← Chapters

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း (၁၅၆) အတိုင်းအဆမရှိသော ကုသိုလ်

​ချန်ကျီက သူ၏ ချင်းယွမ် ဓားကို ထုတ်ယူကာ ဓားပျံစီးနင်း၍ လပြည့် ခရစ်စတယ် ငွေရောင်မြွေ၏ ဂူမှ တိုက်ရိုက် ပျံသန်းထွက်ခွာခဲ့သည်။

​ရွှေအူတိုင်အဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် လေထဲတွင် ဒီအတိုင်း ပျံသန်းနိုင်သော်လည်း ဓားပျံစီးနင်းသလောက် မမြန်ဆန်သည့်အပြင် ဤသို့ သွားရခြင်းက ပို၍လည်း မိမိုက်လှသည်။

​ချန်ကျီက ဓားပျံကို စီးနင်း၍ မကြာမြင့်မီအချိန်အထိ ပျံသန်းလာခဲ့ရာ သူ၏ ဝိညာဉ်အာရုံက မည်သည့် သက်ရှိအငွေ့အသက်ကိုမျှ မခံစားမိတော့ပေ ၊ နောက်တစ်ခဏ၌ သူက ထိုနေရာမှ ဗြုန်းစားကြီး ပျောက်ကွယ်သွားခဲ့တော့သည်။

​အနန္တနေရာလွတ် ထဲတွင်

​ချန်ကျီက သူ၏ အသိစိတ် ဖြင့် ဖန်တီးထားသော ခန္ဓာကိုယ်ပုံစံကို ထိန်းသိမ်းထားပြီး နံပါတ် ၆၆ ကိုယ်ပွား ကလည်း ဘေးနားတွင် မတ်တတ်ရပ်နေသည်။

​“ခဏနေရင် နံပါတ် ၆၀ က မင်းကို လုံချင်းမြို့ဆီ ဆင့်ခေါ်သွားပြီးတဲ့နောက် မင်းဘာသာမင်း အရင်ဆုံး လျှောက်ကြည့်လိုက်ဦး၊ အသုံးဝင်မယ့် သတင်းအချက်အလက်တွေ ပိုပြီး စုံစမ်းလို့ ရမလားလို့ပေါ့ ။ မနေ့က ငါတို့ကို လာပြီး ထောက်လှမ်းသွားတဲ့ ဝိညာဉ်အာရုံက နည်းနည်း ထူးဆန်းနေသလို ငါ ခံစားရတယ်၊ အဲ့ဒါကိုလည်း မင်း သတိထားပြီး ကြည့်ထားဦး”

​“ဟုတ်ကဲ့ပါ သခင်”

​“ကောင်းပြီ... သွားတော့၊ ကိစ္စရှိရင် ငါ့ကို တိုက်ရိုက် ဆက်သွယ်လိုက်”

​“ဟုတ်ကဲ့”

​နံပါတ် ၆၆ ကိုယ်ပွား ကို နံပါတ် ၆၀ ကိုယ်ပွား က လုံချင်းမြို့ရှိ ထိုတည်းခိုခန်းထဲသို့ ဆင့်ခေါ်သွားခဲ့ပြီ ဖြစ်သည်။

​နောက်တစ်ခဏတွင် နံပါတ် ၆၀ ကိုယ်ပွား သည်လည်း အနန္တနေရာလွတ် ထဲသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

​“ပင်ပန်းသွားပြီ... သွား တော့”

​“ဟုတ်ကဲ့ပါ သခင်”

​ကိုယ်ပွား များကို တည်နေရာ အပြန်အလှန် လဲလှယ်စေခြင်းက တကယ်ကို အဆင်ပြေလှသည်၊ ဤအရာက တည်နေရာ ရွှေ့ပြောင်းခြင်းထက်ပင် ပိုမို အသုံးဝင်ကာ မည်သည့် စွမ်းအားကုန်ဆုံးမှုမျှလည်း မရှိပေ ။

​“ရှောင်ဖျင်... ပစ္စည်းတွေ အားလုံးကို စာရင်းလုပ်ပြီးပြီလား”

