← Chapters

အခန်း ၃၅၇

Vol. 36 Ch. 357

အခန်း ၃၅၇

Vol. 36 Ch. 357

အခန်း (၃၅၇) နင် ငါ့ကို ရိုက်တယ်ပေါ့လေ

ချန်ဖုန်းက လှောင်ပြောင်လိုက်၏။

"အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ"

ဝမ်ကတော်၏ ဒေါသများမှာ ထိန်းမရနိုင်အောင် ဖြစ်နေသည်မှာ ကြာပြီဖြစ်ကာ သူမ၏ မျက်နှာမှာ မှုန်မှိုင်းနေပေသည်။

"ချန်ဖုန်း... အခွင့်အရေးပေးနေတုန်း ယူထားနော် အရမ်း မမောက်မာနေနဲ့... ဒါက ကျန်းနန် ဆိုတာ မမေ့နဲ့"

မည်သို့ပင်ဆိုစေကာမူ သူမသည် ကျန်းနန်တွင် အချမ်းသာဆုံးသူဌေး၏ ဇနီးဖြစ်ပြီး ကျိုတိုတွင် သူမ မျက်နှာပျက်ခဲ့ရပြီး ဖြစ်လေ၏။

ဒီနေ့တော့ မျက်နှာပြန်ဆယ်နိုင်ဖို့ သူမ ဆုံးဖြတ်ထားပေသည်။

"အခု နင့်ကို ငါ အခွင့်အရေးတစ်ခု ပေးမယ်... လိမ္မာပါးနပ်စွာနဲ့ ဆေးလာကုပေးဖို့ ငါနဲ့ လိုက်ခဲ့... မဟုတ်ရင် ဒီကုန်တိုက်ကနေ နင် ဘယ်တော့မှ ထွက်သွားလို့ မရအောင် ငါ လုပ်ပစ်မယ်"

"အို"

ချန်ဖုန်း မျက်လုံးမှေးလိုက်၏။

ထို့နောက် သူမကို အေးစက်စွာ စိုက်ကြည့်ကာ သူက ပြောဆိုလိုက်သည်။

"ဒီကုန်တိုက်ကနေ ငါ ထွက်မသွားနိုင်အောင် မင်း ဘယ်လိုလုပ်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

"နင်..."

ဝမ်ကတော်၏ မျက်နှာမှာ ဖြူရော်သွားပေ၏။

အဆုတ်များ ပေါက်ကွဲထွက်မတတ် ဒေါသထွက်နေခဲ့လေသည်။

ဤနှစ်များတစ်လျှောက်လုံး ကျန်းနန်တွင် သူမ လိုချင်သမျှ အရာအားလုံးနီးပါး ရရှိခဲ့ပေ၏။

ချန်ဖုန်းကဲ့သို့သော သူမျိုးကို သူမ တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။

သူမသည် အလိုအလျောက် လက်ကိုမြှောက်ကာ ချန်ဖုန်း၏ မျက်နှာကို ဖြတ်ရိုက်ရန် ပြင်လိုက်သည်။

သို့သော် သူမ၏ လက်ဝါး ချန်ဖုန်းနှင့် မထိမီမှာပင် သူမ၏ မျက်စိရှေ့တွင် ဝေဝါးသွားသည်ကို ခံစားလိုက်ရ၏။

ကြီးမားသော လက်တစ်ဖက်က သူမဆီသို့ ရိုက်ချလာခဲ့သည်။

`ဖြန်း´ခနဲ အသံတစ်သံနှင့်အတူ ချန်ဖုန်း၏ လက်ဝါးက ဝမ်ကတော်၏ မျက်နှာပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားလေ၏။

ဤအခိုက်အတန့် ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။

၎င်းတို့က ဝမ်ကတော်ကို သိကြပေ၏။ သူမ၏ စိတ်သဘောထားနှင့် အဆင့်အတန်းမှာ ကျန်းနန်တွင် အတော်လေး နာမည်ကြီးလှသည်။

မည်သို့ပင်ဆိုစေကာမူ သူမက ကျန်းနန်ရဲ့ အချမ်းသာဆုံးသူဌေးရဲ့ ဇနီးပဲလေ။

သို့သော် လူအများရှေ့တွင် ဝမ်ကတော်၏ မျက်နှာကို တစ်စုံတစ်ယောက်က ရိုက်ရဲလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။

