ဖိဆန်သောခြင်သားရဲ
Vol. 95 Ch. 1298
ဝမ်လင်းက ကျောက်တံခါးထက်တွင် မတ်တပ်ထရပ်လာကာ သူ့ရှေ့ရှိ လောကကို ကြည့်သည်။ ထို့နောက် သူ့အကြည့်က လီယွမ်လိုင်နှင့်အခြားသူများအပေါ်သို့ ကျရောက်သည်။ သူတို့က ကြောက်မက်ဖွယ်ရာအခြေအနေကနေ ပြန်နိုးထလာခါစသာ ရှိသေး၍ ဝမ်လင်း၏အကြည့်က သူတို့ကို ထပ်မံတုန်လှုပ်စေကာ စိတ်အတွင်းကနေ ကြောက်ရွှံ့မှု ဖြစ်ပေါ်နေတော့သည်။
သည်အဖြူရောင်ဝတ်စုံနှင့်လူဖြင့် ယှဉ်ပါက ဝန်းရံထားသောခြင်သားရဲများပင် အလွန်အမင်း ကြောက်လန့်စရာ မကောင်းတော့ဟု ထင်ရလေ၏။ သူတို့တွင်သာ ရွေးချယ်ခွင့်ရှိပါက စောနကထူးဆန်းသောမြင်ကွင်းကို တွေ့ကြုံရမည့်အစား ဤခြင်သားရဲများဖြင့်သာ သေသည့်အထိ တိုက်ခိုက်မိပေလိမ့်မည်။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်၍ လေထဲသို့ ခြေလှမ်း၏။ သူ့နောက်တွင် အမှားတစ်ခုခုကျူးလွန်ခဲ့သော ခြင်သားရဲဘုရင် လိုက်ပါလာ၏။ သူတို့နောက်တွင် လီယွမ်လိုင်တို့ကို ဝန်းရံထားသော ခြင်သားရဲများ တဖြည်းဖြည်းချင်း လိုက်ပါလာသည်။
“မင်းတို့အားလုံး ဒီမှာ မနေနဲ့။ ခုချက်ခြင်း ထွက်သွားကြတော့…” ဝမ်လင်း၏စကားသံက ကောင်းကင်ယံထပ်တွင် ပျံ့နှံ့လေ၏။
လီယွမ်လိုင်နှင့်တခြားသူများက တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။ အနည်းငယ်စဉ်းစားပြီးနောက် ကပ်ဘေးတစ်ခုကနေ လွတ်မြောက်သွားသည်ဟု သူတို့ ခံစားလိုက်ရတော့သည်။ သူတို့က ဤနေရာတွင် နေဖို့လည်း အစီအစဉ် မရှိကြပါ။ ဝမ်လင်းအပေါ် သူတို့၏လေးစားသမှုက ပိုအားကောင်းလာသည်။
သူတို့က ဝမ်လင်းထွက်သွားသောနေရာသို့ ဦးညွတ်၍ မြန်ဆန်စွာ ပြန်ထွက်ခွာသွားကြသည်။ သူတို့က ဤနေရာထိ ရောက်လာခဲ့ကြသော်လည်း ကျောက်တံခါးကို ဝမ်လင်းကဲ့သို့ စိတ်နှလုံးဖြင့် မယူဆောင်သွားနိုင်ချေ။ သို့တည်းမဟုတ် လေကောင်းကင်ဘုံနယ်မြေကို နားလည်နိုင်ခဲ့ကြခြင်း မရှိပေ။ ထိုအစား သူတို့က ဝမ်လင်း၏ပုံရိပ်ကိုသာ စိတ်ထဲတွင် စွဲထင်ကာ သူ့အပေါ် ကြောက်ရွှံ့မှုကိုသာ ယူဆောင်သွားခဲ့ကြလေ၏။
အချိန်စီးဆင်းခြင်း ဟူသော စကားလုံးနှစ်လုံးလည်း ရှိသေး၏။
