← Chapters

အခန်း ၃၄၃

Vol. 35 Ch. 343

အခန်း ၃၄၃

Vol. 35 Ch. 343

အခန်း (၃၄၃) ဝိညာဉ်အဖွဲ့အစည်း

သို့သော် သူမ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ချိန်မှာပင်

ချန်ဖုန်းက သူမ၏ အနောက်ဘက် တည့်တည့်တွင် ရပ်နေသည်ကို သူမ ထိတ်လန့်စွာ တွေ့လိုက်ရ၏။

ထိုကျည်ဆန်မှာ ပစ်မှတ်ကို လွဲချော်သွားခဲ့လေပြီ။

ထို့နောက် တက္ကစီလည်း အလျင်အမြန် ရပ်တန့်သွားသည်။

သို့သော် ယာဉ်မောင်းမှာ တစ်စုံတစ်ရာကို လန့်သွားပုံရပြီး လီဗာကို ထပ်မံနင်းကာ အဝေးသို့ အရှိန်ပြင်းပြင်း မောင်းနှင်သွားတော့သည်။

"နင်..."

အဲလစ်၏ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေပေ၏။

အကယ်၍ သူမသာ မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်မှု မရှိဘဲ ကျွမ်းကျင်မှု မရှိခဲ့ပါက ထိုကျည်ဆန်ထိမှန်ကာ ကြာမြင့်စွာကတည်းက သေဆုံးသွားလောက်ချေပြီ။

"နင် ဟုတ်လား…ဘာတွေလာ နင် နေတောလဲ... မင်း အသက်ရှင်နေသေးတာကိုပဲ ဝမ်းသာသင့်တယ်..."

ချန်ဖုန်းက ပြောရင်း တစ်လှမ်းချင်း ရှေ့သို့ လျှောက်လာခဲ့သည်။

သူသည် လေထုကိုပင် အေးခဲသွားစေနိုင်သည့် ကိုင်တွယ်ခံစားနိုင်သော အေးစက်သည့် အငွေ့အသက်တစ်ခုကို ပိုင်ဆိုင်ထားပုံရပေ၏။

အဲလစ်သည် ကြီးမားလှသော ဖိအားကို ချက်ချင်း ခံစားလိုက်ရသည်။

သူမက အလိုအလျောက် နောက်သို့ ဆုတ်သွားမိ၏။

"အနားကို ထပ်မလာနဲ့... ငါက သေနတ်ပစ်တဲ့လူနဲ့ လုံးဝ အပေါင်းအပါ မဟုတ်ဘူး..."

"အပေါင်းအပါ မဟုတ်တော့ရော ဘာဖြစ်လဲ... မင်း ငါ့ဆီကို ချဉ်းကပ်လာတုန်းက မင်းမှာ ကိုယ်ပိုင် အကြံအစည်တွေ ရှိနေသေးတယ် မဟုတ်လား..." ချန်ဖုန်းက ရုတ်တရက် ရပ်တန့်လိုက်သည်။

သူက သူမကို လှောင်ပြောင်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်၏။

"လေယာဉ်ပေါ်မှာ အမှတ်မထင် တွေ့ဆုံခဲ့တာကလည်း မင်း တမင်တကာ စီစဉ်ထားခဲ့တာ မဟုတ်လား... မင်းက ငါ့ကို အကြိမ်ကြိမ် ဖြားယောင်းဖို့ ကြိုးစားနေတာက ပုံမှန်မဟုတ်ဘူးလေ... ဒါ့အပြင် မင်းရဲ့ အသက်ရှူနှုန်းက တည်ငြိမ်နေပြီး မင်းဆီမှာ သွေးဆာနေတဲ့ အငွေ့အသက်တစ်ခု ရှိနေတယ်... သေချာ ဖုံးကွယ်ထားပေမဲ့လည်း ငါ သတိထားမိနေတုန်းပဲ..."

"အထူးသဖြင့် စောစောက မင်းရဲ့ခါးကို ငါ ဖက်လိုက်တဲ့အချိန်မှာ မင်းရဲ့ ခံစားချက်တွေက သိသိသာသာကို အနည်းငယ် ပြောင်းလဲသွားခဲ့တယ်... ပြောစမ်း... မင်းက ဘယ်သူလဲ... ငါ့ဆီကို ချဉ်းကပ်လာတဲ့ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ..."