လူတိုင်း အလွန်အမင်း တုန်လှုပ်သွားကြပေကာ

သူတို့၏ မျက်နှာများမှာ လုံးဝ ပြာယာခတ်သွားကြသည်။

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် အရပ်မျက်နှာ အသီးသီးသို့ ပြေးလွှားသွားကြလေ၏။

၎င်းတို့ အနေဖြင့် ပြဿနာတက်မည်ကို ကြောက်ရွံ့နေကြခြင်းပင်။

အပြင်ဘက်မှ ဆူညံသံများကြောင့် ရှန်ကွမ်ယွဲ့နှင့် ချန်ဟွေတို့လည်း အပြင်သို့ ထွက်လာခဲ့ကြသည်။

"ဘာဖြစ်တာလဲ"

ရှန်ကွမ်ယွဲ့က မျက်မှောင်ကြုတ်လိုက်၏။

သူမသည် အလိုအလျောက်ပင် ချန်ဟွေကို သူမ၏ အနောက်တွင် ကွယ်ကာထားလိုက်သည်။

ချန်ဖုန်းက ပြုံးလျက် ပြောဆိုလိုက်ပေသည်။

"ဘာမှမဖြစ်ပါဘူး... ခုနက ခွေးကိုက်ခံရမလို့ ဖြစ်သွားတာ... အဝတ်အစားတွေ ဝယ်ပြီးပြီလား"

"အင်း"

ရှန်ကွမ်ယွဲ့က ခေါင်းညိတ်လိုက်၏။

၎င်းတို့က ဤကိစ္စကို နှလုံးသွင်းမနေခဲ့ကြချေ။

စစ်မြေပြင်နှင့် နှိုင်းယှဉ်ပါက ၎င်းတို့ရှေ့ရှိ မြင်ကွင်းမှာ ပင်လယ်ထဲမှ ရေတစ်စက်မျှသာ ဖြစ်ပေသည်။

"ဒါဆိုလည်း သွားကြရအောင်"

ချန်ဖုန်းသည် ဝမ်ကတော်ကို လုံးဝ လျစ်လျူရှုလိုက်သည်။

သူတို့က ရှန်ကွမ်ယွဲ့တို့နှင့်အတူ ထွက်ခွာရန် ပြင်လိုက်ချိန်မှာပင် ဝမ်ကတော် နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့၏။

သူမ အလွန်အမင်း ဒေါသထွက်သွားပေသည်။

ယခင်က တစ်ခါမျှ မခံခဲ့ရဖူးသော စော်ကားမှုကို ခံလိုက်ရသကဲ့သို့ ဖြစ်နေ၏။

ဤနှစ်များတစ်လျှောက်လုံး။

သူမတွင် ဆိုးရွားသော ဒေါသရှိသော်လည်း ကျန်းနန်အချမ်းသာဆုံးသူဌေး ဝမ်ကျင်း ပင်လျှင် သူမကို မရိုက်ရက်ခဲ့ချေ။

ယခုအခါ သူမသည် ချန်ဖုန်း၏ မျက်နှာဖြတ်ရိုက်ခြင်းကို လူအများရှေ့တွင် ခံလိုက်ရလေပြီ။

သူမ၏ မျက်နှာမှာ ချက်ချင်းပင် ရောင်ကိုင်းလာခဲ့၏။

ဝမ်ကတော်သည် သူမကိုယ်သူမ ပိုမိုလှပပြီး နုပျိုစေရန် အသားအရေထိန်းသိမ်းမှုအတွက် တစ်နှစ်လျှင် အနည်းဆုံး ယွမ် ခုနစ်သန်း ရှစ်သန်းခန့် သုံးစွဲလေ့ရှိပေသည်။

အခုတော့ သူမမျက်နှာ ဘယ်ဘက်ခြမ်းက ဝက်ခေါင်းလို ရောင်ကိုင်းနေပြီလေ။

"နင်က ငါ့ကို ရိုက်ရဲတယ်ပေါ့လေ... နင်က သေလမ်းရှာနေတာပဲ"

ဝမ်ကတော်မှာ ဒေါသကြောင့် ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေခဲ့သည်။

"သူ့ကို သတ်... သူ့ကို သတ်ကြစမ်း"

သူမနောက်ရှိ သက်တော်စောင့်များစွာသည် ချန်ဖုန်းဆီသို့ ပြေးဝင်သွားကြလေ၏။

...

