အခန်း ၃၄၄
Vol. 35 Ch. 344
အခန်း (၃၄၄) မိခင်ကို ရှာတွေ့ခြင်း
ဤမျှလောက် စွမ်းအားမျိုးသည် ဝိညာဉ်အဖွဲ့အစည်းအတွင်း၌ပင် အဆင့်မြင့်နေရာတွင် ရှိနေပေလိမ့်မည်။
ချန်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ "မင်းတို့ တော်ဝင်မိသားစုရဲ့ အရှုပ်အရှင်းတွေထဲ ငါ ဝင်ပါဖို့ စိတ်ဝင်စားမှု မရှိဘူး... ဒီနေ့ ကိစ္စမှာ မင်း ဝင်မစွက်ဖက်ခဲ့တဲ့အတွက် မင်းကို ငါ အပြစ်မယူဘူး...ဒါပေမဲ့ အဲဒီ စနိုက်ပါသမား မနက်ဖြန် နေထွက်တာကို မြင်ရဖို့ ငါ ဆန္ဒမရှိဘူး...မင်း ဘာလုပ်ရမလဲဆိုတာ သိသင့်တယ်..."
"ငါ..."
အဲလစ်ဇဘက်၏ စိတ်နှလုံးထဲတွင် မောက်မာမှုများ ရှိနေဆဲပင်။
မည်သို့ပင်ဖြစ်စေ သူမသည် Great Eagle Empire ၏ ဧကရီဘုရင်မပင် ဖြစ်ချေသည်။
‘ဒါပေမဲ့ အခု ငါကလည်း အကျပ်အတည်း ရောက်နေတယ်... အဇူရာနန်းတော်ကို ရန်စတာက ပညာမဲ့တဲ့ ရွေးချယ်မှုပဲ…’ဟု သူမ တွေးတောလိုက်သည်။
သူမက လက်သီးကို ဆုပ်လိုက်ပြီး ပြောဆိုလိုက်၏။ "ငါ နားလည်ပါပြီ... သခင်လေး နန်ကုန်းရိနဲ့ သူ့အဖေ အပါအဝင် နောက်ထပ် အလုပ်ရှင်တွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ ငါ ကူညီပေးပါ့မယ်... နန်းတော်သခင်အနေနဲ့ ငါ့ရဲ့ အဆိုပြုချက်ကို စဉ်းစားပေးဖို့ပဲ မျှော်လင့်ပါတယ်..."
ထိုသို့ပြောဆိုပြီးနောက် သူမသည် ချန်ဖုန်းအား လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
ချန်ဖုန်းက အဲလစ်ဇဘက်အား အခက်တွေ့အောင် မလုပ်ခဲ့ချေ။
အချို့သော ကိစ္စရပ်များကို အဲလစ်ဇဘက်အား ကိုင်တွယ်ခွင့်ပြုလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
သူက လက်ကို လှန်လိုက်ရာ လည်ဆွဲတစ်ခုသည် သူ၏ လက်ဖဝါးထဲ၌ ပေါ်လာ၏။ သူက တဟားဟား ရယ်မောလိုက်ပြီး လည်ဆွဲကို အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။
ထို့နောက် အဒေါ်ဖြစ်သူ ပို့ထားသော လိပ်စာဆီသို့ သူ အလျင်အမြန် သွားရောက်ခဲ့သည်။
ဆာကူရာနိုင်ငံ မြေပုံကို စနစ်မှ ရယူခဲ့ပြီးကတည်းက ထိုနေရာရှိ လမ်းကြောင်းများကို သူ အလွန်ပင် ရင်းနှီးကျွမ်းကျင်နေခဲ့ပြီ ဖြစ်သည်။
ချန်ဖုန်းက လမ်းကြောင်းများတစ်လျှောက် ဖြတ်သန်းသွားခဲ့၏။
နောက်ဆုံးတွင် တောင်တစ်တောင်ဆီသို့ ရောက်ရှိသွားပေသည်။
ဤနေရာသည် အလွန်ပင် ဝေးကွာခေါင်ဖျားလှပြီး ဤနေရာသို့ လာရောက်သူ အလွန်နည်းပါးလှသည်။
"ရှောင်ဖုန်း... ဒီမှာ..."
