← Chapters

အခန်း (၁၃၉၁-၁၃၉၂)

Vol. 123 Ch. 1391-1392

အခန်း (၁၃၉၁-၁၃၉၂)

Vol. 123 Ch. 1391-1392

အခန်း ၁၃၉၁

​"ငါ ထပ်ပြောပါရစေ။ အထက်ပါအချက်တွေက ငါ့ရဲ့အမြင်သက်သက်သာဖြစ်ပြီး ရည်ညွှန်းကိုးကားဖို့အတွက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့တိကျသေချာမှုနဲ့ပတ်သက်ပြီး ငါ ဘာကတိမှမပေးနိုင်ပါဘူး။"

ရှောင်းယီ က အဆုံးသတ်မှာ ပြောကြားလိုက်သည်။

​"ဆရာကြီး... ခင်ဗျားက အရမ်းစေ့စပ်သေချာလွန်းနေပါပြီ။ ကျွန်တော်ကတော့ ခင်ဗျားပြောတာက အမှန်တရားပဲလို့ ခံစားရတယ်။"

​"ဟုတ်တယ်။ ဆရာကြီးရဲ့ ခွဲခြမ်းစိတ်ဖြာမှုကို ကြားပြီးတဲ့နောက်မှာ ငါတို့ လက်ရှိရင်ဆိုင်နေရတဲ့ ပတ်ဝန်းကျင်က ပိုပြီးတော့ ရှင်းလင်းသွားတယ်လို့ ငါ ခံစားရတယ်။"

​"ဆရာကြီး ဒီလောက်အထိ ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးတိုးတက်လာနိုင်တာ မဆန်းတော့ဘူး။ ဒါက ကံကောင်းရုံသက်သက်ပဲ မဟုတ်ဘူးဆိုတာ ထင်ရှားနေတာပဲ။"

​"ကံကောင်းတာ ဟုတ်လား။ အောင်မြင်တဲ့လူတွေက နှိမ့်ချတဲ့အနေနဲ့ 'ငါ ကံကောင်းလို့ပါ' လို့ ပြောတတ်ကြတာ။ သူတို့က ဒီအတိုင်း ပေါ့ပေါ့ပါးပါး ပြောလိုက်တာပဲ။ အလွယ်တကူ မယုံလိုက်နဲ့။"

​"ဆရာကြီးရဲ့ ခွဲခြမ်းစိတ်ဖြာမှုအရမ်းကို တိကျတယ်လို့ ငါ ခံစားရတယ်။ တကယ်တော့ ငါတို့ရဲ့ ဂလက်ဆီထဲမှာလည်း အာကာသယာဉ်တွေ ပေါ်လာဖူးပါတယ်။ ဒါပေမဲ့ သူတို့က ငါတို့လို ကယ်ဆယ်ရေးယာဉ်ငယ်သမားတွေကို တမင်သက်သက် လျစ်လျူရှုပြီး ဆရာကြီးကိုပဲ အဓိက အာရုံစိုက်နေပုံရတယ်။"

​"အတိအကျပဲ။ ဒီကမ္ဘာကြီးရဲ့ ဥပဒေသတွေက ဆရာကြီးအတွက် တမင်သက်သက် စမ်းသပ်ချက်တွေ ဖန်တီးပေးထားတာလားလို့တောင် ငါ သံသယဝင်မိတယ်။"

​"ဒါက နှာခေါင်းပေါ်က မှဲ့လို ထင်ရှားနေတာပဲ မဟုတ်ဘူးလား။ အထင်သားကြီးပဲ။"

​"ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးတိုးတက်လာရင် အထူးဂရုစိုက်တာကို ခံရတာပဲ။ ငါကတော့ ငါ့ပုံရိပ်ကို နှိမ့်ချပြီးတော့ပဲ နေတော့မယ်။"

​"ရပါတယ်။ မင်းရဲ့ပုံရိပ်ကို နှိမ့်ချနေစရာ မလိုပါဘူး။ ဆရာကြီး ရှိနေသရွဲ့တော့ ဘယ်တော့မှ မင်းက ထိပ်ဆုံးက ပေါ်ထွက်လာမယ့်သူ ဖြစ်မှာမဟုတ်ဘူး။"

​"အဲဒါက နာကျင်စရာကောင်းပေမဲ့ ငါ့မှာ ငြင်းခုံဖို့ နည်းလမ်းမရှိဘူး ဖြစ်နေတယ်။"

​"ဆရာကြီးရဲ့ ခွဲခြမ်းစိတ်ဖြာမှုအရဆိုရင် ငါတို့ အပျက်အစီးတွေကို တကယ်သွားပြီး တူးဖော်မယ်ဆိုရင် ကောင်းတဲ့အရာတွေ တွေ့တာနဲ့ ချက်ချင်း ထွက်ခွာလာရမယ်။"

​"မှန်တယ်။ အပျက်အစီးတွေထဲက အာကာသယာဉ်တွေက ပျက်စီးနေနိုင်တာမို့ အားလုံးပဲ အနက်ရောင်ရွှေနဲ့ အုတ်မြစ်ကျောက်တွေကို ကြိုတင်ပြင်ဆင်ထားသင့်တယ်။ ပြီးတော့ လောင်စာဆီပြဿနာလည်း ရှိသေးတယ်။ စောစောက အသက်ရှင်ကျန်ရစ်သူတစ်ယောက် ညည်းတွားနေတာ ငါ ကြားလိုက်တယ်။ အာကာသယာဉ်ရဲ့ လောင်စာဆီလိုအပ်ချက်က အရမ်းမြင့်မားတယ်တဲ့။"

​‌၎င်းကို မြင်သောအခါ ရှောင်းယီ က မိတ်ဆက်ပေးလိုက်သည်။

"အသေးစား အာကာသယာဉ်တစ်စီးရဲ့ လောင်စာဆီကန်က ကယ်ဆယ်ရေးယာဉ်ငယ်ထက် အဆပေါင်း တစ်ထောင် ပိုကြီးတယ်။"

