အခန်း ၂၃၇
Vol. 24 Ch. 237
အခန်း (၂၃၇) ဒဏ်ရာကုသခြင်း
သမားတော်ကြီးများက အသေအချာ တိုင်ပင်ဆွေးနွေးပြီးနောက် သွေးတိတ်စေရန် ဒဏ်ရာကို ချုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။
ထို့ကြောင့် ယခင်က လင်ဝမ်ယိ၏ ခြေထောက်ဒဏ်ရာကို ကုသပေးခဲ့ဖူးသော သမားတော်ဖန်း က သူကိုယ်တိုင် တာဝန်ယူရန် တောင်းဆိုလိုက်လေသည်။
"ဒီအမတ် ပဲ ချုပ်ပေးပါ့မယ်... ချုပ်ပြီးသွားရင် သွေးတိတ်ဆေးကို များများလိမ်းလိုက်ရင် သွေးတိတ်သွားနိုင်ပါတယ်"
သူက မူလကတည်းက အပြင်ဒဏ်ရာများကို ကုသရာတွင် ကျွမ်းကျင်သူ ဖြစ်ရာ သူ၏ အကြံပြုချက်ကို သမားတော်သို့ ကလည်း သဘောတူလက်ခံလိုက်သည်။
သိပ်မကြာခင်မှာပင် ဒဏ်ရာကို စတင် ချုပ်တော့သည်။
လင်ရှင်းကျစ် သတိလစ်နေသည်မှာ အတန်ကြာပြီ ဖြစ်ပြီး နှစ်တစ်ထောင် ဂျင်ဆင်းပြားလေးကို ငုံထားပေးသောကြောင့်သာ အသက်ဆက်နေရခြင်း ဖြစ်သည်။ ထိုအရာသာ မရှိလျှင် အစောကတည်းက အသက်ထွက်သွားလောက်ပြီ ဖြစ်သည်။
ပုံမှန်အချိန်သာဆိုလျှင် သမားတော်ဖန်း က လူနာကို မေ့ဆေး အနည်းငယ် သောက်ခိုင်းပြီးမှ ကုသပေလိမ့်မည်။
သို့သော် ယခုအချိန်တွင်မူ လျင်မြန်စွာ ဒဏ်ရာကို အမြန်ဆုံးနှင့် အသပ်ရပ်ဆုံး ဖြစ်အောင် စတင် ချုပ်လုပ်တော့၏။
ဒဏ်ရာမှ သွေးများ စီးကျနေသဖြင့် ချုပ်လုပ်ရာတွင် အခက်အခဲ အနည်းငယ် ရှိခဲ့သည်။
သို့သော် သမားတော်ဖန်း နှင့် သမားတော်သို့ တို့၏ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုကြောင့် အဆင်ပြေခဲ့သည်။
သွေးတိတ်စေရန် အသုံးပြုသော ပဝါများ တစ်ခုပြီးတစ်ခု အထပ်လိုက် ပုံသွားသည်အထိ သုံးလိုက်ရပြီးနောက် နောက်ဆုံးတွင် ဒဏ်ရာကို ချုပ်လုပ်ပြီးစီးသွားတော့သည်။
ယခုအချိန်တွင် သွေး အများကြီး စီးမကျတော့ဘဲ စိမ့်ထွက်ရုံသာ ရှိတော့၏။
ထို့နောက် သမားတော်သို့ က သွေးတိတ်ဆေးများကို တစ်ပုလင်းလုံး ကုန်သည်အထိ လိမ်းပေးလိုက်တော့သည်။
သွေး အနီရောင် အပေါ် သွေးတိတ်ဆေးလိမ်းနောက် ပန်းရောင် ပြောင်းသွားပြီး နောက်ဆုံးတွင် ဖြူဖွေးသွားချိန်မှသာ သွေးတိတ်သွားပြီ ဖြစ်ကြောင်း သေချာသွားသည်။
ထို့မှ သူတို့အားလုံး သက်ပြင်းရှည်ကြီး ချနိုင်ကြသည်။
သို့သော် ဤသည်မှာ ပထမအဆင့်သာ ရှိသေးသည်။ နောက်ဆက်တွဲအနေဖြင့် ဒဏ်ရာ ရောင်ရမ်းခြင်း၊ နေမကောင်းခြင်းတို့ကို ကာကွယ်ရန်နှင့် အခြားသော အခက်အခဲများစွာကို ကျော်လွှားရန် ကျန်ရှိနေသေးသည်။
