← Chapters

အခန်း ၈၃

Vol. 9 Ch. 83

အခန်း ၈၃

Vol. 9 Ch. 83

အခန်း ၈၃ ဘရိုဆန်၏ ကြိုးပမ်းအားထုတ်မှု

ဖိုင်တွဲအတွင်း၌ ဘရိုဆန်အနေဖြင့် ပြီးခဲ့သောရက်ပိုင်းအတွင်း ဘဏ်ဓားပြတိုက်မှုကြီးကို စုံစမ်းစစ်ဆေးခဲ့သည့် အကြမ်းဖျင်းအခြေအနေများ ပါဝင်နေလေသည်။

ဘဏ်ဓားပြတိုက်မှု ခြောက်ခုစလုံးတွင် တတိယမြောက်ဘဏ်၏ မီးသတ်ရေဖျန်းခေါင်းအတွင်း တပ်ဆင်ထားသော လျှို့ဝှက်လုံခြုံရေးကင်မရာတစ်လုံးမှလွဲ၍ ကျန်ရှိသော ဘဏ်များအားလုံးရှိ လုံခြုံရေးကင်မရာများကို ဓားပြများ ဝင်ရောက်လာသည်နှင့်တပြိုင်နက် အမည်းရောင်ဆေးမှုတ်ဘူးဖြင့် ချက်ချင်း ဖုံးကွယ်ပစ်ခဲ့ကြလေသည်။

ထို့ကြောင့် ဘဏ်ဓားပြများ၏ လှုပ်ရှားမှုလုပ်ငန်းစဉ် တစ်ခုလုံးကို မှတ်တမ်းတင်ထားနိုင်ခဲ့သော ထိုလျှို့ဝှက်လုံခြုံရေးကင်မရာသည် ဘရိုဆန်တို့အဖွဲ့အတွက် အလွန်အရေးပါသော လမ်းညွှန်အိမ်မြှောင်တစ်ခု ဖြစ်လာခဲ့တော့သည်။

လုံခြုံရေးကင်မရာအတွင်းရှိ မှတ်တမ်းများအရ ဘရိုဆန်က ထိုဘဏ်ဓားပြနှစ်ဦးသည် စစ်မှုထမ်းဟောင်းများ သို့မဟုတ် စစ်တပ်အတွင်း တာဝန်ထမ်းဆောင်ဖူးသည့် အတွေ့အကြုံရှိသူများ ဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့လေသည်။ ထို့ကြောင့်သာ ထိုလူများ၏ လှုပ်ရှားမှုလုပ်ငန်းစဉ် တစ်ခုလုံးမှာ အလွန်သွက်လက်ပြီး ပြတ်သားနေခဲ့ခြင်းပင် ဖြစ်လေသည်။

နောက်ပိုင်းတွင် ဒုတိယမြောက် အမှုဖြစ်ပွားခဲ့သော နေရာရှိ ဘဏ်အတွင်း ပိတ်မိနေခဲ့သော သာမန်ပြည်သူများနှင့် ဘဏ်ဝန်ထမ်းများကို စစ်ဆေးမေးမြန်းသည့်အခါတွင် ဘရိုဆန်တို့အနေဖြင့် သတင်းအချက်အလက်သစ်တစ်ခုကို ထပ်မံရရှိခဲ့လေသည်။ ထိုအချက်မှာ ဘဏ်ဓားပြနှစ်ဦးထဲမှ တစ်ဦး၏ ညာဘက်လက်ကောက်ဝတ်တွင် မြွေပုံသဏ္ဍာန်နှင့် ဆင်တူသော တက်တူးတစ်ခု ရှိနေခြင်းပင် ဖြစ်လေသည်။

ဓားပြများက ဘဏ်ဝန်ထမ်းများထံသို့ ပေးအပ်ခဲ့သော အလင်းပေါက်ဖိုင်တွဲအတွင်း၌ ထိုဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များနှင့် မိသားစုဝင်များ၏ သတင်းအချက်အလက်များ ပါဝင်နေသဖြင့် ဘရိုဆန်က ဘဏ်ဝန်ထမ်းများ၏ လူမှုဆက်ဆံရေးကွန်ရက်နှင့် မိသားစုအခြေအနေများကို စတင်စုံစမ်းစစ်ဆေးခဲ့လေသည်။ မကြာသေးမီက ထိုသူများ၏အကြောင်းကို တစ်စုံတစ်ယောက် လာရောက်စုံစမ်းမေးမြန်းခဲ့ခြင်း ရှိမရှိကိုပါ အသေအချာ ရှာဖွေခဲ့လေသည်။

ဓားပြများ ဘဏ်အတွင်းသို့ ဝင်ရောက်လာချိန်တွင် အထက်သို့ သေနတ်တစ်ချက် အရင်ပစ်ဖောက်ခဲ့သဖြင့် ဘရိုဆန်က အခင်းဖြစ်ပွားရာနေရာတွင် ကျန်ရစ်ခဲ့သော ကျည်ခွံများကို စစ်ဆေးရန် မမေ့လျော့ခဲ့ပေ။ ထိုကျည်ခွံများကို ယူဆောင်ကာ ကျည်ဆန်လမ်းကြောင်း ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ရန် ပို့ဆောင်ခဲ့လေသည်။

