← Chapters

အပိုင်း(၁၂၈၄)

Vol. 94 Ch. 1284

အပိုင်း(၁၂၈၄)

Vol. 94 Ch. 1284

“လောကရဲ့မီး…ငါ့အမိန့်ကို နာခံစေ…လောင်ကျွမ်းစေ…” ဝမ်လင်း၏အသံသည် အေးစက်နေ၏။ သူ ထိုသို့ ပြောလိုက်ချိန်တွင် ကင်းခြေများပတ်လည်ရှိမီးသည် စတင်ပြောင်းလဲသည်။

ဝမ်လင်း၏ဟင်္သာငှက်က ၎င်း၏တတိယကြိမ်မြောက်နိုးထခြင်းကို ဖြတ်သန်းပြီးနောက် မီးဥပဒေသနှင့် ပေါင်းစပ်သွားကာ ဥပဒေသ၏အစိတ်အပိုင်း ဖြစ်လာခဲ့ပေသည်။ ဝမ်လင်းရှေ့၌ ထိုကင်းခြေများများ၏မီးများသည် ဥပဒေသပြင်ပတွင် မရှိခဲ့ပါက ဝမ်လင်း စိတ်ဆန္ဒတစ်ခုဖြင့်ပင် ၎င်းမီးကို ငြှိမ်းသေစေနိုင်သည်။

ဝမ်လင်း၏စကားလုံးများ ကျဆင်းလာခိုက်တွင် အနီရောင်ကင်းခြေများ ပတ်လည်ရှိ မီးပင်လယ်သည် ရုတ်တရက် တုန်ခါ၏။ထို့နောက် ယင်းမီးတို့က ကင်းခြေများထံ တိုးဝင်သည်။

တစ်ချိန်တည်းမှာပင် ကင်းခြေများ၏ခန္ဓာကိုယ်အတွင်း၌ တစီစီအသံများ ထွက်ပေါ်လာသည်။ ၎င်း၏ခန္ဓာကိုယ်ကနေ ပိုအစွမ်းထက်သောမီးက ရုတ်တရက် ပေါက်ကွဲထွက်လာလေ၏။

ကင်းခြေများ၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှု ပြည့်နှက်သွားစဉ် ၎င်း၏ခန္ဓာကိုယ်ထဲမှ မီးသည် ဝုန်းခနဲ ပေါက်ကွဲထွက်သည်။ ငြီးတွားအော်ဟစ်သံများ ညံသွားလျက် သိပ်မကြာခင်တွင် ယင်းအသံတို့ ရပ်တန့်သွားသည်။

ပေတစ်ထောင်ခန့်မီးလုံးတစ်လုံး ပေါ်လာကာ ပတ်ဝန်းကျင်မြူခိုးများကို လင်းလက်စေသည်။ ၎င်းက တဖြည်းဖြည်းဖြင့် ငြှိမ်းသေသွားကာ အတွင်းရှိ ကင်းခြေများသည်လည်း ပြာအဖြစ် လောင်ကျွမ်းခံလိုက်ရတော့သည်။

ထိုအရာများက ချက်ခြင်းလိုလို ဖြစ်ပျက်သွားခြင်းပင်။ ဝမ်လင်းက သူ့လက်ကို ပင့်မြှောက်လိုက်ရုံသာ ရှိ၏။

သူက ရလဒ်ကို ကြည့်ပင် မကြည့်ချေ။ လက်ညွှန်ပြီးနောက် သူ ပြန်လှည့်ကာ စစ်စိတ်ဝိညာဉ်လက်ဝါးနောက်သို့ လိုက်လာတော့၏။

မီးကင်းခြေများ သေဆုံးသွားသည့်အခါ အကွာအဝေးတစ်ခုမှ ပူဆွေးအော်ဟစ်သံများ ပဲ့တင်ထပ်လာ၏။ တခြားပေထောင်ချီသော ကင်းခြေများများက ပိုမြန်ဆန်စွာ လာကြလေ၏။

