← Chapters

အခန်း ၃၅၅

Vol. 36 Ch. 355

အခန်း ၃၅၅

Vol. 36 Ch. 355

အခန်း (၃၅၅) နင် အခွင့်အရေး ယူခံလိုက်ရတာလား

တစ်နာရီအကြာတွင်။

ကျန်းနန်ရှိ စံအိမ်တစ်ခုအတွင်း၌။

ရှန်ကွမ်ယွဲ့သည် ဧည့်ခန်းထဲတွင် ရုပ်မြင်သံကြား ကြည့်နေခဲ့ပြီး ထိုရုပ်မြင်သံကြားတွင် 'Wolf Warrior 3 (ဝံပုလွေစစ်သည် ၃)' ရုပ်ရှင်ကို ပြသနေပေ၏။

ရှောင်လန်က ကြက်ပေါင်းရည် တစ်ပန်းကန် ပြုတ်ကာ ယူဆောင်လာပြီး ပြုံးလျက် ပြောဆိုလိုက်သည်။

"အစ်မရှောင်ယွဲ့... အခု အစ်မမှာ ကလေးရှိနေပြီဆိုတော့ အစ်မရဲ့ ခန္ဓာကိုယ်ကို ပိုပြီး အာဟာရဖြစ်အောင် လုပ်ဖို့ လိုတယ်နော် သိလား... ဒီကြက်ပေါင်းရည်ကို မြန်မြန် သောက်လိုက်ဦး..."

"တကယ်ပဲ အဲဒီလောက်အထိ ချဲ့ကားပြောဖို့ လိုလို့လား... ငါ ဒီလိုဖြစ်နေတာ နှစ်လပဲ ရှိသေးတာကို..."

ရှန်ကွမ်ယွဲ့က သူမ၏ သွယ်လျသော ခါးကို လက်ဖြင့် ဆွဲညှစ်လိုက်၏။

သူမသည် မကြာသေးမီက နေ့စဉ် ကြက်ပေါင်းရည် သောက်နေခဲ့ရသဖြင့် ဝလာပုံရပေသည်။ သူမက ကြက်ပေါင်းရည် ပန်းကန်ကို ကော်ဖီစားပွဲပေါ်တွင် တင်လိုက်သည်။

ထို့နောက် သက်ပြင်းချလျက် ပြောဆိုလိုက်၏။

"ဒါကို ဒီမှာပဲ ခဏ ထားထားလိုက်... ငါ ခဏနေမှ သောက်လိုက်မယ်..."

ထို့နောက် သူမသည် မီးဖိုချောင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး ဇဝေဇဝါဖြစ်နေသော မျက်နှာအမူအရာဖြင့် မေးမြန်းလိုက်သည်။

"ဟိုမှာ ဘာလို့ နောက်တစ်ပန်းကန် ရှိနေသေးတာလဲ..."

"အဲဒါက..."

ရှောင်လန် မျက်နှာရဲသွားပေ၏။ သူမက ရှန်ကွမ်ယွဲ့ကို ခိုးကြည့်လိုက်ပြီး စကားထစ်ငေါ့စွာ ပြောဆိုလိုက်သည်။

"လဲ့ယန်က အချိန်တစ်လျှောက်လုံး ကျွန်မတို့ရဲ့ လုံခြုံရေးကို ကာကွယ်ပေးနေခဲ့တာလေ... သူ အရမ်း ပင်ပန်းပြီး ပိန်သွားတာကို ကျွန်မ မြင်နေရလို့ပါ... အဲဒါကြောင့် သူ့အတွက်ပါ တစ်ပန်းကန် ပြုတ်ပေးလိုက်တာ..."

"ပိန်သွားတယ် ဟုတ်လား..."