ဘရိုဆန်၏ စုံစမ်းစစ်ဆေးမှုလမ်းကြောင်းနှင့် အတွေ့အကြုံအရ ကောက်ချက်ချမှုများသည် ပြဿနာကြီးကြီးမားမား မရှိကြောင်း အလွန်ထင်ရှားလှလေသည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ထိုသဲလွန်စများက ဘရိုဆန်အား ဓားပြများ၏ ခြေရာခံလမ်းကြောင်းကို ရှာဖွေတွေ့ရှိစေရန် အထောက်အကူ မဖြစ်ခဲ့ခြင်းပင် ဖြစ်လေသည်။

ထိုဘဏ်များ တည်ရှိရာနေရာများသည် ချမ်းသာကြွယ်ဝသော အထက်တန်းလွှာ ရပ်ကွက်များ မဟုတ်ကြပေ။ ထိုနေရာများ၏ ပတ်ဝန်းကျင် ကျယ်ဝန်းလှသော နယ်မြေတစ်ခုလုံးတွင် ပြည့်စုံကောင်းမွန်သော လုံခြုံရေးကင်မရာမှတ်တမ်းများ လုံးဝ မရှိခဲ့ချေ။

ထို့ကြောင့် ဓားပြနှစ်ဦး ဓားပြတိုက်ပြီးစီး၍ ဘဏ်အတွင်းမှ ထွက်ပြေးသွားပြီးနောက် ဘရိုဆန်အနေဖြင့် အင်တာနက်ချိတ်ဆက်မထားသော ဟောင်းနွမ်းသည့် လုံခြုံရေးကင်မရာအချို့တွင်သာ ထိုလူများ၏ ကျောပြင်ကို ရှာဖွေတွေ့ရှိခဲ့လေသည်။ ဓားပြနှစ်ဦး အရှေ့ဘက်သို့ ထွက်ပြေးသွားကြောင်းကိုသာ ကောက်ချက်ချနိုင်ခဲ့ပြီး ထိုဓားပြအဖွဲ့၏ အရိပ်အယောင်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့တော့သည်။

မြွေပုံသဏ္ဍာန်နှင့် ဆင်တူသော တက်တူးကို စုံစမ်းစစ်ဆေးပြီးနောက် နယူးယောက်မြို့တွင် ထိုကဲ့သို့သော ပုံစံမျိုးကို ရေးဆွဲပေးနိုင်သည့် တက်တူးဆိုင် အနည်းငယ်မျှသာ ရှိကြောင်း တွေ့ရှိခဲ့ရလေသည်။ သို့သော် အသေအချာ စစ်ဆေးပြီးနောက် တက်တူးဆိုင်ပိုင်ရှင်များနှင့် ထိုတက်တူးပုံစံမျိုး ရေးဆွဲဖူးသူများအားလုံးသည် အမှုဖြစ်ပွားသည့်နေ့တွင် အခြားနေရာ၌ ရှိနေကြောင်း ခိုင်လုံသော သက်သေအထောက်အထားများ အသီးသီး ရှိနေကြလေသည်။

ဘဏ်ဝန်ထမ်းများ၏ မိသားစုအခြေအနေကို စုံစမ်းစစ်ဆေးရာတွင်လည်း မည်သည့် သဲလွန်စမျှ မရရှိခဲ့ပေ။

ကျည်ဆန်လမ်းကြောင်း ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ခဲ့သော ကျည်ဆန်ခြောက်တောင့်နှင့် ပတ်သက်၍ ထိုလူများက သေနတ်တစ်လက်တည်းမှ ပစ်ခတ်ခဲ့ခြင်း မဟုတ်ကြောင်း ကောက်ချက်ချနိုင်ခဲ့ကြလေသည်။ သို့သော် ထိုသေနတ်များမှာ အမျိုးအစား တူညီနေပြီး ထိုသေနတ်အမျိုးအစားများမှာ မှောင်ခိုဈေးကွက်အတွင်း၌ အလွန်ပေါများနေသဖြင့် အချိန်တိုအတွင်း စစ်ဆေးဖော်ထုတ်ရန် လုံးဝ မဖြစ်နိုင်ချေ။

ထို့ကြောင့် ယနေ့အချိန်အထိ ဘရိုဆန်အနေဖြင့် ပြစ်မှုကျူးလွန်သူများ၏ တိကျသေချာသော သတင်းအချက်အလက်များကို ရှာဖွေမတွေ့ရှိသေးခြင်းပင် ဖြစ်လေသည်။

မှတ်တမ်းများကို ဖတ်ရှုပြီးနောက် ရိုအန်၏ မျက်မှောင်များ တစ်ချက် ပင့်တက်သွားပြီး ဖိုင်တွဲကို ဗီရိုနီးစ်၏ ရုံးစားပွဲပေါ်သို့ ပြန်တင်လိုက်လေသည်။

ဗီရိုနီးစ်က ခေါင်းမော့မလာဘဲ စာရွက်စာတမ်းများကို ဆက်လက်ရေးသားနေရင်း မေးမြန်းလိုက်သည်။

"ဘယ်လို ထင်မြင်ချက် မျိုး ရှိလဲ..."