အပြာရောင်ကင်းခြေများ၏ အမုန်းတရားက ပိုကြီးမားလာသည်။ ၎င်းက ဟိန်းသံပေးလိုက်ကာ ပိုမြန်ဆန်စွာ ရွှေ့လျားသည်။

“ငါဒဏ်ရာတွေကိုသာ ကုသပြီးခဲ့ရင် ဒီအဆင့်ဆယ့်နှစ်သားရဲကို သတ်ဖို့ သိပ်ခက်ခဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုလည်း ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကင်းခြေများဟာ သားရဲတစ်ကောင်ပဲ။ ဒီတော့ သတ်ဖို့ သိပ်မခက်လောက်ပါဘူး…”

ဝမ်လင်းသည် မျက်မှောင်ကြုတ်၏။ သိပ်မကြာခင်တွင် သူ့မျက်နှာထက်တွင် သတ်ဖြတ်ချင်စိတ် ဖျပ်ခနဲ ပေါ်လာသည်။

“မင်းက သေချင်နေတာပဲ…”

မြူများကြားကနေ အနီရောင်အလင်းတန်းတစ်ခု ဝမ်လင်း၏ညာဘက်ခြမ်းသို့ မီးပင်လယ်တစ်ခု တိုးဝင်လာ၏။ ထိုမီးပင်လယ်မှာ ပေတစ်သောင်းကျော် ကျယ်ပြော၏။ ၎င်းက ဝမ်လင်းထံ တန်းတန်းမတ်မတ် ဝင်လာပြီး နောက်ထပ်ပေတစ်ထောင်ရှိ ကင်းခြေများတစ်ကောင် သူ့ထံ ဦးတည်လာနေသည်။ ၎င်းက မြန်လွန်းရာ ချက်ခြင်းပင် နီးကပ်လာ၏။

မီးပင်လယ်က ပြင်းထန်သောအပူဓာတ်ကို ပေးစွမ်းနေ၏။ ၎င်းသည် ဝမ်လင်းနှင့် ပေတစ်ထောင်ပင် မလိုတော့ပေ။

ဝမ်လင်းက အေးစက်စက်နှာခေါင်းရှုံ့ကာ သူ့လက်ကို ဝေ့ယမ်း၏။ တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်လာသည်။ မီးပင်လယ်သည် ရုတ်တရက် ရပ်တန့်သွားကာ နောက်ပြန်ကန်သွား၏။ ၎င်းက တိုးဝင်လာသည့် ကင်းခြေများထံ ဒေါသတကြီးလှိုင်းတံပိုးကဲ့သို့ ခြေမွပစ်ရန် ပြန်လည် ဝင်ရောက်သွားတော့သည်။

တစ်ချိန်တည်းမှာ ထိုကင်းခြေများပတ်လည်ရှိ မီးများသည် ရူးသွပ်လာဟန် ရကာ ကင်းခြေများထံ ခုန်အုပ်၏။ နောက်ထပ်မီးလုံးကြီးတစ်ခု ရုတ်တရက် ပေါ်လာပြန်သည်။

ထိုကင်းခြေများသည် မီးကျွမ်းလောင်ခြင်း ခံလိုက်ရကာ အော်ဟစ်သံပင် မထုတ်ဖော်လိုက်နိုင်ပေ။ ထို့အပြင် မီးက အနီရောင်မဟုတ်တော့ဘဲ အပြာရောင်အရိပ်အမြွက် လှစ်ပေါ်နေ၏။

ထိုမီးလုံးပေါ်လာသည်နှင့် နောက်ထပ်ကင်းခြေများနှစ်ကောင် ဝမ်လင်းထံ တိုးဝင်လာကြပြန်သည်။ ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ အစတုန်းက သူသည် ဤသားရဲများနှင့် ရင်ဆိုင်ရန် စိတ်မဝင်စားခဲ့ပေ။သို့သော် ကြည့်ရသည်မှာ ယင်းသားရဲများသည် မသေမချင်း လက်မလျော့တော့မည့်ဟန် ရ၏။ ဝမ်လင်းက သတ်ရန် ဆုံးဖြတ်လိုက်သည်။ သူ့မျက်ခုံးနှစ်ခုကြားတွင် ဥပဒေသကြယ်ပေါ်လာ၏။ သူ့ဘေးပတ်လည်တွင်လည်း အပြာရောင်မီးတောက် ပေါ်လာကာ ဘယ်ဘက်ခြမ်းရှိ မြူများကြား တိုးထွက်သွားသည်။

