← Chapters

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း (၁၁၆)

မိုးလင်းစပြုချိန်တွင် ချင်ဟွိုင်ယွီသည် ကျားတုန်းရွှီကို တွန်းကာ ရဲစခန်းသို့ ရောက်လာသည်။ ရဲစခန်းတံခါးဝတွင် ခေတ်ဟောင်းပုံစံ နာရီတစ်လုံးကို ချိတ်ဆွဲထားသည်။ ၎င်းအပေါ်တွင် အချိန် ခြောက်နာရီ ဆယ့်လေးမိနစ်ဟု ပြသထားသည်။

ပေကျင်းရိုးရာအိမ်တော်မှ ရဲစခန်းသို့ ထွက်ခွာလာရာတွင် ယာဉ်၊ရထားမရှိဘဲ အနည်းဆုံး အချိန်တစ်နာရီခွဲခန့် အသုံးပြုခဲ့ရသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ယနေ့ခရီးစဉ်ကြောင့် ချင်ဟွိုင်ယွီသည် အလုပ်ပျက်ရတော့မည်ဖြစ်သည်။ သို့သော်လည်း ပန့်ကန့်နှင့် ကျားကျန်းရှီကိုသာ ပြန်ခေါ်လာနိုင်မည်ဆိုလျှင် ချင်ဟွိုင်ယွီက ကျေနပ်လက်ခံမည်ဖြစ်သည်။

မတ်လ၏ ရာသီဥတုက နွေဦးပေါက်သော်လည်း အေးစိမ့်နေပြီး အပြင်ဘက်တွင် လေအေးများ တိုက်ခတ်နေသည်။ ခရီးသွားများမှာ လည်ပင်းကို ပုခုံးထဲဝှက်ကာ ခြေလှမ်းသုတ်သုတ်ဖြင့် သွားလာနေကြသည်။ ဘတ်စ်ကားများ မပြေးဆွဲသေးသဖြင့် ချင်ဟွိုင်ယွီသည် ကျားတုန်းရွှီကိုသာ တွန်းလာခဲ့ရသည်။

လေအေးကြောင့် မျက်နှာများ အေးခဲတောင့်တင်းသွားပြီးနောက်မှသာ သူတို့နှစ်ဦးသည် ရဲစခန်းတံခါးဝသို့ နောက်ကျစွာ ရောက်ရှိလာခဲ့ကြသည်။

မနက်ပိုင်းအဆိုင်းကျသော ရဲအရာရှိက ချင်ဟွိုင်ယွီသည် မသန်စွမ်းသူကို တွန်းကာ လာသည်ကို မြင်သောအခါ ချက်ချင်း ဆီးကြိုလိုက်ပြီး မိသားစုဝင်ကို လာရောက်ကြည့်ရှုခြင်းဖြစ်ကြောင်း သိရသောအခါ သူတို့ကို ခက်ခဲအောင်မလုပ်ခဲ့ပေ။ သူတို့ကို စစ်ကြောရေးအခန်းသို့ တိုက်ရိုက် ခေါ်ဆောင်သွားသည်။

အကယ်၍ ဤရဲအရာရှိသည် သူတို့လာရောက်ကြည့်ရှုသူမှာ ရွှေအတုပြုလုပ်မှုဖြင့် သံသယရှိခံရသူဖြစ်ကြောင်း သိရှိပါက ဤမျှလောက် ပြောဆိုဆက်ဆံရ လွယ်ကူလိမ့်မည် မဟုတ်ပေ။ ထိုအချိန်တွင် ရဲများသည် ကျားကျန်းရှီကို စစ်ဆေးမေးမြန်းမှု ပြီးစီးသွားပြီဖြစ်၍ ကျားတုန်းရွှီတို့နှစ်ဦးကို စစ်ကြောရေးအခန်းထဲသို့ ခေါ်ဆောင်သွားသည်။

ကျားတုန်းရွှီက ကျားကျန်းရှီကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်တွေ့လိုက်ရသည်။ ကျားကျန်းရှီ၏ မျက်နှာတစ်ခုလုံး ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေသည်ကို မြင်သောအခါ ကျားတုန်းရွှီမှာ ချက်ချင်းပင် မှင်တက်သွားသည်။