​“သခင်... အချိန်နည်းနည်း ထပ်လိုပါသေးတယ်၊ သခင် သယ်လာတဲ့ ပစ္စည်းတွေက နည်းနည်း များနေလို့ပါ”

​“ရတယ်... ဒါဆို မင်းတို့ အရင်ဆုံး စာရင်းလုပ်ထားလိုက်၊ ရလဒ် ထွက်လာရင် ငါ့ကို လာပြော”

​“ဟုတ်ကဲ့ပါ သခင်”

​ချန်ကျီ ယခုတစ်ခေါက် ဟဲကွမ်းတောင်တန်းမှ သယ်ဆောင်လာခဲ့သော ပစ္စည်းများက တကယ်ပင် များပြားလှသည်၊ လပြည့် ခရစ်စတယ် ငွေရောင်မြွေ၏ ဂူကို ပြောင်သလင်းခါအောင် ယူဆောင်လာခဲ့ရုံသာ မကသေးပေ ။

​သူက အရာရာကို ဖြုန်းတီးခြင်းမရှိသည့် ကောင်းမွန်သော အလေ့အကျင့်အတိုင်း ယခင်က အစီအရင်များကို ပြန်လည် သိမ်းဆည်းစဉ်က ထျန်ကန်း ဓားအစီအရင် ဖြင့် သတ်ဖြတ်ခြင်း ခံခဲ့ရသော မိစ္ဆာသားရဲများ အားလုံးကိုပါ အနန္တနေရာလွတ် ထဲသို့ သိမ်းဆည်း ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။

​အနန္တနေရာလွတ် ထဲတွင် ရှိနေကြသော ကိုယ်ပွား များမှာ မိစ္ဆာသားရဲ အလောင်းများကို ခွဲစိတ်ထုတ်ယူရသည့် အလုပ်ကို လုံးဝ မရပ်မနား ပြုလုပ်နေခဲ့ကြရသည်။

​သူက ယခုတစ်ခေါက် ပစ္စည်းများ အလွန်များပြားနေသည်ကို တွေ့ရှိသဖြင့် အနန္တနေရာလွတ် ထဲတွင် ဆက် မစောင့်တော့ဘဲ သူ၏ အသိစိတ် ကို အနန္တနေရာလွတ် မှ ထွက် ကာ မူလ ခန္ဓာကိုယ်ထဲသို့ ပြန် ဝင်လိုက်သည်။

​“သခင်... ဒီနေ့ အစောကြီး ပြန်လာတာပဲနော်၊ ဒီနေ့ကော ဘာထူးခြားပြီး ပျော်စရာကောင်းတဲ့ ကိစ္စတွေ ရှိခဲ့လဲ”

​ကျောက်လင်းအာက အပြင်သို့ မထွက်ရသဖြင့် ချန်ကျီ ပြန်လာတိုင်း သူ အပြင်တွင် ကြုံတွေ့ခဲ့ရသော ထူးခြားသည့် ကိစ္စများကို ပြောပြမည်ကို အမြဲတမ်း မျှော်လင့်တကြီး စောင့်စားနေတတ်သည်။

​“ရှိတာပေါ့... မင်းရဲ့သခင်က စောစောတင်ပဲ သက်ရှိပေါင်းများစွာရဲ့ အသက်ဘေးကို ကယ်တင်ခဲ့တာ၊ ရရှိခဲ့တဲ့ ကုသိုလ်ကတော့ အတိုင်းအဆမရှိလှတဲ့ ကုသိုလ်ကြီးပဲပေါ့” ချန်ကျီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။

​သူက ကျောက်လင်းအာကို ဤကဲ့သို့သော ကိစ္စများ ပြောပြရသည်ကို အတော်လေး သဘောကျသလို ကျောက်လင်းအာကလည်း အလွန် ကောင်းမွန်သော နားထောင်သူတစ်ဦး ဖြစ်သည်။

