← Chapters

အခန်း ၂၇၀

Vol. 27 Ch. 270

အခန်း ၂၇၀

Vol. 27 Ch. 270

အခန်း (၂၇၀) - သူတို့အားလုံး ရောက်နေကြပြီ

ဟွာကျူးကျန့်သည် လူနာကုတင်ဘေးရှိ ကုလားထိုင်ပေါ်သို့ ပြန်ထိုင်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"လွန်ခဲ့တဲ့ ၂ ရက်အတွင်း ကျုပ်စုဆောင်းရရှိခဲ့တဲ့ အချက်အလက်တွေအရ ဒီအဆင့်မြင့် ဖုတ်ကောင်တချို့က လူတွေလို စကားပြောနိုင်ကြတယ်...”

“သူတို့က လူတွေနဲ့ဆင်တူပြီး လူတွေ ဒါမှမဟုတ် သန္ဓေပြောင်းသူတွေကို မစားကြဘူး..."

“မင်းရဲ့ အစ်ကိုဝမ်းကွဲက ဒီစခန်းမှာ အင်အားအကြီးဆုံး ဖုတ်ကောင်မှန်း ကျုပ်သာ မသိခဲ့ရင် မင်းရဲ့ အဘိုးက သူ့ကို ဖုတ်ကောင်အဖြစ် မပြောင်းလဲပစ်ခင် သူက လျှို့ဝှက်ဓာတ်ခွဲခန်းထဲကနေ လွတ်မြောက်သွားနိုင်ခဲ့တယ်လို့ ကျုပ်ထင်မိမှာပဲ..."

သူ၏စကားကို ကြားပြီးနောက် လေ့ချီချန်သည် မျက်မှောင်ကြုတ်သွားကာ အတွေးထဲသို့ နစ်ဝင်သွားလေသည်။ သူ စဉ်းစားနေစဉ် အခြားသူများအားလုံးသည် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြသည်။

အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွားပြီးနောက် လေ့ချီချန်သည် သူ၏လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်ပြီး ပြောလိုက်သည်။

"ကျူးကျန့်... ဒီစခန်းထဲမှာ နေထိုင်နေကြတဲ့ အဆင့်မြင့် ဖုတ်ကောင်တွေ အားလုံးက လျှို့ဝှက်ဓာတ်ခွဲခန်းကနေ ထွက်ပြေးလာကြတာ ဟုတ်မဟုတ် ငါ့ကို ကူညီပြီး စုံစမ်းပေးပါ..."

ဟွာကျူးကျန့်သည် သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

"ဒီကိစ္စကို ကျုပ်ကိုသာ လွှဲထားလိုက်ပါ ဗိုလ်ကြီး... အခုချက်ချင်းပဲ ကျုပ် သွားလိုက်ပါ့မယ်..."

ဟွာကျူးကျန့် လူနာဆောင်ထဲမှ ထွက်သွားပြီးနောက် ပိုင်ကျိယွီသည် လေ့ချီချန်ကို ကြည့်ကာ မေးလိုက်သည်။

"မင်းရဲ့ နောက်ထပ် အစီအစဉ်တွေက ဘာတွေလဲ..."

သူ မေးလိုက်သောအခါ လေ့ချီချန်သည် ပြတင်းပေါက်ငယ်မှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"အဲဒီတုန်းက ငါ့ရဲ့ အစ်ကိုကြီးဆီမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ငါ ရှာဖွေဖော်ထုတ်မယ်..."

ထိုသို့ပြောပြီးနောက် သူသည် တင်းကျပ်စွာ ဆုပ်ထားသော လက်သီးများကို ဖြေလျှော့လိုက်ပြီး ပြောလိုက်သည်။

"ဒါပေမဲ့ အဲဒီမတိုင်ခင် သူ့ကို အရင်ဆုံး တွေ့ရမယ်..."

သူ၏ တည်ငြိမ်နေသော မျက်နှာအမူအရာကို ကြည့်ကာ ပိုင်ကျိယွီ တွေးလိုက်သည်။

'အနာဂတ်မှာ သူ့အစ်ကိုဝမ်းကွဲကို တွေ့တဲ့အခါ သူ အရမ်းကြီး ဝမ်းနည်းမနေဖို့ မျှော်လင့်ပါတယ်လေ...'