ဤသည်မှာ တစ်ညသာ နေခဲ့ရခြင်းဖြစ်သည်။ ထို့အပြင် ချန်ကောဟွား၏ အဆက်အသွယ်ကိုလည်း အသုံးပြုခဲ့သေးသည်။ အဘယ်ကြောင့် မိခင်ဖြစ်သူ၏ ရုပ်သွင်မှာ ဆယ်နှစ်ကျော်ခန့် ပိုမိုအိုမင်းသွားသကဲ့သို့ ဖြစ်နေရသနည်း။

ကျားတုန်းရွှီလည်း မခံစားနိုင်တော့ဘဲ ကျားကျန်းရှီ၏ရှေ့သို့ တွန်းပို့ရန် ချင်ဟွိုင်ယွီကို အချက်ပြလိုက်ပြီးနောက် သားအမိနှစ်ဦး ဆုံတွေ့ချိန်တွင် ကျားကျန်းရှီကို ဖက်ကာ အသံကျယ်လောင်စွာ ငိုကြွေးလေတော့သည်။

"အမေ"

"အမေ ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ပိန်ချုံးသွားရတာလဲ"

"ရဲစခန်းက ရဲတွေ အမေ့ကို အနိုင်ကျင့်ကြလို့လား"

စိတ်လှုပ်ရှားမှုကြောင့် ကျားတုန်းရွှီလည်း ဆင်ခြင်တုံတရား ကင်းမဲ့သွားကာ ပြောလိုက်သော စကားများကြောင့် ဘေးပတ်ဝန်းကျင်ရှိ ရဲအရာရှိများ ချက်ချင်း မျက်မှောင်ကြုတ်သွားကြပြီး မျက်နှာများလည်း ညှိုးနွမ်းသွားကြသည်။

ကျားတုန်းရွှီသည် စကားပြောဆိုရာတွင် အမှန်ပင် နားလည်မှုမရှိပေ။ မိမိ၏ မိခင်ဖြစ်သူ ပြစ်မှုကျူးလွန်ထားသဖြင့် ရဲများက သူ့ကို ထောင်ဝင်စာတွေ့ခွင့် ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် သူကမူ စကားစပြောသည်နှင့် ရဲစခန်းက လူကို အနိုင်ကျင့်သည်ဟု စွပ်စွဲပြောဆိုနေသည်။ ကျားကျန်းရှီအပေါ် ချမှတ်မည့် ပြစ်ဒဏ်ကို မသိရှိထားပါက ကျားတုန်းရွှီကို အသေအချာပင် နှင်ထုတ်ပစ်မည်ဖြစ်သည်။

ချင်ဟွိုင်ယွီသည် ရဲအရာရှိများ၏ မျက်နှာအမူအရာကို သတိပြုမိသွားပြီး ခဏနေလျှင် ပန့်ကန့်ကို သွားကြည့်ရမည်ဖြစ်သောကြောင့် ကျားတုန်းရွှီကို သတိထားရန် ပြောဆိုချင်သည်။ သို့သော် ပန့်ကန့်မှာ လူငယ်ထိန်းသိမ်းရေးစခန်းတွင် ရှိနေပြီး ရဲစခန်းတွင် မရှိကြောင်းကို တွေးမိလိုက်သည်။ ထို့ကြောင့် မည်သည့်စကားမျှ ထပ်မပြောတော့ပေ။ မည်သို့ပင်ဖြစ်စေ သားဖြစ်သူကို မထိခိုက်လျှင် ရပြီဖြစ်သည်။

ကျားတုန်းရွှီ၏ စကားကို ကြားပြီးနောက် ကျားကျန်းရှီလည်း မိမိ၏ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တော့ဘဲ အသံကျယ်လောင်စွာ ငိုကြွေးလေတော့သည်။

"သားရယ်"

"ငါ့သားလေးရယ်"

"အမေတော့ ဒီတစ်သက် ထောင်ထဲမှာ သေရတော့မယ် ထင်တယ်"

"ဟင့် ဟင့် ဟင့်..."