​သူကိုယ်တိုင် ဤမျှအထိ အစွမ်းထက်သည့် ကိစ္စကို ပြုလုပ်ခဲ့ပြီးနောက် လူတစ်ယောက်ယောက်ကို အားရပါးရ ပြောပြလိုက်ရမှ ဖြစ်မည်၊ ရင်ထဲတွင်ပဲ သိမ်းထားရပါက အတော်လေး မွန်းကျပ်စရာ ကောင်းပေလိမ့်မည်။

​ကျောက်လင်းအာက ကောင်းမွန်သော ပရိသတ်တစ်ဦးပီပီ အံ့အားသင့် ဝမ်းသာစွာဖြင့် “တကယ်လား သခင်၊ ဒါဆို သခင်က ကျွန်မကို မြန်မြန်လေး ပြောပြပါဦး”

​ချန်ကျီက တည်ငြိမ် လေးနက်သော အမူအရာဖြင့် “ကောင်းပြီ... မလောပါနဲ့၊ မင်း အရင်ဆုံး လက်ဖက်ရည် သွားဖျော်လိုက်ဦး၊ မုန့်တွေလည်း ပြင်ဆင်ထားလိုက်၊ ပုံပြင်ပြောတယ်ဆိုတာ ပုံပြင်ပြောတဲ့ ပုံစံမျိုး ရှိရမယ် မဟုတ်လား”

​“ဟုတ်ကဲ့ပါ သခင်၊ ကျွန်မ အခုပဲ သွားပြင်ဆင်လိုက်ပါ့မယ်၊ သခင် ခဏလောက် အနားယူနေပါဦးနော်”

​ချန်ကျီက အနည်းငယ် ပြုံးလိုက်ကာ “အင်း... သွားတော့”

​ထို့နောက် ကျောက်လင်းအာက သွား ပြင်ဆင်နေခဲ့ပြီး ချန်ကျီကမူ ပက်လက်ကုလားထိုင်ပေါ်တွင် ပြန် လဲလျောင်းလိုက်သည်။

​ထိုအချိန်တွင် ချန်ကျီ၏ ဦးနှောက်ထဲ၌ တစ်စုံတစ်ခုကို ဗြုန်းစားကြီး သတိရသွားခဲ့သည်။

​“ဟော... သားရဲဒီရေလှိုင်း ကိစ္စက ပြီး သွားပြီဆိုတော့ ချန်ဖန်ကို ပြောဖို့ မေ့သွားတယ်။ သူက အခုအချိန်ဆိုရင် ချင်းယွမ်ဂိုဏ်းကို ပြန်တဲ့ လမ်းခုလတ်မှာပဲ ရှိနေဦးမှာ၊ သူ့ကို လှမ်းပြောလိုက်ရင်တောင် သူက တန်း မပြန်ဘဲ နေလို့ ရမှာ မဟုတ်ဘူး၊ သူ့ဘေးနားမှာ လူနှစ်ယောက်လည်း ပါနေသေးတာပဲ။ ထားလိုက်ပါတော့... မပြောတော့ဘူး၊ ပြောလိုက်လည်း အဓိပ္ပာယ်မရှိပါဘူး၊ အဲ့ဒီ ချင်းယွမ်ဂိုဏ်းက အကြီးအကဲတွေကို တစ်ခေါက်လောက် သွားခိုင်းလိုက်လည်း ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် သားရဲဒီရေလှိုင်း ဖြစ်ပွားခဲ့တာက အမှန်ပဲဥစ္စာ၊ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သဲလွန်စတွေကလည်း အဲ့ဒီမှာ ရှိနေတုန်းပဲဆိုတော့ သူတို့ဘာသာသူတို့ သွားကြည့်ကြပါစေ”

​“သခင်... လက်ဖက်ရည်နဲ့ မုန့်တွေ ပြင်ဆင်ပြီးပါပြီ”

​“ကောင်းပြီ”