“အချိန်စီးဆင်းခြင်း…” ဝမ်လင်းက ခြင်သားရဲပေါ်တွင် ထိုင်ချကာ သူ့ကိုယ်သူ ခပ်တိုးတိုး ပြော၏။ သူ့စိတ်နှလုံးထဲတွင် နေသာသောည မူလမန္တာန်က ယူဆောင်ခဲ့သော ပင်လယ်လည်း ရှိ၏။ နေသာသောညနောက်တွင် အချိန်စီးဆင်းခြင်း မန္တာန်ကိုလည်း သူ ပိုင်ဆိုင်လာခဲ့ပေပြီ။ သို့ရာတွင် ဝမ်လင်းက ဤဒုတိယမြောက်မန္တာန်ကိုမူ အပြည့်အဝ နားမလည်သေးပေ။ သူက ယင်းမန္တာန်ကို ဆက်လက် ဆင်ခြင်၍ ခိုင်မာအောင် လုပ်ဖို့ လိုသေးသည်။
“အချိန် သိပ်မရတော့ဘူး။ ငါ ထပ်ပြီး ရှေ့ဆက်မယ်ဆိုရင်တော့ ကိုးခုမြောက်ဥပဒေသကို ဖမ်းဆုပ်နိုင်တဲ့ အခွင့်အရေး ရလာနိုင်တယ်။ ဒါပေမဲ့ ခုချိန်မှာ မူလကလန်ကို ငါ ပေးထားတဲ့ ကတိကို လုပ်ပေးဖို့ အချိန်ကြနေပြီ…”
ဝမ်လင်းသည် ဆယ်ရက်နီးပါး ဉာဏ်အလင်းကို ဆင်ခြင်နေခဲ့၏။ သည်ရက်များအတွင်း အဆင့်ရှစ်ကလန်များကြား ပြိုင်ပွဲက စတင်နေခဲ့ပြီး ဖြစ်သည်။
“ထားလိုက်ပါတော့လေ…ငါ သုံးရက်အတွင်း ပြန်ထွက်သွားတော့မယ်။ မူလကလန်ကို ပေးထားတဲ့ ကတိကို ဖြေရှင်းပြီးမှပဲ ငါ ဒီကို ပြန်လာတော့မယ်…” ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်၏။ သူက သတင်းစကားတစ်ခုကို ပို့လွှတ်သည်။ ခြင်သားရဲဘုရင်က ဟိန်းသံပြု၍ လေကောင်းကင်ဘုံနယ်မြေ၏ အတွင်းနက်ပိုင်းသို့ ပျံသန်းသွားတော့သည်။
“လေကောင်းကင်ဘုံနယ်မြေရဲ့ အတွင်းနက်ပိုင်းမှာ ခြင်သားရဲဘယ်လောက်များများ ရှိနေမလဲ ငါ မြင်ချင်မိတယ်…” ဝမ်လင်းသည် ခြင်သားရဲထောင်ချီနှင့်အတူ လေကောင်းကင်ဘုံနယ်မြေ အတွင်းပိုင်းသို့ တဟုန်ထိုး ဝင်ရောက်လာလေ၏။
ဝမ်လင်းက ခြင်သားရဲဘုရင်၏အမြန်နှုန်းကို ရပ်တန့်ခြင်း မရှိစေပေ။ သို့သော် သူက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေကာ သူ့ကိုယ်ပေါ်သို့ ညွှန်၏။ သူက သူ့ကိုယ်သူပေါ်၌ မရေမတွက်နိုင်သောအတားအဆီးများကို နေရာချကာ သူ့အော်ရာကို လုံးဝ ချိပ်ပိတ်ပစ်သည်။ နာရီအနည်းငယ်အတွင်း ဝမ်လင်း လက်လှုပ်ရှားမှုက ရပ်နားခြင်းမရှိဘဲ ပိုပိုများပြားသောသအတားအဆီးများ ပေါ်လာနေ၏။ အဆုံးသပ်တွင် သူသည် အတားအဆီးများနှင့် ဖုံးအုပ်သွားချေသည်။
