← Chapters

အခန်း ၃၄၂

Vol. 35 Ch. 342

အခန်း ၃၄၂

Vol. 35 Ch. 342

အခန်း (၃၄၂) ရွှေဝါရောင်ဆံပင်နှင့် အလှပဂေး

"ရွှယ်အာ့ဆီမှာ ရှိတယ်... ခဏစောင့်ဦး..." ထန်ရွှမ်က အောက်ထပ်သို့ အမြန်ပြေးဆင်းသွားသည်။ ထို့နောက် သူမက ကျီရွှယ်အာထံမှ ချန်ဖုန်း၏ ဖုန်းနံပါတ်ကို ရယူလိုက်၏။

အလွန်ရိုင်းစိုင်းသော ဝမ်ကတော်နှင့် ပတ်သက်၍ သူမတွင်လည်း မကျေနပ်မှုအချို့ ရှိနေခဲ့သော်ငြား ယခုအချိန်သည် အသက်ရှင်သေဆုံးရေး ကိစ္စရပ်ဖြစ်နေသဖြင့် သူမအနေဖြင့် ငြင်းပယ်နိုင်စွမ်း မရှိခဲ့ချေ။

"ကျေးဇူးတင်ပါတယ်..."

ဝမ်ကတော်က ဖုန်းနံပါတ်ကို အလျင်အမြန် ခေါ်ဆိုလိုက်သည်။ "မစ္စတာချန်... ကျွန်မက ကျန်းနန်ရဲ့ အချမ်းသာဆုံးသူဌေး ဝမ်ကျင်းရဲ့ ဇနီးပါ... ကျွန်မတို့ ခုလေးတင် တွေ့ခဲ့ကြတယ်လေ..."

သူမ စကားပင် မဆုံးလိုက်ခင်မှာပင် တစ်ဖက်မှ ဖုန်းချသွားခဲ့လေ၏။

ဝမ်ကတော် လုံးလုံးလျားလျား မှင်သက်သွားရပေသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင်

သူမ ဒေါသတကြီး ပေါက်ကွဲသွားတော့၏။

"သူက ငါ့ဖုန်းကို တကယ်ကြီး ချပစ်လိုက်တာလား... ငါက ဆေးကုသမှု ခံယူဖို့အတွက် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး သူ့ကို အလွန်ယဉ်ကျေးစွာ ဆက်ဆံခဲ့တာတောင် သူက ဖုန်းချသွားသေးတယ်ပေါ့..."

ယခုအချိန်တွင်

ဝမ်ကတော်သည် အမှန်တကယ်ပင် ဒေါသထွက်နေခဲ့လေပြီ။

သူမက လက်မလျှော့ဘဲ ထပ်မံခေါ်ဆိုလိုက်သည်။

သို့သော် သူမ၏ ဖုန်းနံပါတ်ကို ဘလော့ခ်လုပ်ထားကြောင်း တွေ့လိုက်ရသဖြင့် အလွန်အမင်း တုန်လှုပ်သွားရပေ၏။

“ငါ့ဖုန်းကို ဘလော့ခ်လုပ်လိုက်တယ်ပေါ့…”

သူမ၏ တစ်သက်တာလုံးတွင် သူမကသာ အခြားသူများ၏ ဖုန်းနံပါတ်များကို အမြဲတမ်း ဘလော့ခ်လုပ်ခဲ့သူဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကမျှ သူမ၏ ဖုန်းနံပါတ်ကို ဘလော့ခ်မလုပ်ခဲ့ဖူးချေ။

"ယောကျ်ား... ရှင့်ဖုန်းပေးစမ်းပါ... သူက လူတိုင်းကို ဘလော့ခ်လုပ်နိုင်မယ်လို့ ငါ မယုံဘူး..."

