← Chapters

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း (၁၅၅) ကျင့်ကြံခြင်း လမ်းခရီးက ဝေးလံလှတယ်၊ ရေစက်ရှိရင် ပြန်ဆုံကြတာပေါ့

​တတိယ အဆင့် လပြည့် ခရစ်စတယ် ငွေရောင် မြွေက အင်မော်တယ် ကျင့်ကြံသူ မည်သည်ကို ဇဝေဇဝါ ဖြစ်နေသည်ကို သိရှိသဖြင့် အလျင်အမြန်ပင် ရှင်းပြလိုက်သည်။

​“အင်မော်တယ် ကျင့်ကြံသူ... ဒီနေရာက ဝိညာဉ်ဆေးပင်တွေကို စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်၊ အားလုံး ယူသွားမယ်ဆိုရင်တောင် ရပါတယ် ။ ဟိုးဘက်မှာလည်း လက်နက်တွေ၊ ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိပါသေးတယ်၊ အင်မော်တယ် ကျင့်ကြံသူ အားလုံးကို တစ်ပါတည်း ယူဆောင်သွားလို့ ရပါတယ်”

​ချန်ကျီက လပြည့် ခရစ်စတယ် ငွေရောင် မြွေ ပြောသည့် လက်နက်များနှင့် ဝိညာဉ်ကျောက်တုံးများ စုပုံထားသည့် နေရာသို့ လှမ်းကြည့်လိုက်သည်။

​မထင်မရှား ထောင့်စွန်းတစ်ခုတွင် လက်နက်များနှင့် ဝိညာဉ်ကျောက်တုံး အစုအပုံကြီးတစ်ခုမှာ အမှိုက်သရိုက်များကဲ့သို့ စုပုံနေသည်ကို တွေ့ရသည်။

​ချန်ကျီက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် လျှောက်လှမ်းသွားလိုက်သည်။

​ လက်နက်များ၏ အဆင့်အတန်းက ထိုမျှ မမြင့်မားလှဘဲ အားလုံးမှာ အဝါရောင် အဆင့် လက်နက်များသာ ဖြစ်ကြပြီး ဆန်းကြယ် အဆင့် လက်နက်မှာမူ အလွန် ရှားပါးလှသည်၊ သို့သော် ထိုလက်နက်များ၏ အရေအတွက်က အနည်းဆုံး အနည်းဆုံး အလက် တစ်ရာကျော်ခန့် ရှိနေခြင်းပင်။

​ထိုဝိညာဉ်ကျောက်တုံးများလည်း မနည်းလှဘဲ ပုံစံမျိုးစုံ ရှိနေကြသည်။

​ချန်ကျီက သူ ယခင်က တူးဖော်ခဲ့ဖူးသော သံနက်ရိုင်း အပြင် ကျောက်စိမ်းကဲ့သို့သော ကျောက်တုံးမျိုးစုံနှင့် သံတုံးကဲ့သို့သော အရာများကိုလည်း မြင်တွေ့ရသည်၊ ၎င်းတို့မှာ သူ တစ်ခါမျှ မမြင်ဖူးသည့် အရာများ ဖြစ်သော်လည်း အကြမ်းဖျင်းအားဖြင့် မည်သည့်အရာ ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။

​ချန်ကျီက အစီအရင်မျက်စိအဖြစ် အသုံးပြုနိုင်သည့် ကျောက်တုံးအချို့ကိုပင် လှမ်းမြင်လိုက်ရသည့်အလား ရှိသည်။

​ကြည့်ရသည်မှာ ဤအရာများ အားလုံးက လပြည့် ခရစ်စတယ် ငွေရောင် မြွေ စုဆောင်းထားခြင်း ဖြစ်ပေလိမ့်မည်၊ ဟဲကွမ်းတောင်တန်းထဲတွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်နိုင်သလို သတ်ဖြတ်ခံခဲ့ရသော ကျင့်ကြံသူတစ်ဦးဦး၏ ကိုယ်ပေါ်မှ ရရှိခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