ခဏအကြာတွင် အပြာရောင်မီးတောက် တုန်ဟည်းနေလျက် မြူများထံကနေ တုန်လှုပ်ဖွယ်အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအော်ငြီးသံက ပေါ်လာသည်နှင့် ချက်ခြင်း ပြန်ပျောက်ကွယ်သွားလေ၏။ အဆုံးမဲ့အပူဓာတ်က မြူများကြား ပျံ့နှံ့သည်။

မကြာခင်မှာပင် နောက်ထပ်တည်နေရာတစ်ခုတွင် အပြာရောင်မီးတောက် ပေါ်လာသည်။ ဧရာမီးလုံးတစ်လုံး ပေါ်လာပြီးနောက် မရေမတွက်နိုင်သောအပြာရောင်မီးတောက် အစက်အပြောက်များအဖြစ် ပေါက်ကွဲထွက်သွားသည်။

ထိုအရာများက မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်းတည်း။ ဝမ်လင်းက မြူများကြားကနေ အေးစက်စက်အမူအရာဖြင့် လှမ်းလျှောက်လာကာ စစ်စိတ်ဝိညာဉ်လက်ဝါးနောက်သို့ လိုက်လံ၏။

လမ်းတစ်လျှောက်တွင် သူ့လမ်းကို ပိတ်ဆို့သည့် သားရဲများ ထပ်မရှိတော့ပေ။ စောနက တိုက်ပွဲက ဤသားရဲများကို အလွန်ကြောက်လန့်သွားစေသည်မှာ ထင်ရှားသည်။

သို့သော်ငြားလည်း ပေတစ်သောင်းခန့်ရှိသော အပြာရောင်ကင်းခြေများကတော့ ဒေါသထွက်နေဆဲပင်။ သို့သော် ၎င်းသည် အဝေးတွင်သာ ရှိနေသေး၏။ အပြာရောင်ကင်းခြေများသည် တိုးဝင်လာနေရင်း ရူးသွပ်လာဟန်ရကာ ၎င်းပတ်လည်တွင် သိပ်သည်းသောအပြာရောင်မီးများ ပေါ်လာတော့သည်။ ထို့နောက် ၎င်း၏ခန္ဓာကိုယ်က ကြုံ့သွားကာ တစီစီအသံများ ပဲ့တင်ထပ်လာသည်။

ချက်ခြင်းလိုလိုပင် အပြာရောင်အလင်းတစ်ခုက ၎င်း၏ပေတစ်သောင်းလောက် ခန္ဓာကိုယ်တစ်လျှောက်တွင် ပျံ့နှံ့သွားသည်။ ထိုအခါ ၎င်းခန္ဓာကိုယ်၏ ခေါင်းဖျားခြေဆုံးတွင် အက်ကြောင်းတစ်ခု ပေါ်လာသည်။

ထိုအက်ကြောင်း ပေါ်လာသည့်အခါ ၎င်းထံမှ အပြာရောင်အလင်း ထွက်လာ၏။ ယင်းအလင်းတန်းမှာ ပေရှစ်ထောင်ခန့်ရှည်လားသည့် ကင်းခြေများတစ်ကောင် ဖြစ်သည်။ ၎င်းကင်းခြေများက အပြာရောင်မီးများ ဖုံးလွှမ်းလျက် ရှေ့သို့ တိုးဝင်လာသည်။၎င်း၏အမြန်နှုန်းမှာလည်း အဆများစွာ မြင့်တက်လာခဲ့သည်။

