← Chapters

အခန်း (၁၅၅-၁၅၆)

Vol. 14 Ch. 155-156

အခန်း (၁၅၅-၁၅၆)

Vol. 14 Ch. 155-156

အပိုင်း (၁၅၅) "လက်နက် ထုတ်ကြ..."

ဝူးဝူး ... ဝူးဝူး ...။

အု... အု... အုအုအု...။

ရုတ်တရက် အခြား တစ်ဖက်ဆီမှလည်း မျောက်ဝံ အော်သံ ထွက်ပေါ်လာခဲ့ပြန်၏။ လူအနည်းငယ်၏ စိတ်ထဲတွင် လှုပ်ရှားသွားကြ၏။

နှစ်ကောင်တောင်ပဲ...။

ဝူးဝူးဝူးဝူး ... ဝူးဝူး ...။

ရုတ်တရက် တတိယမြောက် အရပ်ဆီမှ တတိယမြောက် အော်သံ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်၏။ ထို့အပြင် အသံကို နားထောင်ကြည့်ရုံနှင့် အလွန် နီးကပ်နေပြီ ဖြစ်ကြောင်း သိနိုင်သည်။

လူအနည်းငယ်မှာ အနည်းငယ် ကြောင်အ သွားကြ၏။

"ဒုက္ခပဲ...။"

ကွမ်းထျန်းချိုင်၏ စိတ်ထဲတွင် တင်းကြပ်သွားသည်။ "လက်နက် ထုတ်ကြ..."

လူအနည်းငယ်က ခြေလှမ်း အနည်းငယ်ဖြင့် ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ အရှေ့သို့ လုယက် ဝင်ရောက်လာကြ၏။ အခြေအနေက အရေးတကြီး ဖြစ်နေသဖြင့် ဖွင့်လှစ်ရသည့် အဆင့်များကိုပင် ကျော်လွန်သွားခဲ့သည်။ ခါးပေါ်ရှိ ဓားမြှောင်ကို တိုက်ရိုက် ဆွဲထုတ်၍ လှီးဖြတ်လိုက်ပြီး၊ အထဲရှိ ဖောင်းကြွနေသော ဆီသားရေအိတ်ကြီး တစ်လုံးကို အားရပါးရ ဆွဲထုတ်လိုက်၏။

အရူးအမူး ဆွဲငင်လိုက်မှုအောက်တွင် အထဲရှိ ပစ္စည်းများက ဟုန်ရှောင်ပေါင်၏ အရှေ့၌ ပေါ်လာခဲ့သည်။

ဤသည်က... ခန့်မှန်းခြေအားဖြင့် ဒူးလေး တစ်လက် ဖြစ်လောက်သည်။ ဟုန်ရှောင်ပေါင်ကို စိတ်ဝင်စား သွားစေသည့် အချက်မှာ လေးကြိုးက တစ်ပင်တည်း မဟုတ်ဘဲ သုံးပင်တိတိ ရှိနေပြီး၊ အမည်းရောင် သတ္တု ရစ်ဘီး တစ်ခုအပေါ်တွင် ရစ်ပတ်ထားခြင်းပင်။ ဒူးလေးကိုယ်ထည်၏ ကုန်ကြမ်းမှာ သားရဲ အရိုးနှင့် ဆင်တူပြီး၊ မြှားမြောင်း အတွင်း၌ ငွေရောင် မြှားတံများ အတိအကျ ရှိနေ၏။

"အရမ်း စွမ်းတာပဲ။" ဟုန်ရှောင်ပေါင် အလွန်တရာ မျက်စိကျသွား၏။ ဤပစ္စည်းက တိတိကျကျ ဘာလုပ်ဖို့လဲ ဆိုသည်ကို မသိရသေးသော်ငြား ဤပုံစံကို ကြည့်ရုံနှင့်ပင် သတ်ဖြတ်နိုင်စွမ်းက ကြယ်ငါးပွင့် အဆင့်လောက် ရှိကြောင်း ခံစားမိသည်။

ကွမ်းထျန်းချိုင်က ဤပစ္စည်းနှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်ပုံရ၏။ လက်ထဲ ရောက်သည်နှင့် တစ်ပြိုင်နက် ဒူးလေးကိုယ်ထည်ကို တင်းကြပ်စွာ ကိုင်ဆောင်လိုက်သည်။ ထိုသတ္တုရစ်ဘီးကို အားသွန်ခွန်စိုက် လှည့်ပတ်လိုက်၏။

ရစ်ဘီး လည်ပတ်မှုနှင့်အတူ လေးကိုယ်ထည်က ဖြည်းညင်းစွာ ကွေးညွှတ်လာခဲ့ပြီး ကွမ်းထျန်းချိုင်မှာလည်း အလွန်တရာ အားစိုက် ထုတ်နေရသည့် ပုံစံရှိ၏။ အတန်ကြာမှ နောက်ဆုံးတွင် လေးကြိုးကို အပြည့် ဆွဲဆန့်နိုင်ခဲ့ပြီး လေးကြိုးကို ကိရိယာ မောင်းတံငယ်လေး တစ်ခုအပေါ်သို့ အားစိုက် ချိတ်ဆွဲလိုက်သည်။

