← Chapters

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂ စီးပွားရေး ဆက်သွယ်မှု သက်သက်သာ

မိုနာ၏ မျက်နှာပေါ်ရှိ အံ့ဩသွားသော အမူအရာကို မြင်တွေ့လိုက်ရသောအခါ ရောဘတ်က နှုတ်ခမ်းတစ်ဖက်ကို တွန့်ကာ ပြုံးရယ်လျက် မေးမြန်းလိုက်သည်။

"မင်းတို့ အက်ဖ်ဘီအိုင် တွေ က... ဒီ ဘဏ် ဓားပြတိုက်မှု ခြောက်ခု စလုံး ကို... လူတစ်စု တည်း က ဆက်တိုက် ကျူးလွန် သွားတာ လို့ အမြဲတမ်း ထင်နေခဲ့ကြတာ မဟုတ်လား..."

ရိုအန်က မျက်နှာပေါ်တွင် မည်သည့်အမူအရာမျှ မပြဘဲ လက်မှတ်ထိုးရာတွင် သုံးသော ဘောပင်ဖြင့် စားပွဲကို ခေါက်လိုက်သည်။

"မင်း က ဒီ အမှု ကို အဝတ်လျှော်ဆိုင် ပိုင်ရှင် လုပ်တာ လို့ ပြောနေတယ်... ဘာ သက်သေ အထောက်အထား များ ရှိလို့လဲ..."

"ရှိတာပေါ့..."

ရောဘတ်က ခေါင်းညိတ်လိုက်ပြီး တိုက်ရိုက်ပင် စကားဆိုလေသည်။

"ပြီးခဲ့တဲ့ တစ်ခေါက် ငါ သူ့ ဆိုင် ကို သွားတဲ့ အချိန် တုန်းက... အဝတ်လျှော်ဆိုင် ထဲက ခြင်းတောင်း တစ်ခု ထဲမှာ... အမည်းရောင် အင်္ကျီ နဲ့ အမည်းရောင် ဘောင်းဘီ တစ်စုံ ကို အတိအကျ တွေ့ခဲ့ရတာပဲ..."

ဤအမှုနှင့် ပတ်သက်၍ ဟိုင်အီးနား ဂိုဏ်းကလည်း အကြမ်းဖျင်း သိရှိထားလေသည်။ မည်သို့ပင်ဖြစ်စေ ဓားပြတိုက်ခံရသော ဘဏ်များထဲမှ တစ်ခုမှာ ဂိုဏ်း၏ နယ်မြေအတွင်း တည်ရှိနေသောကြောင့် ထိုဓားပြအဖွဲ့သည် တစ်ကိုယ်လုံး အမည်းရောင် ဝတ်ဆင်ထားကြောင်းကို ဂိုဏ်းသားများ ကောင်းစွာ သိရှိထားကြခြင်း ပင် ဖြစ်လေသည်။

ထိုစကားကို ကြားလိုက်ရသောအခါ ရိုအန် တစ်ယောက် ပြောစရာစကားပင် ဆွံ့အသွားရလေသည်။

"အဝတ်လျှော်ဆိုင် တစ်ဆိုင် မှာ အမည်းရောင် အဝတ်အစား တွေ ရှိနေတာ က အရမ်း ကို ပုံမှန် ဖြစ်ရိုးဖြစ်စဉ် ကိစ္စ တစ်ခုပဲ... မင်း ပြောတဲ့ အဲ့ဒီ အမည်းရောင် အဝတ်အစား တွေ က... ဓားပြ တွေ ဝတ်ဆင် ထားတဲ့ အဝတ်အစား တွေ နဲ့ တစ်ထပ်တည်း တူညီ နေလို့လား..."

ရောဘတ်က လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ပြီး ခန္ဓာကိုယ်ကို နောက်သို့ မှီချလိုက်သည်။

"အဲ့ဒါ က မင်းတို့ အက်ဖ်ဘီအိုင် တွေ ရဲ့ ပြဿနာ လေ... ငါ က ဘယ်လို လုပ် သိမှာလဲ..."