​သို့သော် ဤအရာများက ချန်ကျီနှင့် ကြီးမားသော ပတ်သက်မှု မရှိပေ ၊ လပြည့် ခရစ်စတယ် ငွေရောင် မြွေက ဤအရာများ အားလုံးကို သူ့အား ပေးအပ်လိုသဖြင့် နောင်တွင် ၎င်းတို့မှာ သူ၏ ပိုင်ဆိုင်မှုများ ဖြစ်လာတော့မည်။

​ချန်ကျီက တွေးမိသည်မှာ ဤလပြည့် ခရစ်စတယ် ငွေရောင် မြွေက သူ့ကို ဤနေရာသို့ တမင်တကာ ခေါ်ဆောင်လာခြင်း ဖြစ်ပြီး ဤနေရာရှိ ပစ္စည်းအားလုံး၏ တန်ဖိုးက သူ တောင်းဆိုခဲ့သော နစ်နာကြေးထက် အဆပေါင်းများစွာ သာလွန်နေခဲ့သည်။

​“ပြောစမ်းပါဦး... မင်း ငါ့ကို ဒီနေရာ ခေါ်လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ”

​လပြည့် ခရစ်စတယ် ငွေရောင် မြွေက ဤပစ္စည်းများမှာ ချန်ကျီ၏ မျက်စိထဲသို့ ဝင်ဆံ့နိုင်လောက်ကြောင်း သိရှိသဖြင့် ၎င်း၏ ရင်ထဲမှ အတွေးကလည်း အတန်ငယ် ခိုင်မာသွားခဲ့သည်။

​“ကျွန်တော် အင်မော်တယ် ကျင့်ကြံသူကို အကူအညီတစ်ခု တောင်းချင်လို့ပါ၊ ကျွန်တော့်ရဲ့ ဒီဂူ မှာ အစီအရင် အနည်းငယ်လောက် ခင်းကျင်း ပေးစေချင်ပါတယ်၊ စောစောက အင်မော်တယ် ကျင့်ကြံသူ အသုံးပြုခဲ့တဲ့ အစီအရင်မျိုးဆိုရင် ရပါပြီ ”

​ချန်ကျီ သဘောပေါက်သွားခဲ့ပြီ၊ ကြည့်ရသည်မှာ လပြည့် ခရစ်စတယ် ငွေရောင် မြွေက စောစောက သူ၏ အစီအရင်များကြောင့် တုန်လှုပ်ခြောက်ခြားသွားခဲ့ပုံပင်။

​၎င်းက သူ၏ ဂူကို ကျောက်တံတိုင်းကဲ့သို့ ခိုင်ခံ့အောင် တည်ဆောက်လိုခြင်း ဖြစ်ပြီး ဤအရာက ၎င်း သူ့ကို ဤနေရာသို့ ခေါ်ဆောင်လာရသည့် စစ်မှန်သော ရည်ရွယ်ချက် ဖြစ်သည်။

​ချန်ကျီက သူ၏ ရင်ထဲ၌ တွေးတောတွက်ချက်လိုက်ရာ ဤနေရာရှိ ပစ္စည်းအားလုံး၏ တန်ဖိုးနှင့် အစီအရင် သုံးခု ခင်းကျင်း ရန် ကုန်ကျမည့် စွမ်းအားများကို နှိုင်းယှဉ်လျှင် မပြောပ လောက်လှဘဲ သူက သေချာပေါက် အမြတ် အကြီးအကျ် ရရှိမည် ဖြစ်သည်။

​သို့သော် ချန်ကျီက တိုက်ရိုက် သဘောမတူသေးဘဲ “မင်းအတွက် အစီအရင် သုံးခု ခင်းကျင်း ပေးဖို့ ကိစ္စက ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ ငါ က လူသား ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး မင်း က မိစ္ဆာသားရဲတစ်ကောင် ဖြစ်နေတာဆိုတော့ မင်းအတွက် အစီအရင် ခင်းကျင်း ပေးတာက ကျိုးကြောင်းဆီလျော်မှု မရှိသလိုပဲ။ တကယ်လို့ မင်းက ဒီအစီအရင်ကို သုံးပြီး လူသား ကျင့်ကြံသူတွေကို ထောင်ချောက်ဆင် သတ်ဖြတ်မယ်ဆိုရင် ငါ က ကြံရာပါ ဖြစ်မသွားဘူးလား”