ဟင်...။ ဒီပစ္စည်းရဲ့ သတ်ဖြတ်နိုင်စွမ်းက မသေးငယ်လောက်ဘူး။

ဟုန်ရှောင်ပေါင် စိတ်ထဲမှ တိတ်တဆိတ် တွေးတောလိုက်၏။ ကွမ်းထျန်းချိုင်က သွေးသားခန္ဓာ ဒုတိယအဆင့် နောက်ပိုင်း ရောက်နေသည့် သိုင်းကျင့်ကြံသူတစ်ဦး ဖြစ်ရာ၊ ပေါင်တစ်ထောင်လောက် ခွန်အားမျိုးတော့ ရှိနေမှာ သေချာသည်။ သို့ပေမည့် ဤ ဒူးလေးကို အပြည့် ဆွဲဆန့်ရန်ကိုပင် ဤမျှလောက် အားစိုက် ထုတ်နေရသဖြင့် ဒူးလေးကို ပစ်ခတ်လိုက်ပါက မည်မျှလောက် ကြီးမားသည့် အစွမ်းသတ္တိ ရှိလာမည်ကို ခန့်မှန်းနိုင်၏။

"မင်းတို့လည်း မြန်မြန်လုပ်။"

ကွမ်းထျန်းချိုင်က ဒေါသတကြီး အော်ဟစ်လိုက်သော်ငြား လော်မင်ကျဲနှင့် နိမ့်ရန်တို့ နှစ်ဦးစလုံး မှင်သက် နေကြသည်ကို တွေ့လိုက်ရသည်။

ကွမ်းထျန်းချိုင်လည်း မတုံးအချေ။ ချက်ချင်းပင် နောက်ပြန်လှည့်ကြည့်လိုက်ရာ သူတို့အဖွဲ့မှာ အမည်းရောင် အရိပ်အနည်းငယ်၏ ဝိုင်းရံ ပိတ်ဆို့ခြင်းကို ခံထားရပြီ ဖြစ်ကြောင်း တွေ့ရှိသွားခဲ့၏။

ဤ အမည်းရောင်အရိပ်များ အားလုံးမှာ မျောက်ဝံ မိစ္ဆာသားရဲများ ပင်ဖြစ်ကြ၏။ သို့မဟုတ်... ဂေါ်ရီလာ မျောက်ဝံကြီးများ ဖြစ်ကြသည်ဟု ဆိုရပေမည်။ ခန္ဓာကိုယ် တုတ်ခိုင် ကြီးမားပြီး တစ်မီတာခွဲ၊ နှစ်မီတာနီးပါး မြင့်မားသည်။လက်မောင်းကြီးများက အရွယ်ရောက်ပြီး လူတစ်ယောက်လောက် တုတ်ခိုင်လှသည်။

ဟုန်ရှောင်ပေါင်က သေသေချာချာ အကဲခတ် ကြည့်ရှုလိုက်ရာ ပို၍ပင် မှင်သက်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအထဲမှ ဂေါ်ရီလာ နှစ်ကောင်က သူတို့၏ သားကောင်များကို ထမ်းပိုး ထားကြသောကြောင့်ပင်။ တစ်ကောင်က ပခုံးပေါ်တွင် ထမ်းပိုးထားရာ အဝါရောင် ဒရယ်နှင့် ဆင်တူသည့် အရာတစ်ခု ဖြစ်ပြီး၊ ကျန်တစ်ကောင်က လက်ထဲတွင် တိုက်ရိုက် ဆုပ်ကိုင်ထားရာ ကိုအာလာ ဝက်ဝံ နှင့် ဆင်တူသည့် အရာတစ်ခု ဖြစ်၏။

"အု... အု... အု... အု... အု...။"

"အု... အု... အု...။"

မျောက်ဝံ မိစ္ဆာသားရဲ အနည်းငယ်က "အု... အု" ဆိုသည့် အသံများနှင့် အချင်းချင်း ဆက်သွယ် ပြောဆိုနေကြပြီး သူတို့ကို အသေအလဲ စိုက်ကြည့်နေကြသည်။

"ဒီမျောက်ဝံက ဒုတိယအဆင့် မိစ္ဆာသားရဲပဲ။ 'ကြေးမျောက်ဝံ' လို့ ခေါ်တယ်။ အဲဒီလူတွေကို မဆင်မခြင် မလှုပ်ရှားဖို့ ပြောလိုက်၊ မဟုတ်ရင်..."

