← Chapters

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း (၁၅၈) မြို့သခင်တို့ ပြန်လာကြပြီ

​“သခင်... ကျွန်တော်တို့ အခုဆိုရင် နည်းနည်း ကျွမ်းကျင် နေပါပြီ။ သာမန် အိမ်တစ်လုံး ဆောက်ဖို့ဆိုရင်တော့ ကျွန်တော်တို့ ဆောက်လုပ်နိုင်ပေမဲ့ စာကြည့်တိုက်ကြီးတစ်ခု ဆောက်ဖို့ကျတော့ တစ်ခုခု လိုအပ်နေသေးသလို အမြဲ ခံစားရလို့ပါ ။ ဒါပေမဲ့ သခင် ခိုင်းထားတဲ့ စာအုပ်စင်တွေကိုတော့ ကျွန်တော်တို့ အကုန် လုပ်ပြီးပါပြီ၊ သခင် ဝယ်လာတဲ့ စာအုပ်တွေကိုလည်း အဲ့ဒီပေါ်မှာ အကုန် တင်ထားပေးပြီးပါပြီ။ အားလုံးက အားလပ်တဲ့ အချိန်တွေမှာ ဒီစာအုပ်တွေကို ဖတ် ပြီး လေ့လာနေကြပါတယ်”

​“စာကြည့်တိုက် ဆောက်တဲ့ ကိစ္စက မလောနဲ့၊ မင်းတို့ အရင်ဆုံး ပုံစံတည်ဆောက်ပုံကို အရင် ချထားလိုက်၊ နောက်မှ အပြင်အဆင် ပိုင်းကို ဖြည်းဖြည်းချင်း စဉ်းစားလည်း ရတယ်။ အရင်ဆုံး လက်တွေ့ ဆောက်ကြည့်လိုက်၊ တကယ်လို့ အဆင်မပြေရင် ဖျက်ပြီး ပြန်ဆောက်လည်း ရတာပဲ၊ ရဲရဲဝံ့ဝံ့ စမ်းသပ်ကြည့်ကြ။ လာ... မင်းတို့ လုပ်ထားတဲ့ စာအုပ်စင်တွေကို ငါ့ကို လိုက်ပြဦး”

​“ဟုတ်ကဲ့ပါ သခင်”

​ရှောင်ဖျင်က ချန်ကျီကို စာအုပ်စင်များ ထားရှိရာ နေရာသို့ ဦးဆောင်ခေါ်သွားခဲ့သည်။

​ချန်ကျီ ရောက်ရှိလာသည်နှင့် အထဲတွင် နားနေရင်း စာဖတ်နေကြသော ကိုယ်ပွားများမှာ ချက်ချင်း ထရပ်ကာ သူ့ကို အရိုအသေ ပေးကြသည်။

​ချန်ကျီက ခေါင်းငြိမ့်ပြကာ ၎င်းတို့ကို ဆက်လုပ်ရန် အချက်ပြလိုက်သည်၊ လေ့လာလိုစိတ် ရှိခြင်းက ကောင်းမွန်သော ကိစ္စပင် ဖြစ်သည်။

​ချန်ကျီက စာအုပ်စင်များကို ကြည့်လိုက်ရာ ကိုယ်ပွားများ၏ လက်ရာမှာ မဆိုးလှပေ ၊ ထို့ပြင် ၎င်းတို့က စားပွဲနှင့် ကုလားထိုင် အချို့ကိုပါ ပြုလုပ်ထားကြသေးသည်။

​စာဖတ်ခန်းတစ်ခုကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနိုင်သော်လည်း ယခုအချိန်တွင်မူ နေရာလွတ် ဖြစ်နေဆဲ ဖြစ်သည်။

