← Chapters

အခန်း ၃၄၇

Vol. 35 Ch. 347

အခန်း ၃၄၇

Vol. 35 Ch. 347

အခန်း (၃၄၇) ကူရာကီယု၏ ကြီးကျယ်ခမ်းနားသော ရောက်ရှိလာမှု

ဆာကူရာနိုင်ငံသို့ သွားရောက်ခဲ့ရသည့် သူ၏ခရီးစဉ်က လက်ဗလာဖြင့် ပြန်လာခဲ့ရခြင်းတော့ မဟုတ်ပေ။

အနည်းဆုံးတော့ သူ၏ မိခင်ကို တွေ့မြင်ခဲ့ရသည်။

ထို့အပြင် သူ၏မိခင်က အဒေါ်ဖြစ်သူကိုပါ ခေါ်ဆောင်သွားရဲသည်ဆိုတော့ ထိုရန်သူက သူမအတွက် အန္တရာယ်မရှိနိုင်ဘူးဆိုတာ သေချာပေ၏။

သူ့ကို ပိုပြီးအံ့ဩသွားစေခဲ့သည့်အရာမှာ ဖခင်ဖြစ်သူ၏ ရုပ်အလောင်းသည် စစ်ဘက်ဆိုင်ရာဌာန၏ သုသာန်တွင် မရှိတော့ခြင်းပင်။

‘ကြိုတင်ပြီး အခိုးခံလိုက်ရတာများလား…’

အတွေးပေါင်းများစွာက ချန်ဖုန်း၏ ခေါင်းထဲတွင် ပေါ်လာခဲ့၏။ သို့သော်လည်း သူ ခေါင်းခါယမ်းလိုက်သည်။

မိခင်ဖြစ်သူက ဤကိစ္စကို အချိန်အတော်ကြာ စုံစမ်းစစ်ဆေးနေခဲ့သည်ဖြစ်ရာ သူမထံမှ ရလဒ်ထွက်ပေါ်လာမည့်အချိန်ကိုသာ သူ စောင့်ဆိုင်းနိုင်တော့မည်။

တောင်ပေါ်မှ ဆင်းလာပြီးနောက်

ချန်ဖုန်းသည် အဲလစ်ဇဘက်နှင့် ထပ်မံဆုံတွေ့ခဲ့ရပေသည်။

အဲလစ်ဇဘက်က ချန်ဖုန်းကို တွေ့တာနဲ့ တန်း​ပြောလိုက်သည်။

"မစ္စတာချန်…ကျွန်မ ဝိညာဉ်အဖွဲ့အစည်းက လုပ်ကြံသူတွေနဲ့ နန်ကုန်းရိ သားအဖကို သတ်ပစ်လိုက်ပြီ"

အဲလစ်ဇဘက်သည် `အလွန်နှိမ့်ချသော´ ဟန်ပန်ကို ဖမ်းထားပေ၏။

လက်ရှိ သူမ၏ဝတ်စားဆင်ယင်မှုက နိုင်ငံခြားမြို့တော်တစ်ခုမှ လှပသော အမျိုးသမီးတစ်ဦးနှင့် တူနေစေသည်။

ဤရွှေရောင်ဆံပင်နှင့် အလှပဂေးလေးသည် တော်ဝင်သွေးပါသော Great Eagle Empire ၏ ဧကရီဘုရင်မဖြစ်ကြောင်း မည်သူကမျှ ခန့်မှန်းမိမည် မဟုတ်ချေ။

"သတ်လိုက်တော့ရော ဘာဖြစ်လဲ… ကြွားစရာအကြောင်းမှ မရှိတာ"

ချန်ဖုန်းက သူမကို လျစ်လျူရှုလိုက်သည်။

ဆာကူရာနိုင်ငံသို့ အရောက်လာနိုင်ခဲ့ပြီဖြစ်ရာ ဤအခွင့်အရေးကို အသုံးချ၍ ၎င်း၏ ထူးခြားသော မြို့ပြအသွင်အပြင်များကို သူ လေ့လာကြည့်ချင်နေခဲ့၏။