တစ်ချိန်တည်းမှာပင်။

ဝမ်ကျင်းသည်လည်း ကျန်းနန်သို့ ပြန်လည်ရောက်ရှိလာခဲ့ပေသည်။

သူသည် သမီးဖြစ်သူ၏ ကုတင်ဘေးတွင် ထိုင်နေခဲ့၏။

ပြီးခဲ့သည့်အကြိမ်က ဆရာဝန်ကြီး မြောင်ရန်က သူ၏သမီးကို အပ်စိုက်ကုသပေးပြီးနောက် လဝက်အတွင်း ချန်ဖုန်းသာ လာရောက်ကုသပေးပါက သမီးဖြစ်သူ နိုးလာလိမ့်မည်ဟု ပြောခဲ့ပေသည်။

တစ်နည်းဆိုရသော် သမီးဖြစ်သူသည် လဝက်သာ ခံနိုင်မည် ဖြစ်၏။

အကယ်၍ ချန်ဖုန်းကို ပြန်လည်ခေါ်ဆောင်လာနိုင်ခြင်း မရှိပါက သူ၏သမီး ဘယ်သောအခါမှ ပြန်လည်နိုးထလာနိုင်တော့မည် မဟုတ်ချေ။

"သခင်ကြီး"

ထိုအချိန်၌ အိမ်တော်ထိန်းသည် သူ၏လက်ထဲတွင် စာရွက်စာတမ်းတစ်ခုကို ကိုင်ဆောင်ကာ ဝင်လာခဲ့ပြီး ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်သည်။

"သခင်ကြီး စုံစမ်းခိုင်းတဲ့လူရဲ့ အချက်အလက်တွေကို ကျွန်တော် ရှာဖွေပြီးပါပြီ... ဒါက ပြည့်စုံမှုရှိမရှိတော့ ကျွန်တော် မသိဘူး"

"ငါ့ကို ပြစမ်း"

ဝမ်ကျင်းသည် စာရွက်စာတမ်းကို ဂရုတစိုက် စစ်ဆေးကြည့်ရှုလိုက်၏။

စုံစမ်းစစ်ဆေးမှုမှာ ချန်ဖုန်းအကြောင်းပင် ဖြစ်ပေသည်။ သူ ကျိုတိုတွင် ရှိနေစဉ်က ဤကဲ့သို့သော စုံစမ်းစစ်ဆေးမှုမျိုး တစ်ကြိမ် ပြုလုပ်ခဲ့ဖူးသော်လည်း ထိုအချိန်က ရိုးရှင်းသော အချက်အလက်များသာ ဖြစ်ခဲ့သည်။

သို့သော် ယခုအခါတွင်

သာမန်လူများ မသိနိုင်သော အချက်အလက်များကို ရှာဖွေရန် သူတို့က အထူး လမ်းကြောင်းအချို့ကို အသုံးပြုခဲ့ကြခြင်း ဖြစ်၏။

ပထမစာမျက်နှာကို မြင်ချိန်တွင် သူ တည်ငြိမ်နေခဲ့ပေသည်။

ရုပ်ရှင်ကုမ္ပဏီရဲ့ နောက်ကွယ်က သူဌေး..

ဆေးဝါးကုမ္ပဏီရဲ့ နောက်ကွယ်က သူဌေး…

လေကြောင်းလိုင်းရဲ့ ရှယ်ယာရှင်...

ထျန်ဖုန်းလုပ်ငန်းစုရဲ့ နောက်ကွယ်က သူဌေး...

...

ဤအမှတ်အသားများသည် သူ့ကို အလျင်အမြန် ကျော်တက်သွားပုံရပေ၏။ အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပါက နှစ်ကုန်ပိုင်းတွင် ချန်ဖုန်း၏ အသားတင်ပိုင်ဆိုင်မှုသည် သူ့ထက်ပင် သာလွန်သွားနိုင်လေသည်။

အဓိကအချက်မှာ တစ်ဖက်လူသည် ထင်ရှားကျော်ကြားလာသည်မှာ တစ်နှစ်ပင် မပြည့်သေးခြင်း ဖြစ်ပေသည်။

ပြီးတော့ သူ့ရဲ့ ကိုယ်ပိုင်ချမ်းသာကြွယ်ဝမှုက

ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းလာခဲ့ရတာလေ။

တစ်ဖက်လူက ဤမျှ မောက်မာနေသည်မှာ အံ့သြစရာ မရှိချေ။ သူက မည်သို့ပင် လုပ်ဆောင်စေကာမူ သူ၏သမီးရောဂါကို ကုသပေးရန် သူ့ကို ဖျောင်းဖျ၍ မရနိုင်ခဲ့ပေ။

ဒုတိယစာမျက်နှာကို ဝမ်ကျင်း မြင်လိုက်ချိန်တွင် သူ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားလေ၏။

