← Chapters

အခန်း ၃၄၅

Vol. 35 Ch. 345

အခန်း ၃၄၅

Vol. 35 Ch. 345

အခန်း (၃၄၅) မိသားစု ပြန်လည်ဆုံတွေ့ခြင်း

"သောက်ကျိုးနည်း..."

သခင်လေး နန်ကုန်းရိသည် ရုတ်တရက် ဒေါသထွက်သွားလေသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် နန်ကုန်းမိသားစု၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

သူသည် မိသားစုအကြီးအကဲ၏ သားမဟုတ်သော်လည်း အပြင်လူများ၏ အမြင်တွင် ဩဇာအာဏာ ကြီးမားသူတစ်ဦး ဖြစ်ပေသည်။

ယခုမူ အမျိုးသမီးတစ်ဦး၏ အထင်သေးခြင်းကို ခံလိုက်ရချေပြီ။

သူက တစ်ဖက်လူ၏ ဆံပင်ကို ဆွဲကိုင်ကာ ကားတံခါးနှင့် ဆောင့်လိုက်ပြီး အော်ဟစ်လိုက်၏။ "ငရဲကို သွားလိုက်စမ်း... မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ... ငါ့ကို ဒီလို လာပြောရဲတယ်ပေါ့လေ..."

"သခင်လေး နန်ကုန်းရိ... တောင်းပန်ပါတယ်... ကျွန်မ တမင်ပြောတာ မဟုတ်ပါဘူး..."

အမျိုးသမီး၏ နဖူးတစ်ခုလုံးသည် ဆောင့်မိသောဒဏ်ကြောင့် သွေးများဖြင့် ဖုံးလွှမ်းသွားသည်။

သူမက ငိုယိုအော်ဟစ်လိုက်၏။ "အားး... နောက်တစ်ခါ မပြောတော့ပါဘူး... နောက်တစ်ခါ မပြောတော့ပါဘူး... သခင်လေး နန်ကုန်းရိ... ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ..."

"နောက်တစ်ခါ ရှိသေးတယ်ပေါ့လေ..."

သခင်လေး နန်ကုန်းရိက သူမ၏ ခေါင်းကို ကားတံခါးနှင့် နောက်တစ်ကြိမ် ပြင်းထန်စွာ ဆောင့်လိုက်လေသည်။

ထိုအချိန်တွင် သူ၏ ဖုန်းမြည်လာ၏။

သူက ကျိန်ဆဲလိုက်ပြီး အမျိုးသမီးကို ဘေးသို့ တွန်းဖယ်လိုက်သည်။

ထို့နောက် ဖုန်းကို ဖြေကြားလိုက်၏။ "အဖေ... ဘာကိစ္စလဲ..."

"မင်းကို အသိပေးမလို့... နယ်စပ်ပြင်ပက အဖွဲ့အစည်းဖြစ်တဲ့ ဝိညာဉ်အဖွဲ့အစည်းနဲ့ ငါ အဆက်အသွယ် ရခဲ့ပြီ... ချန်ဖုန်းက အခု ဆာကူရာနိုင်ငံမှာ ရောက်နေတယ်... သူတို့ အဲဒီမှာ ချန်ဖုန်းကို သတ်ပေးလိမ့်မယ်..."

"ဗျာ..."

သခင်လေး နန်ကုန်းရိ အံ့အားသင့်သွားသည်။ "အဖေ... အဖေ ဘာဖြစ်နေတာလဲ... အဖေက ဘာလို့ ချန်ဖုန်းကို သွားပြီး ရန်စရတာလဲ…

ဝိညာဉ်အဖွဲ့အစည်းကသာ သူ့ကို မသတ်နိုင်ရင် ကျွန်တော်တို့ ဒုက္ခရောက်ပြီပဲ..."

ဤကာလအတွင်း သူသည် ချန်ဖုန်းကို ရှောင်ရှားနေခဲ့သည်။ တစ်ဖက်လူကို ရန်စမိမည်ကို သူ ကြောက်ရွံ့နေခဲ့ပေ၏။

ယခုမူ သူ၏ ဖခင်အရင်းကိုယ်တိုင်က သွားရောက်ရန်စနေလေသည်။

‘ငါ့အဖေက အသက်ရှင်ရတာ ပင်ပန်းနေလို့လား…’ဟု နန်ကုန်းရိ တွေးလိုက်၏။ ဤမျှ အရေးကြီးသော ကိစ္စကို သူနှင့် တိုင်ပင်ခြင်းပင် မရှိခဲ့ချေ။

နန်ကုန်းယွမ်ဟွာက သက်ပြင်းချကာ ပြောလိုက်သည်။ "သူ့ကို ငါက သွားရန်စချင်တယ်လို့ မင်း ထင်နေလား... မိသားစုအကြီးအကဲကသာ ငါ့ကို လုပ်ခိုင်းတာ မဟုတ်ရင် ငါ သွားရန်စချင်ပါ့မလား...ဒါပေမဲ့လည်း ဒါက အကောင်းဆုံးပါပဲ..."

