← Chapters

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း (၂၃၁) မြို့တော်သို့ ပြန်ရောက်ခြင်း

ရှအန်း ရှိနေသောကြောင့်သာ လင်ဝမ်ယိ၏ ကိုယ်ဝန်ကိစ္စကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သည်။

အမှန်တကယ်ဆိုလျှင် လင်ဝမ်ယိ၏ အအေးမိရောဂါမှာ ကောင်းမွန်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ထို့အပြင် တော်ဝင်သမားတော်သို့ ကလည်း သုံးရက်တစ်ခါ ကျန်းမာရေး လာရောက် စစ်ဆေးပေးနေသေးသည်။

အကယ်၍ သူမ ယခု ကိုယ်ဝန်ဆောင်ချင်လျှင်လည်း ခက်ခဲသော ကိစ္စ မဟုတ်တော့ပေ။

သို့သော် လင်ဝမ်ယိက ဆန္ဒမရှိသေးချေ။

ဒုတိယမင်းသားမှာ ကျောင်းမတက်ရသေးသလို ဒုတိယမင်းသမီးလေးမှာလည်း အသက်ငါးလသာ ရှိသေးသည်။

သူမ၏ မိသားစု အခြေအနေများမှာ တိုးတက်လာပြီ ဖြစ်သော်လည်း နန်းတော်တွင်းရှိ မုန်တိုင်းများကို ရင်ဆိုင်နိုင်ရန် အဆင်သင့်မ‌ဖြစ်သေးချေ။

သူမ၏ ကလေးကို အပြိုင်အဆိုင်များသော ပတ်ဝန်းကျင်တစ်ခုတွင် မမွေးဖွားလာစေချင်ပေ။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်သည်က အကောင်းဆုံး ဖြစ်သည်။

အရှင်မင်းကြီး၏ စိတ်ထဲတွင်လည်း ဤကိစ္စနှင့် ပတ်သက်၍ မျှော်လင့်ချက် ကြီးကြီးမားမား မရှိလှချေ။

လင်ဝမ်ယိ ပြန်မဖြေသည်ကို မြင်သောအခါ ဆက်မပြောတော့ပေ။

မည်သို့ပင် ဖြစ်စေကာမူ ယခုအချိန်တွင် သူမ၏ အနား၌ ကလေးများ ရှိနေပြီ ဖြစ်ရာ နောက်ထပ် ကလေး မလိုအပ်ပေ။

သို့သော် သူမသည် နွေရာသီအပန်းဖြေနန်းတော်တွင် ဖျားနာသည်ဟု အကြောင်းပြကာ ပုန်းအောင်းနေသည်မှာ အတော်ကြာနေပြီ ဖြစ်သည်။

နန်းတော်သို့ ပြန်ရန် အချိန်ကျနေပြီဖြစ်၏။

ထို့ကြောင့် သူက ခဏစဉ်းစားပြီးနောက် ပြောလိုက်လေ၏။

"မင်းရဲ့ မွေးနေ့ပြီးရင် နန်းတော်ကို ပြန်ကြမယ်… ခရီးဆောင်အိတ်တွေကို အခုကတည်းက ပြင်ဆင်ထားလိုက်ပါ"

"ဟုတ်ကဲ့… ကျွန်တော်မျိုးမ သိပါပြီ… ပစ္စည်းတွေက သိပ်မများပါဘူး… ပြင်ဆင်မယ်ဆိုရင် တစ်ရက်နှစ်ရက်လောက်နဲ့ ပြီးနိုင်ပါတယ်"

"ဒါဆို ကောင်းတာပေါ့… ဒီတစ်ခေါက် နန်းတော်ပြန်ရောက်ရင် မင်း ရီဟွားနန်းဆောင် မှာပဲ အေးအေးဆေးဆေး နားနေလိုက်ပါ… ကိုယ်တော် မုချန်ကျိုက် ကို အဆောင်ပြောင်းခိုင်းလိုက်မယ်… ဘာပဲဖြစ်ဖြစ် သူကလည်း ယင်းဖေး ဆီမှာ ခစားချင်နေတာဆိုတော့… သူရဲ့ ဆန္ဒအတိုင်း ဖြစ်ပါစေပေါ့"

လင်ဝမ်ယိက ဤကိစ္စနှင့် ပတ်သက်၍ ဝင်ရောက် ပြောဆိုရန် မသင့်တော်ပေ။

သူမနှင့် မုလန်ချွမ်း တို့မှာလည်း အရမ်းကြီး ရင်းနှီးသော ဆက်ဆံရေးမျိုး မရှိပေ။ ထို့ကြောင့် သူမ ပြောင်းသွားသည်ဖြစ်စေ မပြောင်းသွားသည်ဖြစ်စေ လင်ဝမ်ယိအတွက် ပြဿနာ မရှိချေ။