"တော်တော့... မင်းက ပြဿနာတွေ လုံလောက်အောင် မရှာရသေးဘူးလား..." ဝမ်ကျင်းက ဒေါသတကြီး ပြောလိုက်သည်။ "မင်းက တစ်ယောက်ယောက်ကို အကူအညီတောင်းနေတယ်ဆိုရင် အကူအညီတောင်းတဲ့ ပုံစံမျိုးနဲ့ နေသင့်တယ်... မင်းက ဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်ရတာလဲ... မင်းသာ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် မင်းရဲ့သမီးကို သေတွင်းထဲ ပို့လိုက်သလို ဖြစ်သွားလိမ့်မယ်... ငါတို့က အခု ကျိုတိုမှာ ရောက်နေတာ... ကျန်းနန်မှာ မဟုတ်ဘူး... မင်းရဲ့ ဒေါသကို ထိန်းစမ်းပါ..."

"ကျွန်မ..."

"မင်းက ဘာဖြစ်လဲ... သေချာပြင်ဆင်ပြီး မစ္စတာချန်ကို ဖိတ်ခေါ်ဖို့ ငါနဲ့ လိုက်ခဲ့စမ်း..."

ဝမ်ကျင်းသည် ကျန်းနန်တွင် အချမ်းသာဆုံးသူဌေး ဖြစ်လာနိုင်သည်ဆိုထဲက

သူ၏ စိတ်နေသဘောထားနှင့် ဉာဏ်ရည်ဉာဏ်သွေးသည် သာမန်လူများ ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။ လိုအပ်လာချိန်တွင် ခေါင်းငုံ့ရမည်ပင်။

ဝမ်ကျင်းက မြောင်ရန်ကို ထပ်မံကြည့်ရှုကာ ပြောလိုက်သည်။ "ဆရာဝန်ကြီးမြောင်... ဒီကိစ္စကို ဆရာ့ဆီမှာပဲ အပ်ခဲ့ပါရစေ... ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက မစ္စတာချန်ကို သွားပင့်လိုက်ပါဦးမယ်..."

"ပြဿနာမရှိပါဘူး..." မြောင်ရန်၏ မျက်နှာအမူအရာက အနည်းငယ် နူးညံ့သွားခဲ့သည်။

ဝမ်ကျင်းနှင့် ဝမ်ကတော်တို့က အလျင်စလို ထွက်ခွာသွားကြသည်။

သူတို့၏ အချိတ်အဆက်များဖြင့် ကျိုတိုရှိ ချန်ဖုန်း၏ လိပ်စာကို သူတို့ ရှာဖွေနိုင်ခဲ့ကြသေး၏။

တစ်ဖက်လူမှာ အိုယန်မိသားစု နေအိမ်တွင် တည်းခိုနေကြောင်း သိရှိရပြီးနောက် သူတို့ ချက်ချင်းပင် အပြေးအလွှား သွားရောက်ခဲ့ကြသည်။

သို့သော် ချန်ဖုန်း နိုင်ငံခြားသို့ ထွက်သွားပြီဖြစ်ကြောင်း အိုယန်မိသားစုထံမှ သိရှိလိုက်ရလေ၏။

တစ်ခဏချင်းမှာပင်

သူတို့ နေရာတွင်တင် အေးခဲသွားကြတော့သည်။

"ဆာကူရာနိုင်ငံကို သွားတာ ဟုတ်လား..."

ဝမ်ကျင်းက အသက်ပြင်းပြင်း ရှူလိုက်ပြီး သွားကြိတ်ကာ ပြောလိုက်သည်။ "သူ့ကို သွားရှာဖို့ လူတစ်ယောက်ကို ချက်ချင်း စေလွှတ်လိုက်မယ်... တကယ်လို့ ဘာမှ အဆင်မပြေရင် ငါကိုယ်တိုင် ဆာကူရာနိုင်ငံကို သွားမယ်..."

"ဒါပဲ ငါတို့ လုပ်နိုင်တာလေ..."

