← Chapters

အခန်း ၃၅၆

Vol. 36 Ch. 356

အခန်း ၃၅၆

Vol. 36 Ch. 356

အခန်း (၃၅၆) ချန်ဟွေ ကျန်းနန်ကို ရောက်လာခြင်း

နောက်ရက်အနည်းငယ်အတွင်း ရှန်ကွမ်ယွဲ့ကို ပြုစုစောင့်ရှောက်ရန် ချန်ဖုန်းသည် စံအိမ်တွင် နေထိုင်ခဲ့ပေ၏။

ညဘက်တွင် အခွင့်အရေးယူပြီး တစ်ဖက်လူ၏ ကုတင်ကို နွေးထွေးအောင် လုပ်ပေးချင်ခဲ့သော်လည်း အမြဲတမ်း ကန်ထုတ်ခံရသဖြင့် အိပ်ရန် အခြားအိပ်ခန်းတစ်ခုကိုသာ ရှာဖွေလိုက်ရလေသည်။

ကျောင်းဖွင့်ချိန်မှာ အလျင်အမြန် နီးကပ်လာခဲ့ပြီ ဖြစ်၏။ သူ၏ ညီမဝမ်းကွဲ ချန်ဟွေ ကို ခေါ်ဆောင်လာရန် တစ်စုံတစ်ယောက်အား သူ အလျင်အမြန် စေခိုင်းလိုက်သည်။ ပြီးခဲ့သည့်အကြိမ်က ကျန်းကျုံးတက္ကသိုလ် သို့ ကျောင်းအပ်ရန် သူမက သူ့ကို အကူအညီ တောင်းထားခဲ့ခြင်း ဖြစ်ပေသည်။

သူ၏ ညီမဝမ်းကွဲသည် မွန်းတည့်ချိန်ခန့်တွင် စံအိမ်သို့ ရောက်ရှိလာခဲ့၏။ မျက်နှာတစ်ထောင်မြေခွေး က ၎င်းတို့ကို သွားကြိုခဲ့ခြင်း ဖြစ်သည်။

ချန်ဟွေသည် ဤအခိုက်အတန့်တွင် အလွန် စိတ်လှုပ်ရှားနေခဲ့ပေ၏။ အဘယ်ကြောင့်ဆိုသော် သူမသည် ချန်ဖုန်း၏ ကိုယ်ပိုင်လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး ၎င်းမှာ သူမ၏ ဘဝတစ်လျှောက်လုံးတွင် ကိုယ်ပိုင်လေယာဉ်ကို ပထမဆုံးအကြိမ် စီးဖူးခြင်းလည်း ဖြစ်သောကြောင့်ပင်။

"အစ်ကို... အစ်ကို ကျွန်မကို ထပ်လိမ်ပြန်ပြီ... ကျွန်မကို လာကြိုမယ်လို့ ကတိပေးထားပြီးတော့..."

ချန်ဟွေသည် သူမ၏ရှေ့ရှိ ချန်ဖုန်းကို ဒေါသတကြီး စိုက်ကြည့်ကာ ပြောလိုက်သည်။

သူမကို လာကြိုသော အမျိုးသမီးငယ်နှင့် အစ်ကိုဖြစ်သူတို့ကြားမှ ပတ်သက်မှုကိုလည်း သူမ အလွန် သိချင်နေခဲ့၏။ ထို့အပြင် လေယာဉ်ပေါ်မှ လှပသော အမျိုးသမီးငယ်သည် သူမက ချန်ဖုန်း၏ ညီမဖြစ်ကြောင်း ကြားသိရချိန်တွင် အလွန်အမင်း စိတ်အားထက်သန်နေခဲ့ပေသည်။

"ငါ လုပ်စရာလေး ရှိလို့ပါ..."

ချန်ဟွေက သူ့ကို မျှော့တစ်ကောင်လို တွယ်ကပ်နေသည်ကို မြင်သောအခါ ချန်ဖုန်းသည် အလျင်အမြန် ဘေးသို့ဖယ်လိုက်ပြီး ပြောဆိုလိုက်၏။

"သူ့ကို မရီးလို့ ခေါ်လိုက်..."

"မင်္ဂလာပါ မရီး..."