ရွေ့ယန်စံအိမ် ထဲတွင် ကလေးနှစ်ယောက်နှင့် အစေခံအချို့တို့ဖြင့် နေသားကျနေပြီ ဖြစ်သည်။

အကယ်၍ ရီဟွားနန်းဆောင် သို့ ပြန်ရောက်ပြီး မုချန်ကျိုက် နှင့် အတူနေထိုင်ရမည်ဆိုလျှင် အနည်းငယ် နေသားကျရန် အချိန်ယူရပေလိမ့်မည်။

ယခုကဲ့သို့ အခြေအနေကသာ ကောင်းမွန်လှသည်။

"ဟုတ်ကဲ့… အရာအားလုံး အရှင်မင်းကြီး ရဲ့ အစီအစဉ်အတိုင်းပါပဲ"

နေ့ရက်များက လွတ်လပ်ပေါ့ပါးစွာ ကုန်ဆုံးသွားခဲ့ပြီး ဆယ့်နှစ်လပိုင်း နှစ်ဆယ့်နှစ်ရက်နေ့သို့ ရောက်ရှိလာခဲ့လေသည်။

ဤနေ့မှာ လင်ဝမ်ယိ၏ ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ ဖြစ်သည်။

မနက်စောစောအချိန်တွင် အပြင်ဘက်မှ ဆူညံသံများကို ကြားနေရပြီး လင်ဝမ်ယိမှာ အရှင်မင်းကြီး၏ ရင်ခွင်ထဲတွင် မှီလျက်ရှိနေသည်။

သက်တောင့်သက်သာ ရှိသည့် ကိုယ်နေကိုယ်ထား ပြောင်းလိုက်ပြီး ပြန်လည် အိပ်စက်သွားလေ၏။

သူမ၏ ဤလှုပ်ရှားမှုများကို ကြည့်ပြီး အရှင်မင်းကြီးက မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။

သို့သော် အပြင်ဘက်မှ ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာလေ၏။

သုန်ယွီကျုံး ၏ အသံ ဖြစ်သည်။

သူတို့သည် အချိန်အတော်ကြာအောင် ခရီးနှင်ပြီးနောက် ကျင်းရွှေမြစ် ကို ဖြတ်ကူးလာနိုင်ခဲ့ကြလေပြီ။

အရှင်မင်းကြီး၏ မြင်းလှည်းတန်းကြီး ဟာလည်း နွေရာသီအပန်းဖြေနန်းတော် သို့ တပြိုင်နက် ရောက်ရှိလာခဲ့လေသည်။

ဤရက်ပိုင်းအတွင်း သာမန် လင်မယားများကဲ့သို့ ဖြတ်သန်းခဲ့ရသဖြင့် သူက ဧကရာဇ် တစ်ပါး ဖြစ်နေသေးကြောင်းနှင့် ဖြေရှင်းရန် စောင့်ကြိုနေသော ပြဿနာများ အများအပြား ရှိနေသေးကြောင်းကိုပင် မေ့လုမတတ် ဖြစ်သွားခဲ့ရသည်။

လင်ဝမ်ယိမှာ မျက်လုံးများ မပွင့်တပွင့် ဖြစ်နေသော်လည်း သူမ၏ နားများကတော့ မပင်းချေ။

သုန်ယွီကျုံး ၏ ဂါရဝပြုသံကို ကြားလိုက်ရချိန်တွင် ချက်ချင်းပင် လန့်နိုးသွားတော့၏။

အရှင်မင်းကြီးကို လှမ်းကြည့်လိုက်ရာ မျက်ဝန်းထဲတွင် အံ့ဩမှုများ ပြည့်နှက်နေလေသည်။

"အချိန်သင့်ပြီ… ထတော့လေ… ဒီနေ့ မင်း မွေးနေ့ကို နွေရာသီအပန်းဖြေနန်းတော် မှာ အတူတူ ဖြတ်သန်းပြီး မနက်ဖြန် နန်းတော်ကို ပြန်ကြမယ်"

"ဟုတ်ကဲ့… ကျွန်တော််မျိုးမ သိပါပြီ"

အထဲမှ လှုပ်ရှားသံများကို ကြားလိုက်ရသဖြင့် သုန်ယွီကျုံး က ချက်ချင်း အသံကို ကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။