​ချန်ကျီသည်လည်း ဤကိုယ်ပွားများမှာ သူ့ကဲ့သို့ပင် ထက်မြက်သော ဉာဏ်ရည်ရှိကြပြီး သူ တတ်မြောက်ထားသမျှကိုလည်း ဤကိုယ်ပွားများ တတ်မြောက်ကြသည်ကို စောစောကတည်းက သတိပြုမိထားသည်။

​သို့သော် ချန်ကျီ တတ်မြောက်ထားသောအရာနှင့် ကိုယ်ပွားများ တတ်မြောက်သောအရာကြားတွင် ကွာခြားချက် အချို့ ရှိနေသေးသည်၊ သူ တတ်မြောက်ထားသော မန္တန် နှင့် ကျင့်စဉ် များကိုမူ ကျင့်ကြံခြင်း အဆင့်ကဲ့သို့ပင် ကိုယ်ပွားများထံသို့ တိုက်ရိုက် တစ်ပြိုင်နက်တည်း ပေးပို့နိုင်သော်လည်း ချန်ကျီ၏ ဦးနှောက်ထဲမှ မှတ်ဉာဏ်များနှင့် အတွေးအခေါ်များမှာမူ ကိုယ်ပွားများ၏ ဦးနှောက်ထဲမှ မှတ်ဉာဏ်များနှင့် မတူညီကြပေ ။

​ချန်ကျီ ဖတ်ရှုခဲ့ဖူးသော စာအုပ်များ၊ လေ့လာခဲ့ဖူးသော ဗဟုသုတများကို ကိုယ်ပွားများထံသို့ တစ်ပြိုင်နက်တည်း ပေးပို့၍ မရနိုင်သလို ကိုယ်ပွားများ ကြုံတွေ့ခဲ့ရသော ကိစ္စများကိုလည်း ချန်ကျီထံသို့ တိုက်ရိုက် မျှဝေ၍ မရနိုင်ပေ ။

​ပြောရမည်ဆိုလျှင် ချန်ကျီက ကိုယ်ပွားများထံသို့ မျှဝေပေးနိုင်သည်မှာ ကျင့်ကြံခြင်းအဆင့်နှင့် မန္တန် များသာ ဖြစ်ပြီး ထို့အပြင် ကိုယ်ပွားများက သူနှင့်အတူ အနန္တနေရာလွတ်ကို အတူတကွ အသုံးပြုနိုင်ကြခြင်း ဖြစ်သည်။

​အနန္တနေရာလွတ်က ကိုယ်ပွားများ၏ အိမ်ကဲ့သို့ ဖြစ်နေသည်။

​သို့သော် ကိုယ်ပွားများက ချန်ကျီကိုယ်စား အနန္တနေရာလွတ်ထဲရှိ လုပ်ဆောင်ချက်အခန်း များကိုမူ အစားထိုး အသုံးပြု၍ မရနိုင်ပေ ။

​အနန္တနေရာလွတ်ထဲတွင် ကိုယ်ပွားများအနေဖြင့် နားနေဆောင်ကို အသုံးပြု၍ အင်အား ပြန်လည်ဖြည့်တင်းနိုင်ခြင်းမှလွဲ၍ ကျန်ရှိသော နေရာများအားလုံးတွင် ၎င်းတို့က ချန်ကျီကိုယ်စား အစားထိုး အသုံးမပြုနိုင်ကြပေ ။

​အနန္တနေရာလွတ်ထဲတွင် အမြဲတမ်း တည်ရှိနေသော အနန္တဆိုင် ထဲသို့ပင် ကိုယ်ပွားများမှာ ဝင်ရောက်ရုံသာ ဝင်ရောက်နိုင်ပြီး ချန်ကျီကဲ့သို့ ဝယ်ယူမှု မျက်နှာပြင်ကို ဖွင့်လှစ်ခြင်း သို့မဟုတ် ထို ဝတ်စုံစိမ်းအမျိုးသမီးထံမှ ပစ္စည်းများ ဝယ်ယူခြင်းတို့ကို မပြုလုပ်နိုင်ကြပေ ။