ထို့ကြောင့် သူတို့က တစ်ခဏသာ သက်ပြင်းချနိုင်ပြီး ချက်ချင်းပင် သတိပြန်ထားလိုက်ကြရပြန်သည်။
လင်ရှင်းကျစ် ကို ဆက်လက် ကုသပေးနေကြလေ၏။
လင်ဝမ်ယိ မှာ ငိုလွန်း၍ မျက်လုံးများပင် ဖောင်းနေပြီး အလွန်အမင်း စပ်ဖျင်းနေလေသည်။
လွန်ခဲ့သော ဆယ်နှစ်ကျော်အတွင်း ခံစားခဲ့ရသမျှ ဒုက္ခများ အားလုံးကို ပေါင်းလိုက်လျှင်ပင် ယနေ့လောက် စိတ်ပျက်အားငယ်ရခြင်းမျိုး မရှိခဲ့ဘူးဟု ခံစားနေရသည်။
မောင်လေး အရိုက်ခံရစဉ်က သူမ မျက်မြင် မတွေ့ခဲ့ရချေ။
သတင်းကြားရုံသာ ကြားခဲ့ရသဖြင့် ဘယ်လောက်ပဲ စိုးရိမ်ပူပန်နေပါစေ ဘာမှ မကူညီနိုင်ခဲ့ပေ။
သို့သော် ယခုတော့ အစ်ကိုဖြစ်သူက သူမ၏ မျက်စိရှေ့မှောက်တွင် ကြိုးပြတ်သွားသော စွန်တစ်ခုလို အချိန်မရွေး သေသွားနိုင်သည့် အခြေအနေ ဖြစ်နေသည်။
သူမက ယခုအချိန်တွင် အသက်ရှူရသည်ကိုပင် နာကျင်ခက်ခဲလွန်းလှသည်ဟု ခံစားနေရ၏။
အရှင်မင်းကြီး က သူမ၏ ဤကဲ့သို့ စိတ်ဓာတ်ကျနေသော ပုံစံကို ကြည့်ပြီး သူမကို ဖက်လိုက်ပြီး နားနားသို့ ကပ်လျက် တိုးတိုးလေး နှစ်သိမ့်ပေးလိုက်လေသည်။
"ဘာမှမဖြစ်ပါဘူး... ကိုယ်တော် မင်းရဲ့ အစ်ကိုကို သေချာပေါက် ကယ်တင်ပေးမှာပါ"
ကိုယ်ရံတော်လင် က သူ့အတွက် အသက်စွန့်ခဲ့ခြင်း ဖြစ်ရာ ယခင်ကဆိုလျှင်လည်း အရှင်မင်းကြီး အနေဖြင့် အကြီးမားဆုံး ဆုချီးမြှင့်ပေလိမ့်မည်။
ပုံမှန်ဆိုလျှင် ဤမျှလောက်အထိ အာရုံစိုက်မည် မဟုတ်ချေ။
သို့သော် ယခုမူ သူက လင်ဝမ်ယိ ၏ အစ်ကို ဖြစ်နေပြီး မိမိ ချစ်ရသူ၏ အစ်ကို ဖြစ်နေသောကြောင့်သာ ဤမျှလောက် စိုးရိမ်ပူပန်နေရခြင်း ဖြစ်သည်။
သူသည်လည်း ကြောက်ရွံ့နေမိသည်။ အကယ်၍ လင်ရှင်းကျစ် သာ ကယ်၍ မရတော့ဘူး ဆိုလျှင် လင်ဝမ်ယိ လည်း အလွန်အမင်း ဝမ်းနည်းကြေကွဲသွားမည်ကို စိုးရိမ်နေမိ၏။
ထို့ကြောင့် လင်ရှင်းကျစ် ၏ အသက်ကို ဘယ်လိုပဲဖြစ်ဖြစ် သေမင်းဆီကနေ ပြန်လည် လုယူရမည်သာ ဖြစ်သည်။
လင်ဝမ်ယိ က မျက်လုံးများကို မှိတ်ထားလိုက်ရာ နှာရည်များက ထွက်လာပြီး မျက်ရည်များကတော့ ထွက်မလာတော့ချေ။
နန်းတော်ထဲတွင်တော့ ဖရိုဖရဲ ဖြစ်နေသော်လည်း နန်းတော်ပြင်ပရှိ သုန်မိသားစု အိမ်တော် တွင်တော့ အားလုံးက နားမလည်နိုင်အောင် ဖြစ်နေကြသည်။
သခင်မသုန် က ပထမအဆင့် သခင်မကြီး အဖြစ် ရာထူးတိုးခံရခြင်းမှာ ကြီးမားသော မင်္ဂလာသတင်း တစ်ခုပင် ဖြစ်သည်။
