အခန်း (၁၅၁-၁၅၂)
Vol. 14 Ch. 151-152
အပိုင်း (၁၅၁) ထိပ်ဖြူနံစော်ဖျံ။
ဟုန်ရှောင်ပေါင်၏ သဘောပေါက် နားလည်နိုင်စွမ်းက မဆိုးလှချေ။ အဘိုးက အချက်အနည်းငယ် ညွှန်ကြားလိုက်သည်နှင့် မည်သို့ လုပ်ရမည်ကို သိရှိသွားခဲ့သည်။ အစားအစာ ဇလုံကြီးကို မြေပြင်ပေါ်တွင် ချလိုက်ပြီး အနည်းငယ်ကို ဖယ်ထုတ်၍ ဘေးနားတွင် ထားလိုက်၏။ ထို အနည်းငယ်သော အစားအစာကို လက်ညှိုးထိုးပြလျက် ပြောလိုက်သည်။ "ဒါက မင်းဟာ...။"
ဝူး...။
ထိပ်ဖြူ ခွေးတူဝက်တူကြီးက သိသာထင်ရှားစွာပင် နားလည်သွား၏။ ရုန်းကန် ထရပ်ပြီး ထို အနည်းငယ်ကို တစ်လုတ်တည်း ဝါးမြိုလိုက်သည်။ ထိုအခိုက် ချက်ချင်းပင်... မျက်နှာတစ်ခုလုံး တစ်ခုလုံး ပြောင်းလဲသွားသည်။ ဤသည်က ၎င်း တစ်သက်တာတွင် စားဖူးသမျှ အရသာ အရှိဆုံးသော အစားအစာ ပင်ဖြစ်၏။ ထို့အပြင် မိစ္ဆာသားရဲတို့၏ အာရုံခံစားမှုအရ ဤအရာက သူ့အတွက် အလွန်တရာ ကြီးမားသော အကျိုးကျေးဇူးများ ရှိနေကြောင်း သိသာထင်ရှားစွာပင် ခံစားမိလိုက်၏။
ဝူး ...။
သူက နောက်တစ်ကြိမ် သွားများကို ဖြီးပြလိုက်ပြီး မျက်လုံးများက ဝံပုလွေတစ်ကောင်ပမာ ဆိုးရွား ပြင်းထန်စွာဖြင့် ထို ဟင်းဇလုံကြီးကို စိုက်ကြည့်လိုက်သည်။
ဖြန်း ...။
ဟုန်ရှောင်ပေါင်က ၎င်း၏ မျက်နှာကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ "သွားဖြီးရဲသေးတယ်ပေါ့။ မင်း သွားဖြီးရဲသေးတယ်ပေါ့။ မင်း သွားဖြီးရဲသေးတယ်ပေါ့...။"
စကားတစ်ခွန်း ပြောလိုက်တိုင်း လက်ဝါး တစ်ချက် ရိုက်ချခြင်းပင်။ ထိပ်ဖြူ ခွေးတူဝက်တူကြီးမှာ ရိုက်နှက်ခံရလွန်း၍ မင်သက် ကြောင်အ သွားတော့၏။
အချက်ပေါင်း ဆယ်နှင့်ချီ၍ ရိုက်နှက်လိုက်ရာ ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ မျက်နှာပင် ဖောင်းကြွ လာတော့သည်။
ထိုအခါမှ ဟုန်ရှောင်ပေါင်က ရိုက်နှက်ခြင်းကို ရပ်တန့်လိုက်၏။ "ဆိုးရဲသေးလား။"
ဝူး...။
ထိပ်ဖြူ ခွေးတူဝက်တူကြီးမှာ တကယ်ကို မခံမရပ်နိုင်အောင် ဝမ်းနည်းသွားခဲ့ပြီ ဖြစ်သည်။ ထူထဲသော လက်ဝါးကြီးဖြင့် ရိုက်နှက်ခံထားရ၍ ဖောင်းကြွနေသည့် မျက်နှာကို ပွတ်သပ်လိုက်၏။ "ဝူး...။"
"ဘယ်သူက မင်းကို ဒီလိုဆိုးခိုင်းလို့လဲ" ဟုန်ရှောင်ပေါင်က လက်ခုပ်တီးလိုက်ပြီး ထို ဟင်းဇလုံကို မြေပြင်ပေါ်တွင် ချထားခဲ့ကာ ပစ္စည်းများကို သွားရောက် သိမ်းဆည်းတော့၏။ ကျောပိုးအိတ်ကြီးက သူ့အတွက် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ရာ၊ ထိပ်ဖြူ ခွေးတူဝက်တူကြီးကို လွယ်ခိုင်းမည် ဆိုပါက သေချာပေါက် အနည်းငယ် ပြုပြင် ပြောင်းလဲရပေမည်။ ထို့အပြင် သူ မရှိသည့်အချိန်တွင် ဤကောင်ကြီးက မခံမရပ်နိုင် ဖြစ်ပြီး ခိုးစား၊ မစားကိုလည်း ဟုန်ရှောင်ပေါင် သိချင်နေခဲ့သည်။