တစ်ဖက်လူ၏ လှုပ်ရှားမှုကို မြင်တွေ့လိုက်ရသောအခါ မိုနာ၏ မျက်မှောင်များ ကြုတ်သွားပြီး စကားဆိုရန် ပြင်လိုက်သည်။ သို့သော် ရိုအန်က လက်ယမ်းပြကာ ဒေါသမထွက်ရန် အချက်ပြလိုက်ပြီး ပြုံးလျက် စကားဆိုလေသည်။

"အရမ်း ကောင်းတယ်... မင်း ရဲ့ ဒီလို ဆက်ဆံရေး မျိုး ကို ငါ သဘောကျတယ်... ဒါပေမဲ့ မင်း အနေနဲ့ ဒီလို စကားပြောဟန် မျိုး ကို အမြဲတမ်း ဆက်လက် ထိန်းသိမ်း ထားနိုင်ဖို့ မျှော်လင့်ပါတယ်... ဘာပဲ ဖြစ်ဖြစ် နောက်ဆုံး အကျဉ်းထောင် ထဲ ဝင်ရမယ့် သူ က ငါ မှ မဟုတ်တာ..."

ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ ရောဘတ်၏ မျက်နှာပေါ်ရှိ အမူအရာများ ချက်ချင်း တောင့်တင်းသွားတော့သည်။

စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ရောဘတ်က အသာအယာ ချောင်းဟန့်လိုက်ပြီး ခန္ဓာကိုယ်ကို မတ်မတ် ထိုင်လိုက်သည်။ ထို့နောက် လေးနက်သော လေသံဖြင့် စတင် ရှင်းပြလေသည်။

"အဝတ်လျှော်ဆိုင် ပိုင်ရှင် ရဲ့ နာမည် က အယ်လ်ကန် လို့ ခေါ်တယ်... သူ့ အိမ်မှာ လုပ်ကျွေး ပြုစု ရမယ့် သက်ကြီးရွယ်အို နှစ်ယောက် ရှိတယ်... မကြာခင် တက္ကသိုလ် တက်ရတော့မယ့် သမီး တစ်ယောက် လည်း ရှိတယ်... ပြီးတော့ ဇနီးသည် ကလည်း ယာဉ်တိုက်မှု ဖြစ်ဖူးတဲ့ အတွက် ညာဘက် ခြေထောက် မသန်မစွမ်း ဖြစ်နေတယ်..."

ရောဘတ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရိုအန်က မိုနာ၏ လက်အောက်ရှိ ကွန်ပျူတာ မျက်နှာပြင်ဆီသို့ လှည့်ကြည့်လိုက်သည်။ ကွန်ပျူတာပေါ်ရှိ အယ်လ်ကန်နှင့် ပတ်သက်သော ကိုယ်ရေးအချက်အလက် မှတ်တမ်းများမှာ တစ်ဖက်လူ၏ ပြောပြချက်များနှင့် တစ်သဝေမတိမ်း တူညီနေကြောင်း မြင်တွေ့လိုက်ရလေသည်။

ရိုအန်က ခေါင်းညိတ်ပြလိုက်ပြီး လက်နှစ်ဖက်ကို အရှေ့သို့ ဆန့်တန်းကာ ညွှန်ပြလိုက်သည်။

"ဆက်ပြောပါဦး..."

