← Chapters

လီချန်မေ

Vol. 94 Ch. 1292

လီချန်မေ

Vol. 94 Ch. 1292

လုယင်ကျဲ၏အမူအရာသည် သုန်မှုန်ကာ လုယန်ကုံးကို စူးစိုက်ကြည့်သည်။ သူသည် ဤလူမှာ လွန်ခဲ့​သောနှစ်​ပေါင်းတစ်​ထောင်တုန်းက အဆင့်​ခြောက်​ဒေသ၏နံပါတ်တစ် ကောင်းကင်ဘုံဂီတကလန်ကို စိန်​ခေါ်ဝံ့ခဲ့​သော နံပါတ်တစ်အဆင့်ငါးကလန်မှသူ ဖြစ်မှန်း မှတ်မိသွားသည်။

သူတို့၏စိန်​ခေါ်မှုက အဆုံးသပ်တွင် ကျရှုံးခဲ့​သော်လည်း ​ကောင်းကင်ဘုံဂီတကလန်အဖို့ မျက်နှာပျက်ခဲ့ရ​ပေသည်။ ထိုသူက ​ကောင်းကင်ဘုံဂီတကလန်ကို ချနင်းကာ ခရမ်း​ရောင်တိမ်ကလန်ကို ​ကျော်ကြား​စေခဲ့သူ၊ လုယန်ကုံး ဟူသည့် သူ့နာမည်ကိုလည်း တိမ်​ကောင်းကင်တစ်ခွင် ပျံ့နှံ့သွား​စေ ခဲ့​ပေသည်။

လုယန်ကုံးသည် ဤမဟာပြိုင်ပွဲတွင် ပို၍ ​ကြောက်မက်ဖွယ် ​ကောင်းလာကာ လွန်ခဲ့​သောနှစ်တစ်​ထောင်ကထက်လည်း အစွမ်းပိုထက်လာခဲ့သည်။ ကြည့်ရသည်မှာ သူက ​ကောင်းကင်ဘုံဂီတကလန်ကို ထပ်မံစိန်​ခေါ်ဦးမည့် ပုံပင်။

အဆင့်ငါးကလန်တစ်ခုကသာ သူတို့ကို နှစ်ကြိမ်နှစ်ခါ စိန်​ခေါ်ပါက သိက္ခာကျရ​ပေ​တော့မည်။

"လုယန်ကုံး...လူတိုင်း ဒီလို ​ပြောလို့ရတယ်။ ငါ့ကို ပုရွတ်ဆိတ်တစ်​ကောင်လို သတ်ပစ်နိုင်တယ်ဆိုတဲ့ လုနာမည်နဲ့သူကို ငါ မသိဘူး..."

လုယင်ကျဲက တဖြည်းဖြည်း ပြန်တည်ငြိမ်လာ၏။ သူက ညစ်စုတ်​သောသူ ဖြစ်​သော်လည်း ဟန်​ဆောင်​ကောင်း​ပေသည်။ စက္ကန့်အနည်းငယ်အတွင်း သူ့စိတ်ထဲရှိ ​ဒေါသကို ပြန်ဖိနှိပ်ထားလိုက်၏။

လုယန်ကုံး၏မျက်လုံးထဲတွင် ​အေးစက်မှု ဖြတ်​ပြေးသွား​လေ၏။ သူသည် လုယင်ကျဲ၏ စိတ်​နေစိတ်ထားကို ဖြတ်မြင်နိုင်​ပေ၏။ သူက ပို၍ ​တွေ့မြင်​လေ​လေ သည်လူ့ကို ပိုသ​ဘောမကျမိ​လေပင်။

"သူ ​ရောက်လာရင် သင် ​တွေ့ရပါလိမ့်မယ်..."

လုယန်ကုံး၏အသံက ​အေးစက်​လေ၏။ ပြိုင်ပွဲအပြင် သူ ထာဝရကလန်သို့ ​ရောက်လာခဲ့ရ​သော အ​ကြောင်းရင်းမှာ ဝမ်လင်းကို ထပ်​တွေ့ရဖို့ ဖြစ်​ပေ၏။

ထို့​ကြောင့်လည်း သူက မူလကလန်ကို အ​တော်​လေး အာရုံစိုက်​နေခဲ့ခြင်းပင်။

သို့ရာတွင် လုယန်ကုံး ထိုကဲ့သို့ ​ပြောလိုက်ချိန်၌ သွားကြားထဲမှ ထွက်​ပေါ်လာ​သော ထူးဆန်းသည့်အသံတစ်ခုကို ကြားလိုက်ရ၏။

"လုယန်ကုံး...မင်း​ပြောတဲ့ လုဆိုတဲ့သူကို ငါလည်း ​တွေ့ချင်တယ်..."

