← Chapters

အခန်း ၁၁၄

Vol. 12 Ch. 114

အခန်း ၁၁၄

Vol. 12 Ch. 114

အခန်း ၁၁၄

ချင်ဟွိုင်ယွီလား

ချန်ကောဟွား၏ မျက်နှာမှာ ကြက်သေသေသွားပြီးနောက် ချင်ဟွိုင်ယွီက သူ၏ အိမ်ကို သန့်ရှင်းရေးလုပ်ရန် လာရောက်ခြင်းဖြစ်ကြောင်း သတိရသွားသည်။

"ငါ အခု ရဲစခန်းကို သွားမလို့၊ မင်း အိမ်ရှင်းတဲ့အခါ ကျင်းယွီကို မနှောင့်ယှက်မိစေနဲ့နော်၊ သူမက အခု ကိုယ်ဝန်ရှိနေတော့ အနားယူဖို့ လိုတယ်"

ချန်ကောဟွားက ငြင်းဆန်ခွင့်မရှိသော လေသံဖြင့် ညွှန်ကြားလိုက်သည်။

"ကျေးဇူးတင်ပါတယ် ငါ မှတ်ထားပါ့မယ်"

ချင်ဟွိုင်ယွီက ခါးညွှတ်ကာ ခေါင်းညိတ်ပြလိုက်ပြီး အလွန်ပင် ရိုသေလေးစားဟန် ပေါက်နေသည်။ မည်သို့ပင်ဆိုစေကာမူ သူက သူမ၏ ကလေးကို ထုတ်ပေးရန်အတွက် ရဲစခန်းသို့ သွားရောက်ပေးမည်ဖြစ်ရာ မည်သို့များ မျက်နှာမကောင်းဘဲ နေနိုင်မည်နည်း။ အကြမ်းဖျင်း ညွှန်ကြားပြီးနောက် ချန်ကောဟွားသည် သူမနှင့် စကားများများ ပြောမနေချင်တော့ချေ။

မူရင်းဝတ္ထုကို ဖတ်ဖူးသူဖြစ်ရာ သူက ချင်ဟွိုင်ယွီ၏ ဟန်ဆောင်မှုများကို လှည့်စားခံရမည် မဟုတ်ပေ။

ယခုအချိန်တွင် ချင်ဟွိုင်ယွီမှာ ဤမျှ ရိုသေလေးစားနေသည်ကို မယုံကြည်သင့်‌ေပ။မူရင်းဝတ္ထုထဲတွင် ဟယ်ယွီကျူးက ပန့်ကန့်၏ ကျောင်းလခ မလောက်ငှသည့် ပြဿနာကို ဖြေရှင်းပေးခဲ့သော်လည်း ထို့နောက်တွင်မူ ကျေးဇူးကန်းကာ မျက်နှာပြောင်တိုက်သွားသည်ကို သိထားရမည်ဖြစ်သည်။ ကျေးဇူးတင်စိတ် အနည်းငယ်မျှပင် မရှိသည့်အပြင် ရှားကျူးနှင့် ဆရာမရန်တို့၏ စေ့စပ်ပွဲကိုပင် ဖျက်ဆီးပစ်ခဲ့သေးသည်။

ချင်ဟွိုင်ယွီ၏ အနှစ်သာရကို သိထားသူဖြစ်ရာ ချန်ကောဟွားက သူမအား မည်သည့်မျက်နှာကောင်းမျှ ပြမည်မဟုတ်သည်မှာ သဘာဝပင်ဖြစ်သည်။ သူက တိုက်ရိုက်ပင် နောက်လှည့်မကြည့်ဘဲ ထွက်သွားလေတော့သည်။

အရှေ့ဘက်ခြံဝင်းသို့ ရောက်သောအခါ မိမိ၏ အခန်းကို လှမ်းကြည့်လိုက်ရာ သစ်တော်ပန်းသစ်သား ပရိဘောဂများ အထဲတွင် ရှိနေသည်ကို တွေ့လိုက်ရပြီးနောက် ရဲစခန်းရှိရာဘက်သို့ ဦးတည်သွားလေတော့သည်။