ယင်းကျိုယို၏ စကားတစ်ခွန်း မဆုံးသေးမီမှာပင် ကွမ်းထျန်းချိုင်သည် သူ၏ လက်ထဲမှ ဒူးလေးကို မောင်းဖြုတ် ပစ်ခတ်လိုက်ပြီ ဖြစ်၏။

ဘုန်း ...။

ထို ငွေရောင် မြှားတံက မျက်စိကျိန်းလောက်သော ငွေရောင် အလင်းတန်း တစ်ခုအဖြစ် ပြင်းထန်စွာ ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ ထို အလင်းတန်းများက လျှပ်စီး လက်သကဲ့သို့ တိုတောင်းသော အချိန်လေး အတွင်းမှာပင် မြှားတံအပေါ်သို့ နောက်တစ်ကြိမ် စုစည်းသွားခဲ့ပြီး၊ ကလေး လက်မောင်းမျှ တုတ်ခိုင်သော လျှပ်စီး မိုးကြိုးကြိုး အနည်းငယ်အဖြစ် ပြောင်းလဲကာ အနီးဆုံးရှိ ကြေးမျောက်ဝံ တစ်ကောင်ဆီသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားတော့သည်။

ရွှီး

ထိုငွေရောင်အလင်းတန်း၏ အမြန်နှုန်းက လွန်စွာမြန်ဆန်လွန်းလှ၏။ မျဉ်းတစ်ကြောင်းပမာ ဖြစ်သွားပြီး အနီးဆုံးရှိ ကြေးမျောက်ဝံဆီသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားခဲ့သည်။ အနည်းငယ်မျှသော ခုခံတားဆီးမှုပင် မရှိခဲ့ချေ။ ထိုကြေးမျောက်ဝံ၏ ရင်ဘတ်အတွင်းသို့ တိုက်ရိုက်ဖောက်ထွင်း ဝင်ရောက်သွား၏။

ထို့နောက် ဤသစ်တောငယ်လေး တစ်ခုလုံးတွင် မျက်စိကျိန်းလောက်သော အလင်းတန်းတစ်ခု လက်ခနဲ ထွက်ပေါ်လာခဲ့သည်။ နေလုံးငယ်လေး တစ်လုံး ပေါက်ကွဲသွားသကဲ့သို့ပင်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုငွေရောင်မြှားတံက ကြေးမျောက်ဝံ၏ ရင်ဘတ်အတွင်း၌ ပေါက်ကွဲထွက်သွား၏။ ထိုကြေးမျောက်ဝံ၏ တစ်ကိုယ်လုံးက တစ်ခဏချင်း အက်ကွဲသွားပြီး၊ နောက်တစ်ခဏတွင် အက်ကွဲကြောင်းများမှ မျက်စိကျိန်းလောက်သော အလင်းတန်းများ ဖြာထွက်လာကာ ထိုခဏမှာပင် ပေါက်ကွဲထွက်သွားသည်။

မှုန့်မှုန့်ညက်ညက် ကြေမွသွားခြင်းပင်။

ဟုန်ရှောင်ပေါင်သည် မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။ စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်၏။ ‘အရမ်း ကြမ်းတမ်းခက်ထန်တဲ့ မြှားတံပဲ။’

ဝူး

ဝူး

ကျန်ကြေးမျောက်ဝံ သုံးကောင်မှာ ဤအခိုက်အတန့်တွင် အရူးအမူး ဖြစ်သွားကြ၏။ လက်ထဲရှိ သားကောင်များကို ပစ်ချလိုက်ပြီး အားလုံးက အော်ဟစ်လျက် ခုန်အုပ်လာကြသည်။

ကြေးမျောက်ဝံ သုံးကောင်၏ ပစ်မှတ်မှာ ဤအခိုက်အတန့်တွင် တစ်ခုတည်း ဖြစ်နေ၏။ ဒူးလေးကို ကိုင်ဆောင်ထားသော ကွမ်းထျန်းချိုင်ပင် ဖြစ်၏။

ကွမ်းထျန်းချိုင်၏ မျက်နှာပြင် ပြောင်းလဲသွား၏။ ယခုအချိန်တွင် နောက်ထပ် မြှားတစ်စင်း တပ်ဆင်ရန် အချိန်မမီတော့ချေ။ သူက လေးကို ပိုက်ထွေးလျက် ဘေးဘက်သို့ အားသွန်ခွန်စိုက် ခုန်ရှောင်လိုက်ရသည်။

ယခုအချိန်တွင်မှ နားလည်မှုရှိသော အဖွဲ့တစ်ဖွဲ့၏ အားသာချက်ကို ပေါ်လွင်စေခဲ့၏။ လော်မင်ကျဲနှင့် နိမ့်ရန်တို့ နှစ်ဦးစလုံးက တပ်ဆင်ဆဲ ဖြစ်သော ဒူးလေးများကို ပစ်ချလိုက်ကြသည်။ နှစ်ဦးစလုံးက ဓားရှည်များကို ဆွဲထုတ်ကာ တစ်ဖက်တစ်ချက်ဆီမှ ကြေးမျောက်ဝံများကို ထိုးနှက်လိုက်ကြ၏။

ဟိန်း

ကြေးမျောက်ဝံက ဒေါသတကြီး ဟိန်းဟောက်လိုက်သော်ငြား၊ သူတို့နှစ်ဦး၏ တိုက်ခိုက်မှုကို တည့်တည့်မတ်မတ် အလွတ်မခံရဲချေ။ လက်ဝါးများဖြင့် ဓားရှည်များကို ရိုက်ချလိုက်ကြသည်။