"ငါတို့သာ ချန်ဖုန်းကို သတ်နိုင်ရင် နန်ကုန်းမိသားစုတွင်းမှာ ငါတို့ရဲ့ အဆင့်အတန်းက သေချာပေါက် သိသိသာသာ မြင့်တက်လာလိမ့်မယ်..."

"ဒါ့အပြင်...ဝိညာဉ်အဖွဲ့အစည်းက လူတွေက အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်တွေ ရှိတယ်...လုပ်ကြံတာ မအောင်မြင်ရင်တောင် အလုပ်ရှင်ရဲ့ အချက်အလက်ကို ထုတ်ဖော်မှာ မဟုတ်ဘူး..."

"ဒါပေမဲ့ အမှားတစ်ခုခု ဖြစ်သွားနိုင်တဲ့ အခွင့်အရေးတော့ အမြဲရှိနေတယ်...ဒါကြောင့် တစ်ခုခု မှားယွင်းသွားခဲ့ရင်ဆိုပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားလိုက်မယ်..."

"အယ့်အခါကျရင် အဖေတို့ မိသားစုတော့ ထွက်ပြေးရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူးပေါ့ကွာ..."

"နိုင်ရင်တော့ ကြီးမြတ်တဲ့ အဆင့်အတန်းကို ရောက်မယ်...ရှုံးရင်တော့..."

သူ၏ စကားမဆုံးခင်မှာပင် ကြီးမားသော ပေါက်ကွဲသံကြီး ရုတ်တရက် ထွက်ပေါ်လာသည်။

ထို့နောက်တွင်တော့ ဖုန်းတစ်ဖက်မှ မည်သည့်အသံမျှ ထွက်ပေါ်မလာတော့ချေ။

"အဖေ..."

သခင်လေး နန်ကုန်းရိ ချက်ချင်းပင် ထိတ်လန့်သွားရ၏။ နက်ရှိုင်းသော စိုးရိမ်ပူပန်မှုများက သူ၏ ရင်ထဲတွင် ပြည့်နှက်သွားတော့သည်။

"ကျွီ..."

ထိုအချိန်တွင် ယာဉ်မောင်းက ဘရိတ်ကို ရုတ်တရက် နင်းလိုက်သည်။

သခင်လေး နန်ကုန်းရိက အလျင်အမြန် မော့ကြည့်လိုက်ရာ ကုန်တင်ကားကြီးတစ်စီး ဖြတ်မောင်းသွားပြီး မီနီဗန်ကားနှင့် ဝင်တိုက်မိလုနီးပါး ဖြစ်သွားသည်ကို တွေ့လိုက်ရ၏။

ကုန်တင်ကားက ရုတ်တရက် ကွေ့ရှောင်လိုက်သောအခါ

ကုန်တင်ကားပေါ်မှ သံတိုသံဟောင်းများသည် ကျွတ်ကျွတ်ဆူညံသံများနှင့်အတူ ပြုတ်ကျလာခဲ့၏။

၎င်းတို့အားလုံးနီးပါးသည် မီနီဗန်ကားပေါ်သို့ ကျရောက်လာပေသည်။

သခင်လေး နန်ကုန်းရိသည် အလွန်အမင်း ထိတ်လန့်သွားသဖြင့် သူ၏ ဝိညာဉ်ပင် လွင့်စင်သွားလုနီးပါး ဖြစ်သွားရတော့သည်။

"မြန်မြန်... နောက်ဆုတ်..."

သခင်လေး နန်ကုန်းရိသည် အချိန်မမီတော့သည်ကို သိလိုက်ရသဖြင့် ကားတံခါးကို ခြေဖြင့်ကန်ဖွင့်ရန် ကြိုးစားလိုက်သည်။

သို့သော် အချိန်နှောင်းသွားခဲ့လေပြီ။

သံတိုသံဟောင်းများသည် မီနီဗန်ကားတစ်စီးလုံးကို ချက်ချင်း ဖုံးလွှမ်းသွားတော့သည်…

---

ကျိုတိုတွင် ဖြစ်ပျက်နေသည်များကို ချန်ဖုန်း မသိရှိခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ အဲလစ်ဇဘက်သည် သူပြောခဲ့သည့်အတိုင်း သေချာပေါက် ဆောင်ရွက်ပေးမည်ဖြစ်ပြီး သခင်လေး နန်ကုန်းရိနှင့် သူ၏ ဖခင်တို့ အသက်ရှင်နေရန် မဖြစ်နိုင်တော့ချေ။

အိုယန်နာလန်က သူ့ကို တောင်ထိပ်သို့ လမ်းပြခေါ်ဆောင်သွားခဲ့သည်။

သီးသန့်ဆန်သော နေရာတစ်ခုတွင် သစ်သားအိမ်တစ်လုံး ရှိနေ၏။

"ရောက်ပြီ..."