"အရှင်မင်းကြီး… ဒီအစေခံ ဝင်လာပြီး ပြုစုပေးရမလား"

အရှင်မင်းကြီးက လင်ဝမ်ယိကို အရင် အဝတ်အစား ဝတ်ဆင်ပေးလိုက်ပြီးမှ အပြင်ဘက်သို့ "အင်း" ဟု ပြန်ထူးလိုက်သည်။

ရက်အတော်ကြာ မတွေ့ရသော သုန်ယွီကျုံး မှာ ခြေလှမ်းသွက်သွက်ဖြင့် ချက်ချင်း အခန်းထဲသို့ ဝင်လာခဲ့လေ၏။

အအေးဒဏ် အနည်းငယ် ပါလာသော်လည်း အခန်းတွင်း၏ နွေးထွေးမှုထဲတွင် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

ဤသည်မှာ သူ အရှင်မင်းကြီး၏ ဘေးမှ အချိန်အကြာဆုံး ခွဲခွာခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။

အနည်းငယ် စိတ်လှုပ်ရှားနေသော လေသံဖြင့် ပြောလိုက်လေ၏။

"ဒီအစေခံ သုန်ယွီကျုံး အရှင်မင်းကြီး ကို ဂါရဝပြုပါတယ်… သခင်မလေးလင် ကို ဂါရဝပြုပါတယ်"

"သုန်ကုန်းကုန်း မတွေ့ရတာ ကြာပြီနော်…"

လင်ဝမ်ယိက သူ့ကို တွေ့သည့်အခါတိုင်း ယဉ်ကျေးပျူငှာလေ့ ရှိရာ သုန်ယွီကျုံး ကလည်း အမြဲတမ်း ယဉ်ကျေးပျူငှာစွာ တုံ့ပြန်လေသည်။

ပြုံးရွှင်စွာဖြင့် ပြောလိုက်လေ၏။

"ဟုတ်ပါတယ်… အရှင်မင်းကြီး နဲ့အတူ ထွက်လာတုန်းက ခြံထဲမှာ မေပယ်ရွက်နီတွေ အပြည့်ရှိနေသေးတာ… အခုတော့ တစ်ပြင်လုံး နှင်းတွေနဲ့ ဖုံးနေပြီ"

လင်ဝမ်ယိက ပြုံးလိုက်ပြီးနောက် သုန်ယွီကျုံး နှင့်အတူ အရှင်မင်းကြီး မျက်နှာသစ်ရန် ပြုစုပေးလေသည်။

လင်ကွေ့ရန်သည် လူအများရှေ့တွင်တော့ စည်းကမ်းတကျ နေတတ်၏။

သို့သော် သူတို့နှစ်ဦးတည်းသာ ရှိချိန်တွင်တော့ သူမ၏ ဂျီကျတတ်သော အကျင့်လေးက ပိုပိုပြီး ဆိုးလာကြောင်းကို အရှင်မင်းကြီး တစ်ယောက်တည်းကသာ သိပေသည်။

သို့သော် ကိုယ်တိုင် အလိုလိုက်ထားမိခြင်း ဖြစ်ရာ ကိုယ့်ဘာသာပဲ ခံရတော့မည် မဟုတ်လား။

သုန်ယွီကျုံး ရောက်လာခြင်းက ရွေ့ယန်စံအိမ် တစ်ခုလုံးရှိ အစေခံများ အားလုံးကို သက်ပြင်းချနိုင်သွားစေသည်။

အထူးသဖြင့် ချိုးမင် ပင် ဖြစ်သည်။

အရှင်မင်းကြီး စောစော ပြန်ရောက်လာသည့် ကိစ္စကို လူတွေ သိသွားမည်ကို အလွန် ကြောက်ရွံ့နေသဖြင့် သူက နေရာတိုင်းကို အသေအချာ စောင့်ကြည့်နေရလေသည်။

လင်ဝမ်ယိ ပြဿနာတက်မည်က အသေးအမွှားပင်။

အကယ်၍ အနည်းငယ် သတိလက်လွတ် ဖြစ်သွားပြီး အရှင်မင်းကြီးသာ နွေရာသီအပန်းဖြေနန်းတော် တွင် ပြဿနာ တစ်ခုခု ဖြစ်သွားပါက ရွေ့ယန်စံအိမ် တစ်ခုလုံးရှိ လူများ အားလုံး သေဒဏ်ပေးခံရလျှင်တောင် လုံလောက်မည် မဟုတ်ပေ။