ပေကျင်းမြို့ ရဲစခန်း၊ နံပါတ် ၁၁ စစ်ဆေးရေးအခန်းအတွင်းတွင် ကျားကျန်းရှီမှာ ခုံပေါ်တွင် ငြိမ်သက်စွာ ထိုင်နေရပြီး သူမ၏ လက်နှစ်ဖက်ကို တင်းကြပ်စွာ လက်ထိတ်ခတ်ထားသည်။ အေးစက်စက် လက်ထိတ်၏ အထိအတွေ့က ရဲစခန်းတွင် ရမ်းကားရဲပါက ကောင်းမွန်သော အဆုံးသတ် ရမည်မဟုတ်ကြောင်း သူမအား သတိပေးနေသည်။

အထူးသဖြင့် တစ်ညလုံး တွေးတောပြီးနောက် အခြေအနေ၏ ကြီးလေးမှုကိုလည်း သူမ သိရှိသွားလေ၏။ မည်သို့ပင်ဆိုစေကာမူ လုံခြုံရေးဌာနမှူးဟယ်က မေးပင်မမေးဘဲ သူမကို တိုက်ရိုက် ဖမ်းဆီးကာ ရဲစခန်းသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။ အကယ်၍ ဤနေရာတွင် ရမ်းကားရဲပါက ပြစ်မှုထပ်တိုးသွားမည်မှာ သေချာသည်။

သူမက ရဲစခန်းတွင် ပြဿနာမရှာရဲသော်လည်း ယခုအချိန်တွင် စစ်ဆေးရေးအခန်းထဲ၌ တစ်ယောက်တည်း ချန်ကောဟွားကို ကျိန်ဆဲရဲသည့် သတ္တိတော့ ရှိသေးသည်။

"သေနာကျ ချန်ကောဟွားက ရွှေအစစ် လက်ကောက်လေးတစ်ခုအတွက်နဲ့ ငါ့ကို ဟန်ရေးလာပြနေတာလား" 

"သူ့လို တောသားတစ်ယောက်ကများ ငါက သူ့ကို မဟုတ်မမှန် စွပ်စွဲတယ်လို့ ပြောရဲသေးတယ်"  

"ငါ ပြစ်မှုကင်းရှင်းသွားတဲ့အခါ နင် ငါ့ကို စော်ကားမိတာကို နောင်တရစေရမယ်"  

ကျားကျန်းရှီမှာ ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ရီနေလေတော့သည်။ သို့သော် သူမက မိမိ၏ အမှားကို လုံးဝ မတွေးမိခဲ့ချေ။

အကယ်၍ သူမသာ ပန့်ကန့်အတွက် လူငယ်ထိန်းသိမ်းရေးစခန်း၏ ပြစ်ဒဏ်မှ လွတ်မြောက်စေရန် ချန်ကောဟွားအပေါ်သို့ အပြစ်ပုံချရန် မကြိုးစားခဲ့ပါက သူမ မည်သို့ လက်ထိတ်ခတ်ခံရမည်နည်း။ စစ်ဆေးရေးအခန်းထဲသို့ မည်သို့ ရောက်ရှိလာနိုင်မည်နည်း။ 

ဆဲဆိုပြီးနောက် ကျားကျန်းရှီမှာလည်း ပင်ပန်းသွားကာ အားအင်ကုန်ခမ်းစွာဖြင့် သက်ပြင်းသာ ချလိုက်ရတော့သည်။ သို့သော် ထိုအချိန်တွင် စစ်ဆေးရေးအခန်း၏ တံခါးကြီး ပွင့်လာပြီး ရဲအရာရှိတစ်ဦး အပြင်မှ ဝင်လာသည်။ 

ရာသီဥတုက အတော်လေး အေးနေသည်။ မနေ့ညက ဖမ်းဆီးလာသော်လည်း စစ်ဆေးရန် အချိန်မရခဲ့သဖြင့် ယနေ့ မနက်စောစော အလုပ်လာဆင်းရခြင်း ဖြစ်သည်။ ဤအတွက်ကြောင့် ထိုရဲအရာရှိ၏ မျက်လုံးများတွင် ပင်ပန်းနွမ်းနယ်မှုများ ရှိနေသည်။ 

ရဲအရာရှိ ပေါ်လာသည်ကို မြင်သောအခါ ကျားကျန်းရှီမှာ အလျင်အမြန်ပင် အားမွေးကာ မျက်လုံးကိုမှေးပြီး အပြင်ဘက်အခြေအနေကို အကဲခတ်လိုက်သည်။ သူမက ဝိုးတဝါးဖြင့် ချန်ကောဟွား၏ အရိပ်ကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသဖြင့် အနည်းငယ် ကြက်သေသေသွားသည်။