သိပ်မကြာခင်တွင် ထိုပေရှစ်ထောင်ရှည်လျားသည့် ကင်းခြေများပေါ်တွင် အက်ကြောင်းများ ထပ်ပေါ်လာကာ ၎င်းကင်းခြေများက သေးသထက်သေးကာ ပေခြောက်ထောင်ရှိ ကင်းခြေများတစ်ကောင် ပျံသန်းထွက်လာ၏။ ထိုအခါ ၎င်း၏အမြန်နှုန်းက ထပ်မြင့်တက်သွားပြန်သည်။

ထိုထူးဆန်းသောနည်းလမ်းကို အသုံးပြုလျက် ကင်းခြေများသည် ၎င်းကိုယ်၎င်း ကြုံသထက်ကြုံ့စေခြင်းနှင့်အတူ ၎င်း၏အမြန်နှုန်းသည်လည်း ရူးသွပ်ဖွယ် တိုးပွားလာခဲ့သည်။

ဝမ်လင်းက စစ်စိတ်ဝိညာဉ်လက်ဝါးဖြင့် လမ်းဖွင့်ကာ ဤဗရမ်းဗတာသားရဲမြူနယ်မြေကို ဖြတ်၍ မြန်ဆန်စွာ ပျံသန်းနေလျက် တဖြည်းဖြည်း အဆင့်ရှစ်ဒေသနှင့် နီးကပ်လာသည်။ လမ်းတစ်လျှောက်တွင် သူက သူ့ကို ပိတ်ဆို့ဖို့ကြိုးစားသည့်သားရဲများစွာကို တွေ့ကြုံခဲ့ရ၏။ သို့သော် စစ်စိတ်ဝိညာဉ်လက်ဝါးနှင့် သူ့သတ်ဖြတ်မှုဖြင့် ၎င်းတို့ကို ချိုးဖျက်လာခဲ့ပေသည်။ သူက မြူများကို အလွန်မြန်ဆန်စွာ ဖြတ်၍ သွားနေသည်။

သူက မြူများကြားထဲ၌ ပိုကြာလေလေ သည်နေရာမှာ ထူးဆန်းသည်ဟု ပိုခံစားမိလာလေပင်။ သူ ဤနေရာတွင်သာ ကြာကြာဆက်ရှိနေပါက သားရဲများ ပိုစုစည်းမိလာကြပေမည်။ ထိုအခါ ဝမ်လင်းသည် ဒဏ်ရာကနေ အပြည့်အဝ ပြန်မကောင်းသေးသည့်အတွက် ဤနယ်မြေကနေ ထွက်ခွာဖို့မှာ အလွန်ခက်ခဲသွားလိမ့်မည် ဖြစ်၏။

ဝမ်လင်းက ဤဗရမ်းဗတာသားရဲမြူနယ်မြေ၏ အစွန်အဖျားသို့ ရောက်လာဖို့ လေးရက်နီးပါး အသုံးပြုခဲ့ရ၏။ သူက ရှေ့နည်းနည်းဆက်တိုးသည်နှင့် အဆင့်ရှစ်ဒေသအတွင်း ရောက်ရှိပေတော့မည်။ သို့ရာတွင် ထိုအခိုက်မှာပင် ဝမ်လင်းက လှည့်၍ သူ့ညာလက်ကို စစ်စိတ်ဝိညာဉ်လက်ဝါးထံ ညွှန်သည်။ စစ်စိတ်ဝိညာဉ်လက်ဝါးက ရုတ်တရက် လှည့်၍ ဝမ်လင်းရှေ့တွင် ပေါ်လာသည်။

တစ်ချိန်တည်းမှာ ဝမ်လင်းက အချိန်ဆွဲမနေဘဲ ချိပ်ဟန်တစ်ခု ဖြစ်စေ၍ စစ်စိတ်ဝိညာဉ်လက်ဝါးထံ ညွှန်သည်။ ဝမ်လင်း မူလစွမ်းအင်စုပ်ယူခြင်းကို ရပ်တန့်စေထားသော ချိပ်ပိတ်မှုက ချက်ခြင်း ပျက်စီးကာ ဤလက်ဝါးသည် မူလစွမ်းအင်များကို အရူးအမူး ထပ်မံ စုပ်ယူလာတော့သည်။

