← Chapters

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း (၂၃၄) အရှင်မင်းကြီးအား ကြိုဆိုပွဲ

"အရှင်မင်းကြီး ရဲ့ ထိုက်ဆန်းတောင် ကို ဘိုးဘေးပူဇော်ဖို့ သွားတဲ့ ခရီးစဉ်မှာ... ရာစုနှစ်အတွင်း ရှားပါးတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်ကြီး ကို တွေ့ခဲ့ရတယ်ဆိုတော့... ဒါက သေချာပေါက် ကောင်းကင်ဘုံက တာ့ဝေ့ပြည် ကို ကောင်းချီးပေးတာပါပဲ... ဒါကြောင့် ကျွန်တော်မျိုးမ က အရှင်မင်းကြီး ရဲ့ ဘုန်းတန်ခိုးတွေ ထွန်းလင်းတောက်ပပါစေ၊ တာဝေ့ပြည် ကြီးလည်း တည်တံ့ခိုင်မြဲပါစေလို့ ဆုတောင်းရင်း ဒီအရက်ခွက်လေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်"

ပြောပြီးသည်နှင့် အရက်ခွက်ကို မြှောက်ကာ အရှင်မင်းကြီးကို လှပစွာ ပြုံးပြလိုက်လေ၏။

ထိုဟန်ပန်မှာ လင်ကွေ့ဖေး နှင့် ဘာမှ မကွာခြားလှချေ။

အရှင်မင်းကြီး က သူမကို တစ်ချက် ကြည့်လိုက်ပြီး မည်သည့် တုံ့ပြန်မှု တစ်ခုမှ မပြ‌ချေ။

အရက်ခွက်ကို ကောက်ကိုင်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။

သူ က ပွင့်လင်းသဖြင့် ယီဖေး သည်လည်း ပွင့်လင်းစွာ တုံ့ပြန်လေ၏။

အားလုံးကလည်း အရှင်မင်းကြီးကို မတွေ့ရသည်မှာ ကြာပြီဖြစ်သည့်အတွက် စတင် လှုပ်ရှားလာကြတော့သည်။

တစ်ယောက်ပြီး တစ်ယောက်က အရှင်မင်းကြီးနှင့် အတူ အရက်တစ်ခွက် သောက်နိုင်ရန် အကြောင်းပြချက် အမျိုးမျိုးကို စဉ်းစားနေကြလေ၏။

လင်ဝမ်ယိ က မင်ကွေ့ရန် ၏ ဘေးတွင် ထိုင်နေပြီး ပုံမှန်အတိုင်းပင် တိတ်ဆိတ်စွာ နေနေလေသည်။

သို့သော် ဤတစ်ကြိမ်တွင်တော့ အရှင်မင်းကြီးကို ကြည့်သည့် မျက်ဝန်းများထဲ၌ စိုးရိမ်မှုများ အနည်းငယ် ပါဝင်နေလေ၏။

ဟင်းပင် သေချာ မစားရသေးဘဲ အရက်ခွက်ပေါင်းများစွာ ဆက်တိုက် သောက်လိုက်ရသဖြင့် မူးသွားမည်ကို စိုးရိမ်နေမိသည်။

လင်ဝမ်ယိ၏ မျက်နှာအမူအရာကို မြင်လိုက်ရသဖြင့် မင်ကွေ့ရန် က သူမ၏ ဆံထိုးကို ဟန်ပါပါ ကိုင်လိုက်ပြီး ပြောလိုက်လေ၏။

"လင်အစ်မတော် ရဲ့ ဒီတစ်ခေါက် ဆေးသွားကုသတာက တကယ့်ကို သက်တောင့်သက်သာ ရှိနေမှာပဲ... ကြားတာတော့ ရီဟွားနန်းဆောင် တစ်ခုလုံးမှာ အစ်မတော် တစ်ယောက်တည်း နေရတာဆို"

"မင်ညီမလေး ရယ်... ဒါက အရှင်မင်းကြီး က ငါ ကလေးနှစ်ယောက်ကို ပြုစု‌ပေးရဦးမယ် လို့ တွေးပြီး အလိုက်သင့် စီစဉ်ပေးလိုက်တာပါ"

ပြောပြီးသည်နှင့် သူမက အနည်းငယ် ညည်းတွားနေသည့် မျက်နှာထားမျိုးကို ဟန်ဆောင်ပြလိုက်လေ၏။

မင်ချန်ကျိုက် မှာ သူမ၏ ပုံစံကို ကြည့်ပြီး နားမလည်နိုင် ဖြစ်သွားတော့သည်။

"အစ်မတော် ဘာဖြစ်လို့လဲ... နန်းတော် ပြန်လာရတာ ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား"

