အခန်း ၃၅၁
Vol. 36 Ch. 351
အခန်း (၃၅၁) တစ်ယောက်တည်းဖြင့် ဆယ်ယောက်ကို ရင်ဆိုင်ခြင်း
ဟွာရှကိုယ်ခံပညာပြိုင်ပွဲ
ပြုလုပ်ရာနေရာ၏ အပြင်ဘက်၌။
ဝိချီ (ဂို) အသင်း၏ ဒုတိယဥက္ကဋ္ဌ နျဲ့ဖျင်သည်လည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေခဲ့ပေ၏။
ထို့နောက် သူက ချက်ချင်းပင် လက်ခုပ်တီးကာ အားပေးလိုက်လေသည်။
"ဟားဟားဟား... အရင်တုန်းက ကူရာကီယု ငါတို့ကို စော်ကားခဲ့သလိုပဲ ညီလေးချန်ကလည်း အဲဒီနည်းလမ်းအတိုင်း ပြန်လည်ချေပတော့တာပဲ..ဒီလိုနည်းလမ်းနဲ့ ပြန်လည်ချေပနိုင်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး…”
အနီးတွင် ရပ်နေသော ကျီရွှယ်အာကလည်း ရယ်မောလျက် ပြောဆိုလိုက်၏။
"ဦးလေးနျဲ့... တကယ်လို့ ကူရာကီယုက စိန်ခေါ်မှုကို တကယ် လက်ခံခဲ့မယ်ဆိုရင် ဘယ်သူ နိုင်မယ်လို့ ထင်လဲ..."
"စိန်ခေါ်မှုကို လက်ခံမယ်..."
နျဲ့ဖျင်က လက်ကာပြလျက် ပြောဆိုလိုက်သည်။
"ညီလေးချန်က ဒီတိုင်း ပြောနေတာ ဖြစ်လောက်တယ်... သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး... အဘိုးကြီးဖန် မကြာခင် ရောက်လာတော့မှာပါ...ကူရာကီယု ဘယ်လောက်ပဲ ကျွမ်းကျင်နေပါစေ အဘိုးကြီးဖန်ကိုတော့ ယှဉ်နိုင်မှာ မဟုတ်ပါဘူး…”
"သြော်... နားလည်ပါပြီ..."
ကျီရွှယ်အာက မျက်တောင်ခတ်လိုက်ပြီး သူမ၏ အကြည့်များသည် တိုက်ရိုက်ထုတ်လွှင့်မှုအပေါ်တွင် စူးစိုက်နေခဲ့ပေ၏။
ထိုအချိန်၌။
ဆာကူရာနိုင်ငံတွင်။
ချန်ဖုန်းသည် ထိုအမျိုးသားထံမှ ငွေယွမ် တစ်သိန်းကို လက်ခံရရှိပြီး ဖြစ်လေ၏။
မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု ဖြစ်ပေသည်။ အကယ်၍ တစ်စုံတစ်ယောက်က ရှုံးနိမ့်သွားပြီးမှ နောက်ဆုတ်လိုပါက သူ၏ ကိုယ်ပိုင် ဂုဏ်သိက္ခာကိုသာမက ဆာကူရာနိုင်ငံ တစ်ခုလုံး၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေမည် ဖြစ်ချေ၏။
ထိုအမျိုးသား၏ အနောက်ဘက်၌။
ဝိချီ (ဂို) ကျွမ်းကျင်သူ ရာနှင့်ချီကလည်း စမ်းသပ်လိုစိတ်များ ပြင်းပြနေကြပေသည်။ ၎င်းတို့ နိုင်ကိုနိုင်ရမည် ဖြစ်၏။ ချန်ဖုန်းကို ခြေမှုန်းပြီး ဆာကူရာနိုင်ငံအတွက် ဂုဏ်ကျက်သရေကို ဆောင်ကြဉ်းရမည်ဟု ၎င်းတို့ ဆုံးဖြတ်ထားကြလေသည်။
"ချန်ဖုန်း... မစ္စတာ ကူရာကီက ဟွာရှနိုင်ငံမှာ ရောက်နေတော့ မင်းနဲ့ မယှဉ်ပြိုင်နိုင်ဘူး... ငါ မတ်ဆုမိုတို အီချီရို က မင်းရဲ့ စွမ်းရည်တွေကို သင်ယူချင်ပါတယ်..."