​"အဆပေါင်း တစ်ထောင် ဟုတ်လား။ အဲဒါဆိုရင် ကယ်ဆယ်ရေးယာဉ်ငယ်ရဲ့ လောင်စာဆီတွေ အပြည့်ရှိနေရင်တောင် အသေးစား အာကာသယာဉ်ထဲ ထည့်လိုက်ရင် 0.1% ပဲ ရှိမှာပေါ့။"

​"အဓိပ္ပာယ်ရှိတယ်။ စောစောကလူ ညည်းတွားနေတာ မကြားဘူးလား။ သူ့ လောင်စာဆီ 50% ရှိတာကနေ 0.05% ဖြစ်သွားတယ်ဆိုတာ။"

​"သေစမ်း... ဒီအာကာသယာဉ်က လောင်စာဆီ အရမ်းစားတာပဲ။"

​"ဒါက သဘာဝကျပါတယ်။ အာကာသယာဉ်တစ်စီးက သေချာပေါက် လောင်စာဆီ အမြောက်အမြား လိုအပ်မှာပေါ့။ ဒါမှမဟုတ်ရင် ကြယ်တာရာပင်လယ်ထဲမှာ ဘယ်လို လှည့်လည်သွားလာနိုင်မှာလဲ။"

​"ဟုတ်တယ်။ အာကာသယာဉ်ရဲ့ မောင်းနှင်နိုင်စွမ်းနဲ့ အရှိန်က ကယ်ဆယ်ရေးယာဉ်ငယ်ထက် အများကြီး သာမှာ သေချာတယ်။ လောင်စာဆီကန် ပိုကြီးတာက ပုံမှန်ပါပဲ။"

​"ကောင်းပြီ... ဆရာကြီးကတော့ သိပ္ပံပညာပေးတာ ပြီးသွားပြီ။ ငါတို့ရဲ့ လက်ရှိအလုပ်က အပျက်အစီးမြေပုံတစ်ခု ရဖို့အတွက် ဥက္ကာခဲတွေကို မြန်မြန်ဆန်ဆန် စုဆောင်းဖို့ပဲ။ အဲဒါမှ အာကာသယာဉ်ကို ပိုမြန်မြန် ရနိုင်လိမ့်မယ်။ ဥက္ကာခဲမိုးတွေဆီကနေ ဥက္ကာခဲတွေကို ဖမ်းယူဖို့ပဲ အားကိုးနေရင်တော့ အရမ်းခက်ခဲလိမ့်မယ်။"

​"အတိအကျပဲ။ ငါက စတောင်နေပြီ။ ငါ့ရှေ့မှာရှိတဲ့ ဒီဥက္ကာခဲခါးပတ်ထဲက ဥက္ကာခဲတွေအားလုံးကို စုဆောင်းပစ်တော့မယ်။"

​"အပေါ်က ညီအစ်ကို... မင်း စိတ်ကြွဆေးတွေ ဘာတွေ ထိုးထားတာလား။ ဒါပေမဲ့ ငါ သတိပေးရဦးမယ်။ ဥက္ကာခဲခါးပတ်တစ်ခုထဲမှာ ရှိတဲ့ ဥက္ကာခဲတွေက ငါတို့ တစ်သက်လုံး စုဆောင်းရင်တောင် ကုန်နိုင်မှာ မဟုတ်ဘူး။"

​"ဟုတ်တယ်။ ဥက္ကာခဲတွေက အရမ်းများလွန်းတယ်။ ပြီးတော့ ငါတို့ရဲ့ စုဆောင်းစက်တွေရဲ့ စွမ်းဆောင်ရည်ကလည်း အကန့်အသတ် ရှိလွန်းတယ်။"

​"ဘယ်ဥက္ကာခဲထဲမှာ အပျက်အစီးမြေပုံ ပါဝင်နေလဲဆိုတာကိုသာ မြင်နိုင်ရင် သိပ်ကောင်းမှာပဲ။"

​"ညီအစ်ကို... မင်း သွားအိပ်လိုက်ပါဦး။ တစ်ညလုံး အိပ်ရေးပျက်ပြီး အိပ်မက်ယောင်နေပြီ။"

၎င်းကို မြင်လိုက်ရသောအခါ ရှောင်းယီ၏ မျက်ခုံးများ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။ အကယ်၍ အပျက်အစီးမြေပုံက တူးဖော်ရေးလုပ်ငန်းစဉ်အတွင်းမှာ ကျလာခြင်းမဟုတ်ဘဲ ဥက္ကာခဲထဲတွင် အမှန်တကယ် ရှိနေတာဆိုရင် သူ့အနေဖြင့် ၎င်းကို ကြိုတင်မြင်နိုင်မယ့် အခွင့်အရေး ရှိနေသည်။

အဘယ်ကြောင့်ဆိုသော ရှောင်းယီတွင် စူပါစကင်ဖတ် ခွဲခြမ်းစိတ်ဖြာစက် ရှိနေသောကြောင့်ဖြစ်သည်။

​ရှောင်းယီ ထိုကိရိယာကို အသုံးပြုလာခဲ့သည်မှာ ရက်အနည်းငယ် ရှိနေပြီဖြစ်သော်လည်း မည်သည့် ထူးခြားသောပစ္စည်းကိုမှ ရှာမတွေ့သေးသဖြင့် ယခုကိစ္စနှင့်ပတ်သက်၍ သူလည်း သေချာမသိသေးပေ။

​"အကယ်၍ ဒါက စုဆောင်းတဲ့ လုပ်ငန်းစဉ်အတွင်းမှာ ကျပန်းကျလာတာဆိုရင်တော့ ငါ့ရဲ့ ကိရိယာက အသုံးမဝင်တော့ဘူး။"

ရှောင်းယီက မိမိဘာသာ ရေရွတ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် ငါ စမ်းကြည့်ရမယ်။"

​ထိုသို့ တွေးတောရင်း ရှောင်းယီ သည် အနီးနားရှိ ဥက္ကာခဲများကို စတင်စကင်ဖတ်ရန် စူပါစကင်ဖတ် ခွဲခြမ်းစိတ်ဖြာစက်အား အမိန့်တစ်ခု ကိုယ်တိုင်ထုတ်ပြန်လိုက်သည်။

​ထိုကိရိယာ၏ မျက်နှာပြင်ပေါ်တွင် စကင်ဖတ်မှုရလဒ်များ ဆက်တိုက် ပေါ်ထွက်လာခဲ့သည်။

"ဤဥက္ကာခဲထဲတွက် အလူမီနီယမ် ၅၀ ကီလိုဂရမ်၊ ကြေးနီ ၁၀ ကီလိုဂရမ်၊ သံ ၈၅ ကီလိုဂရမ် ပါဝင်ပါသည်..."