ရောဘတ်က လက်နှစ်ဖက်ကို ယှက်ကာ စားပွဲပေါ်သို့ တင်လိုက်ပြီး ဆက်လက် ရှင်းပြလေသည်။

"အိမ်မှာ ဝင်ငွေ ရပေါက်ရလမ်း ဆိုလို့ ဒီ အဝတ်လျှော်ဆိုင် တစ်ဆိုင် တည်း ရှိတာရယ်... ပြီးတော့ အိမ်မှာ နေရာတိုင်း အတွက် ပိုက်ဆံ လိုအပ် နေတာ တွေရယ် ကြောင့်... အယ်လ်ကန် ရဲ့ ဘဝ က တော်တော်လေး ကျပ်တည်း ခက်ခဲ နေခဲ့တယ်... တိုက်တိုက်ဆိုင်ဆိုင် ပဲ လွန်ခဲ့တဲ့ အချိန်ကာလ တစ်ခု တုန်းက သူ့ရဲ့ သမီး ဖြစ်သူ က တက္ကသိုလ် ဝင်ခွင့် အောင်မြင် သွားခဲ့တယ်... တက္ကသိုလ် ပညာရေး ချေးငွေ လျှောက်ထား လို့ ရတယ် ဆိုပေမဲ့... ပညာရေး ချေးငွေ ရဲ့ အတိုးနှုန်း မြင့်မား မှု က သူတို့ မိသားစု အတွက်တော့ သတင်းကောင်း တစ်ခု မဟုတ်ခဲ့ဘူး... လူတချို့ ရဲ့ မိတ်ဆက် ပေးမှု ကြောင့်... နောက်ပိုင်း မှာ အယ်လ်ကန် က ငါတို့ ဟိုင်အီးနား ဂိုဏ်း နဲ့ အဆက်အသွယ် ရသွားခဲ့ပြီး... ငါတို့ နဲ့ အင်း... စီးပွားရေး ဆက်သွယ်မှု တချို့ ရှိလာခဲ့တယ်..."

ငွေတိုးချေးစားသည့် ကိစ္စကို စီးပွားရေး ဆက်သွယ်မှု သက်သက်မျှသာ ဖြစ်သည်ဟု တင်စားပြောဆို လိုက်သောကြောင့် အခန်းအတွင်းရှိ လူအားလုံးက မျက်လုံးလှန် ကြည့်လိုက်ကြလေသည်။ ရောဘတ်ကမူ ထိုအကြည့်များကို ဂရုမစိုက်ဘဲ ဆက်လက် စကားဆိုလေသည်။

"အချိန် အတိုင်းအတာ တစ်ခု ကြာသွားတဲ့ အခါ အယ်လ်ကန် အနေနဲ့ ပိုက်ဆံ ပြန်မဆပ် နိုင်တော့ရင်... အဲ့ဒီ အဝတ်လျှော်ဆိုင် က ငါတို့ ပိုင်ဆိုင်မှု ဖြစ်လာ လိမ့်မယ် လို့ အစတုန်းက ငါတို့ ထင်မှတ် ထားခဲ့တာ... ဒါပေမဲ့ အချိန် တစ်ပတ် ပဲ ကြာသေးတယ်... အယ်လ်ကန် က အကြွေစေ့ တွေ ငွေစက္ကူ အဟောင်း တွေ အများကြီး ကို သယ်လာပြီး... ငါတို့ ဆီ က ချေးထားတဲ့ ပိုက်ဆံ တွေကို အတိုး ရော အရင်း ပါ အကုန်လုံး ပြန်ဆပ် သွားလိမ့်မယ် လို့ တကယ် ကို ထင်မထား ခဲ့မိဘူး..."

ထိုစကားကို ကြားလိုက်ရသောအခါ ရိုအန်နှင့် မိုနာတို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထိုအဖြစ်အပျက် အတွင်းရှိ ပုံမှန်မဟုတ်သော အခြေအနေများကို လူနှစ်ဦးစလုံးက ချက်ချင်း သတိထားမိ သွားကြလေသည်။

ရောဘတ်က ထိုအခြေအနေကို မြင်တွေ့လိုက်ရသောအခါ ခြေချိတ်ထိုင် လိုက်ပြီး ပြန်လည် စကားဆိုလေသည်။

"ငါတို့ ဟိုင်အီးနား ဂိုဏ်း က ကတိသစ္စာ တည်မြဲ တဲ့ အဖွဲ့အစည်း တစ်ခုပါ... အယ်လ်ကန် က အတိုး ရော အရင်း ပါ အကုန် ပြန်ဆပ် နိုင်ခဲ့တဲ့ အတွက် ငါတို့ က တစ်ဖက်လူ ကို အခက်တွေ့အောင် ဘာမှ မလုပ်ခဲ့ပါဘူး... ဒါပေမဲ့ အဲ့ဒီ နေ့ တုန်းက အယ်လ်ကန် ရဲ့ အဝတ်လျှော်ဆိုင် ဆီ ကို တစ်ခေါက် လောက် သွားပြီး... သူ က ဒီလောက် များတဲ့ ပိုက်ဆံ တွေကို ဘယ်လို နည်းလမ်း နဲ့ ရှာဖွေ ခဲ့သလဲ ဆိုတာ ကိုတော့ သိချင် ခဲ့တယ်..."