"ကျွန်မ…"

အဲလစ်ဇဘက်၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။

‘ငါက ဘယ်အချိန်က ကြွားလုံးထုတ်နေလို့လဲ…’ဟု သူမ တွေးလိုက်၏။

ထို့နောက် သူမသည် ချန်ဖုန်းနောက်သို့ အပြေးအလွှား လိုက်ပါသွားခဲ့ပြီး သွားကြိတ်ကာ ပြောလိုက်၏။

"မစ္စတာချန် ဆွဲကြိုးလေးကို ပြန်ပေးမယ်လို့ မျှော်လင့်ပါတယ်… အဲဒါက တော်ဝင်မိသားစုရဲ့ သင်္ကေတတစ်ခုပါ အဲဒါက ကျွန်မအတွက် အရမ်းအရေးကြီးတယ်…"

"ဘာဆွဲကြိုးလဲ… ငါမသိဘူး"

ချန်ဖုန်းက အပြစ်ကင်းစင်ဟန် ဆောင်ကာ ပြောလိုက်သည်။

"ငါပိုင်ဆိုင်ထားတာတွေကို ငါ့စွမ်းရည်နဲ့ငါ ရှာဖွေထားတာ… မင်းသဘောကျတိုင်း လာယူလို့ရမယ် ထင်နေတာလား…"

"ရှင်…"

အဲလစ်ဇဘက် ဆွံ့အသွားရပေသည်။

"အဇူရာနန်းတော်ရဲ့ သခင်က တကယ့်ကို အရှက်မရှိတာပဲ…"

"ကောင်းပြီလေ… ဆွဲကြိုးကို ရှင်ယူထားလို့ရတယ်… ဒါပေမဲ့ ကျွန်မဦးလေးကို ရင်ဆိုင်ဖို့ ရှင်ကူညီပေးရမယ်… ပြီးတော့ ကျွန်မဆီကနေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပြန်ယူပေးရမယ်"

ချန်ဖုန်းက ရုတ်တရက် ရပ်တန့်လိုက်ကာ

သူမကို လှည့်ကြည့်လိုက်သည်။

အဲလစ်ဇဘက်သည် နိုင်ငံခြားသူတစ်ဦးဖြစ်သည့်အလျောက် သူမ၏ ဝတ်စားဆင်ယင်မှုပုံစံက အတော်လေး ရဲတင်းလှပေ၏။

အဝတ်အစား၏ လည်ပင်းပေါက်မှာလည်း

အလွန်နိမ့်ကျနေသည်။

အတွင်းမှ အမွှာတောင်ကုန်းလေးများကို ဝိုးတဝါး မြင်တွေ့နေရ၏။

ပြည့်ဖြိုးသော အရွယ်အစားက အဝတ်အစားများကို အံဝင်ခွင်ကျဖြစ်နေစေပြီး သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာ ကောက်ကြောင်းလှပနေပေသည်။

ဤကဲ့သို့သော မိန်းမချောလေးတစ်ဦးသည် သာမန်လူများအတွက် အလွန်ဆွဲဆောင်မှုရှိမည် ဖြစ်သော်လည်း ချန်ဖုန်းမှာမူ အလှပဂေးများနှင့် အချိန်ကြာမြင့်စွာ ဝန်းရံခံခဲ့ရသူ ဖြစ်သည်။

ဤသို့သော သွေးဆောင်ဖြားယောင်းမှုမျိုးကို သူ ခုခံနိုင်စွမ်း ရှိနေဆဲပင်။

ချန်ဖုန်းက အေးစက်စွာ ပြောလိုက်၏။

"မင်းက ငါ့အကူအညီကို လိုချင်တယ်ဆိုရင် အရင်ဆုံး ငါ့အတွက် လုံလောက်တဲ့ အကျိုးအမြတ်တွေ ပေးရလိမ့်မယ်

စုတ်ပြတ်နေတဲ့ ဆွဲကြိုးလေးနဲ့ ငါ့ကို လာဘ်ထိုးနိုင်မယ်လို့ မင်းထင်နေတာလား…"