သို့သော် အကြောင်းရင်းမရှိဘဲ ဤကဲ့သို့ ရာထူးတိုးပေးခြင်းက သူတို့ကို အနည်းငယ် အနေခက်စေသည်။
"ရှန်ယိ က နန်းတော်ထဲမှာ ဒုတိယမင်းသား နဲ့ ဒုတိယမင်းသမီး ကို ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ကျေးဇူးကြောင့်... အရှင်မင်းကြီး က ချီးမြှင့်တဲ့အနေနဲ့ အစ်မကြီး ကို အခုလို ရာထူးတိုးပေးလိုက်တာ နေမှာပါ"
"အစ်ကိုကြီး ပြောတာ မှန်တယ်... အခုက နှစ်သစ်ကူးဖို့လည်း ရက်ပိုင်းပဲ လိုတော့တာလေ... ပြီးတော့ ရှန်ယိ ကလည်း ကွေ့ရန် အဖြစ် ရာထူးတိုးထားတာ မကြာသေးတော့... ထပ်ပြီး ရာထူးတိုးပေးဖို့ မသင့်တော်လို့... အရှင်မင်းကြီး က အစ်မကြီး ကိုပဲ ရာထူးတိုးပေးလိုက်တာ နေမှာပါ"
သုန်မိသားစု ညီအစ်ကို နှစ်ယောက်က ခန့်မှန်းပေးနေကြသည်။
ကျန်ရှိနေသူများ အားလုံးကလည်း ဤအကြောင်းပြချက်က အဖြစ်နိုင်ဆုံးဟု တွေးလိုက်မိကြ၏။
သခင်မကြီး၏ အဆောင်အယောင်များနှင့် ဝတ်စုံကို ကြည့်ရင်း သခင်မသုန် မှာလည်း တစ်ခဏမျှ မူးဝေသွားသလို ခံစားလိုက်ရသည်။
ဘဝရဲ့ ပထမတစ်ဝက်မှာ ဒုက္ခမျိုးစုံ ခံစားခဲ့ရပြီး... ဒုတိယတစ်ဝက်မှာတော့ ဒါတွေအားလုံး ပြန်ရလိုက်တာလား။
ဒီကံကောင်းမှုကြီးက တကယ့်ကို သာမန် မဟုတ်ဘူးပဲ။
ပထမသခင်ကြီးလင် မှာလည်း ဇနီးဖြစ်သူ ဤကဲ့သို့ ကြီးမားသော ဆုချီးမြှင့်ခံရခြင်းအတွက် အလွန်အမင်း ကျေနပ်နေပြီး ဝမ်းသာနေလေ၏။
သုန်မိသားစု တစ်ခုလုံးက ဤရခဲလှသော ကျေးဇူးတော်ကို ပျော်ပျော်ရွှင်ရွှင်ဖြင့် လက်ခံလိုက်ကြသည်။
သုန်သခင်ကြီး နှင့် လင်မုကျစ် တို့ နှစ်ယောက်တည်းသာ ရင်ထဲတွင် မကောင်းသော ခံစားချက် တစ်ခုကို ခံစားနေရသည်။
အဘိုးနှင့် မြေး နှစ်ယောက် အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ယောက်၏ အတွေးကို နောက်တစ်ယောက်က နားလည်သွားကြ၏။
သို့သော် ယခုအချိန်တွင် ပြောရန် မသင့်တော်သလို အကြောင်းမဲ့ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာမည်ကိုလည်း ကြောက်ရွံ့နေကြသည်။
နေ့ခင်းချိန်ခါ ပြီးဆုံးသွားပြီး ကောင်းကင်ကလည်း တဖြည်းဖြည်း မှောင်မိုက်လာလေပြီ။
သုန်မိသားစု ဘက်တွင် ရာထူးတိုးရခြင်း၏ အကြောင်းရင်းမှန်ကို မသိကြသေးသော်လည်း အခြားတစ်ဖက်တွင်မူ စတုတ္ထမင်းသား က အရှင်မင်းကြီး၏ ဘေးရှိ မြို့တော်ကင်းစောင့်တပ် အားလုံးကို အစားထိုး လဲလှယ်ပစ်လိုက်လေပြီ။
မြို့တော်ကင်းစောင့်တပ် တပ်မှူး ရှီပိ မှာ ယခုအချိန်တွင် စတုတ္ထမင်းသား ၏ ဒေါသကို ခံယူနေရလေသည်။