"ဘရိုဆန် က အတွေ့အကြုံ ရင့်ကျက် တဲ့ အက်ဖ်ဘီအိုင် အရာရှိ ဟောင်း တစ်ယောက် ပါ... သူ့ရဲ့ စုံစမ်း စစ်ဆေးမှု လမ်းကြောင်း က ဘာပြဿနာ မှ မရှိပါဘူး..."

ရိုအန်က ခေါင်းညိတ်လိုက်ပြီးနောက် လေသံကို ရုတ်တရက် ပြောင်းလဲလိုက်သည်။

"ဒါပေမဲ့ စုံစမ်း စစ်ဆေး ဖို့ ဝင်ရောက် ရမယ့် အချက် က မှားယွင်း နေတယ်..."

ထိုစကားကို ကြားလိုက်ရသောအခါ ဗီရိုနီးစ်၏ စာရေးနေသော လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ရိုအန်ကို မော့ကြည့်ကာ စကားဆိုလေသည်။

"ပြောစမ်းပါဦး..."

ရိုအန်က အပိုစကားများ မပြောတော့ဘဲ စောစောက စစ်ဆေးမေးမြန်းခဲ့သည့် လုပ်ငန်းစဉ်ကို ဗီရိုနီးစ်ထံသို့ အကြမ်းဖျင်း ရှင်းပြလိုက်ပြီး နောက်ဆုံးတွင် သုံးသပ်ပြလေသည်။

"လုံခြုံရေး ကင်မရာ တွေ က အမည်းရောင် ဆေးတွေ နဲ့ ဖုံးကွယ် ခံလိုက်ရတဲ့ အတွက်... ဘရိုဆန် အနေနဲ့ တတိယမြောက် အမှု ဖြစ်ပွား ခဲ့တဲ့ ဘဏ် ရဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်း နဲ့ အမှု ခြောက်ခု စလုံး မှာ ရှိနေခဲ့တဲ့ သက်သေ တွေရဲ့ ထွက်ဆိုချက် တွေကို ပဲ အားကိုး ပြီး ပြစ်မှု ကျူးလွန်သူ ကို ကောက်ချက်ချ ရတာ အရမ်း ထင်ရှား နေပါတယ်... ဒါပေမဲ့ အမှု ခြောက်ခု စလုံး မှာ ဓားပြ နှစ်ယောက် စလုံး ရဲ့ အရပ်အမောင်း က သိပ်မကွာခြား ဘူး လေ... သက်သေ တွေ က ဓားပြ တွေ အကြောင်း ပြောပြ တဲ့ အခါ မှာလည်း တူညီ တဲ့ အဝတ်အစား တွေ နဲ့ တူညီ တဲ့ လှုပ်ရှားမှု ပုံစံ တွေ ကိုပဲ အဓိက ထားပြီး ပြောပြ ကြတာပဲ... သက်သေ တွေ အနေနဲ့ ထိတ်လန့် တုန်လှုပ် သွားပြီးတဲ့ နောက်မှာ အသေးစိတ် အချက်အလက် တချို့ ကို သတိမထား မိဘဲ လွတ်သွား တာမျိုး က ရှောင်လွှဲ လို့ မရတဲ့ ကိစ္စ ပဲ လေ... အဲ့ဒီ အပြင် ပြစ်မှု ကျူးလွန်သူ တွေ က ဓားပြတိုက် တဲ့ လုပ်ငန်းစဉ် တစ်ခုလုံး မှာ စကား တစ်ခွန်း မှ မပြောဘဲ ဖုန်း ထဲက အသံဖမ်း မှတ်တမ်း ကို သုံးပြီး ဘဏ် ထဲက လူတွေကို ညွှန်ကြား ခဲ့တာ ဆိုတော့..."

"အဲ့ဒါကြောင့် ဘရိုဆန် က ဒီ ဘဏ် ဓားပြတိုက်မှု ခြောက်ခု စလုံး ကို လူတစ်စု တည်း က ကျူးလွန် တာ လို့ ထင်မှတ် သွားဖို့ ရာခိုင်နှုန်း အရမ်း များနေတာပေါ့..."

ဗီရိုနီးစ်က လက်မှတ်ထိုးရာတွင် သုံးသော ဘောပင်ကို ပစ်ချလိုက်ပြီး ခန္ဓာကိုယ်ကို နောက်သို့ မှီချလိုက်သည်။ ရိုအန်၏ စကားကို ဆက်လက်၍ ကောက်ချက်ချလိုက်လေသည်။

"မှန်ပါတယ်..."