ဤတစ်ချက်ကို ဟုန်ရှောင်ပေါင် ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ ကြေးမျောက်ဝံ၏ လက်ဝါးပြင်မှ အသားများမှာ မှေးမှိန်သော ကြေးနီရောင် ရှိနေပြီး သတ္တုအလင်းရောင်များ တောက်ပနေသည်။ ဤသည်ကပင် ကြေးမျောက်ဝံ ဆိုသည့် နာမည်၏ မူလဇာစ်မြစ် ဖြစ်လောက်ပေ၏။

ချွင် ... ချွင် ... ချွင်

အချက်အနည်းငယ် တိုက်ခိုက်မိကြပြီး လက်ဝါးနှင့် ဓားတို့ ထိခတ်သံများက အဆက်မပြတ် ထွက်ပေါ်နေခဲ့၏။ သို့ပေမည့် ကြေးမျောက်ဝံက ခွန်အားပိုင်းတွင် သာလွန်လွန်းနေသည့် အားသာချက်ကို ပိုင်ဆိုင်ထားသည်။

လော်မင်ကျဲနှင့် နိမ့်ရန်တို့ နှစ်ဦးမှာ ဖရိုဖရဲ ဆုတ်ခွာသွားရပြီး တစ်ခဏချင်းမှာပင် ရှုံးနိမ့်တော့မည့် အရိပ်အယောင်များ ပေါ်လာခဲ့၏။

"မိစ္ဆာသားရဲတိုင်းမှာ အားနည်းချက်တွေ ရှိကြတယ်။ ဥပမာ... မြွေတွေရဲ့ နှလုံး တည်ရှိရာ ခုနစ်လက်မ နေရာမျိုး၊ နောက်ပြီးတော့ ဝံပုလွေတွေရဲ့ ခါး နေရာမျိုးပေါ့။ မျောက်ဝံတွေရဲ့ အားအနည်းဆုံး နေရာကတော့ ကျောပေါ်က ကျောရိုးဆစ် ဒါမှမဟုတ် ချိုင်းအောက်နေရာတွေပဲ။" ယင်းကျိုယိုက ပေါ့ပေါ့ပါးပါး ပြောနေခဲ့သည်။

ဟုန်ရှောင်ပေါင်က ဓားမြှောင်တစ်ချောင်းကို ကိုင်ဆောင်လျက် အေးအေးလူလူ နားထောင်နေခဲ့သည်။ တိုက်ပွဲပြင်ပမှ မြင်ကွင်းက အနည်းငယ် ထူးဆန်းနေ၏။ အခြားသူများက သေရေးရှင်ရေး တိုက်ခိုက်နေကြစဉ်တွင် သူ၊ ခွေးတူဝက်တူကြီး၊ ရတနာဝက်ဝံ နှင့် ယင်းကျိုယိုတို့က ဤနေရာ၌ အေးအေးဆေးဆေး စကားပြောနေကြသည်။ ဤခံစားချက်မှာ နေကြာစေ့ အနည်းငယ်နှင့် ထိုင်ခုံပုလေး တစ်လုံးလောက်သာ လိုအပ်တော့သည့် အခြေအနေပင်။

"ဟုန်ရှောင်ပေါင်။ ဒူးလေး ယူစမ်း။" ကွမ်းထျန်းချိုင်လည်း ကြေးမျောက်ဝံ တစ်ကောင်၏ ရစ်ပတ် တိုက်ခိုက်ခြင်းကို ခံနေရပြီ ဖြစ်၏။ သူ၏ ကျင့်ကြံခြင်းအဆင့်က အခြားနှစ်ဦးထက် အနည်းငယ် မြင့်မားသည် ဆိုသော်ငြား လက်ထဲတွင် ကိုင်ဆောင်ထားသည့် ဒူးလေးက အနီးကပ် တိုက်ခိုက်ရန် လုံးဝ မသင့်တော်သည့်အတွက် ပို၍ပင် ဖရိုဖရဲ ဖြစ်နေခဲ့သည်။

အပိုင်း (၁၅၆) အစ်ကိုကြီး ... ခင်ဗျားရဲ့ ဒီလေသံက ဘယ်တိုင်းပြည်က ဧကရာဇ်မို့လို့လဲ။

"အို ...။" ဟုန်ရှောင်ပေါင်က ပေါ့ပေါ့ပါးပါး ဖြေလိုက်ပြီး ဒူးလေးကို သွားရောက် ယူဆောင်ရန် ပြင်လိုက်စဉ် နားဘေးမှ စူးရှသော အော်ဟစ်သံ တစ်ချက်ကို ကြားလိုက်ရ၏။