ထိုအချိန်က ရောဘတ် အနေဖြင့် အယ်လ်ကန် တစ်ယောက် တိတ်တဆိတ် ထွက်သွားကာ မူးယစ်ဆေး မှုန့်များ ရောင်းချ ခဲ့သည်ဟု ထင်မှတ်ထားခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် မူးယစ်ဆေး ရောင်းချခြင်း ကသာလျှင် ငွေကြေးများကို ဤမျှ လျင်မြန်စွာ ရရှိနိုင်မည် ဖြစ်သောကြောင့် ပင် ဖြစ်လေသည်။

ထို့အပြင် ထိုနယ်မြေမှာ ဟိုင်အီးနား ဂိုဏ်း၏ နယ်မြေ ဖြစ်ရာ ထိုနေရာတွင် ကိုယ့်သဘောဖြင့် ကိုယ် မူးယစ်ဆေး ရောင်းချခြင်းမှာ ဂိုဏ်း၏ စီးပွားရေးကို လာရောက် နှောင့်ယှက် ဖျက်ဆီးသည့် လုပ်ရပ် ဖြစ်လေသည်။ ထို့ကြောင့် ရောဘတ်က ဤကိစ္စကို သိရှိသွားသည်နှင့် တပြိုင်နက် လက်အောက်ငယ်သားများကို ခေါ်ဆောင်ကာ အဝတ်လျှော်ဆိုင် ရှိရာသို့ ချက်ချင်း ထွက်ခွာ လာခဲ့ခြင်း ပင် ဖြစ်လေသည်။

ထိုနေရာသို့ ရောက်သောအခါ ရောဘတ်၏ လေသံက အနည်းငယ် ပုံမှန် မဟုတ်တော့ချေ။

"ငါတို့ အဝတ်လျှော်ဆိုင် ထဲကို ဝင်သွားတဲ့ အချိန် မှာ... အယ်လ်ကန် က အဝတ်လျှော်စက် တစ်လုံး ထဲကနေ အမည်းရောင် အဝတ်အစား တစ်စုံ ကို ဆွဲထုတ် နေတဲ့ အချိန် နဲ့ အတိအကျ သွားဆုံ နေတယ်... အဲ့ဒီ အချိန် မှာ အဝတ်လျှော်ဆိုင် တံခါးဝ မှာ ချိတ်ဆွဲ ထားတဲ့ ရုပ်မြင်သံကြား ကနေ... အနီးအနား က ဘဏ် တစ်ခု မှာ ဆဋ္ဌမမြောက် ဓားပြတိုက်မှု ကြီး ဖြစ်ပွား ခဲ့တဲ့ အကြောင်း ကို သတင်း ကြေညာ နေတာ နဲ့လည်း သွားပြီး တိုက်ဆိုင် နေတယ်..."

စစ်ကြောရေး အခန်း အတွင်းရှိ အခြား လူများ မှာလည်း ပြောစရာစကားပင် ဆွံ့အ သွားကြလေသည်။

ရိုအန်၏ နှုတ်ခမ်းထောင့်များ တစ်ချက် တွန့်ကွေး သွားပြီး မေးမြန်း လိုက်သည်။

"အဲ့ဒီ နေ့ က ဘယ်အချိန် တုန်းက ဖြစ်ခဲ့တာလဲ..."

"ပြီးခဲ့တဲ့ အပတ် ဗုဒ္ဓဟူးနေ့ တုန်းက..."