"ငါ ရီနာ အာဆို ကလည်း မင်းရဲ့ သာလွန်တဲ့ စွမ်းရည်တွေကို တွေ့ကြုံခံစားချင်ပါတယ်..."
"ငါ ကာဇုယုကီ အိုဒါ ကလည်း မင်းရဲ့ သာလွန်တဲ့ စွမ်းရည်တွေကို တွေ့ကြုံခံစားချင်ပါတယ်..."
"..."
ပုံရိပ်များသည် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ ထွက်လာကြ၏။ ဤလူများအားလုံးမှာ အခြေခံအားဖြင့် ပရော်ဖက်ရှင်နယ် ဝိချီကစားသမားများပင် ဖြစ်ကြပေသည်။
အဲလစ်ဇဘက်မှာလည်း အလွန် သိချင်စိတ်ပြင်းပြနေခဲ့သည်။
လက်ရှိ ပြဿနာကို ချန်ဖုန်း ဘယ်လို ဖြေရှင်းမလဲဆိုတာကို သူမ ကြည့်ချင်သေး၏။ ချန်ဖုန်းရဲ့ ဝိချီစွမ်းရည်တွေက အရမ်း ကောင်းမွန်နေရင်တောင် ဒီလို ဆက်တိုက် ကစားရတဲ့ ပွဲစဉ်တွေကို အချိန်အကြာကြီး ခံနိုင်ရည်ရှိမှာ မဟုတ်လောက်ပေ။
မည်သို့ပင်ဆိုစေကာမူ လူသားများ၏ ခန္ဓာကိုယ် ခွန်အားမှာ အကန့်အသတ် ရှိပေသည်။ ကူရာကီယု ပင်လျှင် ဝိချီမကစားမီ အနားယူရန် မိနစ်အနည်းငယ် အချိန်ယူရသေးသည် မဟုတ်ပါလော။
လူတိုင်းကို အံ့အားသင့်သွားစေသည်မှာ။
ချန်ဖုန်းသည် ဝိချီကစားသမား ဆယ်ဦးကို တိုက်ရိုက် ရွေးချယ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်ခြင်းပင် ဖြစ်လေ၏။
"ကောင်းပြီလေ... မင်းတို့ရဲ့ ပိုက်ဆံတွေကို အဆင်သင့် ပြင်ထားလိုက်... မင်းတို့ ဆယ်ယောက်လုံး တစ်ပြိုင်နက်တည်း လာခဲ့... ငါက မင်းတို့ ဆယ်ယောက်လုံးနဲ့ တစ်ပြိုင်နက်တည်း ကစားပေးမယ်..."
ဤသည်ကို ကြားချိန်တွင်။
လူတိုင်းမှာ အံ့အားသင့် မှင်တက်သွားကြပေသည်။ ဆယ်ယောက်နဲ့ တစ်ပြိုင်နက်တည်း ဝိချီကစားမယ် ဟုတ်လား။
အရင်က ကူရာကီယုသည် လူငါးယောက်ကိုသာ တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်နိုင်ခဲ့သော်လည်း ယခု ချန်ဖုန်းက အရေအတွက်ကို နှစ်ဆတိုးလိုက်ခြင်း ဖြစ်ပေ၏။
ဝိချီဆယ်ပွဲ။
ဤသည်က အလုပ်ဆယ်ခုကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ခြင်းကို ကိုယ်စားပြုလေသည်။
ဤအရာက ပွဲစဉ်တစ်ခုချင်းစီ၏ အခင်းအကျင်းနှင့် လားရာကို ခန့်မှန်းရုံသက်သက်ထက် ပိုမိုလိုအပ်ပေ၏။ ဝိချီပွဲစဉ် ဆယ်ခုကို ရောထွေးသွားစေ၍ မရနိုင်ချေ။
ပါဝင်သူ အရေအတွက်မှာ နှစ်ဆတိုးလာသော်လည်း ခက်ခဲမှုမှာ ဆယ်ဆ မြင့်တက်သွားခြင်း ဖြစ်ပေသည်။
"ဒီကောင်က အရမ်းကို မောက်မာလွန်းနေပြီ... ငါတို့ သူ့ကို ပညာပေးရမယ်..."
"မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ... လူဆယ်ယောက်ကို ရင်ဆိုင်နိုင်မယ်လို့ မင်း ထင်နေတာလား... မစ္စတာ ကူရာကီတောင် အဲဒီလို မလုပ်နိုင်ဘူး..."
"အစတုန်းကတော့ သူ တကယ် အရည်အချင်းရှိတယ်လို့ ငါထင်ခဲ့တာ... ဒါပေမဲ့ သူက အွန်လိုင်းကနေ အာရုံစိုက်မှုနဲ့ ကြည့်ရှုသူတွေ ပိုရလာအောင် လုပ်နေတာပဲ ဖြစ်မယ်လို့ ငါ မထင်ထားခဲ့ဘူး..."
"ကြည့်စမ်း... တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတဲ့သူ အရေအတွက်က ငါးသန်း ခြောက်သန်းတောင် ရောက်နေပြီ..."
"..."
ဆာကူရာနိုင်ငံသားများသည် ဒေါသတကြီးဖြင့် သွားကြိတ်လိုက်ကြ၏။ ၎င်းတို့အနေဖြင့် ချန်ဖုန်းအား အရှင်လတ်လတ် ဝါးစားပစ်ချင်စိတ်များ ပေါ်ပေါက်လာခဲ့ပေသည်။
ထိုကစားသမား ဆယ်ဦးထဲတွင် အချို့မှာ ပရော်ဖက်ရှင်နယ် အဆင့် ၈ တွင် ရှိပြီး အချို့မှာ အဆင့် ၇ နှင့် အချို့မှာ ပရော်ဖက်ရှင်နယ် အဆင့် ၉ သို့ပင် ရောက်ရှိလုနီးပါး ဖြစ်နေကြလေ၏။
ယခုအခိုက်အတန့်တွင် ၎င်းတို့ စော်ကားခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။
သို့သော် တစ်ဖက်လူက ဤမျှလောက်အထိ အရှက်မရှိ ဖြစ်နေစေကာမူ။
သူတို့ ဘာများ ငြင်းခုံနိုင်ဦးမည်နည်း။
ထို့နောက် သူတို့သည် စားပွဲများ၊ ကုလားထိုင်များနှင့် ဝိချီခုံများကို အလျင်အမြန် ယူဆောင်လာခဲ့ကြသည်။
မကြာခင် ဝိချီခုံ ဆယ်ခုကို တန်းစီ၍ ချထားလိုက်၏။
လူအုပ်ကြီးကလည်း ဖြည်းညင်းစွာ နေရာယူလိုက်ကြသည်။
"ငါ မင်းတို့ကို အနိုင်မကျင့်ပါဘူး... ငါ မှတ်မိလွယ်အောင် ငါက အဖြူရောင်ကို ယူမယ်... မင်းတို့က အနက်ရောင်ကို ယူ... ဘယ်လိုလဲ..."
"ငါတို့က အဆင်ပြေပါတယ်... မင်း နောက်မဆုတ်သွားဖို့ပဲ လိုတယ်..."