ရှန်ကွမ်ယွဲ့က မျက်တောင်ခတ်လိုက်၏။ မည်သို့ပင် ကြည့်စေကာမူ လဲ့ယန်က လုံးဝ ပိန်မသွားသည့်အပြင် မကြာသေးမီက ရှောင်လန်၏ ဂရုစိုက်မှုများကြောင့် ပို၍ပင် ဝလာခဲ့သည် မဟုတ်ပါလော။

"ရှောင်လန်... ဆိုရိုးစကားတစ်ခု ရှိတယ်... 'စိတ်ဆန္ဒရှိရင် လမ်းစရှိတယ်' တဲ့... ပိန်သွားတယ်ဆိုတာက... မျှော်လင့်ထားတဲ့အတိုင်းပါပဲလေ..."

"အစ်မရှောင်ယွဲ့... ဘာတွေ ပြောနေတာလဲ..."

ရှောင်လန်က ဒေါသတကြီး ခြေဆောင့်လိုက်ပေသည်။ သူမက ဘာမှမသိသကဲ့သို့ ဟန်ဆောင်နေခဲ့၏။

"ကောင်းပါပြီ... ကောင်းပါပြီ..."

ရှန်ကွမ်ယွဲ့က ပြုံးလျက် သူမကို ဘေးသို့ ဆွဲခေါ်ကာ ပြောလိုက်သည်။

"မနေ့ညက အရမ်း ဆူညံနေလို့ ငါ အိပ်လို့တောင် မရဘူး... ဘေးခန်းက ကြွက်တစ်ကောင် ခုန်ပေါက်နေတဲ့ အသံနဲ့ တူတယ်... ကုတင်ပေါ်မှာ ခုန်နေတာလေ... အသံတွေက ဆက်တိုက် ထွက်နေတာပဲ..."

"အာ..."

ရှောင်လန်၏ မျက်နှာ ချက်ချင်းပင် နီရဲသွားတော့၏။ မြေကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားချင်စိတ်များ ပေါ်လာသဖြင့် စကားလမ်းကြောင်းကို အလျင်အမြန် လွှဲလိုက်သည်။

"အင်း... မနေ့ညက ကျွန်မအခန်းထဲမှာ ကြွက်တစ်ကောင် တကယ် ရှိနေတာ... နောက်မှ တစ်ယောက်ယောက်ကို ခေါ်ပြီး ရှင်းခိုင်းလိုက်မယ်... စကားမစပ် ချန်ဖုန်းက အစ်မ ကိုယ်ဝန်ရှိနေတာကို မသိသေးဘူးလေ... သူ့ကို ပြောပြလိုက်ရမလား..."

"မလိုပါဘူး..."

ရှန်ကွမ်ယွဲ့၏ အကြည့်များ ရုပ်မြင်သံကြားဖန်သားပြင်ဆီသို့ ပြန်ရောက်သွားလေ၏။

"သူက အခု အရမ်း အပူအပင်ကင်းတဲ့ ဘဝကို ဖြတ်သန်းနေတာ... ရုပ်ရှင်တွေ ရိုက်လိုက်... ဝိချီပြိုင်ပွဲတွေ ဝင်ပြိုင်လိုက်နဲ့လေ... သူ့ရဲ့ဘဝကို ငါ မနှောင့်ယှက်ရဲပါဘူး..."

"ကဲပါ... လဲ့ယန်နဲ့ သွားစကားပြောချေ... ငါက အပိုလူ ဝင်မလုပ်ချင်ပါဘူး... မကြာသေးခင်က ငါ နည်းနည်း အိပ်ငိုက်နေလို့ အိပ်ရေးဝအောင် အိပ်ဖို့ လိုသေးတယ်..."