မိစ္ဆာသားရဲများ၏ ဉာဏ်ရည်က မနိမ့်ကျချေ။ ထိုဒူးလေး၏ သတ်ဖြတ်နိုင်စွမ်းက မည်မျှကြီးမားကြောင်း သူတို့ မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ သဘာဝကျကျပင် ဟုန်ရှောင်ပေါင်ကို ဤမျှ အန္တရာယ်များသည့် ပစ္စည်းမျိုး လက်လှမ်းမီရန် ခွင့်မပြုနိုင်ချေ။

ချက်ချင်းပင် ကြေးမျောက်ဝံ တစ်ကောင်က သူ၏ပြိုင်ဘက်ကို စွန့်လွှတ်ပြီး ဟုန်ရှောင်ပေါင်ဆီသို့ တည့်တည့်မတ်မတ် ခုန်အုပ်လာခဲ့၏။

ဟုန်ရှောင်ပေါင်က အနည်းငယ်မျှ မထိတ်လန့်ချေ။ ခန္ဓာကိုယ်ကို အနည်းငယ် စောင်းလိုက်ပြီး ကြေးမျောက်ဝံက သူ့ဘေးမှ ပွတ်တိုက် ဖြတ်သန်းသွားသည့် အခိုက်တွင် ခါးကို ပြင်းထန်စွာ အားပြုလိုက်သည်။

ပေါက်ကွဲထွက်တော့မတတ် ပြင်းထန်သောခွန်အားက မျက်စိတစ်မှိတ်အတွင်း ထွက်ပေါ်လာခဲ့သည်။ ကြေးမျောက်ဝံ၏ ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်ပမာ တည့်တည့်မတ်မတ် လွင့်စင် သွားတော့၏။

ဟုန်ရှောင်ပေါင်က တုံ့ဆိုင်းမနေဘဲ လက်ထဲရှိ ဓားမြှောင်ဖြင့် တည့်တည့် ထိုးသွင်းလိုက်သည်။ ကြေးမျောက်ဝံ၏ ချိုင်းအောက်သို့ တစ်ချက်တည်း စိုက်ဝင်သွားခဲ့၏။ တစ်ချိန်တည်းမှာပင် လက်ဝါးခွန်အား ပေါက်ကွဲထွက်သွားပြီး တစ်ခဏချင်းမှာပင် ပြင်းထန်သောခွန်အားက ကြေးမျောက်ဝံ၏ ကလီစာ ငါးပါးနှင့် အူ ခြောက်သွယ် အတွင်းသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားခဲ့သည်။

ကြေးမျောက်ဝံ၏ ခန္ဓာကိုယ်အလေးချိန်က များပြားလှရာ ဤသို့ လုပ်လိုက်ခြင်းက ဟုန်ရှောင်ပေါင်ကိုပါ ဆွဲဆောင် ခုန်ပျံသွားစေခဲ့၏။ သူတို့နှစ်ဦးမှာ ခြုံပုတ်များ အတွင်းသို့ ဝုန်းခနဲ ပြုတ်ကျသွားပြီး တဝုန်းဝုန်းဖြင့် အကြိမ်အတော်များများ လိမ့်ဆင်းသွားသည်။ ပြီးနောက် ရုတ်တရက် အသံတိတ်သွား၏။

သုံးဦးစလုံး အနည်းငယ် ကြောင်အသွားကြ၏။ သို့ပေမည့် ယခုအချိန်က များများ စဉ်းစားနေရမည့် အချိန် မဟုတ်ချေ။ လက်အားသွားသည့် နိမ့်ရန်က ခြေလှမ်းအနည်းငယ်ဖြင့် ပြေးထွက်လာပြီး ဓားကို ဝှေ့ယမ်းကာ ကြေးမျောက်ဝံကို ထိန်းချုပ်လိုက်သည်။

ကွမ်းထျန်းချိုင်လည်း တစ်ခဏချင်း လက်အားသွားခဲ့၏။ သူကလည်း သတ်ဖြတ်နိုင်စွမ်း ကြီးမားသည့် ထို ငွေရောင်မြှားတံကို အသုံးပြုရန် နှမြောနေပုံ ရသည်။ လက်လှမ်းမီရာ ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး လော်မင်ကျဲ နှင့် ပူးပေါင်းကာ ကြေးမျောက်ဝံ တစ်ကောင်ကို ဝိုင်းပတ် တိုက်ခိုက်တော့၏။

ထိုကြေးမျောက်ဝံက တစ်ကောင်တည်းနှင့် နှစ်ယောက်ကို ရင်ဆိုင်ရရာ ချက်ချင်းပင် ဟာကွက်များ ပြည့်နှက်သွားသည်။ ဆယ်ကွက်ကျော်မျှ အတွင်းမှာပင် အရိုးကို မြင်ရလောက်အောင် နက်ရှိုင်းသည့် ဒဏ်ရာ နှစ်ခု၊ သုံးခု ထပ်မံ တိုးပွားလာခဲ့သည်။

ဝူး … ဝူး ..