ချန်ဟွေက ပါးစပ်ဖွင့်သည်နှင့် တစ်ပြိုင်နက် ခေါ်ဆိုလိုက်သည်။

‘ပြီးခဲ့တဲ့တစ်ခေါက်က အစ်ကို အရိပ်အမြွက် ပြောခဲ့တာ အံ့သြစရာ မရှိပါဘူး... သူက နောက်ထပ် မိန်းမတစ်ယောက် တကယ်ကြီး ရှာတွေ့ခဲ့တာပဲ…’ဟု သူမ စိတ်ထဲ တွေးလိုက်၏။

သို့သော် သူမရှေ့က အမျိုးသမီးက စိတ်နေသဘောထားရော ရုပ်ရည်ပိုင်းမှာပါ ပြီးပြည့်စုံနေတာပင်။ ထို့အပြင် သူမတွင် သိမ်မွေ့သော အငွေ့အသက်တစ်ခုလည်း ရှိနေပေ၏။

ရှန်ကွမ်ယွဲ့က ဖျော့တော့စွာ ပြုံးလိုက်သည်။ ချန်ဖုန်းနှင့် သူမ၏ ပတ်သက်မှုကို တိတ်တဆိတ် အသိအမှတ်ပြုလိုက်ပုံရပေ၏။

အပြုံးတစ်ခုဖြင့် သူမက အနီရောင်စာအိတ်တစ်အိတ်ကို ထုတ်ယူကာ ပြောဆိုလိုက်သည်။

"ညီမလေးက ရှောင်ဟွေ ပေါ့... တွေ့ရတာ ဝမ်းသာပါတယ်... ညီမလေး တက္ကသိုလ်ကောင်းကောင်းတစ်ခုကို ဝင်ခွင့်ရတဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ ဒါက မရီးရဲ့ အမှတ်တရ လက်ဆောင်လေးပါ..."

"မရီးရယ်... ကျွန်မတို့ အကုန်လုံးက မိသားစုတွေပဲကို... ဒါက... ကျွန်မ လက်မခံနိုင်ပါဘူး..."

ချန်ဟွေက ထိုသို့ ပြောဆိုလိုက်သော်လည်း

သူမ၏ လက်များမှာ အဆက်မပြတ် အလုပ်များနေပြီး အနီရောင်စာအိတ်များကို လက်ခံရယူရာတွင် အလွန်အမင်း မြန်ဆန်လှပေသည်။

‘ငါ အဲဒီအကြောင်းကို တွေးနေတုန်းပဲ... တကယ်လို့ ငါ့အစ်ကိုသာ နောက်ထပ် မိန်းမနည်းနည်းလောက် ထပ်ရှာနိုင်ရင် အနီရောင်စာအိတ်တွေ စုဆောင်းရုံနဲ့တင် ငါ ကြီးပွားနိုင်ပြီပဲ…’

သူမက ပြုံးလျက် ရှန်ကွမ်ယွဲ့၏ လက်မောင်းကို ကိုင်လိုက်ပြီး သူမ၏ နှုတ်ခမ်းများတွင် ပျားရည်သုတ်ထားသကဲ့သို့ ပြောဆိုလိုက်၏။

"မရီး... မိန်းကလေးတွေ အားလုံးထဲမှာ မရီးက ကျွန်မ တွေ့ဖူးသမျှ အကြော့ရှင်းဆုံးပဲ... မရီးနဲ့ အစ်ကိုက ဖူးစာဖက်တွေလို့ ကျွန်မ ထင်တယ်..."

"ဟီးဟီး..."

ရှန်ကွမ်ယွဲ့က ဖျော့တော့စွာ ပြုံးလိုက်သည်။

"ညီမလေးက ကျောင်းအပ်တော့မှာလေ... မဝယ်ရသေးတဲ့ ပစ္စည်းတွေ ရှိသေးလား... နောက်မှ ညီမလေးကို အဝတ်အစား တချို့ သွားဝယ်ပေးရမလား..."

"မလိုပါဘူး... မလိုပါဘူး..."

ချန်ဟွေက အလျင်အမြန် လက်ကာပြကာ ပြောလိုက်၏။

"ကျွန်မ ပေ့ဟူမှာ ရှိနေတုန်းက အစ်ကိုက ကျွန်မကို အဝတ်အစား နှစ်စုံ ဝယ်ပေးပြီး ဖုန်းတစ်လုံးတောင် ပေးသေးတယ်လေ... အဝတ်အစားတွေ ထပ်ဝယ်ဖို့ မလိုတော့ပါဘူး..."

"အဲဒီလို မရဘူးလေ..."

ရှန်ကွမ်ယွဲ့က မော့ကြည့်ကာ ပြောဆိုလိုက်သည်။

"ညီမလေးရဲ့ အစ်ကိုက ညီမလေးရဲ့ အစ်ကိုလေ... မရီးက မရီးပဲ... ကျန်းကျုံးတက္ကသိုလ် မှာ ချမ်းသာတဲ့ ကျောင်းသားတွေ အများကြီး ရှိတယ်... တကယ်လို့ ညီမလေး သပ်သပ်ရပ်ရပ် မဝတ်ဘူးဆိုရင် လူတွေက ညီမလေးကို အထင်သေးကြလိမ့်မယ်..."