​ဟဲကွမ်းတောင်တန်း၏ အပြင်ဘက်တွင်

​လျိုထိုင် အပါအဝင် လူလေးဦးမှာ အမြန်ဆုံးနှုန်းဖြင့် ဟဲကွမ်းတောင်တန်း၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြရာ ဤလမ်းတစ်လျှောက်လုံးတွင် သူတို့၏ အရှေ့၌ မိစ္ဆာသားရဲများ ဗြုန်းစားကြီး ထွက်ပေါ်လာမည်ကို စိုးရိမ်တကြီးဖြင့် ရင်တထိတ်ထိတ် ဖြစ်နေခဲ့ကြရသည်။

​သို့သော် လမ်းတလျှောက်လုံးတွင် အရာရာတိုင်းက အေးချမ်းသာယာလွန်းနေပြီး သားရဲဒီရေလှိုင်း ဖြစ်ပွားမည့် မည်သည့် အရိပ်အယောင်မျှ လုံးဝ မတွေ့ရပေ ။

​သို့သော် ယခုအချိန်တွင် အနည်းဆုံးတော့ အချက်တစ်ခုကို အတည်ပြုနိုင်ပြီ ဖြစ်သည်၊ သားရဲဒီရေလှိုင်း ဖြစ်ပွားခဲ့လျှင်ပင် ထိုလှိုင်းလုံးကြီးက ဝမ်နန်မြို့ရှိရာ ဘက်သို့ ဦးတည်လာခြင်း မဟုတ်ပေ ။

​ထို့ပြင် အခြေအနေက ဤသို့ ဖြစ်ပျက်နေလေလေ၊ သူတို့၏ ရင်ထဲ၌ ပိုမို အံ့အားသင့် ဝမ်းသာမိလေလေ ဖြစ်ကာ၊ ဓားပျံစီးနင်းသည့် အမြန်နှုန်း ကိုလည်း ပိုမို မြှင့်တင်လိုက်ပြီး ဟဲကွမ်းတောင်တန်းသို့ စောစောစီးစီး ရောက်ရှိရန်သာ အာရုံစိုက်ထားကြသည်။

​နောက်ဆုံးတွင် သူတို့က မိုးမမှောင်မီလေးတင် ဟဲကွမ်းတောင်တန်း၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြတော့သည်။

​သို့သော် ဟဲကွမ်းတောင်တန်း၏ အပြင်ဘက်သို့ ရောက်သည်နှင့် သူတို့က မတူညီသော သဲလွန်စအချို့ကို သတိပြုမိလိုက်ကြသည်။

​“မြို့သခင်လျို... ဒီနေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သဲလွန်စတွေ ရှိနေတယ်၊ အဲ့ဒီ တိုက်ပွဲရဲ့ အတိုင်းအတာကလည်း မသေးလှဘူး ထင်တယ်”

​လျိုထိုင်သည်လည်း မိစ္ဆာသားရဲများ၏ နင်းချေခြင်းကို ခံထားရသော သစ်ပင်ပန်းမာန်များကို မြင်တွေ့လိုက်ရပြီး လေထုထဲတွင်လည်း သွေးညှီနံ့များဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။

​“အားလုံးပဲ သတိထားကြ၊ အခု သားရဲဒီရေလှိုင်းရဲ့ အခြေအနေက မပြတ်သားသေးဘူး၊ အချိန်မရွေး မျှော်လင့်မထားတဲ့ အန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်တယ်”

​“ဒီနေရာမှာလည်း မိစ္ဆာသားရဲတွေကို မတွေ့ရဘူး၊ ငါတို့ လာတဲ့ လမ်းမှာလည်း မတွေ့ခဲ့ရဘူးဆိုတော့ ငါတို့ တောင်ထဲကို ဆက်ပြီး သွားကြဦးမလား”

​လျိုထိုင်က ခဏမျှ စဉ်းစားပြီးနောက် “ဟဲကွမ်းတောင်တန်းရဲ့ အပြင်ဘက် ပတ်ပတ်လည်ကိုပဲ အရင် လှည့်ပတ်ကြည့်ရအောင်၊ ငါ ခံစားနေရတာက ဒီနေရာမှာ ဖော်ပြလို့မရတဲ့ ထူးဆန်းမှုတစ်ခု ရှိနေသလိုပဲ”