ထိုအခါကျမှ သူသည် လေကောင်းကင်ဘုံနယ်မြေ၏ အတွင်းပိုင်းသို ဆက်သွားနေရင်း စိတ်အေးနိုင်တော့၏။
ခြင်သားရဲများ၏အော်ဟိန်းသံများမှာ တဝီဝီတိုက်ခတ်နေသောလေပြင်းနှင့် တူ၏။ ဝမ်လင်းက တဖြည်းဖြည်း လေကောင်းကင်ဘုံနယ်မြေ၏အတွင်းပိုင်းသို့ ရောက်ရှိလာတော့သည်။
တစ်ရက်ကြာပြီးနောက် ဝမ်လင်းမျက်စိရှေ့တွင် ကောင်းကင်ဘုံနယ်မြေအစိတ်အပိုင်းများ ပေါ်လာ၏။ ၎င်းတို့က အရွယ်အစားအမျိုးမျိုး ရှိသော်လည်း အားလုံးက ပျက်စီးအထီးကျန်မှုကို ထုတ်ဖော်နေ၏။ သည်နေရာသို့ ရောက်လာကြသော ကျင့်ကြံသူများမှာ မရှိသလောက်ပင်။
သူ ရှေ့ဆက်သွားနေရင်း လေက ပိုကြမ်းလာ၏။ ဝမ်လင်းက ပျံသန်းလာကြသော ခြင်သားရဲအုပ်စုများစွာကို မြင်သည်။ အများစုသည် အနီရောင်ခြင်သားရဲများရှိ၏။ သို့သော်လည်း အပြာရောင်ခြင်သားရဲတစ်ထောင်နီးပါး ရှိသည့် အုပ်စုများလည်း ပါသည်။ ထိုအုပ်စုထဲတွင်ဆို အဖြူရောင်ခြင်သားရဲများပါ ပါဝင်ကြသည်။ ဝမ်လင်းက ခြင်သားရဲဘုရင်က ၎င်းတို့ကို ဆင့်ခေါ်ခြင်းအား မလုပ်ဆောင်စေပေ။ တကယ်တော့အဖြူရောင်ခြင်သားရဲများနှင့်ဆိုပါက ၎င်းအုပ်စုတို့ကို ထိန်းချုပ်နိုင်ဖို့မှာ အလွန်ခက်ခဲသည်။
ထို့အပြင် ဤနေရာရှိ ခြင်သားရဲများက ပြွတ်သိပ်နေ၏။ ထို့ကြောင့် အုပ်စုတစ်စုကို သူ အောင်အောင်မြင်မြင် မသိမ်းသွင်းနိုင်ခင်မှာပင် နောက်အုပ်စုတစ်ခုက ရောက်လာပေလိမ့်မည်။
သူ့ကိုယ်သူအာရုံစိုက်ရင်း ဝမ်လင်းက ခြင်သားရဲဘုရင်၏တုန်ခါမှုနှင့် အေးစက်စက်အကြည့်ကို ခပ်ရေးရေး ခံစားမိ၏။ ဝမ်လင်းက သူ့ညာလက်ဖြင့် ခြင်သားရဲဘုရင်၏ခေါင်းကို ညင်ညင်သာသာ ပုတ်လိုက်သည်။ ခြင်သားရဲဘုရင်က ဟိန်းသံပေး၍ ၎င်း၏ခြင်သားရဲအုပ်စုနှင့်အတူ ပျံသန်းသည်။
ဝမ်လင်းသည် ပိုပိုများလာသော ခြင်သားရဲများကို တဖြည်းဖြည်း တွေ့လာရသည်။ ထိုအုပ်စုများမှာ ခြင်သားရဲထောင်ချီပင် မကတော့ သောင်းချီနေလေသည်။ အပြာရောင်ခြင်သားရဲများသည်ပင် ပိုများလာ၏။ အဖြူရောင်ခြင်သားရဲများသည်ပင် ရာချီ ရှိလာခဲ့ပေသည်။