ချန်ကောဟွားကို မုန်းတီးလွန်း၍ ထင်ယောင်ထင်မှားများပင် ဖြစ်လာသည်လား၊မဟုတ်သေးဘူး၊ကျားကျန်းရှီက ခေါင်းခါလိုက်သည်။

ချန်ကောဟွားလည်း အဖမ်းခံရတာ သေချာတယ်၊ချန်မိသားစုဆီကနေ ရွှေအတုတွေ ရှာတွေ့သွားလို့ ဖြစ်ရမယ်။ 

ဤသို့တွေးတောရင်း ကျားကျန်းရှီ၏ မျက်လုံးထဲတွင် ဝမ်းသာမှုအရိပ်အယောင်များ ဖြတ်သန်းသွားသည်။ သူမ၏ အမြင်တွင် ချန်ကောဟွားသာ အဖမ်းခံရပါက သူမမှာ ပြစ်မှုကင်းရှင်းသွားပြီဖြစ်သည်။ ထို့ကြောင့် သူမ၏ မျက်နှာပေါ်တွင် ချက်ချင်းပင် အပြုံးများ ပေါ်လာလေတော့သည်။ 

"ရဲအရာရှိကြီး ငါက အပြစ်ကင်းပါတယ်"

"ချန်ကောဟွား လျှောက်ပြောတဲ့ စကားတွေကို မယုံပါနဲ့" 

"သူကမှ လူဆိုးပါ" 

"ဝယ်ယူရေးဌာနမှူး ရာထူးကို အသုံးချပြီး ပြစ်မှုကျူးလွန်တဲ့ ဂိုဏ်းတွေနဲ့ အမြဲ ပူးပေါင်းနေတာ" 

ကျားကျန်းရှီက အတည်ပေါက်ဖြင့် လိမ်ညာပြောဆိုလာသည်။ မျက်နှာမနီ စိတ်မလှုပ်ရှားဘဲ အမှန်တရားကို ပြောနေသကဲ့သို့ပင် ထင်ရသည်။ ချန်ကောဟွားမှာမူ သူမ၏ ပါးစပ်ထဲတွင် အလွန်ဆိုးရွားသော လူဆိုးကြီးတစ်ယောက် ဖြစ်သွားလေတော့သည်။ 

ရဲအရာရှိက မထိုင်ရသေးမီမှာပင် သူမက အမှားအမှန်ကို ပြောင်းပြန်လှန်သည့် ပြဇာတ်ကို စတင်ကပြနေလေပြီ ဖြစ်သည်။ ရဲအရာရှိ၏ မျက်ခုံးများမှာ တွန့်ချိုးသွားသည်။ မနေ့ညက ဌာနမှူးဟယ်ထံမှ ကိစ္စရပ်များ၏ အစအဆုံးကို သူ သိရှိထားပြီးဖြစ်သည်။ ထို့ကြောင့် ဤအဘွားကြီး ပြောသောစကားများကို အနည်းငယ်မျှပင် မယုံကြည်ချေ။

ထို့အပြင် မနက်စောစော သံသယရှိသူအား စစ်ဆေးရခြင်းမှာ ပင်ပန်းသော အလုပ်ဖြစ်သည်။ သို့သော် ကျားကျန်းရှီက ပူးပေါင်းဆောင်ရွက်ခြင်း မရှိသည့်အပြင် ဤနေရာတွင် ရှုပ်ယှက်ခတ်အောင် လုပ်နေသေးသည်။ ထိုအတွက်ကြောင့် သူက ကျားကျန်းရှီအား အလွန်ပင် ရွံရှာသွားသည်။ သူက ချက်ချင်းပင် မျက်နှာတည်သွားကာ ခပ်တိုးတိုး အော်ဟစ်လိုက်သည်။

"သံသယရှိသူ ကျားကျန်းရှီ ရဲစခန်းမှာ တိတ်တိတ်နေစမ်း"

သံသယရှိသူများနှင့် အမြဲဆက်ဆံနေရသော စစ်ဆေးရေးရဲအရာရှိတစ်ဦးမှာ ခြံဝင်းထဲရှိ သဘောကောင်းသော အိမ်နီးချင်းများကဲ့သို့ စကားပြောကောင်းမည်မဟုတ်ပေ။ ယခုပင် ကြည့်လျှင် အလွန်ရိုးရှင်းသော စကားတစ်ခွန်းကိုပင် သူ၏ ပါးစပ်မှ ထွက်လာသောအခါ အလွန်လေးနက်ပြတ်သားနေသည်။