ကြိမ်ဒဏ် အချက်ငါးဆယ် အရိုက်ခံရပြီးနောက် ခန္ဓာကိုယ် တစ်ခုလုံး အရေပြားများ စုတ်ပြတ်သတ်ကာ သွေးထွက်သံယို ဖြစ်နေလေပြီ။
စတုတ္ထမင်းသား ၏ မျက်နှာထားကတော့ ယခင်ကလိုပင် တည်ကြည်လေးနက်နေဆဲပင်။
"မင်းကို ဒဏ်ပေးတဲ့သူက ကိုယ်တော် ဖြစ်နေတာကိုပဲ မင်း ကံကောင်းတယ်လို့ မှတ်လိုက်... မဟုတ်ရင် ကြိမ်ဒဏ် ငါးဆယ်နဲ့တင် မင်း မသေရင်တောင် ဒုက္ခိတ ဖြစ်သွားလိမ့်မယ်"
ရှီပိ ၏ မျက်နှာပေါ်မှ ချွေးများ တစ်ပေါက်ပြီး တစ်ပေါက် စီးကျလာပြီး သူက အံကိုကြိတ်ကာ နာကျင်စွာ ညည်းတွားလိုက်သည်။
သို့သော် စတုတ္ထမင်းသား ပြောသည်မှာ မှန်ကန်ကြောင်း သူ ဝန်ခံရမည်။
"ဒီအမတ် အပေါ် စတုတ္ထမင်းသား ရဲ့ သက်ညှာပေးမှုအတွက် ကျေးဇူးတင်ပါတယ်... နောင်ဆိုရင် သေချာပေါက်..."
"နောင်ဆိုတာကို မပြောနဲ့တော့... အဲဒီ လုပ်ကြံတဲ့သူရဲ့ အခြေအနေ အားလုံးကို အမြန်ဆုံး စုံစမ်း... မဟုတ်ရင်... နောင် မပြောနဲ့... မင်း ရှီမိသားစု အတွက်တောင် နောင်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး"
ရှီပိ လန့်ဖျပ်သွားသော်လည်း တကယ်ပင် မှန်ကန်ကြောင်း ခံစားလိုက်ရသည်။
သူ နှစ်များစွာကြာအောင် အုပ်ချုပ်လာခဲ့သော လက်အောက်ငယ်သားများက ဤကဲ့သို့ ကြီးမားသော အမှားမျိုး လုပ်ခဲ့သည် မဟုတ်လား။
လက်ရှိ ဧကရာဇ်ကို လုပ်ကြံခြင်း...
ဤသည်မှာ သူတို့ အားလုံးကို သေတွင်းထဲသို့ ဆွဲသွင်းနေခြင်း မဟုတ်လား။
ထို့ကြောင့် ဒေါသနှင့် နာကြည်းမှုများ ရောယှက်နေသော လေသံဖြင့် ပြန်ဖြေလိုက်လေ၏။
"စတုတ္ထမင်းသား ကို လျှောက်တင်ပါတယ်... အဲဒီလူရဲ့ နာမည်က ခွေရှီရှို့ ပါ... ကွယ်လွန်သွားတဲ့ စစ်သူကြီးခွေ ရဲ့ ဒုတိယမြေးတော် ပါ"
"ကွယ်လွန်သွားတဲ့ စစ်သူကြီးခွေ... ရှီးပေမြို့စားမင်း နဲ့အတူ ချင်းကျိုး ကို ကာကွယ်ခဲ့ပြီး... မြို့ကျသွားလို့ အသက်စွန့်သွားတဲ့ စစ်သူကြီးခွေ ကို ပြောတာလား"
"ဟုတ်ပါတယ်... စတုတ္ထမင်းသား... ခွေမိသားစု တစ်ခုလုံးက သစ္စာရှိတဲ့ မိသားစုပါ... ချင်းကျိုး မြို့ကျသွားတဲ့ တိုက်ပွဲမှာ အားလုံး သေဆုံးသွားခဲ့ပြီး... ဒီမြေးတစ်ယောက်တည်း ကျန်ခဲ့တာပါ... ဒါကြောင့် ဒီအမတ် က သူ့ကို မြို့တော်ကင်းစောင့်တပ် ထဲကို အထူးတလည် ခေါ်သွင်းပေးခဲ့တာပါ... ဆယ်နှစ်ကျော်လောက် ဘာအမှားမှ မလုပ်ခဲ့ဖူးပါဘူး... အခုမှ ဘယ်လိုဖြစ်ပြီး..."