​"ဤဥက္ကာခဲထဲတွင် ရေ ၁၂၀ ကီလိုဂရမ်၊ သံ ၅ ကီလိုဂရမ် ပါဝင်ပါသည်..."

​"...."

​ရှောင်းယီ တစ်ကိုယ်တည်း ခြောက်နာရီအပြည့် စကင်ဖတ်ခဲ့၏။ အများစုမှာ သာမန်အရင်းအမြစ်များသာဖြစ်ပြီး အပျက်အစီးမြေပုံနှင့် ပတ်သက်သည့် မည်သည့်အချက်အလက်မှ မရှိပေ။

​"စုဆောင်းတဲ့ လုပ်ဆောင်ချက်ကြောင့်ပဲ အပျက်အစီးမြေပုံက ကျလာတာ ဖြစ်ရမယ်။"

ရှောင်းယီ မိမိဘာသာ တွေးလိုက်၏။

​ထိုသို့ တွေးလိုက်မိရုံရှိသေးစဥ်မှာပင် ပုံမှန်မဟုတ်သော စကင်ဖတ်မှုရလဒ်တစ်ခုက မျက်နှာပြင်ပေါ်၌ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

​"ဤဥက္ကာခဲထဲတွက် ရေ ၁၀ ကီလိုဂရမ်၊ ကြေးနီ ၂၀ ကီလိုဂရမ်နဲ့ ချစ်ပ်တစ်ခု ပါဝင်ပါသည်..."

ထိုစကင်ဖတ်မှုရလဒ်ကို မြင်သောအခါ ရှောင်းယီ အနည်းငယ် ကြောင်အသွား၏။ ပြီးနောက် ချစ်ပ်ပါရှိသော ထိုဥက္ကာခဲကို ဆွဲယူရန် အာကာသချိတ်ကို ချက်ချင်း အသုံးပြုလိုက်သည်။

​ရှောင်းယီသည် စုဆောင်းစက်တစ်ခုကို ချမှတ်ကာ ထိုဥက္ကာခဲမှ အရာဝတ္ထုများကို ချက်ချင်း စတင်စုဆောင်းတော့လေသည်။

​ထို့နောက်တွင်မူ နှစ်နာရီကြာအောင် ပျင်းရိငြီးငွေ့ဖွယ် စောင့်ဆိုင်းခဲ့ရသည်။

​"ဒီစုဆောင်းစက်ရဲ့ စွမ်းဆောင်ရည်က တကယ်ကို နှေးကွေးလွန်းတယ်။"

ရှောင်းယီ ညည်းတွားနေစဉ်မှာပဲ ထိုဥက္ကာခဲအား စုဆောင်းမှုဖြစ်စဉ် ပြီးဆုံးသွားခဲ့၏။​စုဆောင်းစက် ပြန်ရောက်လာပြီးနောက် ရှောင်းယီ ထိုချစ်ပ်ကို ချက်ချင်း ထုတ်ယူလိုက်သည်။

​"ပထမအဆင့် ကမ္ဘာဦးယဉ်ကျေးမှု အပျက်အစီးမြေပုံ- ဤချစ်ပ်ကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် အသုံးပြုနိုင်သည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မြေပုံပေါ်တွင် အမှတ်တစ်ခုကို မှတ်သားပေးမည်ဖြစ်ပြီး ၎င်းမှာ ပထမအဆင့် ကမ္ဘာဦးယဉ်ကျေးမှု အပျက်အစီးနေရာ ဖြစ်သည်။ မြေပုံ၏ ညွှန်ကြားချက်အတိုင်း လိုက်နာပါက ထိုအပျက်အစီးနေရာသို့ ရောက်ရှိမည်ဖြစ်ပြီး ၎င်းနေရာမှ အကျိုးကျေးဇူးများစွာကို ရရှိနိုင်သည်။"

​"ဒါကို တကယ်ကြီး ဥက္ကာခဲထဲမှာ တိုက်ရိုက်ဝှက်ထားတာပဲ။"

စနစ်၏ ဖော်ပြချက်ကို ကြည့်ရင်း ရှောင်းယီ၏ မျက်လုံးများ ဆွံ့အအံ့ဩမှုကြောင့် ပြူးကျယ်သွားခဲ့သည်။

​စိတ်ကို တည်ငြိမ်အောင်ထားပြီးနောက် ရှောင်းယီသည် ချစ်ပ်ကို ကိုင်ကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိရာဆီသို့ ချက်ချင်း ပြန်လည်မျောလွင့်သွားခဲ့လိုက်တော့သည်။

​"သင်သည် ပထမအဆင့် ကမ္ဘာဦးယဉ်ကျေးမှု အပျက်အစီးမြေပုံတစ်ခုကို ရရှိထားကြောင်း စနစ်က သိရှိရပါသည်။ အသုံးပြုလိုပါသလား။"

​"အသုံးပြုမယ်။"

ရှောင်းယီ ပြန်ဖြေလိုက်သည်။ သူသည် ဤကမ္ဘာဦးယဉ်ကျေးမှု အပျက်အစီးများကို အလွန်ပင် စိတ်ဝင်စားနေ၏။