ရိုအန်က ခေါင်းညိတ်လိုက်သည်။ မည်သည့် သက်သေမှ ဘဏ်တွင် ကိစ္စရှိ၍ သွားရောက်စဉ် ဓားပြများနှင့် နှစ်ကြိမ်တိတိ ပက်ပင်းတိုးရလောက်အောင် ကံဆိုးမနေကြပေ။ ထို့ကြောင့် ဘဏ်ဓားပြတိုက်မှု ခြောက်ခုစလုံးရှိ သက်သေများသည် မိမိတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရသော ဓားပြတိုက်မှုအခြေအနေကိုသာ ထွက်ဆိုကြမည်ပင် ဖြစ်လေသည်။

ဓားပြတိုက်မှု ခြောက်ကြိမ်စလုံးတွင် ပြစ်မှုကျူးလွန်သူများ၏ လှုပ်ရှားမှုလုပ်ငန်းစဉ်မှာ တစ်သဝေမတိမ်း တူညီနေပြီး ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း ထပ်တူကျနေလေသည်။ ကိုင်ဆောင်ထားသော သေနတ်များမှာပင် အမျိုးအစား တူညီနေပြီး လုပ်ငန်းစဉ်တစ်ခုလုံးတွင် စကားတစ်ခွန်းမှ မပြောဆိုခဲ့ကြချေ။ ထို့ကြောင့် လူတစ်စုတည်းက ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ကောက်ချက်ချလိုက်ခြင်းမှာ အလွန်ယုတ္တိတန်လှလေသည်။

"မင်း စောစောက ပြောတာ က... ဆဋ္ဌမမြောက် အမှု မှာ ပါဝင် တဲ့ ဓားပြ ကို ရှာတွေ့ သွားပြီ ဆိုတဲ့ သဘောလား..."

ဗီရိုနီးစ်၏ မေးခွန်းကို ကြားလိုက်ရသောအခါ ရိုအန်က ခေါင်းခါယမ်းလိုက်သည်။

"မဟုတ်ပါဘူး ခေါင်းဆောင်... ဖြစ်နိုင်ချေ ရှိတယ် လို့ပဲ ပြောတာပါ... တိကျ သေချာ တဲ့ သက်သေ အထောက်အထား တွေ မရသေး ခင် မှာတော့ ကျွန်တော် က ဒီအချက် ကို ရာခိုင်နှုန်း ပြည့် အာမ မခံ ရဲပါဘူး..."

ဟိုင်အီးနားဂိုဏ်းမှ ရောဘတ်၏ ပြောပြချက်များတွင် ရိုအန်အနေဖြင့် ကြီးမားလှသော ဟာကွက်များကို မတွေ့ရှိခဲ့ပေ။ သို့သော် အထူးအမှုအခင်းအချို့တွင် မှတ်ဉာဏ်ပြန်လည်ရရှိစေသော ထိုးကြိတ်နှိပ်စက်မှုကြီးကို အသုံးပြု၍ ပြစ်မှုကျူးလွန်သူကို အတင်းအကျပ် ဝန်ခံခိုင်းခြင်းမှလွဲ၍ သာမန်အမှုအခင်းများတွင်မူ သက်သေအထောက်အထားကို အဓိကထားရမည်သာ ဖြစ်လေသည်။

အဝတ်လျှော်ဆိုင်ပိုင်ရှင်၏ လက်ထဲမှ ဘဏ်ဓားပြတိုက်ခံရသော ငွေစက္ကူများကို ရှာဖွေမတွေ့ရှိသေးမီ သို့မဟုတ် အခြား တိုက်ရိုက်သက်သေအထောက်အထားများကို မတွေ့ရှိသေးမီအချိန်အထိ ရိုအန်အနေဖြင့် ပြီးစလွယ် စကားများ လျှောက်ပြောနေမည် မဟုတ်ပေ။

ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ ဗီရိုနီးစ်မှာ အချိန်အတန်ကြာ တိတ်ဆိတ်သွားလေသည်။ ထို့နောက် ခါးကို မတ်လိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ ရုံးစားပွဲပေါ်သို့ တင်လိုက်သည်။ ရိုအန်ကို လေးနက်တည်ကြည်သော မျက်နှာထားဖြင့် ကြည့်ကာ အေးစက်သော လေသံဖြင့် စကားဆိုလေသည်။

"ဘရိုဆန် က အရင် အစည်းအဝေး တုန်းက အမှု ဖော်ထုတ် ဖို့ သုံးရက် အချိန် သတ်မှတ် ပေးဖို့ တောင်းဆို ခဲ့တယ်... အခု အဲ့ဒီ အချိန် ကုန်ဆုံး ဖို့ ခြောက်နာရီ ပဲ လိုတော့တယ်... နောက်ထပ် ခြောက်နာရီ ကြာလို့ ဘရိုဆန် က သာ အမှု ကို အောင်မြင်စွာ မဖော်ထုတ် နိုင်ခဲ့ဘူး ဆိုရင်... ဒီ အမှု ကို ငါတို့ ကျန်နေသေးတဲ့ အဖွဲ့ခေါင်းဆောင် တွေ ထဲက တစ်ယောက်ယောက် က လွှဲပြောင်း ယူရလိမ့်မယ်... အကယ်၍ ငါတို့ က သာ ဒီ အမှု ကို ဖော်ထုတ် နိုင်ခဲ့မယ် ဆိုရင်... ငါ့ အနေနဲ့ ရှေ့ကို နောက်ထပ် ခြေလှမ်း တစ်လှမ်း တိုးဖို့ အခွင့်အရေး ရသွား သလို... မင်း လည်း အကြီးတန်း စုံထောက် အဖြစ် ချက်ချင်း ရာထူးတက် ဖို့ အခွင့်အရေး ရသွား လိမ့်မယ်... တစ်ချိန်တည်း မှာပဲ ဘဏ် ဆီ ကနေ မက်လောက်စရာ ကောင်းတဲ့ ကျေးဇူးဆပ်ငွေ ကိုလည်း ရနိုင်သေးတယ်..."