တုန်တုန်ရီရီ ပြောဆိုနေရင်း ဒဏ်ရာကို သွားထိမိသဖြင့် နာကျင်စွာ ညည်းတွားလိုက်ရပြန်သည်။
အသက်ရှူပင် ရပ်သွားမတတ် ဖြစ်သွားတော့၏။
စတုတ္ထမင်းသား ၏ မျက်နှာထားမှာလည်း ပို၍ တည်ကြည်လေးနက်လာလေသည်။
ချင်းကျိုး မြို့ကျသွားခြင်း၊ ရှီးပေမြို့စားမင်း ၏ ယခင် လက်အောက်ငယ်သား ခွေမိသားစု။
ဤအရာများ၏ နောက်ကွယ်တွင် မည်သို့သော လျှို့ဝှက်ချက်များ ရှိနေလို့ ခွေရှီရှို့ အနေဖြင့် မိသားစုကို လုံးဝ ဂရုမစိုက်တော့ဘဲ...
ဤသို့ လူပုံအလယ်တွင် လုပ်ကြံရဲခဲ့သနည်း။
"သူ့ရဲ့ မိသားစုဝင်တွေရော... ဇနီးနဲ့ သားသမီးတွေ ရှိလား"
"ရှိပါတယ်... မြို့မြောက်ဘက် ရွှမ်ဟယ်ရပ်ကွက် က ခွေအိမ်တော် မှာ နေကြပါတာ... ဇနီးသည်က ကျန်းမိသားစု ကပါ... သားတစ်ယောက်၊ သမီးတစ်ယောက် ရှိပါတယ်"
"ကျန်းမိသားစု... ဘယ် ကျန်းမိသားစု လဲ"
"တရားရေးဌာန အမတ်ချုပ် ရဲ့ ညီအရင်းရဲ့ သားကြီးပါ... အခု လင်ကျိုး မြို့မှာ မြို့ဝန် အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်... ခွေရှီရှို့ ရဲ့ ဇနီးက သူ့ရဲ့ သမီးအငယ်ဆုံးပါ"
ဤရှုပ်ထွေးလှသော ပတ်သက်ဆက်နွှယ်မှုများကြောင့် စတုတ္ထမင်းသား ၏ မျက်မှောင်များမှာ ပို၍ပင် ကျုံ့သွားတော့သည်။
ခွေမိသားစု တစ်ခုတည်း ပါဝင်နေသည်က မဟုတ်ဘဲ... ကျန်းမိသားစု ပါ ထပ်တိုးလာပြန်ပြီ။
ချင်းကျိုး မှသည် လင်ကျိုး အထိ၊ ရှီးပေမြို့စားမင်း မှသည် တရားရေးဌာန အမတ်ချုပ် အထိ။
တစ်ခုကို ထိလိုက်သည်နှင့် အားလုံး လှုပ်ခတ်သွားနိုင်သည့် အခြေအနေ ဖြစ်နေရာ အကယ်၍ အားလုံးကို ဖမ်းဆီးလိုက်မည် ဆိုလျှင် သဲလွန်စများ မရသေးခင်မှာပင် အဆုံးသတ်သွားမည်ကို စိုးရိမ်ရလေသည်။
ထို့ကြောင့် သူက ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်လေ၏။
"အရင်ဆုံး ခွေရှီရှို့ ရဲ့ မိသားစုဝင်တွေ အားလုံးကို ဖမ်းဆီးပြီး လုံခြုံတဲ့ နေရာမှာ ထိန်းသိမ်းထားလိုက်... တရားရေးဌာန အမတ်ချုပ် တို့ကိုတော့... အမျိုးသားတွေ အားလုံးကို အကျဉ်းထောင်ထဲ ထည့်ထားလိုက်... လင်ကျိုး မြို့အနီးမှာရှိတဲ့ တော်ဝင်ချပ်ဝတ်စစ်တပ် ဆီကို အမြန်ဆုံး သတင်းပို့ပြီး... ခွေရှီရှို့ နဲ့ ပတ်သက်တဲ့ သူတွေ အားလုံးကို ဖမ်းဆီးပြီး ရှန်းကျင်းမြို့တော် ကို ပို့ခိုင်းလိုက်"
"ဟုတ်ကဲ့ပါ... အမိန့်တော်အတိုင်းပါ"
"ရှီးပေမြို့စားမင်း နဲ့ ပတ်သက်လို့ကတော့..."