​"အောင်မြင်စွာ အသုံးပြုပြီးပါပြီ။ အပျက်အစီးတည်နေရာကို မြေပုံမျက်နှာပြင်တွင် စစ်ဆေးပါ။"

​ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မျက်နှာပြင်ကို မြေပုံသို့ ပြောင်းလဲလိုက်ရာ အဝါရောင်အစက်ကလေးတစ်ခု လင်းလက်နေသည်ကို မြင်တွေ့လိုက်ရသည်။

ထိုအဝါရောင်အစက်သည် ဤဂလက်ဆီ၏ အပြင်ဘက်အစွန်းတွင် ရှိနေပုံရပြီး သူနှင့် ကီလိုမီတာ ၃၀၀၀၀၀ ခန့် ဝေးကွာသည်။

​အသေးစား အာကာသယာဉ်၏ တစ်စက္ကန့်လျှင် ၁၆ ကီလိုမီတာနှုန်းဖြင့်ဆိုပါက ရောက်ရှိရန် ၅.၂၁ နာရီခန့် ကြာမြင့်မည်ဖြစ်သည်။

​ဤအချိန်ပမာဏက လက်ခံနိုင်ဖွယ်ရှိသော်လည်း သူ၏အာကာသယာဉ်ဘေးတွင် ဥက္ကာခဲမိုးမှ ကြားဖြတ်ဖမ်းယူထားသော ဥက္ကာခဲများကို ကြည့်လိုက်ရာ ထက်ဝက်ခန့်မှာ စုဆောင်းရဦးမည်ဖြစ်သဖြင့် ရှောင်းယီသည် ကူကယ်ရာမဲ့စွာသာ ခေါင်းခါလိုက်မိသည်။

​"ဒီဟာတွေကို စုဆောင်းပြီးမှပဲ အဲဒီကို သွားလို့ရတော့မယ်။"

ရှောင်းယီ မိမိဘာသာ တွေးလိုက်သည်။

ဤမျှများပြားသော အနက်ရောင်ရွှေများကို သူ သည်အတိုင်းတော့ အဆုံးရှုံးမခံနိုင်ချေ။

​ရှောင်းယီတွင် စုဆောင်းစက် လေးခု ရှိသော်လည်း စုဆောင်းမှု စွမ်းဆောင်ရည်မှာမူ အလွန် နိမ့်ကျနေဆဲပင် ဖြစ်သည်။

​ထိုအချိန်တွင် ရောင်းဝယ်ရေး တောင်းဆိုချက်တစ်ခုကို ကျူးဝူက ရှောင်းယီထံ ပေးပို့လာခဲ့သည်။

​"ရေ ၂၀၀၀ ကီလိုဂရမ် - အခမဲ့လဲလှယ်ခြင်း။"

​"သူဌေး... ဒါကို ကျွန်တော် ခုလေးတင် စုဆောင်းမိထားတာပါ။"

ကျူးဝူက မက်ဆေ့ခ်ျ ပို့လာ၏။

​"မင်း ကြယ်တံခွန်ကို ပတ်ပြီး ပျံသန်းတဲ့အရှိန်ကလည်း မနှေးဘူးပဲ။ ကြယ်တံခွန်အမြီးဆီကို ဒီလောက်မြန်မြန် ရောက်သွားတယ်ပေါ့။"

ရှောင်းယီ အနည်းငယ် အံ့ဩသွားပြီးနောက် ပြုံးကာ ပြောလိုက်သည်။

​"တော်တော်လေးတော့ မြန်တယ်ဗျ။"

ကျူးဝူက ပြန်ပြောလိုက်သည်။

"သူဌေး... အသေးစား အာကာသယာဉ်တစ်စီးက ဒီကြယ်တံခွန်ရဲ့ ဆွဲငင်အားကနေ လွတ်မြောက်နိုင်မယ်လို့ သူဌေး ထင်လား။"

​ရှောင်းယီ ကြောင်အသွား၏။

"ဘာလဲ။ မင်း ကြယ်တံခွန်နဲ့အတူ ဆက်ပြီး မပျံသန်းချင်တော့ဘူးလား။"

​"မဟုတ်ပါဘူး။ ကျွန်တော် ဒီအတိုင်း တွေးမိလို့ မေးကြည့်လို့ပါ။ ပျင်းနေတာနဲ့လေ။"

​ကျူးဝူက ပခုံးတွန့်ကာ ပြန်ဖြေလိုက်သည်။

​"အဲဒါကို တွက်ချက်ဖို့ဆိုရင် ကြယ်တံခွန်ရဲ့ ဒြပ်ထုကို သိဖို့လိုလိမ့်မယ်။ အခုလောလောဆယ်တော့ ပြောရခက်တယ်။ မင်း စမ်းကြည့်ချင်တယ်ဆိုရင်တော့ ကြယ်တံခွန်ကုန်သည်အဖြစ် ဆက်လုပ်နိုင်တော့မှာ မဟုတ်ဘူးလို့ ငါ ထင်တယ်။"

ရှောင်းယီ ထိုသို့ပြောရင်းနှင့် ကုန်သွယ်မှုကို လက်ခံလိုက်သည်။

​"ကုန်သွယ်မှု အောင်မြင်ပါသည်... လေးဆတိုး ရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်းများ- ရေ ၈၀၀၀ ကီလိုဂရမ်။"

​စနစ်၏ သတိပေးချက်ကို ကြားလိုက်ရသောအခါ ရှောင်းယီ အနည်းငယ် ကြောင်အသွားပြီးနောက် သူ၏စိတ်ထဲမှ ချက်ချင်း မေးမြန်းလိုက်သည်။

"စနစ်... ငါ ခုနက ပထမအဆင့် ကမ္ဘာဦးယဉ်ကျေးမှု အပျက်အစီးမြေပုံကို ရခဲ့တာမဟုတ်ဘူးလား။ အဲဒီတုန်းက ဘာလို့ လေးဆတိုး ရိတ်သိမ်းမှုကို မေ့သွားရတာလဲ။"