ကြေးမျောက်ဝံက အလျင်စလို အော်မြည်လိုက်ပြီး ကျန်တစ်ကောင်ကလည်း ကြီးမားစွာ အော်မြည် တုံ့ပြန်လိုက်၏။ မျောက်ဝံ နှစ်ကောင်က အတန်ကြာ စောင့်ဆိုင်းနေပြီး ဟုန်ရှောင်ပေါင် နောက်သို့ လိုက်သွားသော ထိုကြေးမျောက်ဝံ၏ တုံ့ပြန်သံကို စောင့်ဆိုင်းနေပုံ ရသည်။ သို့ပေမည့် အတန်ကြာသည့်တိုင် တုံ့ပြန်သံ မရရှိသဖြင့် တစ်ပြိုင်နက်တည်း အသံကုန် အော်မြည်လိုက်ကြ၏။ ဓားချက် အနည်းငယ်ကို အတင်းအကျပ် ခံယူလိုက်ပြီး အားသွန်ခွန်စိုက် ခုန်ပျံကာ သစ်ပင်ပေါ်သို့ တက်ရောက်သွားကြသည်။ အနားမယူတော့ဘဲ အကြိမ်အနည်းငယ် ခုန်ကူးကာ လူအနည်းငယ်၏ အရှေ့မှ ပျောက်ကွယ်သွားကြတော့၏။

"ဘာမှမဖြစ်ဘူးမလား အစ်ကိုကြီး။"

"ငါ ဘာမှမဖြစ်ဘူး။ မင်းတို့ကော။"

"ကျုပ် ညာဘက်လက်မောင်း တစ်ချက် အရိုက်ခံလိုက်ရတယ်။ အားပြုလို့ မရတော့ဘူး။"

သုံးဦးစလုံးက တစ်ပြိုင်နက် သက်ပြင်းချလိုက်ကြ၏။ ကွမ်းထျန်းချိုင်က မပေါ့ဆရဲချေ။ သတ္တုရစ်ဘီးကို လှည့်ပတ်ပြီး လေးကြိုးကို နောက်တစ်ကြိမ် အပြည့် တင်းထားလိုက်သည်။ ထိုအခါမှ တစ်ခုခုကို ရုတ်တရက် သတိရသွားသည်။ "ဟုန်ရှောင်ပေါင်ကော ...။"

လော်မင်ကျဲနှင့် နိမ့်ရန်တို့သည် ထိုအခါမှ တုန်လှုပ်သွားကြပြီး ဟုန်ရှောင်ပေါင်နှင့် ကြေးမျောက်ဝံတို့ လိမ့်ကျသွားသည့် အရပ်ဆီသို့ အလောတကြီး လိုက်လံ ရှာဖွေကြ၏။ ချက်ချင်းပင် အံ့အားသင့်သွားကြသည်။ ကြေးမျောက်ဝံက မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သေလား ၊ ရှင်လား မသိရချေ။

လော်မင်ကျဲနှင့် နိမ့်ရန်တို့ နှစ်ဦးစလုံးက သတိကြီးကြ၏။ စကားတစ်ခွန်းမျှ မပြောဘဲ တိုက်ရိုက် ဓားဖြင့် ထိုးသွင်းလိုက်ကြသည်။ ကြေးမျောက်ဝံ၏ လည်ပင်းကို တည့်တည့်မတ်မတ် ဖောက်ထွင်း သွားအောင် ထိုးသွင်းလိုက်ကြ၏။ ထိုအခါမှ အနည်းငယ် အံ့ဩသွားကြသည်။ ဒီ ကြေးမျောက်ဝံက... သေနေပြီလား...။

ပထမဆုံး ကြေးမျောက်ဝံမှာ လွယ်လွယ်ကူကူ သေဆုံးသွားခဲ့၏။ သို့ပေမည့် ထိုကြေးမျောက်ဝံသည် မိုးကြိုးမြှားဖြင့် ပစ်ခတ် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိထားရမည်ပင်။ ကြေးမျောက်ဝံများမှာ အရေပြား ထူပြီး အသားမာကြ၏။ သူတို့ သုံးယောက် ဝိုင်းဝန်း တိုက်ခိုက်မည် ဆိုလျှင်ပင် တစ်ကောင်ကို သတ်ဖြတ်နိုင်ရန် အချိန်အတော်ကြာ လိုအပ်ပေမည်။ သို့ပေမည့် ဤတစ်ကောင်က အဘယ်သို့ သေသွားရသနည်း။ ထို့အပြင် ဟုန်ရှောင်ပေါင်ကော ဘယ်ရောက်သွားသနည်း။

"ကယ်ကြပါ... ကယ်ကြပါ...။" သူတို့နှစ်ဦး တွေးတောနေစဉ်မှာပင် ကြေးမျောက်ဝံ၏ အောက်မှ သဲ့သဲ့လေး ထွက်ပေါ်လာသော အသံတစ်ခုကို ကြားလိုက်ရ၏။ ကြေးမျောက်ဝံ၏ ဖိဖုံးထားခြင်းကို တင်းတင်းကျပ်ကျပ် ခံထားရသည့် ဟုန်ရှောင်ပေါင်ကို မြင်တွေ့လိုက်ကြရသည်။ သူတို့နှစ်ဦးက အလောတကြီး ဝိုင်းဝန်း၍ ကြေးမျောက်ဝံကို ဖယ်ရှားပေးလိုက်ကြ၏။