​ချန်ကျီက ယခင်က ရှောင်ဖျင်နှင့် ရှောင်အန်းတို့ကို အနန္တနေရာလွတ်ထဲရှိ ကိစ္စအားလုံးကို စီမံခိုင်းရန် တွေးခဲ့ဖူးပြီး ပစ္စည်းများ လဲလှယ်ခြင်းနှင့် ပြန်လည်ရောင်းချခြင်း ကိစ္စ နှစ်ခုကိုပါ ၎င်းတို့ထံ လွှဲအပ်ရန် ကြံစည်ခဲ့ဖူးသည်။

​သို့သော် နောက်ဆုံးတွင်မူ သူ အတွေးလွန်သွားခဲ့မှန်း ချန်ကျီ သိရှိလိုက်ရသည်။

​အနန္တနေရာလွတ်၏ လုပ်ဆောင်ချက် အားလုံးက သူတစ်ဦးတည်း၌သာ အသုံးပြုပိုင်ခွင့် ရှိပြီး အရာရာတိုင်းက သူ့အတွက်သာ ဝန်ဆောင်မှု ပေးနေခြင်း ဖြစ်သည်။

​၎င်းနှင့် မတူညီဘဲ ထူးခြားနေသည့် တစ်ခုတည်းသော နေရာမှာ ဝိညာဉ်စိုက်ခင်း ဖြစ်ပြီး ချန်ကျီလည်း စိုက်ပျိုးနိုင်သလို ကိုယ်ပွားများလည်း စိုက်ပျိုးနိုင်ကြသည်။

​ဤအကြောင်းအရင်းများကိုလည်း သူက ဆက်လက် ရှာဖွေစူးစမ်းနေဆဲ ဖြစ်သည်။

​“အဖွဲ့ ၂၀ ပြန်လာတဲ့ အခါကျရင် သူတို့ကို တာဝန်သစ်တစ်ခု ထပ်ပေးလိုက်မယ်။ သူတို့ ရောက်နေတဲ့ မြို့တွေမှာ ရှိသမျှ စာအုပ်တွေကို တတ်နိုင်သမျှ များများ စုဆောင်းလာခဲ့ကြဖို့ပဲ၊ အနန္တနေရာလွတ်ထဲမှာ မရှိသေးတဲ့ စာအုပ်မှန်သမျှ အကုန် စုဆောင်းလာခဲ့လို့ ရတယ်။ မင်းတို့ လုပ်ထားတဲ့ စာအုပ်စင်တွေက မဆိုးပါဘူး၊ နောက်ထပ်လည်း ပိုပြီး လုပ်ထားလို့ ရသေးတယ်၊ စားပွဲနဲ့ ကုလားထိုင်တွေကိုလည်း ပိုလုပ်ထားလိုက်၊ နောက်ကျရင် ကိုယ်ပွားတွေ ဒီထက်မက ပိုများလာဦးမှာ”

​“ဟုတ်ကဲ့ပါ သခင်”

​ထို့နောက် ချန်ကျီက အနန္တဆိုင်ထဲသို့ ဝင်ရောက်ကာ ရှောင်ဖျင်တို့ ရှင်းလင်းထားသော ပစ္စည်းများ အားလုံးကို ဝတ်စုံစိမ်းအမျိုးသမီးထံသို့ ပြန်လည် ရောင်းချလိုက်သည်။

​နောက်ဆုံး ပြန်လည်ရောင်းချ၍ ရရှိလာသော အမှတ်ပမာဏမှာလည်း ရှောင်ဖျင်တို့ တွက်ချက်ထားသော အရေအတွက်နှင့် ထပ်တူပင် ဖြစ်သည်။