အခန်း ၁၃၉၂

"တူညီတဲ့ အပျက်အစီးမြေပုံ လေးစောင် ရလိုက်တာက ဘာထူးခြားတဲ့ အဓိပ္ပာယ်များ ရှိလို့လဲလို့ ပြန်မေးပါရစေ။"

စနစ်က ထူးထူးခြားခြား ပြန်လည်ခြေပလာ၏။ ရှောင်းယီ လုံးဝ ဆွံ့အသွားရသည်။

တူညီသောအပျက်အစီးမြေပုံ လေးစောင်ကို ပွားယူလိုက်မည်ဆိုလျှင်လည်း ထိုအရာက အမှန်တကယ်ပင် ဘာအဓိပ္ပာယ်မှ ရှိမည်မဟုတ်ချေ။

သို့သော်လည်း ရှောင်းယီသည် မတူညီသည့် အပျက်အစီးနေရာများကို ညွှန်ပြနေမည့် အပျက်အစီးမြေပုံ လေးစောင်ကို ရရှိရန် မျှော်လင့်နေဆဲဖြစ်သည်။

ထိုအချိန်တွင် ရှောင်းယီ ရုတ်တရက် သဘောပေါက်သွား၏။

"အပျက်အစီးမြေပုံကို လေးဆ မတိုးနိုင်ပေမယ့် အပျက်အစီးနေရာထဲက ရလာမယ့် အသီးအပွင့်တွေကိုတော့ လေးဆတိုးလို့ ရတာပဲ။"

စောစောကက သူသည် မိမိဖမ်းဆီးထားသော ဥက္ကာခဲများကိုသာ စိုက်ကြည့်နေခဲ့ခြင်းဖြစ်သည်။ ထိုဥက္ကာခဲအားလုံးကို တူးဖော်ပြီးလျှင်တောင်မှ အသေးစားအာကာသယာဉ် လေးစီးကို အဆင့်မြှင့်တင်ဖို့ကတော့ လုံးဝမဖြစ်နိုင်တာ သေချာသည်။

ရှောင်းယီသည် အနက်ရောင်ရွှေပမာဏ အမြောက်အမြား ပါဝင်နေသည့် ဤဥက္ကာခဲများကို စုဆောင်းမည့်အစီအစဉ်ကို ပြတ်ပြတ်သားသား စွန့်လွှတ်လိုက်ပြီး မိမိရှာဖွေတွေ့ရှိထားသည့် အပျက်အစီးနေရာဆီသို့ အရှိန်အပြည့်ဖြင့် ချက်ချင်း ဦးတည်မောင်းနှင်လိုက်တော့သည်။

အပျက်အစီးများရှိရာ တည်နေရာသို့ အပြေးအလွှား သွားနေစဉ်အတွင်း ရှောင်းယီသည် ဈေးကွက်ခန်းမရှိ ကုန်သွယ်မှုများကို ကြည့်လိုက်သည်။

လေးဆတိုးအခြေအနေကြောင့် ရှောင်းယီသည် ရောင်းအားမြှင့်တင်ရန် မျှော်လင့်ချက်ဖြင့် သူတင်ထားသည့် အရင်းအမြစ်များ၏ ဈေးနှုန်းများကို နောက်တစ်ကြိမ် ထပ်မံလျှော့ချလိုက်၏။

ဤဈေးနှုန်းညှိနှိုင်းမှုက သဘာဝအတိုင်းပင် ဆွေးနွေးငြင်းခုံမှုအချို့ကို ဖြစ်ပေါ်စေခဲ့သော်လည်း ၎င်းကို ကျူးဝူ၏ အရေးပေါ်ကယ်ဆယ်ရေးယာဉ် အဆင့်မြှင့်တင်မှုနှင့် အသက်ရှင်ကျန်ရစ်သူတစ်ဦးက အပျက်အစီးတစ်ခုထဲတွင် အာကာသယာဉ်တစ်စီး ရှာဖွေတွေ့ရှိခဲ့သည့် အကြောင်းအရာများက လျင်မြန်စွာ ဖုံးလွှမ်းသွားခဲ့သည်။

အကြောင်းအရာ၏ ရေပန်းစားမှုက သိပ်မကြီးမားသော်လည်း ရောင်းအားကတော့ တော်တော်လေး ကောင်းမွန်နေဆဲပင်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံး လေးဆတိုးအခြေအနေ ဖြစ်ပေါ်ခဲ့သည်မှာ ငါးရက်ခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။

ဤငါးရက်အတွင်းတွင် ပြီးခဲ့သည့်တစ်ခေါက်က ဝယ်ယူထားသည့် အရင်းအမြစ်များမှာ အခြေခံအားဖြင့် ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သည်။

အဆုံး၌ လူတိုင်း၏ အရေးပေါ်ကယ်ဆယ်ရေးယာဉ်၏ နေရာလွတ်မှာ အကန့်အသတ်ရှိပြီး အချို့သော ရိက္ခာများ၏ သိုလှောင်မှု အခြေအနေများကလည်း အကန့်အသတ်ရှိသဖြင့် လောင်စာဆီကဲ့သို့သော အရာများကို အမြောက်အမြား ဝယ်ယူထားရန် မဖြစ်နိုင်ပေ။

ရှောင်းယီ၏ လက်ထဲတွင်ရှိသော အရည်ပျော်ဓာတ်ငွေ့ သိုလှောင်ထုတ်လွှတ်သည့် ကိရိယာမျိုး မရှိပါက ၎င်းတို့အနေဖြင့် မိမိတို့၏ လောင်စာကန်များကိုသာ အပြည့်ဖြည့်ထားနိုင်ပြီး ဆက်လက်ဝယ်ယူရန် နည်းလမ်းရှိတော့မည်မဟုတ်ချေ။