မတ်ဆုမိုတို အီချီရိုနှင့် အခြားသူများက အေးစက်စွာ ရယ်မောလိုက်ကြ၏။
အနက်ရောင်က အရင်စကစားရသည်။
ထို့ကြောင့် သာမန်အခြေအနေများအောက်တွင် အနက်ရောင်ကိုင်သူက အသာစီးရလေ့ရှိပေ၏။
သူတို့၏ အမြင်တွင် ချန်ဖုန်းသည် မောက်မာလွန်းလှပေသည်။
ထို့နောက် ကစားသမား ဆယ်ဦးသည် တစ်ပြိုင်နက်တည်း စတင်ကစားလိုက်ကြ၏။
ဝိချီခုံ ဆယ်ခုပေါ်တွင် အနက်ရောင်ကျောက်တုံး ဆယ်တုံးသည် မတူညီသော နေရာများ၌ ကျရောက်သွားလေသည်။ ၎င်းတို့ တစ်ဦးချင်းစီသည် မတူညီသော နည်းလမ်းများနှင့် အကွက်များကို အသုံးပြုကြသဖြင့် ချန်ဖုန်းအတွက် ယှဉ်ပြိုင်ရခြင်းကို ပိုမိုခက်ခဲသွားစေပေ၏။
လူတိုင်းက လှောင်ပြောင်လိုက်ကြသည်။
“ချန်ဖုန်း ဘယ်လိုနိုင်မလဲဆိုတာကို ငါတို့ ကြည့်ချင်သေးတယ်…”
တစ်ချိန်တည်းမှာပင် ဟွာရှနိုင်ငံအဝေး၌ ရှိနေသော ကျီရွှယ်အာ၊ နျဲ့ဖျင်နှင့် အခြားသူများသည်လည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြပေ၏။
၎င်းတို့မှာ အလွန်အမင်း စိုးရိမ်ပူပန်နေကြသည်။
ယခင်ပွဲစဉ်တွင် ချန်ဖုန်းသည် ကြီးမားသော အသာစီးကို ရရှိထားပြီးဖြစ်ရာ အဘယ်ကြောင့် သူ့ကိုယ်သူ ဤမျှ အကျပ်အတည်းထဲသို့ တွန်းပို့နေရသနည်း။
လူဆယ်ယောက်ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရခြင်း။ ဤသည်က စိတ်ပိုင်းဆိုင်ရာ အလွန် ပင်ပန်းစေပေ၏။
ထိုအချိန်၌။
ဗီဒီယိုထဲမှ ချန်ဖုန်းသည် နောက်ဆုံးတွင် လှုပ်ရှားလိုက်လေပြီ။ သူသည် အဖြူရောင်ကျောက်တုံးတစ်တုံးကို လက်ထဲတွင် ကိုင်ထားပြီး လက်ချောင်းဖြင့် ခေါက်လိုက်သည်နှင့် အားတစ်ခု၏ တွန်းကန်မှုကြောင့် အဖြူရောင်ကျောက်တုံးသည် ပထမဆုံး ဝိချီခုံပေါ်သို့ တည်ငြိမ်စွာ ကျရောက်သွားလေသည်။
နေရာချထားမှုက ပြီးပြည့်စုံလှပေ၏။
ချန်ဖုန်းက တစ်ချက်ပင် ကြည့်မနေခဲ့ချေ။
ထို့နောက် ဘေးဘက်သို့ လျှောက်သွားလိုက်သည်။
ခြေလှမ်းတိုင်းတွင် အဖြူရောင်ကျောက်တုံး တစ်တုံးစီက ဝိချီခုံပေါ်သို့ ကျရောက်သွား၏။
လူတိုင်း ချက်ချင်းပင် ဆွံ့အသွားကြတော့သည်။
ဒီလို ဝိချီကစားတာမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။
သို့သော်လည်း ခဏတာ အံ့အားသင့်ပြီးနောက် ဘာဖြစ်နေသည်ကို ၎င်းတို့ အလျင်အမြန် သဘောပေါက်သွားကြလေ၏။
“နောက်တစ်ကွက် ထပ်ရွှေ့လိုက်…”