ဝမ်ကတော်က ဒေါသတကြီး သွားကြိတ်ကာ ပြောလိုက်သည်။

သူတို့ သမီး၏ ဖျားနာမှုကို ကုသပေးနိုင်မည့်သူကို နောက်ဆုံးတွင် ရှာတွေ့ခဲ့သော်လည်း ထိုသူမှာ ယခုအချိန်တွင် နိုင်ငံခြားသို့ ထွက်သွားခဲ့ပြီ ဖြစ်ပေ၏။

---

လေယာဉ်ပေါ်၌။

ချန်ဖုန်းသည် သူ၏ ထိုင်ခုံတွင် ပေါ့ပေါ့ပါးပါး ထိုင်နေပေ၏။

ဝမ်ကတော်၏ ဖုန်းခေါ်ဆိုမှုကို သူ အာရုံမစိုက်ခဲ့ချေ။

ယခင်က သူမ၏သမီးကို ဆေးကုသပေးလိုချိန်တွင် သူမ၏ အထင်သေးသော အပြုအမူများက တကယ်ကို ဒေါသထွက်စရာ ကောင်းလှပေသည်။

မည်သို့ပင်ဖြစ်စေ မကြာမီ သေဆုံးသွားမည်တော့ မဟုတ်ချေ။

ကူရာကီယုနှင့် ပတ်သက်၍မူ...

သူက ယခု ဆာကူရာနိုင်ငံသို့ သွားနေပြီဖြစ်ရာ အမိနိုင်ငံရှိ ဂိုကစားပွဲများကို ကြည့်ရှုနိုင်မည် မဟုတ်တော့ချေ။

ထိုအချိန်တွင်

အနက်ရောင် ခြေအိတ်ရှည် ဝတ်ဆင်ထားသော ရွှေဝါရောင်ဆံပင်နှင့် အမျိုးသမီးတစ်ဦး လျှောက်လာခဲ့သည်။

သူမက အတွင်းဘက်ရှိ နေရာကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ "လူကြီးမင်း... ကျွန်မရဲ့ နေရာက အတွင်းဘက်မှာမို့ ကျေးဇူးပြုပြီး ဖယ်ပေးလို့ ရမလား..."

ချန်ဖုန်းက ဖြည်းညင်းစွာ ခေါင်းမော့ကြည့်လိုက်သည်။

အံ့ဩစရာကောင်းစွာပင် တစ်ဖက်လူမှာ နိုင်ငံခြားသူတစ်ဦး ဖြစ်နေသော်လည်း သူမ၏ ဟွာရှစကားက အလွန် ကျွမ်းကျင်နေပေ၏။

ချန်ဖုန်းကလည်း အလိုက်အသင့် နောက်သို့ ဆုတ်ပေးလိုက်သည်။

"ကျေးဇူးပါပဲ..." ရွှေဝါရောင်ဆံပင်နှင့် အလှပဂေးက ဘေးတိုက် ဝင်လာခဲ့သည်။

ရှေ့နှင့် နောက်ထိုင်ခုံများကြားရှိ အကွာအဝေးမှာ အလွန်ကျယ်ဝန်းခြင်း မရှိဘဲ ခြေထောက်တစ်ချောင်းစာ နေရာမျှသာ ရှိပေသည်။

ရွှေဝါရောင်ဆံပင်နှင့် အမျိုးသမီး အတွင်းသို့ မဝင်ရောက်နိုင်မီမှာပင် လေယာဉ်က ရုတ်တရက် လှုပ်ခါသွားပြီး သူမ ဟန်ချက်ပျက်ကာ ချန်ဖုန်း၏ ပေါင်ပေါ်သို့ တည့်တည့်ကြီး ပြုတ်ကျသွားတော့၏။

"အာ..." သူမက အံ့ဩတကြီး အော်ဟစ်လိုက်သည်။

"ရှီး..." ချန်ဖုန်းလည်း အသက်ရှူမှားသွားရပေ၏။

ယခုလေးတင် သူ အနည်းငယ် အိပ်ငိုက်နေခဲ့သော်လည်း ယခုအခါ သူ၏ ဦးရေပြားတစ်ခုလုံး ထုံကျဉ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