ကယ်ဆယ်ရေးယာဉ်အတွင်းရှိ ပတ်ဝန်းကျင်အောက်တွင် ၎င်းတို့ကို ဝယ်ယူပြီး သိုလှောင်စရာနေရာ မရှိပါက ဤအရည်ပျော်ဟိုက်ဒရိုဂျင်နှင့် အရည်ပျော်အောက်ဆီဂျင်များက ဓာတ်ငွေ့အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။

ကျူးဝူနှင့် အပျက်အစီးများအကြောင်း ရေပန်းစားမှုများ ငြိမ်သက်သွားပြီးနောက် လူတိုင်းက ရှောင်းယီ၏ ဈေးနှုန်းလျှော့ချမှုအကြောင်းကို ပြန်လည်ဆွေးနွေးလာကြပြန်သည်။

"ဆရာကြီးက ဒီနေ့ ရောင်းတဲ့ အရင်းအမြစ်တွေရဲ့ ဈေးနှုန်းကို နောက်တစ်ခါ ထပ်လျှော့လိုက်ပြန်ပြီ။"

"ဟုတ်ပါ့။ ဆရာကြီးက အရမ်း အလိုက်သိတတ်လွန်းတယ်။ ငါက ဒီလို အချိန်မှန် ဈေးလျှော့ပေးတာတွေကိုပဲ အမှီပြုပြီး အသက်ဆက်နေရတာ။"

"ငါ မှတ်မိသလောက်ဆိုရင် နောက်ဆုံး ဈေးလျှော့တာက လွန်ခဲ့တဲ့ ငါးရက်တုန်းကပဲ။ ဆရာကြီးရဲ့ ဈေးနှုန်းလျှော့ချမှုတွေက အချိန်ကာလအပိုင်းအခြားအလိုက် ပုံမှန်ဖြစ်နေတာလား မသိဘူး။"

"ဖြစ်နိုင်တယ်။ ငါ စစ်ကြည့်ပြီးပြီ။ ဒီမတိုင်ခင်က အမြောက်အမြား ဝယ်ခဲ့တဲ့အချိန်က ငါတို့ ဒီကိုရောက်တဲ့ ၆ ရက်မြောက်နေ့ပဲ။ ပြီးခဲ့တဲ့တစ်ခေါက်က ၁၁ ရက်မြောက်နေ့။ အခုတစ်ခေါက်ကတော့ ၁၇ ရက်မြောက်နေ့ပဲ။"

"ဒါဆိုရင် နောက်တစ်ကြိမ်က ၂၄ ရက်မြောက်နေ့ ဖြစ်နိုင်မလား။"

"အပေါ်ကလူ...မင်း ဒီမှာ ဉာဏ်စမ်းပဟေဠိ ဖြေနေတာလား။"

"ဆောရီးပါ...ငါက ပုစ္ဆာတွေ တွက်ချက်ရတာ အကျင့်ပါနေလို့ပါ။ အချိန်ကွာဟချက်က ပိုပိုပြီး ကျယ်ပြန့်လာသလိုပဲလို့ ခံစားရတယ်။"

"ဆရာကြီးက ငါတို့ကို ဒီအဆင့်ရဲ့ စမ်းသပ်မှုတွေနဲ့ ဖြည်းဖြည်းချင်း အသားကျသွားအောင် ကြားခံအချိန်တစ်ခု ပေးထားတာ နေမှာပါ။"

"ဆရာကြီးက ငါတို့အတွက် တကယ်ကို စိုးရိမ်ပူပန်ပေးရှာတာပဲ။"

ထိုဆွေးနွေးမှုများကို မြင်လိုက်ရသောအခါ ရှောင်းယီ ဆွံ့အသွားရသည်။

"ငါ ဈေးလျှော့တာ မလျှော့တာက လေးဆတိုးအခြေအနေပေါ်မှာပဲ လုံးလုံးမူတည်တယ်။ မင်းတို့အတွက် စိုးရိမ်ပူပန်ပေးတယ် ဟုတ်လား။ ဆောရီးပါ...ငါ့မှာ အဲဒီလို အားယားနေတဲ့ အချိန်မျိုး တကယ်ကို မရှိပါဘူးနော်။"

ရှောင်းယီသည် မိမိဘာသာ စိတ်ထဲတွင်သာ ညည်းတွားနေခြင်း ဖြစ်သည်။ အများသုံးချန်နယ်တွင်မူ ဆွေးနွေးမှုများ ဆက်လက် ဖြစ်ပွားနေဆဲပင်။

"ဟားဟားဟား...ငါ ခုလေးတင် ပစ္စည်းကြီးတစ်ခု ရလိုက်တယ်။ ရေလျှပ်ခွဲစက်တဲ့။ သာမန်အဆင့်ပဲ ဆိုပေမယ့် နောက်ဆုံးတော့ အနက်ရောင်ရွှေ အချို့ကို ချွေတာနိုင်တော့မယ်။"

"အားကျလိုက်တာဗျာ။ ငါ့ကံကတော့ အရမ်းဆိုးနေသလိုပဲ ခံစားရတယ်။ အခုထိ ပစ္စည်းကြီး တစ်ခုတောင် မပွင့်သေးဘူး။"

"ဟူး... မဟုတ်ရင် ဘာပြောမလဲ။ တစ်လခွဲကျော်သွားတာတောင် အခုထိ သာမန်အဆင့် လေထုသန့်စင်စက်ပဲ ရှိသေးတယ်။ ဘာမှမရှိတာထက်စာရင်တော် တော်ပါသေးတယ်လေ။"

"အပေါ်က ညီအစ်ကို... မတင်းမတိမ် ဖြစ်မနေနဲ့။ ဒါလေး ရှိနေတာကိုပဲ တော်တော်ကောင်းနေပါပြီ။ ဘာမှမရှိတာထက်စာရင် အများကြီး ပိုကောင်းပါတယ်။"

"အမလေး...ငါ့မှာသာ လေထုသန့်စင်စက် ရှိရင် ဘယ်လောက်ကောင်းမလဲ။ ငါကတော့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ထဲက လေထုက မလတ်ဆတ်ဘူးလို့ အမြဲ ခံစားနေရတယ်။"