ထိုအသံ​ပေါ်လာသည်နှင့် လုယန်ကုံး၏ အမူအရာမှာ ​ပြောင်းလဲသွားသည်။ သူသာမက လုယန်​ဖေ အပါအဝင် မူလကလန်ရှိလူတိုင်း၏ အမူအရာလည်း ​ပြောင်းလဲသွားကြသည်။

ထိုအသံက အား​ပျော့​သော်လည်း ထွက်​ပေါ်လာသည်နှင့် လူတိုင်း၏မူလစိတ်ဝိညာဥ်များကို သက်​ရောက်ကာ လှုပ်ခတ်​စေ၏။

ကျင့်ကြံမှုအဆင့်နိမ့်​​သောသူများ၏ မျက်နှာဆို ဖြူ​ရောကုန်ပြီး မူလစိတ်ဝိညာဥ်များပါ ရှုပ်​ထွေး၍ ဒဏ်ရာ ရသွား​ပေလိမ့်မည်။

လုယင်ကျဲတစ်​ယောက်သာ ပုံမှန်အတိုင်း ရှိ​လေ၏။ သို့​သော် သူ့မျက်လုံးထဲ၌ အံ့အားသင့်မှု ရိပ်ခနဲ ဖြစ်​ပေါ်သွားသည်။ သူက ​နောက်လှည့်ကာ သူ့လက်နှစ်ဖက်ကို တ​​လေးတစားဆုပ်၍ ​ပြောလိုက်သည်။ "စီနီယာ​ကျောက်ကို နှုတ်ဆက်ပါတယ်..."

လုယန်ကျဲ​နောက်မှ ဟင်းလင်းပြင်သည် တွန့်​ခေါက်၍ လှိုင်းဂယက်များ ​ပေါ်လာလျက် လူတစ်​ယောက် ဖြည်းဖြည်းချင်း လှမ်း​လျှောက်ထွက်လာသည်။ ထိုသူက သက်လတ်ပိုင်းအရွယ် ရှိ၍ သူ့မျက်နှာသွင်ပြင်မှာ သတိပြုမိဖွယ်ပင်။ ထိုသူ၏ နှာ​ခေါင်းက ​ကောက်၊ နှုတ်ခမ်းက ပါး၍ မျက်လုံးက သုန်သုန်မှုန်မှုန် ရှိ​​လေ၏။

လုယန်ကုံး၏အမူအရာမှာ ​ပြောင်းလဲသွားသည်။ အချိန်အတန်ကြာပြီးမှ သူက ​ပြောလာ၏။ "အဆင့်ခုနစ် ​တောင်ရှာ​ဖွေခြင်းကလန်ရဲ့ စီနီယာ​ကျောက်ကို နှုတ်ဆက်ပါတယ်..."

လုယန်ကုံး၏ စကားများက ထိုသူ၏​​နောက်ခံကို ​ဖော်ညွှန်း​စေ၍ လုယန်​ဖေနှင့်မူလကလန်မှ လူများကို သတိ​ပေးလိုက်ခြင်းပင်။

လုယန်​ဖေ၏မျက်နှာထက်တွင် ခါးသီးဟန် ဖြစ်​ပေါ်သည်။ သူမနှင့် မူလကလန်မှ တခြားသူများသည် ဤလူကို တ​လေးတစား နှုတ်ဆက်ကြ ရ၏။

ထိုသူ ထွက်​ပေါ်လာမှုက ပတ်ဝန်းကျင်ကို ​အေးစက်သွား​စေသည်။ အချို့လူများဆို ​​နောက်ပြန်ဆုတ်ကြသည်။ အစတုန်းက မူလကလန်နှင့်ပတ်သတ်သည့် ကိစ္စက ခရမ်း​​ရောင်တာအိုကလန်၊​ကောင်းကင်ဘုံဂီတကလန် နှင့် ​တောင်ရှာ​​ဖွေခြင်းကလန်တို့ကြားက ပြဿနာအဖြစ် မြန်မြန်ဆန်ဆန် ​ပြောင်းလဲသွား​တော့သည်။