​“မဝံ့ရဲပါဘူး၊ အင်မော်တယ် ကျင့်ကြံသူ စိတ်ချပါ၊ ဒီအစီအရင်တွေကို ကျွန်တော်က အသက်ဘေးကနေ ကာကွယ်ဖို့အတွက်ပဲ အသုံးပြုမှာပါ။ ကျွန်တော် နှစ်တစ်ရာအတွင်းမှာ သေချာပေါက် စတုတ္ထ အဆင့် မိစ္ဆာသားရဲအဖြစ် အဆင့်တက် လှမ်းနိုင်မှာပါ၊ အဲ့ဒီအချိန်ကျရင် ကျွန်တော် လူသားအသွင် ပြောင်းလဲနိုင်ပြီ ဖြစ်လို့ ဒီနေရာမှာ ဆက်ပြီး နေထိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနှစ်တစ်ရာအတွင်းမှာတော့ ပြောင်းလဲမှုတွေ အများကြီး ရှိနိုင်တာမို့ အင်မော်တယ် ကျင့်ကြံသူအနေနဲ့ အစီအရင် ခင်းကျင်း ပေးဖို့ မျှော်လင့်မိပါတယ်၊ ကျွန်တော် ဒီနေရာမှာ အေးအေးချမ်းချမ်းပဲ နေချင်လို့ပါ”

​“လူသားအသွင် ပြောင်းလဲတာ ဟုတ်လား... မိစ္ဆာသားရဲတွေ စတုတ္ထ အဆင့် ရောက်ရင် ဘယ်လို ပုံစံ ပြောင်းလဲသွားတာလဲ” ချန်ကျီက မိစ္ဆာသားရဲများ လူသားအသွင် ပြောင်းလဲသည့် ကိစ္စကို အတန်ငယ် စိတ်ဝင်စားသွားမိသည်။

​“လူသားတွေရဲ့ ခန္ဓာကိုယ်ပုံစံက ကျင့်ကြံခြင်းအတွက် အသင့်တော်ဆုံး ပုံသဏ္ဌာန် ဖြစ်ပါတယ်။ ကျွန်တော်တို့ မိစ္ဆာသားရဲတွေ လူသားအသွင် ပြောင်းလဲတဲ့အခါ အများစုက လူသားတွေရဲ့ ပုံစံကို ပြောင်းလဲယူကြတာပါ။ အချို့ကတော့ မိစ္ဆာသားရဲရဲ့ မူလ ပုံစံအတိုင်းပဲ ဆက်ပြီး ထိန်းသိမ်းထားတတ်ကြပေမဲ့ သူတို့ရဲ့ ကျင့်ကြံခြင်းလမ်းခရီးက ပိုပြီး ခက်ခဲကြမ်းတမ်းတတ်ပါတယ်”

​ချန်ကျီက စဉ်းစားရင်း “မင်းတို့ စတုတ္ထ အဆင့် ရောက်ရင် လူသားပုံစံ ပြောင်းလဲနိုင်ကြတာဆိုတော့ အမှန်တော့ မင်းတို့ကို မိစ္ဆာမျိုးနွယ်စုလို့ ခေါ်ရမှာပေါ့”

​လပြည့် ခရစ်စတယ် ငွေရောင် မြွေက ပြန် ဖြေခဲ့သည်။ “မိစ္ဆာသားရဲတွေက ဉာဏ်ပညာ ပွင့်လင်းပြီး လူသားအသွင် ပြောင်းလဲပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ် မိစ္ဆာမျိုးနွယ်စုလို့ အမှန်တကယ်ပဲ သမုတ်ကြပါတယ် ”