ကျားကျန်းရှီမှာ ချက်ချင်းပင် လန့်ဖြတ်သွားပြီး မျက်နှာပေါ်ရှိ အဆီများပင် တုန်ခါသွားလေတော့သည်။ သူမမှာ ပျော့ညံ့သူကို အနိုင်ကျင့်ပြီး ခက်ထန်သူကို ကြောက်တတ်သူဖြစ်ကြောင်း သိသာလှသည်။  

"ရဲအရာရှိကြီး ငါက တကယ်ကို နိုင်ငံသားကောင်းပါ၊အပြင်က ချန်ကောဟွားကမှ လူဆိုးပါ၊ငါ့ကို ယုံကြည်ပေးပါ" 

ရဲအရာရှိက သတိပေးထားသော်လည်း ကျားကျန်းရှီမှာ တံတွေးမြိုချလိုက်ပြီး မိမိကိုယ်ကိုယ် ကာကွယ်ရန် ဆက်လက်ပြောဆိုကာ အတတ်နိုင်ဆုံး လွတ်မြောက်ရန် ကြိုးစားနေသည်။ 

ကျားကျန်းရှီ၏ အခြေအနေကို နားမလည်သောပုံစံကို မြင်သောအခါ ရဲအရာရှိမှာလည်း သည်းမခံနိုင်တော့ဘဲ နောက်ဆုံးတွင် ရုတ်တရက် မတ်တတ်ရပ်ကာ ကျားကျန်းရှီကို အော်ဟစ်လိုက်သည်။ 

"တော်လောက်ပြီ" 

"ချန်ကောဟွားက မနက်စောစော မင်းအတွက် လာပြောပေးတာကို၊မင်းက ဒီမှာ အမှားအမှန်ကို ပြောင်းပြန်လှန်ပြီး သူများကို မဟုတ်မမှန် စွပ်စွဲနေသေးတယ်" 

"မင်းမှာ ကိုယ်ချင်းစာတရား နည်းနည်းလေးတောင် မရှိဘူးလား" 

"မင်းက ရိုးသားတဲ့သူတွေကို အနိုင်ကျင့်လို့ ကောင်းတယ်ထင်နေတာလား" 

ရဲအရာရှိ၏ စကားများက စစ်ဆေးရေးအခန်းအတွင်း မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပဲ့တင်ထပ်သွားသည်။ 

ကျားကျန်းရှီမှာ အလွန်လန့်သွားသဖြင့် ခေါင်းများပင် မူးဝေသွားလေတော့သည်။ တစ်ချိန်ထဲတွင်ပင် သူမကိုယ်တိုင်လည်း ကြက်သေသေသွားသည်။ သူမနှင့် ချန်ကောဟွားမှာ ရန်ငြိုးရှိသူများ ဖြစ်ကာ ချန်ကောဟွားက မည်သို့လုပ်ပြီး ရဲစခန်းသို့ လာကာ သူမအတွက် စကားပြောပေးရမည်နည်း။ 

သူ စိတ်ပြောင်းသွားတာလား၊ ရှားကျူးလို ရိုးသားတဲ့လူတစ်ယောက် ဖြစ်သွားတာလား။

နားမလည်နိုင်ဖြစ်သွားသော ကျားကျန်းရှီ၏ ဦးနှောက်မှာ အလုပ်မလုပ်တော့ဘဲ မည်သို့လုပ်ရမည်ကို မသိအောင် ဖြစ်သွားလေတော့သည်။ 

သူမ ငြိမ်ကျသွားသည်ကို မြင်သောအခါ ရဲအရာရှိကလည်း မျက်နှာထား လျှော့ချလိုက်ပြီး ကျားကျန်းရှီကို အေးစက်စွာ ကြည့်လိုက်သည်။

ချန်ကောဟွားကဲ့သို့ အရည်အချင်းရှိသော လူငယ်တစ်ဦးက မည်သို့လုပ်ပြီး ဤကဲ့သို့ ကိုယ်ကျင့်တရား လုံးဝမရှိသော လူယုတ်မာအတွက် လာရောက်စကားပြောပေးရသည်ကို သူ အမှန်တကယ်ပင် နားမလည်နိုင်အောင် ဖြစ်ရသည်။ 