အိုယန်နာလန်သည် သစ်သားအိမ်အပြင်ဘက်တွင် ရပ်ကာ သူ့ကို အထဲသို့ ဝင်ရန် လက်ဟန်ပြလိုက်သည်။

ချန်ဖုန်းက တံခါးကို ဖြည်းညင်းစွာ တွန်းဖွင့်လိုက်၏။ သူ၏ နှလုံးသားသည်လည်း ပြင်းထန်စွာ ခုန်ပေါက်နေသည်။ နှစ်ပေါင်း ၂၀ ကျော်ကြာသည့်တိုင် သူ၏ မိဘအရင်းများနှင့် မတွေ့ဆုံခဲ့ရဖူးချေ။

အိုယန်မိသားစု၏ ဓာတ်ပုံများထဲတွင်သာ သူ၏ မိခင်ဓာတ်ပုံကို မြင်တွေ့ခဲ့ဖူးသည်။

သို့သော် ထိုအရာက သူ၏ မိခင် ငယ်ရွယ်စဉ်က ပုံစံသာ ဖြစ်ပေ၏။

သူ အမြဲတစေ အလွန် သိချင်နေခဲ့သည်။

‘ဒီနှစ်တွေတစ်လျှောက်လုံး ဘာလို့ အမေက သူ့ကိုယ်သူ ပုန်းကွယ်နေခဲ့ရတာလဲ။ ဘာလို့ ငါ့ကို လာမရှာခဲ့တာလဲ’

တံခါးပွင့်သွားပြီးနောက်။

အတွင်းဘက်တွင် ရပ်နေသော အမျိုးသမီးတစ်ဦးကို ချန်ဖုန်း မြင်တွေ့လိုက်ရသည်။

သူမသည် အသက်လေးဆယ်ခန့် အရွယ်ရှိပုံရပြီး အလွန် တက်ကြွလန်းဆန်းနေပုံရသည်။

အဒေါ်ဖြစ်သူကဲ့သို့ပင် သူမ၏ အသားအရေသည် အလွန်ကောင်းမွန်လှ၏။

သူမ ငယ်ရွယ်စဉ်က အလွန်လှပသူတစ်ဦး ဖြစ်ရမည်ဆိုသည်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေသည်။ သူမ၏ မျက်နှာသွင်ပြင်သည် ချန်ဖုန်းနှင့် အနည်းငယ် ဆင်တူနေသည်။

အိုယန်ဖေးသည် တံခါးပေါက်တွင် ရပ်နေသော သားဖြစ်သူကို ကြည့်လိုက်၏။

နှစ်ပေါင်း ၂၀ ကျော်။

သူမ ထွက်ခွာသွားချိန်တွင် သားဖြစ်သူမှာ လအနည်းငယ်သာ အရွယ်ရှိသေးသည်။

ဒီနှစ်တွေတစ်လျှောက်လုံး သူမသည် ဟွာရှနိုင်ငံသို့ ပြန်လာပြီး သားဖြစ်သူကို အချိန်တိုင်း တွေ့မြင်ချင်ခဲ့၏။ သို့သော် သူမ ပြန်မလာနိုင်ခဲ့ချေ။

‘နောက်ဆုံးတော့ ငါ သူ့ကို တွေ့ရပြီ’

သူမ၏ မျက်လုံးများထဲတွင် ချက်ချင်းပင် မျက်ရည်များ ပြည့်လျှံလာပြီး သားဖြစ်သူကို ဖက်ထားရန် သူမ၏ လက်များကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်သည်။

သို့သော် သူမ မဝံ့ရဲခဲ့ပေ။

တံခါးအပြင်ဘက်တွင် ရပ်နေသော အိုယန်နာလန်က အသက်ပြင်းပြင်းရှူလိုက်ပြီး ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ပြောလိုက်၏။ "ရှောင်ဖုန်း... နင့်ရဲ့ အမေကို အပြစ်မတင်ပါနဲ့... သူမလည်း ဒီနှစ်တွေတစ်လျှောက်လုံး ဒုက္ခတွေ အများကြီး ခံစားခဲ့ရပါတယ်...သူမရဲ့ စွမ်းအားကို မြှင့်တင်ဖို့ သေမလောက်အောင် တိုက်ပွဲပေါင်း ရာချီပြီး ဖြတ်သန်းခဲ့ရတယ်..."