ထိုနေ့မှာ အမှန်တကယ်ပင် ဆဋ္ဌမမြောက် ဘဏ် ဓားပြတိုက်မှု ကြီး ဖြစ်ပွားခဲ့သော အချိန် ပင် ဖြစ်လေသည်။ ရိုအန်က မိုနာ ဘက်သို့ လှည့်ကြည့်လိုက်ပြီး အယ်လ်ကန်၏ အိမ်နှင့် အဝတ်လျှော်ဆိုင် ရှိ လုံခြုံရေး ကင်မရာ မှတ်တမ်းများကို စစ်ဆေးကြည့်ရန် အချက်ပြ လိုက်သည်။

"အယ်လ်ကန် ရဲ့ အိမ် အနီးအနား မှာ ဘာ လုံခြုံရေး ကင်မရာ မှ မရှိဘူး... အဝတ်လျှော်ဆိုင် မှာ လည်း တံခါးမကြီး ရဲ့ ညာဘက် အပေါ် ထောင့် မှာ... တံခါးမကြီး ကို တိုက်ရိုက် ချိန်ရွယ် ထားတဲ့ အင်တာနက် ချိတ်ဆက် ထားတဲ့ ကင်မရာ တစ်လုံး တည်း ပဲ ရှိတယ်..."

မိုနာ၏ လက်ချောင်း ဆယ်ချောင်းက ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ လှုပ်ရှား သွားပြီးနောက် တီးတိုး စကားဆိုလေသည်။

"လုံခြုံရေး ကင်မရာ မှတ်တမ်း တွေ အရ ဆိုရင်... အခင်းဖြစ်ပွား တဲ့ နေ့ တုန်းက အယ်လ်ကန် ရဲ့ အဝတ်လျှော်ဆိုင် က မနက်ပိုင်း မှာ ပုံမှန် အတိုင်း ဆိုင် မဖွင့် ခဲ့ဘူး... အမှု ဖြစ်ပွား ပြီးလို့ လေးနာရီ လောက် အကြာ ကျမှ သာ... အယ်လ်ကန် က အညိုရောင် လွယ်အိတ် တစ်လုံး ကို လွယ်ပြီး အဝတ်လျှော်ဆိုင် ထဲကို ဝင်သွား ခဲ့တာ..."

ရိုအန်၏ မျက်မှောင်များ တစ်ချက် ပင့်တက် သွားသည်။ ရောဘတ် ကို မော့ကြည့် ကာ တစ်စုံတစ်ခု ကို ဆက်လက် မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် မိုနာက ရိုအန်၏ လက်မောင်းကို ရုတ်တရက် လှမ်းဆွဲ လိုက်သည်။ ကွန်ပျူတာ မျက်နှာပြင် ကို လက်ညှိုးထိုးပြ ကာ တီးတိုး စကားဆိုလေသည်။

"အယ်လ်ကန် ရဲ့ သမီး ဖြစ်သူ က အဝတ်လျှော်ဆိုင် ကို ကူညီ ဖို့ ရောက်လာ တဲ့ အချိန် တုန်းက... သူ့ရဲ့ မျက်နှာ အမူအရာ က သိပ်ပြီး ကြည့်လို့ မကောင်း ခဲ့ဘူး... ဒါပေမဲ့ ဆယ်မိနစ် ကျော် လောက် အကြာ မှာ တော့... သမီး ဖြစ်သူ က အရမ်း ကို ဝမ်းသာ ပျော်ရွှင် နေတဲ့ ပုံစံ မျိုး နဲ့ အဝတ်လျှော်ဆိုင် ထဲကနေ ပြေးထွက် သွားခဲ့တယ်..."

"အိုကေ..."

မိုနာ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရိုအန်က မျက်တောင် တစ်ချက် ခတ်လိုက်သည်။ ထို့နောက် ရောဘတ် ကို နောက်တစ်ကြိမ် မော့ကြည့် ကာ မေးမြန်း လိုက်သည်။

"အခြား သဲလွန်စ တွေ ရော ရှိသေးလား..."

"သဲလွန်စ တွေ တော့ မရှိတော့ဘူး... ဒါပေမဲ့ ကိုယ်ပိုင် တွေးဆ ချက် တချို့ တော့ ရှိသေးတယ်..."