"နင်…ဘာတွေပြောနေလဲဆိုတာ ငါ မသိဘူး..." အဲလစ်၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။

တစ်ဖက်လူက သူမထံတွင် တစ်ခုခု မှားယွင်းနေကြောင်း အစကတည်းက သိရှိနေခဲ့သည်ကို တွေ့လိုက်ရပေ၏။

သူမက အံကို ကျိတ်လိုက်ကာ

သူမ၏ ခန္ဓာကိုယ်ကို အလျင်အမြန် စမ်းသပ်လိုက်သော်လည်း ဝှက်ထားသော ပစ္စတိုသေနတ်မှာ ပျောက်ဆုံးနေကြောင်း တွေ့ရှိလိုက်ရ၏။

"မင်း ဒါကို ရှာနေတာလား..."

ချန်ဖုန်းက မှော်ပညာကဲ့သို့ လက်နက်ငယ်တစ်ခုကို ထုတ်ပြလိုက်သည်။

ထို့နောက် သူက လက်ဖဝါးဖြင့် ဖွဖွလေး ပွတ်ဆွဲလိုက်သောအခါ

လက်နက်ငယ်တစ်ခုလုံးမှာ ရုတ်တရက် အစိတ်အပိုင်းများအဖြစ် ပြိုကွဲသွားကာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည်။

မြန်ဆန်မှုက ယုံကြည်နိုင်စရာ မရှိပေ။

အဲလစ် လုံးလုံးလျားလျား မှင်သက်သွားရသည်။

ဤမျှ မယုံနိုင်လောက်အောင် ကျွမ်းကျင်စွာဖြင့် သေနတ်ကို ကိုင်တွယ်နိုင်သူကို သူမ တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။ သူမကို ပို၍ တုန်လှုပ်သွားစေသည်မှာ။

တစ်ဖက်လူက သူမ၏ ခန္ဓာကိုယ်ပေါ်မှ သေနတ်ကို ယူလိုက်ချိန်တွင် သူမ လုံးဝ သတိမထားမိခဲ့ခြင်းပင်။

"မင်းမှာ အချိန် စက္ကန့်သုံးဆယ် ရှိတယ်..." ချန်ဖုန်းက မျက်ခွံကို အနည်းငယ် ပင့်လိုက်သည်။ "အကယ်လို့ ငါ့ကို ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက် မပေးနိုင်ဘူးဆိုရင် မင်းရဲ့ အလှတရားတွေကို ရက်ရက်စက်စက် ဖျက်ဆီးပစ်ဖို့ ငါ ဝန်လေးနေမှာ မဟုတ်ဘူး..."

သူတို့ စကားပြောနေစဉ်မှာပင်။

ချန်ဖုန်းက အဝေးသို့ လှမ်းကြည့်လိုက်ရာ ပုန်းကွယ်နေသော စနိုက်ပါသမား ဆုတ်ခွာသွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

တိုက်ခိုက်မှု မအောင်မြင်ပြီးနောက် ဆုတ်ခွာသွားခြင်းက အတော်လေး အဓိပ္ပာယ်ရှိပုံရပေ၏။

တစ်ဖက်လူထံမှ ပို၍ပို၍ ထွက်ပေါ်လာသော ပြင်းထန်လာသည့် ဖိအားကို ခံစားလိုက်ရချိန်တွင် အဲလစ်၏ အတွင်းစိတ်မှာ ရုန်းကန်နေရပေသည်။

အကယ်၍ ယနေ့ တစ်ဖက်လူကို ကျေနပ်လောက်သည့် အဖြေတစ်ခု မပေးနိုင်ပါက... သူမ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သူမ သိရှိထား၏။

အခုလောလောတော့ သူမ သေလို့မဖြစ်ချေ။

သူမ ပြီးမြောက်ရမည့် တာဝန်တစ်ခု ရှိနေသေးသည်။

"ငါက ဝိညာဉ်အဖွဲ့အစည်းက လာတာပါ..."