"ကောင်းတာပေါ့... ဒါပေမဲ့ ဒီနှစ် ကုန်သွားတာနဲ့... သုံးလပိုင်း ပြန်ရောက်လာတော့မှာ မဟုတ်ဘူးလား"

သုံးလပိုင်း... နွေဦးရာသီ ပန်းများပွင့်မည့် အချိန်။

ရွေးချယ်ပွဲ စတင်တော့မည် ဖြစ်သည်။

သူမ၏ ဤစကားကို ကြားသောအခါ မင်ကွေ့ရန် ၏ မျက်နှာထားမှာလည်း ဝမ်းသာနေရာမှ စိုးရိမ်ပူပန်မှုသို့ ပြောင်းလဲသွားတော့၏။

သူတို့လို လူတွေက အနောက်ဆောင် တွင် ခြေပင် မခိုင်သေးချေ။

ယခုတော့ ညိုးသွားသည့် ပန်းကလေးအလား နွမ်းနယ်သွားရတော့မည်။

တိုင်းပြည်တစ်ခုကို လှုပ်ခတ်နိုင်စွမ်းရှိတဲ့ အလှအပတွေ၊ ပြိုင်ဘက်ကင်းတဲ့ အရည်အချင်းတွေ ရှိနေရင်ရော ဘာဖြစ်မှာလဲ။

နုနယ်တဲ့ ပျိုးပင်လေးတွေက နန်းတော်ထဲကို တစ်သုတ်ပြီးတစ်သုတ် ဝင်လာတော့မှာဆိုတော့... ဒီနန်းတော်ကြီးက ပိုပိုပြီး ကျပ်လာတော့မှာပဲ။

သူတို့တွေက ဘယ်အချိန်မှာ လမ်းဘေးက အရေးမပါတဲ့ ကျောက်ခဲလေးတွေလို ဖြစ်သွားပြီး... အမြင်ကတ်သွားရင် ဖယ်ထုတ်ခံရမလဲ ဆိုတာ မည်သူသိနိုင်မည်နည်း။

ထိုအကြောင်းကို တွေးမိပြီး သူမလည်း စားချင်သောက်ချင်စိတ် ပျောက်သွားတော့၏။

အခြားတစ်ဖက်ရှိ ချန်းကွေ့ရန် ကတော့ ဤစကားကို ကြားသောအခါ ပြုံးလိုက်ပြီး နှစ်သိမ့်ကာ ပြောလိုက်လေသည်။

"ညီမလေးတို့လို အရည်အချင်းနဲ့ ရုပ်ရည်ရှိတဲ့သူတွေတောင် စိုးရိမ်နေသေးရင်... အစ်မတို့လို လူတွေက ဘယ်လိုလုပ်ရမလဲ... စိတ်မပူပါနဲ့... အရှင်မင်းကြီး က သံယောဇဉ် ကြီးတဲ့သူမို့လို့ အလွယ်တကူ မေ့ပစ်မှာ မဟုတ်ပါဘူး... ငါနဲ့ ယီချန်ကျိုက် တို့ကို ကြည့်လေ... အရှင်မင်းကြီး ရဲ့ ဘေးမှာ ရှိနေတုန်းပဲ မဟုတ်လား"

မင်ကွေ့ရန် က ပြုံးလိုက်သည်။ ယခုတစ်ကြိမ် သူမ၏ အပြုံးက ပို၍ စစ်မှန်နေလေ၏။

"အစ်မတော် ပြောတာ မှန်ပါတယ်... အလကား တွေးပူနေမယ့်အစား... ရဲရဲဝံ့ဝံ့ ရင်ဆိုင်တာက ပိုကောင်းပါတယ်"

ထို့နောက် အပြစ်ကင်းစင်ဟန် ရှိသော လင်ဝမ်ယိ ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

စိတ်ထဲတွင်တော့ အထင်သေးမှုများ ပြည့်နှက်နေလေ၏။

လင်ကွေ့ဖေး က ထိုက်ဆန်းတောင် နွေရာသီအပန်းဖြေနန်းတော် တွင် ကျန်ရစ်ခဲ့ခြင်းမှာ မည်သို့သော အကြောင်းပြချက်နှင့်ပင် ဖြစ်စေ နန်းတွင်းရှိ လင်မိသားစု ၏ အင်အားများ ပြိုကျသွားခြင်းကို ပြသနေခြင်းပင် ဖြစ်သည်။