သစ်ပင်တစ်ပင်နောက်ကွယ်မှ အိုယန်နာလန် ထွက်ပေါ်လာခဲ့ပြီး သူမက အလျင်အမြန် ပြောလိုက်သည်။ "နင်ရဲ့ အမေကို ရှာတွေ့သွားပြီ..."
"ရှာတွေ့ပြီ..."
ချန်ဖုန်း ခေတ္တမျှ မှင်တက်သွားရပေသည်။
"စောစောက ဖုန်းထဲမှာ သဲလွန်စလေး နည်းနည်းပဲ ရှာတွေ့သေးတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား..."
အိုယန်နာလန်က သူ့ကို တောင်ပေါ်သို့ ဆွဲခေါ်သွားရင်း ရယ်မောကာ ပြောလိုက်၏။ "ငါ သူ့ကို လိုက်ရှာနေတယ်ဆိုတာ သူမ သိတယ်... နှစ်တွေ ဒီလောက်ကြာမှတော့ သူ ငါ့ကို နောက်ဆုံးတော့ တွေ့သင့်ပါတယ်လေ..."
"အချိန်ကသိပ်မရတော့ဘူးဆိုရင်တောင် သူမက အမေတစ်ယောက်အနေနဲ့ သားတစ်ယောက်ဖြစ်တဲ့ နင့်ကို တစ်ခါလောက်တော့ တွေ့သင့်တယ်လေ..."
"ဟင်...ဘာလို့ အချိန်မရတာလဲ"
ချန်ဖုန်း တစ်စုံတစ်ရာကို ခံစားသိရှိသွားပုံရသည်။
အိုယန်နာလန် သက်ပြင်းချကာ ပြောလိုက်သည်။ "နင့်ရဲ့ အမေက လူတချို့ကို ရန်စထားခဲ့တယ်... သူတို့က အရမ်းသန်မာကြတယ်... သူတို့ကို ရှင်းထုတ်နိုင်ခဲ့လို့သာ ဒီနေ့ နင့်ကို လာနိုင်တွေ့တာ..."
"ဒီတစ်ကြိမ်တော့ ငါတို့ တစ်ခါပဲ တွေ့ခွင့်ရလောက်မယ်... သူမ ဟွာရှနိုင်ငံကို လောလောဆယ် ပြန်လာနိုင်မှာ မဟုတ်ဘူး..."
ဤစကားများကို ကြားလိုက်ရချိန်တွင် ချန်ဖုန်း၏ မျက်နှာအမူအရာသည် လွန်စွာ ရှုပ်ထွေးသွားရပေ၏။
နှစ်ဆယ့်နှစ်နှစ်။
နောက်ဆုံးတော့ သူ၏ မိခင်ကို တွေ့မြင်ခွင့် ရရှိခဲ့လေပြီ။
သို့သော်လည်း တစ်ကြိမ်သာ တွေ့ခွင့်ရမည်တဲ့လား…
"မဖြစ်ဘူး..."
"ငါ အမေ့ကို ပြန်ခေါ်သွားရမယ်..."
---
အခြားတစ်ဖက်တွင်။
အဲလစ်ဇဘက် ထွက်ခွာသွားပြီးနောက် သူမ၏ အငွေ့အသက်များသည် သိသိသာသာ ပြောင်းလဲသွားခဲ့၏။
သူမသည် တော်ဝင်သွေးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ယခုအချိန်တွင် သူမထံမှ မြင့်မြတ်သော အရှိန်အဝါများ အမှန်တကယ်ပင် ထွက်ပေါ်လာပေသည်။
သူမ၏ နောက်ကွယ်တွင်။
အနက်ရောင် ဝတ်စုံများ ဝတ်ဆင်ထားသည့် ပုံရိပ်အချို့ ရုတ်တရက် ပေါ်ထွက်လာသည်။
"ဧကရီဘုရင်မ..."
အမျိုးသမီး လက်အောက်ငယ်သားတစ်ဦးက တီးတိုးပြောလိုက်၏။ "ကျွန်မတို့ တကယ်ပဲ အဇူရာနန်းတော်နဲ့ ပူးပေါင်းမှာလား... မီးနဲ့ ကစားနေသလိုများ ဖြစ်မနေဘူးလား..."
"ငါ့မှာ ရွေးချယ်စရာ ရှိလို့လား..."