ယခု သုန်ယွီကျုံး ရောက်လာပြီ ဖြစ်ရာ အရှင်မင်းကြီးလည်း ရောက်လာပြီဟု အပြင်သို့ ကြေညာလိုက်ခြင်းပင် ဖြစ်သည်။

ပြန်လာသည့်လမ်းတွင်လည်း နန်းတော်သို့ တိုက်ရိုက်သွား၍ ရနိုင်သည်။ နွေရာသီအပန်းဖြေနန်းတော် သို့ လာစရာ မလိုပေ။

သို့သော် ဤနေရာတွင် ဒုတိယမင်းသားနှင့် ဒုတိယမင်းသမီးတို့ ရှိနေသဖြင့် သုန်ယွီကျုံး က တမင်သက်သက် သတင်းဖြန့်ထားခြင်းဖြစ်သည်။

အရှင်မင်းကြီးက မင်းသားနှင့် မင်းသမီးကို နန်းတော်သို့ ပြန်ခေါ်ရန် လာခဲ့ခြင်း ဖြစ်ပြီး လင်ကွေ့ရန် မှာ အလိုက်သင့် ခေါ်သွားခြင်းသာ ဖြစ်သည်ဟူ၍။

ထိုသို့ဖြင့် လင်ဝမ်ယိအပေါ် အမုန်းတရားများကို သိသိသာသာ လျော့ကျသွားစေခဲ့သည်။

သုန်ယွီကျုံး ပြန်ရောက်လာပြီ ဖြစ်ရာ စတုတ္ထမင်းသား လည်း ရောက်လာခဲ့လေသည်။

သူက အပြင်လူ တစ်ယောက် ဖြစ်သော်လည်း အရှင်မင်းကြီး၏ ဦးရီးတော်အရင်း ဖြစ်သည်။

ထို့ကြောင့် နွေရာသီအပန်းဖြေနန်းတော် တွင် နေထိုင်ရသည်မှာ မည်သည့် တားမြစ်ချက်မျှ မရှိပေ။ သို့သော် ရွေ့ယန်စံအိမ် နှင့် အနည်းငယ် ဝေးနေရုံသာ ရှိသည်။

"အပြန်လမ်းမှာတုန်းက ဘာအန္တရာယ်မှ မကြုံခဲ့ရဘူးမလား"

"စတုတ္ထမင်းသား စိတ်ချပါ… မကြုံခဲ့ပါဘူး"

"တော်သေးတာပေါ့"

သူ အစိုးရိမ်ဆုံးမှာ ကျန်းမင်းသား က လမ်းခရီးတွင် တစ်ခုခု နှောင့်ယှက်မည်ကိုပင် ဖြစ်သည်။

အကြောင်းမှာ အလာက အတူတကွ အဆင်ပြေချောမွေ့စွာ လာခဲ့ပြီးမှ အပြန်တွင် အကြောင်းပြချက်မရှိ ထိုက်ဆန်းတောင် တွင် ချန်ထားခံရခြင်း ဖြစ်ရာ။

သူ မကျေမနပ် ဖြစ်နေမည်မှာ သေချာလှပေသည်။

"အရှင်မင်းကြီး ကို နန်းတော်ထဲ အန္တရာယ်ကင်းကင်း ပို့ပြီးသွားရင် ဒီတာဝန်တွေ အားလုံး ပြီးဆုံးသွားပြီ… မင်းတို့က အခု မြို့တော်ကင်းစောင့်တပ် ထဲကို ဝင်ပြီဆိုတော့… အရှင်မင်းကြီး အနားမှာ ဆက်နေမလား… ဒါမှမဟုတ် ကိုယ်တော် နဲ့အတူ တော်ဝင်ချပ်ဝတ်စစ်တပ် ကို လိုက်ခဲ့မလား… ကိုယ့်ဘာသာ ရွေးချယ်ကြ"

စတုတ္ထမင်းသားက အရည်အချင်းရှိသူများကို မြတ်နိုးသူ ဖြစ်သော်လည်း သူ၏ လက်အောက်ငယ်သားများကို ဘယ်သောအခါမျှ ချုပ်နှောင်ထားလေ့ မရှိပေ။

အရှင်မင်းကြီး၏ အပါးတော်တွင် မြို့တော်ကင်းစောင့်တပ် အဖြစ် တာဝန်ထမ်းဆောင်ခြင်းက စစ်တိုက်ခြင်းမှလွဲ၍ စစ်ဘက်ဆိုင်ရာ အရာရှိများအတွက် အမြန်ဆုံး ရာထူးတိုးနိုင်သည့် အခွင့်အရေး ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ဤကဲ့သို့ ရခဲလှသော အခွင့်အရေးကို သူက လမ်းပိတ်မည် မဟုတ်ပေ။