"မင်းဦးလေးက Great Eagle Empire ရဲ့ တော်ဝင်မိသားစုဝင်တစ်ယောက်ပဲ… နိုင်ငံတစ်ခုလုံးမှာရှိတဲ့ ထိပ်တန်းစစ်သည်တွေက သူ့အမိန့်ကို နာခံနိုင်ချေရှိတယ်…ငါသာ အဆင်အခြင်မဲ့ လုပ်လိုက်ရင် ငါဘယ်လိုသေသွားမလဲဆိုတာတောင် သိရမှာမဟုတ်ဘူး…"

"ကျွန်မ…"

အဲလစ်ဇဘက်က ဖြည်းညှင်းစွာ ရှေ့သို့ တိုးလာခဲ့သည်။

"ရှင်သာ ကျွန်မကို ကူညီဖို့ ဆန္ဒရှိရင် ကျွန်မခန္ဓာကိုယ်ကိုတောင်… ရှင့်ကိုပေးနိုင်ပါတယ် နောင်တစ်ချိန် ကျွန်မလက်ထဲမှာရှိလာမယ့် ရန်ပုံငွေတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံး အပါအဝင် ရှင့်ကို ပေးနိုင်တယ်"

စကားပြောနေစဉ်မှာပင် သူမက ချန်ဖုန်း၏ ကိုယ်ပေါ်သို့ တိုက်ရိုက် မှီချလိုက်၏။

သူမ၏ လက်များက ချန်ဖုန်း၏လည်ပင်းကို ရစ်ပတ်သွားပြီး တောက်ပသော နှုတ်ခမ်းနီများဖြင့် သူ့ကို တုံ့ဆိုင်းခြင်းမရှိဘဲ နမ်းရှိုက်လိုက်လေသည်။

"လခွမ်း…"

တစ်ဖက်လူက ဤမျှ တက်ကြွနေလိမ့်မည်ဟု ချန်ဖုန်း မျှော်လင့်မထားခဲ့ချေ။

တွန်းထုတ်ရန်ပင် အချိန်မရလိုက်ပေ။

ပြီးတော့ မနောက်ပါနဲ့ တွန်းထုတ်ရန်မှာလည်း မဖြစ်နိုင်သည့် အရာတစ်ခုပင်။

ကံကောင်းထောက်မစွာဖြင့် အဲလစ်ဇဘက်သည် အကြာကြီး နေမနေခဲ့ချေ။ သူမသည် ချန်ဖုန်းထံမှ အလျင်အမြန် ခွာလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်၏။

"ရှင်စဉ်းစားဖို့ အချိန်ပေးပါ့မယ်"

"ရှင်သဘောတူတဲ့အထိ ရှင့်ဘေးမှာ နေပေးဖို့ ကျွန်မ ဆန္ဒရှိပါတယ်…"

ချန်ဖုန်းက သူ၏နှုတ်ခမ်းပေါ်မှ နှုတ်ခမ်းနီများကို စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် သုတ်ပစ်လိုက်သည်။

"ငါမသိဘူးလို့ မထင်နဲ့… မင်းက ဝိညာဉ်အဖွဲ့အစည်းက လူတွေကို သတ်ခဲ့တယ်… အခု ဝိညာဉ်အဖွဲ့အစည်းက မင်းရဲ့ နောက်ခံကို သိလောက်ပြီ မင်းက ငါ့ရဲ့အကာအကွယ်ကို လိုချင်လို့ ငါ့နောက်ကို လိုက်ချင်နေတာမလား…"

ချန်ဖုန်းသည် သူမကို လျစ်လျူရှုကာ ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။

အဲလစ်ဇဘက်က သူ၏နောက်သို့ ထပ်မံလိုက်ပါလာသည်ကို မြင်သောအခါ သူ ထပ်၍ စကားမဆိုတော့ချေ။

‘တစ်ဖက်လူက ဧကရီဘုရင်မတစ်ပါး ဖြစ်နေခြင်းက ငါ့အတွက် အသုံးဝင်ကောင်း ဝင်နိုင်တယ်လေ…’ဟု တွေးလိုက်သည်။