ရောဘတ်က ခါးကို မတ်လိုက်ပြီး ရိုအန်နှင့် မိုနာ တို့ကို ပြုံးရွှင်စွာ ကြည့်ကာ စကားဆိုလေသည်။

"ဘဏ် ကနေ ဓားပြတိုက် လာတဲ့ ပိုက်ဆံ တွေကို... လုံခြုံရေး အရ စဉ်းစား မယ် ဆိုရင်... လူ အများစု က ချက်ချင်း တိုက်ရိုက် သုံးစွဲ တာမျိုး လုပ်လေ့ မရှိကြဘူး... အဲ့ဒါကြောင့် ငါ ခန့်မှန်း ကြည့်ရသလောက် ဆိုရင်... ဒီ ဘဏ် ဓားပြ အဖွဲ့ ရဲ့ လက်ထဲမှာ ပိုက်ဆံ တွေကို ငွေမည်း ခဝါချ တဲ့ နည်းလမ်း တွေ ရှိနေ လိမ့်မယ်..."

ရောဘတ်က ဟိုအကြောင်း ဒီအကြောင်း များကို ရေပက်မဝင်အောင် အဆက်မပြတ် ရှင်းပြ နေလေသည်။ ရှင်းပြလေလေ ပို၍ အဓိပ္ပာယ် ကင်းမဲ့ လာလေလေ ဖြစ်လာပြီး ထိုဓားပြ အဖွဲ့သည် ကေဂျီဘီ ထောက်လှမ်းရေး အဖွဲ့ မှ လာရောက် သူများ ဖြစ်နိုင်ကြောင်း ကိုပင် စတင် သံသယ ဝင်လာတော့သည်။ ရိုအန်က ချက်ချင်း လက်ယမ်းပြ ကာ ထိုစကားများကို ဖြတ်တောက် လိုက်လေသည်။

"ရပါပြီ မစ္စတာ ရောဘတ်... မင်း ရဲ့ သဲလွန်စ တွေ က ငါတို့ အတွက် အရမ်း ကို အသုံးဝင် ပါတယ်... ဒါပေမဲ့ မင်း ရဲ့ ခန့်မှန်း တွေးဆ ချက် တွေကိုတော့ ထားလိုက်ပါတော့... မင်း ဆီမှာ အခြား သဲလွန်စ တွေ ရော ရှိသေးလား..."

"မရှိတော့ဘူး..."

"အရမ်း ကောင်းတယ်..."

ရိုအန်က ခေါင်းညိတ်ပြလိုက်ပြီး နေရာမှ ထကာ မိုနာကို ခေါ်ဆောင်၍ ထွက်ခွာရန် ပြင်လိုက်သည်။ ထိုအခြေအနေကို မြင်တွေ့လိုက်ရသောအခါ ရောဘတ်က ချက်ချင်း အသံကျယ်ကြီးဖြင့် အော်ဟစ် လိုက်လေသည်။

"စုံထောက် ကြီး... ငါ ပြောတဲ့ သဲလွန်စ တွေ အကုန်လုံး က အမှန် တကယ် တွေ ချည်းပါပဲ... မင်းတို့ ငါ့ ကို ပြစ်ဒဏ် လျှော့ပေါ့ ပေးဖို့ သေချာပေါက် လုပ်ပေး ရမယ် နော်... ငါ့ ဇနီး က မကြာခင် ကလေး မွေးတော့မှာမို့... ဆေးရုံ ကို သွားပြီး သူ့ အနားမှာ အဖော် ပြုပေးမယ် လို့ ငါ ကတိ ပေးထားလို့ပါ..."

ရိုအန်၏ နှုတ်ခမ်းထောင့်များ တစ်ချက် တွန့်ကွေး သွားပြီးနောက် မည်သည့် စကားမျှ ပြန်မပြောတော့ဘဲ စစ်ကြောရေး အခန်း အတွင်းမှ ကြီးမားသော ခြေလှမ်းများဖြင့် ထွက်ခွာ လာခဲ့လေသည်။ မိုနာ ကမူ နေရာမှ ထ၍ ထွက်ခွာ သွားချိန်တွင် ရောဘတ် ကို ပြီးစလွယ် တစ်ချက် လှမ်းကြည့် လိုက်လေသည်။

သို့သော် ရောဘတ် က မိမိကို မျက်ခုံး ပင့်ပြ နေသည်ကို မြင်တွေ့ လိုက်ရသောအခါ မိုနာက ဒေါသတကြီး စူးစိုက် ကြည့်လိုက်ပြီးနောက် နောက်သို့ လှည့်မကြည့်တော့ဘဲ ရိုအန် ၏ အနောက်မှ ကပ်လျက် လိုက်ပါ သွားတော့သည်။