“အဲဒီလိုလား…”

ချန်ဟွေက မျက်တောင်ခတ်လိုက်၏။ ‘ဒီအကြောင်းကို သူမ ဘယ်တုန်းကမှ မကြားဖူးခဲ့ပါလား…’ဟု တွေးလိုက်၏။

"သွားကြရအောင်..."

ရှန်ကွမ်ယွဲ့က သူမကို အပြင်သို့ ခေါ်ဆောင်သွားလေသည်။ အကယ်၍ သူမသာ ထိုအကြောင်းပြချက်ကို မဖန်တီးခဲ့ပါက တစ်ဖက်လူက သူမ၏ လက်ဆောင်ကို လက်ခံမည်မဟုတ်ကြောင်း သိနေပေ၏။ သူမက ညီမငယ်လေး ချန်ဟွေ ကိုလည်း အမှန်တကယ် သဘောကျနေခဲ့သည်။

ချန်ဖုန်းသည် သူတို့နှစ်ဦး ထွက်သွားသည်ကို မှုန်မှိုင်းသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်ပြီး အလျင်အမြန် လိုက်သွားကာ ပြောဆိုလိုက်၏။

"ရှောင်ပိုင်... မင်းလည်း လိုက်ခဲ့... ပစ္စည်းတွေကို သယ်ဖို့ လူတစ်ယောက် လိုသေးတယ်..."

"ခွေးကောင်..."

အဲလစ်ဇဘက်က မလိုလားစွာဖြင့် နောက်မှ လိုက်သွားတော့သည်။

...

ရှန်ကွမ်ယွဲ့ ဤစံအိမ်သို့ ပြောင်းရွှေ့လာချိန်တွင် ဈေးဝယ်ရာ၌ အဆင်ပြေစေရန် ကားတစ်စီး ဝယ်ယူကာ ဤနေရာတွင် ရပ်နားထားခဲ့ပေ၏။ သာမန် BMW တစ်စီးပင် ဖြစ်သည်။

ချန်ဖုန်းက ကားမောင်းနေပြီး အတွင်းတွင် ရှန်ကွမ်ယွဲ့၊ ချန်ဟွေ နှင့် အဲလစ်ဇဘက် ဟူသော လှပသည့် အမျိုးသမီးသုံးဦး ထိုင်နေကြလေ၏။

ရှန်ကွမ်ယွဲ့နှင့် အဲလစ်ဇဘက် တို့၏ လှပမှုများကို လုံးဝ ငြင်းဆို၍ မရနိုင်ချေ။

တစ်ဦးက စစ်ဘက်ဆိုင်ရာဌာန ၏ စစ်သေနာပတိ...

တစ်ဦးက တော်ဝင်မိသားစု၏ ဧကရီဘုရင်မ…

သူမတို့၏ အငွေ့အသက်နှင့် ရုပ်ရည်ပိုင်း နှစ်ခုစလုံးက ထိပ်တန်းအဆင့်တွင် ရှိနေပေသည်။

ချန်ဟွေသည် အသက်ဆယ့်ရှစ်နှစ်သာ ရှိသေးသော်လည်း တကယ့် အလှလေးတစ်ဦး ဖြစ်၏။ ဤကဲ့သို့သော ပေါင်းစပ်မှုက ဈေးဝယ်စင်တာတွင် ပေါ်လာချိန်၌ အာရုံစိုက်မှုများစွာကို ချက်ချင်း ဆွဲဆောင်သွားခဲ့တော့သည်။

"ချီးပဲ... အဲဒီကောင်က ဘယ်သူလဲ... သူက တကယ်ကြီး မိန်းကလေး သုံးယောက်ကို တစ်ပြိုင်နက်တည်း တွဲနေတာလား..."

"မျှော်လင့်ထားတဲ့အတိုင်းပဲ... ကြောက်တတ်တဲ့သူတွေက ငတ်မွတ်ပြီး သတ္တိရှိတဲ့သူတွေက ကြီးပွားတာကိုး..."

"ဟိုနှစ်ယောက်က တကယ်ကို လှတာပဲ... ဘာလို့ သူတို့ကို အရင်က ငါ မမြင်ဖူးရတာလဲ..."