သူမကလည်း ယခင်က လင်ကွေ့ဖေး ၏ နောက်လိုက် တစ်ဦး ဖြစ်ခဲ့သော်လည်း ကျောထောက်နောက်ခံ ပြိုကျသွားပြီ ဖြစ်ရာ အထောက်အခံတစ်ခုကို ရှာဖွေရတော့မည် မဟုတ်လား။

စားပွဲတွင် ထိုင်နေသူများကို သေချာ အကဲခတ်ကြည့်လိုက်သည်။

ယခုအခါ ယီဖေး က အာဏာရနေပြီ ဖြစ်ရာ ပိုင်ကွေ့ရန် နှင့် ချူတာရင် တို့၏ အကျယ်ချုပ်လွတ်မည့် နေ့ရက်များမှာလည်း မဝေးတော့မှန်း သိသာလှပေသည်။

သူမနှင့် ပိုင်ကွေ့ရန် တို့မှာ ရေနှင့်မီးလို ဖြစ်နေသဖြင့် ဤအချိန်တွင် ပူးပေါင်းခြင်းလိုက်လျှင် အဆုံးသတ်ကိုရှာလိုက်ခြင်းပင်။

အခြားတစ်ဖက်ရှိ ယင်းဖေး ကတော့ တဖြည်းဖြည်း တန်ခိုးထွားလာမည့် အရိပ်အယောင်များ ရှိနေလေသည်။ ယခုအခါ သူမတွင် ကျန်းမာသန်စွမ်းသော စတုတ္ထမင်းသား လည်း ရှိနေသဖြင့် အနာဂတ်တွင် ပြိုင်ဘက်ကင်းပဲ ဖြစ်ပေနိုင်သည်။

သို့သော် သူမ၏ ဘေးတွင် မုချန်ကျိုက် ရှိနေပြီ ဖြစ်ရာ သူမ အခြားလူနှင့် သွားရောက် ပူးပေါင်းလျှင် နေရာရနိုင်မည် မဟုတ်ချေ။

သို့သော် ရာထူးမြင့်သော ကိုယ်လုပ်တော် ဆို၍ ဤနှစ်ဦးသာ ရှိရာ သူမသာ တစ်ဦးနှင့်မျှ မပူးပေါင်းနိုင်ပါက...

နောင်အနာဂတ်တွင် ဘယ်လိုလုပ်ပြီး ထွက်ပေါက်ကို ရှာတွေ့တော့မည်နည်း။

လှပသော မျက်နှာထားအောက်တွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေလေ၏။

သူတို့ထက်စာလျှင် မုချန်ကျိုက် နှင့် ယီချန်ကျိုက် တို့က အများကြီး ပို၍ လမ်း ဖြောင့်ဖြူးနေလေသည်။

တစ်ယောက်က အထက်သို့ တက်လှမ်းရန် ကြိုးစားနေသူ ဖြစ်ပြီး နောက်တစ်ယောက်ကလည်း မရှုံးနိမ့်လိုသော စိတ်ဓာတ်ဖြင့် အထက်သို့ တက်လှမ်းလိုသူ ဖြစ်သည်။

ထို့ကြောင့် မိုးကြိုးနှင့် လျှပ်စီး တွေ့ဆုံသကဲ့သို့ ဖြစ်နေပြီး အကြောင်းမရှိ အကြောင်းရှာကာ အငြင်းပွားနေကြတော့၏။

ယခုအခါ မုချန်ကျိုက် မှာ ယောင်ယွဲ့နန်းဆောင် ၏ အနောက်ဆောင်သို့ ပြောင်းရွှေ့သွားပြီ ဖြစ်ရာ ယင်းဖေး နှင့် ပို၍ ရင်းနှီးလာခဲ့သည်။

ထို့ကြောင့် သူမကိုယ်သူမ အထင်ကြီးမှုများလည်း ပိုများလာခဲ့လေ၏။

ချန်ကျိုက် အဆင့်ချင်း တူသော်လည်း ယီချန်ကျိုက် တွင် ဂုဏ်ပုဒ် ရှိရုံသာမက အိပ်ဆောင်ဝင်ရသည့် ရက်လည်း စောသဖြင့် သူမနှင့် မုချန်ကျိုက် တို့ မတည့်ခြင်းမှာ ဖြစ်သင့်ဖြစ်ထိုက်ပေသည်။

မုချန်ကျိုက် က စတုတ္ထမင်းသား ၏ ထက်မြက်မှုကို ချီးကျူးလိုက်သည်နှင့် ယီချန်ကျိုက် က ချက်ချင်းပင် တတိယမင်းသား ၏ အကျင့်စာရိတ္တ ကောင်းမွန်မှုကို ပြန်လည် ချီးကျူးလိုက်လေသည်။