သို့သော် စစ်ဆေးရေးလုပ်ငန်းစဉ်အရ သူက ကျားကျန်းရှီအား စစ်ဆေးမှုများ ပြုလုပ်ရမည်သာ ဖြစ်သည်။ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ရဲအရာရှိက ကျားကျန်းရှီအား ပြောလိုက်သည်။

"ကျားကျန်းရှီ ဒီတစ်ကြိမ်တော့ မင်း ကံကောင်းသွားတယ်" 

"အမှန်ဆိုရင် မင်းကျူးလွန်ခဲ့တဲ့ ပြစ်မှုအရ တစ်သက်တစ်ကျွန်း ကျခံရမှာ သေချာတယ်၊ ဒါပေမဲ့ ချန်ကောဟွားက မင်းအတွက် စကားပြောပေးတဲ့အတွက် မင်းက မှန်မှန်ကန်ကန် ဝန်ခံမယ်ဆိုရင်တော့ ပြစ်ဒဏ်လျော့ပေါ့ဖို့ အခွင့်အရေးရှိသေးတယ်၊ ဥပဒေရဲ့ သက်ညှာမှုကို ရဖို့ ကြိုးစားလို့ရတယ်" 

တစ်သက်တစ်ကျွန်း

ပြစ်ဒဏ်လျော့ပေါ့ရန် အခွင့်အရေး 

ကျားကျန်းရှီမှာ အေးစက်သော လေကို ရှူသွင်းလိုက်မိပြီး တစ်ကိုယ်လုံး ထုံကျင်သွားလေတော့သည်။ ယခုအချိန်တွင် သူမမှာ အသက်ငါးဆယ်ကျော်နေပြီဖြစ်ရာ ဤကိစ္စကို ကောင်းစွာ မဖြေရှင်းနိုင်ပါက သူမ၏ နှောင်းပိုင်းဘဝကို ထောင်ထဲတွင် ကုန်ဆုံးရနိုင်သည်။ 

သိထားရမည်မှာ အကယ်၍ တကယ့်ကို ကြီးလေးသော ပြစ်မှုတစ်ခုခုကို ကျူးလွန်ခဲ့မိပါက အနည်းဆုံးတော့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတစ်ခု ရှိပေလိမ့်မည်။ သို့သော် ပြဿနာမှာ သူမက လုံခြုံရေးဌာနတွင် ချန်ကောဟွားကို တိုင်တန်းရုံမျှသာ ဖြစ်ပြီး နိုင်ငံသားတစ်ဦးအား မဟုတ်မမှန် စွပ်စွဲမှုဖြင့် အပြစ်ပေးခံရလျှင်ပင် တစ်သက်တစ်ကျွန်းအထိတော့ မဖြစ်နိုင်ချေ။ ထို့အပြင် ပြစ်ဒဏ်လျော့ပေါ့ရန် အခွင့်အရေးဆိုသည်မှာလည်း မည်သည့်လုပ်ရပ်မျိုးနည်း။

ကျားကျန်းရှီမှာ တွေးလေလေ ပို၍ ကြောက်ရွံ့လာလေလေဖြစ်ကာ နှလုံးခုန်မြန်လာပြီး အကြောက်တရားကြောင့် ခန္ဓာကိုယ်မှာလည်း တုန်ယင်လာလေတော့သည်။  

"ဟင့်အင်း" 

"ငါ ပြစ်မှုမကျူးလွန်ခဲ့ဘူး" 

"ငါ တစ်သက်တစ်ကျွန်းကို လက်မခံနိုင်ဘူး။ ပြစ်ဒဏ်လျော့ပေါ့ဖို့ အခွင့်အရေးလည်း မလိုဘူး" 

ကျားကျန်းရှီမှာ ကြောက်လွန်း၍ အော်ဟစ်လိုက်လေတော့သည်။ စစ်ဆေးရေးအခန်းမှာ အပြင်ဘက်နှင့် မတူဘဲ သူမ သဘောကျ ရမ်းကားခွင့်မရှိပေ။ ရဲအရာရှိက သူမ ငြိမ်မနေသေးသည်ကို မြင်သောအခါ အေးစက်စွာ အော်ဟစ်လိုက်သည်။ 