ထိုအခိုက်အတန့်၌ ဝမ်လင်းရှေ့ကနေ အပြာရောင်အလင်း တိုးဝင်လာနေ၏။ ပတ်ဝန်းကျင်တွင် အံ့မခန်းအပူဓာတ် ပြည့်နှက်လာသည်။ မြူများကြားကနေ ဒေါသတကြီးဟိန်းသံ ထွက်လာသည်။ မြူများသည် ဘေးတစ်ဖက်သို့ ရွှေ့လျားသွားရပြီးနောက် ကြမ်းကြုတ်သော ပေသုံးထောင်ခန့်ရှည်လျားသည့် ကင်းခြေများတစ်ကောင် တိုးဝင်လာနေခြင်းပင်။ ၎င်းပတ်လည်တွင်လည်း ကြောက်မက်ဖွယ်အပြာရောင်မီးတောက်များ ရှိလို့နေ၏။

ထိုကင်းခြေများ ပေါ်လာချိန်တွင် အဆင့်ဆယ့်နှစ်သားရဲတစ်ကောင်၏ အော်ရာက သည်ဧရိယာကို ခြုံလွှမ်းသွားသည်။

ဝမ်လင်းမျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ သူက သူ့ညာလက်ကို ဝေ့ယမ်းသည်။ စစ်စိတ်ဝိညာဉ်လက်ဝါးက မူလစွမ်းအင်များကို စုပ်ယူလျက်ဖြင့် ထိုကင်းခြေများထံ တဟုန်ထိုး တိုးဝင်သွားလေ၏။

၎င်းလက်ဝါးမှာ မြန်လွန်းသဖြင့် ပတ်ဝန်းကျင်ရှိ မြူများကို ဘေးတစ်ဖက်စီသို့ လွင့်ထွက်စေပြီး တုန်ခါစေသည်။ ၎င်းက ချက်ခြင်းပင် တိုးဝင်လာသည့် ကင်းခြေများထံ ဝင်ဆောင့်လာ၏။

ထိုအခါ အနှီကင်းခြေများသည် ကောင်းကင်တုန်လှုပ်ဖွယ် ခပ်ရှုးရှုးမြည်သံကို ထုတ်လွှတ်၍ ဤလက်ဝါးကြီးကို ကြမ်းကြုတ်စွာ ကြည့်လေ၏။ ၎င်းက လက်ဝါးထံသို့ မီတောက်များ ဝန်းရံလျက် တရကြမ်း တိုးဝင်သည်။ သို့သော် နီးကပ်လာချိန်တွင်မူ ၎င်း၏ခန္ဓာကိုယ်က တွန့်လိမ်သွား၏။ အပြာရောင်မီးတောက်ကတော့ ဤလက်ဝါးချက်နှင့် ထိပ်တိုက်တွေ့သည်။ ကျယ်လောင်စွာ မြည်ဟိန်းသွားကာ ၎င်းက ဘေးတစ်ဖက်သို့ ရှောင်၍ ဝမ်လင်းထံ ဦးတည်လေသည်။

၎င်း၏ကြမ်းကြုတ်သည့်ဟန်ပန်နှင့် ချွန်မြသည့် လက်မတို့က ဝမ်လင်းအသွေးအသားကို စားသောက်ပစ်ချင်သည့်အလား။

ဝမ်လင်း၏အမူအရာကတော့ အေးစက်နေ၏။ သူ့မျက်ခုံးနှစ်ခုကြားရှိ ဥပဒေသကြယ်မှာ တလက်လက် ဖြစ်နေသည်။ ၎င်းက မြန်ဆန်စွာလှည့်လည်၍ သူ့ခန္ဓာကိုယ်ကနေ အပြာရောင်မီးတစ်ခု ပျံ့လွင့်လာ၏။ ကင်းခြေများ၏ အပြာရောင်မီးနှင့် ယှဉ်ပါက ဝမ်လင်း၏မီးသည် တုန်လှုပ်ဖွယ်ရာ ကောင်း၏။