"ပြီးခဲ့တဲ့ နယ်စပ်စစ်ပွဲတုန်းက…

ပေ့ကုန်းမိသားစုကို သုတ်သင်ဖို့နဲ့ သူမရဲ့ ရန်သူဟောင်းတွေ အားလုံးကို သတ်ဖို့ အခွင့်အရေးကို သူမ ရယူခဲ့တယ်..."

"အဲ့အတွက်လည်း တန်ကြေးအနေနဲ့ သူမ ဒဏ်ရာရခဲ့တယ်...ဒါပေမဲ့ နင် စစ်မြေပြင်မှာ ရှိနေတုန်းက သူမက ရန်သူနိုင်ငံက ကျွမ်းကျင်သူ ဆယ့်တစ်ယောက်ကို တိတ်တဆိတ် သွားသတ်ခဲ့တယ်လို့ ငါ ကြားတယ်..."

"အခု နင့်ရဲ့ အမေက နင့်ရှေ့မှာ ရပ်နေပြီ...ဘာလို့ အဲဒီကို မသွားသေးတာလဲ..."

စစ်မြေပြင်က စစ်ကူတွေကို မိခင်ဖြစ်သူက သတ်ဖြတ်ခဲ့သည်ဟု ချန်ဖုန်း ခန့်မှန်းမိပြီးသား ဖြစ်သည်။

သို့သော် ဤအရာများကို ကိုယ်တိုင် နားဖြင့် ကြားလိုက်ရချိန်တွင်...သူ၏ နှလုံးသားထဲရှိ တုန်လှုပ်မှုကို မအောင့်အည်းနိုင်တော့ချေ။

‘တကယ်တော့ ငါ့ရဲ့ အမေက ငါ့ကို နောက်ကွယ်ကနေ အမြဲတမ်း ကူညီပေးနေခဲ့တာပဲ’

မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေပြီဖြစ်သော မိခင်ဖြစ်သူကို ချန်ဖုန်း မြင်လိုက်ရသောအခါ သူမထံသို့ အလျင်အမြန် သွားကာ တင်းကျပ်စွာ ဖက်ထားလိုက်သည်။

"အမေ..."

ဤသည်က သွေးသားတော်စပ်သူများကြားမှ ဆွေမျိုးသံယောဇဉ်မျိုး ဖြစ်သည်။

သူတို့၏ ပထမဆုံး အကြိမ် တွေ့ဆုံမှုဖြစ်သော်လည်း ချန်ဖုန်းသည် ရင်းနှီးကျွမ်းကျင်မှုတစ်ခုကို ခံစားနေရ၏။

"ရှောင်ဖုန်း... သားလေး..."

အိုယန်ဖေး၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရနိုင်လောက်အောင် တုန်ရီနေခဲ့သည်။

‘အမေ ဆိုတဲ့ ခေါ်သံလေးကို ကြားလိုက်ရချိန်တွင်…သူမအတွက်တော့

ဒီနှစ်တွေတစ်လျှောက်လုံး သူမခံစားခဲ့ရတဲ့ ဒုက္ခတွေအားလုံးက တန်ပါတယ်လေ’ ဟု သူမ တွေးကာ ပို၍ ငိုနေမိတော့သည်။

သူမက ချန်ဖုန်းကို တင်းကျပ်စွာ ဖက်ထားလိုက်၏။ သူမ လက်လွှတ်လိုက်ပါက သားဖြစ်သူ ပျောက်ကွယ်သွားမည်ကို သူမ အလွန်အမင်း ထိတ်လန့်နေခဲ့သည်။

သူမ၏ စီးကျလာသော မျက်ရည်များသည် ချန်ဖုန်း၏ ပခုံးပေါ်ရှိ အဝတ်အစားများကိုပင် စိုရွှဲသွားစေခဲ့၏။

ယခုအချိန်တွင် အိုယန်ဖေးသည် အလွန် ပျော်ရွှင်နေခဲ့သည်။ မူလက သားဖြစ်သူကို သာမန်လူတစ်ယောက်အဖြစ် နေထိုင်စေချင်ပြီး စစ်မြေပြင်၏ တိုက်ခိုက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို အဖေ ဖြစ်သူလို ထပ်မံ မခံစားစေချင်ခဲ့ပေ။