သူတို့၏ က​တောက်ကဆ ဖြစ်မှုက လုယန်ကုံး ထု​တ်​ဖော်​ပြောဆိုခဲ့​သော လုအမည်ရလူ က​နေ အစပြုခဲ့ခြင်းပင်။

သက်လတ်ပိုင်းလူ​ကျောက်ကဘလုယင်ကျဲအနား ​လျှောက်လှမ်းလာကာ ​ခေါင်းအနည်းငယ် ညိတ်ပြသည်။ လုယင်ကျဲက ပို၍ ​လေးစားမှု ပြသ​လေ၏။

"ဒီလူက မင်းကို ပုရွတ်ဆိတ်တစ်​ကောင်လို သတ်နိုင်မှ​တော့ အဲ့လူရဲ့ စိန်​​ခေါ်မှုကို မင်း လက်ခံသင့်တယ်။ ဒီ ဆန်းကြယ်တဲ့ လုဆိုတဲ့သူဟာ အတုလား၊ အစစ်လား ငါ မြင်ချင်တယ်..."

သက်လတ်ပိုင်းလူက ဖြည်းဖြည်းချင်း ​ပြော​လေသည်။ သူ့အသံက မိန်းမဆန်​နေ၏၊

လုယင်ကျဲက ပြုံး၍ ​ခေါင်းညိတ်သည်။

"ဒီလို​ဆိုမှ​တော့ ငါ ဒီဆန်းကြယ်တဲ့လု ဆိုတဲ့သူ ဘယ်​လောက်အစွမ်းထက်လဲ တကယ် မြင်ချင်​နေပြီ။ ဒါ​ပေမဲ့ ဒီလူက ​ရောင်းရင်းလု ​ပြောသလို အား​ကောင်းမှုကို မပြသနိုင်ရင် ငါတို့ ဘာလုပ်သင့်လဲ...။စီနီယာ​ကျောက် ငါတို့ကို ​ကျေးဇူးပြုပြီး လမ်းညွှန်​ပေးပါဦး..."

သက်လတ်ပိုင်းလူ​ကျောက်က လုယန်ကုံးကို ကြည့်၍ သုန်မှုန်စွာ ​ပြောလာသည်။ "ဒီလိုသာဆိုရင် ငါ မျက်​မြင်သက်​သေ လုပ်​ပေးရမှာ​ပေါ့။ ဒါက ​ပေါ့​သေး​သေးကိစ္စ မဟုတ်ဘူး။ စကားသပ်သပ် ​ပြော​နေရုံနဲ့ ဘာထူးမလဲ..."

လုယန်ကုံး၏အမူအရာသည် သုန်မှုန်​နေ၏။ အချိန်အတန်ကြာသည့်အထိ သူက စကားမဆို​ပေ။ ​တောင်​ရှာ​ဖွေခြင်းကလန်က အဆင့်ခုနစ်ကလန်များကြား အသန်မာဆုံး မဟုတ်​သော်လည်း စီနီယာ​ကျောက်မှာ ပြင်ပအကြီးအကဲ ဖြစ်သည့်အပြင် ငြိမ်သက်စိတ်ဝိညာဥ်ကလန်နှင့်လည်း ​ကောင်းမွန်​သောဆက်ဆံ​မှု ရှိ​နေသည်။ သူသာ ​ရှေ့ဆက်တိုးခဲ့ပါက သူသည် ဤကိစ္စကို ပွက်​လောရိုက်​စေ​ပေ​တော့မည်။

လုယန်​ဖေက ​အောက်နှုတ်ခမ်းကို ကိုက်ထားမိသည်။ သူမက လုယန်ကုံး အရှက်ရဖွယ် အ​​​နေအထားကို မြင်​နေရ၏။ ခဏအကြာတွင် သူမက တိုးညင်းစွာ ​ပြောလာသည်။

"ဒီကိစ္စက ​ရောင်းရင်းကျင့်ကြံသူလုနဲ့ မဆိုင်ပါဘူး။ ဒါက ငါတို့ မူလကလန်ရဲ့ အ​ရေးပါ။ တကယ်လို့..."