ဟုန်ရှောင်ပေါင်မှာ တစ်ကိုယ်လုံး သွေးများ ပေကျံနေပြီး၊ အဝတ်အစားများမှာလည်း သွေးရွှဲနေကြောင်း တွေ့လိုက်ရသည်။ အလွန်တရာ ပြင်းထန်စွာ ဒဏ်ရာ ရထားပုံရပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့နေခဲ့၏။

သူတို့နှစ်ဦးကလည်း များများ မစဉ်းစားနိုင်တော့ဘဲ ဟုန်ရှောင်ပေါင်ကို ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ဘေးဆီသို့ တွဲခေါ်လာခဲ့ကြသည်။ "အစ်ကိုကြီး ... ညီလေးဟုန် ဒဏ်ရာ ရသွားပုံရတယ်။"

"အဲဒီ ကြေးမျောက်ဝံကော။" ကွမ်းထျန်းချိုင်က မေးလိုက်၏။

"သေသွားပြီ။"

"သေသွားပြီလား။"

ကွမ်းထျန်းချိုင် ကြောင်အသွား၏။ "ဘယ်လို သေသွားတာလဲ။"

"ညီလေးဟုန် သတ်... လိုက်တာ ဖြစ်မယ်... ထင်တာပဲ။" လော်မင်ကျဲလည်း သေချာ မသိချေ။ ဟုန်ရှောင်ပေါင်၏ ပုံစံနှင့် အခြေအနေကို ကြည့်ရသည်မှာ သူ သတ်လိုက်သည့် ပုံနှင့် လုံးဝ မတူချေ။ သို့ပေမည့် သူ မဟုတ်လျှင် ဘယ်သူ ဖြစ်နိုင်ပါဦးမည်နည်း။

"ဘယ်နေရာ ဒဏ်ရာ ရသွားတာလဲ။" ကွမ်းထျန်းချိုင်က ထိုအခါမှ မျက်မှောင်ကြုတ်လျက် ဟုန်ရှောင်ပေါင်ကို ကြည့်လိုက်၏။ ဟုန်ရှောင်ပေါင်၏ မျက်နှာပြင်က အလွန်တရာ ဖြူဖျော့နေသည်။ သူတို့ အနည်းငယ်မှာ ဓားသွားပေါ်တွင် သွေးလျက်၍ အသက်မွေးလာသူများ ဖြစ်ကြရာ ဟုန်ရှောင်ပေါင်၏ မျက်နှာ အခြေအနေက တကယ်ကို မမှန်ကန်ကြောင်း သဘာဝကျကျပင် ခွဲခြား သိရှိနိုင်ကြသည်။

"မသိဘူး။" ဟုန်ရှောင်ပေါင်က မျက်နှာရှုံ့မဲ့လျက် ပြောလိုက်၏။ သူက သွေးကြောက်တတ်ကြောင်းကို အဘယ်သို့ ထုတ်ပြောရဲပါမည်နည်း။ ထို့ကြောင့် တွေ့ရာကောက် ပြောလိုက်၏။ "စောစောက အဲဒီမျောက်က ခုန်အုပ်လာပြီး ကျုပ်အပေါ်ကို အရှိန်အဟုန်နဲ့ တိုက်မိတာ။ တစ်ကိုယ်လုံးက အရိုးတွေ တစ်စစီ ဖြစ်သွားသလို ခံစားလိုက်ရတယ်။ အလောတကြီးနဲ့ ဓားတစ်ချက် ထိုးထည့်လိုက်တာ... သူ့ကို ထိုးသတ်မိသွားတာ ထင်တယ်။"

"......"

ကွမ်းထျန်းချိုင်မှာ ပြောစရာ စကားပင် မရှိတော့ချေ။ သူက သရော်စကား အနည်းငယ် ပြောလိုသော်ငြား၊ ဟုန်ရှောင်ပေါင်က ထိုကြေးမျောက်ဝံကို ထိုးသတ်ခဲ့သည်မှာ မျက်စိအောက်တွင် မြင်တွေ့နေရသည့် အမှန်တရား ပင်ဖြစ်၏။ ဤအပေါ်တွင် မည်သူကမှ ဘာမှပြော၍ မရနိုင်ချေ။ ထို့ကြောင့် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။ "အားနည်းချက် တစ်ခုခုကို ထိုးမိသွားတာများလား။"

ပြောရင်း ကြေးမျောက်ဝံ၏ အနီးဆီသို့ လျှောက်သွားကာ လှန်လှော ကြည့်ရှုစစ်ဆေးတော့၏။

"လည်ပင်းပေါ်က အပေါက် နှစ်ပေါက်က ကျုပ်နဲ့ နိမ့်ရန်တို့ ထိုးထားတာ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ဒီ ကြေးမျောက်ဝံက သေနေပြီးသား။" လော်မင်ကျဲက ပြောလိုက်သည်။