သို့သော် သူမကို အံ့အားသင့်စေခဲ့သည်မှာ…

သားဖြစ်သူသည် အဇူရာနန်းတော်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ရုံသာမက သူ၏ စွမ်းအားသည် ထိုအချိန်က ဖခင်ဖြစ်သူထက်ပင် သာလွန်နေခဲ့ခြင်း ဖြစ်သည်။

‘အခု ငါ့သားက သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ရှိနေပြီ…ငါ တကယ်ကို စိတ်ပူစရာ မလိုတော့ဘူး’

"ကောင်းပြီ... အစ်မ... ရှောင်ဖုန်း... နင်တို့နှစ်ယောက် ပြောစရာတွေ အများကြီး ရှိနေမှာပဲ မဟုတ်လား..."

အိုယန်နာလန်က အလျင်အမြန် ဝင်လာကာ ပြောလိုက်သည်။

သူတို့မှာ အချိန်အများကြီး မရှိတဲ့အတွက်

အချိန်တွေ ထပ်ပြီး ဖြုန်းတီးနေလို့ မရတော့ချေ။

"အင်း... အင်း..."

အိုယန်ဖေးက သားဖြစ်သူ၏ လက်ကိုဆွဲကာ ကုလားထိုင်ပေါ်တွင် ထိုင်ခိုင်းလိုက်သည်။

သူမ၏ မျက်နှာပေါ်ရှိ အပြုံးသည် မည်သည့်အခါမျှ ပျောက်ကွယ်မသွားခဲ့ချေ။

"ရှောင်ဖုန်း... သားမှာ ငယ်ငယ်ကတည်းက စေ့စပ်ထားတဲ့သူ ရှိတာ သိလား...ရှန်ကွမ်မိသားစုရဲ့ ရှန်ကွမ်ယွဲ့ ဆိုတဲ့ အဲ့ဒီ့ကောင်မလေးလေ..."

"အရင်က ကြားဖူးပါတယ်..."

ချန်ဖုန်းက အနေခက်သော မျက်နှာအမူအရာဖြင့် ပြောလိုက်၏။ "တစ်ခုခု မလွဲချော်ဘူးဆိုရင် သူမက အမေ့ရဲ့ ချွေးမ ဖြစ်လာမှာပါ... ပြီးတော့..."

ထို့နောက် စနစ်မှတစ်ဆင့် သူရယူခဲ့သော ကလေးထိန်းကျမ်း စွမ်းရည်ကို သတိရသွားသည်။

ရှန်ကွမ်ယွဲ့ကို နောက်ဆုံးတွေ့ခဲ့ရချိန်က သူမ၏ အခန်းထဲတွင် ဇီးသီးချပ်များ အများအပြား ရှိနေပုံရသည်။

ယခုကာလအတွင်း ရှောင်ယွဲ့ယွဲ့၏ ပုံမှန်မဟုတ်သော အပြုအမူများနှင့် ပေါင်းစပ်လိုက်လျှင်။

သူမတို့က သူ့ကိုတောင် ရှောင်ဖယ်နေခဲ့ကြတာ။

နောက်ပိုင်းတွင် သူ အချက်အလက်များစွာကို လေ့လာရှာဖွေခဲ့ပြီး ရှောင်ယွဲ့ယွဲ့ ကိုယ်ဝန်ရှိနေနိုင်ချေ အများဆုံးဖြစ်ကြောင်း ကောက်ချက်ချခဲ့၏။

"ပြီးတော့ ဘာဖြစ်လဲ..."

အိုယန်ဖေးက မျှော်လင့်တကြီးဖြင့် ကြည့်နေခဲ့သည်။ သူမသည် ဟွာရှနိုင်ငံမှ နှစ်ပေါင်းများစွာ ထွက်ခွာနေခဲ့သော်လည်း ရှန်ကွမ်ယွဲ့နှင့် ပတ်သက်သည့် အချို့သောအရာများကို သူမ သိရှိထားဆဲပင်။

စစ်ဘက်ဆိုင်ရာဌာန၏ စစ်သေနာပတိ။

"အမေ... သား ဆိုလိုတာက ဖြစ်နိုင်တယ်...အင်းး…ဘယ်လိုပြောရမလဲဆိုတော့"

ချန်ဖုန်းက အမေဖြစ်သူကို ခိုးကြောင်ခိုးဝှက် ကြည့်လိုက်ပြီးနောက် ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ပြောလိုက်၏။

"အမေ အဘွား ဖြစ်လာတော့မယ် ထင်တယ်... သူမက သားရဲ့ ကလေးကို ကိုယ်ဝန်ဆောင်ထားရပြီထင်တယ်..."

---

All Chapters