လုယန်​ဖေ၏စကား မဆုံးခင်မှာပင် သက်လတ်ပိုင်းလူ​ကျောက်း မျက်လုံးက ​အေးစက်လာကာ လုယန်​ဖေကို စူးစိုက်ကြည့်သည်။ ထိုအကြည့်က ဓါးသွားအလား လုယန်​ဖေ၏မျက်လုံးထံ ကျ​ရောက်သွားသည်။

လုယန်​ဖေ၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူမ၏မူလစိတ်ဝိညာဥ်ထဲ၌ ဟိန်းသံတစ်ခု မြည်ဟီးကာ ​နောက်သို့ ​ခြေလှမ်းဆယ့်နှစ်လှမ်းခန့် ဆုတ်လိုက်ရသည်။ သူမ၏မျက်နှာက ဖြူ​ရောသွားပြီး ပါးစပ်​ထောင့်မှ ​သွေးများစီးကျလာသည်။ သူမ၏ခန္ဓာကိုယ် တစ်ခုလုံးမှာ အား​ပျော့သွား​လေ၏။ .

"နင့်လို ​ကောင်မ​လေး​တစ်​ယောက်က ဒီ​နေရာမှာ စကား​ပြောဖို့ အရည်အချင်း မပြည့်မှီဘူး..."

ပတ်ဝန်းကျင်တစ်ခုလုံး ချက်ခြင်း ငြိမ်သက်သွား၏။ မူလကလန်မှလူအားလုံး ​ဒေါသထွက်ကုန်သည်။ သို့​သော် မည်သူကမျှ စကားတစ်ခွန်း မဟဝံ့ကြ​ချေ။ သူတို့က အရှက်ခွဲခံရမှုကို အတင်းပြန်မြိုသိပ်ထားရ၏။

အချိန်အတန်ကြာစဥ်းစားပြီး​နောက် လုယန်ကုံးက ​ကျောက်လုံကို ကြည့်၍ ​ပြောလိုက်၏။ "ငါ ​ပြောတဲ့ အစ်ကိုလု ​ရောက်မလာခဲ့ရင် ဒါမှမဟုတ် လုယန်ကျဲကို မသတ်နိုင်ရင် ငါက စီနီယာ​ကျောက်ကို ​ဖြေရှင်းချက် ​ပေးပါ့မယ်..."

​ကျောက်လုံက သုန်မှုန်စွာ ​ပြော၍ ခပ်​​လှောင်​လှောင်ရယ်​မောကာ လှည့်ထွက်သွား၏။ သူ့​​ဘေးရှိ လုယင်ကျဲက လုယန်​ဖေကို ​တောင်းပန်ဟန်ဖြင့် ကြည့်သည်။ သူက လုယန်ကုံးကို​တော့ ကြည့်ပင်မကြည့်ဘဲ ​ကျောက်လုံနှင့်အတူ လှည့်ထွက်သွား​လေသည်။

သူတို့ က​တောက်ကဆ ဖြစ်​နေ​​သော​နေရာမှာ ပြိုင်ပွဲစင်မြင်နှင့် ယှဥ်ပါက မ​ပြောပ​ပေ။ ထိုအခိုက်အတန့်၌ ပြိုင်ပွဲများ ကျင်းပ​နေ​သော စင်မြင်ထက်သို့ အဖြူ​ရောင်အလင်းတန်းတစ်ခု နီးကပ်လာသည်။ ၎င်းအလင်းတန်း နီးကပ်လာသည့်အခါ ပတ်ဝန်းကျင်ရှိကျင့်ကြံသူအားလုံး၏ စိတ်အာရုံကို စွဲ​ဆောင်သွား​လေသည်။

ထိုအဖြူ​ရောင်အလင်းတန်းထံမှ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူတစ်​ယောက်၏ ​အော်ရာ ပျံ့နှံ့လာသည်။ ထာဝရကလန်မှ လူအချိူ့က ဤအလင်းတန်းကို ကြိုဆိုရန် ပျံသန်းလာ၏။

အဖြူ​ရောင်အလင်းတန်းက ​အောက်သို့ ဆင်းသက်လာ၏။ ထိုအလင်းတန်းထဲတွင် အမျိုးသမီးတစ်​ယောက် ရှိ​နေသည်။ သူတို့က တိမ်ပင်လယ်၌ တစ်ဦးတည်း​သော အပြာ​ရောင်ဆံပင်ပိုင်ရှင်အမျိုးသမီးကို ​တွေ့မြင်လိုက်ရ​ပေသည်။

လီချန်​မေ၊ အ​ဆင့်ကိုး​ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်။

ဤ​နေရာရှိ ကျင့်ကြံသူတစ်သိန်းနီးပါးက ထိုအမျိုးသမီး မည်သူမှန်း ချက်ခြင်း သိလိုက်၏။

​"ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ရဲ့ လီချန်​မေ...။ ထာဝရကလန်ရဲ့ပြိုင်ပွဲက သူမကို လာတက်​ရောက်ဖို့ စွဲ​ဆောင်နိုင်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး..."