"ညာဘက်က ရွှေရောင်ဆံပင်နဲ့ အလှလေးကိုတော့ ငါ အရင်က တစ်ခါမှ မမြင်ဖူးဘူး... ဒါပေမဲ့ ဘယ်ဘက်က တစ်ယောက်ကတော့ ကျန်းနန်မှာ ရောက်နေတာ လဝက်လောက် ရှိနေပြီ..."

"အော်... မင်း သူ့ကို သိလို့လား..."

"ငါက သူ့ကို မသိပါဘူး... ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ခေါက်က ဝမ်ဆန်းကွေ့ သူ့အကြောင်း ပြောတာ ကြားဖူးတယ်... တစ်လအတွင်း သူမကို အရယူနိုင်မယ်ဆိုပြီး သူ လောင်းကြေးတောင် ထပ်ထားသေးတာ..."

“အဲဒီနောက်ပိုင်း သခင်လေးဝမ် သတင်းအစအနတောင် မရတော့ဘူး... အဲဒါ ထူးဆန်းမနေဘူးလား…”

ဤစကားများကို ကြားရချိန်တွင်…

လူတိုင်းသည် ၎င်းတို့၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရပေ၏။

ဤအလှလေးသုံးဦးအပေါ် လှုပ်ရှားမှုတစ်ခုခု လုပ်ရန် စဉ်းစားရဲမည် မဟုတ်ချေ။ တစ်ဖက်လူများတွင် သာမန်ထက် ထူးကဲသော နောက်ခံတစ်ခုခု ရှိရမည် ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဝမ်ဆန်းကွေ့က အဘယ်ကြောင့် ရှင်းလင်းချက်မရှိဘဲ ပျောက်ကွယ်သွားရမည်နည်း။ ယခုအချိန်အထိ ဤကိစ္စကို မည်သူကမျှ စုံစမ်းစစ်ဆေးခြင်း မရှိခဲ့ချေ။

...

"ရှောင်ဟွေ... မြန်မြန် လာခဲ့..."

ရှန်ကွမ်ယွဲ့သည် ချန်ဟွေ အတွက် အဝတ်အစားများ ရွေးချယ်ရန် အမှတ်တံဆိပ် စတိုးဆိုင်တစ်ဆိုင်ကို ရှာတွေ့သွားခဲ့၏။

သူမတွင် ကောင်းမွန်သော အမြင်ရှိပေသည်။ ချန်ဟွေ ကို မင်းသမီးလေးတစ်ပါးကဲ့သို့ ပြင်ဆင်ပေးလိုက်လေ၏။ ချန်ဖုန်းက အထဲသို့ မဝင်ဘဲ တံခါးဝတွင်သာ ရပ်နေခဲ့သည်။

ဘေးတွင် ရပ်နေသော အဲလစ်ဇဘက်က ဒေါသတကြီး ပြောဆိုလိုက်၏။

"ချန်ဖုန်း... အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နင် ဘာစဉ်းစားထားလဲ... ငါက နင်နဲ့ တကယ်ကို ပူးပေါင်းချင်တာပါ..."

"တကယ်လို့ နင်သာ ပူးပေါင်းဖို့ သဘောတူမယ်ဆိုရင် ငါ့ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပိုင်ဆိုင်မှု တစ်ဝက်ကို နင့်ကို ပေးမယ်..."

ထိုသို့ ပြောဆိုနေစဉ်…

သူမသည် သူမ၏ရှေ့ရှိ ဈေးဝယ်စင်တာကို လက်ညှိုးထိုးကာ ပြောဆိုလိုက်သည်။

"ဟွာရှနိုင်ငံမှာလည်း ငါတို့ရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ရှိတယ်... ငါပိုင်တဲ့ ဒီဈေးဝယ်စင်တာ အပါအဝင်ပေါ့..."

"ဟင်..."

ချန်ဖုန်း အနည်းငယ် အံ့အားသင့်သွားရပေ၏။

အဲလစ်ဇဘက်ရဲ့ စီးပွားရေးလုပ်ငန်းတွေက ကျန်းနန်ဒေသအထိ တိုးချဲ့လာမယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။

အဲလစ်ဇဘက်က ကျေနပ်နေပုံရသည်။

"တခြားနိုင်ငံတွေမှာလည်း ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိသေးတယ်... ပြီးတော့ ရှန်ကွမ်ယွဲ့ အခု ကိုယ်ဝန်ရှိနေပြီဆိုတာကိုလည်း ငါ သိတယ်..."

"နောက်ဆုံးမှာတော့ နင် စစ်မြေပြင်ကနေ အနားယူပြီး သာမန်လူတစ်ယောက်ရဲ့ ဘဝဆီကို ပြန်သွားရမှာပဲလေ..."