"ဝိညာဉ်အဖွဲ့အစည်း ဟုတ်လား..." ချန်ဖုန်းက အနည်းငယ် အံ့အားသင့်သွားသည်။

ဝိညာဉ်အဖွဲ့အစည်းသည် နယ်စပ်ပြင်ပ လျှို့ဝှက်အဖွဲ့အစည်းများထဲတွင် အဆင့် ၅ နေရာရှိပြီး အလွန်အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခု ဖြစ်ပေသည်။

သို့သော် သူနှင့်ဖြစ်စေ၊ အဇူရာနန်းတော်နှင့်ဖြစ်စေ ဝိညာဉ်အဖွဲ့အစည်းနှင့် မည်သည့်ပဋိပက္ခမှ ရှိမနေပုံရသည် မဟုတ်လော။

သိသာထင်ရှားစွာပင် ဤအချက်အလက်က မလုံလောက်သေးချေ။

ချန်ဖုန်း၏ အသံက တစ်ဖန် အေးစက်သွားပြန်၏။ "စက္ကန့် နှစ်ဆယ် ကျန်သေးတယ်..."

အဲလစ်၏ နှလုံးသားမှာ တစ်ချက် ခုန်သွားတော့သည်။

သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် နောက်ခံကို ထုတ်ဖော်ပြောဆိုပြီးနောက်မှာပင် တစ်ဖက်လူက ကျေနပ်ခြင်း မရှိသေးချေ။

အထူးသဖြင့် တစ်ဖက်လူ၏ ပိုမို အင်အားကြီးမားလာသော အငွေ့အသက်ကို ခံစားလိုက်ရချိန်တွင် သူမ၏ ကျောပြင်တစ်ခုလုံး ချွေးစေးများ ပြန်လာတော့၏။

"အဲလစ် က ငါ့ရဲ့ နာမည်အရင်း မဟုတ်ပါဘူး... ငါ့ရဲ့ နာမည်အရင်းက အဲလစ်ဇဘက် ပါ... ဒီတစ်ကြိမ် နင့်ကို သတ်ဖို့ တာဝန်တစ်ခုနဲ့ ဒီကို လာခဲ့တာ မှန်ပေမဲ့ အစောက လူနဲ့တော့ အပေါင်းအပါ မဟုတ်ပါဘူး...ငါတို့ကို ငှားရမ်းတဲ့သူက Great Eagle Empire ရဲ့ တော်ဝင်မိသားစုဝင် တစ်ဦးပါ..."

"ဆယ်စက္ကန့် ကျန်သေးတယ်..." ချန်ဖုန်းက ကျေနပ်ပုံ မရသေးချေ။

အေးစက်စက် အသံက သူမကို ရူးသွပ်သွားစေမတတ်ပင်။

သူမကိုယ်သူမ အတော်လေး စွမ်းဆောင်နိုင်သည်ဟု ယူဆထားခဲ့သော်လည်း စောစောက စမ်းသပ်မှုအရ သူမနှင့် ချန်ဖုန်းကြားရှိ ကွာဟချက်မှာ အနည်းငယ်မျှသာ မဟုတ်ကြောင်း သူမ နားလည်သွားခဲ့၏။

တစ်ဖက်လူက အဇူရာနန်းတော်သခင် ပင်။

ထိုအချက်ကို သူမ သိထားပေသည်။

အကယ်၍ တစ်ဖက်လူက ဤမျှ အင်အားကြီးမားကြောင်း သူမသာ သိခဲ့မည်ဆိုလျှင် ချန်ဖုန်းအနီးသို့ သူမ ချဉ်းကပ်ခဲ့မည် မဟုတ်ချေ။

"အဇူရာနန်းတော်သခင်... နင်က တကယ်ကို အံ့ဩစရာကောင်းတာပဲ..."

အဲလစ်ဇဘက်သည် ခုခံမှုအားလုံးကို စွန့်လွှတ်လိုက်ပုံရပြီး သူ့သဘောအတိုင်း ခွင့်ပြုတော့မည့်အလား ပြောလိုက်သည်။

"ငါ နင့်ကို လိမ်မနေပါဘူး... ငှားရမ်းသူက တကယ်ပဲ Great Eagle Empire တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်ပြီး ငါ့ရဲ့ ဦးလေးလည်း ဖြစ်ပါတယ်... လူနှစ်စုက နင့်ကို သတ်ချင်နေကြတာပါ... နောက်ထပ်တစ်စုက ကျိုတို နန်ကုန်းမိသားစု ကပါ... နင်လည်း သူ့ကို သိသင့်တယ်... တစ်ယောက်က နန်ကုန်းယွမ်ဟွာ လို့ ခေါ်ပြီး နောက်တစ်ယောက်က သခင်လေး နန်ကုန်းရိ လို့ ခေါ်တယ်..."

