← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

အခန်း (၆၅) - မမ မင်းရဲ့ ခါးလေး တိုင်းကြည့်ပါရစေ

အဘိုးဖြစ်သူ၏ မေးခွန်းစကားကြောင့် ဖန်ကျိဟွေးမှာ မလိုလားသည့် အမူအရာဖြင့် မျက်မှောင်ကျုံ့လျက် ဝင်ရောက် ဖြေကြားလိုက်သည်။

“အဘိုး… သူ တောင်းတဲ့ ဆေးသုံးမျိုးက ပုံမှန်အားဖြင့် လွယ်လွယ်နဲ့ မသုံးကြတဲ့ ဆေးတွေပါ။ နှစ်မျိုးကိုတော့ အဘိုး ပြောဖူးလို့ ကြားဖူးနားဝ ရှိပေမဲ့ နောက်ဆုံး တစ်မျိုးကတော့ နာမည်တောင် တစ်ခါမှ မကြားဖူးဘူး”

“အို...”

ဖန်လီပိုင်၏ မျက်ဝန်းတို့တွင် အံ့ဩရိပ်များ သန်းသွားသည်။ မိမိ၏ မြေးပင် မကြားဖူးသော ဆေးဝါးဆိုသည်မှာ မည်သို့သော အရာများ ဖြစ်ပါမည်နည်းဟု တွေးတောမိရင်း ယန်ချုံးထံသို့ အကြည့်ရောက်သွားသည်။

“မိတ်ဆွေလေး ယန်ချုံး… မင်းရဲ့ ဆေးညွှန်း စာရွက်ကို အဘိုးကို ပြလို့ရမလား”

ထိုကဲ့သို့ မေတ္တာရပ်ခံလိုက်လေသည်။

ယန်ချုံးက အိတ်ကပ်ထဲမှ ဆေးညွှန်း စာရွက်ကို ထုတ်ပေးလိုက်သည်။ ဖန်လီပိုင်မှာ စာရွက်ကို အသေအချာ ဖတ်ရှုပြီးနောက် သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။

“ကျိဟွေး ပြောတာ မှန်တယ်။ ဒီဆေးသုံးမျိုးက တကယ်ကို ရှားပါးတဲ့ ဆေးတွေပါ။ ဝယ်ရတာလည်း ခက်လိမ့်မယ်။ အထူးသဖြင့် ဒီနောက်ဆုံး ဆေးဆိုရင်လေ ဆေးရုံကြီးတွေက ဆရာဝန်တွေတောင် ကြားဖူးချင်မှ ကြားဖူးကြလိမ့်မယ်”

ယန်ချုံးလည်း ခေါင်းညိတ်လိုက်သည်။ ဖန်လီပိုင်၏ စကားမှာ အမှန်ပင်ဖြစ်သည်။ ဤဆေးသုံးမျိုး၏ ထူးခြားရှားပါးမှုနှင့် ပေါင်းစပ်လိုက်သောအခါ ရရှိလာမည့် ဆေးစွမ်း အာနိသင်သည် ယွီရှို့၏ ခန္ဓာကိုယ် ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုမည် ဖြစ်ရာ သူသည် ဤဆေးများကို မဖြစ်မနေ လိုအပ်နေခြင်း ဖြစ်သည်။

“အဘိုးဖန်… ဒီအိမ်တော်မှာလည်း မရှိဘူးဆိုတော့ ကျွန်တော် တခြားနေရာတွေမှာပဲ သွားရှာကြည့်ရတော့မှာပေါ့”

ယန်ချုံးက အရိုအသေ ပေးကာ နှုတ်ဆက်လိုက်သည်။

“နေပါဦး”

ဖန်လီပိုင်က လှမ်းတားလိုက်သည်။

“အဘိုးဆီမှာ မရှိပေမဲ့ ဘယ်သူ့ဆီမှာ ရှိတယ် ဆိုတာတော့ အဘိုးသိပါတယ်။ မင်းအတွက် အဘိုး တောင်းပေးလို့ ရပါတယ်”

သူက စကားအဆုံးတွင် ဘေးအခန်းသို့ ဝင်သွားပြီး ဖုန်း ဆက်သွယ်လိုက်သည်။ မကြာမီတွင် ပြန်ထွက်လာကာ ပြုံး၍ ပြောသည်။

“ရပြီ သူ့ဆီမှာ ရှိတယ်တဲ့။ ခဏနေရင် လာပို့ပေးလိမ့်မယ်”

“အဘိုး ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက်တော့ တကယ့်ကို အကူအညီကြီး တစ်ခုပါပဲ”

ယန်ချုံးက ရင်ထဲမှ လာသည့် စကားဖြင့် ကျေးဇူးတင် စကားဆိုသည်။

ဖန်လီပိုင်က လက်ကို ဝှေ့ယမ်းကာ ပြောလေသည်။

“မလိုပါဘူးကွာ… ဒီလောက်တော့ လွယ်ကူတဲ့ ကိစ္စလေးပါ။ ဒါနဲ့ မိတ်ဆွေလေး ယန်ချုံး… အဘိုးမှာလည်း မင်းကို မေးစရာ ရှိနေတယ်။ အဆင်ပြေရင် အဘိုးကို လမ်းညွှန်ပြသ ပေးလို့ ရမလား”