ဆာကူရာနိုင်ငံရှိ မြို့ပြဗိသုကာလက်ရာများမှာ မြင့်မားသော အဆောက်အအုံများနှင့်အတူ ဟွာရှနိုင်ငံနှင့် များစွာကွာခြားမှု မရှိလှချေ။ တစ်ခုတည်းသော ကွာခြားချက်မှာ ယဉ်ကျေးမှုပိုင်းဆိုင်ရာပင် ဖြစ်သည်။

ဥပမာအားဖြင့် အချို့သောအလုပ်အကိုင်များသည် ထိုနေရာတွင် တရားဝင်ဖြစ်ပေ၏။

လူကြီးကြိုက်ရုပ်ရှင်များကိုလည်း ကန့်သတ်ချက်မရှိ လွတ်လပ်စွာ ကြည့်ရှုခွင့်ပြုထားသည်။

ဟွာရှနိုင်ငံတွင် VPN အသုံးပြု၍ ကြည့်ရှုရသည်နှင့် မတူဘဲ ဤနေရာတွင် လွတ်လပ်နေခြင်းပင်။

သူသည် ပြည့်တန်ဆာရုံများစွာကိုပင် မြင်တွေ့ခဲ့ရပြီး ထိုနေရာမှ မိန်းကလေးများသည် ရဲတင်းသောအဝတ်အစားများကို ဝတ်ဆင်ထားကြသော်လည်း သူ၏နောက်တွင်ရှိနေသော အဲလစ်ဇဘက်လောက်တော့ ဆွဲဆောင်မှုမရှိချေ။

ချန်ဖုန်းက တွေးတောလိုက်မိသည်။

‘ရွှေရောင်ဆံပင်နဲ့ အဲလစ်ဇဘက်သာ အဲဒီလိုဝတ်စုံမျိုးကို ဝတ်ဆင်ထားမယ်ဆိုရင် ဘယ်လိုပုံစံဖြစ်နေမလဲ…’

ထိုအချိန်တွင် လမ်းဘေးရှိ မျက်နှာပြင်အကြီးကြီးတစ်ခုတွင် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု ပြသနေသည်ကို သူ ရုတ်တရက် သတိပြုမိလိုက်သည်။

ဆာကူရာနိုင်ငံမှ လူအများအပြားသည် လမ်းဘေးတွင်ရပ်ကာ ကြည့်ရှုနေကြ၏။

အချို့လူများက အားပေးတီးမှုတ်ကာ ကြွေးကြော်နေကြလေသည်။

ချန်ဖုန်း မော့ကြည့်လိုက်သည်။

အမှန်တကယ်ပင် ဝိချီ (ဂို) ပြိုင်ပွဲတစ်ခု ဖြစ်နေပေ၏။

ထို့နောက် ကူရာကီယုသည် ဟွာရှနိုင်ငံသို့ သွားရောက်ကာ ထိုနေရာရှိ ဝိချီမာစတာများအားလုံးကို စိန်ခေါ်ခဲ့ပြီး ပြိုင်ပွဲတစ်ခုလုံးကို ဆာကူရာနိုင်ငံသို့ တိုက်ရိုက်ထုတ်လွှင့်နေခဲ့ကြောင်း သူ သတိရသွားသည်။

ချန်ဖုန်းသည် ဆာကူရာနိုင်ငံတွင် အချိန်တစ်ဝက်ခန့်သာ နေထိုင်ခဲ့ရသေးသည်။

ကူရာကီယုက ဟွာရှနိုင်ငံ၏ ထိပ်တန်း ဝိချီကစားသမား ၉၀ ရာခိုင်နှုန်းကို စိန်ခေါ်ထားပြီးဖြစ်နေချေပြီ။