ရိုအန်က ခေါင်းညိတ်လိုက်သည်။ ဤကိစ္စကို ယခင်က ဗီရိုနီးစ် သူ့အား ပြောပြဖူးသဖြင့် ရိုအန် ကောင်းစွာ သိရှိထားလေသည်။

ဗီရိုနီးစ်၏ မျက်လုံးများ တစ်ချက် လှုပ်ရှားသွားပြီး ဆက်လက် စကားဆိုလေသည်။

"ဘရိုဆန် က သတ်မှတ် ထားတဲ့ အချိန် အတွင်း မှာ အမှု ကို မဖော်ထုတ် နိုင်ဘူး လို့ ပဲ သဘောထား လိုက်ရအောင်... ဒီ အမှု က ငါတို့ လက်ထဲ ကို ရောက်မလာ ခင် မှာ အမှု နဲ့ ပတ်သက်တဲ့ သဲလွန်စ တွေကို ငါတို့ အရင် ခွဲခြမ်း စိတ်ဖြာ ကြည့်လို့ ရတယ်... အဲ့ဒီ အဝတ်လျှော်ဆိုင် ပိုင်ရှင် ကနေ ပဲ စတင် လိုက်ကြတာပေါ့... အကယ်၍ အဝတ်လျှော်ဆိုင် ပိုင်ရှင် က တကယ့် ဓားပြ အစစ် မဟုတ်ဘူး ဆိုရင်... ဒါမှမဟုတ် ဘရိုဆန် က အဲ့ဒီ အဝတ်လျှော်ဆိုင် ပိုင်ရှင် ကို ဖမ်းဝရမ်း ထုတ်ပြီး ပစ်မှတ် ထားနေပြီ ဆိုရင်... ဒီ ကိစ္စ ကို ဘာမှ မဖြစ်ခဲ့သလို ပဲ သဘောထား လိုက်ကြတာပေါ့... ခြောက်နာရီ ပြည့်သွားတဲ့ အခါ ကျမှ ဒီ အမှု ကို လက်ခံ သင့် မသင့် ကို ပြန်ပြီး စဉ်းစား ကြမယ်... အကယ်၍ စုံစမ်း စစ်ဆေး တဲ့ လုပ်ငန်းစဉ် ထဲမှာ အဲ့ဒီ အဝတ်လျှော်ဆိုင် ပိုင်ရှင် က ဘဏ် ဓားပြ အစစ် ဖြစ်နေတာ ကို တွေ့ရမယ်... ပြီးတော့ ဘရိုဆန် ကလည်း အဲ့ဒီ အချက် ကို ရှာမတွေ့ သေးဘူး ဆိုရင်... ခြောက်နာရီ ကြာသွားတဲ့ အချိန် ကျရင် အထက်လူကြီး ဆီ ကနေ ဒီ အမှု ကို ငါ တိုက်ရိုက် လွှဲပြောင်း ယူလိုက်မယ်..."

အဝတ်လျှော်ဆိုင်ပိုင်ရှင်သည် ဘဏ်ဓားပြ ဖြစ်နိုင်ကြောင်းနှင့် ဘဏ်ဓားပြတိုက်မှု ခြောက်ခုစလုံးကို လူတစ်စုတည်းက ကျူးလွန်ခဲ့ခြင်း မဟုတ်နိုင်ကြောင်း သတင်းများကို အစကတည်းက ဘရိုဆန်ထံသို့ အသိပေးရန် ဗီရိုနီးစ် လုံးဝ ရည်ရွယ်ထားခြင်း မရှိခဲ့ပေ။

သတင်း၏ အမှားအမှန်ကို သေချာ မသိရသေးခြင်းက အကြောင်းရင်းတစ်ခု ဖြစ်ပြီး ပို၍အရေးကြီးသော အကြောင်းရင်းမှာ ယခင်က ကွင်းဆက်လူသတ်မှုကြီးကို မီဒီယာများထံ သတင်းပေါက်ကြားစေခဲ့သော နောက်ကွယ်မှ ကြိုးကိုင်သူသည် ဗီရိုနီးစ်၏ လက်အောက်ရှိ စုံစမ်းစစ်ဆေးရေးအဖွဲ့ ငါးဖွဲ့ကို မျက်စိကျနေသော ဘရိုဆန်ပင် ဖြစ်လေသည်။