"အမ်း..."

ဤသတင်းက ချန်ဖုန်းကို တကယ်ပင် အံ့အားသင့်သွားစေခဲ့သည်။

Great Eagle Empire တော်ဝင်မိသားစုကို ဘေးဖယ်ထားလိုက်လျှင် သခင်လေး နန်ကုန်းရိနှင့် သူ၏ဖခင်တို့၏ လုပ်ရပ်က သူ့ကို အံ့အားသင့်သွားစေခဲ့၏။

အစကတော့ နန်ကုန်းမိသားစုကို သတ္တိကြောင်သူများဟု သူ ထင်မှတ်ထားခဲ့သည်။

သူတို့က သူ့ကို သတ်ရန် လုပ်ကြံသူတစ်ဦးကို တိတ်တဆိတ် ငှားရမ်းလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မတွေးမိခဲ့ချေ။

အဓိကအချက်မှာ ဟွာရှနိုင်ငံအတွင်း ​ဖြေရှင်းရန် မဟုတ်ခြင်းပင်။

ထိုအစား သူတို့က နိုင်ငံရပ်ခြားတွင် လုပ်ဆောင်ခဲ့ကြသည်။

"ပြောစမ်း... တကယ်က ဘာတွေ ဖြစ်ခဲ့တာလဲ..."

"ခုလေးတင် ငါ ပြောခဲ့သလိုပဲ... ငါရဲ့ နာမည်အရင်းက အဲလစ်ဇဘက် ပါ..."

အဲလစ်ဇဘက်က သူ့ကို စကားမပြောနိုင်တော့သည့်အလား ကြည့်လိုက်သည်။

အခြေခံအသိပညာ အနည်းငယ်မျှရှိသူ မည်သူမဆို ဤနာမည်နောက်ကွယ်ရှိ အဓိပ္ပာယ်ကို သိသင့်ပေသည်။

"ငါက Great Eagle Empire ရဲ့ စစ်မှန်တဲ့ တော်ဝင်သွေးကို ပိုင်ဆိုင်ထားတဲ့ ဧကရီဘုရင်မ ပါ..."

“လခွမ်း…”

ချန်ဖုန်းက သူမကို အံ့ဩတကြီး ကြည့်လိုက်သည်။

“မင်းရဲ့ ကံဆိုးတဲ့ ရုပ်ရည်သွင်ပြင်နဲ့များ တော်ဝင်သွေးပါလို့ ဆိုနေသေးတာလား

ဧကရီဘုရင်မ ဟုတ်လား…”

အဲလစ်ဇဘက်က သွားကို ကျိတ်ကာ ပြောလိုက်၏။ "ငါက ဧကရီဘုရင်မ ဖြစ်ပေမဲ့ Great Eagle Empire မှာ ငါ့အတွက် ဘာအာဏာမှ မရှိပါဘူး... လက်တွေ့မှာတော့ ငါက ဦးလေးရဲ့ ရုပ်သေးရုပ်တစ်ရုပ်ပါပဲ... ပြီးခဲ့တဲ့ နယ်စပ်စစ်ပွဲအတွင်းက ဟွာရှနိုင်ငံနဲ့ စစ်ဖြစ်ဖို့ ငါ တကယ်ကို မထောက်ခံခဲ့ပါဘူး... ဒါပေမဲ့ ဦးလေးက နားမထောင်ခဲ့ဘူးလေ... နောက်ဆုံးတော့ နိုင်ငံဆယ်ခု မဟာမိတ်တပ်က ကြီးကြီးမားမား ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး စစ်ပြေငြိမ်းရေးစာချုပ် အများအပြားကို လက်မှတ်ရေးထိုးခဲ့ရတယ်... သူက အဇူရာနန်းတော်သခင် ဖြစ်တဲ့ နင့် အပေါ်မှာ အမြဲတမ်း ပြင်းပြင်းထန်ထန် နာကြည်းနေခဲ့တာ... အမြန်ဆုံး ဖယ်ရှားပစ်ချင်နေတယ်လေ... ဒီတစ်ကြိမ်မှာ အကယ်လို့ ငါက နင့်ကို ဖယ်ရှားနိုင်ခဲ့ရင် Great Eagle Empire မှာ ငါနဲ့ ထိုက်တန်တဲ့ အခွင့်အရေးတွေကို ပြန်ပေးမယ်လို့ သူ ကတိပေးခဲ့တယ်..."