အဲလစ်ဇဘက်က ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်သည်။
"ဝိညာဉ်အဖွဲ့အစည်းကို ငါ အပြည့်အဝ ထိန်းချုပ်နိုင်တာ မဟုတ်သေးဘူး... ပြီးတော့ ငါ့ရဲ့ ကိုယ်ပိုင် စွမ်းအားနဲ့ ဦးလေးကို ယှဉ်နိုင်မှာ မဟုတ်ဘူး..."
"နောက်ပြီးတော့ အဇူရာနန်းတော်က ယုံနိုင်စရာမရှိလောက်အောင် စွမ်းအားကြီးတယ်... သူတို့နဲ့ ပူးပေါင်းတာက လက်ရှိ အကောင်းဆုံး ဖြေရှင်းနည်းပဲ..."
"ဒါပေမဲ့ အဇူရာနန်းတော်ထက် ပိုသန်မာတဲ့ နယ်စပ်ပြင်ပက အဖွဲ့အစည်းတွေ ရှိသေးတယ် မဟုတ်ဘူးလား..."
အမျိုးသမီး လက်အောက်ငယ်သားမှာ နားမလည်နိုင်အောင် ဖြစ်သွားရပေ၏။
ဧကရီဘုရင်မသည် အဘယ်ကြောင့် အဇူရာနန်းတော်သခင်နှင့် ပူးပေါင်းရန် ဤမျှလောက် ဆုံးဖြတ်ချက် ခိုင်မာနေရသနည်း။
အဲလစ်ဇဘက်က တည်ငြိမ်စွာ ပြောလိုက်သည်။ "တခြားသူတွေနဲ့ ပူးပေါင်းတာကလည်း ကျားရေခွံအတွက် ကျားကို သွားတောင်းဆိုသလိုပဲလေ... အနည်းဆုံးတော့ အဇူရာနန်းတော်သခင်က ယုံကြည်ရလောက်တဲ့ သူတစ်ယောက်ပဲ..."
"အခု အရေးကြီးဆုံး ပြဿနာက တစ်ဖက်လူက ပူးပေါင်းဖို့ သဘောတူချင်မှ တူမှာပဲ...ကောင်းပြီ... ဖြေရှင်းနည်းကို နောက်မှ စဉ်းစားကြတာပေါ့..."
"အင်း..."
အမျိုးသမီး လက်အောက်ငယ်သားက ခေါင်းညိတ်လိုက်၏။
သို့သော် သူမ၏ အကြည့်များ အဲလစ်ဇဘက်၏ လည်ပင်းဆီသို့ ကျရောက်သွားချိန်တွင်…
သူမ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ "အရှင်မ... အရှင်မရဲ့... လည်ပင်း..."
"ငါ့လည်ပင်းက ဘာဖြစ်လို့လဲ..."
အဲလစ်ဇဘက်သည် မသိစိတ်က သူမ၏ လည်ပင်းကို စမ်းသပ်လိုက်ပေ၏။
ထို့နောက် သူမ၏ မျက်နှာအမူအရာ ရုတ်တရက် အေးခဲသွားတော့သည်။
သူမ၏ လည်ဆွဲ ပျောက်သွားလေပြီ။
ထိုအရာက တော်ဝင်လည်ဆွဲပင်။
တစ်ကမ္ဘာလုံးတွင် တစ်ခုတည်းသာရှိသော လည်ဆွဲဖြစ်သည်။
သူမ၏ ဂုဏ်သိက္ခာကို ပြသသော အမှတ်အသားတစ်ခုလည်း ဖြစ်ပေသည်။
သူမသည် ထိုလည်ဆွဲကို အမြဲတစေ လည်ပင်းတွင် ဝတ်ဆင်ထားပြီး မည်သည့်အခါမျှ မချွတ်ခဲ့ဖူးချေ။ ၎င်းကို ကော်လာအောက်တွင် အမြဲ ဖုံးကွယ်ထားလေ့ရှိ၏။
ယခုမူ ပျောက်ဆုံးသွားခဲ့လေပြီ။
သူမကိုယ်တိုင်သည် အနည်းဆုံး ဧကရာဇ်အဆင့်တွင် ရှိနေသဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလျှင်တောင် သေချာပေါက် ပြန်ရှာတွေ့နိုင်ပေလိမ့်မည်။
သို့သော် ယခုကော သူမ သတိမထားမိလိုက်ဘဲ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။
အဲလစ်ဇဘက်က လူတိုင်းကို ရှာဖွေခိုင်းတော့မည့်အချိန်မှာပင် တစ်စုံတစ်ရာကို ရုတ်တရက် သတိရသွားသောကြောင့် သူမ ဒေါသပေါက်ကွဲလုနီးပါး ဖြစ်သွားရပေသည်။
"ချန်ဖုန်း..."