လင်ရှင်းကျစ် နှင့် ကျန်းဟွမ့်ချင်း တို့က အချင်းချင်း တစ်ချက် ကြည့်လိုက်ကြသည်။

အရှင်မင်းကြီး၏ ဘေးတွင် ဤကဲ့သို့ အစောင့်အဖြစ် နေရခြင်းထက် သူတို့နှစ်ဦးလုံးက စတုတ္ထမင်းသား နှင့်အတူ လိုက်ပါရခြင်းကို ပို၍ သဘောကျကြသည်။

စစ်တပ်ထဲရှိ ဘဝက ခြောက်သွေ့ပြီး ငြီးငွေ့စရာကောင်းသလို လေ့ကျင့်မှုများလည်း အလွန်များပြားလှသည်။

သို့သော် ထိုသို့သော နေ့ရက်များကသာ ပြည့်စုံမှု ရှိပေသည်။

ထို့ကြောင့် ချက်ချင်းပင် ဖြေကြားလိုက်ကြ၏။

"ဒီအစေခံတို့ စတုတ္ထမင်းသား နဲ့အတူ တော်ဝင်ချပ်ဝတ်စစ်တပ် ကို လိုက်ခဲ့ပါ့မယ်"

အခြား အတူတကွ လိုက်ပါလာသူ ဆယ်ဦးခန့်ကလည်း ဤအတိုင်းပင် တုံ့ပြန်ကြသည်။

သူတို့၏ ဤပြုမူပုံများကို ကြည့်ရင်း စတုတ္ထမင်းသား က ကျယ်လောင်စွာ ရယ်မောလိုက်လေတော့သည်။

"အားလုံးက တကယ့်ကို သတ္တိရှိတဲ့ လူငယ်တွေပဲ… ကောင်းပြီလေ… ခဏနေရင် ကိုယ်တော် အရှင်မင်းကြီး ကို သွားပြောလိုက်မယ်… အရှင်မင်းကြီး နန်းတော်ကို ပြန်ရောက်ပြီး နေရာချပြီးတာနဲ့… တို့တွေ ချက်ချင်း ပြန်ကြမယ်"

"ဟုတ်ကဲ့"

အသံများက ညီညာစွာ ထွက်ပေါ်လာပြီး စစ်သူရဲကောင်းများ၏ အငွေ့အသက်များ ပြည့်နှက်နေလေသည်။

ယခုအချိန်တွင် သူတို့ မသိသေးသည်က နောက်နေ့တွင် မည်သို့သော လှိုင်းလုံးကြီးများကို ရင်ဆိုင်ရမည် ဆိုသည်ကိုပင် ဖြစ်သည်။

အကြည့်များက ခိုင်မာပြတ်သားနေပြီး ရန်သူကို ချေမှုန်းနိုင်စွမ်း ရှိနေလေ၏။

လင်ဝမ်ယိ၏ မွေးနေ့စားပွဲကို နေ့လယ်ပိုင်းတွင် ကျင်းပရန် သတ်မှတ်ထားသည်။

ထို့အတွက်ကြောင့် ချွမ်ချီ မှာ အလွန် အလုပ်များနေပြီး ဟင်းလျာများအတွက် သူမ၏ စွမ်းရည် အားလုံးကို အသုံးချနေရတော့၏။

စားပွဲအပြည့် တင်ထားသော ဟင်းလျာများကို ကြည့်ရင်း လင်ဝမ်ယိ မှာ ရယ်ရခက် ငိုရခက် ဖြစ်နေတော့သည်။

"အရှင်မင်းကြီး… ကျွန်တော်တို့ သုံးယောက်တည်းလေ… ဘယ်လိုစားစား ဒါတွေအကုန် ကုန်အောင် စားနိုင်မှာ မဟုတ်ဘူး"

"သုံးယောက်တည်း ရှိတယ်လို့ ဘယ်သူပြောလဲ"

လင်ဝမ်ယိ၏ မျက်ဝန်းများထဲတွင် သိချင်စိတ်များ ပြည့်နှက်သွားသည်။ အရှင်မင်းကြီး၊ သူမ နှင့် ဒုတိယမင်းသား တို့မှလွဲ၍ ဘယ်သူများ ရှိနေဦးမည်နည်း။

ဒုတိယမင်းသမီးလေးတော့ မဖြစ်နိုင်ပေဘူး။

All Chapters