ထိုသို့ပြောပြီးနောက်။

သူမသည် ဖြည်းညင်းစွာ မတ်တပ်ရပ်ကာ အပေါ်ထပ်ရှိ သူမ၏ အိပ်ခန်းဆီသို့ လျှောက်သွားလေ၏။

ရှန်ကွမ်ယွဲ့သည် လွန်ခဲ့သော ရက်အနည်းငယ်က ကြက်ပေါင်းရည်ကို မကြာခဏ သောက်နေခဲ့ရသော်လည်း။

သို့တိုင်အောင် သူမတွင် အလွန်ကောင်းမွန်သော ခန္ဓာကိုယ် ကောက်ကြောင်း ရှိနေပြီးဖြစ်ကာ ယခုအချိန်တွင်လည်း အလွန် သွယ်လျနေဆဲ ဖြစ်ပေ၏။ အထူးသဖြင့် သူမ၏ ကျောပြင်အလှက မြင်သူငေးလောက်အောင် ဆွဲဆောင်မှု ရှိလွန်းလှသည်။

"အစ်မက သဝန်တိုနေတာပဲ..."

'Wolf Warrior 3 (ဝံပုလွေစစ်သည် ၃)' ရုပ်ရှင်ထဲတွင် ချန်ဖုန်းနှင့် ရွှီချင်းချန်တို့ကြား၌ ရင်းနှီးပတ်သက်မှု ရှိနေသည်ကို ရုပ်မြင်သံကြားတွင် ရှောင်လန် မြင်တွေ့လိုက်ရပေ၏။

သူမက ခဏတာ တုံ့ဆိုင်းနေပြီးနောက် ဖုန်းကိုထုတ်ကာ ချန်ဖုန်းထံသို့ ခေါ်ဆိုလိုက်သည်။

"တီ တီ တီ..."

တံခါးဝမှနေ၍ ဖုန်းသံ ရုတ်တရက် မြည်လာခဲ့၏။

တံခါးဝတွင် အပြုံးတစ်ခုဖြင့် ရပ်နေကာ သူမအား ဖုန်းကို ဝှေ့ယမ်းပြနေသော ချန်ဖုန်းကို မြင်လိုက်ရသဖြင့် ရှောင်လန် အံ့အားသင့်သွားရပေသည်။

"ဘယ်... ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ..."

"ငါ့လက်ချောင်းတွေကို ရေတွက်ပြီး တွက်ချက်လိုက်တာပေါ့..."

ချန်ဖုန်းက ကျေနပ်နေပုံရ၏။

ထိုအချိန်၌။

ရှောင်လန်၏ လမ်းလျှောက်ပုံတွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သူ သတိပြုမိသွားသည်။

"နင် အခွင့်အရေး ယူခံလိုက်ရတာလား..."

"..."

ရှောင်လန် စကားပြောစရာမဲ့ဖြစ်သွားပေ၏။ ဘာဖြစ်နေသည်ကို သူမ သဘောပေါက်သွားချိန်တွင် ချန်ဖုန်းသည် အပေါ်ထပ်သို့ စတင်လျှောက်တက်သွားခဲ့လေပြီ။

…

ရှန်ကွမ်ယွဲ့ အိပ်ခန်းထဲသို့ ဝင်သွားပြီး တံခါးပိတ်ရန် ပြင်လိုက်ချိန်မှာပင်။

တံခါးပေါက်ကို ပိတ်ဆို့ထားသော ခြေထောက်တစ်ဖက်ကို ရုတ်တရက် သူမ သတိပြုမိလိုက်ပြီးနောက် သူမ၏ရှေ့တွင် ချန်ဖုန်း ပေါ်လာခဲ့လေ၏။ ဤသည်က သူမကို အနည်းငယ် လန့်ဖြတ်သွားစေခဲ့သည်။

"နင်... ဘယ်လိုလုပ် ရောက်လာတာလဲ..."

"တကယ်လို့ ငါသာ မလာခဲ့ရင် ဒီကိစ္စကို ငါ့ဆီကနေ ဘယ်လောက်ကြာကြာ ဖုံးကွယ်ထားဖို့ စီစဉ်ထားတာလဲ..."