ကျားကျန်းရှီက မျက်ရည်များကို သုတ်ရင်း ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။

"အမေ မလန့်ပါနဲ့"

"သား အဆက်အသွယ်တွေ ရှာထားပါတယ်၊ အမေ သေချာပေါက် အပြင်ရောက်လာမှာပါ"

ကျားတုန်းရွှီက ဤသို့ပြောလိုက်သော်လည်း နားမလည်နိုင်ဖြစ်နေသေးသည်။

တွေးကြည့်လျှင် အဆက်အသွယ် ရှာထားပါလျက်နှင့် တစ်ညတည်းဖြင့် ဤမျှလောက် ပိန်ချုံးသွားစရာ အကြောင်းမရှိပေ။ သို့သော် ကျားတုန်းရွှီက မည်သို့ပင် မေးမြန်းစေကာမူ ကျားကျန်းရှီမှာ တရစပ် ငိုကြွေးနေပြီး မည်သည့်စကားမျှ ပိုမပြောလိုပေ။ ထို့နောက် ကျားတုန်းရွှီကို ဖက်ကာ အသံကျယ်လောင်စွာ ငိုကြွေးနေသည်။

ဘေးတွင် ထိုင်နေသော ရဲအရာရှိက အချိန်သင့်ပြီဟု မြင်သဖြင့် သူတို့နှစ်ဦးကို ခွဲထုတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် စစ်ဆေးမေးမြန်းမှု ပြီးဆုံးပြီးနောက်တွင် ကျားကျန်းရှီသည် တရားခံဖြစ်သွားပြီဖြစ်ရာ ယခုအချိန်တွင် မိမိ၏အမှားကို ပြုပြင်ရန် အလုပ်ကြမ်းစခန်းသို့ သွားရောက်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ အကျဉ်းချခံရမည်ဖြစ်သည်။

ကျားတုန်းရွှီသည် ရဲများ၏ ခွဲထုတ်ခြင်းကို ခံရပြီးနောက်တွင်လည်း စိတ်ထဲ၌ ဝမ်းနည်းပူဆွေးမှုများ နစ်မွန်းနေဆဲဖြစ်သည်။ အကြောင်းမှာ ကျားကျန်းရှီသည် အသက်အရွယ် ဤမျှကြီးရင့်နေပြီဖြစ်ရာ အပြင်ရောက်လာလျှင်ပင် သေချာပေါက် ရောဂါဝေဒနာများ စွဲကပ်လာမည်ဖြစ်သည်။

ထိုအချိန်ရောက်လျှင် မည်သူက မည်သူ့ကို ပြုစုစောင့်ရှောက်ရမည်ဆိုသည်ကို မသိနိုင်တော့ပေ။ သို့သော် ထိုအချိန်တွင်ပင် ရဲအရာရှိတစ်ဦး ဝင်ရောက်လာပြီး စစ်ကြောရေးရဲအရာရှိအား ပြောလိုက်သည်။

"ရှောင်ဝူ ဒါက မင်းတာဝန်ယူထားတဲ့ တရားခံအတွက် အထက်က ချမှတ်လိုက်တဲ့ ပြစ်ဒဏ်မှတ်တမ်းပဲ"

ပြောပြီးနောက် ရှောင်ဝူဆို‌ေသာရဲအရာရှိက လှမ်းယူလိုက်ပြီး အကြောင်းအရာများကို အကြမ်းဖျင်း ဖတ်ရှုကာ လူအများရှေ့တွင် ဖတ်ပြရန် ပြင်ဆင်လိုက်သည်။

"ကျားကျန်းရှီ အထက်က မင်းကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် နောက်ဆုံးပြစ်ဒဏ်ကို ချမှတ်လိုက်ပြီ"

ကျားကျန်းရှီသည် ထိုစကားကို ကြားပြီးနောက် အလျင်အမြန် ငိုကြွေးခြင်းကို ရပ်တန့်လိုက်ပြီး အလိုအလျောက်ပင် ကျားတုန်းရွှီထံသို့ တိုးကပ်သွားသည်။ သူမ၏ နောက်ကျိနေသော မျက်လုံးအစုံတွင် အလင်းရောင်များ ရောင်ပြန်ဟပ်နေပြီး မျှော်လင့်ချက်အရောင်အဝါများ ပြည့်နှက်နေသည်။

သူမက သားဖြစ်သူသည် အဆက်အသွယ်ရှာထားသဖြင့် ယနေ့တွင် မိမိအနေဖြင့် ထောင်မှ သေချာပေါက် ထွက်နိုင်မည်ဟု ထင်မှတ်ထားသည်။ မနေ့ညက ရဲများပြောခဲ့သော အလုပ်ကြမ်းစခန်းဆိုသည်မှာ အားလုံး အလိမ်အညာများသာဖြစ်သည်။