မုချန်ကျိုက် က ယင်းဖေးမယ်မယ် ၏ နူးညံ့သိမ်မွေ့မှုကို ထပ်မံ ချီးမွမ်းလိုက်လျှင်လည်း ယီချန်ကျိုက် ကလည်း ချက်ချင်းပင် ယီဖေး ၏ မျှတစွာ စီမံခန့်ခွဲတတ်မှုကို ပြန်လည် မြှောက်ပင့်လိုက်ပြန်သည်။

သူတို့နှစ်ဦး အပြင်းအထန် စကားစစ်ထိုးနေကြသော်လည်း အဓိက ဇာတ်ဆောင်များ ဖြစ်ကြသော ယီဖေး နှင့် ယင်းဖေး တို့ကတော့ လုံးဝ မကြားဟန်ဆောင်နေကြလေ၏။

ယခင်ကဆိုလျှင် ယင်းဖေး မှာ မုချန်ကျိုက် ကို အလွန်အကျွံ မလုပ်ရန် တားမြစ်ပြီးနေလောက်ပြီ ဖြစ်သည်။

သို့သော် ယနေ့တွင်တော့ သူတို့၏ အငြင်းပွားမှု လျစ်လျူရှု့ကာ အရှင်မင်းကြီး၏ ဘေးတွင် မြင့်မြတ်စွာ ထိုင်ကာ ဘာစကားမှ မပြောဘဲ နေနေလေ၏။

ထို့ကြောင့် လင်ဝမ်ယိ က ယင်းဖေး မှာ အနည်းငယ် ပြောင်းလဲသွားပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။

ယခင်က အေးချမ်းတည်ငြိမ်သော ယင်းကွေ့ဖင် မှာ ယခုအခါ အခွင့်အရေးကို အသုံးချကာ တိုက်ခိုက်တတ်သော ယင်းဖေးမယ်မယ် ဖြစ်လာခဲ့လေပြီ။

သို့သော် ယီဖေး ၏ မျက်နှာထား မကောင်းသော်လည်း ဘာမှ ဝင်မပြောသည်ကို ကြည့်ခြင်းအားဖြင့် လင်ဝမ်ယိ သဘောပေါက်သွားလေသည်။

သူမ နွေရာသီအပန်းဖြေနန်းတော် တွင် ရှိနေစဉ် အချိန်အတွင်း ယင်းဖေးမယ်မယ် က အနောက်ဆောင် တွင် ကြီးမားစွာ အောင်ပွဲခံခဲ့ပုံရပေသည်။

သို့သော် သူမ၏ လက်ထဲတွင် မည်သို့သော အားနည်းချက်မျိုး ရှိနေလို့ မြင့်မြတ်လှသော ယီဖေး ကို ဤသို့ ပြုမူစေခဲ့သနည်း ဆိုသည်ကိုတော့ သူမ မသိချေ။

ယီဖေး ပုံစံမှာ အလွန်အမင်း သည်းခံနေရသည့် ပုံစံမျိုးပင်။

လင်ကွေ့ဖေး အာဏာရှိစဉ်က ယီဖေး မှာ ရာထူးနိမ့်သော်လည်း လျိုမိသားစု သမီးပျို၏ ဂုဏ်သိက္ခာကို မကျဆင်းစေခဲ့ချေ။

ယင်းဖေး ရာထူး‌တိုးပြီး အာဏာရလာမှ အားလုံးက ချုပ်ကိုင်ခံထားရသလို ခံစားရလေသည်။

တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ယင်းဖေး သည် လျိုမိသားစု ကို ခြိမ်းခြောက်နိုင်သည့် လျှို့ဝှက်ချက် တစ်ခုကို သိရှိထားခြင်းပင် ဖြစ်ပေလိမ့်မည်။

မဟုတ်လျှင် ယီဖေး ၏ စိတ်နေစိတ်ထားနှင့် ဒေါသမျိုးဖြင့် မုချန်ကျိုက် ဤမျှ ရိုင်းစိုင်းနေသည်ကို ဘာစကားမှ မပြောဘဲ လက်ခံထားမည် မဟုတ်ချေ။

ကြည့်ရသည်မှာ ဤအနောက်ဆောင် ရှိ ရေက ပို၍ နောက်ကျိလာပြီဟု ဆိုရပေမည်။

သူမက အရာရာကို မသိဟန်ဆောင်နေလိုက်ပြီး ဤကဲ့သို့သော ရှုပ်ထွေးသည့် ပဋိပက္ခများကို စိတ်မဝင်စားချေ။