ဟုန်ရှောင်ပေါင်က ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ အရှေ့မှ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ၎င်းက ချက်ချင်းပင် ဂဏာမငြိမ် ဖြစ်လာခဲ့၏။ ရုတ်တရက် ရုန်းကန် ထရပ်ပြီး တီးတိုး အော်မြည်ကာ ထို ဟင်းဇလုံကြီးအပေါ်သို့ ခုန်အုပ်ရန် အကြိမ်အနည်းငယ် ကြိုးစားခဲ့၏။
သို့ပေမည့် ယခု သူ၏အမြင်တွင် ဤ အစားအစာ ပုံကြီးမှာ အစွယ်များ ထုတ်ဖော်ကာ လက်သည်းများကို ဖြန့်ကျက်ထားသည့် ဘီလူး သရဲကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေ၏။ ၎င်းကိုယ်တိုင်ကလည်း သမိုင်းတစ်လျှောက်တွင် စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု အကြွယ်ဝဆုံးသော ထိပ်ဖြူ ခွေးတူဝက်တူကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့တော့သည်။
ဟုန်ရှောင်ပေါင်သည် ကျောပိုးအိတ်ကြီးကို ပြုပြင် ပြောင်းလဲပြီး ပြန်ရောက်လာသည့် အချိန်တွင် ထိပ်ဖြူ ခွေးတူဝက်တူကြီးမှာ ထိုနေရာ၌ လွန်ဆွဲ တွေဝေနေဆဲ ဖြစ်၏။
ဟုန်ရှောင်ပေါင်က အလွန်တရာ ကျေနပ်သွားပြီး ပြောလိုက်သည်။ "စွမ်းဆောင်ရည် မဆိုးဘူးပဲ... စားတော့။"
ပြောရင်း ဟင်းဇလုံ တစ်ခုလုံးကို ၎င်း၏ အရှေ့သို့ တွန်းပို့ပေးလိုက်၏။
ထိပ်ဖြူ ခွေးတူဝက်တူကြီးမှာ အနည်းငယ် မယုံကြည်နိုင်သေးသကဲ့သို့ အကြိမ်အနည်းငယ်မျှ အတည်ပြု စစ်ဆေးလိုက်သည်။ ယခုတစ်ခေါက် အမှန်တကယ် စား၍ရပြီ ဖြစ်ကြောင်း သေချာသွားသောအခါမှသာ ဟင်းဇလုံ အပေါ်သို့ ပြင်းထန်စွာ ခုန်အုပ်လိုက်တော့သည်။
ဟုန်ရှောင်ပေါင်က ကြည့်ရှုရင်း အနည်းငယ် ကြောင်အသွားသည်။
ဒါကို စားတယ်လို့ မခေါ်ဘူးလေ။ ဒါက လုံးဝကို မြိုချတာကြီးပဲ...။ တစ်လုတ်ပြီးတစ်လုတ် ကြီးမားတဲ့ ပါးစပ်ကြီးနဲ့ တည့်တည့်မတ်မတ် မြိုချပစ်တာကြီးပဲ...။
ခဏအတွင်းမှာပင် ဇလုံမှာ ပြောင်စင်သွားခဲ့ပြီ ဖြစ်၏။ အလွတ် ဖြစ်သွားသည့် ဇလုံကြီးသာ မြေပြင်ပေါ်တွင် ခလွင်... ခလွင်... ဆိုသော အသံများနှင့် လည်ပတ်နေခဲ့သည်။
"အရမ်း စွမ်းတာပဲ … ဒီကောင်ကြီး။" ဟုန်ရှောင်ပေါင်က တအံ့တဩ ပြောလိုက်၏။ ထိုအခါမှ ကျောပိုးအိတ်ကို ယူဆောင်လာပြီး ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ခန္ဓာကိုယ်အပေါ်တွင် ချည်နှောင်လိုက်သည်။ လူတစ်ယောက် ကဲ့သို့သော ကျောပိုးအိတ် ကြိုးနှစ်ချောင်းကို ၎င်း၏ အရှေ့လက်သည်း နှစ်ဖက်တွင် စွပ်လိုက်ပြီး၊ ဗိုက်ကို ချည်နှောင်သည့် ကြိုးနှစ်ချောင်းကိုလည်း အရှေ့နှင့် အနောက် ချည်နှောင်လိုက်၏။ ဟုန်ရှောင်ပေါင်က အနည်းငယ် စမ်းသပ် ကြည့်လိုက်၏။
မြဲမြံ သေချာသွားပြီပဲ။
ထိုအခါမှသာ ပျော်ပျော်ရွှင်ရွှင်ဖြင့် ဆိုင်တံခါးကို ပိတ်ကာ ထွက်ခွာလာခဲ့တော့သည်။
