွားသော်လည်း ဗုံးအသစ် ထုတ်လုပ်မှုကမူ စီစဉ်ထားသည့်အတိုင်း ဆက်လက် လုပ်ဆောင်နေခဲ့ပေသည်။

၂ ရက်အကြာတွင် ရှို့ဝူ၊ ကျီယန်၊ ထန်ဝေ့၊ ကျူးလင်နှင့် ကလေးများ နံနက်စာစားနေကြစဉ် တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာသည်။ ကျီယန်က သူ၏ တူများကို ချထားလိုက်ပြီး ပြောလိုက်သည်။

"ကျွန်တော် တံခါးသွားဖွင့်လိုက်မယ်..."

ထိုသို့ ပြောပြီးနောက် သူသည် တံခါးကို သွားဖွင့်လိုက်သည်။ ကျန်းရိမုကို တွေ့လိုက်ရသောအခါ သူက မေးလိုက်လေသည်။

"ဗိုလ်ကြီးကျန်း... ဒီနေ့ ဘာလို့ ဒီလောက်စောစော ရောက်လာတာလဲ... ကျွန်တော်တို့ နံနက်စာ စားနေကြတာ... အတူတူ စားမလား..."

All Chapters