ချန်ဖုန်းသည် သူ၏ဖုန်းကိုဖွင့်ကြည့်လိုက်ရာ Weibo၊ Toutiao နှင့် အခြားရေပန်းစားနေသော ခေါင်းစဉ်များတွင် ကူရာကီယုသည် ထိပ်ဆုံးမှ ရေပန်းစားနေကြောင်း တွေ့လိုက်ရ၏။

ယုတ္တိဗေဒအရဆိုလျှင် ဤအက်ပ်များသည် နိုင်ငံရပ်ခြားရှိ ပုံမှန်မိုဘိုင်းဖုန်းများတွင် အလုပ်မလုပ်နိုင်ချေ။

သို့သော် သူ၏ဖုန်းတွင် ဤမျှ အစွမ်းထက်သော စက်လည်ပတ်မှုစနစ်တစ်ခု ရှိနေချိန်တွင် ဘာလုပ်နိုင်မည်နည်း။

အခြေအနေ၏ အကြမ်းဖျင်း သဘောတရားကို ချန်ဖုန်း နားလည်သွားသည်။

လေဆိပ်တွင် သူ့ကိုယ်သူ

အရှက်ခွဲခံရပြီးကတည်းက ကူရာကီယုသည် လေ့ကျင့်ရေးဆင်းမည့်ပုံစံကို ချက်ချင်း ပြောင်းလဲပစ်ခဲ့၏။

မူလက သူနှင့် ဝိချီကစားလိုပါက ပရော်ဖက်ရှင်နယ် ဝိချီအဆင့် သို့မဟုတ် ထို့ထက်မြင့်မားသော အဆင့်သို့ ရောက်ရှိနေရန် လိုအပ်ပေသည်။

အပျော်တမ်းကစားသမားများပင်လျှင် အဆင့် ၄ သို့ ရောက်ရှိနေရန် လိုအပ်၏။

သို့သော် ယခုအခါတွင်မူ

ဤကန့်သတ်ချက်များ လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

စိန်ခေါ်မှုကို ရယူလိုသူတိုင်းသည် ယွမ် ၁၀,၀၀၀ ပေးချေ၍ ပါဝင်နိုင်ပေ၏။

ပြိုင်ပွဲတိုင်းတွင် ကူရာကီယုသည် သူ၏ပြိုင်ဘက်များကို အပြတ်အသတ် အနိုင်ယူပြီး သူတို့၏ မိမိကိုယ်ကို အထင်ကြီးမှုကို ရိုက်ချိုးပစ်ခဲ့သည်။

လေးနာရီအတွင်းမှာပင် သူသည် ပွဲငါးဆယ် ဆက်တိုက်ကစားခဲ့ပြီး သူ၏စွမ်းရည်များကို ပြသရန်အတွက် တစ်ပြိုင်နက်တည်း ပွဲငါးပွဲကိုပင် ကစားခဲ့၏။

ရှုံးပွဲမရှိပေ။

သူက ပြိုင်ပွဲကို အနိုင်ရရုံသာမက

နာမည်ကျော်ကြားမှုကိုပါ ရရှိခဲ့သည်။

ငွေကြေးမြောက်မြားစွာကိုလည်း ရှာဖွေနိုင်ခဲ့ကြ၏။

နောက်ပိုင်းတွင် သာမန်ကစားသမားများသည် ယှဉ်ပြိုင်ရန်ပင် မဝံ့ရဲကြတော့ချေ။

အဘယ်ကြောင့်ဆိုသော် သူတို့ရှုံးနိမ့်သွားတိုင်း ဟွာရှနိုင်ငံ မျက်နှာပျက်ရသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

ယှဉ်ပြိုင်ခဲ့သူများထဲတွင် ဝိချီအသင်း၏ ဒုတိယဥက္ကဋ္ဌ နျဲ့ဖျင်သည်လည်း ကူရာကီယုအား ရှုံးနိမ့်ခဲ့သည်။

ပြီးတော့ ယခုအခါတွင်

မျက်နှာပြင်ပေါ်တွင် ယှဉ်ပြိုင်နေသော ကစားသမားမှာ အခြားသူမဟုတ်ဘဲ ဝိချီအသင်း၏ ဥက္ကဋ္ဌပင် ဖြစ်နေပေ၏။