တစ်နေကုန် အလုပ်ရှုပ်နေခဲ့ရာ ယခုအခါ မိုးချုပ်လုနီးပါး ဖြစ်နေပြီ ဖြစ်၏။ အကယ်၍သာ သာမန် သေမျိုးများ၏ မြို့တော် ဖြစ်ခဲ့လျှင် လမ်းမပေါ်တွင် နာရီ တုံးရိုက်သူနှင့် ကင်းလှည့်သူများမှလွဲ၍ အခြား မည်သူ့ကိုမျှ တွေ့မြင်ရတော့မည် မဟုတ်ချေ။ လေယင်မြို့တော်သည် သိုင်းကျင့်ကြံသူတို့၏ မြို့တော် ဖြစ်သည်ဟု ဆိုသော်ငြား ကေတီဗီတို့၊ အင်တာနက် ဆိုင်တို့ ကဲ့သို့သော နေရာများ မရှိသည့်အတွက် အလွန်တရာ တိတ်ဆိတ် ခြောက်ကပ်နေခဲ့၏
ဤသည်က ဟုန်ရှောင်ပေါင်၏ ဆန္ဒနှင့် ကိုက်ညီသွားခဲ့၏။ ထိပ်ဖြူ ခွေးတူဝက်တူကြီးကို ခေါ်ဆောင်လာရာ သူ မည်သည့်နေရာကိုပဲ သွားသွား အာရုံစိုက်ခံရမဲ့ အချက်အချာ ဖြစ်နေမည်မှာ သေချာလှသည်။ လူနည်းသည်က ပိုကောင်းသည်။
ထိပ်ဖြူ ခွေးတူဝက်တူကြီးသည် ကျောပေါ်ရှိ အိတ်ကြီးကို အလွန်တရာ မုန်းတီးနေပုံ ရသည်။ တစ်သက်လုံး အင်္ကျီမပါဘဲ နေထိုင်လာခဲ့ရာ ယနေ့မှ ဤကဲ့သို့သော ပစ္စည်းကြီးကို စွပ်ထားရသဖြင့် သေချာပေါက် သက်သောင့်သက်သာ မရှိလှချေ။ သို့ပေမည့် ဟုန်ရှောင်ပေါင်၏ ခြိမ်းခြောက်နေသော မျက်လုံးများကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် လိမ္မာစွာ လမ်းလျှောက်လာခဲ့ရသည်။ သို့သော်ငြား လမ်းတစ်လျှောက်လုံးတွင် ခန္ဓာကိုယ် ယားယံနေသကဲ့သို့ အဆက်မပြတ် လှုပ်ရွ ဂဏာမငြိမ် ဖြစ်နေခဲ့၏။
"အု... အု...။"
ရတနာဝက်ဝံလေးက ထိပ်ဖြူ ခွေးတူဝက်တူကြီးကို လက်ဝါးဖြင့် နှစ်ချက် လှမ်းရိုက်လိုက်သည်။ အကြောင်းရင်းမှာ ၎င်းက အမြဲတမ်း တွန့်လိမ် လှုပ်ရှားနေသဖြင့် ထိုင်ရတာ သက်သောင့်သက်သာ မရှိသောကြောင့်ပင်။
လေယင်မြို့တော်၏ ညဘက်တွင် လူရှိနေသေးသည့် နေရာကို ပြောပြပါ ဆိုလျှင် အနောက်ဘက် ဈေးတန်းပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ညဘက်တွင် မိစ္ဆာသားရဲများ နည်းပါးသွားတတ်ရာ သိုင်းကျင့်ကြံသူ အများအပြား က ညဘက် မြို့ပြင်ထွက်ရန် ရွေးချယ်တတ်ကြသောကြောင့် ဖြစ်သည်။
လူရှိလျှင် အရောင်းအဝယ် ရှိစမြဲ ဖြစ်ပြီး၊ အရောင်းအဝယ် ရှိလျှင် ဈေးကွက် ရှိလာစမြဲပင်။ ထို့ကြောင့် အနောက်ဘက် ဈေးတန်းသည် တိတ်ဆိတ် ခြောက်ကပ်နေသည် ဆိုသော်ငြား လူအမြောက်အမြား ရှိနေသေး၏။
သိုင်းကျင့်ကြံသူတို့ တောင်တန်းအတွင်းသို့ ဝင်ရောက်ကာ ရတနာ ရှာဖွေကြရာတွင် ပေါ့ပါး ရိုးရှင်းစွာ သွားလာတတ်ကြ၏။ ဟုန်ရှောင်ပေါင်ကဲ့သို့ ဤမျှ ကြီးကျယ် ခမ်းနားသော ခရီးဆောင် အိတ်မျိုး မည်သူ့မှာ ရှိပါမည်နည်း။ သဘာဝကျကျပင် လမ်းတစ်လျှောက်လုံးတွင် အံ့ဩနေသည့် အကြည့်အမြောက်အမြားဖြင့် ဝိုင်းဝန်း ကြည့်ရှုခြင်းကို ခံလိုက်ရသည်။
စီးပွားရေးလုပ်ရန် စောင့်ဆိုင်းနေသော ကုန်သည် အချို့မှာလည်း သက်ပြင်းချလိုက်ကြ၏။ သူတို့က ထောက်ပံ့ရေး ပစ္စည်းများကို ဝယ်သူများ ဖြစ်ကြရာ ဟုန်ရှောင်ပေါင်၏ ဤပုံစံကို ကြည့်ရုံနှင့်ပင် ရောင်းဖို့မဆိုနှင့် သူတို့ထံမှ မဝယ်လျှင်တောင် တော်လှပြီ ဖြစ်ကြောင်း သိလိုက်ကြ၏။