တစ်ဖက်လူ၏ တင်ပါးများ လှုပ်ရှားသွားသည်ကို ခံစားလိုက်ရချိန်တွင် သူ အထူးပင် အနှောင့်အယှက် ဖြစ်သွားရ၏။

‘ဒါ တမင်တကာ လုပ်တာများလား ဟ’ ဟု တွေးလိုက်၏။

"ဆောရီး... တကယ် ဆောရီးပါ..." ရွှေဝါရောင်ဆံပင်နှင့် အလှပဂေးက အလျင်အမြန် မတ်တပ်ရပ်လိုက်ပြီး သူမ၏ မျက်နှာမှာ လည်ပင်းအထိ နီရဲသွားတော့သည်။ သူမ အလျင်အမြန် အတွင်းသို့ဝင်ကာ ထိုင်လိုက်သည်နှင့် ထိုခဏမှာပင် သူမ၏ အောက်ခံအဝတ်အစားများ စိုစွတ်နေသည်ကို သူမ သတိပြုမိသွားပုံရသည်။

ချန်ဖုန်းသည် ထိုအမျိုးသမီးအား အသေးစိတ် မကြည့်ဘဲ မနေနိုင်ခဲ့ချေ။

တစ်ဖက်လူတွင် အလွန်လှပသော ခန္ဓာကိုယ်အချိုးအစား ရှိပေ၏။

လှိုင်းတွန့် ရွှေဝါရောင် ဆံပင်များ။

လူများကို ကြီးမားသော ဆွဲဆောင်မှုအပြည့် ခံစားရစေသည်။

ဆာကူရာနိုင်ငံသို့ လေယာဉ်ခရီးစဉ်က ခန့်မှန်းခြေ သုံးနာရီခန့် ကြာမြင့်ပေသည်။

ခရီးတစ်လျှောက်တွင် ရှက်ရွံ့မှုကြောင့်ဖြစ်စေ၊ အခြားအရာတစ်ခုခုကြောင့်ဖြစ်စေ ရွှေဝါရောင်ဆံပင်နှင့် အမျိုးသမီးသည် နောက်ထပ် စကားတစ်ခွန်းမျှ မဟတော့ချေ။

သုံးနာရီအကြာတွင်။

နောက်ဆုံး၌ ဆာကူရာနိုင်ငံသို့ ရောက်ရှိလာခဲ့လေပြီ။

အဒေါ်ဖြစ်သူ အိုယန်နာလန် သတ်မှတ်ပေးထားသော နေရာသို့သွားရန် ချန်ဖုန်း တက္ကစီတစ်စီးကို တားလိုက်သည်။

သူကဆာကူရာနိုင်ငံနှင့် မရင်းနှီးချေ။

တက္ကစီစီးရန်မှလွဲ၍ ရွေးချယ်စရာ မရှိပေ။

ထိုအချိန်တွင် လူရိပ်တစ်ခုက အတွင်းသို့ အလျင်အမြန် ဝင်ထိုင်လိုက်သည်။

ထိုသူမှာ လေယာဉ်ပေါ်တွင် တွေ့ခဲ့ရသော ရွှေဝါရောင်ဆံပင်နှင့် အလှပဂေးပင်။

"ဘာကိစ္စရှိလို့လဲ..." ချန်ဖုန်းက အနည်းငယ် အံ့အားသင့်သွားသည်။

ရွှေဝါရောင်ဆံပင်နှင့် အမျိုးသမီးက ခဏတာ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်၏။ "ဟယ်လို... ကျွန်မနာမည် အဲလစ် ပါ... ရှင်နဲ့အတူ ကားကြုံလိုက်လို့ ရမလား... ဒီကိုလာတာ ဒါ ပထမဆုံးအကြိမ်ဆိုတော့ နေရာတွေကို သိပ်မရင်းနှီးလို့ပါ..."