​“အခု ငါ့မှာ အမှတ် ၁၀၀၀၀ ရှိနေပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သိန်း၊ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၃၀၀ ရှိတယ်၊ ဒါပေမဲ့ အခုလည်း လျှောက်ပြီး သုံးလို့မရသေးဘူး၊ နောက်ထပ် ရက်အနည်းငယ်လောက် ထပ်စောင့်ရဦးမယ်”

​ဤဝင်ငွေများကို ကြည့်ကာ ချန်ကျီက မချိပြုံး ပြုံးလိုက်မိသည်။

​ဤမျှအထိ အမှတ်များ ရှိနေသော်လည်း သူက မြေကြီး အဆင့် အဆင့်မြင့် ကျင့်စဉ်များနှင့် လက်နက်များကို ဝယ်ယူနိုင်စွမ်း မရှိသေးပေ ။

​အနန္တ ကုန်စုံဆိုင် အခု ၂၀ သာ ဖွင့်ပြီးပါက ဤ ဝိညာဉ်ကျောက်တုံး နှစ်သိန်းမှာ ပစ္စည်းများ ပြန်လည် ဝယ်ယူရန်အတွက် လည်ပတ် ငွေအဖြစ် အသုံးပြုရမည် ဖြစ်သည်။

​ထို့ပြင် ဆိုင် အခု ၂၀ စလုံးအတွက် အစီအရင်များ ခင်းကျင်း ရဦးမည် ဖြစ်ရာ ဤအရာကလည်း အသုံးစရိတ် မနည်းလှပေ ။

​အမှတ် ၁၀၀၀၀၀ ကိုလည်း သူက တစ်မှတ်မျှ အလဟဿ အသုံးမပြုနိုင်ပေ ၊ ဤအရာများမှာ ဆိုင် အခု ၂၀ တွင် ချပြရောင်းချမည့် ကုန်ပစ္စည်းများအတွက် ကနဦး မတည်ငွေများ ဖြစ်သည်။

​“ဒါပေမဲ့လည်း မကြာတော့ပါဘူး၊ ဆိုင် အခု ၂၀ သာ ဖွင့်နိုင်ရင် ဆယ်ဆမက များပြားတဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ အမှတ်တွေက ငါ့ကို စောင့်ကြိုနေမှာ၊ အဲ့ဒီကျမှ မြေကြီး အဆင့် အဆင့်မြင့် ကျင့်စဉ်တွေနဲ့ လက်နက်တွေကို အကုန် စီစဉ်ရမယ်”

​အမည် - ချန်ကျီ

ကျင့်ကြံခြင်း - ရွှေအူတိုင်အဆင့် ၁ (၁၂၈/၄၀၀)

ပါရမီ - မြေကြီး အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်

ကျင့်စဉ် -

ရွှမ်ထျန်းလု (ပြီးပြည့်စုံ ခြင်း) ၇၅၇/၈၀၀

မန္တန် -

နှလုံးဖောက်တိုက်ခိုက်မှု (ကျွမ်းကျင်) ၁/၂၀၀

ဝိညာဉ်ရှာဖွေခြင်း (ဆရာသခင်) ၄၉၉၀/၅၀၀၀

(ကျွမ်းကျင်မှုအဆင့် ဒဏ္ဍာရီအဆင့် မန္တန်များကို ချန်လှပ်ထားပါသည်)

အနန္တနေရာလွတ် - အဆင့် ၄

​“ဝိညာဉ်ရှာဖွေခြင်းက ဒီနေ့ဆိုရင် ဒဏ္ဍာရီအဆင့်ကို ရောက်တော့မှာပဲ၊ ကြည့်ရတာ နှလုံးဖောက်တိုက်ခိုက်မှု ကိုလည်း ရက်အနည်းငယ်လောက် အရင် ကျင့်ကြံထားလို့ ရပြီ”