ဟုန်ရှောင်ပေါင်က မူလက တည့်တည့် ဖြတ်လျှောက်သွားမည်ဟု စဉ်းစားထားခဲ့ခြင်း ဖြစ်၏။ သို့ပေမည့် တစ်နေရာတည်းတွင် စုရုံးနေသော လူအနည်းငယ်က ဟုန်ရှောင်ပေါင်၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
ထိုသုံးဦးစလုံးသည် အမည်းရောင် ဝတ်စုံကျပ်များကို ဝတ်ဆင်ထားကြပြီး လက်နက်နှင့် ရိက္ခာပစ္စည်း အိတ်ကြီး အနည်းငယ်ကို လွယ်ထားကြ၏။ တစ်ချက် ကြည့်လိုက်ရုံနှင့် တိကျသော ရည်မှန်းချက် ရှိပြီး တောအုပ်အတွင်း၌ ရက်အတော်ကြာ နေထိုင်မည့် သူများ ဖြစ်ကြောင်း သိနိုင်၏။
ဟုန်ရှောင်ပေါင်က လမင်းပြာ တောင်တန်းဆီသို့ သွားရောက် ရှာဖွေမည့် ပစ္စည်းမှာ တစ်မျိုးတည်း မဟုတ်ချေ။ ထို့ကြောင့် သတင်းအနည်းငယ် စုံစမ်းရန် တွေးတောလျက် လျှောက်သွားလိုက်စည်။
"စစ်သည်အင်အားက အရေအတွက်ထက် အရည်အချင်းက ပိုအရေးကြီးတယ်။ အခု ငါတို့ရဲ့ လူအင်အားက လုံလောက်နေပြီ။ ကိရိယာ ပစ္စည်းတွေကလည်း အသင့် ဖြစ်နေပြီ။ အဲဒီ လေမည်းကျားသစ် ကို သေချာပေါက် သတ်ဖြတ်နိုင်လိမ့်မယ်။"
"အဲဒီ လေမည်းကျားသစ်က နည်းနည်း ထူးဆန်းတယ်။ အားလုံး ပေါ့ဆလို့ မဖြစ်ဘူးနော်။"
"အခု ပြဿနာက ဒီ ရိက္ခာပစ္စည်းတွေပဲ။ ဒီပစ္စည်းတွေက များလွန်းနေတယ်...။"
ဇာတ်မင်းသား ဝတ်စုံနှင့် လူက ပြောနေစဉ်မှာပင် ရုတ်တရက် မှင်သက်သွား၏။ "အလို... အစ်ကိုကြီး ဟိုမှာ ကြည့်စမ်း။ ခွေးတူဝက်တူကြီး တစ်ကောင်... အရမ်း ကြီးမားတဲ့ ခွေးတူဝက်တူကြီး တစ်ကောင်ပဲ။"
လူအနည်းငယ်၏ အကြည့်များက ပထမဆုံအချိန်မှာပင် ထိပ်ဖြူ ခွေးတူဝက်တူကြီးအပေါ်သို့ ကျရောက်သွားကြ၏။ ၎င်း လွယ်ထားသည့် ကျောပိုးအိတ်ကြီးကို ကြည့်ရှုပြီးမှ ဟုန်ရှောင်ပေါင်ကို ကြည့်လိုက်ကြသည်။
"ဒီကောင်က မင်းဟာလား။"
နဖူးပေါ်တွင် အမည်းရောင် အဝတ်စ ချည်နှောင်ထားသည့် လူမိုက်ကြီးက မျက်မှောင်ကြုတ်လျက် မေးလိုက်၏။ သေသေချာချာ ထပ်မံ ကြည့်ရှုပြီးနောက် ပြောလိုက်သည်။ "ပထမအဆင့် မိစ္ဆာသားရဲ 'ထိပ်ဖြူ နံစော်ဖျံ' ပါလား။ အင်း... ဒီကောင်တော့ အသုံးတည့်လောက်တယ်။"
"ထိပ်ဖြူ နံစော်ဖျံ လား။"
ကျန်နှစ်ဦးမှာ အနည်းငယ် ကြောင်အသွားကြပြီး တစ်ခုခုကို သဘောပေါက်သွားပုံ ရသည်။ လူတစ်ယောက်က တွေဝေစွာ ပြောလိုက်၏။ "အစ်ကိုကြီး ... သူ့ကို အထုပ်သယ်ခိုင်းတာက ရတော့ ရပေမယ့် ဒီကောင်ကြီးက အရမ်း နံစော်လွန်းတယ်ဗျ။ ပြီးတော့ လွယ်လွယ်နဲ့ စိတ်လှုပ်ရှားတတ်တယ်။ စိတ်လှုပ်ရှားရင် အီးပေါက်တတ်တယ်။ အဲဒီ အနံ့ကြီးနဲ့... အဲဒီအချိန်ကျ ကျုပ်တို့ ဘာစားရတော့မှာလဲ။"အပိုင်း (၁၅၂) ဘယ်လောက်လဲ။
ထိပ်ဖြူ ခွေးတူဝက်တူကြီးသည် တစ်ကြောင်းအားဖြင့် အလွန်တရာ ရှားပါးလှပြီး၊ နောက်တစ်ကြောင်းအားဖြင့် အဆင့်အတန်းကလည်း မြင့်မားလွန်းလှ၏။ သူတို့က ထိုမျှအထိ မြင့်မားစွာ မတွေးရဲခဲ့ကြချေ။ ထို့ကြောင့် ထိပ်ဖြူ ခွေးတူဝက်တူကြီးကို 'ထိပ်ဖြူ နံစော်ဖျံ' ဟု ထင်မှတ်သွားခဲ့ကြခြင်း ဖြစ်သည်။ ဤဖျံကလည်း ဖျံတစ်မျိုး ပင်ဖြစ်၏။