ခရီးသွားလာခဲ့ရသဖြင့် အတော်လေး ပင်ပန်းနေပြီ ဖြစ်ရာ ပြန်လည် အနားယူချင်နေပြီ ဖြစ်သည်။

သူမကဲ့သို့ပင် အရှင်မင်းကြီး လည်း ထိုသို့ ခံစားနေရသည်။

မျက်နှာထားက တဖြည်းဖြည်း မကြည်မလင် ဖြစ်လာပြီး မုချန်ကျိုက် နှင့် ယီချန်ကျိုက် တို့ကို ကြည့်သည့် အမူအရာကလည်း အလွန် မကျေမနပ် ဖြစ်နေလေ၏။

နှာခေါင်းရှုံ့လိုက်ပြီးနောက် မတ်တပ်ရပ်ရန် ပြင်လိုက်သည်။

ထို့ကြောင့် ယင်းဖေးက ပြောလိုက်လေသည်။

"အရှင်မင်းကြီး ခရီးပန်းလာတာဆိုတော့ စောစော အနားယူတာ ပိုကောင်းပါတယ်... ညစာ စားချိန်ရောက်မှ ကျွန်တော်မျိုးမ က စတုတ္ထမင်းသား ကို ခေါ်လာပြီး အရှင်မင်းကြီး ဆီကို လာခဲ့ပါ့မယ်"

"အင်း"

ယင်းဖေး ၏ ဤစကားကြောင့် အခန်းထဲရှိ လူများ အားလုံးကလည်း နန်းတွင်းပွဲတော် ပြီးဆုံးလုနီးပြီ ဖြစ်ကြောင်း နားလည်လိုက်ကြသည်။

အရှင်မင်းကြီး စိတ်မကြည်မလင်ဖြစ်နေချိန်တွင် ဘယ်သူကများ သွားပြီး အဆူခံချင်မည်နည်း။

ထို့ကြောင့် အားလုံးက မတ်တပ်ရပ်ကာ ပြောလိုက်ကြလေ၏။

"ကျွန်တော်မျိုးမ အရှင်မင်းကြီး ကို နှုတ်ဆက်ပါတယ်"

အရှင်မင်းကြီးက မတ်တပ်ရပ်ကာ ချက်ချင်း ထွက်ခွာသွားလေသည်။

လအနည်းငယ်ခန့် တိတ်ဆိတ်စွာ နေသားကျနေသဖြင့် ရုတ်တရက် အမျိုးသမီး အများအပြား၏ ဆူညံသံများက သူ့ကို ခေါင်းကိုက်စေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

အခန်းမှ ထွက်လာချိန်တွင် အေးစက်သော လေပြင်းများ တစ်ဖန် တိုက်ခတ်လာပြန်သည်။

ပင်မအခန်းသို့ ရောက်ချိန်တွင် ခန္ဓာကိုယ်ပေါ်ရှိ အရက်ရှိန်များ အနည်းငယ် ပြယ်သွားသဖြင့် သုန်ယွီကျုံး ကို အမိန့်ပေးလိုက်လေ၏။

"ယင်းဖေး ကို သွားပြောလိုက်... ညကျရင် စတုတ္ထမင်းသား ကို ခေါ်မလာခဲ့နဲ့တော့လို့... ရာသီဥတု သိပ်မကောင်းဘူး... နောက်နေ့မှ ကိုယ်တော် သွားကြည့်မယ်လို့"

"ဟုတ်ကဲ့... ဒီအစေခံ ပြောလိုက်ပါ့မယ်"

"ဒုတိယမင်းသမီး ဆီကို ဆောင်းရာသီ ဝတ်ရုံတွေ၊ မီးသွေးတွေ များများ ပို့ပေးလိုက်ဦး... သူက ခန္ဓာကိုယ်လည်း အားနည်းတော့ ဒီဆောင်းတွင်းကို ကျော်ဖြတ်ရတာ ပိုခက်ခဲလိမ့်မယ်"

"ဟုတ်ကဲ့... ဒီအစေခံ နားလည်ပါပြီ"

သုန်ယွီကျုံး က ခြေလှမ်းသုံးလှမ်းပင် မဆုတ်ရသေးခင် အနောက်မှ လိုက်ပါလာသော ကိုယ်ရံတော် တစ်ဦးက ရုတ်တရက် ဓားကို ဆွဲထုတ်ကာ ရှေ့ကို ပြေးလာသည်ကို မြင်လိုက်ရတော့သည်။

All Chapters