ချန်ဖုန်းက အဓိပ္ပာယ်ပါပါ ပြုံးကာ ပြောလိုက်သည်။ "ဒါဆို မင်းက ငါ့ကို သတ်ဖို့ လာခဲ့တာပေါ့..."

"အဲဒီလို မဟုတ်ပါဘူး..." အဲလစ်ဇဘက်က ခေါင်းခါပြလိုက်သည်။

သူမ အရာအားလုံးကို ပြန်လည်ပြောပြပြီးနောက် ချန်ဖုန်း၏ ရန်လိုနေသော အပြုအမူက ပျောက်ကွယ်သွားခဲ့၏။

သူမက အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်။ "ဧကရီဘုရင်မအဖြစ် ငါရဲ့ ရာထူးက နာမည်ခံသက်သက်ပါပဲ…

အရင်လူတွေနဲ့ ယှဉ်ရင် ငါက အဆိုးရွားဆုံးလို့ ဆိုရမယ်... နှစ်တွေတစ်လျှောက် ကိုယ်ပိုင် လွှမ်းမိုးနိုင်စွမ်းကို တည်ဆောက်ဖို့အတွက် ဝိညာဉ်အဖွဲ့အစည်း ထဲကို ဝင်ခဲ့တယ်...ပြီးတော့ ငါ့အတွက် အလုပ်လုပ်ပေးဖို့ ကျွမ်းကျင်တဲ့သူ တချို့ကိုလည်း လျှို့ဝှက် စုဆောင်းနေပါတယ်..."

“လိုရင်းကို ပြောစမ်းပါ…”

ချန်ဖုန်းက အချိန်ကို ကြည့်ကာ ပြောလိုက်သည်။

‘လခွမ်း... သူမရဲ့ ဇာတ်လမ်းတွေကို နားထောင်နေဖို့ ဘယ်သူ့မှာ အဲဒီလောက် အချိန်တွေ ရှိနေလို့လဲ…’ဟု လည်း သူတွေးလိုက်၏။

အဲလစ်ဇဘက်က အနည်းငယ် ရှက်ရွံ့သွားပုံရသည်။ "လေယာဉ်ပေါ်မှာ ကတည်းက နင်က အဇူရာနန်းတော်သခင် ဆိုတာ ငါ သိထားပြီးသားပါ... နင့်ကို ငါ တမင်သက်သက် ချဉ်းကပ်ခဲ့တာက... နင့်ကို သတ်ချင်လို့မဟုတ်ပါဘူး..ငါက နင်နဲ့ ပူးပေါင်းချင်တာပါ... ငါ့ဦးလေးကို ကိုင်တွယ်ဖြေရှင်းဖို့ နင် ကူညီပေးနိုင်မယ်ဆိုရင် ဈေးသာပြောပါ..."

"စိတ်မဝင်စားဘူး..."

"ငါ့ကိုယ်ငါ ပေးအပ်တာ အပါအဝင် နင်တောင်းဆိုသမျှကို ငါ ဖြည့်ဆည်းပေးနိုင်ပါတယ်..." အဲလစ်ဇဘက်က ချက်ချင်းပင် ထိတ်လန့်သွားကာ ပြောလိုက်မိသည်။

ဤစကားများက သူမ၏ ပါးစပ်မှ အလိုအလျောက် ထွက်ကျလာခြင်းပင်။

နိုင်သံဆယ်ခု မဟာမိတ်တပ် ရှုံးနိမ့်သွားကတည်းက

အဇူရာနန်းတော်သခင် ၏ ကျော်ကြားမှုက အဆမတန် မြင့်တက်လာခဲ့၏။

အခုတော့ နောက်ဆုံးတွင် သူမ သူ့ကို တွေ့မြင်ခွင့် ရခဲ့ပြီဖြစ်သည်။ အကယ်၍ တစ်ဖက်လူက သဘောမတူပါက အကူအညီတောင်းရန် နောက်ထပ် မည်သူရှိသေးသည်ကို သူမ အမှန်တကယ် မသိတော့ချေ။

ချန်ဖုန်း၏ အကြည့်က အဲလစ်ဇဘက်အပေါ်သို့ ဝေ့ဝဲသွားသည်။

ပြိုင်ဘက်က ဧကရာဇ်အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားမည့်ပုံပင်။

All Chapters