သေချာပေါက် ဤအကောင်ကြီးနှင့်တော့ ယှဉ်ပြိုင်၍ မရနိုင်ချေ။ အားလုံးက ထိပ်ပြင် ပြားကြသည် ဆိုသော်ငြား ဤဖျံမှာ စွမ်းအားအဆင့်ကြောင့်လား မသိ၊ ထိပ်ဖြူ ခွေးတူဝက်တူကြီးလောက် သတ္တိ မရှိလှချေ။ သဘာဝ စရိုက်ကလည်း သိမ်မွေ့ အေးချမ်းသည်။ ၎င်းကို အကြပ်ကိုင် ခြိမ်းခြောက်တာမျိုး မလုပ်မချင်း ဘယ်တော့မှ လူကို မကိုက်တတ်ချေ။ ဤသားရဲက တော်တော်လေး တွေ့ရလွယ်သည်။
သိုင်းကျင့်ကြံသူ အများအပြားက ၎င်းကို ယဉ်ပါးအောင် မွေးမြူပြီးနောက် ပစ္စည်း သယ်ဆောင်ရန် အသုံးပြုတတ်ကြ၏။ ထို့ကြောင့် ထိပ်ဖြူ ခွေးတူဝက်တူကြီးကလည်း ကျောပိုးအိတ်ကြီးကို လွယ်ထားသည်ကို မြင်သောအခါ၊ သူတို့က ဤသည်မှာ ထိပ်ဖြူ နံစော်ဖျံ ဖြစ်သည်ဟု အလိုအလျောက် ထင်မှတ်သွားခဲ့ကြခြင်း ဖြစ်၏။
"ဒီလို အချိန်မျိုးမှာ ဒီလို အသေးအဖွဲကိစ္စတွေကို ဂရုစိုက်မနေနဲ့တော့။ အချိန်က ကပ်နေပြီ... သူ့ကိုပဲ ရွေးလိုက်တာပေါ့။"
ခေါင်းဆောင်ဖြစ်သူက ချက်ချင်းပင် အကြံရသွားပြီး ဟုန်ရှောင်ပေါင်ကို ကြည့်လိုက်ရာ စိတ်ထဲတွင် အလွန်တရာ ဝမ်းသာသွားခဲ့သည်။ "မင်းကလည်း ဒုတိယအဆင့်ပဲကိုး။ ဒါ အရမ်း ကောင်းသွားပြီ။"
ပြောရင်း ဟုန်ရှောင်ပေါင်ဆီသို့ လက်ယပ်ခေါ်လိုက်သည်။
ဟုန်ရှောင်ပေါင်က အခြေအနေကို ရိပ်မိသွားပြီး လျှောက်သွားလိုက်၏။
"ညီလေး ... ငါတို့က လေမည်းကျားသစ် တစ်ကောင်နဲ့ တွေ့ခဲ့ရလို့ သေဆုံး ဒဏ်ရာရမှုတွေ အတော်လေး ပြင်းထန်သွားခဲ့တယ်။ ဒီတစ်ခေါက်က အဲဒီ လေမည်းကျားသစ်ကို ဖြေရှင်းဖို့ သွားမှာပဲ။ ဒါပေမဲ့ မင်းလည်း မြင်တဲ့အတိုင်း ဒီပစ္စည်းတွေက နည်းနည်း များနေတယ်။ ငါတို့ ကိုယ်တိုင် လွယ်ထားလို့ရတယ် ဆိုပေမဲ့ တကယ်လို့ တိုက်ပွဲ ဖြစ်လာရင် ဒီပစ္စည်းတွေကို လွယ်ပြီး တိုက်တာက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။"
ခေါင်းဆောင်ဖြစ်သူက သူ၏ နဖူးပေါ်ရှိ အမည်းရောင် အဝတ်စကို လက်ညှိုးထိုးပြလိုက်၏။ "စိတ်ချပါ... မင်း တိုက်ခိုက်ပေးစရာ မလိုဘူး။ မင်းက ငါတို့ရဲ့ ဒီပစ္စည်းတွေကို သယ်ဆောင်ပေးဖို့ ကူညီပေးရင် ရပြီ။"
လေမည်းကျားသစ် ဆိုသည့် နာမည်ကို ကြားလိုက်ရသောအခါ ဟုန်ရှောင်ပေါင်၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားခဲ့၏။ လေမည်းကျားသစ် ဆိုသည်ကို သူ ဤရက်ပိုင်းအတွင်း အကြိမ်ပေါင်းများစွာ ကြားဖူးခဲ့ပြီး ဖြစ်သည်။ အရင်တစ်ခေါက်က သူ ကယ်တင်ပေးခဲ့သည့် ခါးတွင် ဒဏ်ရာ အကြီးအကျယ် ရထားသော သူတစ်ယောက် ဆိုလျှင်လည်း... လေမည်းကျားသစ် ဒဏ်ရာရအောင် လုပ်ခဲ့ခြင်း ဖြစ်သည်။
တစ်ကောင်တည်းများ ဖြစ်နေမလား။