​“ရွှေအူတိုင်အဆင့်ကို တက် ပြီးတဲ့နောက် ကျင့်ကြံခြင်းအဆင့် မြှင့်တင်ဖို့ လိုအပ်ချက်က ပိုပြီး မြင့်မားသွားတယ်၊ အရင်လို သုံးရက်အတွင်း ကျင့်ကြံခြင်း တစ်ဆင့် တက်နိုင်တဲ့ အမြန်နှုန်း မျိုး မရှိတော့ဘူး။ အခုဆို အောင်မြင်ခြင်းအဆင့်ရှိတဲ့ ရွှမ်ထျန်းလုကို တစ်ကြိမ် ကျင့်ကြံရင် ကျင့်ကြံခြင်းအမှတ် ၃ မှတ်ပဲ တက်တယ်၊ တစ်ဆင့် တက်ဖို့အတွက် အမြန်ဆုံးက ခြောက်ရက်လောက် အချိန်ယူရမယ်။ ရွှမ်ထျန်းလုရဲ့ ကျွမ်းကျင်မှုအဆင့် နောက်ထပ် တစ်ဆင့် ထပ်တက်သွားရင်တော့၊ တစ်ကြိမ် ကျင့်ကြံတိုင်း တက်မယ့် ကျင့်ကြံခြင်းအမှတ်ကလည်း တိုးလာလိမ့်မယ်။ တကယ်လို့ အမြန်နှုန်း က နှေးနေသေးရင်တော့ ပိုပြီး မြင့်တဲ့ ကျင့်စဉ်တစ်ခုခုကို လဲလှယ်ပြီး စမ်းကြည့်ရမယ်”

​ချန်ကျီတွင် ယခင်ကတည်းက ကျင့်စဉ်လဲလှယ်ရန် အစီအစဉ် ရှိခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ရွှမ်ထျန်းလု၏ ကျွမ်းကျင်မှုအဆင့် မြင့်တက်လာပြီး တစ်ကြိမ် ကျင့်ကြံတိုင်း ရရှိသော ကျင့်ကြံခြင်းအမှတ် တိုးလာခဲ့သဖြင့် သူက ပိုကောင်းသော ကျင့်စဉ်ကို အလောတကြီး မလဲလှယ်တော့ဘဲ ဤ အဝါရောင် အဆင့် ကျင့်စဉ်ကိုသာ ဆက်လက် ကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။

​ပိုမိုကောင်းမွန်သော ကျင့်စဉ်ကို လဲလှယ်လိုက်ပါက အကျိုးသက်ရောက်မှု ပိုမိုကောင်းမွန်ပြီး စွမ်းအား ပိုမို အားကောင်း လာနိုင်သည်ကို သူ သိရှိသော်လည်း ကျင့်ကြံခြင်းလည်ပတ်မှု အရေအတွက် ပေါ် မူတည်၍ ကျင့်ကြံခြင်းအမှတ် တိုးတက်သည့် စနစ်အရ ဖြစ်သည်။

​သူသာ ကျင့်စဉ်အသစ်ကို လဲလှယ်လိုက်ပါက ကျွမ်းကျင်မှုအဆင့်က စဦးအဆင့် သို့ ပြန်လည် ရောက်ရှိသွားပေလိမ့်မည်။

​ထိုသို့ဆိုလျှင် ကျင့်စဉ်အသစ်ကို ၅ ကြိမ် ကျင့်ကြံမှသာ ကျင့်ကြံခြင်းအမှတ် ၁ မှတ် တိုးမည် ဖြစ်ရာ ကျင့်ကြံခြင်းအဆင့် တိုးတက်မှုနှုန်းမှာ သေချာပေါက် ပြန်လည် နှေးကွေးသွားပေလိမ့်မည်။

​ယခုအချိန်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်က နိမ့်ပါးနေဆဲ ဖြစ်သဖြင့် နယ်ပယ်ကို လျင်မြန်စွာ မြှင့်တင်နိုင်ခြင်းကသာ အဓိက သော့ချက် ဖြစ်သည်။