တစ်ချိန်တည်းမှာပင် လေ့ဟောက်ကျန့်သည် ဝူလင်စခန်းမှ ထွက်ခွာလာခဲ့လေသည်။

ဝူလင်စခန်းအနီးတွင် ဖုတ်ကောင်များ မရှိသည်ကို မြင်သောအခါ သူသည် ဝူလင်စခန်း လုံခြုံရေးဇုန်၏ အပြင်ဘက်မှ စတင်ရန် ဆုံးဖြတ်လိုက်သည်။

ဆုံးဖြတ်ချက်ချပြီးနောက် လေ့ဟောက်ကျန့်သည် ဖုတ်ကောင်များကို ရှာဖွေရန် သူ၏ စိတ်စွမ်းအင်များကို အသုံးပြုလိုက်သည်။

သူ၏ လက်ရှိခွန်အားဖြင့် သူသည် ဖုတ်ကောင်သန်းပေါင်းများစွာကို အလွယ်တကူ ထိန်းချုပ်နိုင်စွမ်းရှိပေသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ တွေးလိုက်သည်။

'အက်စ်မြို့တော်က လေဆိပ်ကို သွားရမယ်...'

သူ၏ အတွေးပေါ်လာသည်နှင့် တစ်ပြိုင်နက် အက်စ်မြို့တော်တစ်ဝိုက်ရှိ လေလွင့်နေသော ဖုတ်ကောင်များအားလုံးသည် ခေတ္တမျှ မှင်တက်သွားကြပြီးနောက် အက်စ်မြို့တော်၏ ဦးတည်ရာဘက်သို့ တောင့်တင်းစွာဖြင့် တစ်ချိန်တည်း လျှောက်လှမ်းသွားကြလေသည်။

သူ၏ ထိန်းချုပ်မှုမှ ရုန်းထွက်ရန် ကြိုးစားနေသော အဆင့်မြင့် ဖုတ်ကောင်များ ရှိနေသည်ကို သတိပြုမိသွားသောအခါ လေ့ဟောက်ကျန့်သည် ဖုတ်ကောင်များအပေါ် ထိန်းချုပ်ထားသော သူ၏ စိတ်စွမ်းအင်အရှိန်ကို တိုးမြှင့်လိုက်သည်။

၂ မိနစ်ခန့် ကြာပြီးနောက် သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားလေသည်။ သူသည် ဘယ်ဘက်လက်ကောက်ဝတ်ရှိ နာရီကို တစ်ချက်ကြည့်လိုက်ပြီးနောက် အက်စ်မြို့တော်ဆီသို့ ပြေးသွားတော့သည်။

၂ နာရီကြာပြီးနောက် သူသည် လေဆိပ်ရှိ လေကြောင်းထိန်းချုပ်ရေး မျှော်စင်ပေါ်တွင် မတ်တပ်ရပ်နေလေသည်။

လေ့ဟောက်ကျန့်သည် လေယာဉ်ပြေးလမ်းဧရိယာ၌ စုရုံးနေကြသော ဖုတ်ကောင်များကို ကြည့်နေစဉ် ရှို့ဝူနှင့် အခြားသူများ၏ တည်နေရာကို စစ်ဆေးရန် စိတ်စွမ်းအင်ကို အသုံးပြုလိုက်သည်။

သူတို့သည် လေဆိပ်အဝင်ဝအနီးတွင် ရပ်နားထားသည်ကို မြင်သောအခါ လေ့ဟောက်ကျန့်သည် လေကြောင်းထိန်းချုပ်ရေး မျှော်စင်ပေါ်မှ ခုန်ဆင်းကာ သူတို့ကို သွားရှာလေသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် သူတို့ကို မြင်လိုက်ရသောအခါ ပြေးလွှားနေသော ခြေလှမ်းများကို အရှိန်လျှော့လိုက်သည်။

သူ လာနေသည်ကို မြင်သောအခါ ရှို့ဝူက မေးလိုက်သည်။

"သခင်လေးလေ့... ဖုတ်ကောင်တွေ အားလုံး လေဆိပ်ထဲကို စုရုံးရောက်ရှိနေကြပြီလား..."