"အကျိုးခံစားခွင့်ကို ပြောရရင်တော့... အဲဒီ လေမည်းကျားသစ်ရဲ့ အသိုက်က မမျှော်လင့်တဲ့ မတော်တဆမှု တွေသာ မရှိခဲ့ရင် သံမဏိ သတ္တုတွင်းတစ်ခုပဲ။ အဲဒီ လေမည်းကျားသစ်ကို သတ်ဖြတ်ပြီးရင် အထဲက ပစ္စည်းတွေ ထဲက တစ်ဆယ်ရာခိုင်နှုန်းကို မင်းကို ခွဲပေးမယ်။"
သံမဏိ သတ္တုလား။
ဟုန်ရှောင်ပေါင်က ဤပစ္စည်းကို သိသော်ငြား တိကျသော အသုံးဝင်ပုံကိုတော့ မသိချေ။ ထို့ကြောင့် မေးလိုက်၏။ "အဘိုး ... ဒီပစ္စည်းက ဒြပ်ငါးပါးဆေးလုံး အတွက် အသုံးပြုလို့ ရလား။"
"ရတယ်။"
ယင်းကျိုယိုက ခေါင်းညိတ်လိုက်သည်။ "ဒါပေမဲ့ ဒီပစ္စည်းက ဒုတိယအဆင့်ပဲ ရှိတယ်။ ဒါနဲ့ ဖော်စပ်ထားတဲ့ ဒြပ်ငါးပါးဆေးလုံးဆိုရင် လွှင့်ပစ်လိုက်လို့ ရတဲ့ အဆင့်ပဲ ရှိမှာ။"
"ဒီလိုလား...။" ဟုန်ရှောင်ပေါင်၏ စိတ်ထဲတွင် တွေဝေသွားခဲ့၏။ သူက မူလတည်းက တိကျတဲ့ ရည်မှန်းချက် မရှိသဖြင့် သူတို့နောက်ကို လိုက်ကြည့်တာလည်း မဆိုးလှဘူးဟု စဉ်းစားလိုက်သည်။ ပိုကောင်းသော ဦးတည်ချက် ရှိလာလျှင် နှုတ်ဆက် ထွက်ခွာသွားရုံသာ ရှိတော့မည်။ သို့ပေမည့် ထိုသို့ဆိုလျှင်လည်း သိပ်ပြီး သင့်တော်မည် မဟုတ်ချေ။
"ဘာမှမဖြစ်ရင် သွားကြည့်လို့ ရပါတယ်။ သံမဏိ သတ္တုတွင်းကသာ သတ္တုကြွယ်ဝတဲ့ မိုင်းတွင်း ဖြစ်ခဲ့ရင် အထဲမှာ ဆပ်ပြာရွှေလို့လည်း ခေါ်တဲ့ ရွှေနက် တည်ရှိနေနိုင်ခြေ ရှိတယ်။ အဲဒါကတော့ ပစ္စည်းကောင်းပဲ။"
“ဒါဆိုရင်တော့ ပြီးတာပဲလေ။”
ဟုန်ရှောင်ပေါင်က ဝမ်းသာအားရ ပြောလိုက်၏။ "သခင်လေး ကျုပ်က ကံဇာတာ ကောင်းလွန်းတယ်။ အဲဒီ ရွှေနက် ဆိုတာကြီးက သေချာပေါက် ရေချိုး သန့်စင်ပြီး ကျုပ်ကို စောင့်နေလောက်ပြီ။"
ထို့ကြောင့် လူမိုက်ကြီး အနည်းငယ်ကို တည့်တည့်မတ်မတ် ပြောလိုက်သည်။ "ကောင်းပြီလေ။ ဘာပဲဖြစ်ဖြစ် အလုပ်မရှိတာနဲ့ အတူတူ ခင်ဗျားတို့နဲ့ လိုက်ပြီး အဲဒီ လေမည်းကျားသစ် ဆိုတာကြီးကို သွားကြည့်ကြတာပေါ့။"
ထိုသို့ဖြင့် သဘောတူညီချက် ရရှိသွားခဲ့၏။ လူတိုင်း စိတ်ရွှင်လန်းနေကြသော်ငြား ထိပ်ဖြူ ခွေးတူဝက်တူကြီး တစ်ကောင်တည်းသာ မကျေမနပ် ဖြစ်နေခဲ့၏။
ပစ္စည်းများကို တစ်ခုပြီးတစ်ခု ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် တင်ဆောင် ချည်နှောင်လိုက်ရာ နောက်ဆုံးတွင် အိန္ဒိယနိုင်ငံမှ ဝန်တင်လွန်းသော ကုန်တင်ကားကြီး တစ်စီးကဲ့သို့ ဖြစ်သွားတော့၏။ ဤ အလေးချိန်များက ထိပ်ဖြူ ခွေးတူဝက်တူကြီးအတွက် ဘာမှ မဟုတ်သော်ငြား အလွန်တရာ နေရထိုင်ရ ခက်ခဲလှသည်။ ၎င်းက ဒေါသတကြီးဖြင့် ဖြုတ်ချလိုသော်လည်း ဟုန်ရှောင်ပေါင်၏ တိတ်တဆိတ် မြှောက်ပြလိုက်သော လက်ကို မြင်သည့်အခါ ချက်ချင်းပင် ကြောက်ရွံ့သွားပြီး ဦးခေါင်းကို ငိုက်စိုက်ကျကာ တိတ်ဆိတ်စွာ သည်းခံနေခဲ့ရသည်။
ဟုန်ရှောင်ပေါင်က တဟားဟား ရယ်လျက် ၎င်း၏ ဦးခေါင်းကို ပွတ်သပ်ပေးလိုက်၏။ "လိမ္မာတယ်..."