"အဇူရာနန်းတော်သခင်..."
"အဲဒီကောင်က တိတ်တဆိတ် ယူသွားတာ သေချာတယ်..."
"ဆက်မရှာကြနဲ့တော့..."
အဲလစ်ဇဘက်၏ မျက်နှာ မှောင်မိုက်သွားသည်။ "အဲဒီ စနိုက်ပါသမားကို သွားရှာကြမယ်..."
လူတစ်စုသည် လျင်မြန်စွာ လိုက်ပါသွားကြ၏။
ဆယ်မိနစ် အကြာတွင်။
ပုဂ္ဂလိက နေအိမ်တစ်လုံးအတွင်း၌။
ထွက်ခွာရန် ပစ္စည်းများ သိမ်းဆည်းနေသော အမျိုးသားအား အဲလစ်ဇဘက် အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ထို့နောက် သူမက အေးစက်စွာ ပြောလိုက်၏။ "ဒေးဗစ်... နင်က ဘာသဘောလဲ..."
သူမ၏ မျက်နှာချင်းဆိုင်တွင်
တောင့်တင်းခိုင်မာသော နိုင်ငံခြားသား ဒေးဗစ်က ဖျော့တော့စွာ ပြုံးရင်း ပြန်ဖြေလိုက်သည်။
"ဘာသဘောလဲ ဟုတ်လား... ငါလည်း ဝိညာဉ်အဖွဲ့အစည်းက အဖွဲ့ဝင်တွေပဲလေ...မင်းတစ်ယောက်တည်းကပဲ အဲဒီတာဝန်ကို ယူနိုင်ပြီး ငါက မယူနိုင်ဘူးလား..."
"နင်..."
အဲလစ်ဇဘက်၏ မျက်လုံးများထဲတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားသည်။
"စောစောက နင့်ရဲ့ နှောင့်ယှက်မှုကြောင့် အဇူရာနန်းတော်သခင်ရဲ့ လက်ထဲမှာ ငါ သေလုနီးပါး ဖြစ်ခဲ့ရတာ သိရဲ့လား..."
"အို အခု မင်း မသေသေးဘူးမလား…အကယ်၍ မင်း တကယ်သေသွားရင်တောင် အဲ့ဒါက မင်းစွမ်းရည် မပြည့်မီလို့ပဲ..." ဒေးဗစ်က ပြောလိုက်သည်။
ထို့နောက် ဒေးဗစ်၏ အကြည့်များက သူမအပေါ်သို့ ဖြတ်သန်းသွား၏။
သူက နှုတ်ခမ်းကို သပ်လိုက်ပြီး ပြုံးကာ ဆက်ပြောလိုက်သည်။ "မင်းက Great Eagle Empire ရဲ့ ဧကရီဘုရင်မ အဲလစ်ဇဘက် ဆိုတာကို ငါ မသိဘူးလို့ မထင်နဲ့..."
"မင်းက ကျွမ်းကျင်သူတချို့ကို စုဆောင်းဖို့ ငါတို့ရဲ့ ဝိညာဉ်အဖွဲ့အစည်းထဲကို ဝင်ရောက်လာတာ မဟုတ်ဘူးလား...ဒီအကြောင်းကို ဘော့စ်ဆီ သွားပြောလိုက်ရင် မင်းကို ဘာလုပ်မယ်လို့ ထင်လဲ..."
အဲလစ်ဇဘက်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပေသည်။
ဒေးဗစ်က အနီးသို့ တိုးကပ်လာပြီး သူမ၏ နားနားသို့ ဆိုးယုတ်စွာ တီးတိုးပြောလိုက်၏။ "ဒါပေမဲ့ မင်းသာ ငါနဲ့ အိပ်ဖို့ ဆန္ဒရှိရင် ဒီကိစ္စကို ငါ လျှို့ဝှက်ထားပေးနိုင်တယ်..."
"ငါ့ဘဝမှာ မိန်းမတွေ အများကြီးနဲ့ အိပ်ဖူးပေမဲ့ ဧကရီဘုရင်မနဲ့တော့ တစ်ခါမှ မအိပ်ဖူးသေးဘူး..."