ဖန်လီပိုင်ကဲ့သို့ ပုဂ္ဂိုလ်ကြီးက ဤမျှ နှိမ့်ချစွာ တောင်းဆိုလာသည့် အတွက် ယန်ချုံးမှာ ငြင်းဆန်ခြင်း မပြုနိုင်ပေ။ သူတို့နှစ်ဦး အတူတူ ထိုင်ကာ ဆေးပညာရပ်ဆိုင်ရာ ခက်ခဲသည့် အချက်တချို့ကို ဆွေးနွေးကြရာ ယန်ချုံး၏ ပေါ့ပေါ့ပါးပါး ရှင်းပြချက်တို့က ဖန်လီပိုင်ကို အံ့အားသင့် သွားစေပြီး ကျေးဇူးတင်စကားများ တရစပ် ဆိုနေမိတော့သည်။

ဘေးတွင်ရှိနေသော ချန်ရွှယ်ရူမှာ ထိုမြင်ကွင်းကို ကြည့်ကာ အံ့ဩမှင်တက် နေသည်။ ပေကျင်းတွင် နာမည် ကျော်ကြားလှသော ဖန်လီပိုင်က ယန်ချုံး၏ အရှေ့တွင် တပည့်တစ်ယောက်လို လေးစားနေသည်ကို ကြည့်ခြင်းဖြင့် ယန်ချုံး၏ ဆေးပညာ အဆင့်အတန်း မည်မျှ မြင့်မားကြောင်း သိသာထင်ရှား နေသည်။ သူမသည် ယန်ချုံးပေးခဲ့သော ဆေးညွှန်းကို သတိရကာ အိမ်ပြန်ရောက်လျှင် စမ်းသပ်ဖော်စပ် ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ချန်ရွှယ်ရူ၏ မျက်ဝန်းတို့မှာ ယန်ချုံးကို ကြည့်ရင်း အရည်လဲ့နေသည်။ ဖန်ကျိဟွေးကမူ ဤမြင်ကွင်းကို သည်းမခံနိုင်အောင် မနာလို ဖြစ်နေသည်။ ချန်ရွှယ်ရူက သူ့ကို တစ်ခါမျှ ဒီလို အကြည့်မျိုးဖြင့် မကြည့်ခဲ့ဖူးသော်လည်း ယခုမူ အခြားယောကျ်ား တစ်ယောက်ကို လုံးဝ ပုံအပ်ထားသည့်နှယ် ကြည့်နေသည်အား မြင်နေရခြင်းက သူ့အတွက်တော့ မီးခိုးတမျှ ဒေါသထွက်စရာပင်။

မကြာမီတွင် ဆေးများ ရောက်လာသည်။ ဆေး လာပို့သူမှာ ဆိုင်ရှင်ထုံ ဆိုသူဖြစ်ပြီး ပေကျင်းတစ်ခွင် ဆေးဝါးလုပ်ငန်းတွင် နာမည်ကြီးသည့် လူလတ်ပိုင်း ဖြစ်သည်။ ဖန်လီပိုင်က မိတ်ဆက်ပေးလိုက်ရာ ဆိုင်ရှင်ထုံမှာ ယန်ချုံး၏ အစွမ်းအစကို သိသဖြင့် လွန်စွာ ရိုသေလေးစား နေတော့သည်။

ဖန်အိမ်တော်မှ ပြန်လာချိန်တွင် ယန်ချုံးကို ချန်ရွှယ်ရူက အင်္ကျီလက်စကို ဆွဲလျက် စောဒကတက်သည်။

“ယန်ချုံး… ရှင်ကတော့ တကယ်ကို ရူးမတတ်ပါပဲ။ အဘိုးကျိုးသာ တစ်ခုခုဖြစ်ရင် ရှင် ဒုက္ခရောက်မှာကို ကျွန်မ ဘယ်လောက် စိုးရိမ်ခဲ့လဲ သိလား”

“အခုတော့ အဆင်ပြေသွားပါပြီလေ။ ရှင်က ဒီအဘိုးကြီးကို ကယ်တင်နိုင်ခဲ့တော့ နောက်ဆိုရင် ကျိုးကျန့်နန်ရဲ့ အကူအညီနဲ့ ဘာမဆို ဖြစ်မြောက်သွားမှာပါ”

ထိုသို့ပြောရင်း ယန်ချုံးကို စိုက်ကြည့်ကာ အံဩတကြီး မေးသည်။

“ကျွန်မ စဉ်းစားလို့ကို မရဘူး။ ရှင်က ဘယ်လိုလုပ် ဒီလောက် အဆင့်မြင့်တဲ့ ဆေးပညာတွေကို တတ်နေတာလဲ။ ဖန်လီပိုင်တောင် လက်မှိုင်ချရတဲ့ ရောဂါမျိုးကို ရှင်က ကုသနိုင်ခဲ့တယ်”