​“အစီအရင် ကိစ္စကို ပြန်ပြောကြရအောင်၊ မင်းအတွက် အစီအရင် အနည်းငယ် ခင်းကျင်း ပေးဖို့ ကိစ္စက ခက်ခဲတဲ့အရာ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်း သေချာပေါက် ကတိပေးရမယ်၊ ကျင့်ကြံသူတွေကို စည်းမဲ့ကမ်းမဲ့ မသတ်ဖြတ်ရဘူး၊ အလားတူပဲ ဒီအစီအရင်ကို အသုံးပြုပြီး အစုလိုက်အပြုံလိုက် မသတ်ဖြတ်ရဘူး။ ဒါပေမဲ့ ကိစ္စတိုင်းမှာ အကြွင်းမဲ့တော့ မရှိပါဘူး၊ လူသား ကျင့်ကြံသူတွေထဲမှာလည်း အပြစ်မဲ့သူတွေကို သတ်ဖြတ်တဲ့သူတွေ ရှိကြတာပဲ၊ အားလုံးက လုယူကျော်ဖြတ်နေကြတာပဲ ဖြစ်လို့ တကယ်လို့ လူသားတွေက မင်းကို အရင် လာ ရန်စမယ်ဆိုရင်တော့ မင်း သဘောအတိုင်း ပဲ လုပ်”

​ချန်ကျီ၏ ရင်ထဲ၌ မျိုးနွယ်စုများအကြား ခွဲခြားဆက်ဆံမှု ကြီးကြီးမားမား မရှိပေ ၊ အမှန်တော့ အားလုံးက ကျင့်ကြံသူများ ဖြစ်ကြပြီး နောက်ဆုံး ပန်းတိုင်ကတော့ အတူတူပင် ဖြစ်သည်။

​လူသား ကျင့်ကြံသူများက နောက်ဆုံးတွင် ပျံသန်းကာ အင်မော်တယ်အဖြစ်သို့ ရောက်ရှိရန် ကျင့်ကြံကြခြင်း ဖြစ်သည်။

​မိစ္ဆာသားရဲများလည်း အလားတူပင် ဖြစ်ကာ တတိယ အဆင့် မိစ္ဆာသားရဲများက ဉာဏ်ပညာ ပွင့်လင်းပြီးသား ဖြစ်ပြီး စတုတ္ထ အဆင့် မိစ္ဆာသားရဲများက လူသားအသွင် ပြောင်းလဲနိုင်ပြီ ဖြစ်ရာ လူသားနှင့် မည်သို့ ကွာခြားတော့မည်နည်း၊ နောက်ဆုံးတွင် ကျင့်ကြံကြသည်မှာ အလားတူ ပျံသန်းကာ အင်မော်တယ်အဖြစ်သို့ ရောက်ရှိရန်ပင် မဟုတ်ပါလော။

​လူသား အင်မော်တယ် ဖြစ်စေ၊ မိစ္ဆာ အင်မော်တယ် ဖြစ်စေ၊ အားလုံးက အင်မော်တယ်များချည်းသာ ဖြစ်သည်။

​“အင်မော်တယ် ကျင့်ကြံသူ ရဲ့ ကြင်နာမှု ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်”

​“မင်း ငါ့ကို အင်မော်တယ် ကျင့်ကြံသူ လို့ မခေါ်ပါနဲ့တော့၊ ငါ က ရွှေအူတိုင်အဆင့် ကျင့်ကြံသူတစ်ယောက် ပါပဲ”

​“ဟုတ်ကဲ့ပါ အင်မော်တယ် ကျင့်ကြံသူ” လပြည့် ခရစ်စတယ် ငွေရောင် မြွေက ချန်ကျီက ရွှေအူတိုင်အဆင့် ကျင့်ကြံသူတစ်ယောက်မျှသာ ဖြစ်လိမ့်မည်ဟု ဘယ်လိုမှ မယုံကြည်နိုင်ပေ ။