ထိုအကြိမ်က ရိုအန်၏ အမှုဖော်ထုတ်နိုင်မှု အရှိန်အဟုန် မမြန်ဆန်ခဲ့လျှင်နှင့် လူအများ၏ရှေ့တွင် ဓားစာခံကို အောင်မြင်စွာ ကယ်တင်ကာ ပြစ်မှုကျူးလွန်သူကို ပစ်သတ်နိုင်ခဲ့ခြင်း မရှိပါက ဗီရိုနီးစ်အနေဖြင့် ရာခိုင်နှုန်းပြည့် ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ခံရမည်မှာ အသေအချာပင် ဖြစ်လေသည်။ အကယ်၍ ပြစ်ဒဏ်များကို ချေဖျက်လိုပါက ဗီရိုနီးစ်အနေဖြင့် နိုင်ငံရေးအရ အလွန်ကြီးမားသော ပေးဆပ်မှုမျိုးကို မဖြစ်မနေ ပြုလုပ်ခဲ့ရမည် ဖြစ်လေသည်။

ထို့အပြင် ဘရိုဆန်နှင့် ဗီရိုနီးစ်တို့ ဝင်ရောက်ထားသော ဖောင်ဒေးရှင်းများမှာလည်း မတူညီကြပေ။ နိုင်ငံရေးအရ အားပြိုင်တိုက်ခိုက်မှုများ ဆိုသည်မှာ အမြဲတမ်း တစ်ဖက်သေလျှင် တစ်ဖက်ရှင်ရမည့် ပွဲမျိုးသာ ဖြစ်လေသည်။

ဘရိုဆန်သာ အမှုဖော်ထုတ်ရန် ကျရှုံးသွားပါက အခြေအနေကို အခွင့်ကောင်းယူ၍ သူ့အား အက်ဖ်ဘီအိုင် နယူးယောက် ဌာနခွဲ၏ ရုံးချုပ်အဆောက်အအုံ အတွင်းမှ မောင်းထုတ်ရန် ဗီရိုနီးစ် မူလက စိတ်ကူးထားခဲ့လေသည်။ သို့သော် ရိုအန်က သူမထံသို့ သတင်းကောင်းတစ်ခု ယူဆောင်လာပေးလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။ ထိုသတင်းကြောင့် ဘရိုဆန်ကို ဤအဆောက်အအုံအတွင်းမှ တိုက်ရိုက်မောင်းထုတ်နိုင်မည့် အခွင့်အရေးတစ်ရပ်ကို ရရှိသွားစေခဲ့လေသည်။

ထိုအကြောင်းများကို တွေးတောမိသွားသောအခါ ဗီရိုနီးစ်က တံတွေးတစ်ချက် မျိုချလိုက်ပြီး ရိုအန်ကို အလွန်ရှုပ်ထွေးသော အကြည့်များဖြင့် လှမ်းကြည့်လိုက်လေသည်။

ဗီရိုနီးစ်၏ စကားကို နားထောင်ပြီးနောက် ရိုအန်က နှုတ်ခမ်းများကို သပ်လိုက်ပြီး မျက်လုံးများအတွင်း၌ အေးစက်သော အလင်းတန်းများ တောက်ပသွားလေသည်။ စကား၏ ဆိုလိုရင်းကို ရိုအန် ကောင်းစွာ သဘောပေါက် နားလည်နေလေသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရိုအန် ကိုယ်တိုင်လည်း ဤအခွင့်အရေးကို အသုံးချ၍ ဘရိုဆန်ကို မိမိ၏ မြင်ကွင်းထဲမှ ထာဝရ မောင်းထုတ်လိုစိတ်များ ပြင်းပြနေလေသည်။ အစကနဦး အလုပ်သင် စုံထောက်ဘဝတွင် စစ်ဆင်ရေးတစ်ခု ကျရှုံးသွားပြီးနောက် ဘရိုဆန်၏ တည်ရှိမှုကြောင့် လူသုံးယောက်အဖွဲ့တွင် ရိုအန် တစ်ယောက်တည်းသာ အမှတ်နှုတ် ခံခဲ့ရလေသည်။

နောက်ပိုင်းတွင် ရိုအန်နှင့် မိုနာတို့ ပန်းခြံလူသတ်သမားကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့ပြီးနောက် ဘရိုဆန်က အစည်းအဝေးတွင် ရိုအန်ကို အငြိုးတကြီး ပစ်မှတ်ထားခဲ့ပြန်သည်။ ရိုအန်သာ ကြိုတင်ပြင်ဆင်မှုများ မပြုလုပ်ထားဘဲ ပြစ်မှုကျူးလွန်သူ၏ ရင်ခွင်ထဲရှိ မှတ်စုစာအုပ်ကို ယူဆောင်မထားခဲ့လျှင် ထိုညက အခြေအနေမှာ ရိုအန်အတွက် အလွန်အရှက်ကွဲစရာ ကောင်းလောက်မည်မှာ အသေအချာပင် ဖြစ်လေသည်။