​ကျင့်စဉ်၏ အကျိုးသက်ရောက်မှုနှင့် စွမ်းအားကိုမူ အနာဂတ် တွင် နယ်ပယ် မြင့်မားလာသည့်အခါမှ ပိုမို မြင့်မားသော ကျင့်စဉ်ကို လဲလှယ်လျှင်လည်း အချိန်မီပါသေးသည်။

​ထို့နောက် ချန်ကျီက အချက်အလက် မျက်နှာပြင်ကို ပိတ်လိုက်ကာ သူ၏ အသိစိတ်ကို မူလခန္ဓာကိုယ်ထဲသို့ ပြန်ဝင် လိုက်သည်။

​ကောင်းကင်ယံကလည်း စောစောကတည်းက မှောင်မိုက်နေခဲ့ပြီ ဖြစ်ရာ သူသည်လည်း ယနေ့ တစ်နေ့လုံး ပင်ပန်းနေခဲ့သဖြင့် အခြားကိစ္စများကို ထပ်မံ မပြုလုပ်တော့ဘဲ တိုက်ရိုက် သွား အနားယူလိုက်တော့သည်။

​အခြားတစ်ဖက်တွင်

​ရှန်းဝမ်စန်း အပါအဝင် လူလေးဦးမှာ ဝမ်နန်မြို့သို့ နီးကပ်စွာ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။

​၎င်းတို့ လေးဦး ယူဆောင်လာခဲ့သော သတင်းက တစ်မြို့လုံးကို သေချာပေါက် တုန်လှုပ်သွားစေမည် ဖြစ်ပြီး အချို့လူများအတွက်မူ တုန်လှုပ်ခြောက်ခြားမှုကို ခံစားရစေပေလိမ့်မည်။

​လျိုထိုင် ရွှေအူတိုင်အဆင့်သို့ ချိုးဖျက် အောင်မြင်သွားခဲ့သည့် သတင်းမှာ သူ ဝမ်နန်မြို့မှ ထွက်ခွာ၍ သားရဲဒီရေလှိုင်း အခြေအနေကို သွားရောက် စူးစမ်းစဉ်ကတည်းက ဝမ်နန်မြို့တစ်မြို့လုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ဖြစ်သည်။

​၎င်းတို့ လေးဦးထံမှ သားရဲဒီရေလှိုင်း ဆုတ်ခွာသွားခဲ့ပြီ ဖြစ်ကြောင်း သတင်းကို ယူဆောင်လာသည့်အခါ ထို တကိုယ်တော်ကျင့်ကြံသူ များအတွက်မူ ကိစ္စမရှိသော်လည်း​ထွက်ပြေးတိမ်းရှောင်ရန် ရွေးချယ်ခဲ့ကြသော မိသားစု အင်အားစုများအတွက်မူ အနာဂတ် တွင် မြို့သခင်အိမ်တော် နှင့် မည်သို့ မည်ပုံ ဆက်ဆံရမည်ဆိုသည်မှာ ၎င်းတို့ သေချာပေါက် တွေးရမည့် ပြဿနာ ဖြစ်လာတော့သည်။

​“အဲ့... အဲ့ဒါ မြို့သခင်ပဲ၊ မြို့သခင် ပြန်လာပြီ”

​“ဆိုင်ရှင်ရှန်းတို့လည်း ပြန်လာကြပြီဟေ့”

​အံ့ဩတုန်လှုပ်သံများနှင့် ဝမ်းသာအားရ အော်ဟစ်သံများက အပြန်အလှန် ထွက်ပေါ်လာခဲ့သည်။

​မြို့တံခါးကိုပင် ဖွင့်ရန် မလိုအပ်ဘဲ ဓားပျံလေးစင်းက အလင်းတန်းလေးခုကို တန်းလျက် ဝမ်နန်မြို့၏ မြို့ရိုးထက်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်ကြတော့သည်။

All Chapters