"ဟားဟားဟား..."
သူ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် အဲလစ်ဇဘက်၏ လက်ထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားတော့သည်။
ချက်ချင်းပင် ဓားမြှောင်တစ်လက်သည် သူ၏ နှလုံးသားထဲသို့ ရုတ်တရက် စိုက်ဝင်သွားခဲ့ပြီး ပြင်းထန်စွာ မွှေနှောက်လိုက်ပေသည်။
"အား... မင်း..."
ဒေးဗစ်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
အမှန်တကယ်တွင် သူသည် အဲလစ်ဇဘက်အား အမြဲတစေ သတိထားနေခဲ့ခြင်း ဖြစ်သည်။
တစ်ဖက်လူထံသို့ သူကိုယ်တိုင် စတင်ချဉ်းကပ်ချိန်တွင်ပင် တစ်ဖက်လူ၏ တိုက်ခိုက်လာနိုင်မှုကို အမြဲတစေ ကာကွယ်ရန် အသင့်ရှိနေခဲ့၏။
သို့သော် ယခုအချိန်တွင်မူ အဲလစ်ဇဘက်၏ တိုက်ခိုက်မှုသည် အလွန်မြန်ဆန်လွန်းသဖြင့် ရှောင်တိမ်းရန် အချိန်မရလိုက်ချေ။
ဤအရာကို သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။ အဲလစ်ဇဘက်သည် သူ့ကို သတ်ဖြတ်ရန် ဤမျှလောက် ဆုံးဖြတ်ချက် ခိုင်မာနေလိမ့်မည်ဆိုတာကိုပင်။
"နင်က စောစောကတည်းက သေသင့်နေပြီ..."
အဲလစ်ဇဘက်က ထိုသို့ပြောရင်း သူ့ကို မြေပြင်ပေါ်သို့ တွန်းချလိုက်သည်။
သူမက ဒေးဗစ်၏ သတိဝီရိယကို လျှော့ချရန်အတွက်သာ သူ့ကို စကားများစွာ ပြောဆိုနေခဲ့ခြင်း ဖြစ်ပေ၏။
ထို့နောက် သူမသည် အခန်းထဲမှ ဖြည်းညင်းစွာ ထွက်ခွာလာခဲ့သည်။
ခနအကြာတွင် မီးတောက်များသည် အခန်းကို မြေပြင်အထိ လောင်ကျွမ်းသွားစေခဲ့တော့သည်။
"သခင်လေး နန်ကုန်းရိနဲ့ သူ့အဖေကို သတ်ဖို့ ကျိုတိုက လူတွေကို အကြောင်းကြားလိုက်..."
---
အခြားတစ်ဖက်တွင်။
ကျိုတိုမြို့။
မီနီဗန်ကား တစ်စီးအတွင်း၌။
ကားနောက်ခန်းမှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာ၏။
သခင်လေး နန်ကုန်းရိသည် အမျိုးသမီးတစ်ဦးနှင့် ရင်းနှီးစွာ စကားပြောဆိုနေသည်။
ဤကာလအတွင်း နန်ကုန်းရိသည် ကံဆိုးနေသည်ဟု အမြဲခံစားနေရပြီး ချန်ဖုန်းနှင့် အဆက်မပြတ် ဆုံတွေ့နေခဲ့ရပေသည်။ သူသည် ကံဆိုးမှုများကို ဖယ်ရှားရန်အတွက် အမျိုးသမီးတစ်ဦးကို ရှာဖွေချင်ခဲ့၏။
ချန်ဖုန်းကို ရှောင်ရှားရန်အတွက်ဖြစ်သည်။
သူ့အနေနဲ့ ကျီရွှယ်အာနောက်သို့ လိုက်နေခြင်းကို ရပ်တန့်လိုက်ပြီး သူ၏ အသက်ကို ကယ်တင်ရန်သာ ဆန္ဒရှိတော့သည်။
ငါးမိနစ် အကြာတွင်။
သခင်လေး နန်ကုန်းရိသည် နောက်ခန်းတွင် ထိုင်ချလိုက်၏။
သူ့ဘေးရှိ အမျိုးသမီးကမူ နှုတ်ခမ်းဆူကာ တီးတိုးပြောလိုက်သည်။ "အရမ်း တိုလွန်းတယ်..."
---