သူသည် ထိုင်ခုံမှ ဝုန်းခနဲ ခုန်ထလိုက်သည်။

သူ၏ မျက်နှာတွင်လည်း ထိတ်လန့်မှုများ ပြည့်နှက်သွားတော့၏။

စစ်ဘက်ဆိုင်ရာဌာနရဲ့ နည်းပြချုပ်…

စစ်မြေပြင်မှာ မရေမတွက်နိုင်တဲ့ ရန်သူတွေကို သတ်ဖြတ်ခဲ့ပြီး တိုက်ပွဲအခြေအနေကို ပြိုင်ဘက်ကင်းတဲ့ ခွန်အားနဲ့ ပြောင်းလဲပစ်ခဲ့ဖူးတယ်...

ဟွာရှနိုင်ငံအတွက် ပထမအဆင့် ဂုဏ်ပြုဆုကို ရရှိခဲ့တယ်...

နိုင်ငံဆယ်ခု မဟာမိတ်တပ်ရဲ့ အဆင့်မြင့် စစ်သည် မရေမတွက်နိုင်အောင်ကို သူ တစ်ယောက်တည်း ခြေမှုန်းခဲ့ဖူးတယ်…

...

ဤသတင်းအချက်အလက်များသည် ဝမ်ကျင်းကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ရိုက်ခတ်သွားလေ၏။

ရေခဲတိုက်ထဲသို့ ကျရောက်သွားသကဲ့သို့ သူ့ကို ခံစားလိုက်ရစေသည်။

သူ့မှာ အလွန်အမင်း ကြောက်ရွံ့မှုများ ပြည့်နှက်သွားတော့၏။

တစ်ဖက်လူက ချမ်းသာရုံသက်သက်သာဆိုပါက သူ ဤမျှလောက် ကြောက်ရွံ့နေမည် မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ သူ၏ ကိုယ်ပိုင် အခြေခံအုတ်မြစ်မှာလည်း မဆိုးလှပေ။

အဓိကပြဿနာမှာ ချန်ဖုန်း၏ အမှတ်အသားများသည် ဟွာရှအစိုးရ၏ နယ်ပယ်ထဲသို့ ဝင်ရောက်နေပြီဖြစ်ရာ သူ့ကို မည်သို့ စော်ကားရဲမည်နည်း။

ထိုအချိန်၌ ဝမ်ကျင်း ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားကာ မေးလိုက်သည်။

"ဝမ်ကတော်ရော ဘယ်မှာလဲ"

"လွန်ခဲ့တဲ့ မိနစ်နှစ်ဆယ်လောက်က ဝမ်ကတော်က သက်တော်စောင့် နည်းနည်းကို ခေါ်ပြီး အပြင်ထွက်သွားတယ်... သခင်မလေးရဲ့ ရောဂါကို ကုသဖို့ တစ်ယောက်ယောက်ကို ရှာတွေ့သွားပုံရတယ်"

အိမ်တော်ထိန်း ပြောသည်ကို ကြားလိုက်ရချိန်တွင်…

ဝမ်ကျင်း ကြက်သီးမွေးညင်းများ ထသွားပေ၏။ သူ၏ ဇနီးအကြောင်းကို သူ သိထားသဖြင့် တစ်ဖက်လူမှာ ချန်ဖုန်းထံသို့ သွားခြင်းဖြစ်ကြောင်း သေချာနေပေသည်။

‘နည်းပြချုပ်ချန်ဆီကို သွားတာပဲ…’

‘ချီးပဲ…’

ဝမ်ကျင်း အလွန်အမင်း စိုးရိမ်ပူပန်သွားတော့၏။

သူ၏ဇနီးနှင့် ချန်ဖုန်းတို့ အဆင်မပြေဖြစ်သွားသည်နှင့် တစ်ပြိုင်နက်။

သူ၏ ဇနီးအသက်အန္တရာယ် ရှိနေရုံသာမကဘဲ ဝမ်မိသားစု၏ စီးပွားရေးကိုပါ ခြိမ်းခြောက်လာနိုင်ပေသည်။