ဘေးနားရှိ ကျားတုန်းရွှီနှင့် ချင်ဟွိုင်ယွီတို့သည် ထိုစကားကို ကြားပြီးနောက် တိတ်ဆိတ်သွားကြပြီး ရဲများ၏ ပြစ်ဒဏ်ချမှတ်ခြင်းကို စောင့်ဆိုင်းနေကြသည်။ တစ်ချိန်တည်းမှာပင် သူတို့နှစ်ဦး၏ စိတ်ထဲတွင် ချန်ကောဟွားသည် အမှန်ပင် တော်လွန်းသည်ဟု တွေးထင်နေကြသည်။

မနေ့ညက သူ့ကို အကူအညီတောင်းခဲ့သည့်ကိစ္စမှာ ယနေ့မနက်တွင် ဖြေရှင်းပြီးသွားပြီဖြစ်ရာ အရည်အချင်းမှာ သာမန်မဟုတ်ပေ။ ရဲအရာရှိ‌ရှောင်ဝူက စာရွက်စာတမ်းများကို ကိုင်ဆောင်ကာ စတင်ကြေညာသည်။

"သံသယတရားခံ ကျားကျန်းရှီသည် ရွှေအတုရာဇဝတ်ဂိုဏ်းနှင့် တရားမဝင် ဆက်သွယ်မှုရှိသည်ဟု သံသယရှိခံရပြီး ပြည်သူများ၏ ပိုင်ဆိုင်မှုများကို ထိခိုက်နစ်နာစေခြင်း… ……..ထိုလုပ်ရပ်များသည် နိုင်ငံတော်၏ ပြစ်မှုဆိုင်ရာဥပဒေကို ပြင်းထန်စွာ ချိုးဖောက်ခြင်းတို့ကြောင့် ယခု အလုပ်ကြမ်းစခန်းတွင် ဆယ်နှစ်နေရန် ပြစ်ဒဏ်ချမှတ်လိုက်သည်"

ဤပြစ်ဒဏ်ကို ကြားလိုက်ရသောအခါ ကျားကျန်းရှီတို့ သားအမိနှစ်ဦး၏ ဦးနှောက်ထဲတွင် တစ်ခဏမျှ ဗလာဟင်းလင်း ဖြစ်သွားသည်။ တဝုန်းဝုန်း မြည်ဟည်းနေသော အသံများမှလွဲ၍ ယာယီအားဖြင့် မည်သည့် တွေးခေါ်နိုင်စွမ်းမျှ မရှိတော့ပေ။

ဆယ်နှစ်…

လူ့သက်တမ်းတွင် ဆယ်နှစ်ဆိုသည်မှာ မည်သည့်သက်ရောက်မှု ရှိနိုင်မည်နည်း။ ထို့အပြင် အသက်ငါးဆယ် ခြောက်ဆယ်အရွယ်ရှိပြီဖြစ်သော ကျားကျန်းရှီအတွက် ပို၍ပင်ဆိုးသည်။ အကျဉ်းထောင်တွင် ဆယ်နှစ်တိုင်တိုင် အလုပ်ကြမ်းလုပ်ရခြင်းမှာ အခြေခံအားဖြင့် အသက်တစ်ဝက်ခန့် ဆုံးရှုံးသွားခြင်းပင်ဖြစ်သည်။

ကျားကျန်းရှီသည် ကျားတုန်းရွှီ၏ ဘေးတွင် မှီထားခြင်း မရှိပါက သူမသည် မနေ့ညကကဲ့သို့ သတိမေ့လဲကျသွားမည်မှာ ကြာလှပြီဖြစ်သည်။

ဘေးနားရှိ ကျားတုန်းရွှီ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူရော်သွားသည်။ မိမိ၏ မိခင်ဖြစ်သူ ထောင်ဆယ်နှစ် ကျရတော့မည်။ အပြည့်အဝ ဆယ်နှစ်တိုင်တိုင်ပင် ဖြစ်သည်။ ဆယ်နှစ်တိုင်တိုင် အိမ်တွင် ပြုစုစောင့်ရှောက်မည့်သူ မရှိပါက ကလေးများ မည်သို့လုပ်မည်နည်း။ ခြေလက်မသန်စွမ်းသော မိမိသည်ရော မည်သို့လုပ်ရမည်နည်း။