"ကျားကျန်းရှီ မင်းက အခေါင်းမမြင်ဘဲ မျက်ရည်မကျဘူးဆိုတဲ့ပုံပဲ၊ ကောင်းပြီလေ ငါ မင်းကို တစ်ခေါက်ပဲ မေးမယ်၊ အကယ်၍ ချန်ကောဟွားရဲ့ ထွက်ဆိုချက်နဲ့ မကိုက်ညီဘူးဆိုရင်တော့ ငါ မညှာတာရင် အပြစ်မတင်နဲ့"  

ရဲအရာရှိ၏ ကြီးမားလှသော ဖိအားပေးမှုအောက်တွင် ကျားကျန်းရှီမှာ ငုံးတစ်ကောင်ကဲ့သို့ ခေါင်းညိတ်ပြရုံသာ ရှိတော့သည်။ သို့သော် ချန်ကောဟွားက ရဲကို မည်သို့သော ထွက်ဆိုချက်များ ပေးသည်ကိုလည်း သူမ အလွန် သိချင်နေသည်။ 

"မင်းရဲ့ မြေး ပန့်ကန့် နေ့တိုင်း ပစ္စည်းခိုးနေတာက မင်း ခိုင်းစေတာ ဟုတ်တယ်မလား" 

ကျားကျန်းရှီက ပန့်ကန့်ကို ရှားကျူးအိမ်သို့ ပစ္စည်းယူရန် ခိုင်းလေ့ရှိသည်ကို ခြံဝင်းထဲရှိ လူတိုင်း သိကြကြောင်း တွေးမိသဖြင့် အားအင်ကုန်ခမ်းစွာဖြင့် ခေါင်းညိတ်လိုက်ရတော့သည်။ 

"ပန့်ကန့်က အသားစားရတာ ကြိုက်တယ် ကျောင်းမှာ ကျောင်းလခ မပေးနိုင်ရင်တောင် ချင်ဟွိုင်ယွီကို အသားရှာခိုင်းတယ် ဟုတ်တယ်မလား" 

ဤကိစ္စမှာလည်း ဖြစ်ပျက်ခဲ့ဖူးသဖြင့် ကျားကျန်းရှီမှာ ထပ်မံ၍ ခေါင်းညိတ်လိုက်ရပြန်သည်။ 

"မင်းက ခြံဝင်းထဲမှာ တခြားလူတွေကို ကျားမိသားစုကို ထောက်ပံ့ဖို့ အတင်းအကျပ် ခိုင်းစေတာကို အကြိုက်ဆုံးပဲ၊ဒါပေမဲ့ ဒီရက်ပိုင်းမှာ ထောက်ပံ့မယ့်သူ မရှိဘူး ဟုတ်တယ်မလား"  

သည်ရက်ပိုင်းမှာ ခြံဝင်းထဲရှိ လူတိုင်းက ချန်ကောဟွားကို ဖားရန်သာ အလုပ်များနေကြပြီး သူမ၏ ကျားမိသားစုကို ထောက်ပံ့ရန် မည်သူကမျှ ဆန္ဒမရှိကြသဖြင့် ကျားကျန်းရှီမှာလည်း ခေါင်းညိတ်လိုက်ရပြန်သည်။  

သို့သော် ဤကိစ္စများနှင့် သူမ၏ ပြစ်ဒဏ်လျော့ပေါ့ရန် အခွင့်အရေးမှာ မည်သို့ပတ်သက်နေသည်ကို သူမ နားမလည်နိုင်အောင် ဖြစ်နေသည်။ ထို့အပြင် သူမ ကျူးလွန်ခဲ့သော ပြစ်မှုမှာ မည်သည့်အရာဖြစ်သည်ကိုလည်း ကြားလေလေ ပို၍ နားမလည်ဖြစ်လေလေ ဖြစ်နေသည်။ 

"ဒါဆိုရင် အားလုံးဆက်စပ်သွားပြီ၊ ပန့်ကန့်က ရွှေအတုကို ခိုးဖို့ ရည်ရွယ်ချက်ရှိသွားပြီ၊ ပြီးတော့ သူ့ရဲ့ ပြစ်မှုကျူးလွန်တဲ့ လုပ်ရပ်ကလည်း မင်းနဲ့ နီးကပ်စွာ ဆက်စပ်နေတယ်၊ မင်းက မင်းမှာ အပြစ်မရှိဘူးလို့ ပြောနေသေးတာလား" 