ပြိုင်ဘက်ဆယ်ယောင်က အနက်ရောင်ကျောက်တုံးများကို ချလိုက်သည့် အခိုက်အတန့်မှာပင် ချန်ဖုန်း၏ အဖြူရောင်ကျောက်တုံးများသည် ဝိချီခုံပေါ်သို့ ကျရောက်ပြီးနေပြီ ဖြစ်ပေသည်။
ချန်ဖုန်းက စဉ်းစားရန်ပင် မလိုအပ်ပုံရ၏။
သူ့ပုံစံက ဝိချီကျောက်တုံးများကို ပေါ့ပေါ့ပါးပါး ချထားလိုက်သကဲ့သို့ ဖြစ်နေပုံရပေသည်။
သို့သော် အသေအချာ ကြည့်ရှုလိုက်ပါက ဤအဖြူရောင်ကျောက်တုံးများသည် ထောင်ချောက်တစ်ခုပြီးတစ်ခု ဖန်တီးနေကြောင်း တွေ့ရှိနိုင်လေ၏။
အကွက်တိုင်း၊ ကျရောက်သည့် နေရာတိုင်းက ပြီးပြည့်စုံနေပေသည်။
ဝိချီခုံပေါ်ရှိ အခင်းအကျင်းကို ကြည့်ရင်း ချန်ဖုန်း၏ ပြိုင်ဘက်ဆယ်ယောက်သည် စစ်မြေပြင်ထဲသို့ ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရပြီး အထပ်ထပ် ဝိုင်းရံခံထားရကာ လွှမ်းမိုးနိုင်သော အငွေ့အသက်များကြောင့် ကြောက်ရွံ့တုန်လှုပ်သွားကြပေ၏။
၎င်းတို့ ဆယ်ယောက်လုံးက
ရုန်းကန်ချင်ခဲ့ကြသည်။
သူတို့အနေနဲ့ ဒီအကျပ်အတည်းကနေ ဖောက်ထွက်မှ ရမှဖြစ်မည်ပင်။
သို့သော် ၎င်းတို့ ပိုမိုရုန်းကန်လေလေ ပိုမိုနက်ရှိုင်းစွာ နစ်မွန်းသွားလေလေ ဖြစ်ကြောင်း ၎င်းတို့ တွေ့ရှိလိုက်ရ၏။
ချန်ဖုန်း၏ တိုက်ခိုက်မှုများသည် ပိုမို၍ အရေးတကြီးနှင့် ပြင်းထန်လာကာ အကွက်တိုင်းတွင် အဆုံးသတ်နိုင်သည့် အစွမ်းများ ပါဝင်နေပေသည်။
ချန်ဖုန်းကိုယ်တိုင်ကတော့။
ထိုနေရာတစ်ဝိုက်တွင် လမ်းလျှောက်ကာ ဝိချီကျောက်တုံးများကို ပေါ့ပေါ့ပါးပါး ချထားရုံသာ ဖြစ်ပေ၏။ သူ့အတွက်တော့ ဖော်ပြ၍မရနိုင်သော သက်သာရာရမှုမျိုးပင်။
နောက်ဆုံး အဖြူရောင်ကျောက်တုံး ကျရောက်သွားချိန်တွင် သူတို့ဆယ်ယောက်လုံး ရှုံးနိမ့်သွားပြီဖြစ်ကြောင်း တစ်ပြိုင်နက်တည်း သဘောပေါက်သွားကြလေ၏။
သူတို့ဆယ်ယောက်သည် မတူညီသော စွမ်းရည်အဆင့်များ ရှိကြပေသည်။
သို့သော် အကွက်ငါးဆယ်မြောက်တွင် သူတို့ ရှုံးနိမ့်သွားခဲ့၏။
ဒါက ဘာကိုဆိုလိုတာလဲဆိုတော့…
ချန်ဖုန်းသည် ၎င်းတို့ကို စောစောကတည်းက အနိုင်ယူနိုင်ခဲ့သော်လည်း အကွက်ငါးဆယ်မြောက်တွင် အားလုံးရှုံးနိမ့်သွားစေရန် မတူညီသော အခြေအနေများကို တမင်တကာ ဖန်တီးခဲ့ခြင်းပင် ဖြစ်ပေ၏။
‘ဒီလို တိကျတဲ့ တွက်ချက်မှုနဲ့ ကျိုးကြောင်းဆင်ခြင်မှုမျိုး...