ထိုအခြင်းအရာတို့ကို ကြည့်ကာ ဝမ်လင်းက အသက်ဝဝရှုသွင်းမိ၏။ သူ့ဦးရေပြားပင် ထုံထိုင်းမိရသည်။ ကံကောင်းစွာဖြင့် ထိုခြင်သားရဲများက ရပ်တန့်ခြင်း မရှိကြပေ။ ၎င်းတို့က ဆော့ကစားနေသည့်အလား လေနှင့်အတူ ရွှေ့လျားနေကြ၏။ သို့ရာတွင် သူတို့ထံမှ ထွက်ပေါ်လာသော အော်သံများသည် လူတိုင်း၏စိတ်ကို တုန်လှုပ်စေသည်။
ဤနေရာမှာ လေကောင်းကင်ဘုံနယ်မြေ၏ အတွင်းဘက်ကျဆုံးနေရာ မဟုတ်သေးပေ။ အတွင်းပိုင်းဒေသ၏ အစွန်းအဖျားသာ ရှိသေးသည်။ သို့ရာတွင် ဤနေရာတွင်ပင် ခြင်သားရဲ တစ်သိန်းကျော် ရှိနေခဲ့လေပြီ။
“ငါသာ ဒီခြင်သားရဲတွေကို ထိန်းချုပ်နိုင်ခဲ့ရင်…” ဝမ်လင်း၏မျက်လုံးထဲတွင် ဆန်းကြယ်သောအလင်းတစ်ခု ပေါ်လာ၏။ သူက ခြင်သားရဲဘုရင်၏ကျောထက်တွင် ထိုင်လိုက်ရင်း အတွင်းနက်ပိုင်းသို့ ဆက်ပျံသန်းနေသည်။
ထိုစဉ် ခြင်သားရဲဘုရင်၏ခန္ဓာကိုယ်က တုန်ယင်ကာ ၎င်းက အရှိန်လျော့ကျသွားသည်။ ၎င်းက ကြမ်းကြုတ်သောအကြည့်ကို ထုတ်ဖော်ကာ ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်သည်။ မိုးကုပ်စက်ဝိုင်းကနေ ခရမ်းရောင်ခြင်သားရဲနှစ်ကောင် ပျံသန်းလာကြ၏။ ၎င်းတို့မှာ ထူးဆန်းလွန်းသည်။ ၎င်းတို့က တစ်ကောင်နှင့်တစ်ကောင် နီးကပ်လွန်းစွာ ရှိနေ၏။ အမှုမဲ့အမှတ်မဲ့ဆိုပါက ခြင်သားရဲနှစ်ကောင်ဟု သတိပြုမိဖို့ ခက်ပေလိမ့်မည်။
ထိုခရမ်းရောင်ခြင်သားရဲနှစ်ကောင်ထံမှ နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်၊ ပထမကောင်းကင်ဘုံဒုက္ခအဆင့်နှင့် အလွန်နီးစပ်သော အော်ရာတစ်ခု ထွက်ပေါ်လာနေသည်။ သူတို့လမ်းကြောင်းရှိ ခြင်သားရဲအားလုံးမှာ နောက်ဆုတ်ပေးရသည်။
လေနှင့်အတူ ရွှေ့လျားနေကြသော ခြင်သားရဲတစ်သောင်း ရှိလေ၏။ သို့ရာတွင် ခရမ်းရောင်ခြင်သားရဲနှစ်ကောင် ကျော်လွန်သွားသည်နှင့် စူးရှရှအသံထွက်ပေါ်လာကာ ခြင်သားရဲအုပ်သည် ချက်ခြင်းပင် ၎င်းတို့အတွက် ပြန့်ကျဲ၍ လမ်းကြောင်းဖယ်ပေးကြရသည်။
လမ်းဖယ်ပေးဖို့ အနီရောင်ခြင်သားရဲတစ်ကောင်က နှေးသွား၏။ ခရမ်းရောင်ခြင်သားရဲနှစ်ကောင်က ၎င်းကို အတူတကွ ဝင်ဆောင့် ပစ်လေသည်။
အနီရောင်ခြင်သားရဲက အသွေးအသားပုံအဖြစ် ချက်ခြင်း ပေါက်ကွဲထွက်သွားရ၏။ ခရမ်းရောင်ခြင်သားရဲနှစ်ကောင်က ၎င်းကို ဝင်တိုက်ပြီးနောက်တွင်လည်း ရပ်တန့်မသွားပေ။ ၎င်းတို့က ဝမ်လင်း၏ခြင်သားရဲအုပ်အစွန်းအနားကနေ ဖြတ်ကျော်သည်။