ယန်ချုံးက ပြုံးရုံသာ ပြုံးသည်။ ချန်ရွှယ်ရူက ဆက်လက်၍ မေးလေသည်။

“ကျွန်မ ရှင့်ကို ရတနာတစ်ပါးမှန်း မသိခဲ့ဘဲ လေလုံးထွားတဲ့ လူလို့ ထင်ခဲ့မိတာ။ အခုတော့ ရှင် ရေးပေးထားတဲ့ ဆေးညွှန်းကို အမြန်သွားဖော် ရတော့မယ်။ ကျွန်မ့ရောဂါ ပျောက်နိုင်မယ်လို့ ရှင် တကယ်ထင်လား”

“ကျွန်တော့်ကို ယုံရင် ပျောက်နိုင်ပါတယ်”

“အရင်ကတော့ မယုံပေမဲ့ အခုတော့ မယုံလို့ ရပါတော့မလား”

ထိုသို့ပြောရင်း သက်ပြင်းချကာ ဆိုသည်။

“နှမြောစရာပဲ”

ယန်ချုံးက ကြောင်အမ်းအမ်းဖြင့် မေးမိသည်။

“ဘာကို နှမြောတာလဲ”

ချန်ရွှယ်ရူက မျက်ဝန်းများ အရောင်လက်လျက် နောက်သလိုလိုဖြင့် ရင်ဖွင့်လိုက်သည်။

“ကျွန်မ ရှင့်ကို တွေ့ရတာ နောက်ကျသွားတာကို နှမြောတာပါ။ ရှင့်လို အဖိုးတန် ရတနာကိုသာ အရင်တွေ့ရင် ကျွန်မ့လက်ထဲ ရောက်အောင် ဖမ်းဆုပ်ထားမိမှာ အသေအချာပဲ။ အခုတော့ ရှင်နဲ့ လက်ထပ်ထားတဲ့ ဇနီးကိုပဲ အားကျရတော့မှာပေါ့။ ရှင့်လို ယောက်ျားတစ်ယောက်က ကလေးနဲ့ မိန်းမရှိတဲ့ မိန်းမတစ်ယောက်ကို ဘယ်လိုလုပ် စိတ်ဝင်စားမှာလဲ”

ယန်ချုံးက မျက်နှာကို လွှဲလိုက်ရသည်။ ဤအမျိုးသမီးက ပြောရဲဆိုရဲ လွန်းသည်။ ချန်ရွှယ်ရူမှာ ယန်ချုံးကို ကြည့်ကာ ပြုံးလိုက်ပြီး ပြောသည်။

“နောက်တာပါ။ ရှင့်ကို လန့်သွားအောင် လုပ်လိုက်တာ။ နောက်များ ကျွန်မဆီမှာ အင်္ကျီလာချုပ်ဖို့တောင် မရဲတော့ဘူးလား”

ယန်ချုံးကလည်း ပြုံးရင်း ချော့ပြောလိုက်သည်။

“အစ်မ ရွှယ်ရူကတော့ နောက်ပြီ။ အစ်မသာ မခေါ်သွားရင် ဒီဆေးတွေ ရဖို့ ပေကျင်းမြို့ တစ်မြို့လုံး ပတ်ရှာရင်တောင် တွေ့မှာ မဟုတ်ဘူး။ နောက်ပိုင်း ကျွန်တော်က အစ်မဆီ လာမရှာဘဲ နေပါ့မလား”

ချန်ရွှယ်ရူမှာ သက်ပြင်းချရင်း ရုတ်တရက် ဆိုသလို ယန်ချုံး၏ ခါးကို လက်ဖြင့် လှမ်းဖက်လိုက်သည်။ ယန်ချုံးမှာ လန့်သွားပြီး တောင့်ခဲသွားသည်။

“အစ်မရွှယ်ရူ... ဘာလုပ်တာလဲ”

ချန်ရွှယ်ရူက ခေါင်းမော့ကာ ပြုံးလျက် ဆိုသည်။

“လန့်သွားပြီ မှတ်လား။ စိတ်ချပါ… မမက မင်းရဲ့ ခါးလေးကို တိုင်းကြည့်ရုံပါပဲ။ နောက်ကျရင် မင်းအတွက် အင်္ကျီတစ်စုံ ချုပ်ပေးပြီး အဲဒီ အင်္ကျီနဲ့ မင်းကို ချည်နှောင် ထားမလို့။ တစ်နေ့နေ့ကျလို့ မင်းက မမကို မေ့သွားပြီး လာမရှာတော့ရင် မမက မင်းရဲ့ သံမဏိစက်ရုံအထိ သွားပြီး အင်္ကျီဖိုး လာတောင်းရင်း မင်းက သစ္စာမရှိတဲ့ လူပါလို့ ပြောပစ်မယ် သိလား”

All Chapters