ထိုအခိုက်အတန့်၌ ကင်းခြေများ၏မျက်လုံးသည် အလေးအနက် ဖြစ်လာသည်။ သို့ရာတွင် ၎င်းက နောက်မဆုတ်ပေ။ ရှေ့သို့သာ အရူးအမူး တိုးဝင်လာ၏။ ၎င်း၏ခန္ဓာကိုယ်မှ မီးသည်လည်း ပို၍ ထည်ဝါလာကာ အပြာရောင်ပိုတောက်ပလာသည်။

ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်၍ လက်ညွှန်၏။ မီးအသုံးပြုသူ မည်သူနှင့်မဆို ရင်ဆိုင်ရတိုင်း ဝမ်လင်းအဖို့ ထွေထွေပြားပြားမန္တာန်များ သုံးနေစရာမလိုသလို ရလဒ်ကိုလည်း ကြည့်နေစရာ မလိုချေ။ သူ့လက်ညွှန်ချက်နှင့်အတူ နက်ရှိုင်းသောအပြာရောင်မီးက သူ့ပတ်လည်တွင် သိပ်သည်းပြီး ထိုးထွက်သွားလေ၏။

၎င်းက ရှေ့သို့ တိုးဝင်လျက် အပြာရောင်လင်းလက်ကာ ကြီးမားသည့် အပြာရောင်ဟင်္သာငှက်အဖြစ်သို့ ပြောင်းလဲသည်။ ဟင်္သာငှက်က ဟစ်ကြွေးသံ ထုတ်ဖော်၍ ကင်းခြေများထံ ဦးတည်ဝင်လာသည်။

ကင်းခြေများက ချက်ခြင်းပင် ဟိန်းသံပေး၏။ ၎င်း၏ခန္ဓာကိုယ်အထက်ပိုင်းက မြွေတစ်ကောင်ကဲ့သို့ မြောက်ကြွလာကာ ဟင်္သာငှက်ကို စူးရဲစွာ ကြည့်သည်။ ၎င်းပတ်လည်ရှိ အပြာရောင်မီးတောက်သည်လည်း အရူးအမူး သိပ်သည်းလာကာ ၎င်း၏ခန္ဓာကိုယ်ပြင်ပတွင် ကြောက်မက်ဖွယ်အားတစ်ခု ဖွဲ့တည်သည်။ ထို့နောက် ၎င်းက ဟင်္သာငှက်နှင့် ထိပ်တိုက်တွေ့ရန် မြန်ဆန်စွာ နီးကပ်လာတော့၏။

တုန်ဟည်းသံများ ဤဗရမ်းဗတာသားရဲမြူနယ်မြေတစ်ခွင်၌ မြည်ဟိန်းလေ၏။ ထိုအခါ အဆင့်ဆယ့်နှစ်သားရဲများသည် သည်နေရာသို့ ဦးတည်၍ တဟုန်ထိုး လှမ်းလာကြတော့သည်။ သို့ရာတွင် ဤအခိုက်၌ ဝမ်လင်းကိုပင် တုန်လှုပ်သွားစေသော အလွန်အစွမ်းထက်သည့်အော်ရာတစ်ခု ဤနယ်မြေ၏ အတွင်းနက်ပိုင်းကနေ ထွက်ပေါ်လာပြီး တခြားအဆင့်ဆယ့်နှစ်သားရဲများကို ဖိနှိပ်လာသည်။

မီးနှစ်ခုထိပ်တိုက်တွေ့ချိန်၌ တောလဲသံများ မြည်ဟိန်းသွား၏။ ဟင်္သာငှက်သည် အလိုမပြည့်ဟန် ဟစ်ကြွေးပြီးနောက် ၎င်းသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲ တဟုန်ထိုး ပြန်‌ရောက်ရှိသွားလေသည်။ ၎င်း ပြန်ရောက်လာသည်နှင့် ဝမ်လင်းက အဝေးသို့ ပျံသန်းသွားတော့သည်။