ဝမ်ကတော်ထံသို့ သူ ချက်ချင်း ဖုန်းခေါ်ဆိုလိုက်သည်။

သို့သော် အကြိမ်ပေါင်းများစွာ ခေါ်ဆိုပြီးနောက် မည်သူမျှ ဖုန်းမကိုင်ခဲ့ချေ။

ထို့နောက် တည်နေရာကို ရှာဖွေရန် ၎င်းတို့၏ မိုဘိုင်းဖုန်းများကို အသုံးပြုလိုက်ကြ၏။

ထိုသို့ဖြင့် ဝမ်ကတော်၏ တိကျသော တည်နေရာကို ရှာဖွေတွေ့ရှိသွားလေသည်။

"မြန်မြန်... ကုန်တိုက်ကို ငါနဲ့ လိုက်ခဲ့"

ဝမ်ကျင်းသည် စကားတစ်ခွန်းမျှ ထပ်မပြောတော့ဘဲ အပြင်ဘက်သို့ တိုက်ရိုက် ပြေးထွက်သွားတော့သည်။

ထိုအချိန်၌ ကုန်တိုက်အပြင်ဘက်တွင်။

သူမ ခေါ်ဆောင်လာသော သက်တော်စောင့်များက ချန်ဖုန်းကို တားဆီးထားနိုင်မည်ဟု ဝမ်ကတော် မူလက ထင်မှတ်ထားခဲ့ပေ၏။

ရလဒ်အနေဖြင့် တစ်မိနစ်ပင် မကြာလိုက်ချေ။

သက်တော်စောင့် ငါးဦးစလုံး မြေပြင်ပေါ်တွင် လဲကျနေကြလေပြီ။

ညည်းတွားသံများ ဆက်တိုက် ထွက်ပေါ်နေ၏။

သူမ ဆွံ့အသွားခဲ့ပေသည်။

လုံးလုံးလျားလျား အံ့အားသင့်သွားခြင်းပင်။

ဤသက်တော်စောင့်များကို ကြေးစားအဖွဲ့အစည်းများမှ ရွေးချယ်ထားခြင်းဖြစ်ပြီး အလွန် စွမ်းဆောင်ရည် မြင့်မားကြလေသည်။

သို့သော်လည်း ယခုအခိုက်အတန့်တွင် ထိုကောင်များက ချန်ဖုန်း၏ လက်ထဲ၌ တစ်မိနစ်ပင် မခံနိုင်ခဲ့ချေ။

"မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး"

ဝမ်ကတော်သည် မသိစိတ်ဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်၏။

‘ချန်ဖုန်းက ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နေရတာလဲ...

သူက ဆရာဝန် တစ်ယောက် မဟုတ်ဘူးလား...

သူက ကုမ္ပဏီသူဌေး မဟုတ်ဘူးလား…’

‘သက်တော်စောင့်တွေက သူ့ကို အလျှော့ပေးလိုက်တာလား…’ ဟု သူမ စိတ်ထဲ အတွေးပေါင်းများစွာ ဝင်လာတော့သည်။

အထူးသဖြင့် ချန်ဖုန်း၏ ပုံရိပ် တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်သောအခါ ကြောက်ရွံ့မှုကြောင့် သူမ၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်နေခဲ့ပေသည်။

"နင်... နင် ဝေးဝေးနေစမ်း"

ထိုအချိန်၌ ဝမ်ကျင်းက သူ၏လူများနှင့်အတူ အလျင်အမြန် ပြေးလာသည်ကို ဝမ်ကတော် ရုတ်တရက် မြင်တွေ့လိုက်ရ၏။

သူမ၏ ရင်ထဲတွင် ဝမ်းသာမှုတစ်ခု လွှမ်းမိုးသွားလေသည်။

သူမက အသက်ကယ်ကြိုးတစ်ချောင်းကို ဆုပ်ကိုင်မိလိုက်သကဲ့သို့ ဖြစ်သွားပြီး သူမ၏ ယုံကြည်မှုများကို ပြန်လည်ရရှိသွားကြပေသည်။

"ယောကျ်ား... ချန်ဖုန်းက အရမ်း ကျေးဇူးကန်းတာပဲ... သူ့ကို ရှင် ပညာပေးမှ ရမယ်..."

ဖြန်း…

ဝမ်ကတော် စကားပင် မဆုံးသေးချေ။

ဝမ်ကျင်းက သူမ၏ မျက်နှာကို ပြင်းထန်စွာ ဖြတ်ရိုက်လိုက်လေ၏။

သူမ၏ ရောင်ကိုင်းနေသော မျက်နှာသည် ပို၍ပင် ရောင်ကိုင်းလာခဲ့သည်။

သူမ လုံးလုံးလျားလျား ဆွံ့အသွားတော့၏။

"ရှင်... ရှင်လည်း ကျွန်မကို ရိုက်တယ်ပေါ့လေ..."

---

All Chapters