"အဓိပ္ပာယ်မရှိတာ။ မင်းက စားတာ၊ သောက်တာ၊ အပေါ့အလေး သွားတာတွေအကုန်လုံးကို ဒီယာဉ်ခန်းထဲမှာတင် လုပ်နေတာလေ။ လေထုက ဘယ်လိုလုပ်ပြီး လတ်ဆတ်နိုင်တော့မှာလဲ။"

"လေထုတင် မလတ်ဆတ်တာ မဟုတ်ဘူး။ မင်းကိုယ်တိုင်တောင် မလတ်ဆတ်တော့တာ ဖြစ်ရမယ်။"

"ဒါကတော့ တကယ့်ကို ထိချက်ပြင်းတဲ့ စကားပဲ။ ငါတောင် ဘယ်လို ပြန်ပြောရမှန်း မသိတော့ဘူး။"

"ဟားဟားဟား...ငါလည်း အပျက်အစီးမြေပုံတစ်ခု ရသွားပြီဟေ့။"

"ကံကောင်းလိုက်တာ!။ ကမ္ဘာ့စည်းမျဉ်းတွေက အပျက်အစီးမြေပုံရဲ့ ကျနိုင်ခြေနှုန်းကို တိုးပေးလိုက်တာများလား။"

"တကယ်လည်း ဖြစ်နိုင်တယ်။ ငါတို့ ဥက္ကာခဲတွေကို မြန်မြန် စုဆောင်းကြရအောင်။ အပျက်အစီးမြေပုံကိုသာ လွတ်သွားရင်အနက်ရောင်ရွှေနဲ့ အုတ်မြစ်ကျောက်တွေကို တရွေ့ရွေ့နဲ့ပဲ စုဆောင်းနေရလိမ့်မယ်။"

ရှောင်းယီ ခေါင်းကို အနည်းငယ် ခါယမ်းလိုက်မိသည်။ သူ့အမြင်အရဆိုလျှင် ဤအပျက်အစီးမြေပုံ၏ ကျနိုင်ခြေနှုန်းက လုံးဝမမြင့်မားပေ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် အာကာသယာဉ်နှင့် စူပါစကန်ဖတ် ခွဲခြမ်းစိတ်ဖြာစက် ရှိနေပါလျက်နှင့်ပင် ဥက္ကာခဲတစ်ခုထဲ၌ အပျက်အစီးမြေပုံ ရှိနေသည်ကို ရှာဖွေတွေ့ရှိရန် ခြောက်နာရီ၊ ခုနစ်နာရီခန့် ကြာမြင့်ခဲ့သောကြောင့် ဖြစ်သည်။

သာမန်အသက်ရှင်ကျန်ရစ်သူများ၏ ရှာဖွေမှုစွမ်းဆောင်ရည်အရဆိုလျှင် ဤမျှများပြားလှသော ဥက္ကာခဲများကို ကိုင်တွယ်ဖြေရှင်းရန် တစ်လထက်မက ကြာမြင့်နိုင်ခြေ ရှိသည်။

၎င်းတို့၏ ရွှေ့လျားမှုအမြန်နှုန်းက နှေးကွေးပြီး စုဆောင်းရေးကိရိယာ၏ စွမ်းဆောင်ရည်ကလည်း နိမ့်ပါးလွန်းလှသည်။ ထို့ပြင် ဥက္ကာခဲတစ်ခုချင်းစီတွင် အပျက်အစီးမြေပုံ ပါ၊ မပါ သိနိုင်ရန် ထိုဥက္ကာခဲကို အပြီးတိုင် စုဆောင်းတူးဖော်ရမည် ဖြစ်သည်။

ရှောင်းယီ တစ်ရက်အတွင်း စကန်ဖတ်ခဲ့သည့် ဥက္ကာခဲပမာဏကို ၎င်းတို့အနေဖြင့် တစ်လအတွင်း စုဆောင်းပြီးစီးနိုင်လျှင်ပင် အလွန်မြန်ဆန်လှပြီဟု ဆိုရမည်။

အဆုံး၌ ရှောင်းယီသည် စုဆောင်းနေစရာမလိုဘဲ စကန်ဖတ်ရုံသာ ဖတ်ခြင်းဖြစ်၍ အရှိန်ကတော့ အလွန်မြန်ဆန်နေဆဲ ဖြစ်သည်။

"သူဌေး... ကျွန်တော်လည်း ဒီမှာ ဥက္ကာခဲအချို့ကို ဖမ်းယူဖို့ စမ်းကြည့်သင့်လား။"

အဖွဲ့ထဲတွင် လူအများအပြား အပျက်အစီးမြေပုံအကြောင်း ဆွေးနွေးနေကြသည်ကို မြင်ရသဪအခါ ကျူးဝူသည်လည်း အနည်းငယ် စိတ်လှုပ်ရှားကာ စမ်းသပ်ချင်လာ၏။

ရှောင်းယီ မျက်လုံးပင့်လိုက်မိပြီး ပြန်ဖြေလိုက်သည်။

"ဒါက မင်းထင်သလောက် မလွယ်ဘူး။ မင်းက ကြယ်တံခွန်နဲ့အတူ ပျံသန်းနေတာဆိုတော့ ဥက္ကာခဲတွေကို ဖမ်းဖို့ဆိုတာ ခက်ခဲလိမ့်မယ်။ ပြီးတော့ ဒီအပျက်အစီးမြေပုံရဲ့ ကျနိုင်ခြေနှုန်းကလည်း သိပ်မမြင့်ဘူး။"

"မမြင့်ဘူး ဟုတ်လား။ အဖွဲ့ထဲက လူတွေပြောတာတော့ ကျနိုင်ခြေနှုန်းက မနည်းဘူးလို့ ခံစားရတယ်။"

ကျူးဝူက သံသယဖြင့် မေးလိုက်သည်။

"ဒါက အသက်ရှင်ကျန်ရစ်တွေရဲ့ တစ်ဖက်ပိတ် အမြင်ပဲ။"