ဝမ်လင်း၏မျက်လုံးက လင်းလက်သွား၏။ သူက အဝေးသို့ ပျံသန်းသွားသော ခရမ်းရောင်ခြင်သားရဲနှစ်ကောင်ကို လှည့်၍ ကြည့်သည်။ အချိန်အတန်ကြာပြီးနောက် သူက ခြင်သားရဲဘုရင်ကို လေကောင်းကင်ဘုံအတွင်းပိုင်းသို့ ဆက်ပျံသန်းရန် အမိန့်ပေးလိုက်သည်။
၎င်းတို့ ပျံသန်းနေရင်း လေကောင်းကင်ဘုံနယ်မြေ၏အတွင်းနက်ပိုင်းထဲ ပိုပို ရောက်လာခဲ့သည်။ ထို့နောက် ဝမ်လင်းသည် လေကောင်းကင်ဘုံနယ်မြေ၏ အတွင်းနက်ပိုင်းရှိ ကုန်းမြေသုံးခုကို တွေ့မြင်လိုက်ရသည်။
ထိုကုန်းမြေသုံးခု၏အပြင်ဘက်၌ ယင်းတို့ကို လှည့်ပတ် ပျံသန်းနေသော မြောလွင့်နေသည့်ကုန်းမြေကိုးခုကျော် ရှိလေ၏။ ထိုကုန်းမြေကိုးခုက အလွန်ထူးခြားလှသည်။ ၎င်းတို့သည် အပြင်ဘက်ခြမ်းဒေသကနေ စလို့ အနီရောင်၊ ထို့နောက် အပြာရောင်၊ ထို့နောက် အဖြူရောင်၊ထို့နောက် ခရမ်းရောင် စသဖြင့် မတူညီသော အရောင်များ ရှိကာ နောက်ဆုံး ဗဟိုချက်တွင်တော့ မထင်မှတ်စွာဖြင့် ရွှေရောင် ရှိလို့နေသည်။
ယင်းတို့မှာ အပြင်ဘက်ပိုင်းကုန်းမြေကိုးခုမျှသာ ဖြစ်၏။ အတွင်းပိုင်းကုန်းမြေသုံးခုကိုတော့ ဆန်းကြယ်သောအားတစ်ခုက ခြုံလွှမ်းထားသည်။ ဝမ်လင်းသည် ထိုကုန်းမြေသုံးခု၏အတွင်းပိုင်းကို မြင်နိုင်ခြင်း မရှိပေ။
သို့ရာတွင် သူက လှမ်းကြည့်လိုက်ချိန်၌ ကောင်းကင်ထက်တွင် ဟိန်းအော်သံတစ်ခု ပဲ့တင်ထပ်၏။ ဝမ်လင်းနှင့် အနီးဆုံးကုန်းမြေက စတင် တုန်ခါကာ ဖော်ပြနိုင်စွမ်းမဲ့သောအော်ရာတစ်ခု ပေါက်ကွဲထွက်လာသည်။
တစ်ချိန်တည်းမှာ ထိုကုန်းမြေက တုန်ခါ၏။ ထိုကုန်းမြေမှာ ကြီးမားလွန်းသည်။ ၎င်းက တုန်ခါနေရင်း ကုန်းမြေအစွန်းအဖျားများသည် ရုတ်တရက် ပျက်စီးကာ မရေမတွက်နိုင်သော အနီရောင်ခြင်သားရဲများ ပြန့်ကျဲ ပေါ်ထွက်လာသည်။ ထို့နောက် အဖြူရောင်နှင့် ခရမ်းရောင်ခြင်သားရဲများလည်း ပေါ်လာသလို အဆုံးသပ်၌ ရွှေရောင်ခြင်သားရဲဒါဇင်ချီလည်း ပေါ်လာခဲ့လေသည်။
ထိုမြင်ကွင်းကား ဝမ်လင်း၏ဦးရေပြားကို လုံးဝ ထုံထိုင်းသွားစေ၏။ သူသည် အသက်ရှုပင် ရပ်သွားမိသည်။