အတိုချုံး မိတ်ဆက်ပြီးသည့်နောက် ဟုန်ရှောင်ပေါင်သည် ထိုသုံးဦး၏ နာမည်ကို သိရှိသွားခဲ့၏။
ခေါင်းဆောင်ဖြစ်သူ၏ နာမည်မှာ ကွမ်းထျန်းချိုင် ဖြစ်သည်။ သူ၏ အစ်ကိုဖြစ်သူက လွန်ခဲ့သည့် ရက်အနည်းငယ်က လေမည်းကျားသစ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသဖြင့် သူ၏ နဖူးပေါ်တွင် အမည်းရောင် အဝတ်စကို ချည်နှောင်ထားခြင်း ဖြစ်သည်။
သူ၏ ဇာတိမြေတွင် ဤ အမည်းရောင် အဝတ်စမှာ အသုဘ အထိမ်းအမှတ် ပင်ဖြစ်ချေသည်။ ကျန်နှစ်ဦးမှာမူ သူ၏အဖွဲ့ဝင်များ ဖြစ်ကြပြီး တစ်ဦးမှာ နိမ့်ရန် ဖြစ်ကာ ကျန်တစ်ဦးမှာ လော်မင်ကျဲ ဖြစ်၏။ ဤအဖွဲ့၏ လူဦးရေမှာ အမှန်တကယ်တော့ မနည်းလှချေ။ ဆယ့်တစ်ဦးတိတိ ရှိသဖြင့် အတော်လေး ကြီးမားသော အဖွဲ့တစ်ဖွဲ့ ဖြစ်သည်ဟု ဆိုနိုင်၏။
သို့ပေမည့် ကွမ်းထျန်းချိုင်က ကျန်သူများမှာ ပထမအဆင့်သာ ရှိကြသဖြင့် ဤအကြိမ် လှုပ်ရှားမှုတွင် ဝန်ထုပ်ဝန်ပိုး ဖြစ်လိမ့်မည်ဟု တွေးတောကာ အဖွဲ့ထဲမှ ဒုတိယအဆင့် သိုင်းကျင့်ကြံသူများကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
စကားအနည်းငယ် ပြောဆိုရုံနှင့်ပင် ဟုန်ရှောင်ပေါင်သည် ကွမ်းထျန်းချိုင်၏ ကိုယ်ကိုယ်ကိုယ် အထင်ကြီး တတ်သော စရိုက်ကို ခံစားမိလိုက်၏။
"ညီလေးဟုန် ... မင်းဆီကို အပ်နှင်းမဲ့ တာဝန်က တစ်ခုတည်းပဲ ရှိတယ်။ ငါတို့ရဲ့ ပစ္စည်းတွေကို ကောင်းကောင်း ထိန်းသိမ်းထားပေးဖို့ပဲ။ အခြား ဘယ်လို မိစ္ဆာသားရဲနဲ့ပဲ တွေ့တွေ့ မင်းနဲ့ မင်းရဲ့ထိပ်ဖြူ နံစော်ဖျံတို့ တိုက်ခိုက်စရာ မလိုဘူး။"
မထွက်ခွာမီလေးတွင် ကွမ်းထျန်းချိုင်က ဟုန်ရှောင်ပေါင်ကို အလွန်တရာ လေးလေးနက်နက် သတိပေးလိုက်သည်။ "ကောင်းကောင်း လုပ်ဆောင်နိုင်ရင်တော့ သံမဏိ သတ္တုတွင်းထဲက တစ်ဆယ်ရာခိုင်နှုန်းက မင်းဟာပဲ။ တကယ်လို့ ပစ္စည်းတွေ ပျောက်ရှသွားခဲ့ရင်တော့... ဟီးဟီး... ငါ့ကို မျက်နှာသာ မပေးဘူးလို့ မဆိုနဲ့။"
"ရပါပြီဗျာ။"
ဟုန်ရှောင်ပေါင်က ပြောလိုက်၏။ သက်တောင့်သက်သာ နေရမည်ကို သူက သဘောကျ၏။
"ဪ... ဟုတ်သားပဲ... ညီလေးဟုန် … တတ်နိုင်ရင် မင်းရဲ့ ထိပ်ဖြူ နံစော်ဖျံကို အီးမပေါက်ခိုင်းနဲ့နော်။"
နိမ့်ရန်ကလည်း ဟုန်ရှောင်ပေါင်ကို စကားအနည်းငယ် သတိပေးလိုက်၏။ "ဘာပဲဖြစ်ဖြစ် ဒီကောင်ကြီးရဲ့ အီးက တကယ်ကို အရမ်း နံစော်လွန်းတယ်။"
"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့... သူ့ကို အီးမပေါက်ခိုင်းပါဘူး။ သူ လုံးဝ အီးမပေါက်ရဲပါဘူးဗျာ။" ဟုန်ရှောင်ပေါင်က အလုံးစုံ ကတိပေးလိုက်သည်။
"..."