ကင်းခြေများရှေ့ရှိ မီးပင်လယ်မှာ ချက်ခြင်း ပြိုပျက်ကာ နောက်ပြန်ကန်ကာ ၎င်း၏ခန္ဓာကိုယ်သည် ပေါက်ကွဲသွားသည်။ ၎င်း၏ခန္ဓာကိုယ်တစ်ဝက်မှာ သွေးအလိမ်းလိမ်း ဖြစ်သွား၏။ သို့သော် ၎င်းက မသေပေ။ ၎င်းက နာကျင်စူးရှသည့်အသံကို ထုတ်ဖော်လိုက်ရပြီး နောက်အမြန်ပြန်ဆုတ်ကာ မြူများကြား ပျောက်ကွယ်သွားလေသည်။

မြူထဲ၌ ထာဝရကလန်မှ အဘိုးအိုသည် ထိုအဖြစ်သနစ်များကို စောင့်ကြည့်နေပြီး တုန်လှုပ်မိနေသည်။

“ဒီလူက ဘယ်သူလဲ…။ သူက မီးကင်းခြေများထက်တောင် မီးကို ပိုထိန်းချုပ်နိုင်နေသေးတယ်။ သူသာ ဒဏ်ရာမရထားခဲ့ဘူးဆိုရင် ငါတောင် သူနဲ့ တိုက်ခိုက်ဖို့ ယုံကြည်ချက် မရှိဘူး။ ဒါပေမဲ့ သူဟာ နတ်ဘုရားကလန်က မဟုတ်ဘူး။ အရင်တုန်းက ငါ နတ်ဘုရားကလန်ရဲ့ စစ်စိတ်ဝိညာဉ်လက်ဝါးကို မြင်ခဲ့ဖူးတယ်။ ဒီလူရဲ့ လက်ဝါးချက်နဲ့ အတော်လေး တူတယ်ဆိုပေမဲ့ သူ အသုံးပြုလိုက်တာ စစ်စိတ်ဝိညာဉ်လက်ဝါး မဟုတ်ဘူး…”

အဘိုးအိုနောက်သို့ သူ့တပည့်သုံးယောက်လည်း လိုက်လာကြပေသည်။ သူတို့အားလုံးလည်း တုန်လှုပ်မိပြီး သူတို့တွေ့မြင်ခဲ့ရသည့် တိုက်ပွဲကို ကြောက်လန့်မိနေသည်။ အစတုန်းက သူတို့က သူတို့ကိုယ်သူတို့ အစွမ်းထက်သည်ဟု တွေးထင်ထားခဲ့ကြ၏။ သို့သော် ခု သူတို့မြင်လိုက်ရသည့်လူ၏ တိုက်ခိုက်မှုများမှာ သူတို့စိတ်ကို လှုပ်ခတ်စေခဲ့ပေသည်။

အထူးသဖြင့် ဝမ်လင်းထွက်ခွာသွားသည်ကို ကြည့်နေသည့် လှပသောအမျိုးသမီးကျင့်ကြံသူ၏ မျက်လုံးမှာ တလက်လက် ဖြစ်နေပေသည်။ သူမ အတွေးကိုတော့ မည်သူမျှ သိနိုင်မည် မဟုတ်ပါ။

ထိုအခိုက်အတန့်မှာပင် အဆင့်ဆယ့်နှစ်သားရဲအားလုံး၏ အော်ရာများကို ဖိနှိပ်ပစ်နိုင်သော အော်ရာတစ်ခုသည် ဤမြူများကြား ဒေါသအပြည့်ဖြင့် ရိုက်ခတ်လာ၏။ အဘိုးအိုက တစ်ခုခုကို သတိရသွားသည့်အလား ဆတ်ခနဲ ခေါင်းမော့ကြည့်၏။ သူ့အမူအရာပါ ပြောင်းလဲသွားသည်။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ သူ့တပည့်သုံးယောက်ကို ခေါ်၍ တတိယလမ်းကြောင်းထံ ဦးတည်သွားတော့သည်။

“ငါ မင်းတို့သုံးယောက်ကို ဒီနေရာမှာ ဆက်ပြီး လေ့ကျင့်ခွင့် မပြုတော့ဘူး…”

***

All Chapters