​"ပြောကြတာက သူမဟာ နတ်ဆိုးကလန်မှာ ​နေပြီး သားရဲလှိုင်း​တွေကို တိုက်ခိုက်​နေတာဆို။ သူမ အဲ့က​နေ ထွက်လာပြီး ဒီကို လာခဲ့တာဟာ မထင်မှတ်စရာပဲ..."

​"ပြောကြတာက သားရဲလှိုင်း​တွေကို တိုက်ခိုက်​နေစဥ် အတွင်း ပါဝင်တဲ့ ဘယ်ကျင့်ကြံသူမဆို ထွက်လာခွင့် မရှိဘူးတဲ့။ လီချန်​မေက ထွက်ခွာလာဖို့ နတ်ဆိုးကလန်ရဲ့ ခွင့်ပြုချက် ရခဲ့တာလား..."

လီချန်​မေ ထွက်​ပေါ်လာမှုနှင့်အတူ ​ပြောဆို​ဆွေး​နွေးသံများ စင်မြင်အနှံ့က​နေ ထွက်​ပေါ်လာ၏။ အဆင့်​လေးကလန်၏ တိုက်ပွဲများပင် လူအများ၏ အာရုံစိုက်တာ မခံရ​တော့​ပေ။

လုယင်ကျဲသည်လည်း ​ကောင်းကင်ထက်ရှိ လီချန်​မေကို မြင်သည်။ သူ့မျက်လုံးက တလက်လက် ဖြစ်သွား၏။ သူက လီချန်​မေကို သိ​ပေသည်။ တစ်ခါတုန်းက သူမသည် သူ့ကို ​မေးခွန်းသုံးခု ​မေးခဲ့ဖူး​ပေ၏၊

လုယင်ကျဲ​​ဘေးရှိ ​ကျောက်လုံသည်ပင် အ​ပေါ်သို့ ​မော့ကြည့်ကာ အ​လေးအနက် ဖြစ်လာသည်။ သူက အဆင့်ကိုး​​ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်မှ လီချန်​မေကို ​လေးစား​ပေသည်။ သူမ၏ကျင့်ကြံမှုကို ဖြစ်​စေ၊​နောက်ခံကလန်ကိုဖြစ်​စေ သူ မယှဥ်နိုင်​ပေ။

ယ​နေ့ ပြိုင်ပွဲ၏ ကြီးကြပ်သူက အဘိုးအို ဖန်ဟိုင်ပင်။ သူနှင့်အတူ ထာဝရကလန်၏အကြီးအကဲ​ခြောက်​ယောက်လည်း အတူရှိ၏။ လီချန်​မေမှန်း သိလိုက်ပြီး​နောက် သူသည် အကြီးအကဲများနှင့် တပည့်ဆယ့်နှစ်​ယောက်​လောက်တို့နှင့်အတူ ချက်ခြင်းပျံသန်းထွက်လာ၏။ သူတို့​ ထွက်လာကြပြီး​နောက် ပြိုင်ပွဲအတွက် တာဝန်ရှိသူ တစ်ရာကလည်း ပျံသန်းလာကြသည်။

ထိုလူအုပ်ကြီးက လီချန်​မေ ​ရောက်ရှိလာမှုကို ထွက်ကြိုဆိုကြခြင်းပင်။

​"ရောင်းရင်းကျင့်ကြံသူ လီချန်​မေ ​ရောက်လာတာဟာ ငါတို့ထာ​ဝရကလန်အတွက် ဂုဏ်ယူမိပါတယ်..."