စစ်ကြောရေး အခန်း အတွင်းမှ ထွက်လာပြီးနောက် ရိုအန်က နော်တန် နှင့် ခေတ္တမျှ စကားစမြည် ပြောဆို လိုက်သည်။ ထို့နောက် အုပ်စုဖွဲ့ မှုခင်း နှိမ်နင်းရေး ဌာန ၏ ရုံးခန်း နယ်မြေ အတွင်းမှ ထွက်လာခဲ့ပြီး မိုနာ ကို ခေါ်ဆောင် ကာ ဓာတ်လှေကား အတွင်းသို့ အတူတကွ ဝင်ရောက် သွားလေသည်။

ဓာတ်လှေကား အတွင်း၌ မိုနာက ခေါင်းစောင်း ကာ မေးမြန်း လိုက်သည်။

"အဲ့ဒီ အဝတ်လျှော်ဆိုင် ပိုင်ရှင် က ဘဏ် ဓားပြ ဖြစ်မယ် ဆိုတာ ကို နင် ယုံလား..."

ရိုအန်က ခေါင်းခါယမ်း လိုက်သည်။

"မဖြစ်နိုင် လောက်ဘူး... ဒါပေမဲ့ ဒါက သဲလွန်စ တစ်ခု ပဲ လေ... စုံစမ်း စစ်ဆေး ကြည့်လို့ ရတာပဲ... ပိုပြီး စုံစမ်း ကြည့်တာ ကလည်း ဘာမှ အချိန် ကြန့်ကြာ သွားစေမှာ မှ မဟုတ်တာ..."

မိုနာက ခေါင်းညိတ် လိုက်ပြီး ဆက်လက် မေးမြန်း လိုက်သည်။

"ဒါဆို နောက်ဆက်တွဲ တိတိကျကျ ဘယ်လို လုပ်ကြမလဲ..."

"အရမ်း ကို ရိုးရှင်းပါတယ်..."

ရိုအန်က မိမိ၏ လက်မောင်းကို ပွတ်သပ် လိုက်ပြီး ခေါင်းစောင်း ကာ ပြုံးလျက် စကားဆိုလေသည်။

"ကိစ္စ ရှိလာရင်... အထက်လူကြီး ဆီ သွားရုံပေါ့..."

“ဒေါက်... ဒေါက်... ဒေါက်…”

"ဝင်ခဲ့ပါ..."

အစည်းအဝေး ခန်းမ အတွင်းမှ အေးစက်စက် အသံကို ကြားလိုက်ရသောအခါ ရိုအန်က တံခါးကို တွန်းဖွင့် ၍ တိုက်ရိုက်ပင် ဝင်ရောက် သွားလေသည်။

ခေါင်းမော့ ကြည့်လိုက်ရာ ဝင်လာသူမှာ ရိုအန် ဖြစ်နေကြောင်း မြင်တွေ့ လိုက်ရသောအခါ ဗီရိုနီးစ်က အပိုစကားများ မပြောတော့ဘဲ ခေါင်းငုံ့ ကာ စာရွက်စာတမ်း များကို ဆက်လက် ရေးသား နေလေသည်။

"ထိုင်ပါ..."

"မင်္ဂလာပါ ခေါင်းဆောင်..."

ရိုအန်က ကုလားထိုင် ပေါ်တွင် ဖင်ချ ထိုင်လိုက်သည်။ စကား စတင် ပြောဆိုရန် ပြင်လိုက်စဉ်မှာပင် ဗီရိုနီးစ်က ဖိုင်တွဲ တစ်ခုကို ရိုအန် ထံသို့ ပစ်ပေး လိုက်လေသည်။

"ဒီ အထဲက သတင်း အချက်အလက် တွေကို အရင်ဆုံး ကြည့်လိုက်ဦး..."

ဖိုင်တွဲကို ဖွင့်လိုက်ပြီးနောက် အတွင်းရှိ အကြောင်းအရာ များကို မြင်တွေ့ လိုက်ရသောအခါ ရိုအန်၏ မျက်ခုံးမှာ ချက်ချင်း ပင့်တက် သွားတော့သည်။

All Chapters