ရှောင်းယီက ပြန်လည်ရှင်းပြလိုက်သည်။

"ငါတို့ဆီမှာ အသက်ရှင်ကျန်ရစ်သူ နှစ်သန်း၊ သုံးသန်းလောက် ရှိတယ်။ အဖွဲ့ထဲမှာ အပျက်အစီးမြေပုံ ရတယ်လို့ လာပြောတဲ့သူက နှစ်ယောက်၊ သုံးယောက်ပဲ ရှိသေးတယ်။ ဒီဖြစ်နိုင်ခြေက အရမ်း သေးငယ်လွန်းတယ်။"

"ဒါမှမဟုတ် ရထားပေမယ့် ဘာမှထုတ်မပြောတဲ့လူတွေ ရှိနေတာမျိုးကော မဖြစ်နိုင်ဘူးလား။"

ကျူးဝူက မရေမရာဖြင့် ပြောလိုက်သည်။

"ဖြစ်တော့ ဖြစ်နိုင်ပါတယ်။"

ရှောင်းယီသည် ကျူးဝူ၏ ခန့်မှန်းချက်ကို မငြင်းဆိုဘဲ ဆက်ပြောလိုက်သည်။

"ငါ အခုလေးတင် စမ်းကြည့်ပြီးပြီ။ ငါ့ပတ်ဝန်းကျင်က ဥက္ကာခဲတွေထဲမှာ ဥက္ကာခဲပေါင်း တစ်ထောင်နီးပါးကို ရှာဖွေပြီးမှ အပျက်အစီးမြေပုံ တစ်စောင်ပဲ တွေ့ရတယ်။ ဥက္ကာခဲ အလုံးတစ်ထောင်ကို အပြီးတိုင် စုဆောင်းဖို့ဆိုရင် လူတိုင်း ဘယ်လောက်တောင် ကြာမယ်ထင်လဲ။"

"သူဌေး... သူဌေး အပျက်အစီးမြေပုံတစ်ခု ရှာတွေ့သွားပြီ ဟုတ်လား။"

ကျူးဝူ၏ အာရုံစိုက်မှုက ဥက္ကာခဲ အလုံးတစ်ထောင်ပေါ်တွင် မရှိချေ။ ရှောင်းယီ သက်ပြင်းချကာ မတတ်နိုင်သလို ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်။ ငါ အခု အဲဒီဘက်ကို သွားပြီး တူးဖော်ဖို့ ပြင်ဆင်နေပြီ။"

"သူဌေးကတော့ အရမ်းမိမိုက်နေတာပဲ။"

ကျူးဝူက ချက်ချင်းပင် မြှောက်ပင့်ပြောဆိုလိုက်ပြီးမှ ပြဿနာတစ်ခုကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။

"နေပါဦး သူဌေး...ခုနက သူဌေး ဥက္ကာခဲပေါင်း တစ်ထောင်ကို ရှာဖွေခဲ့တယ်လို့ ပြောလိုက်တာလား။"

"မင်းရဲ့ အာရုံစိုက်မှုနဲ့ တုံ့ပြန်မှုအမြန်နှုန်းကတော့ တကယ် စိုးရိမ်စရာပဲ။"

ရှောင်းယီ မျက်လုံးလှန်ပြလိုက်သည်။

"ဥက္ကာခဲ အလုံးတစ်ထောင်ကို အပြီးတိုင် စုဆောင်းဖို့ဆိုရင် ဘယ်လောက်တောင် ကြာမှာလဲ။ သူဌေးဆီမှာ ချက်ချင်း စုဆောင်းပြီးစီးစေတဲ့ စက်မျိုး ရှိနေတာတော့ မဟုတ်ပါဘူးနော်။"

ကျူးဝူက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။

"မရှိပါဘူး။ ဒါပေမဲ့ ငါ့ဆီမှာ ဥက္ကာခဲတွေရဲ့ ပါဝင်မှုကို စကန်ဖတ်နိုင်တဲ့ စကန်ဖတ်စက်တော့ ရှိတယ်။"

ရှောင်းယီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"သူဌေးကတော့ အားကိုးထိုက်တယ်ဟေ့။"

ကျူးဝူ ခဏမျှ ဆွံ့အသွားပြီးနောက် ချက်ချင်းပင် ရေရွတ်လိုက်သည်။

"အချိန်တိုအတွင်းမှာ ဥက္ကာခဲ အလုံးတစ်ထောင်ကို စစ်ဆေးနိုင်တာ မဆန်းတော့ဘူး။"

"ဒီစကန်ဖတ် ခွဲခြမ်းစိတ်ဖြာမှုကလည်း အချိန်အနည်းငယ်တော့ ယူရသေးတာပဲ။"

ရှောင်းယီက ဆိုသည်။

"ဒါကတင်ကိုပဲ အရမ်း အစွမ်းထက်နေပါပြီ။ ဥက္ကာခဲရဲ့ ပါဝင်မှုကို စကန်ဖတ်နိုင်တယ်ဆိုရင် နောက်နောင် ကျွန်တော်တို့ လိုချင်တဲ့ ဥက္ကာခဲတွေကိုပဲ ရွေးပြီး တူးဖော်လို့ရပြီပေါ့။"

ကျူးဝူက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။

"အင်း ဒါပေါ့။"

ရှောင်းယီက ပြန်ပြောလိုက်သည်။

"ဒါက ငါ ရေအရင်းအမြစ်တွေ ရရှိတဲ့ နည်းလမ်းတွေထဲက တစ်ခုပဲ။"

ကျူးဝူ ခေါင်းကို အနည်းငယ် ငြိမ့်လိုက်ပြီးနောက် ရုတ်တရက် စိတ်ကူးတစ်ခု ရသွားကာ မေးမြန်းလိုက်သည်။

"သူဌေး... ဒါဆို ကျွန်တော် ဒီကြယ်တံခွန်ကို စကန်ဖတ်လို့ ရမလား။"

All Chapters