ထိုအဖြစ်အပျက်များအပြင် နောက်ပိုင်းတွင် အမှုအခြေအနေများကို ရုပ်မြင်သံကြားစခန်းထံသို့ သတင်းပေါက်ကြားစေခဲ့ခြင်းနှင့် ဓာတ်လှေကားအတွင်း ဆုံတွေ့ရချိန်တွင် အကြည့်များက တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုအေးစက်လာခြင်းတို့ကြောင့် အသံတိတ်ခွေးက ပိုကိုက်တတ်သည်ဟု ဆိုရမည်ပင် ဖြစ်လေသည်။ အမှန်အတိုင်း ပြောရလျှင် အဖွဲ့ခေါင်းဆောင် သေဆုံးသွားပြီးနောက် စုံစမ်းစစ်ဆေးသည့် လုပ်ငန်းစဉ်တွင် သေဆုံးရသည့် အကြောင်းရင်းမှာ ပုံမှန်မဟုတ်ကြောင်း ရှာဖွေတွေ့ရှိသွားပြီး အက်ဖ်ဘီအိုင် အထက်လူကြီးများ၏ ဒေါသနှင့် စုံစမ်းစစ်ဆေးမှုများကို ဖိတ်ခေါ်မိသလို ဖြစ်သွားမည်ကိုသာ မစိုးရိမ်ရလျှင် ရိုအန်အနေဖြင့် အလုပ်ဟောင်းကို ပြန်လည်ကောက်ကိုင်ကာ အခွင့်အရေးရှာ၍ ဘရိုဆန်ကို တိတ်တဆိတ် သတ်ပစ်ခဲ့သည်မှာ ကြာလှပြီပင် ဖြစ်လေသည်။

ထိုအကြောင်းများကို တွေးတောမိသွားသောအခါ ရိုအန်က ဆက်လက် တုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ ဗီရိုနီးစ်ကို ပြတ်သားစွာ ခေါင်းညိတ်ပြလိုက်ပြီး အံသွားများပေါ်လာသည်အထိ ပြုံးလိုက်လေသည်။

"ကောင်းပါပြီ ခေါင်းဆောင်... ကျွန်တော် ဘာ ဆက်လုပ် ရမယ် ဆိုတာ ကို သိပါပြီ..."

ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ ဗီရိုနီးစ် တစ်ယောက် အလွန်ကျေနပ်အားရသွားပြီး အစီအစဉ်အချို့ကို အကြမ်းဖျင်း မှာကြားလိုက်ပြီးနောက် ရိုအန်ကို ရုံးခန်းအတွင်းမှ ထွက်ခွာခွင့် ပြုလိုက်လေသည်။

အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ နယ်မြေသို့ ပြန်ရောက်လာချိန်တွင် ဆွန်းကို လေစီနှင့် ဝီလျံတို့ စစ်ဆေးမေးမြန်း ပြီးစီးသွားပြီဖြစ်သဖြင့် ထိုနေရာမှ ထွက်ခွာသွားကြပြီ ဖြစ်လေသည်။ ရိုအန်က ထိုးကြိတ်ရသည်မှာ အားမရသေးသော လက်သီးကို ပွတ်သပ်လိုက်ပြီး လှည့်ကာ သြဂတ်စ်၏ ရုံးခန်းအတွင်းသို့ ဝင်ရောက်သွားလေသည်။

ဗီရိုနီးစ်၏ အစီအစဉ်များကို သြဂတ်စ်ထံသို့ ရှင်းပြလိုက်လေသည်။ သြဂတ်စ်က နားထောင်ပြီးနောက် တုံ့ဆိုင်းနေခြင်း မရှိဘဲ ပြတ်ပြတ်သားသားပင် သဘောတူလိုက်သည်။ တစ်ချိန်တည်းမှာပင် လေးနက်တည်ကြည်သော မျက်နှာထားဖြင့် ရိုအန်ကို စကားဆိုလေသည်။

"စုံစမ်း စစ်ဆေး ပြီး သက်သေ အထောက်အထား ယူတဲ့ လုပ်ငန်းစဉ် ထဲမှာ... သေချာပေါက် ဂရုစိုက် ဦးနော်..."

"ကောင်းပါပြီ... ကျေးဇူးတင်ပါတယ် ခေါင်းဆောင်..."

ရိုအန်က အံသွားများပေါ်လာသည်အထိ ပြုံးလိုက်ပြီး သြဂတ်စ်အတွက် ကော်ဖီတစ်ခွက် ငဲ့ပေးလိုက်သည်။ ထို့နောက် လှည့်ကာ အဖွဲ့ခေါင်းဆောင် ရုံးခန်းအတွင်းမှ ထွက်ခွာလာခဲ့လေသည်။

မိမိ၏ အလုပ်ခုံတွင် ပြန်လည် နေရာယူလိုက်ပြီးနောက် ရိုအန်က မိုနာကို မေးမြန်းရန် ပြင်လိုက်စဉ် ဘေးနားရှိ မိုနာက တည်ငြိမ်စွာဖြင့် မေးမြန်းလိုက်လေသည်။

"အဲ့ဒီ ကွင်းဆက် ဘဏ် ဓားပြတိုက်မှု ကြီး ကို စုံစမ်း တော့မလို့ မဟုတ်လား..."