ဘယ်လောက်တောင် ပါးနပ်တဲ့ အခင်းအကျင်းလဲ…’ ၎င်းတို့ တွေးလိုက်ကြ၏။
ဤနည်းလမ်းသည် သူတို့ကို တိုက်ရိုက် အနိုင်ယူခြင်းထက် များစွာ ပိုမိုခက်ခဲလှပေသည်။
ဘာလို့ ဒီလိုလုပ်ရတာလဲဆိုရင်တော့
ရှင်းပါတယ်လေ သူက ဟန်ရေးပြနေတာကလွဲလို့ ဘာများဖြစ်နိုင်ဦးမည်နည်း။
အချိန်တိုလေးအတွင်းမှာပင်။
ကစားသမား ဆယ်ဦးစလုံး စိတ်ပျက်အားငယ်သွားကြပေ၏။
သူတို့ ရှုံးသွားပြီ…
ရုတ်တရတ် ၎င်းတို့ထဲက တစ်ဦးက အရင်စကားစလိုက်သည်။
“ဒီမှာရှိတဲ့ ဘယ်သူကမှ ချန်ဖုန်းကို ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ ငါ ထင်တယ်…”
ထိုစကားကို ကြားပြီးနောက်…
တစ်နေရာလုံး ချက်ချင်းပင် တိတ်ဆိတ်သွားလေ၏။
လုံးလုံးလျားလျား တိတ်ဆိတ်သွားခြင်းပင်။
ဟွာရှနိုင်ငံအတွင်း၌ ရှိနေသော ကူရာကီယုပင်လျှင် သူ၏ ထိုင်ခုံမှ ရုတ်တရက် ထရပ်လိုက်ပေသည်။
သူ၏ မျက်နှာတွင်လည်း ထိတ်လန့်မှုများ ပြည့်နှက်နေ၏။
ယခုမှတော့ သူ သိလိုက်ပြီ။
ချန်ဖုန်းက ဒီစွမ်းရည်ကို သူ့အတွက် ပြသနေခဲ့တာဆိုတာပင်။
ဒီအခိုက်အတန့်မှာ...ကူရာကီယုသည် ပြင်းထန်သော တိုက်ခိုက်မှု အကြိမ်ထောင်ပေါင်းများစွာ ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အကျပ်အတည်းတစ်ခုကို တကယ်ပင် ခံစားလိုက်ရလေ၏။
အစတုန်းကတော့ ချန်ဖုန်းကို ပြဿနာရှာတဲ့သူလို့ပဲ သူ ထင်ခဲ့တာ တစ်ဖက်လူ၏ ဝိချီစွမ်းရည်က ဒီလောက်တောင် အံ့သြဖို့ကောင်းနေပြီး သူ့ရဲ့စွမ်းရည်နဲ့ ယှဉ်နိုင်လုနီးပါး ဖြစ်နေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
"ဆရာ... သူက ဘယ်လိုလုပ် ဒီလောက်တောင် အံ့သြဖို့ကောင်းနေရတာလဲ..."
မီကာမီယုအာ၏ ပါးစပ်မှာ အဟောင်းသား ဖြစ်သွားပေ၏။ သူမ၏ မျက်နှာတွင်လည်း မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
သို့သော် နောက်ခဏတွင် သူမက ခေါင်းခါလိုက်ပြီး ယုံကြည်မှုရှိစွာ ပြောဆိုလိုက်၏။
"ဆရာ... သူက ဆရာ့ကိုတော့ ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်ပါတယ်...
ခုနက သူ ယှဉ်ပြိုင်ခဲ့တဲ့ ကစားသမားတွေက ပရော်ဖက်ရှင်နယ် အဆင့် ၉ မှာပဲ ရှိသေးတာလေ...
သူတို့ကို ချန်ဖုန်း ယှဉ်ပြိုင်သလိုမျိုး ဆရာလည်း လုပ်နိုင်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်…”
"ဖြစ်နိုင်ပါတယ်..."
ကူရာကီယု၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးသွားခဲ့လေပြီ။ ကြည့်ရတာ သူ့နေနဲ့ ဒီကိစ္စကို အလေးအနက်ထားဖို့ လိုအပ်နေပြီထင်သည်။
—