လေ့ဟောက်ကျန့်သည် ဖုတ်ကောင်များကို စက္ကန့်အနည်းငယ်မျှ စစ်ဆေးရန် သူ၏ စိတ်စွမ်းအင်ကို အသုံးပြုလိုက်ပြီး ပြန်ဖြေလိုက်သည်။

"လမ်းမှာ လာနေတုန်း ဖုတ်ကောင်တချို့ ရှိနေသေးတယ်... ဗိုလ်ကြီးရှို့... ခင်ဗျား သူတို့ကို စောင့်ချင်လား... ဒါမှမဟုတ် အခုပဲ စတင်လှုပ်ရှားကြမလား..."

ရှို့ဝူသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မေးလိုက်သည်။

"ဖုတ်ကောင် ဘယ်လောက်လောက်က လမ်းမှာ ရှိနေသေးတာလဲ..."

"ဒီကို လာနေတဲ့ လမ်းမှာ ဖုတ်ကောင် ၃၀၀၀၀ လောက် ရှိသေးတယ်... သူတို့ထဲက တချို့က အဆင့်မြင့် ဖုတ်ကောင်တွေ ဖြစ်ပြီး တချို့ကတော့ အက်စ်မြို့တော်နဲ့ အဝေးကြီးမှာ ရှိတဲ့ ဖုတ်ကောင်တွေပဲ..."

လေ့ဟောက်ကျန့်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

သူ၏အဖြေကို ကြားသောအခါ အခြားသူများအားလုံး ထိတ်လန့်သွားကြလေသည်။ ရှို့ဝူနှင့် ကျူးလင်တို့မှာမူ တည်ငြိမ်နေဆဲဖြစ်ကြောင်း မြင်သောအခါ လေ့ဟောက်ကျန့်သည် ပြုံးလိုက်ပြီး ပြောလိုက်သည်။

"သူတို့အားလုံး လေယာဉ်ပြေးလမ်းဧရိယာကို ရောက်ဖို့ နောက်ထပ် ၃၀ ကနေ ၄၀ မိနစ်အထိ အချိန်ယူရလိမ့်မယ်..."

လေ့ဟောက်ကျန့်၏ စကားကို ကြားပြီးနောက် ရှို့ဝူသည် သူ၏နာရီကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"အရင်ဆုံး နေ့လယ်စာ စားကြရအောင်..."

သူ ပြောလိုက်သည်ကို ကြားသောအခါ စစ်သားများနှင့် သဘာဝလွန် စွမ်းအင်ရှင်များသည် ဆွံ့အသွားကြလေသည်။

သူတို့သည် အဆုံးအစမရှိ ဝင်ရောက်လာနေသော ဖုတ်ကောင်အုပ်ကြီးကို ကြည့်လိုက်၊ ရှို့ဝူကို ခေတ္တမျှ ကြည့်လိုက်လုပ်ပြီးနောက် ထိုင်ရန် နေရာတစ်ခုရှာကာ တိတ်ဆိတ်စွာပင် နေ့လယ်စာ စားလိုက်ကြတော့သည်။

အခြားသူများအားလုံး စတင်စားသောက်နေကြပြီကို မြင်သောအခါ ရှို့ဝူသည် ကျူးလင်ကို ကြည့်ကာ နူးညံ့စွာ မေးလိုက်သည်။

"လင်အာ... နေ့လယ်စာ ဘာစားချင်လဲ..."

"ရှင်ပဲ ဆုံးဖြတ်လိုက်ပါ... ရှင် ချက်တဲ့ဟင်းတိုင်းကို အရမ်းကြိုက်တယ်..."

ရှို့ဝူ၏ သိုလှောင်အိတ်ထဲမှ ထုတ်ယူပေးထားသော ပလတ်စတစ်ကုလားထိုင်ပေါ်တွင် ထိုင်နေစဉ် ကျူးလင်က ပြန်ဖြေလိုက်သည်။

ရိုးရှင်းသော ပြင်ပမီးဖိုချောင်ကို ပြင်ဆင်ပြီးနောက် ရှို့ဝူသည် ကွတ်ကီးတစ်ပန်းကန်ကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။

"စောင့်နေတုန်း ဒါလေး စားထားလိုက်နော်..."

ကျူးလင်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လေ့ဟောက်ကျန့်သည် ရှို့ဝူ ချက်ပြုတ်နေသည်ကို စိတ်ဝင်တစား ကြည့်ရှုနေပြီး ပြောလိုက်သည်။

"ဗိုလ်ကြီးရှို့က တကယ်ကို ကိစ္စတော်တော်များများမှာ ထူးချွန်တာပဲ..."