"မင်းလို လူကြီးတစ်ယောက်က ကလေးကို ကောင်းကောင်း မဆုံးမရင် ပန့်ကန့်က ဘယ်လိုလုပ်ပြီး ပြစ်မှုကျူးလွန်မှာလဲ" 

"စောစောစီးစီး သိလိုက်ရလို့‌ေတာ်‌ေသးတယ်၊ ရွှေအတုတွေ စျေးကွက်ထဲ ရောက်သွားရင် လူ့အဖွဲ့အစည်းအတွက် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်လာမှာ သေချာတယ်" 

ဤနေရာသို့ ရောက်သောအခါ ရဲအရာရှိ၏ အသံမှာ ပို၍ အေးစက်လာသည်။ ကျားကျန်းရှီမှာမူ ဒေါသထွက်လွန်း၍ အသက်ရှူပင် မဝတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူမ နောက်ဆုံးတွင် သဘောပေါက်သွားပြီ ဖြစ်သည်။ ချန်ကောဟွားက သူမကို ကူညီနေခြင်း မဟုတ်ဘဲ ပန့်ကန့် ပြဿနာတက်သည်ကို အခွင့်ကောင်းယူကာ သူမကိုပါ တစ်ခါတည်း ချောက်ချလိုက်ခြင်းသာ ဖြစ်သည်။ ဤသည်ကို သူမ မည်သို့ လက်ခံနိုင်မည်နည်း။

သို့သော် ရဲစခန်းတွင် ရမ်းကား၍ မရကြောင်းကိုလည်း သူမ နားလည်ထားသည်။ ထို့ကြောင့် အောင့်အည်းကာ နားထောင်နေရုံသာ ရှိတော့သည်။

"ဒါပေမဲ့ ဒီကိစ္စက သိပ်အကျိုးသက်ရောက်မှု မကြီးမားဘူးဆိုတော့ မင်းက အချိန်မီ ပြုပြင်ပြောင်းလဲဖို့ ဆန္ဒရှိတယ်ဆိုရင် ရဲတပ်ဖွဲ့က မင်းရဲ့ အမှားကို ပြုပြင်ဖို့ အခွင့်အရေးတစ်ခု ပေးချင်တယ်"

ရဲအရာရှိက တည်ငြိမ်စွာ ပြောလိုက်သည်။ ကျားကျန်းရှီ၏ မျက်လုံးများ အရောင်လက်သွားကာ နားစွင့်၍ သေချာစွာ နားထောင်နေသည်။

"အလုပ်ကြမ်းစခန်းမှာ အလုပ်လုပ်ပြီး လူ့အဖွဲ့အစည်းက ဆုံးရှုံးမှုအားလုံးကို ပြန်လည်ပေးဆပ်ရမယ်"

"ပြီးတော့ နစ်နာသူ ချန်ကောဟွားကို တောင်းပန်ရမယ်"

ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျားကျန်းရှီမှာ ချက်ချင်းပင် ပေါက်ကွဲသွားလေတော့သည်။

ချန်ကောဟွားက သူမကို ဒုက္ခပေးနေသည်မှာ ရှင်းလင်းနေသည်။ သို့သော် သူမက လွတ်မြောက်ခွင့် မရသည့်အပြင် သူ့ကိုပါ တောင်းပန်ရမည်လား

ပြီးတော့ လျော်ကြေးပေးဖို့အတွက် အလုပ်ကြမ်းစခန်းမှာ အလုပ်လုပ်ရဦးမယ်တဲ့

ဒါ ဘယ်လို သောက်ကျိုးနည်းအဖြစ်လဲ

ကျားကျန်းရှီ၏ နှလုံးမှာ တဒုတ်ဒုတ်ခုန်လာပြီး သွေးတိုးပင် တက်လာသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် ရဲအရာရှိ၏ ငြင်းဆန်ခွင့်မရှိသော လေသံကြောင့် နောက်ဆုံးတွင် သူမမှာ ဒေါသကို မထိန်းနိုင်တော့ဘဲ ဒုန်းခနဲ အသံနှင့်အတူ သတိလစ်မေ့မြောသွားလေတော့သည်။ ထို့နောက် စစ်ဆေးရေးအခန်းအတွင်း အလွန်ဆိုးရွားသော အနံ့ဆိုးတစ်ခု ပျံ့နှံ့လာသည်။

All Chapters