ချန်ဖုန်းက တံခါးကို ဖြည်းညင်းစွာ တွန်းဖွင့်လိုက်၏။ ထို့နောက် သူက သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူမ၏ သွေးခုန်နှုန်းပေါ်သို့ လက်တစ်ဖက် တင်လိုက်သည်။

"ရှန်ကွမ်ယွဲ့... မင်း ကိုယ်ဝန်ရှိနေတာကို ငါ့ကို မပြောတဲ့အပြင် ငါ့ကို တမင်သက်သက် ရှောင်နေသေးတယ်ပေါ့လေ... မင်း ဘာလုပ်ချင်နေတာလဲ... ကလေးကို လျှို့ဝှက်မွေးဖို့ စဉ်းစားနေတာလား... ဒါမှမဟုတ် မင်း ဗိုက်ထဲက ကလေးက တခြားတစ်ယောက်ယောက်ရဲ့ ကလေးများလား..."

"နင်..."

ရှန်ကွမ်ယွဲ့သည် ဒေါသတကြီးဖြင့် သူ၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး ပြောဆိုလိုက်၏။

"ဘယ်သူ့ကလေးဖြစ်ဖြစ် နင်နဲ့ ဘာဆိုင်လို့လဲ... နင်က ငါနဲ့ ဘာပတ်သက်လို့လဲ..."

‘ကျစ်... သူမ ဒေါသက တော်တော်လေး ကြီးတာပဲ…’

ချန်ဖုန်းသည် ဒေါသတကြီး မျက်နှာအမူအရာ ရှိနေသော ရှောင်ယွဲ့ယွဲ့ကို ကြည့်လိုက်သည်။ ဒေါသနှင့် နာကြည်းမှုများ ပြည့်နှက်နေသော သူမ၏ မျက်နှာအမူအရာသည် ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိနေပြီး သူ့ကို အသက်ရှူမြန်လာစေခဲ့ပေ၏။

တချို့လူတွေက ပြောကြတယ်... ရည်းစားဖြစ်သူ ဒေါသထွက်နေတဲ့အချိန်မှာ ချော့ချင်တယ်ဆိုရင် ပြင်းပြင်းပြပြ နမ်းလိုက်ရုံပဲတဲ့... တစ်ခါက မလုံလောက်သေးဘူး... အဲဒါဆိုရင် နှစ်ခါပေါ့... တကယ်လို့ အဲဒါက အလုပ်မဖြစ်သေးဘူးဆိုရင် တိုက်ရိုက်သာ အချစ်ကြမ်းလိုက်ပါ... အဲဒါက သေချာပေါက် ချက်ချင်း ငြိမ်ကျသွားစေလိမ့်မယ်…

ချန်ဖုန်းသည် စကားတစ်ခွန်းမျှ မပြောတော့ဘဲ ရှန်ကွမ်ယွဲ့ကို တိုက်ရိုက် နမ်းရှိုက်လိုက်တော့၏။

"နင်... အွန်း..."

ရှန်ကွမ်ယွဲ့က သူမ၏ လက်သီးဆုပ်လေး နှစ်ခုဖြင့် ချန်ဖုန်း၏ ရင်ဘတ်ကို ထုရိုက်လိုက်သည်။

အစပိုင်းတွင် အားများစွာ ပါဝင်နေခဲ့သည်။ သို့သော် ရိုက်မိသွားချိန်တွင်မူ အားလုံးဝ မပါတော့ချေ။ အစပိုင်း ရုန်းကန်နေရာမှ တဖြည်းဖြည်း သာယာလာပြီး... ဦးနှောက်ကပင် ထိန်းချုပ်မရနိုင်လောက်အောင် တုံ့ပြန်လာတော့၏။