ကျားတုန်းရွှီသည် မိမိအနေဖြင့် နောက်ထပ် ဆယ်နှစ်တိုင်တိုင် အသက်ရှင်နိုင်မည်လား ဟူသည်ကို အလွန် သံသယဖြစ်မိသည်။ ထို့နောက် သူသည် ဝေခွဲမရသော အခြေအနေထဲသို့ ကျရောက်သွားသည်။

သူ၏ မိခင်ဖြစ်သူသည် လုံခြုံရေးဌာနကို ခေါ်ဆောင်ကာ ချန်ကောဟွားကို ဖမ်းဆီးရုံသာ ဖြစ်သည်။ နိုင်ငံသားတစ်ဦးကို မဟုတ်မမှန် စွပ်စွဲခြင်းဖြစ်လျှင်ပင် အများဆုံး တစ်ပတ်ခန့်သာ အချုပ်ခံရမည်ဖြစ်သည်။ အဘယ်ကြောင့် ဆယ်နှစ်တိုင်တိုင် ပြစ်ဒဏ်ချမှတ်ခံရနိုင်မည်နည်း။ ထို့အပြင် သူသည် ချန်ကောဟွားကို အကူအညီတောင်းခံထားသေးသည်။

ကျားတုန်းရွှီသည် တွေးလေတွေးလေ နားမလည်နိုင်လေ ဖြစ်နေသည်။ နားမလည်နိုင်သည့်အဆုံးတွင် သူသည် ရဲများကို တိုက်ရိုက် မေးမြန်းလေတော့သည်။

"ရဲဘော်ရဲအရာရှိ တစ်နေရာရာမှာ မှားယွင်းနေတာများလား"

"ငါ့အမေက နတ်ဆိုးတွေတောင် ဒေါသထွက်လောက်တဲ့ ကိစ္စမျိုးတွေ ဘာတွေများ လုပ်ခဲ့လို့ ထောင်ဆယ်နှစ်တောင် အချခံရတာလား"

ကျားတုန်းရွှီသည် မည်သို့ပင် စဉ်းစားစေကာမူ နားမလည်နိုင်အောင် ဖြစ်နေသည်။

"မှားယွင်းတယ် ဘယ်လိုလုပ် မှားနိုင်မှာလဲ"

ရှောင်ဝူဆို‌ေသာရဲအရာရှိက လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီးနောက် အလောတကြီးမရှိဘဲ ဆက်ပြောလိုက်သည်။

"စိတ်သဘောထားပြည့်ဝတဲ့ နိုင်ငံသား လူကြီးမင်းချန်ရဲ့ ပြောကြားချက်အရ မင်းရဲ့သား ပန့်ကန့်က ရွှေအတုခိုးယူပြီး ရွှေအတုကို အသုံးပြုလို့ စျေးကွက်ပတ်ဝန်းကျင်ကို ဖျက်ဆီးတဲ့ လုပ်ရပ်တွေကို မင်းအမေက တစ်ဆင့်ချင်း သင်ပေးခဲ့တာပဲ"

"ဒါကြောင့် မင်းတို့ကို ပညာပေးတဲ့အနေနဲ့ ရွှေအတုကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးဆုံးရှုံးမှုတွေကို မင်းအမေက အလုပ်ကြမ်းစခန်းမှာ အကုန်လုံး ပြန်လည်ပေးဆပ်ရမယ်"

"အကယ်၍ မင်းအမေက ပန့်ကန့်ရဲ့ လုပ်ရပ်အတွက် တာဝန်မယူဘူးဆိုရင် အပြင်ရောက်သွားရင်တောင် လူမှုအသိုင်းအဝိုင်းကို ထိခိုက်နစ်နာစေမယ့် ကိစ္စတွေကို လုပ်ဦးမှာပဲ"

"အထက်က ပြစ်ဒဏ်ဆယ်နှစ် ချမှတ်လိုက်တာဟာ မများလွန်း မနည်းလွန်းဘဲ အနေတော်ပဲ"

All Chapters