"ငါ မင်းကို ရောင်းစားပစ်မှာ မကြောက်ဘူးလား..." ချန်ဖုန်းက အဓိပ္ပာယ်ပါပါ ပြုံးကာ ပြောလိုက်သည်။

အဲလစ်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်၏။ "ဘာပဲဖြစ်ဖြစ် ရှင်က အခွင့်အရေး ရပြီးသားပဲလေ... ဘာကြောက်စရာရှိလို့လဲ... ရှင်လည်း ဒီကိုလာတာ ပထမဆုံးအကြိမ်ပဲလို့ ထင်ပါတယ်... ကျွန်မတို့ အတူတူသွားပြီး အချင်းချင်း ကူညီလို့ရတာပေါ့..."

"ဟီးဟီး..."

ဤသည်မှာ ချန်ဖုန်းအတွက် ဆာကူရာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ရုံသာမက နိုင်ငံခြားသို့ ပထမဆုံး ထွက်ခွာခြင်းလည်း ဖြစ်ပေသည်။

နိုင်ငံခြားမှ လမင်းက ပို၍ ဝိုင်းစက်သည်ဟု မကြာခဏ ဆိုကြ၏။

သူ၏ အမြင်တွင်မူ နိုင်ငံခြားရှိ ပတ်ဝန်းကျင်သည် ဟွာရှနိုင်ငံလောက် မကောင်းမွန်ချေ။

အနည်းဆုံး ကဏ္ဍများစွာတွင် ဆာကူရာနိုင်ငံသည် ဟွာရှနိုင်ငံထက် များစွာ နောက်ကျကျန်နေသေးသည်။

"မင်းတောင် မကြောက်တာ... ငါက ဘာလို့ ကြောက်ရမှာလဲ...ပြော မင်း ဘယ်ကိုသွားမှာလဲ..."

"ဒါက လိပ်စာပါ..."

အဲလစ်က ယာဉ်မောင်းကို လိပ်စာကတ် ကမ်းပေးလိုက်သည်။

ထို့နောက် သူမက ချန်ဖုန်း၏ လက်မောင်းကို ရုတ်တရက် ဆွဲယူကာ ပြုံးလျက် ပြောလိုက်၏။ "ရှင် ဒီမှာ ဘာလုပ်မလို့လဲ... စီးပွားရေးလာလုပ်တာလား... ခရီးလာလှည့်တာလား..."

"မင်း ခန့်မှန်းကြည့်လေ..."

ချန်ဖုန်းက မျက်လုံးကို မှေးကြည့်လိုက်သည်။

သူကလည်း မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ သူမ၏ သွယ်လျသော ခါးလေးကို လက်ဖြင့် ဖက်တွယ်လိုက်၏။

အလှပဂေးလေးက သူ၏ ရင်ခွင်ထဲတွင် ရှိနေပေကာ သင်းပျံ့သော ရနံ့လေးက လေထုထဲတွင် လွင့်ပျံနေ၏။

"ကျွန်မ မခန့်မှန်းချင်ပါဘူး..." အဲလစ်က ခဏတာ ရုန်းကန်လိုက်သော်လည်း နောက်ပိုင်းတွင် ခုခံခြင်းကို ရပ်တန့်လိုက်တော့သည်။

ထိုအချိန်တွင် တက္ကစီသည် ပို၍ လူသူကင်းမဲ့သော နေရာများသို့ မောင်းနှင်နေပြီး လမ်းပေါ်တွင် လူနည်းသထက် နည်းလာကြောင်း ချန်ဖုန်း သတိပြုမိလိုက်သည်။

သူ၏ မျက်လုံးများထဲတွင်လည်း ပါးနပ်သော အရိပ်အယောင်တစ်ခု လင်းလက်သွား၏။

【ဒင်... ပိုင်ရှင်အတွက် ဘာသာစကား နှစ်ဆယ် ကျွမ်းကျင်မှုစွမ်းရည်ကို လဲလှယ်ပြီးပါပြီ... စနစ်ပွိုင့် ၈၀၀ နှုတ်ယူလိုက်ပါသည်】

【ဒင်... ပိုင်ရှင်အတွက် ဆာကူရာနိုင်ငံ မြေပုံကို လဲလှယ်ပြီးပါပြီ... စနစ်ပွိုင့် ၆၀၀ နှုတ်ယူလိုက်ပါသည်】

【လက်ရှိ ကျန်ရှိသော စနစ်ပွိုင့် - ၃၉၈၀၀】

"ဒိုင်း..."