ရိုအန် တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာလေသည်။

"မှန်ပါတယ်..."

"ဒီလို ပဲ ဖြစ်မယ် ဆိုတာ ငါ သိပြီးသား ပါ..."

မိုနာက ရိုအန်ကို ပြီးစလွယ် တစ်ချက် လှမ်းကြည့်လိုက်ပြီး ကွန်ပျူတာကို လက်ညှိုးထိုးပြကာ စကားဆိုလေသည်။

"စောစောက နင် ဗီရိုနီးစ် ဆီ ကို သွားတဲ့ အချိန် တုန်းက... အဝတ်လျှော်ဆိုင် အနီးအနား က အင်တာနက် ချိတ်ဆက် ထားတဲ့ လုံခြုံရေး ကင်မရာ တွေ အားလုံး ကို ငါ စစ်ဆေး ကြည့်လိုက်တယ်... အမှု ဖြစ်ပွား ခဲ့တဲ့ နေ့ တုန်းက အဝတ်လျှော်ဆိုင် ပိုင်ရှင် အယ်လ်ကန် ရဲ့ မသင်္ကာ စရာ အရိပ်အယောင် မျိုး ကို တစ်ချက်လေး တောင် မတွေ့ခဲ့ရဘူး..."

လုံခြုံရေးကင်မရာ မှတ်တမ်းများအရ အယ်လ်ကန်အနေဖြင့် အမှုဖြစ်ပွားခဲ့သောနေ့တွင် ဆိုင်ဖွင့်ချိန် နောက်ကျခဲ့ကြောင်းကိုသာ သက်သေပြနိုင်လေသည်။ ထို့အပြင် သမီးဖြစ်သူက မျက်နှာမကောင်းသည့် ပုံစံဖြင့် အဝတ်လျှော်ဆိုင်အတွင်းသို့ ဝင်ရောက်ကူညီခဲ့ပြီးနောက် ဝမ်းသာပျော်ရွှင်စွာဖြင့် ပြေးထွက်သွားခဲ့ခြင်းများမှာ ဘဏ်ဓားပြတိုက်မှုနှင့် လုံးဝ ပတ်သက်ဆက်နွှယ်နေခြင်း မရှိကြောင်း တွေ့ရှိရလေသည်။

"ကောင်းပါပြီ..."

မိုနာ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရိုအန်က ခေါင်းညိတ်လိုက်သည်။ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းစောင်းကာ မေးမြန်းလိုက်လေသည်။

"ဒါဆို အယ်လ်ကန် တို့ မိသားစု ရဲ့ ငွေကြေး သုံးစွဲမှု မှတ်တမ်း တွေ ကရော ဘယ်လို ရှိလဲ... ပုံမှန် မဟုတ်တဲ့ အခြေအနေ မျိုး တွေ ရော တွေ့ရသေးလား..."

"လူမိုက် ဂိုဏ်း တွေ က ဘာဖြစ်လို့ အဝတ်လျှော်ဆိုင် ဖွင့်ရတာ ကို သဘောကျ တာလဲ ဆိုတာ ကို နင် သိလား... အဲ့ဒီ နေရာ တွေမှာ အကြွေစေ့ တွေ များလွန်း လို့ ငွေမည်း ခဝါချ ရတာ အဆင်ပြေ လို့ပဲ..."

မိုနာက ပြီးစလွယ် ပြန်လည်ဖြေကြားလိုက်ပြီး နှုတ်ခမ်းဆူကာ ကီးဘုတ်ကို စတင် ခေါက်နှိပ်လိုက်လေသည်။

"မိဘ တွေ က အသက် ကြီးနေပြီ... ဇနီးသည် က မသန်မစွမ်း ဖြစ်နေတယ်... သမီး က တက္ကသိုလ် တက်ရတော့မယ်... အယ်လ်ကန် ကိုယ်တိုင် မှာလည်း ဟောင်းနွမ်း နေတဲ့ အဝတ်လျှော်ဆိုင် လေး တစ်ဆိုင် ပဲ ရှိတယ်... ဒီလို အခြေအနေ မျိုး အောက်မှာ သူ က အကြွေးဝယ် ကတ် တွေ ဘာတွေ ကို အမြဲတမ်း သုံးစွဲ နေလိမ့်မယ် လို့ နင် ထင်လား..."

ရိုအန်၏ နှုတ်ခမ်းထောင့်များ တစ်ချက် တွန့်ကွေးသွားပြီး တစ်စုံတစ်ခုကို ပြန်လည်ပြောဆိုရန် ပြင်လိုက်စဉ်မှာပင် မိုနာက ခေါင်းညိတ်လိုက်ပြီး ကွန်ပျူတာ မျက်နှာပြင်ကို လက်ညှိုးထိုးပြကာ စကားဆိုလေသည်။

"သူ က တကယ် ကို သုံးထားတာပဲ..."

ရိုအန် တစ်ယောက် ပြောစရာစကားပင် ဆွံ့အသွားရလေသည်။

All Chapters