"နင်သာ ပူးပေါင်းဖို့ သဘောတူသရွေ့... နင့်မှာ ဘယ်တော့မှ ပိုက်ဆံ မပြတ်သွားအောင် လုံလောက်တဲ့ ရန်ပုံငွေတွေ ငါ ပေးနိုင်တယ်..."

"ငါ့မှာ အခုရှိနေတဲ့ ပိုက်ဆံတွေကိုတောင် အကုန်သုံးနိုင်မယ် မထင်ဘူး..."

ချန်ဖုန်းက သူမကို စကားပြောစရာမဲ့စွာ ကြည့်လိုက်၏။

“ငါ့ကုမ္ပဏီက အခု တစ်နှစ်ကို ဘီလီယံရာချီပြီး အမြတ်ရနေတာ... အဲဒီပိုက်ဆံတွေနဲ့ ငါ့ဘဝတစ်သက်တာလုံး နေသွားလို့ ရတယ်... နောက်ဘဝအထိတောင် မကဘူး…”

"ငါ..."

အဲလစ်ဇဘက် စကားပြောစရာမဲ့ဖြစ်သွားပေ၏။

အခြေအနေက အဲဒီလို ဖြစ်ပုံရတယ်…

ငွေကြေးဖြင့် သူ့ကို ဆွဲဆောင်၍ မရနိုင်တော့ကြောင်း သူမ ရုတ်တရက် သဘောပေါက်သွားခဲ့ပြီး အမျိုးသမီးများဖြင့် သူ့ကို ဆွဲဆောင်ရန် ပို၍ပင် မဖြစ်နိုင်တော့ချေ။ ရှန်ကွမ်ယွဲ့ ကဲ့သို့သော လှပသည့် အမျိုးသမီးတစ်ဦးကို ဇနီးအဖြစ် ပိုင်ဆိုင်ထားသဖြင့် သူမကိုယ်တိုင်ပင် အလှတရားချင်း ယှဉ်လိုက်ပါက မှေးမှိန်သွားရပေသည်။

သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင်။

ပုံရိပ်တစ်ခုက ရုတ်တရက် လျှောက်လာခဲ့၏။ သူမမှာ ကျိုတိုမှ ကျန်းနန်အထိ သူ့နောက်သို့ တစ်လျှောက်လုံး လိုက်လာခဲ့သော ကျန်းနန်တွင် အချမ်းသာဆုံးသူဌေးဖြစ်သော ဝမ်ကျင်း၏ ဇနီး ဝမ်ကတော် ပင် ဖြစ်လေသည်။

ဝမ်ကတော်၏ အနောက်ဘက်တွင်။

ဝတ်စုံပြည့်ဝတ်ဆင်ထားသော သက်တော်စောင့် လေးငါးဦးခန့် ပါဝင်လာခဲ့ပေသည်။

"မစ္စတာချန်... နောက်ဆုံးတော့ ရှင့်ကို ရှာတွေ့သွားပြီပေါ့..."

ဝမ်ကတော်က အတော်လေး ယုံကြည်မှုရှိနေပုံရ၏။ သူမက ကျိုတိုတွင် ကြီးကြီးမားမား ပြဿနာ မရှာရဲသော်လည်း ဤနေရာမှာ ကျန်းနန် ဖြစ်ပြီး သူမ၏ ကိုယ်ပိုင်ပိုင်နက် ဖြစ်လေသည်။

"ခင်ဗျား ထပ်ရောက်လာပြန်ပြီလား..."

ချန်ဖုန်း မျက်မှောင်ကြုတ်လိုက်သည်။

‘တစ်ဖက်လူက တကယ်ကို မျှော့တစ်ကောင်လိုပဲ ငါ သွားတဲ့နေရာတိုင်းကို လိုက်လာတာပဲ…’

"ဟီးဟီး... မစ္စတာချန်... နင်က ငါ့သမီးရဲ့ ရောဂါကိုတောင် မကုသပေးရသေးဘူးလေ... သေချာပေါက် နင့်နောက်ကို ငါ လိုက်ရမှာပေါ့..."

ဝမ်ကတော်က မျက်လုံးမှေးကာ ပြောဆိုလိုက်၏။

"နင့်အတွက်ကြောင့် ကျိုတိုကနေ ကျန်းနန်ကို ငါ့သမီးကို ပြန်ခေါ်လာခဲ့တာ... တကယ်လို့ သူမကို တစ်ခုခု ဖြစ်သွားရင် နင် တာဝန်ကနေ လွတ်နိုင်မှာ မဟုတ်ဘူးနော်..."

All Chapters