ချိုင်းအောက် နေရာမှာ အနည်းငယ် လျှို့ဝှက်သည် ဆိုသော်ငြား ရှာဖွေရန် မခက်ခဲလှချေ။ သူတို့နှစ်ဦးက လျင်မြန်စွာပင် ရှာတွေ့သွားကြ၏။ အတန်ကြာအောင် ထပ်မံ ရှာဖွေကြည့်သော်လည်း ဤဒဏ်ရာ တစ်ခုတည်းမှလွဲ၍ အခြား မည်သည့် ဒဏ်ရာမှ မရှိတော့ချေ။

ထိုအခါမှ ကွမ်းထျန်းချိုင်က မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။ "ချိုင်းအောက်က ကြေးမျောက်ဝံရဲ့ အားနည်းချက် နေရာ ဖြစ်နေတာကိုး။"

"ဒီတစ်ခေါက်တော့ ညီလေးဟုန် ကျေးဇူးကြောင့်ပါပဲ။ သူသာ မရှိရင် ဒီနေ့ တကယ် အန္တရာယ် များသွားလိမ့်မယ်။" လော်မင်ကျဲက ပြောလိုက်သည်။

ထိုအချိန်က ကြေးမျောက်ဝံ သုံးကောင်က သူတို့ သုံးယောက်ကို သီးခြားစီ ဝိုင်းပတ် တိုက်ခိုက်ခဲ့ကြရာ အားလုံးမှာ အန္တရာယ်များလှသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။ ဟုန်ရှောင်ပေါင်၏ ဤကဲ့သို့ တိုက်ဆိုင်စွာ သတ်ဖြတ်နိုင်မှုသာ မရှိခဲ့လျှင် ယနေ့ သူတို့ သုံးယောက်အနက် တစ်ယောက် ၊ နှစ်ယောက်တော့ ဤနေရာ၌ သေချာပေါက် အသက်ပေးသွားရလောက်၏။

"ဟွန့်... ခွေးချေးနင်းမိတဲ့ ကံကောင်းမှုလေးနဲ့ တွေ့သွားတာပါ။"

ကွမ်းထျန်းချိုင်က နိမ့်ရန် စစ်ဆေးပေးနေသည့် ဟုန်ရှောင်ပေါင်ကို တစ်ချက် ကြည့်လိုက်၏။ အတန်ကြာ စဉ်းစားပြီးနောက် လျှောက်သွားကာ ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် မင်း အလုပ်ကြီး လုပ်နိုင်ခဲ့တယ်။ သံမဏိ သတ္တုတွင်းဆီ ရောက်ရင် မင်းအတွက် ဆုလာဘ် မနည်းစေရဘူး။"

အလုပ်ကြီး လုပ်နိုင်ခဲ့တယ်။ ဆုလာဘ်...။

အစ်ကိုကြီး ... ခင်ဗျားရဲ့ ဒီလေသံက ဘယ်တိုင်းပြည်က ဧကရာဇ်မို့လို့လဲ။

ဟုန်ရှောင်ပေါင်က စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်၏။ သူသည် လူမှုဆက်ဆံရေး ဉာဏ်ရည် (EQ) ကို တကယ်ကို စစ်ဆေးကြည့်ချင်မိသည်။ ဤလူ၏ EQ က ဘယ်လောက်တောင် နိမ့်ကျနေသလဲ ဆိုတာကို သိချင်လှသည်။

"ညီလေးဟုန် ... မင်း ဒဏ်ရာ မရထားဘူးပဲ။"

နိမ့်ရန်က သေသေချာချာ ထပ်မံ စစ်ဆေးကြည့်ပြီးနောက် ပြောစရာ စကား မရှိသကဲ့သို့ ပြောလိုက်၏။ "ညီလေးရယ်... မင်း တိတိကျကျ ဘယ်နေရာ ဒဏ်ရာ ရသွားတာလဲ။"

"ကျုပ်လည်း မသိဘူးလေ...။" ဟုန်ရှောင်ပေါင်က ခပ်တည်တည်ဖြင့် ဖြေလိုက်သည်။ သွေးကြောက်တတ်သော သူတစ်ယောက်အတွက်မူ တစ်ကိုယ်လုံး သွေးများ စွန်းထင်းနေခြင်းမှာ မည်မျှလောက် ကြောက်မက်ဖွယ် ကောင်းသည့် ကိစ္စရပ် တစ်ခုနည်း။

ချက်ချင်းပင် လိမ်ဆင် ထွင်ပြောလိုက်သည်။ "အဲဒီကောင်က ကျုပ်ကို တစ်ချက်တည်း တိုက်မိတာနဲ့ အရိုးတွေ တစ်စစီ ဖြစ်သွားသလို ခံစားလိုက်ရတာ။ အခုချိန်ထိ ရင်တွေ အရမ်း တုန်နေတုန်းပဲ...။"

"ဟွန့် ... တကယ့်ကို အမျိုးတူရာ စုရုံးနေကြတာပဲ။

All Chapters