​ရွှေအူတိုင်အဆင့် ကျင့်ကြံသူတစ်ဦးက လက်ဝေ့ရုံမျှဖြင့် စတုတ္ထ အဆင့် အစီအရင်ကို ခင်းကျင်း နိုင်ပါ့မလား။

​ရွှေအူတိုင်အဆင့် ကျင့်ကြံသူတစ်ဦးက တစ်ခဏအတွင်း တည်နေရာ ရွှေ့ပြောင်းခြင်း ကို အသုံးပြုနိုင်ပါ့မလား။

​၎င်းကတော့ ရာခိုင်နှုန်းပြည့် လုံးဝ မယုံကြည်ပေ ။

​ချန်ကျီက လပြည့် ခရစ်စတယ် ငွေရောင် မြွေသည် သူ့ကို အင်မော်တယ် ကျင့်ကြံသူ ဟု ဆက်လက် ခေါ်ဆိုနေဆဲ ဖြစ်သည်ကို ကြားသောအခါ မတတ်သာဘဲ လက်ခံလိုက်ရတော့သည်။

​“ငွေရောင်လေး... အစီအရင်တွေကို ခင်းကျင်း တာက ဝိညာဉ်စွမ်းအား အများကြီး ကုန်ဆုံးစေသလို အစီအရင်ရဲ့ လည်ပတ်မှုကို ထိန်းသိမ်းဖို့အတွက်လည်း ဝိညာဉ်စွမ်းအား အများကြီး ကုန်ဆုံးစေတယ်။ ဒါပေမဲ့ မင်းရဲ့ ဒီနေရာက ဝိညာဉ်စွမ်းအားက အခြားနေရာတွေထက် ပိုမို ပြည့်ဝနေတာကို တွေ့ရလို့ အစီအရင်ရဲ့ ဝိညာဉ်စွမ်းအား ကုန်ဆုံးမှုက သိပ်ပြီး မများပြားနိုင်သလို အနာဂတ်မှာ အစီအရင်ကို ထိန်းသိမ်းဖို့ ဖြည့်တင်းရမယ့် ဝိညာဉ်စွမ်းအားကလည်း အများကြီး မလိုလောက်ပါဘူး”

​“အင်မော်တယ် ကျင့်ကြံသူ... ကျွန်တော့်ကို အခြား နာမည်တစ်ခုလောက် ပြောင်းခေါ်ပေးလို့ ရမလား”

​ချန်ကျီက လပြည့် ခရစ်စတယ် ငွေရောင် မြွေကို တစ်ချက် စောင်းငဲ့ကြည့်လိုက်က “ခေါ်ရတာ အတော်လေး နှုတ်ကျိုးနေပြီမို့ မပြောင်းတော့ဘူး။ အစီအရင်ကို လိုချင်သေးလား၊ မဆိုင်တာတွေ ပြောမနေနဲ့တော့”

​“လိုချင်ပါတယ်၊ လိုချင်ပါတယ်၊ အင်မော်တယ် ကျင့်ကြံသူ ခေါ်ရတာ အဆင်ပြေရင် ရပါပြီ။ ကျွန်တော့်ရဲ့ ပစ္စည်းအားလုံးက ဒီတောင်ကြားထဲမှာ ရှိနေတာမို့ အင်မော်တယ် ကျင့်ကြံသူ ဘယ်အရာကို အသုံးပြုလို့ ရမလဲ ကြည့်ပြီး အသုံးပြုပါ၊ အသုံးမဝင်တဲ့ အရာတွေကိုတော့ အင်မော်တယ် ကျင့်ကြံသူ ယူသာ ယူသွားပါ ”

​ချန်ကျီက ခဏမျှ တွေးပြီးနောက် ထို လက်နက်များနှင့် ဝိညာဉ်ကျောက်တုံး အစုအပုံကြီး၊ ထို့ပြင် တောင်ကြားထဲရှိ သက်တမ်း တစ်ရာကျော် ဝိညာဉ်ဆေးပင်များ အားလုံးကို ထုပ်ပိုး၍ သိမ်းဆည်း ယူဆောင်လိုက်သည်။