အမှန်တော့ ဤကုန်းမြေသည် ခြင်သားရဲ တစ်သိန်း၊နှစ်သိန်း၊ သုံးသိန်း သို့မဟုတ် သုံးသိန်းလောက်ကြောင့် ဖြစ်ပေါ်နေသော ကုန်းမြေဆိုတာ သိသာသွားပေပြီ။
စင်စစ်မူကား ထိုကုန်းမြေသည် ပြိုလဲခြင်း မဟုတ်သလို တုန်ခါခြင်းလည်း မဟုတ်။ အတွင်းရှိ ခြင်သားရဲများ ရွှေ့လျားခြင်းသာ ဖြစ်ပေ၏။ ယင်းခြင်သားရဲများက ပြန့်ကြဲ၍ ကောင်းကင်ကို ဖုံးအုပ်နေသည်။
သင်သည် ခြင်သားရဲ ရာထောင်ချီကို မမြင်တွေ့ခဲ့ဖူးပါက ၎င်းသည် မည်မျှ တုန်လှုပ်ဖွယ္ကောင်းသည်ကို နားလည်းရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပါ။ ထိုခြင်သားရဲများ၏ အရွယ်အစားမှာ နဂိုထဲက သေးငယ်လှခြင်း မရှိပေ။ အခု ခြင်သားသားရဲ သိန်းချီက ကောင်းကင်တစ်ခွင်လုံးကို ဖုံးနေ၏။ ဝမ်လင်းက လေကောင်းကင်ဘုံနယ်မြေတစ်ခုလုံးသည်ပင် ဤမျှ များပြားသောခြင်သားရဲများကို ချောင်ချောင်ချီချီ ဆန့်ပါးမလားဟု ခံစားမိသည်။
သူက ခြင်သားရဲအုပ်ကြီး၏ အစွန်းကို မမြင်ရပေ။ သူ မြင်နိုင်သည်က များပြားလွန်းသောခြင်သားရဲများကိုသာပင်။
ထိုအခိုက်အတန့်တွင် ခြင်သားရဲဘုရင်သည်ပင် အနည်းငယ် တုန်ယင်သွား၏။ လောကသည် အဆုံးမဲ့ခြင်သားရဲများနှင့် ဝန်းရံထားလေ၏။ ဝမ်လင်းက သည်ခြင်သားရဲများ မည်မျှ များသည်ကို မတွက်ချက်နိုင်ပေ။ စောနက သူ ထင်ခဲ့သော ခြင်သားရဲသိန်းချီက သူ့ခန့်မှန်းမှုမျှသာ ဖြစ်သည်။
သို့ရာတွင် ဤမျှများပြားလှသောခြင်သားရဲများကို တွေ့မြင်ရသူတိုင်းအဖို့ သူတို့၏စိတ်သည် တုန်လှုပ်ကာ ဦးရေပြားပါ ထုံထိုင်းမိကုန်ပေမည်။ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ပင် မလွတ်နိုင်ပေ။
ဤအခိုက်အတန့်၌ ခြင်သားရဲအုပ်၏ တစ်စိတ်တစ်ပိုင်းက ရွှေ့လျားသွားသည့်အတွက် အတွင်းပိုင်ကုန်းမြေသုံးခုကို လှစ်ပေါ်သွားစေ၏။ ထိုကုန်းမြေသုံးခုကို ဝန်းရံထားသော ဆန်းကြယ်သောအားသည်ပင် အနည်းငယ် အားပျော့သွားဟန်တူကာ ကြည့်ရသည်မှာ ပို၍ ရှင်းလာသည်။
ဝမ်လင်းက သူ ဘယ်တော့မှ မမေ့နိုင်မည့် တစ်စုံတစ်ရာကို တွေ့မြင်လိုက်၏။ ထိုအဖြစ်က သူ့မျက်နှာကိုပါ ဖြူရောသွားစေသည်။ သူက ခြင်သားရဲဘုရင်ကို သူ့ခြင်သားရဲအုပ်နှင့်အတူ နောက်ဆုတ်ရန် ချက်ခြင်း အမိန့်ပေး၏။