ကျည်ဆန်တစ်တောင့်က ရုတ်တရက် ပျံသန်းလာခဲ့သည်။

ထိုအရာများသည် စနိုက်ပါရိုင်ဖယ်များအတွက် အင်အားကြီးမားသော အဆင့်မြှင့်တင်ထားသည့် ကျည်ဆန်များ ဖြစ်ပေ၏။

ပစ်မှတ်မှာ နောက်ဘက်ထိုင်ခုံရှိ ချန်ဖုန်းပင်။

ပြိုင်ဘက်၏ စွမ်းရည်များက အလွန် အဆင့်မြင့်မားလှသည်။

ကားက ရွေ့လျားနေလျှင်ပင် အလျင်အမြန် ပစ်ခတ်လိုက်သော ကျည်ဆန်များက ပစ်မှတ်ကို ထိမှန်နိုင်ဆဲပင်။

ထိုခဏမှာပင်။

ဘေးတွင်ထိုင်နေသော အဲလစ်က အံ့ဩတကြီး အော်ဟစ်လိုက်သည်။

ချန်ဖုန်းကမူ ထိုက်တောင်ကြီးကဲ့သို့ တည်ငြိမ်စွာ ရှိနေဆဲပင်။

အဲလစ်ကို ဖက်ထားသော လက်က သူမကို အလျင်အမြန် ဆွဲယူကာ သူ့အရှေ့တွင် ကာထားလိုက်သည်။

ထို့အဖြစ်က အဲလစ်ကို လုံးလုံးလျားလျား တုန်လှုပ်သွားစေတော့၏။

"ချီးးး..."

တစ်စုံတစ်ယောက်က သူမအား အကာအကွယ်တစ်ခုအဖြစ် အသုံးပြုမည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ မတွေးမိခဲ့ချေ။ ဤသည်က လုံးဝ အရှက်မဲ့လွန်းလှ၏။

လက်ရှိသူမ ပုံစံကို ပုံဖော်ပြရမယ်ဆိုရင် ဒေါသ ၊ ထိတ်လန့်မှု ၊

ကြောက်ရွံ့မှု အရိပ်အယောင်များပင် ပါဝင်နေသေးသည်။ သူမကိုယ်သူမ အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်သည်ဟု ထင်မှတ်ထားခဲ့သော်လည်း တစ်နေရာရာတွင် အရိပ်အယောင် ပြမိသွားခဲ့သည်လော။

သို့သော် အခု စဉ်းစားနေရန် အချိန်မရှိချေ။

အဲလစ်ထံမှ အင်အားကြီးမားသော အငွေ့အသက်တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာကာ

လက်သီးတစ်ချက် ထိုးချလိုက်သည်။

ထို့နောက် တက္ကစီတံခါးမှာ လွင့်စင်ထွက်သွားတော့သည်။

အဲလစ်က ချန်ဖုန်း၏ ဆုပ်ကိုင်မှုမှ ရုန်းထွက်ကာ ကျွမ်းပစ်ပြီး တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။ သူမသည် ငါးရှဉ့်တစ်ကောင်ကဲ့သို့ ချောကျိကျိနိုင်လှ၏။

ဤလုပ်ရပ်များ အားလုံးသည် မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းပင်။

သူမက မယုံနိုင်လောက်အောင် မြန်ဆန်လွန်းလှသည်။

---

All Chapters