​ငွေရောင်လေးက မည်သည့် ကန့်ကွက်မှုမျှ မရှိပေ ။

​ချန်ကျီကလည်း ငွေရောင်လေး၏ ပစ္စည်းများကို အလကား မယူပေ ၊ အစီအရင်အလံ အခု ရေ တစ်ဒါဇင် ကျော် ပျံသန်းထွက်ပေါ်လာခဲ့ပြီး အလယ်အလတ် ဝိညာဉ်ကျောက်တုံး နှစ်ဆယ်တုံး၊ ထို့ပြင် ယခင်က သူ ရှာဖွေတွေ့ရှိခဲ့သော အစီအရင်မျက်စိအဖြစ် အသုံးပြုနိုင်သည့် အထောက်အကူ ပစ္စည်းများကိုလည်း ထုတ်ယူလိုက်သည်။

​ဤအစီအရင်များကို နှစ်တစ်ရာတိုင်အောင် ထိန်းသိမ်းထားနိုင်ရန်အတွက် ဤသို့ ပြုလုပ်ရန်သာ ရှိပြီး၊ ထို့ပြင် ဤတောင်ကြားထဲရှိ ဝိညာဉ်စွမ်းအား ဖြည့်တင်းမှုများနှင့် ပေါင်းစပ်လိုက်ပါက သေချာပေါက် လုံလောက်ပေလိမ့်မည်။

​“ပြီးသွားပြီ”

​ချန်ကျီက အစီအရင်ကို စတင် လည်ပတ်စေမည့် နည်းလမ်းကို ငွေရောင်လေးထံသို့ စိတ်ချင်းဆက်သွယ်၍ လွှဲပြောင်းပေးလိုက်သည်။

​လပြည့် ခရစ်စတယ် ငွေရောင် မြွေက ချန်ကျီ၏ စွမ်းအားကို စောစောကတည်းက မြင်တွေ့ခဲ့ဖူးသော်လည်း ယခုအခါ ချန်ကျီက လက်ဝေ့ရုံမျှဖြင့် စတုတ္ထ အဆင့် အစီအရင် သုံးခုကို တစ်ပြိုင်နက်တည်း ခင်းကျင်း လိုက်သည်ကို ထပ်မံ မြင်တွေ့ရသောအခါ ၎င်း၏ ရင်ထဲ၌ ထပ်တူပင် တုန်လှုပ်ခြောက်ခြားသွားမိသည်။

​၎င်းက သူ့ကိုယ်သူ ချန်ကျီနှင့် အဆုံးထိ ထိပ်တိုက် မတွေ့ခဲ့ဘဲ လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ခဲ့ခြင်းက ၎င်း ပြုလုပ်ခဲ့သမျှတွင် အမြော်အမြင်အရှိဆုံး ဆုံးဖြတ်ချက် ဖြစ်ကြောင်း ဝမ်းမြောက်မိသွားသည်။

​“ကျေးဇူးအထူးတင်ပါတယ် အင်မော်တယ် ကျင့်ကြံသူ”

​“ငွေရောင်လေး... အားနာမနေပါနဲ့တော့၊ ငါလည်း မင်းဆီက ပစ္စည်းတွေ အများကြီး ယူခဲ့တာပဲ။ မင်း ကျင့်ကြံခြင်းကို ကောင်းကောင်း လုပ်ပါ၊ အချိန်မရွေး ဒေါသတကြီးနဲ့ ချက်ချင်းပဲ သားရဲဒီရေလှိုင်းကြီး ဖန်တီးပြီး လူတွေကို ခြောက်လှန့်တာမျိုး မလုပ်ပါနဲ့တော့”