​အကြီးအကဲ လျူနှင့် အကြီးအကဲ ကျန်းတို့က ရှန်းဝမ်စန်းကို လှမ်းကြည့်လိုက်ကြရာ ရှန်းဝမ်စန်းကတော့ အစကတည်းက ယခုအချိန်အထိ တစ်ခွန်းမျှ စကားမဆိုသေးပေ ။

​ရှန်းဝမ်စန်းကတော့ မည်သည်ကို ပြောရမှန်း တကယ်ကို မသိခြင်း ဖြစ်သည်၊ အကြောင်းမှာ သူ ဤနေရာသို့ ရောက်ကတည်းက အလွန် ရင်းနှီးနေသော အငွေ့အသက်အချို့ကို ခံစားမိနေသောကြောင့်ပင်။

​ရင်းနှီးသောသူ ချန်ထားခဲ့သည့် အငွေ့အသက်များ ရှိနေသလို ရင်းနှီးသော အစီအရင် သဲလွန်စများလည်း ရှိနေသည်။

​သူက ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို အခြေခံအားဖြင့် အတည်ပြုနိုင်ပြီ ဖြစ်သော်လည်း ယခုက အတည်ပြုရမည့် အချိန်မဟုတ်သလို အတည်ပြုနိုင်ခဲ့လျှင်ပင် သူက ထုတ်ပြော၍ မရပေ ။

​“ကျွန်တော်လည်း မြို့သခင်လျိုရဲ့ အကြံဉာဏ်ကို သဘောတူပါတယ်၊ ထပ်ပြီး ပတ်ကြည့်သင့်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့ သတိတော့ ထားရမယ်”

​“ကောင်းပြီ... ဒါဆို ဆက်သွားကြမယ်၊ အားလုံး သတိအပြည့်ထားကြ၊ ကိုယ့်ရဲ့ အငွေ့အသက်တွေကိုလည်း ဖျောက်ထားကြဦး၊ ငါတို့ ဒီတစ်ခေါက်တော့ အမြန်နှုန်း ကို နည်းနည်း မြှင့်ရမယ်။ မကြာခင် မိုးချုပ်တော့မှာမို့ အဲ့ဒီကျရင် ဘာမှ မြင်ရတော့မှာ မဟုတ်ဘူး”

​“မြို့သခင်လျို... မင်း က ရွှေအူတိုင်အဆင့် ကျင့်ကြံသူကြီး ဖြစ်နေပြီပဲ၊ မိုးချုပ်သွားရင်တောင် မင်းအတွက် ကြီးကြီးမားမား သက်ရောက်မှု မရှိနိုင်ပါဘူး မဟုတ်လား”

​“ဟုတ်ပ... မြို့သခင်လျို၊ ရွှေအူတိုင်အဆင့်ကို တက် ရတာ ဘယ်လို ခံစားချက်မျိုးလဲ”

​လျိုထိုင်လည်း အတန်ငယ် မတတ်သာတော့ပေ ၊ ဤလမ်းတစ်လျှောက်လုံးတွင် လေငြိမ်လှိုင်းငြိမ် ဖြစ်နေခဲ့သဖြင့် ဤမိသားစု ခေါင်းဆောင်ကြီး နှစ်ဦးမှာ သူတို့ကိုယ်သူတို့ လွတ်လပ်ပေါ့ပါးလွန်းနေကြပြီး လမ်းတလျှောက်လုံး သူ့ကို မေးခွန်းများ တရစပ် မေးမြန်းနေခဲ့ကြသည်။

​ထို့ပြင် ၎င်းတို့နှစ်ဦးက ရံဖန်ရံခါတွင် စကားနိုင်လု ငြင်းခုံနေကြသေးသဖြင့် လျိုထိုင်မှာ ကြားထဲကနေ ဖျန်ဖြေပေးနေရရှာသည်။