ကုန်းမြေသုံးခုအထက်တွင် ကြီးမားသည့်အက်ကြောင်းတစ်ခု ရှိနေ၏။ ၎င်းသည် ကောင်းကင်ယံကို စုတ်ဖြဲထားသလား မှတ်ထင်ရကာ ဖော်ပြနိုင်စွမ်းကင်းမဲ့သော ဟင်းလင်းပြင်အက်ကြောင်း ဖြစ်ပေါ်လျက် ရှိသည်။ ယင်းအက်ကြောင်းထဲမှ ကောင်းကင်တုန်လှုပ်ဖွယ်ဖိအားတစ်ခု ထွက်ပေါ်နေစဉ် ပေတစ်သိန်းထက်ပိုကြီးမားသော ဧရာမခြင်သားရဲကြီးတစ်ကောင်၏ ခန္ဓာကိုယ်တစ်ဝက်သည် ပြူတစ်ပြူတစ် ထွက်ပေါ်လာ၏။ ၎င်းက ဤအက်ကြောင်းထဲကနေ ထွက်လာရန် ရုန်းကန်နေခြင်းလော။
ယင်းကြီးမားလွန်းသော ခြင်သားရဲကြီး၏ ပါးစပ်ကြီးက ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးကိုပါ ခြောက်ကပ်သွားသည့်အထိ ထိုးစိုက်စုပ်ယူပစ်နိုင်လောက်၏။
၎င်းက ရုန်းကန်နေရင်း လေကောင်းကင်ဘုံနယ်မြေတစ်ခုလုံးတွင် ဟိန်းအော်သံများ ပဲ့တင်ထပ်ကာ ပျံ့နှံ့လေ၏။ သည်အခိုက်အတန့်၌ လေကောင်းကင်ဘုံနယ်မြေတစ်ခုလုံးသည် ထပ်မံ ပျက်စီးတော့မည့်အလား တုန်ခါ၏။ ခြင်သားရဲအားလုံးသည် ၎င်းကို ပူဇော်သမှု ပြုသည့်အလား တုန်ယင်နေသည်။
ဝမ်လင်း၏ခြင်သားရဲဘုရင်သည်ပင် နောက်ဆုတ်လျက် စတင် ရုန်းကန်ရ၏။ သို့သော် ၎င်းက ဝမ်လင်းနှင့် နှစ်များစွာ အတူရှိခဲ့တာ ဖြစ်၏။ ဝမ်လင်းက ကောင်းကင်ဘုံဖိဆန်သော ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ဆိုတော့ ၎င်းက ခြင်သားရဲဘုရင်ဖြစ်နေလျှင် ကောင်းကင်ဘုံကိုပါဖိဆန်မည့် ခြင်သားရဲတစ်ကောင်ပါ ဖြစ်ရပေမည်။
သည်အခိုက်အတန့်တွင် ထိုဧရာခြင်သားရဲကြီး၏ ဖိအားအောက်နှင့် ကောင်းကင်တုန်လှုပ်ဖွယ် ဟိန်းသံအောက်တို့တွင် ဝမ်လင်း၏ခြင်သားရဲဘုရင်က တောက်ပလာ၏။ ၎င်းက ရုတ်တရက်လှည့်၍ အက်ကြောင်းအတွင်းရှိ ခြင်သားရဲကြီးထံ ဟိန်းသံပေးလျက် တိုးဝင်လာတော့သည်။
၎င်း၏ဟိန်းသံထဲ၌ ရူးသွပ်မှုအရိပ်အမြွက်နှင့်အတူ ခြင်သားရဲဘုရင်တစ်ကောင်၏ ဂုဏ်သိက္ခာလည်း ပါဝင်နေ၏။ ဝမ်လင်း ခြင်သားရဲဘုရင်၏ ဟိန်းသံမှာ အားပျော့သော်လည်း ၎င်းမှာ ကောင်းကင်ဘုံကိုတုန်လှုပ်စေနိုင်ဆဲသာ ဖြစ်သည်။
***