​“အင်မော်တယ် ကျင့်ကြံသူ ရဲ့ ဆုံးမမှုကို ရင်ထဲမှာ မြဲမြံစွာ မှတ်သားထားပါ့မယ်၊ အင်မော်တယ် ကျင့်ကြံသူ စိတ်ချပါ၊ ကျွန်တော် အဆင့် နိမ့်တဲ့ မိစ္ဆာသားရဲတွေနဲ့ လူသားတွေကြားက တိုက်ပွဲတွေမှာ ဘယ်တော့မှ ထပ်ပြီး ပါဝင်မှာ မဟုတ်တော့ပါဘူး၊ အင်မော်တယ် ကျင့်ကြံသူကို ကျွန်တော် လိုက် ပို့ ပါရစေ”

​“ငွေရောင်လေး... တကယ်ကို လိမ္မာပါပေတယ်”

​ခဏမျှ ကြာပြီးနောက် ချန်ကျီက ငွေရောင်လေး၏ ဂူအပြင်သို့ လျှောက်လှမ်း ထွက်လာခဲ့သည်။

​ငွေရောင်လေး၏ ဂူမှ ထွက်လိုက်သည်နှင့် ချန်ကျီက မြေပြင်ပေါ်တွင် စုပုံနေသော ဝိညာဉ်ဆေးပင် အစုအပုံကြီးကို မြင်တွေ့လိုက်ရသည်၊ ကြည့်ရသည်မှာ လတ်တလောတွင် ခူး၍ လာရောက် ပေးအပ်ထားခြင်း ဖြစ်ပုံရကာ ဝိညာဉ်ဆေးပင်များ၏ အမြစ်များနှင့် ပင်စည်များပင်လျှင် အကောင်းပကတိ ရှိနေကြဆဲ ဖြစ်သည်။

​ထို့ပြင် ဒုတိယ အဆင့် လပြည့် ခရစ်စတယ် ငွေရောင် မြွေက ထိုဝိညာဉ်ဆေးပင်များကို စောင့်ကြပ်နေခဲ့သည်။

​“အင်မော်တယ် ကျင့်ကြံသူ... ဒါတွေက အင်မော်တယ် ကျင့်ကြံသူ အလိုရှိတဲ့ ဝိညာဉ်ဆေးပင်တွေ ပါ၊ အင်မော်တယ်ကျင့်ကြံသူ တစ်ပါတည်း သိမ်းလိုက်ပါ ” လပြည့် ခရစ်စတယ် ငွေရောင် မြွေက ချန်ကျီက ငြင်းပယ်မည်ကို စိုးရိမ်နေသော်လည်း ၎င်းက ပို၍ တွေးနေခြင်းသာ ဖြစ်သည်။

​ချန်ကျီက မြေပြင်ပေါ်ရှိ ဝိညာဉ်ဆေးပင်များ အားလုံးကို တိုက်ရိုက် သိမ်းဆည်းလိုက်သည်၊ အားနာနေရန် မလိုအပ်ပေ ။

​“ဘယ်သူ သေရမလဲ၊ ဘယ်သူ ရှင်ရမလဲဆိုတာက သူတို့ကိုယ်တိုင် ရှာဖွေတဲ့ ရလဒ်တွေပဲမို့ တမင်တကာကြီး ဂရုစိုက်နေဖို့ မလိုပါဘူး။ ငါ သွားပြီ... ကျင့်ကြံခြင်း လမ်းခရီးက ဝေးလံလှတယ်၊ ရေစက်ရှိရင် ပြန်ဆုံကြတာပေါ့”

​“အင်မော်တယ် ကျင့်ကြံသူကို ရိုသေစွာ နှုတ်ဆက်လိုက်ပါတယ် ”

​“သွားပြီ ငွေရောင်လေး... မင်း လူသားအသွင် ပြောင်းလဲပြီးတဲ့နောက် မင်းကို ပြန် တွေ့နိုင်ဖို့ မျှော်လင့်ပါတယ်”

​“အင်မော်တယ် ကျင့်ကြံသူ... လမ်းခရီးမှာ ဘေးကင်းပါစေ”

​မြွေကြီး နှစ်ကောင်လုံးက ချန်ကျီ ထွက်ခွာသွားသည်ကို ရိုသေစွာဖြင့် နှုတ်ဆက် လိုက်ကြတော့သည်။

All Chapters