ဘာဖြစ်နေသည်ကို သူမ သဘောပေါက်သွားချိန်တွင် ချန်ဖုန်းက သူမကို ကုတင်ပေါ်သို့ တွန်းလှဲထားပြီးဖြစ်ကာ သူမ၏ အဝတ်အစားများမှာလည်း ဖရိုဖရဲ ဖြစ်နေခဲ့လေပြီ။ နောက်ဆုံး ကာကွယ်ရေးစည်းကိုပင် ချိုးဖျက်တော့မည့် အခြေအနေသို့ ရောက်ရှိနေခဲ့သည်။

ရှန်ကွမ်ယွဲ့ ရုတ်တရက် သတိဝင်လာခဲ့၏။ သူမက ချန်ဖုန်းကို ကန်ထုတ်လိုက်ပြီး ဒေါသတကြီး ပြောဆိုလိုက်သည်။

"အရူးကောင်... ငါ အခု ကိုယ်ဝန်ရှိနေတယ်လေ..."

"အင်း... ငါ ခဏလောက် စိတ်လှုပ်ရှားသွားလို့ပါ..."

ချန်ဖုန်းက ရယ်မောလိုက်၏။ သူမ၏ ဘေးရှိ ကုတင်စွန်းတွင် သူ ဝင်ထိုင်လိုက်ပြီး တိုးတိတ်စွာ ပြောဆိုလိုက်သည်။

"တကယ်တော့ ဖြစ်နိုင်ပါတယ်... ငါ့ရဲ့ ဆေးပညာ စွမ်းရည်တွေက အရမ်းကောင်းတာပဲ... ငါ ဂရုစိုက်သရွေ့ အဆင်ပြေမှာပါ..."

"မရဘူး..."

ရှန်ကွမ်ယွဲ့က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပေ၏။ သူမ၏ ဝမ်းဗိုက်အောက်ပိုင်းတွင် ချန်ဖုန်းက ခေါင်းလာအပ်ထားသည်ကို မြင်သောအခါ သူမက အလန့်တကြား အော်ဟစ်လိုက်သည်။

"ဘာလုပ်နေတာလဲ... မရဘူးလို့ ငါ ပြောထားတယ်လေ..."

"သူ မင်းကို ကန်လား မကန်ဘူးလားဆိုတာ ကြည့်ရအောင်လေ..."

"ဖူး..."

ရှန်ကွမ်ယွဲ့မှာ သူ့ကြောင့် ချက်ချင်းပင် ရယ်ချင်သွားခဲ့လေ၏။

"နင် အရူးလား... နှစ်လပဲ ရှိသေးတာလေ... ကောင်းကောင်းတောင် ပုံဖော်လို့ မရသေးဘူး..."

"သြော်... နားလည်ပါပြီ..."

ချန်ဖုန်းသည် ဤအခြေခံ အသိပညာများကို တကယ်ပင် နားမလည်ခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ သူ ပထမဆုံးအကြိမ် ဖခင်ဖြစ်ဖူးခြင်းပင် ဖြစ်လေသည်။ စိတ်လှုပ်ရှားသလို အနည်းငယ် စိုးရိမ်ပူပန်မှုလည်း ခံစားနေရ၏။

သို့သော် ကံကောင်းထောက်မစွာဖြင့် ထိုသို့ ရှုပ်ယှက်ခတ်ပြီးနောက် ရှောင်ယွဲ့ယွဲ့ ဒေါသ မထွက်တော့ချေ။ ကုတင်စွန်းတွင် သူက ရှန်ကွမ်ယွဲ့ကို ရင်ခွင်ထဲ ထည့်ကာ ထိုင်နေခဲ့ပေသည်။

"ဒီတစ်ခါ ဆာကူရာနိုင်ငံကို ငါ သွားတုန်းက ငါ့အမေနဲ့ တွေ့ခဲ့တယ်... သူ လုပ်စရာရှိတာတွေ ပြီးသွားရင် မင်းကို ပြန်လာစောင့်ရှောက်ပေးမယ်လို့ အမေက ပြောတယ်..."

"အာ..."