​“မိသားစုခေါင်းဆောင် နှစ်ဉီး... ကျွန်တော်တို့ အရင်ဆုံး အရေးကြီးကိစ္စကို အရင် လုပ်ကြရအောင်၊ ခင်ဗျားတို့ မေးတဲ့ ကိစ္စတွေကိုတော့ ပြန်ရောက်တဲ့အခါကျရင် ကျွန်တော် နှစ်ရက်နှစ်ညဆက်တိုက် ပြောပြပေးမယ်ဆိုရင်တောင် ပြဿနာမရှိပါဘူး”

​“အားနာစရာပဲ... အားနာစရာပဲ၊ မြို့သခင်လျို ပြောတာ မှန်ပါတယ်၊ ပြန်ရောက်မှ ပြောကြတာပေါ့၊ ပြန်ရောက်မှ ပြောကြတာပေါ့”

​လျိုထိုင်နှင့် ရှန်းဝမ်စန်းတို့ နှစ်ဦးမှာ စကားမဆိုဘဲ တစ်ဦးကိုတစ်ဦး လှမ်းကြည့်ကာ ပြုံးလိုက်ကြတော့သည်။

​“သွားကြစို့”

​လျိုထိုင် အပါအဝင် လူလေးဦးမှာ ဟဲကွမ်းတောင်တန်း၏ အပြင်ဘက်ကို ဆက်လက် စူးစမ်းရှာဖွေခဲ့ကြသည်။

​ကောင်းကင်ယံက တဖြည်းဖြည်း မှောင်မိုက်လာခဲ့ပြီ ဖြစ်ရာ လူလေးဦးမှာ ဟဲကွမ်းတောင်တန်း၏ အပြင်ဘက် ပတ်ပတ်လည်ကို တစ်ပတ် အပြည့် လှည့်ပတ်ကြည့်ပြီးနောက် သူတို့ စတင် ဝင်ရောက်ခဲ့သော နေရာသို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။

​ဤတစ်ပတ်လုံး လှည့်ပတ်ကြည့်ခဲ့ရာတွင် မိစ္ဆာသားရဲများကိုမူ သူတို့ တွေ့ရှိခဲ့ကြသော်လည်း သားရဲဒီရေလှိုင်းကိုမူ တစ်စက်မျှ မမြင်တွေ့ခဲ့ရဘဲ အရာရာတိုင်းက ထူးဆန်းစွာ ငြိမ်သက်နေခဲ့သည်။

​“ဒါဆို ဝမ်နန်မြို့ကို ပြန်ပြေးကြတဲ့သူတွေ ယူဆောင်လာတဲ့ သတင်းက သတင်းအမှား ဖြစ်နေတာလား” အကြီးအကဲ လျူက ဇဝေဇဝါဖြင့် မေးလိုက်သည်။

​လျိုထိုင်က ခေါင်းခါယမ်းလိုက်ကာ စဉ်းစားရင်း “မတူဘူး၊ ကျွန်တော်တို့ ဒီတစ်ပတ်လုံး ပတ်ကြည့်ခဲ့တာ၊ သားရဲဒီရေလှိုင်းကို မတွေ့ခဲ့ရပေမဲ့ မိစ္ဆာသားရဲတွေနဲ့ ကျင့်ကြံသူတွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သဲလွန်စတွေကတော့ နေရာအနှံ့မှာ ရှိနေတာပဲ။ ပြီးတော့ ကျွန်တော်တို့ အခု ရပ်နေတဲ့ နေရာမှာတင်ပဲ မိစ္ဆာသားရဲ အမြောက်အမြား ဖြတ်သန်းသွားခဲ့တဲ့ သဲလွန်စတွေ ရှိနေသလိုပဲ။ ဒါပေမဲ့ ဒီမိစ္ဆာသားရဲတွေက နောက်ဆုံးမှာ ဒီနေရာမှာတင်ပဲ တားဆီးခြင်း ခံလိုက်ရပြီး ဟဲကွမ်းတောင်တန်းထဲကနေ မထွက်ခွာနိုင်ခဲ့ကြပုံရတယ်”

All Chapters