ဖန်​ဟိုင်က ပြုံး၍ လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်သည်။

အကြီးအကဲ​ခြောက်​ယောက်လည်း ထို့အတူပင်။ တပည့်များက​တော့ ​လေးစား​သောအမူအရာများ ပြသကြသည်။ သူတို့က လီချန်​မေကို ​လေးစား​ကြောက်ရွှံ့စွာ ကြည့်မိ၏။

ထိုသူများအပြင် ဂြိုဟ်​၏အ​တော်အလှမ်း​ဝေး​ဝေးက​နေလည်း အလင်းတန်းဆယ်ခု​ကျော် ပျံသန်းလာကြသည်။ ၎င်းတို့မှာ ထာဝရကလန်၏ ​နောက်ထပင်မအုပ်စု ဖြစ်​လေ၏။ ထိုအချက်က လီချန်​မေအ​ပေါ် သူတို့၏တန်ဖိုးထားမှုကို ပြသ​နေသည်။

"သားရဲလှိုင်း​တွေနဲ့ တိုက်ခိုက်​နေရာက​နေ ​ရောင်းရင်းကျင့်ကြံသူလီ လာခဲ့တာ ငါ ယုံပါတယ်။ ​ကျေးဇူးပြုပြီး ထာဝရကလန်က သင် နားနား​နေ​နေ ​နေဖို့ စီစဥ်​ပေးထားတဲ့ ​နေရာကို လိုက်ခဲ့​ပေးပါ။ သင်​ရောက်ရှိလာတာကို ကလန်​​ခေါင်း​ဆောင်လည်း သိ​နေ​လောက်ပြီလို့ ငါ ထင်တယ်။ ​ရောင်းရင်းကျင့်ကြံသူ ​ရောက်လာတဲ့ ကိစ္စက ငါတို့အတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ..."

ဖန်ဟိုင်က သူ့လက်နှစ်ဖက်ကိုဆုပ်၍ ​ရယ်​မော​ပြောဆိုသည်။

လီချန်​မေသည် လူတိုင်း သူမကို အာရုံစိုက်လာ​သော်လည်း တည်ငြိမ်စွာပင် ရှိ​နေသည်။

သူမက ပြန်​ပြောလာ၏။ "အနားယူဖို့ အလျင်လိုစရာ မလိုပါဘူး။ ​ရောင်းရင်းကျင့်ကြံသူဖန်...အဆင့်ငါးမူလကလန်​ကော ဒီပြိုင်ပွဲကို လာပါသလား..."

"မူလကလန်လား..." ဖန်ဟိုင်က မင်သက်သွားမိ၏။ တပည့်တစ်​ယောက် ချက်ခြင်း ပျံသန်းလာကာ သူ့နား အနား ကပ်​ပြောလိုက်၏။

"ဒီမူလကလန်က အမှန်တကယ် လာ​ရောက်ပါတယ်..."

သို့​သော် သူ့စိတ်ထဲတွင်မူ သံသယ ဝင်လာ၏။

ဖန်ဟိုင်က ထိုစကားကို ကြားသည့်အခါ ပြုံး၏။ "မူလကလန်လို ကလန်ငယ်တစ်ခုက လီချန်​မေနဲ့ ဘယ်လို

ပတ်သတ်​မှု ရှိ​နေတာလဲ..."

လီချန်​မေက သူမ၏စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ ​မေး၏။ "သူတို့ ဘယ်မှာလဲ..."

ဖန်ဟိုင်က သံသယ ပိုဝင်လာသည်။ သို့​သော် သံသယဝင်သည့် အရိပ်အ​ယောင် လုံးဝ မပြ​ပေ။ သူက သူ့​နောက်ရှိ တပည့်ကို ကြည့်လိုက်သည်။ ထိုတပည့်လူငယ်က ခပ်သွက်သွက် ​ပြော​လေ၏။

​"စင်​မြင်ရဲ့ ​မြောက်ဘက် အစွန်ဆုံးမှာပါ..."

ထိုအခါ လီချန်​မေက သူမ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်၍ ​မြောက်ဘက်ဧရိယာတစ်ခုလုံးအား ခြုံလွှမ်း​စေသည်။ သူမသည် မူလကလန်က လူများကို ချက်ခြင်း​တွေ့၏။ စင်မြင်တစ်ခုလုံးနှင့် ယှဥ်ပါက ထို​နေရာသည် အမှန်တကယ် ပမွှားဖြစ်​နေ၏။

သို့ရာတွင် လီချန်​မေက မူလကလန်ကို ​တွေ့သွားသည့်​နောက် သူမသည် ပျံသန်းသွား​တော့သည်။

***

All Chapters