ချန်ဖုန်း၏ မိခင် သက်ရှိထင်ရှား ရှိနေသေးကြောင်းကို ရှန်ကွမ်ယွဲ့လည်း ကြားဖူးထားလေ၏။ ချန်ဖုန်းနှင့် သူ၏ မိခင် ပြန်လည်ဆုံတွေ့ခဲ့ရကြောင်း ကြားသိရသဖြင့် သူမလည်း အလွန် ဝမ်းသာနေခဲ့သည်။

သို့သော် အနာဂတ် ယောက္ခမနှင့် မကြာမီ တွေ့ဆုံရတော့မည်ဟူသော အတွေးက သူမ၏ နှလုံးသားကို ခုန်ပေါက်သွားစေခဲ့၏။ ထို့အပြင် အလွန်အမင်းလည်း စိုးရိမ်ပူပန်နေမိသည်။

သူမက နှုတ်ခမ်းကို ကိုက်ကာ ပြောဆိုလိုက်သည်။

"ငါက ကလေးမဟုတ်ဘူး... ဘယ်သူ့ရဲ့ စောင့်ရှောက်မှုကိုမှ မလိုအပ်ဘူး... ပြီးတော့ ကိုယ်ဝင်က နှစ်လပဲ ရှိသေးတာလေ... ရှောင်လန် ရှိနေတာနဲ့တင် ငါ့အတွက် လုံလောက်ပါတယ်..."

"အဲဒီလို မရဘူးလေ... မင်းအတွက် ကလေးထိန်း တစ်ယောက်လည်း ငါ ရှာထားပေးတယ်..."

ချန်ဖုန်းက သူမကို အပြင်သို့ ဆွဲခေါ်သွားခဲ့၏။ အဲလစ်ဇဘက်မှာ ဧည့်ခန်းထဲတွင် ထိုင်နေပြီဖြစ်ပြီး ရှောင်လန်က သူမကို သိချင်စိတ်ပြင်းပြနေသော ကလေးတစ်ယောက်လို စိုက်ကြည့်နေခဲ့ပေသည်။

‘ငါတို့ နောက်ဆုံး တွေ့ပြီးကတည်းက ရက်အနည်းငယ်ပဲ ရှိသေးတာလေ...

ချန်ဖုန်းက လှပတဲ့ နိုင်ငံခြားသူတစ်ယောက်ကို တကယ်ကြီး ခေါ်လာခဲ့တာပဲ…’

"ကြည့်စမ်း... မယာလင်းယုန်နိုင်ငံ ရဲ့ ဧကရီဘုရင်မက အခု ကံဆိုးနေတယ်လေ... သူက မင်းရဲ့ စောင့်ရှောက်ပေးသူ ဖြစ်လာရင် ဘယ်လိုလဲ..."

"..."

ရှန်ကွမ်ယွဲ့၏ နှုတ်ခမ်းများ တွန့်ကွေးသွားတော့၏။

‘ဘုရင်မက ကလေးထိန်း လာလုပ်မယ်တဲ့လား…’

ချန်ဖုန်းက ဘာကိုမျှ ရှင်းပြရန် ပျင်းရိနေခဲ့ပေသည်။ မယာလင်းယုန်နိုင်ငံ ၏ တော်ဝင်မိသားစု ပဋိပက္ခများတွင် သူကိုယ်တိုင် အမှန်တကယ် ဝင်ရောက်မပတ်သက်လိုခဲ့ချေ။

အဲလစ်ဇဘက်ကို နောက်ဆုတ်သွားစေရန် ဤနည်းလမ်းကို အသုံးပြုချင်ရုံသာ ဖြစ်ပေ၏။ မထင်မှတ်ဘဲ တစ်ဖက်လူက ကလေးထိန်းအဖြစ် အလုပ်လုပ်ရန် တကယ်ကြီး လိုက်လာခဲ့လေသည်။

---

All Chapters