နိမ့်ရန်မှာ အတန်ကြာ စကားဆွံ့အသွားပြီးနောက်မှ ပြောလိုက်၏။ "အယ်... အဲဒီလိုဆို အကောင်းဆုံးပေါ့။"
"မှတ်ထား... မင်း … အဖွဲ့ရဲ့ နောက်ဆုံးမှာပဲ နေရင် ရပြီ။ ငါတို့ အနည်းငယ်က ပြင်ပစည်း တပည့်အဆင့်ကို ရောက်တော့မဲ့ သိုင်းပညာရှင်ကြီးတွေချည်းပဲ။ အားလုံးကို ငါတို့ဆီ အပ်ထားလိုက်။" ကွမ်းထျန်းချိုင်က အလွန်တရာ ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
"အရမ်း စွမ်းကြတာပဲဗျာ။" ဟုန်ရှောင်ပေါင်က သဘာဝကျကျပင် သဘောတူလိုက်၏။ သို့သော်ငြား စိတ်ထဲတွင်တော့ အတော်လေး ပြောစရာစကား မရှိသကဲ့သို့ ဖြစ်သွားခဲ့သည်။ ဤသုံးဦး၏ ကျင့်ကြံခြင်း အဆင့်မှာ သွေးသားခန္ဓာ ဒုတိယအဆင့်များသာ ဖြစ်ကြပြီး၊ ကွမ်းထျန်းချိုင် တစ်ယောက်တည်းသာ ဒုတိယအဆင့် နောက်ပိုင်းသို့ ရောက်ရှိနေခြင်း ဖြစ်၏။
မမျှော်လင့်သည့် မတော်တဆမှုများသာ မရှိခဲ့လျှင် သုံးနှစ် ငါးနှစ်အတွင်း အဆင့်တက်နိုင်လောက်ပြီး ထိုအချိန်ကျမှ တကယ့် ပြင်ပစည်း တပည့် တစ်ယောက် ဖြစ်လာပေမည်။ ပြင်ပမြို့တော်၏ အမြင်နှင့် ကြည့်လျှင်တော့ သိုင်းပညာရှင်ကြီးဆိုသည့် စကားလုံးနှင့် တကယ်ကို ထိုက်တန်ပေသည်။ သို့ပေမည့် အတွင်းတွင်တော့ …...
သေချာပေါက် ဤသို့ ကိုယ်ကိုယ်ကိုယ် ခေါ်ဝေါ်ရဲသူများမှာ မျက်နှာအရေပြား နည်းနည်းလောက်တော့ ထူရပေလိမ့်မည်...။
အားလုံး အသင့် ဖြစ်သွားသည့်အခါတွင် လူတိုင်းက လမင်းပြာ တောင်တန်းဆီသို့ ဝင်ရောက်မည့် လမ်းပေါ်သို့ စတင် နင်းလျှောက်လာခဲ့ကြ၏။
လော်မင်ကျဲက အရှေ့ဆုံးကနေ လျှောက်ပြီး ကွမ်းထျန်းချိုင်က အလယ်ကနေ အသင့် အနေအထား နေထိုင်ကာ၊ ဟုန်ရှောင်ပေါင်နှင့် ခွေးတူဝက်တူကောင်ကြီးတို့က တတိယ နေရာတွင် ရှိနေပြီး နိမ့်ရန်က နောက်ဆုံးတွင် ရှိနေသည်။
ဟုန်ရှောင်ပေါင်၏ အဆင့်တက်ခြင်း နှစ်ကြိမ်စလုံးမှာ အစွန်းရောက်အဆင့်များ ဖြစ်ကြ၏။ ခန္ဓာကိုယ် သန်စွမ်း ကြံ့ခိုင်မှုအပြင် မျက်စိရှင်ခြင်း၊ နားပါးခြင်း ကဲ့သို့သော အကျိုးကျေးဇူး အမြောက်အမြားလည်း ရှိနေသေးရာ၊ ညဘက်တွင် အရာဝတ္ထုများကို မြင်တွေ့နိုင်စွမ်းကလည်း အလွန်တရာ ကောင်းမွန်လှ၏။
သို့ပေမည့် ဤလူအနည်းငယ်၏ မျက်လုံးများက ညဘက်တွင် သိပ်ပြီး အသုံးမတည့်ကြောင်း သူ သိသာ ထင်ရှားစွာပင် ခံစားမိလိုက်၏။ လမ်းတစ်လျှောက်တွင် အတားအဆီး အနည်းငယ်နှင့် တိုက်မိခိုက်မိ တတ်ကြသည်။
"ညီလေးဟုန် ... တော်တော်တော့ ငွေသုံးတာပဲနော်။ မင်းရဲ့ ဒီ ရွှေဝက်ဝံပေါက်လေးကို ပိုက်ဆံ ဘယ်လောက်နဲ့ ဝယ်ခဲ့တာလဲ။"
နိမ့်ရန်က ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ဦးခေါင်းပေါ်တွင် အေးအေးလူလူ ထိုင်နေသည့် ရတနာဝက်ဝံလေးကို အကဲခတ် ကြည့်ရှုရင်း မေးလိုက်၏။
အပိုင်း (၁၅၂) ဘယ်လောက်လဲ။