သူက ရှို့ဝူအား ချီးကျူးနေသည်ကို ကြားသောအခါ ကျူးလင်သည် ရှို့ဝူကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ဟုတ်တယ်... သူက အရမ်းကို ထူးချွန်တဲ့ ယောက်ျားတစ်ယောက်ပဲ..."

ကျူးလင်နှင့် လေ့ဟောက်ကျန့်တို့က ရှို့ဝူ၏ ချက်ပြုတ်မှုစွမ်းရည်အပေါ် မှတ်ချက်ပေးနေကြစဉ် ဝမ်ရှန့်ယဲ့သည် စုပ်သပ်လိုက်ပြီး ပြောလိုက်သည်။

"အစ်ကိုကျီ... ခင်ဗျားတို့ ဗိုလ်ကြီးက တကယ် အံ့ဩဖို့ကောင်းတာပဲ... သူက ဖုတ်ကောင်တွေ ဝိုင်းရံခံနေရတဲ့ အချိန်မှာတောင် တည်တည်ငြိမ်ငြိမ်နဲ့ ချက်ပြုတ်နိုင်သေးတယ်... သူက အရမ်းကို ခိုင်မာတဲ့ စိတ်ဓာတ် ရှိတာပဲ..."

သူ၏ဘေးတွင် ထိုင်နေသော ကျီယန်သည် ရှို့ဝူကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ဒါက သူ ချက်ပြုတ်ရတာကို အကြိုက်ဆုံး ဖြစ်နေလို့ပဲ..."

ထိုစကားကို ကြားသောအခါ ဝမ်ရှန့်ယဲ့သည် ကျီယန်၏ စကားများကို မယုံကြည်ဘဲ သူ၏ မျက်ခုံးများကို အနည်းငယ် ပင့်လိုက်လေသည်။ သူသည် ကျူးလင်ကို စဉ်းစားဟန်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး အပြုံးတစ်ခုဖြင့် တွေးလိုက်သည်။

'သူ တကယ်မြတ်နိုးတာက ချက်ပြုတ်တာ မဟုတ်ဘဲ သူ့ကောင်မလေးကို ဖြစ်မယ်လို့ ငါထင်တယ်...'

နေ့လယ်စာ စားသောက်ပြီးနောက် ရှို့ဝူသည် အရာအားလုံးကို သူ၏ သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်လေသည်။

လေဆိပ်ထဲတွင် ပုပ်ဟောင်နေသော အသားစများနှင့် စုတ်ပြတ်နေသော အဝတ်အစားများ ဝတ်ဆင်ထားသည့် ဖုတ်ကောင်များ ပြည့်ကျပ်နေသည်ကို မြင်သောအခါ သူက မေးလိုက်သည်။

"သခင်လေးလေ့... ဖုတ်ကောင်တွေ အားလုံး ဒီကို ရောက်နေပြီလား..."

"ဟုတ်တယ်... သူတို့အားလုံး ရောက်နေကြပြီ..."

လေ့ဟောက်ကျန့်သည် ဖုတ်ကောင်များ၏ တည်နေရာကို စစ်ဆေးပြီးနောက် ပြန်ဖြေလိုက်သည်။

အဖြေရပြီးနောက် ရှို့ဝူသည် သဘာဝလွန် စွမ်းအင်ရှင်များနှင့် စစ်သားများကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ဖုတ်ကောင်တွေ ရောက်နေပြီ... စတင်ကြရအောင်..."

သူ ထိုသို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်းသည် ၆ ယောက်ပါဝင်သော အဖွဲ့များအဖြစ် အလျင်အမြန် ခွဲလိုက်ကြလေသည်။ ရှို့ဝူသည် သူ၏ အဖွဲ့ဝင်များကို ကြည့်ကာ ပြောလိုက်သည်။

"ငါတို့ရဲ့ တာဝန်က ဆင်းသက်တဲ့ လေယာဉ်ပြေးလမ်းပေါ်မှာ စုရုံးနေကြတဲ့ ဖုတ်ကောင်တွေကို ဖယ်ရှားပစ်ဖို့ပဲ... ကိုယ့်ကိုယ်ကိုယ် မထိခိုက်မိအောင် သတိထားကြ..."

All Chapters