"မစ္စတာကူရာကီက တကယ့်ကို ကျွန်တော်တို့ ဆာကူရာနိုင်ငံရဲ့ နံပါတ်တစ် ဝိချီမာစတာပဲ…"

"ဟက်… ဟွာရှနိုင်ငံက စစ်ရေးအရ အင်အားကြီးတယ်ဆိုပေမဲ့ ဝိချီကတော့ ဘာမှမဟုတ်ပါဘူး… မစ္စတာကူရာကီက သူ့ရဲ့ အစွမ်းအကုန်ထုတ်မသုံးရသေးဘဲ သူတို့ကို အပြတ်အသတ် အနိုင်ယူခဲ့တာပဲ…"

"ဒါပေါ့… အခုတော့ ဟွာရှနိုင်ငံရဲ့ စစ်ရေးအင်အားကို ပုံဖော်ထားတဲ့ နေရာမှာ ချဲ့ကားမှုတွေ ပါနေတယ်လို့ ငါထင်တယ်…"

"စဉ်းစားကြည့်လေ… ဝိချီက ဟွာရှနိုင်ငံက ဆင်းသက်လာတာဆိုတော့ သူတို့က အရမ်းတော်ရမှာပေါ့…ပြီးတော့ ရလဒ်က ဘာဖြစ်သွားလဲ…"

"သူတို့က မစ္စတာကူရာကီကို နာရီဝက်တောင် မခံနိုင်ကြဘူး… မစ္စတာကူရာကီရဲ့ တပည့် မိခါမိ ယူအာ ကိုတောင် သူတို့ နိုင်မှာမဟုတ်ဘူးလို့ ငါထင်တယ်…"

"ဒါကြောင့် ဟွာရှနိုင်ငံက လူတွေက ကြွားလုံးထုတ်ရတာကို နှစ်သက်ကြတယ်လို့ ငါထင်တယ်…"

"မင်းတို့ သေချာကြည့်ထားကြ… ဒီပွဲမှာလည်း မစ္စတာကူရာကီက နိုင်မှာပဲ…"

"…"

ဆာကူရာနိုင်ငံမှ လူများသည် မျက်နှာပြင်ကို လက်ညိုးထိုးကာ စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။

ယခင်က ဟွာရှနိုင်ငံသည် နိုင်ငံဆယ်ခု မဟာမိတ်တပ်ကို အနိုင်ရရှိခဲ့ပြီးနောက် "Wolf Warrior 3" ရုပ်ရှင်၏ ပြင်းထန်သော ပရိုမိုးရှင်းများ ရှိခဲ့သည်။

ဤအရာက သူတို့ကို ဟွာရှနိုင်ငံနှင့်ပတ်သက်၍ အနည်းငယ် သတိထားလာစေခဲ့၏။

ဆာကူရာနိုင်ငံတွင် နေထိုင်သော ဟွာရှနိုင်ငံသားများကိုပင် သူတို့ မစော်ကားရဲကြတော့ဘဲ သူတို့အပေါ် ဆက်ဆံရေးမှာ ယခင်ကထက် များစွာ ပိုမိုကောင်းမွန်လာခဲ့သည်။

ပြီးတော့ ယခုအခါတွင် ကူရာကီယုက ဟွာရှ ဂိုကစားသမားကို အပြတ်အသတ် အနိုင်ယူလိုက်သည်ကို မြင်တွေ့ပြီးနောက်

သူတို့၏ စိတ်ဓာတ်များ ပြန်လည်နိုးကြားလာခဲ့ပြီ ဖြစ်သည်။

ဟွာရှနိုင်ငံသားများသည် သူတို့ထင်ထားသလောက် အစွမ်းထက်မနေကြောင်း ပေါ်လွင်သွား၏။

အားလုံးက ကြွားလုံးထုတ်နေခြင်းသာ ဖြစ်ရမည်ဟု သူတို့ ယုံကြည်နေကြသည်။

All Chapters